အခန်း (၁၀၈)
Vol. 9 Ch. 108
"အရင်က လင်းရှောင်ယွဲ့ နဲ့ ရန်ယန် ဘယ်မှာအလုပ်လုပ်တာလဲ"
ရန်ချန်ယွီသည် မြို့က ယာယီအလုပ်တစ်ခုက တတိယမိသားစုကို အသားစားစေနိုင်ပြီး အိမ်အသစ်ဆောက်စေနိုင်သည်ကို မယုံကြည်ခဲ့ပေ။
ဤနေရာတွင် ငါးမျှားနေတဲ့ အရာတစ်ခု ရှိသင့်သည်ဟု သူမ ခံစားမိသည်။
"အဖေ၊ သူတို့နှစ်ယောက် မြို့ကဘယ်နေရာမှာ အလုပ်လုပ်နေတာကို မှတ်မိလား။ တစ်ခုခုတော့ မှားနေပြီလို့ ထင်တယ်"
ရန်ချန်ယွီ၏ ဦးနှောက်သည် လျင်မြန်စွာ လှည့်လာပြီး သူမ၏ ယူဆချက်ကို ချက်ခြင်း ပြောလိုက်သည်။ "သူတို့နှစ်ယောက် ထင်ကြေးပေးထားတာလို့ ထင်လား"
"မင်း ဘာအကြောင်းပြောနေတာလဲ"
ရန်တကျွင်းက ရန်ချန်ယွီကို ပြန်ချေပခဲ့သည်။ "ထင်ကြေးပေးတာက ရာဇ၀တ်မှုတစ်ခုပဲ။ သူတို့က မြို့မှာ အလုပ်တွေရှိပြီး ရွာလူကြီးက သူတို့ရဲ့ အလုပ်လက်မှတ်တွေကိုကြည့်ပြီးပြီ။ အပြင်ထွက်ပြီး ပေါက်ကရတွေလျှောက်ပြောမနေနဲ့၊ မင်းကို သေလောက်အောင် ရယ်ကြလိမ့်မယ်"
"ဟုတ်တယ် အမေ။ သမီးတို့ ဒီအကြောင်းကို အိမ်မှာပဲ ပြောလို့ရပေမယ့် အသံကျယ်ကျယ်နဲ့လျှောက် ပြောလို့မရဘူး"
ပန်းကန်တွေကို ဆေးကြောနေတဲ့ ရန်ဟုန်ရင်က ပြောလိုက်သည်။ "အမေ လင်းရှောင်ယွဲ့ ကို သဘောမကျဘူးဆိုရင်တောင် ဒီစကားကို ဖြန့်လို့မရဘူး၊ သမီးတို့မိသားစုရဲ့ ဂုဏ်သတင်းကို ပိုဆိုးလာအောင်လုပ်လို့မဖြစ်ဘူးနော် "
ဒီလိုပြောရခြင်းရဲ့ အကြောင်းအရင်းကတော့ ရန်ဟုန်ရင်က သူမရဲ့ အိမ်ထောင်ရေးကို စိတ်ပူနေတာကြောင့်ပါ။
သူမနဲ့ မြို့က စာကြည့်တိုက်မှူးနဲ့တောင် မတွေ့ရသေးဘူး။
"အေးပါဟယ်"
ရန်ချန်ယွီက ရန်ဟုန်ရင်ကို ကြည့်ပြီးပွစိပွစိလုပ်ခဲ့သည်။ "နင်နဲ့ မြို့က တစ်ယောက်နဲ့ မဆုံကြသေးဘူး၊ အမှန်တော့ ဆိုးဆိုးရွားရွား ကိစ္စတွေမှာငါ ပါလို့ရဘူး"
ဒါပေမယ့် သူမ ဒီလိုပြောနေတော့ ရန်ချန်ယွီက မပြောဘဲမနေနိုင်ခဲ့ပေ။ "ဒါပေမယ့် လင်းရှောင်ယွဲ့နဲ့ ရန်ယန် တို့ရဲ့ အလုပ်နဲ့ လစာကို တကယ်စုံစမ်းလို့ရမယ်လို့ ငါထင်တယ်။ မသေချာဘူး။ သူတို့က မျက်နှာစာတစ်ခုအနေနဲ့ ယာယီလုပ်နေတာဖြစ်နိုင်ပေမယ့် သီးသန့်ကျတော့ ထင်ကြေးပေးနေကြတာ"
"တော်ပြီ တော်ပြီ။ စားကြမယ်။ မင်းဘာလို့ တခြားသူတွေရဲ့အိမ်ကိစ္စကို စုံစမ်းနေတာလဲ"
ရန်တကျွင်းသည် ရန်ချန်ယွီ အပေါ် ရက်စက်သည်။ သူသည် စားပွဲသို့သွား၍ ထိုင်ကာ ရေတစ်ခွက်လောင်းထည့်ပြီး တစ်ငုံ သောက်ကာပြောလိုက်သည်။ "ငါတို့ ခွဲခွာပြီးပြီးပဲ ကိုယ့်ကိုကိုယ်ပဲ ဂရုစိုက်ကြရအောင်။ တတိယမိသားစုက အဖေနဲ့အမေကို ထောက်ပံ့ဖို့ ငြင်းဆိုလို့ ငါတို့ တစ်လ ကျွေးမွေးပြုစုရမယ်။ ရွာသူကြီးရဲ့ အဆိုအရတော့ ဒါက ငါတို့မိသားစုရဲ့ အခြေအနေပဲ။ ငါတို့ဘာစားတယ် ငါတို့မိဘတွေ ဘာစားတယ်ဆိုတာကို သူတို့ ရွေးစရာမလိုဘူး ”
"တကျွင်း။ ကျွန်မ အဲ့တာကို ပြောချင်တာမဟုတ်ဘူး..."
ရန်ချန်ယွီ လျင်မြန်စွာထလာပြီး ရန်တကျွင်း၏ ဘေးတွင်ထိုင်လိုက်သည်။ "ကျွန်မဆိုလိုတာက တတိယမိသားစုက လင်းရှောင်ယွဲ့က ဦးနှောက်ရှိတဲ့ အမျိုးသမီးတစ်ယောက်နဲ့တူတယ်။ ရှင်တို့ သတိမထားမိဘူးလား။ လင်းရှောင်ယွဲ့ တတိယမိသားစုထဲကို ဝင်သွားတာကြောင့် မိသားစု ကွဲကွာခဲ့ပြီး လမ်းမှားကို ပိုပိုပြီး လျှောက်လာကြတာ။ လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့က တကယ်ပဲ ထင်ကြေးပေးတာသေချာတယ်လို့ ကျွန်မထင်မြင်ယူဆမိတဲ့ သံသယတွေက တရားမျှတတယ်လို့ ထင်တယ်။ ဒီအထောက်အထားတွေကိုကိုင်နိုင်ရင် သူတို့ကိုထိုးစရာမလိုဘူး။ သူတို့ကိုခြိမ်းခြောက်ဖို့ သုံးလို့ရတယ်။ သူတို့မိသားစုဆီက အခကြေးငွေမယူဘဲ လူကြီးနှစ်ယောက်ကို သူတို့ ပြုစုစောင့်ရှောက်ရဖို့လည်း ဖြစ်နိုင်တယ်"
"ဟေး..."
ရန်ဟုန်ရင်သည် သူမ၏ ပန်းကန်များကို ချလိုက်ပြီး စားပွဲတွင် ဝင်ထိုင်လိုက်သည်။ "အမေ ဒါကိုပြောတော့ တကယ်ကို အဓိပ္ပါယ်ရှိတယ်။ သူတို့တကယ်ထင်ကြေးပေးတာဆိုရင် သမီးတို့တို့ သူတို့ကိုမထိုးဘူး။သမီးတို့ ဒါကို အခွင့်ကောင်းယူလို့ရတုန်းပဲ"
သားအမိနှစ်ယောက်သည် နှာခေါင်းပေါက်တစ်ခုဖြင့် ဒေါသကိုထုတ်ကာ သူတို့၏တွေးခေါ်မှုကို လျင်မြန်စွာ စုစည်းနိုင်သည်။
ဒါပေမယ့်လည်း သူတို့ရဲ့ ပြဿနာရှာမယ့် ရည်ရွယ်ချက် အရိပ်အမြွတ်ကို ရန်တကျွင်းက အမြန်ငြိမ်းသတ်ခဲ့သည်။
ရန်တကျွင်းက သူတို့နှစ်ယောက်လုံးကို တိုက်ရိုက်ငြင်းဆိုလိုက်သည်။ "တော်ပြီ ငါနဲ့ လာပြီး လှည့်စားမနေနဲ့။ မင်းဘာတွေစုံစမ်းနေတာလဲ၊ ဘာစုံစမ်းစရာရှိလို့လဲ၊ ငါတို့ရဲ့ဘဝတွေကို ပဲ ထူထောင်ကြမယ် "
ရန်တကျွင်းသည် ရက်စက်သောကြောင့် ရန်ဟုန်ရင်နှင့် ရန်ချန်ယွီတို့ စကားမပြောရဲကြပေ။
သားအမိတို့သည် တစ်ယောက်ကိုတစ်ယောက် မျက်စိမှိတ်ပြကာ ပန်းကန်များကို အမြန်ဆေးပြီး ထမင်းစားခန်းသို့ သယ်သွားဖို့လုပ်ကြသည်။
ပန်းကန်ဆေးနေတုန်း ရန်ချန်ယွီ နဲ့ ရန်ဟုန်ရင်တို့သားအမိနှစ်ယောက်က သီးသန့်တွက်ချက်စပြုလာသည်....
၎င်းတို့နှစ်ဦးသည် ဆိပ်ကမ်းရှိ ယာယီအလုပ်သမားများဖြစ်သည့် ရန်ယန်နဲ့ လင်းရှောင်ယွဲ့တို့ရဲ့ လုပ်ခလစာတွေကို စုံစမ်းနိုင်မလား။
သူတို့နှစ်ယောက်က မြို့မှာ အလုပ်လုပ်ရင်တောင် ယွမ် ၁၀၀ ထက်နည်းသင့်လား။ နောက်ဆုံးတွင် ၎င်းတို့သည် ယာယီအလုပ်သမားများသာဖြစ်သည်။
လစာ ၁၀၀ ဆိုရင်တောင် တစ်လကို ၂၀၀ နဲ့ အိမ်ဆောက်ရင် ၆၀၀ လောက် ကုန်ကျမှာ ဖြစ်သလို လစာလည်း ကြိုထုတ်ထားကြသည်။
မည်ကဲ့သို့ပင် တွက်ချက်သည်ဖြစ်စေ သားအမိသည် ရန်ယန်နှင့် လင်းရှောင်ယွဲ့တို့ ဒီလောက်ထိ ငွေရှာနိုင်သည်ဟု မထင်မိပေ။
လင်းရှောင်ယွဲ့ကို မုန်းတီးကြသောကြောင့် သားအမိတို့သည် လင်းရှောင်ယွဲ့ကို တိုက်ခိုက်ရန် အခွင့်အရေးကို လက်လွတ်ခံမည်မဟုတ်ပေ။
......
တစ်ဖက်တွင်မူ လင်းရှောင်ယွဲ့သည် သူမ၏နောက်ကွယ်တွင် သူမအား တိုက်ခိုက်ရန် ကြံစည်နေသူများ ရှိနေကြောင်းကို မသိခဲ့ပေ။
အခန်းကျဉ်းလေးထဲမှာ လင်းရှောင်ယွဲ့က သူမရဲ့ခြေထောက်တွေကို ဆေးကြောသန့်စင်ပြီး ကုတင်ပေါ်တက်သွားသည်။ ရန်ယန် ရေသွန်ရန် ထွက်သွားစဉ် ရန်ယန်၏ ကျောပြင်ကို ရွှန်းလဲ့တောက်ပနေသော မျက်လုံးကြီးများဖြင့်ကြည့်ကာ ကုတင်ပေါ်တွင် နာခံစွာ မှီနေခဲ့သည်။
သူမ အနည်းငယ် စိတ်အားငယ်မိသည်....
မကြာသေးမီက သူမ ဆန္ဒက အနည်းငယ် ပြင်းထန်လာခဲ့သည်..
ဒါပေမယ့် သူမက အမျိုးသမီးတစ်ယောက်ဖြစ်တာကြောက့် ဆန္ဒကို ချုပ်နှောင်ထားခဲ့သည်။
လင်းရှောင်ယွဲ့သည် ရန်ယန်က ကိုယ်ခွဲ သုံးယောက်ကနေ တစ်ယောက်တည်း ဖြစ်လာပြီးနောက် သူသည် တတိယလူနှင့်တူသော်လည်း တတိယမဟုတ်ဘူးလို့ လင်းရှောင်ယွဲ့ ပြန်တွေးလိုက်သည်...
သူရဲ့စကားတွေ၊ စကားပြောတာတွေ၊ အပြုအမူတွေက တတိယ လိုဖြစ်ပေမယ့်လည်း အချို့သော သူ၏ အပြုအမူများသည် တတိယကဲ့သို့ သဘာဝမကျပေ။
လင်းရှောင်ယွဲ့သည် တတိယရန်ယန်ကို နမ်းသောအခါ မကြာခဏ သူ့လမ်းမှ ထွက်သွားသည်ဟု လင်းရှောင်ယွဲ့က တွေးခဲ့သည်။
ထို့နောက် သူမသည် သူ့ကို ကြိုဆိုရန် ငြင်းဆန်ချင်သည်။ ထို့နောက် စိတ်ဝင်တစား နှိုးဆော်ကာ ပျော်ရွှင်သောညကို ရောက်လာသည်။
ဒါပေမယ့် အခု ရန်ယန်မှာ ဒီလို လှုပ်ရှားမှုလေးတွေ မရှိတော့ဘူး။
အကျင့်စာရိတ္တကောင်းမွန်ပြီး ဆန္ဒမရှိသူဖြစ်သည်။
လွမ်းဆွေးစရာပင်။
ရေသွန်ချပြီးနောက် ရန်ယန် သည် အခန်းကျဉ်းလေးဆီသို့ ပြန်သွားကာ လင်းရှောင်ယွဲ့ ဆီသို့ ပြေးသွားတော့ သူ့မျက်လုံးများကို စိုက်ကြည့်နေသည်။
"ဘာလဲ"
အခန်းထဲသို့ဝင်ကာ တံခါးကိုဂျက်ထိုးလိုက်သည်။ ရန်ယန်က ကုတင်ပေါ်သို့ ဆောလျင်စွာ ရောက်လာပြီး ထိုင်လိုက်သည်။
လင်းရှောင်ယွဲ့သည် စောင်ကို မလိုက်ပြီး ကုတင်တစ်ဝက်ကို ပေးကာ ကုတင်ကို လက်ဖြင့်ပုတ်ပြလိုက်သည်။ "လာ ဒီမှာလာလှဲ "
"ဘာလဲ"
ရန်ယန်သည် သူမကို ထူးထူးခြားခြား စိုက်ကြည့်ရင်း ဖြည်းညှင်းစွာ လှဲလျောင်းကာ သူ့ခန္ဓာကိုယ်ကို စောင်ဖြင့်အုပ်ကာ လှဲနေလိုက်သည်။
အိပ်ယာအောက်မှာ သူ့လက်တွေက သူမရဲ့ခါးသေးသေးလေးကို သဘာဝအတိုင်း ရစ်ပတ်ထားသည်။ လင်းရှောင်ယွဲ့ သည် လက်နှစ်ဖက်ဖြင့် သူ့လည်ပင်းကို တိုက်ရိုက်ချိတ်ထားလိုက်သည်။
အရမ်းနီးကပ်နေသည်။ လင်းရှောင်ယွဲ့ သည် သူ၏ကျယ်ဝန်းသောမျက်နှာကို စိုက်ကြည့်ကာထပြီး သူ့ နှုတ်ခမ်းကို စိတ်မပါဘဲ တိုက်ရိုက်နမ်းလိုက်သည်။
ရန်ယန်၏ နှုတ်ခမ်းများ ကြွလာသည်။ "ဘာဖြစ်နေတာလဲ၊ ပြောစရာရှိလို့လား"
ဒီနေ့ သူမ အရမ်းတက်ကြွနေတယ်လို့ ခံစားရသည်။ ခါတိုင်းနဲ့မတူဘူး....
သူမရဲ့ အစပျိုးမှု၊ သူမရဲ့ ပေါ့ပေါ့ပါးပါး လှည့်စားမှုကြောင့် ရန်ယန် ကိုယ်တိုင်လည်း မကြာခင်မှာ ကွဲပြားသွားတော့သည်။
ထုံးစံအတိုင်း သူမ မသိသော ထောင့်တစ်ခုတွင် သူသည် သူ၏ ပုံမှန်မဟုတ်သော အခြေအနေကို အတင်းဆုပ်ကိုင်ကာ လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်ထားသည်။
"ရှင့်ကို မေးချင်လို့..."
လင်းရှောင်ယွဲ့ သည် သူ့အား အနီးကပ် စိုက်ကြည့်ကာ ဆွေးနွေးရန် အခြားအကြောင်းအရာများကို ရှာဖွေခဲ့သည်။ "ဒီနေ့ ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် စာရင်းသွင်းထားလို့ ပျော်ရဲ့လား"
ရန်ယန်၏ မျက်ခုံးများ ကွေးသွားကာ ခဏလောက် စဉ်းစားလိုက်သည်။ “သာမာန်ပါပဲ"
အမှန်တော့ သူစာရင်းသွင်းတုန်းက အရမ်းပျော်နေတာ...
ဒါပေမယ့် အနာဂတ်ကို တွေးတောကြည့်လျှင် စာမေးပွဲနှင့် စာကျက်ခြင်းသည် အရေးကြီးဆုံးအရာမဟုတ်ဘူးလို့ ထင်မြင်မိသည်။ နောက်ဆုံးတော့ သူက အခု လူပျို မဟုတ်တော့ဘူး။ သူတစ်ယောက်တည်း မဟုတ်ဘူး၊ သူ့မှာ လင်းရှောင်ယွဲ့ ဆိုတဲ့ သူ့ကိုယ်ပိုင်မိသားစု ရှိသည်။
သူတို့နှစ်ဦးသည် အနာဂတ်တွင် သားသမီးများ ထွန်းကားလာမည်ဖြစ်ကာ ၎င်းတို့အား ပြုစုပျိုးထောင်ရန်၊ ပြုစုစောင့်ရှောက်ရန်နှင့် ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည်။
အကြောင်းရင်းများစွာကို တွေးတောရင်း၊ ရန်ယန်သည် စာလေ့လာခြင်းသည် အမှန်တကယ် လိုအပ်သောအရာမဟုတ်ဟု ခံစားခဲ့ရသည်။
ဒါက သူလုပ်ရတာကြိုက်တဲ့ အရာတစ်ခုပဲ။
စာဖတ်ရတာ ဝါသနာပါပြီး ဗဟုသုတလည်း ရသည်။
"ဒါဆို ဘယ်တက္ကသိုလ်တက်ချင်လဲ"
လင်းရှောင်ယွဲ့သည် ရန်ယန်၏ ခေါင်းနောက်ဘက်ရှိ ဆံပင်ကို ပွတ်သပ်လိုက်သည်။ "အဲ့တာက အကောင်းဆုံး တက္ကသိုလ်လား၊ ချင် တက္ကသိုလ်နဲ့ ပေကျင်း တက္ကသိုလ်က ရှင့်ရဲ့ ပန်းတိုင်လား"
ရန်ယန်က မျက်ခုံးတွန့်ကာ ခေါင်းခါလိုက်သည်။ "ကိုယ် မဝင်နိုင်ဘူး"
လင်းရှောင်ယွဲ့က သူ့ ပုခုံးကိုပုတ်လိုက်သည်။ "ဘာလို့ ရည်မှန်းချက် မထားတာလဲ။ ရှင် ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေပြီဆိုကတည်းက ရှင် အကောင်းဆုံး တက္ကသိုလ်တက်ရမယ်လေ "
ရန်ယန် ရယ်ပြီး ခေါင်းယမ်းလိုက်သည်။ "ကိုယ် စာမေးပွဲ မအောင်နိုင်ဘူး။ သေသေချာချာ မသုံးသပ်တတ်ဘူး၊ ဒါကြောင့် စာအုပ်တွေ ဖတ်ဖို့ အချိန်နည်းနည်းပဲ ကျန်တော့တယ်။ သာမန် တက္ကသိုလ်တက်ရတာ ကောင်းပါတယ်။ ဒီတက္ကသိုလ်နှစ်ခုမှာ ဘာများရှိသေးလို့လဲ။ တက္ကသိုလ်တက်ဖို့ မလိုအပ်ဘူးလို့ ထင်တယ်။ အခြေအနေပေါ်မှာပဲ မူတည်တယ်…”
"အင်း ကောင်းပါပြီ၊ ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရအောင်"
လင်းရှောင်ယွဲ့က ရန်ယန် ရဲ့ ပါးရိုးကို ထိလိုက်သည်။ "ဒါဆို ကျွန်မက ပေကျင်း တက္ကသိုလ် ဒါမှမဟုတ် ချင် တက္ကသိုလ်ကိုတက်ရပြီး ရှင် မတက်ရင် ဘယ်လိုလုပ်မလဲ"
ရန်ယန် ကြက်သေသေသွားသည်။ "ဒါဆို မင်းကကျောင်းတက်။ မင်းနဲ့အတူတူလိုက်ဖို့ ကိုယ်မြို့ကိုသွားမယ် မင်းအနားမှာနေနိုင်သရွေ့ ကိုယ်ဘယ်အလိုမဆိုရှာလုပ်မယ်"
"ရှင်က အရူးပဲ..."
လင်းရှောင်ယွဲ့ က ရန်ယန်ရဲ့ မျက်နှာကို ညှစ်လိုက်သည်။ "ရှင် စာမေးပွဲတောင် မအောင်ဘူးဆိုရင် စာလေ့လာတာက ဘာထူးမှာလဲ။ ကျွန်မက ကြက်ကိုလက်ထပ်ရင် ကြက်နောက်လိုက်ရမယ်[1]"
ရန်ယန်ရဲ့ ဓားသွားလို့ မျက်ခုံးမွှေးတွေကို ညင်သာစွာ ရှုံ့လိုက်သည်။ "မင်းက အရူးပဲ"
လင်းရှောင်ယွဲ့ သည် ရှေ့သို့ တွန်းလိုက်ပြီး သူမ၏ နှာသီးဖျားနဲ့ သူ့ကို ထိလိုက်သည်။ "ရှင်ကမှအရူး"
ရန်ယန် - "မင်းကမှအရူး"
လင်းရှောင်ယွဲ့ - "ရှင်ရူးနေတာ"
ရန်ယန် - "ဟေး..."
ထို့နောက် လင်းရှောင်ယွဲ့ ထလာပြီး သူ့ကိုနမ်းလိုက်သည်။ သူ့နှုတ်ခမ်းတွေကို ညင်သာစွာ စုပ်လိုက်သည်။
သူမ မျက်လုံးမှိတ်ထားပြီး နက်နက်ရှိုင်းရှိုင်း နမ်းလိုက်သည်။ သူတို့နှစ်ဦးစလုံးသည် ဤအခိုက်အတန့်တွင် ရင်းနှီးချစ်ခင်မှုကို နှစ်သက်ကြပြီး ဤအခိုက်အတန့်၌ နက်ရှိုင်းစွာ ပိတ်မိနေသည်။
ရန်ယန်၏ လက်သည် သူမ၏ခါးတွင် တဝဲလည်လည်ဖြစ်နေသည်။ သူ့လက်ဖဝါးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း လက်ဆစ်တွေ ဖြူလာကာ သူ့လည်ပင်းမှာ သွေးပြန်ကြောတွေဖောင်းကြွလာသည်။
ဒီလိုအခိုက်အတန့်မျိုးက ခံနိုင်ရည်ရှိဖို့ အရမ်းခက်သည်။
ဒါပေမယ့် ထိန်းထားရမယ်ဆိုတာကို သူသိသည်။
ဒါကြောင့် လင်းရှောင်ယွဲ့က သူမရဲ့ခွန်အားကို အကုန်သုံးပြီး နှိုးဆွရာမှာ မအောင်မြင်ခဲ့ဘူး။
နမ်းပြီးနောက် လင်းရှောင်ယွဲ့သည် သူ၏ ပူပြင်းသော ခန္ဓာကိုယ်ကို ဆုပ်ကိုင်ကာ လေးလံစွာ သက်ပြင်းချလိုက်သည်။
ဒါပေမယ့် တစ်ချိန်တည်းမှာပဲ လင်းရှောင်ယွဲ့လည်း သူ့စိတ်ထဲမှာ အကြံတစ်ခုရှိသည်။
သူမ သိချင်သည်။ ကိုယ်ခွဲသုံးခု တစ်စုတစ်ကိုယ်တည်းဖြစ်သွားပြီးတဲ့နောက် ကျန်ရစ်ခဲ့တဲ့သူမှာ တတိယမဟုတ်ဘဲ ဒုတိယဖြစ်နိုင်လား။
ဒီလိုဖြစ်နိုင်မလား။
သူတို့ဘဝတွေက ချောမွေ့စွာနဲ့ တည်ငြိမ်စွာ ဖြတ်သန်းနေဆဲပင်...
လုပ်ငန်းများ ထွန်းကားခဲ့သည်။ ရန်ယန်၏ လုပ်ငန်းကြီးမှလွဲ၍ တစ်ပတ်လျှင် သုံးကြိမ်လုပ်ရသည်။ လျိုကျန်းနှင့် လင်းရှောင်ယွဲ့ ၏ စီးပွားရေးသည်လည်း တဖြည်းဖြည်း လမ်းကြောင်းမှန်ပေါ်ရောက်နေပြီဖြစ်သည်။
လျိုကျန်းသည် စီးပွားရေးအတွက် အလွန်သင့်လျော်သော လူတစ်ယောက်ဖြစ်သည်။ သူ့မိသားစုက ဆင်းရဲမွဲတေနေပေမယ့် လက်ထဲမှာ ပိုက်ဆံအများကြီးမရှိရင်တောင် လင်းရှောင်ယွဲ့ နဲ့ စီးပွားရေးအရ သူ့ရဲ့စားဝတ်နေရေး ဝင်ငွေတောင် မနည်းနိုင်သေးဘူး။
ဒီလို တဖြည်းဖြည်း စုပုံလာကာ လုပ်ငန်းတစ်ခုပြီးတစ်ခုရဲ့ ၀င်ငွေက တစ်လခွဲကြာတဲ့အခါ လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့က ယွမ်ခြောက်ရာ ရရှိခဲ့သည်။
တတိယမိသားစု၏ အိမ်သစ်က ဆောက်လုပ်ဆဲဖြစ်သည်။ နေ့တိုင်း အလုပ်လုပ်ပြီး တစ်နာရီ သို့မဟုတ် နှစ်နာရီကြာမှ ဆောက်သောအခါတွင် ၎င်းသည် တဖြည်းဖြည်း ပုံသဏ္ဍာန်ပေါ်လာသည်။ နောက်တစ်ဆင့်ကတော့ အတွင်းခန်းကို အလှဆင်ဖို့ပဲ။
အိမ်၏အတွင်းပိုင်းဒီဇိုင်းသည် လင်းရှောင်ယွဲ့ ပေးသော ဒီဇိုင်းအပေါ်အခြေခံထားသည်။ သူမစိတ်ထဲတွင်ရှိရန် မျှော်လင့်ထားသည့်ပုံစံအရ ခြံဝင်းတစ်ခုနှင့်ဆင်တူသော ဤသုံးထပ်အိမ်သည် ရွာသားများမျှော်လင့်ထားသည့်အရာတစ်ခုဖြစ်လာသည်။
လူတိုင်းက တတိယမိသားစုရဲ့ အိမ်သစ်ကို အရမ်းစိတ်ဝင်စားပြီး ဆောက်ပြီးသွားတဲ့အခါ ဘယ်လိုပုံစံဖြစ်မလဲဆိုတာ သိချင်ကြသည်။
ရန်တယုံ၏ မိသားစု အဆင့်အတန်းသည်လည်း တစ်နေ့တခြား တိုးမြင့်လာသည်။
ရွာသားများသည် ရန် မိသားစုနှင့် ရင်းနှီးလာခဲ့ကြပြီး လင်းရှောင်ယွဲ့သည် အိမ်နီးနားချင်းများ၏ သူငယ်ချင်းကောင်းတစ်ဦး ဖြစ်လာခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့် ရန်မိသားစု၏ အခြားမိသားစုနှစ်စုသည် ပိုစိတ်ဓာတ်ကျကာ ငြိမ်သက်သွားကြသည်။
ရန် မိသားစုမှ လူကြီးနှစ်ဦးသည် သူတို့၏မျက်နှာပေါ်တွင် ရွှင်မြူးသောအကြည့်မျိုးမရှိခဲ့ပေ။ သူတို့က တတိယမိသားစု၏ ကျော်ကြားမှုနှင့် မသက်ဆိုင်လို့ ဖြစ်နိုင်သည်။ အဲဒါကို သူတို့ အခွင့်ကောင်းမယူနိုင်ဘူး။
......
ကိုးကား
11 TN - ငါ ကြက်ကိုလက်ထပ်ရင် ကြက်နောက်လိုက်ရမယ် (စကားပုံ ၊ မိန်းမဖြစ်သူက လင်ယောကျ်ားရဲ့ ဘယ်အမိန့်မဆို နာခံလိုက်နာရမယ်)