အခန်း (၁၀၁)
Vol. 9 Ch. 101
စာအုပ်ထဲတွင် လျိုကျန်းသည် ရန်ယန် ပြီးရင် ဒုတိယအဆိုးဆုံးဇာတ်ကောင်ဖြစ်သည်။
ဒါကြောင့် ဝမ်ထျဲရှန် ပြောခဲ့သလိုပဲ သူက သွက်သွက်လက်လက်နဲ့ ကြည့်ရတာ လူကောင်းတစ်ယောက်လို မဟုတ်ဘူး။
တကယ်တော့ လျိုကျန်းရဲ့ မျက်နှာက လူဆိုးတစ်ယောက်လိုပဲ။ သူသာ သရုပ်ဆောင်ဖြစ်ခဲ့ရင် လူဆိုးတစ်ယောက်အဖြစ် သေချာပေါက် သရုပ်ဆောင်ရလိမ့်မယ်။
ရန်ယန်နဲ့ ယှဉ်လိုက်ရင် လျိုကျန်းရဲ့ ဘဝနောက်ခံက သိပ်ပြီးသနားစရာမကောင်းဘူး။
ဆင်းရဲတဲ့ လူ့အဖွဲ့အစည်းက အတင်းအကြပ် လူဆိုးဖြစ်အောင် အတင်းအကြပ် ခိုင်းစေခံရတဲ့ ဇာတ်ရုပ်အဖြစ်လည်း ယူဆနိုင်သည်။
သူနဲ့တွဲလုပ်ရတာ နည်းနည်းတော့ အန္တရာယ်များသေးသည်။
ဒါပေမယ့်လည်း လင်းရှောင်ယွဲ့ ၎င်းကို လေးလေးနက်နက် စဉ်းစားခဲ့သော်လည်း၊ သူမက စွန့်စားရန် ဆန္ဒရှိနေသည်။
ပြီးတော့ သူက သေနတ်သမားကြီးဖြစ်လာတော့မှာ....
တကယ်တော့ စာအုပ်တစ်အုပ်လုံးမှာ အကြီးဆုံးဇာတ်ကောင်က အမျိုးသားဇာတ်ဆောင် လုရှမင် ဖြစ်သည်။
လုရှမင်ကို ဘာကြောင့် သူမ မိတ်မဖွဲ့ချင်တာလဲ။
လင်းရှောင်ယွဲ့ သူမဘာသာသူမ ဒါကိုပြန်မေးခဲ့သည်။
စာအုပ်ထဲမှာ လုရှမင်က ရန်ယန်ကို နာကျင်အောင်လုပ်ခဲ့တာကြောင့် ဖြစ်နိုင်သည်။
ထို့ကြောင့် လင်းရှောင်ယွဲ့က အမျိုးသားဇာတ်ဆောင်ကို မုန်းတီးသည်။
နောက်တစ်နေ့မနက်တွင် လင်းရှောင်ယွဲ့သည် အသံကြောင့် နိုးလာပြန်သည်။
စာကြည့်ခန်းထဲတွင် ဝတ္ထုကို အချိန်အကြာကြီး လှန်လှောကြည့်ခြင်းကြောင့် လင်းရှောင်ယွဲ့ ၏ အိပ်ရာထချိန်မှာလည်း များစွာ နှောင့်နှေးသွားခဲ့သည်။
ထို့ကြောင့် သူမနိုးလာချိန်က မွန်းတည့်ချိန်နီးနေပြီ။
ရန်ယန်၏ ရင်ခွင်ထဲတွင် သူမ နိုးလာသည်။ လင်းရှောင်ယွဲ့၏ မျက်ခုံးပင့်တက်သွားသည်။ "ဘာလို့ အပြင်မှာ ဆူညံနေတာလဲ"
"အကြွေးကောက်သူတွေ ဒီကိုရောက်နေတာ"
နိုးနေပြီဖြစ်သော ရန်ယန်သည် လင်းရှောင်ယွဲ့ ၏ နားရွက်များကို လက်ဖဝါးဖြင့် ညင်သာစွာ အုပ်ထားသည်။ သူမအပေါ်ပြင်ပဆူညံသံများ၏ သက်ရောက်မှုကို လျှော့ချရန် ဤကောက်ကျစ်သောနည်းလမ်းကိုသာ အသုံးချနိုင်ခဲ့သည်။
"အကြွေးကောက်တဲ့သူတွေလား"
လင်းရှောင်ယွဲ့သည် ရန်ယန်၏ လက်ဖဝါးကို ဆုပ်ကိုင်လိုက်ပြီး ဖြုတ်ချလိုက်သည်။ သူမ မနေနိုင်တော့ဘဲ မျက်လုံးတွေ ကျယ်သွားခဲ့သည်။ "ရန်ဟုန်ဝမ်ရဲ့ အကြွေးကောက်တဲ့သူတွေ မြို့ကနေရောက် လာတာလား"
ရန်ယန် - "မှန်တယ်"
လင်းရှောင်ယွဲ့ ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ မေးစေ့သည် ရန်ယန်ရဲ့ ရင်ဘတ်နှင့် ထိနေသည်။ သူမ၏ စိုးရိမ်သောကမျက်လုံးများဖြင့် အိမ်သေးသေးလေး၏ တံခါးဆီ စူးစူးရဲရဲကြည့်လိုက်သည်။ "နောက်ဆုံးအကြိမ်ကလောက် မကြီးကျယ်နေဘူးလို့ ခံစားရတယ်။ မြို့ကလူတွေ မရက်စက်လို့များလား"
ရန်ယန်က လင်းရှောင်ယွဲ့ ကို ကြည့်ရင်း သူမရဲ့ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။ "မရက်စက်တာ ဖြစ်နိုင်တယ် ဒါပေမယ့် သူတို့မှာ သေချာပေါက် အရည်အချင်းရှိတယ်"
လင်းရှောင်ယွဲ့က ရန်ယန်ကို တစ်ချက်ကြည့်လိုက်သည်။ "ရှင်သိလို့လား"
ရန်ယန်၏ နှုတ်ခမ်းများက ပြုံးစပြုလာသည်။ “မသိဘူး”
သူတောင်မသိဘူး၊ ဒါဆို သူ ဘာလို့ဒီလိုပြောရတာလဲ။
ဤစာကြောင်းကို သူ့ပါးစပ်မှ အလိုအလျောက် ဆွဲထုတ်လိုက်ပုံရသည်။ သူ့ဦးနှောက်ထဲက စကားလုံးတွေကိုတောင် မစီမံဘဲ ဒီစကားကို ပြောခဲ့တာ။
လင်းရှောင်ယွဲ့သည် ရန်ယန်၏ ခန္ဓာကိုယ်ပေါ်တွင် လဲလျောင်းနေချိန်တွင် သူမက "အရမ်းတိတ်ဆိတ်တယ်" ဟုပြောလိုက်သည်။ "ရှင် တစ်ခုခုတော့ သိသွားပြီထင်တယ် ရှင်ဒါကို ကောင်းကောင်းသိသလိုမျိုးပဲ~"
ရန်ယန်က ပြုံးပြီး ဘာမှပြန်မပြောခဲ့ပေ။
အရမ်းထူးဆန်းတဲ့ ခံစားချက်တစ်ခုရှိတယ်...
သူ့ကိုယ်သူ ခံစားမိပြီး အဲ့တာက သူနဲ့ နည်းနည်းမှ မတူဘူး...
အခိုက်အတန့်များစွာရှိမှာပါ။ သူ့သဘောနဲ့သူ မကြိုက်တဲ့ လုပ်ရပ်တွေ အများကြီးရှိသည်။
ထိုအချိန်တွင် ရန်ယန်သည်လည်း မကူညီနိုင်ဘဲ သံသယများ ရှိနေသည်။ 'တကယ် ပေါင်းစပ်သွားတာလား´
ဟုတ်ပါတယ်၊ သူ့သံသယတွေအတွက် ဘယ်သူမှ သူ့ကို အဖြေမပေးနိုင်ဘူး။
"လှုပ်ရှားပုံမပေါ်ဘူး..."
ခြံဝင်း၏ ဆူညံသောအသံသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။ တုံ့ပြန်မှုအနည်းငယ်သာရှိပုံရသည်။
လင်းရှောင်ယွဲ့ သည် သူမရဲ့ခေါင်းကိုထောင်ကာ အခန်းငယ်လေး၏ တံခါးကို စူးစူးစိုက်စိုက်ကြည့်ကာ ရန်ယန်ကိုပြောလိုက်သည်။ "ကျွန်မတို့ အပြင်ထွက်ကြည့်လို့ရမလား"
ရန်ယန်ရဲ့ သဘောသဘာဝက ခပ်လျှိုလျှိုနေပြီး ဒီလိုမျိုး လှုပ်ရှားမှုတွေမှာ ပါဝင်ရတာကို မကြိုက်ဘူး။
ဒါပေမယ့် သူမ သွားချင်တယ်ဆိုရင်တော့ ဇာတ်လမ်းက မတူတော့ဘူး။
ရန်ယန်က ချက်ချင်းဆိုသလို စားပွဲပေါ်က အဝတ်အစားတွေကို ကောက်ကိုင်လိုက်ပြီး သူမကိုပေးလိုက်သည်။ "မင်းသွားချင်ရင် သွား၊ ကိုယ်လိုက်ခဲ့မယ်"
"ကောင်းပြီ"
လင်းရှောင်ယွဲ့က သူမ အဝတ်အစားများကို ပျော်ရွှင်စွာဝတ်လိုက်သည်။ ရန်ယန်က သူမအနားမှာရှိနေတာကြောင့် အန္တရာယ်ကြီးသည်ဟု သူမ လုံးဝမခံစားရသောကြောင့်ဖြစ်သည်။
ရန်ယန် ကိုယ်တိုင်လည်း ထူးဆန်းတယ်လို့ ခံစားရသည်။
တရုတ်နှစ်ကူးအခါသမယတွင် ထိုလူများသည် အကြွေးများလာကောက်သောအခါတွင် သူသည် ၎င်းတို့နှင့်ဆက်ဆံရန် ထွက်သွားလေသည်။ ထိုအချိန်တွင် သူသည် ကြောက်ရွံ့ထိတ်လန့်နေလေသည်။ လူစုလူဝေးနဲ့ ဒီလိုလူတွေကို ရင်ဆိုင်ရမှာ ကြောက်တယ်...
ယခုမူ ခြံဝင်းထဲတွင် အလားတူ အဖြစ်အပျက်မျိုး ဖြစ်ပျက်ခဲ့သည်။ သူ အပြင်ထွက်ဖို့ လုံးဝ မကြောက်ဘူး။
သူ့နှလုံးသားထဲမှာ နားမလည်နိုင်တဲ့ ရဲရင့်မှုနဲ့ ရဲရင့်တဲ့ လုပ်ရပ်တစ်ခု အမြဲရှိနေခဲ့ပြီး သူ့ကို ထိန်းထားပြီး အရာများစွာကို ကြောက်ရွံ့မှုအား ပျောက်ဆုံးသွားစေခဲ့သည်။
ဒီနည်းက တော်တော်ကောင်းတယ်။
လင်းရှောင်ယွဲ့နှင့် ရန်ယန်တို့သည် အဝတ်အစားလဲပြီး နှစ်ယောက်သား အိပ်ယာမှ အမြန်ထလိုက်ကြသည်။
ဖိနပ်ကို ဝတ်ပြီး အခန်းထဲက ထွက်လာခဲ့သည်။ မူလက ခြံဝင်းသည် တိတ်ဆိတ်နေပြီး လူမရှိဘူးလို့ သူ ထင်ထားခဲ့သည်။
ဒါပေမယ့် သူတို့အိမ်ဝင်းထဲမှာ လူတွေပြည့်နေတယ်ဆိုတာ မထင်မှတ်ဘဲတွေ့လိုက်ရသည်။
တစ်ဝက်လောက်က မျက်နှာသစ်တွေ တစ်ဝက်က ရင်းနှီးပြီးသားလူတွေ...
ရင်းနှီးသောမျက်နှာတစ်ဝက်သည် ရန်မိသားစုမှမဟုတ်ဘဲ ဘေးအိမ်ရှိ လင်းတမိန် ကဲ့သို့သော အိမ်နီးချင်းများပင် ပါဝင်သည်။
အိမ်နီးနားချင်းတွေက စိတ်လှုပ်ရှားစွာ ကြည့်နေကြတာတော့ ဟုတ်ပါတယ်။
အနက်ရောင်ဝတ်ထားသော ဤလူအုပ်စုသည် မရဏနိုင်ငံမှ လူများကဲ့သို့ ဆိတ်ငြိမ်သောအခြေအနေကို ထိန်းသိမ်းရန် တိတ်တိတ်ဆိတ်ဆိတ် သဘောတူညီမှု ရရှိထားသောကြောင့် ဖြစ်နိုင်သည်။ ဤအကြွေးကောက်သူများသည် ဖိနှိပ်လွန်းလှသည်။ ဒါကြောင့် ရွာသားတွေက စကားမပြောရဲကြဘူး။
စကားမပြောရဲကြသော်လည်း မစောင့်ကြည့်ဘဲ မနေနိုင်ကြပေ။ သူတို့ရဲ့ စူးစမ်းလိုစိတ်ကို မရပ်တန့်နိုင်ခဲ့ဘူး။
ဒီတော့ ရွာသူရွာသားတွေက တိတ်တိတ်ဆိတ်ဆိတ် မတ်တပ်ရပ်ပြီး ပြဇာတ်ကြည့်နေကြသည်။
လင်းရှောင်ယွဲ့နှင့် ရန်ယန် ထွက်လာသောအခါ လင်းတမိန်သည် လင်းရှောင်ယွဲ့ ကိုမြင်ပြီး ကမန်းကတန်း လက်လှမ်းကာ လင်းရှောင်ယွဲ့ကို သူမဘက် ဆွဲလိုက်သည်။
"ဘာဖြစ်တာလဲ"လင်းရှောင်ယွဲ့က လင်းတမိန်ကို သိလျက်နဲ့ မေးလိုက်သည်။
လင်းတမိန်သည် သူမအား အသံတိတ်အမူအရာပြပြီးနောက် သူမအား ပြဇာတ်ကြည့်ရန် အကောင်းဆုံးနေရာပေးခဲ့သည်။
အဲဒါ ဒုတိယမိသားစုရဲ့ အိမ်အဝင်ဝ...
လင်းရှောင်ယွဲ့သည် ခြေဖျားထောက်၍ မတ်တပ်ရပ်ကာ အထဲသို့ ကြည့်လိုက်ရာ အနက်ရောင် ၀တ်ဆင်ထားသော နေကာမျက်မှန်ဝိုင်းဝိုင်းကြီးတပ်ထားပြီး ကျောက်စိမ်းပုတီးနှစ်ကုံးကို လက်ထဲတွင် ကိုင်ထားသည့် လူလတ်ပိုင်းအရွယ်လူနဲ့ ဒုတိယမိသားစု၏ အိမ်မှ ချန်ချိုင်ယွင်နှင့်ရန်တလင်းတို့နှင့်အတူ ထိုင်နေသည်ကိုသာ တွေ့လိုက်ရသည်။
လူလတ်ပိုင်းအရွယ်နဲ့လူက လူသုံးယောက်နောက်မှာ ရပ်နေပြီး ခြံဝင်းထဲမှာ လူတန်းကြီး ရပ်နေသည်။ ခြံကြီးတစ်ခုလုံး ပြည့်နှက်သွားသည်။
အကြွေးသည် ယွမ် ၁၀၀၀ သာရှိပြီး တစ်ဖက်တွင် အကြွေးများစုဆောင်းရန် လူများစွာဖြင့် ထွက်လာသော ထိုလူများကို လင်းရှောင်ယွဲ့ လေးနက်စွာ သဘောကျခဲ့သည်။
ချန်ချိုင်ယွင်သည် များသောအားဖြင့် အလွန်ကြမ်းကြုတ်ပြီး ကျိုးကြောင်းဆီလျော်မှုမရှိပေ။ ပြီးတော့ရန်ဖြစ်တဲ့နေရာမှာအရှုံးမခံဘူး။ ဒါပေမယ့် ဒီနေ့မှာတော့ သူမဟာ မကြမ်းတမ်းတဲ့အပြင် ကျိုးကြောင်းမဆီလျော်မှုမျိုးလည်း လုံးဝမရှိဘူး။
ဤလူကြီးများ၏ ရှေ့မှောက်တွင် ချန်ချိုင်ယွင်သည် ပုရွက်ဆိတ်များကဲ့သို့ မာန်စွယ်ကျိုးနေခဲ့သည်။ ကြမ်းတမ်းပြီး ကျိုးကြောင်းဆီလျော်မှုမရှိဘူးလို့ မပြောဘဲ စကားတစ်ခွန်းတောင် မပြောရဲလောက်အောင်ကို အားနည်းနေခဲ့သည်။
အကြွေးစုဆောင်းသူခေါင်းဆောင်က ရန်တလင်းနှင့် စကားစမြည်ပြောရင်း ရန်တလင်းမှာ ချွေးများထွက်နေပုံရပြီး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏အရှိန်အဝါမှာ သေလောက်အောင်းနင်းခြေခံခဲ့ရသည်။
"ဆရာ၊ ဒီဟာကို ဖြေရှင်းပြီးပါပြီ"
ကိစ္စအကြီးကြီးတစ်ခုကိုတွက်တဲ့ လူလတ်ပိုင်းအရွယ်လူကြီး ရဲ့နောက်ဘက်မှာ စာရင်းကိုင်နဲ့တူတဲ့ လူတစ်ယောက်ရှိပြီးတော့ ချန်ချိုင်ယွင်တို့လင်မယားနှစ်ယောက်ကိုပြောလိုက်သည်။ "ရန်ဟုန်ရင်က ငါတို့ကို စုစုပေါင်း ၁၁၅၈ ယွမ် အကြွေးတင်ထားပြီး ငါတို့အပိုင်းခွဲဝေစုကို ဖျက်ထားပြီ။ ၁၁၅၈ ယွမ်ကို ရန်ဟုန်ဝမ်နဲ့ငါတို့ကြား ချုပ်ဆိုထားတဲ့ အတိုး ၅ ဆင့် အရ တွက်ချက်ထားတယ်။ တစ်လကို ၈၄ ယွမ်ပဲ ပြန်ဆပ်နိုင်ရင် ငါတို့ကို ပြန်ဆပ်ဖို့ နှစ်နှစ် အချိန်ယူရမယ်။ သုံးနှစ်အတွင်း ပြန်ဆပ်ချင်တယ်ဆိုရင်၊ မင်းတို့ တစ်လကိုင် ယွမ် ၇၀ ပေးရမယ်။ ပြန်ဆပ်ရန် နှစ်နှစ်အတိုးက ယွမ် ၈၅၆ ဖြစ်ပြီး သုံးနှစ်ပြန်ဆပ်ရမယ့်အတိုးက ၁၃၆၁ ဖြစ်တယ်။ မင်းတို့လင်းမယား ပြန်ဆပ်မယ့်နည်းလမ်းကို ရွေးချယ်တဲ့အပေါ်မှာပဲ မူတည်တယ်"
ချန်ချိုင်ယွင်နှင့် ရန်တလင်းတို့သည် ငွေကြေး ပမာဏကြောင့် အလွန်ထိတ်လန့်ခဲ့ကြပြီး မူးမေ့လဲလုနီးပါးဖြစ်ခဲ့ကြသည်..
ပင်ရင်းပမာဏမှာ ၁၁၅၈ ယွမ်၊ နှစ်နှစ်အတိုးမှာ ယွမ် ၈၀၀ ကျော်၊ သုံးနှစ်အတိုးမှာ ယွမ် ၁၃၀၀ ကျော်ဖြစ်သည်။
၄ နှစ်ကြာရင် အတိုးက နှစ်ဆ ပိုများလိမ့်မယ်။
အတိုးက ၅ ဆင့် ....အတိုးကြီးယူပြီးငွေချေးတဲ့သူထံမှ ချေးယူခြင်းနှင့် ညီမျှသည်မဟုတ်လား။
အတိုးကြီးယူပြီးငွေချေးတဲ့သူတွေဆီက ချေးထားတဲ့ အရှုံးသမားသားလေးရဲ့ အတွေးက ချေးထားတဲ့ငွေကို ပြန်မဆပ်နိုင်တဲ့အတွက် သူ့ရဲ့ကြွေးရှင်တွေက သူတို့မိသားစုဆီ လမ်းစရှာကြပြီ။
ချန်ချိုင်ယွင်သည် သူ့သားကို သတ်ချင်နေပြီး သူ့ကို သားအဖြစ် အသိအမှတ်မပြုချင်တော့ကြောင်း အမြဲတစေ စိတ်ကူးရှိခဲ့သည်။
ယခုမူ ဤအခြေအနေမျိုးတွင် သူမသည် သူ့ကို အသိအမှတ်မပြုချင်သော်လည်း၊ ကြွေးရှင်ကတော့ သူမအား သူ့ကို အသိအမှတ်မပြုခွင့် မပေးပေ။
ချန်ချိုင်ယွင် ငိုချင်သော်လည်း မငိုနိုင်ခဲ့ပေ။ သူမ ကျိန်စာတိုက်ချင်သော်လည်း လူအများရှေ့မှာ ကျိန်စာမတိုက်ဝံ့ပေ။
သူမ ကြောက်လန့်သွားပြီး နှလုံးခုန်သံထက် မျက်နှာက နီရဲလာသည်..
"ပိုက်ဆံအများကြီး... ကျွန်မတို့ပြန်ပေးရမှာလား"
ရန်တလင်း မေးလိုက်သည်။ “အရင်က ငါတို့မိသားစုဆီက ၃၀၀ ကျော်ကို ယူပြီး တစ်ချို့က ပေးပြီးသား မဟုတ်ဘူးလား၊ နောက်ပြီး သူ့မှာ ယောက္ခမလည်း ရှိတယ်။ သူကမြို့ထဲမှာ သူ့မိန်းမရဲ့မိသားစုနဲ့ အတူနေကြတာ။ အကြွေးတောင်းဖို့ မြို့က သူ့မိဘတွေဆီ သွားသင့်တယ်မဟုတ်လား"
"ဟုတ်တယ် ဟုတ်တယ်..."
ချန်ချိုင်ယွင်က နောက်ကလိုက်ပြောခဲ့သည်။ "သူ ငါတို့မိသားစုကို လှည့်စားခဲ့တာ၊ ငါတို့မိသားစုမှာ ကျန်နေတဲ့ ယွမ် ၃၀၀ ကို ယူသွားခဲ့တယ်။ ငါတို့မိသားစုက သူ့ကို ငါတို့သားအဖြစ် အသိအမှတ်မပြုတော့ဘူး။ သူ့ကို သားတစ်ယောက်အနေနဲ့ အသိအမှတ်မပြုတော့ဘူး!"
"ဟက်.."
နေကာမျက်မှန်တပ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားကရယ်လိုက်သည်။ စားပွဲပေါ်မှ ရေတစ်ကျိုသောက်လိုက်ပြီး လေးလေးနက်နက် မျက်မှောင်ကြုတ်ခဲ့သည်။ "ဒီသားကို မင်း သူ့ကို မလိုချင်ဘူးဆိုရင်တောင် သူ့ကို အသိအမှတ်ပြုရမှာပေါ့။ မင်း မြို့ထဲက သူ့မိသားစုအကြောင်း ပြောမယ်ဆိုရင် သူက သူ့မိန်းမနဲ့ကွာရှင်းထားပြီးသား။ သူ့ယောက္ခမနဲ့ သူ့ဆက်ဆံရေးက မရှိတော့ဘူး။ သူ့ကို ငါတို့ ရှာလို့ မတွေ့တော့ဘူး၊ ဒါကြောင့် မင်းတို့မိသားစုက ဒီကျန်တဲ့ငွေတွေကို ပြန်ဆပ်ပေးမယ့် သူတွေပဲလေ။ မင်းတို့ ဒီနေ့ ပြန်မဆပ်ရင် ငါ မင်းတို့ကို ပြန်ဆပ်လာအောင် လုပ်လို့ရနိုင်တဲ့ နည်းလမ်းတွေရှိတယ်"
လူလတ်ပိုင်းအရွယ်က သူ့မျက်လုံးတွေက အခန်းထဲကို ကြည့်နေခဲ့သည်။ "မင်းတို့ သမီးက အရမ်းငယ်သေးတယ်။ မင်းတို့ဒီနေ့ လက်မှတ်မထိုးဘူးဆိုရင် ငါ သူမကိုအရင်ခေါ်သွားလိုက်မယ်။"
"ဒီလိုလုပ်လို့မရဘူး၊ ဘယ်လိုမှမဖြစ်နိုင်ဘူး။ အမေ"
အခန်းကျဉ်းလေးထဲမှာ ခိုးနားထောင်နေတဲ့ ရန်လျန်ဟွာ က စိုးရိမ်တကြီးနဲ့ပြောလိုက်သည်။ "အမေ၊ ပိုက်ဆံပြန်ဆပ်လိုက်ပါ။ တစ်လကို ၈၀၊ သမီးတို့မိသားစု အဲ့လောက်တော့ တတ်နိုင်သေးတယ်!"
လူလတ်ပိုင်းအရွယ် အမျိုးသားရဲ့ ပါးစပ်က ပြုံးစိစိနဲ့။ “ကြည့်စမ်း၊ ကလေးက မင်းတို့အဲ့တာကို ပြန်ဆပ်လို့ ရတယ်လို့ပြောနေတယ်လေ။ လက်မှတ်ထိုးလိုက် ”
ဒုတိယမိသားစုက သူတို့မှာ ပိုက်ဆံရှာတဲ့လူ သုံးယောက်ပဲရှိပေမယ့် တစ်လကို ယွမ် ၈၀ လောက်ရနိုင်ပါသေးသည်။
ဒါပေမယ့် ယွမ် ၈၀ ပေးပြီးနောက်မှာတော့ သူတို့ဘဝဟာ တင်းကျပ်ပြီး ဒီထပ် ပိုမတင်းကျပ်နိုင်တော့ဘူး။
အစာစားတာတောင် ပြဿနာရှိသေးသည်။
ပြီးတော့ အကြွေးပြန်ဆပ်ဖို့ နှစ်နှစ်ကြာမည်။
ချန်ချိုင်ယွင်က နည်းနည်းတော့ ရုန်းကန်ချင်နေသေးသည်။ "ဒါဆို ဆရာ.... ထပ်ပြီးတော့ အချိန်နှေးပေးရင်ကော။ ကျွန်မတို့ မိသားစု စဥ်းစားရအောင်လို့ အချိန်နည်းနည်းပေးပါ "
လူလတ်ပိုင်းအရွယ်လူကြီး၏ နောက်ဘက်က စာရင်းကိုင်က သူတို့ကို သတိပေးလိုက်သည်။ “ငွေတွေ ဟိုမှာ ချထားတာ၊ နေ့စဥ် အတိုးတွေ တက်လာမှာ။ မင်းတို့စဥ်းစားတာ ကြာလေ အတိုးတက်လေ အကြွေးတွေ များလာလေပဲ။ မင်းတို့ ရက်အနည်းငယ်တော့ စဥ်းစားလို့ရတယ်။ ဒါပေမယ့် အချိန်တန်ရင် ငွေ ဒါဇင်အနည်းငယ် ပြန်ဆပ်ရမယ်"
"ဒီလိုက....."
ချန်ချိုင်ယွင် သည်းမခံနိုင်ပေ။
ဒီအကြွေးကို သူမတကယ်မဆပ်ချင်ဘူး!
“အလျင်စလိုမလုပ်ပါနဲ့၊ နေ့ခင်းပိုင်းကို ဖြေးဖြေးချင်း စဉ်းစားဖို့ အချိန်ပေးလို့ရတယ်။ နေ့ခင်းဘက် ကူးတို့က ညနေ ၄ နာရီကျော်မှ လာမယ်။ ငါ စောင့်ပေးနိုင်တယ်" လူလတ်ပိုင်းအရွယ်လူကြီးက ပေါ့ပေါ့ပါးပါးပြောခဲ့သည်။
ခေါင်းကို လှည့်ကြည့်ရင်း လူလတ်ပိုင်းအရွယ်က ဒုတိယမိသားစုရဲ့ အိမ်အဝင်ဝကို လှမ်းကြည့်ခဲ့သည်..
နေကာမျက်မှန်နောက်ကွယ်က စူးရှတဲ့မျက်လုံးတွေက ရန်ယန်ဆီမှာ တိုက်ရိုက် သော့ခတ်ထားပြီး သူ့နှုတ်ခမ်းထောင့်တွေက မြင့်တက်လာသည်။
ရန်ယန်၏ အထင်အမြင်မှာ ဤလူကို သူသိသည်။
အန်းမြို့က ထိုလမ်း၏ ပဉ္စမမြောက် သခင်ဖြစ်သည်။
(TN: ထိုလမ်းသည် မြေအောက်ကမ္ဘာကို ဆိုလိုသည်။)
ဤပဉ္စမမြောက် သခင်နှင့် သူ့တခြားကိုယ်ခွဲရဲ့ ခင်မင်ရင်းနှီးမှုမှာ မဆိုးလှပေ..
ဤပဉ္စမမြောက်သခင်သည် သူ၏အခြားကိုယ်ခွဲအပေါ် အမြဲအကောင်းမြင်သည်။ ဒီလို ကိုယ်ခွဲကို သူကိုယ်တိုင် ဖန်တီးဖို့ အကြိမ်ပေါင်းများစွာ အဆိုပြုခဲ့တာ။
ဒါပေမယ့် သူက မကြာခဏဆိုသလို ထွက်မလာတာကြောင့် အဲဒီကိုယ်ခွဲက သူ့ကို ငြင်းဆိုခဲ့သည်။
ကျိုးကျန့်ဝေကို ဒီကိစ္စအား ကိုင်တွယ်ဖြေရှင်းပေးဖို့ တောင်းဆိုတဲ့ အခါမှာ ရန်ယန်က ဒီပဉ္စမမြောက်သခင်ကို အိမ်ထဲကို ဖိတ်ခေါ်ခဲ့လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
ယွမ် ၁၀၀၀ ကျော် ချေးငွေသည် ထိုလူဆီတွင် ဖြစ်ပုံရသည်။ ဒီတစ်ခါတော့ ရန်ယန် အတွက် သူ ဒီကို လာခဲ့တာ။