← Chapters

အခန်း (၁၁၁)

Vol. 10 Ch. 111

အခန်း (၁၁၁)

Vol. 10 Ch. 111

လင်းရှောင်ယွဲ့သည် စားပွဲကို သန့်ရှင်းရေးလုပ်ရန် အ၀တ်စုတ်ကို ယူလာပြီးနောက် ဆက်ပြီးထိုင်လိုက်သည်။ သူမက ရန်ယန်ကို ကြည့်လိုက်သည်။ "ရှင် ရှင် ရှင်..... ပန်းကန်ထဲ ကျွန်မတံတွေးတွေစင်သွားတာကို ဂရုမစိုက်ဘူး မဟုတ်လား"

"ဒါပေါ့"

ရန်ယန်က ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။ သူ ဂရုမစိုက်ကြောင်း ထုတ်ဖော်ပြောဆိုရန်အတွက်လည်း သူသည် သူ၏ တူများကို တမင်တကာ ချဲ့လိုက်သည်။ သူက ဟင်းတစ်ခုစီကို စားလိုက်၊ ဝါးရင်း ခေါင်းညိတ်လိုက်သည်။ "ပိုလို့တောင် အရသာရှိတယ်"

လင်းရှောင်ယွဲ့သည် သူမ၏ တံတွေးများ ထွက်လာသောအခါတွင် ကိုယ့်ဘာသာ ပျို့အန်ချင်လာသည်။ ဒါကို သူဘယ်လိုတောင် ပြောလိုက်တာလဲ။

ဒါပေမယ့် သူ အဲ့တာကိုမကြိုက်တာ မဟုတ်ဘူး။ လင်းရှောင်ယွဲ့သည် သူ့လုပ်ရပ်အတွက် အလွန်ပျော်ရွှင်နေမိသည်။

သူမထမင်းပန်းကန်ကို ပြန်ကောက်ယူလိုက်သည်။ သူမ၏ မျက်လုံးရွဲကြီးများက ရန်ယန်ကို အနီးကပ် စိုက်ကြည့်နေခဲ့သည်။ "ရှင် ခုနက ပြောခဲ့တဲ့ စကားကို ဆက်ပြောချင်လား"

ရန်ယန်သည် ချက်ချင်း တုန်လှုပ်သွားပြန်သည်။ အသက်ပြင်းပြင်းရှူရင်း နှုတ်ခမ်းကို ဖိကာ ခန္ဓာကိုယ်ကို မတ်ပြီးမေးလိုက်သည်။ "ဒါဆို နောက်တစ်ခါ ထပ်မေးမယ် ....... ကလေးမွေး ပေးလို့ရမလား"

ဤတစ်ကြိမ်တွင် သူမသည် ဤကဲ့သို့သော မေးခွန်းကို လက်ခံနိုင်သော စိတ်ပိုင်းဆိုင်ရာ စွမ်းရည်ရှိပုံပေါ်ပြီး သူမ၏ နှလုံးသားသည်လည်း ချိုမြိန်နေသည်။

သေချင်တယ်၊ သေချင်တယ်...

"ကျွန်မတို့က လင်မယားတွေပဲဟာ ..."

လင်းရှောင်ယွဲ့သည် ဝက်ဆီထမင်းကို ကောက်ယူရန် တူကို အသုံးပြုပြီး သူမ၏ ပါးစပ်ထောင့်ကိုပင့်လိုက်သည်။ "မိန်းမတစ်ယောက်အနေနဲ့ ကျွန်မရဲ့တာဝန်က ရှင့်ရဲ့တတိယမိသားစုအတွက် အကိုင်းအခက်တွေ ထားပေးရမယ်မလား။ ရှင့်ကို ကလေးမမွေးပေးခိုင်းစေချင်ဘူးလား"

"မဟုတ်ဘူး"

ရန်ယန်က သူမစကားကို ချက်ချင်းငြင်းဆန်လိုက်သည်။ "ဟုတ်တယ် ကိုယ်လိုချင်တယ် "

အင်း...

ဤစကားဝိုင်းအတွက် လင်းရှောင်ယွဲ့ ကျေနပ်နေပြီဖြစ်သည်။

သူလိုချင်သလောက် နှစ်ယောက်သား ဟက်ဟက်ပက်ပက် ဟစ်အော်နိုင်သည်ဟု ဆိုလိုသည်။

သူမ တိုင်းပြည်ကို ကယ်တင်နိုင်ပြီး သူ့စိတ်ကူးကို သဘာဝကျကျနဲ့ ဖြတ်သန်းနိုင်တဲ့အတွက် ကလေးတွေရဲ့ လမ်းစဉ်ကို လိုက်လျောညီထွေဖြစ်စေမယ့်........ လိမ္မာပါးနပ်တဲ့ သရဲတစ္ဆေလေးတွေ။

လင်းရှောင်ယွဲ့ ကျေနပ်အားရစွာ ခေါင်းညိတ်ပြပြီး သူ့တူတွေကို ရွှေ့လိုက်သည်။ "စား... များများစား။ ရှင် ပိုသန်မာရမယ် ပြီးတော့ ကျွန်မက ပိုဝလာရမယ်။ အဲ့အချိန်ကျရင် ကျန်းမာသန်စွမ်းတဲ့ ဝဝကစ်ကစ်သားလေးတစ်ယောက် ရှိလာလိမ့်မယ်"

ရန်ယန်က နာခံပြီး လင်းရှောင်ယွဲ့ကို အသားပေါင်းများစွာကို ကမန်းကတန်း ပေးပြီးပြောလိုက်သည်။ "များများစား"

လင်းရှောင်ယွဲ့ ပန်းကန်ကို ကိုင်ကာ ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

သူမနှင့် ရန်ယန်တို့သည် အစားအသောက်ကို နှစ်သက်စွားစားသုံးခဲ့ကြသည်။

သူတို့ ရံဖန်ရံခါ တစ်ယောက်နဲ့တစ်ယောက် ကြည့်နေကြပြီး မကူနိုင်ဘဲရယ်လိုက်သည်။ စားပွဲဝိုင်းရဲ့ အငွေ့အသက်က ပန်းနုရောင် ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေသည်။

ထိုညတွင် စိတ်ကူးများ ဖလှယ်ပြီးနောက်တွင် နှစ်ယောက်သား ပျော်ရွှင်မှု မိုးရွာသွန်းခဲ့သည်။

လင်းရှောင်ယွဲ့နှင့် ရန်ယန်တို့ နှစ်ယောက်စလုံး ရေချိုးခဲ့ကြသည်။

နှစ်ယောက်သား ကုတင်ပေါ် လှဲချကာ လူးလှိမ့်ပြီး စကားလုံးဖြင့် ဖော်ပြ၍မရသော အရာများကို လုပ်နေခဲ့ကြသည်။

နောက်ဆုံးတွင်တော့ သူတို့နှစ်ယောက်လုံး လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ အိပ်ပျော်သွားကြသည်။

အိပ်မက်ထဲတွင် လင်းရှောင်ယွဲ့သည် စာကြည့်ခန်းထဲ ရောက်လာခဲ့သည်။

သူမသည် အာကာသထဲတွင် တစ်ဦးတည်းကျန်ရစ်သော ရန်ယန်နှင့်တွေ့ဆုံခဲ့သည်။ နူးညံ့သိမ်မွေ့သော ရေကဲ့သို့နှုတ်ခမ်းပေါ်မှ အပြုံးဖြင့် ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။

လင်းရှောင်ယွဲ့သည် ရန်ယန် သုံးယောက်တွင် မည်သူ့ကိုမှ ဂရုမစိုက်တော့ပေ။

ရန်ယန်က ဘယ်လိုပဲဖြစ်နေပါစေ သူက သူမရဲ့ခင်ပွန်းပဲ။

လင်းရှောင်ယွဲ့ သည် သူနှင့်အတူ တစ်သက်တာ ဖြတ်သန်းချင်ခဲ့သည်။

သူမသည် ဤအိမ်ထောင်ရေးကို စိတ်နှလုံးအကြွင်းမဲ့ စီမံလိမ့်မည်။

နောက်တစ်နေ့မနက်တွင် လင်းရှောင်ယွဲ့သည် ရန်ယန်၏ ရင်ခွင်ထဲတွင် နိုးထလာခဲ့သည်.....

ဒီနေ့မနက်က ခါတိုင်းမနက်နဲ့ မတူဘူး။

လင်းရှောင်ယွဲ့ နိုးလာသောအခါတွင် သူမသည် လက်ချောင်းများကို ရွှေ့ကာ ပူနေဆဲဖြစ်သည့် တကယ့်ကြွက်သားများကို ထိခဲ့သည်။

သူမခေါင်းကိုမော့ပြီး မျက်လုံးမှိတ်ထားဆဲဖြစ်သော ရန်ယန်ကိုကြည့်ရင်း လင်းရှောင်ယွဲ့သည် သူ့ရင်ခွင်ထဲတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။

စိတ်ခံစားမှုဖြင့် သူမသည် မနေ့ညက ယောက်ျား၏လိင်ကို တန်ဖိုးထားကာ အလုပ်များနေပြီး Taobao တွင် အော်ဒါတင်ရန် မေ့သွားခဲ့သည်။

လင်းရှောင်ယွဲ့ သည် ရန်ယန်၏ အကျိုးအတွက် သူမ၏အမြတ်အစွန်းများသောလုပ်ငန်းကို ဘေးဖယ်ထားသောကြောင့် သူ့ကိုယ်သူ အပြစ်တင်နေခဲ့ရသည်။ သူမမှာ ခိုင်မာတဲ့ ရည်မှန်းချက်တွေ မရှိခဲ့ဘူး။

ရှေးခေတ်ဇာတ်ဝင်ဝတ္ထုထဲက အခြားအမျိုးသမီးဇာတ်ဆောင်တွေနဲ့ ယှဉ်ရင် လင်းရှောင်ယွဲ့က သူမဟာ သူတို့အထဲမှာ အဆိုးဆုံး ငါးဆားနယ်ဖြစ်တယ်လို့ ခံစားရသည်။

ဘုရားပိုက်ဆံ၊ ငါးဆားနယ် ဘဝ။ သင့်မှာ အသား၊ အိတ်ကပ်ထဲမှာ ပိုက်ဆံ၊ သင့်ကို စွဲနေတဲ့ ခင်ပွန်းတစ်ယောက်နဲ့ သင်အိမ်မှာ ရှိနေသရွေ့ သင့်ရဲ့ အသက်မွေးဝမ်းကြောင်းက မသန်မစွမ်း ဖြစ်နေပုံရသည်။

ခဏအကြာတွက် ရန်ယန် နိုးလာခဲ့သည်။

သူတို့သည် နွေးထွေးသည့်အိပ်ယာပေါ်တွင် လဲလျောင်းနေပြီး တိုးတိုးလေးစကားပြောနေကြသည်။ ဒီနေ့ဟာ အလုပ်ကိစ္စနဲ့ အပြင်မထွက်ချင်ကြတဲ့ နေ့တစ်နေ့ပါ။

ဒါပေမယ့် ဒီနေ့ တွင် သူတို့လုပ်ရမည့် လုပ်ငန်းတစ်ခုရှိသည်။

ဘာကြောင့်လဲဆိုတော့ ရန်ယန်နဲ့ ကျိုးကျန့်ဝေတို့ဟာ ဒီနေ့ စီးပွားရေးသဘောတူညီချက်ကို ညှိနှိုင်းထားကြသည်။

ကျိုးကျန့်ဝေက သူ့မှာ ကုန်ပစ္စည်းတွေရောင်းနိုင်တဲ့ ပိုသင့်တော်တဲ့ လူတန်းစားတွေ ရှိတယ်လို့ ရန်ယန်ကို ပြောပြခဲ့သည်။ ထို့ကြောင့် ရန်ယန်သည် သူ့ဆီသွားပြီး ထိုကိစ္စကို လေးလေးနက်နက် ဆွေးနွေးရမည်။

ရန်ယန်က သဘာဝအတိုင်း မငြင်းဘူး။ ဒီလိုလုပ်ငန်းက သူ့အိမ်ပေါက်ဝရောက်လာတာဖြစ်ပြီး အိမ်ဝယ်ရန် သူ့မိသားစုအတွက် ငွေလိုနေသေးသည်။

ထို့ကြောင့် သူနှင့် လင်းရှောင်ယွဲ့ သည် အိပ်ရာထဲတွင် အကြာကြီးမနေဘဲ ၈ နာရီတွင် ထခဲ့သည်။

ထိုအချိန်တွင် ရန်၏ အိမ်တွင် လူကြီး နှစ်ယောက်သာ ကျန်ခဲ့ပြီး အလုပ်လုပ်နိုင်သူများ အားလုံးသည် လယ်ကွင်းများတွင် အလုပ်လုပ်ရန် ထုတ်လုပ်ရေး အဖွဲ့ထံ ရောက်သွားကြသည်။

ထို့ကြောင့် လင်းရှောင်ယွဲ့ နှင့် ရန်ယန်တို့ အလွန်အဆင်ပြေခဲ့ကြသည်။

မနေ့ညက အတွေ့အကြုံတွေရပြီးနောက် သူတို့ ပရောပရည်လုပ်သလိုမျိုး သွားတွေတောင် တိုက်ခဲ့ကြသည်...

လင်းရှောင်ယွဲ့သည် ရန်ယန်ကို သူမ၏ တင်ပါးနှင့် ပေါက်ကာ မျက်စိမှိတ်ပြလိုက်သည်။ ကလေးမလေးသည် မျောက်ကလေးကဲ့သို့ တက်ကြွနေသည်။

ရန်ယန်သည် နောက်ပိုင်းတွင် သူမကိုစိတ်လှုပ်ရှားအောင်လုပ်လိုက်သည်။ သူက လက်လှမ်းပြီး လည်ပင်းကို ချိတ်လိုက်သည်။ နှစ်ယောက်သား ကြင်စဦးဇနီးမောင်နှံကဲ့သို့ နေထိုင်ကြသကဲ့သို့ နှစ်ယောက်သား ဘေးချင်းကပ်ရပ်ကာ သွားတိုက်ခဲ့ကြသည်။

အဲ့လိုနဲ့ ညဘက်ရဲ့ဘဝသည် ခင်ပွန်းနှင့်ဇနီးကြားဆက်ဆံရေးကို မြှင့်တင်ရန် ကူညီပေးသည်။

မနေ့ညကကိစ္စပြီးတဲ့နောက် လင်းရှောင်ယွဲ့သည် ရန်ယန်သည် သူ့အခွံထဲက ထွက်လာကြောင်း ခံစားလိုက်ရပြီး သူက ပို၍အသက်ဝင်နေခဲ့သည်။

မနက်စာကို ဝမ်ရှို့ယင်မှ ပြင်ဆင်ပေးထားသည်။ နှစ်ယောက်သား ယာဂုတစ်ပန်းကန်လုံး ပေါ့ပေါ့ပါးပါး သောက်ပြီး ဟင်းနည်းနည်းပါးပါး စားပြီးနောက် မြို့ကိုထွက်လာခဲ့သည်။

လုပ်ငန်းသစ်အကြောင်း ကျိုးကျန့်ဝေနှင့် စကားပြောရန်ဖြစ်သောကြောင့် ရန်ယန်သည် သူ့ညီကို မခေါ်ဘဲ လိုက်ပါရန် ဘတ်စ်ကားလည်း မရှိတော့ပေ။

မြို့ထဲသို့ရောက်သောအခါ သူတို့နှစ်ဦးသည် မြို့လယ်ခေါင်သို့ ကူးတို့ဖြင့်သွားခဲ့ကြသည်။

၁၀ နာရီတွင် မြို့လယ်ရှိ ဆိပ်ကမ်းတွင် ကျိုးကျန့်ဝေ က ၎င်းတို့နှစ်ဦးလုံးကို အပြုံးကြီးဖြင့် လက်ခံကြိုဆိုခဲ့သည်။

ရန်ယန် ရဲ့ ပုခုံးကို ကိုင်လိုက်ရင်း ကျိုးကျန့်ဝေက ပုခုံးကိုပုတ်ပြီး ပြောလိုက်သည်။ "ဟေ့လူ၊ မင်းရဲ့ကံတရားက တကယ်ကောင်းတယ်လို့ ငါထင်တယ်။ ငါ့စကားကို နားထောင်။ ဒီအခွင့်အရေးက ရှားတယ်။ မင်း အဲဒါကို အသုံးချရမယ်~"

"ဘာအခွင့်အရေးလဲ"

ကျိုးကျန့်ဝေရဲ့ စကားကြောင့် တစ်ခုခု မှားနေပြီလို့ ရန်ယန် ခံစားလိုက်ရသည်။ "မင်း ပစ္စည်းတွေ စစ်ဆေးဖို့ လာတာ မဟုတ်ဘူးလား"

ကျိုးကျန့်ဝေ၏ အမူအရာပြောင်းလဲသွားသော်လည်း သူက ပြုံးပြီး ပုခုံးကိုပုတ်ကာပြောခဲ့သည်။ "မင်းအဲဒီကိုရောက်ရင် သိလိမ့်မယ်၊ ဒါက အခွင့်အရေးကောင်းပဲ၊ ငါ့ကိုယုံစမ်းပါ၊ အဲဒါကို ယူလိုက်တာကောင်းတယ်!"

ရန်ယန်က ဆင်းလာပြီး ကျိုးကျန့်ဝေရဲ့ မျက်နှာကို စိုက်ကြည့်နေသည်။ "အရင်ဆုံး ရှင်းရှင်းလင်းလင်းပြော"

လင်းရှောင်ယွဲ့ လည်း ကျိုးကျန့်ဝေကို ကြည့်လိုက်သည်။ သူမသည် ယခုအချိန်တွင် အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း လင်းရှောင်ယွဲ့ မကြောက်ပေ။

"ကောင်းပြီ ...ဒါဆို ငါရှင်းရှင်းပဲပြောမယ်။ မသွားနဲ့!"

ကျိုးကျန့်ဝေက ရန်ယန် ကို လက်ညိုးထိုးပြပြီး ကြိုတင်ကာကွယ် ဆေးထိုးပေးခဲ့သည်။ " ပဉ္စမမြောက်သခင်က မင်းကို ဒီခေါ်ဖို့ ငါ့ကိုပြောတယ်။ ပဉ္စမမြောက် သခင်က ပင်လယ်စာ ပြုပြင်ထုတ်လုပ်တဲ့ စက်ရုံကို ကန်ထရိုက်ပေးသလိုမျိုး နည်းလမ်းအချို့ကို သူ ပြောချင်တာ။ မူလစက်ရုံဒါရိုက်တာကို ဖယ်ရှားဖို့ နည်းလမ်းအချို့ကို အသုံးပြုထားတယ်။ အခု စက်ရုံဒါရိုက်တာအသစ်က သူ့သား။ အဲ့နောက် မူလစက်ရုံဒါရိုက်တာကို အတွင်းရေးမှူးအဖြစ် လွှဲပြောင်းပေးခဲ့တယ်။ ဒီနေရာမှာ မင်းကို ထားချင်နေတာ!"

ရန်ယန်က သူ့မျက်လုံးတွေကို မှေးကျဥ်းလိုက်သည်။ "ဒါက မရိုးရှင်းဘူး မဟုတ်လား။ မင်းရဲ့ အနေအထားက ဘယ်လိုလဲ"

ရန်ယန်သည် အကျိုးကျေးဇူးအချို့ကို ရရှိလိမ့်မည်။ မဟုတ်ပါက၊ သူသည် ကျိုးကျန့်ဝေကိုလှည့်စားရန် ဤမျှကြီးမားသော ဝေဒနာကို ခံယူမည်မဟုတ်ပေ။

အရင်တုန်းကတော့ ပဉ္စမမြောက် သခင်က ရန်ယန်ကို သံလွင်ခက်ကို ဖြန့်ပေးတဲ့အခါ ရန်ယန်က အကြိမ်တိုင်း ငြင်းဆိုခဲ့သည်။

ငြင်းဆိုမှုအတွက် သူရှင်းပြတိုင်းလည်း ရန်ယန်သည် ပဉ္စမမြောက်သခင်ကို နှိမ့်ချသည်ဟု လူတို့ခံစားရစေသည်။

ပဉ္စမမြောက် သခင်က ရန်ယန်အပေါ်မှာ သူ့အပေါ် ထားရှိတဲ့ စိတ်ကြီးဝင်နေသည့် သဘောထားကို ဂရုမစိုက်ပေမယ့် ရန်ယန်ကို သူ့တောင်ပံအောက်ကနေ မယူသွားမိတဲ့အတွက် နောင်တရနေဆဲပဲ။

ထို့ကြောင့် ရန်အိမ်သို့ နောက်ဆုံးသွားရောက်လည်ပတ်ပြီးနောက် ဤအတွေးသည် ပဉ္စမမြောက်သခင်၏ စိတ်ထဲ ပြန်ဝင်လာခဲ့သည်။

သူ့သားနဲ့ ရန်ယန်အတွက် ဒီလို ပင်လယ်စာ ပြုပြင်ရေး စက်ရုံကို ရနိုင်ခဲ့သည်...

ကျိုးကျန့်ဝေသည် ပဉ္စမမြောက်သခင်၏ ယေဘူယျ အယူအဆကို နားလည်သောကြောင့် ရန်ယန်ထံ ပြန်လည်ပေးပို့ခဲ့သော်လည်း ရန်ယန်ကိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြခဲ့သည်။ “ပဉ္စမမြောက် သခင်က ငါ့ကို သိပ်ပြီးမစဥ်းစားဘူး။ ဒီနေရာကို မင်းအတွက်ပဲ သီးသန့်ထားထားတာ။ စက်ရုံဒါရိုက်တာရဲ့ အတွင်းရေးမှုးရာထူးက လူတစ်ဦးရဲ့အောက်မှာနဲ့ စက်ရုံမှာ လူတစ်သောင်းကျော်ရှိတယ်လို့ ဆိုလို့ရတယ်။ ဒီလိုအနေအထားကောင်းတဲ့ စက်ရုံတစ်ခုပဲရှိတယ်။ သူ့နှလုံးသားထဲမှာ မင်းကို သဘောကျနေတာ။ သေချာပေါက် ငါအဲ့တာကို မထိန်းနိုင်ဘူး။ သူပေးခဲ့တဲ့ အကျိုးကျေးဇူးတွေကို မေးချင်ရင်...... အဲဒါက စက်ရုံမှာ ကုန်ပစ္စည်းတွေကို သီးသန့် ဖြန့်လို့ရတယ်... ဒီဖက်တီးရေတွေက ငါ့လက်ထဲကို တဖြည်းဖြည်း ယိုစိမ့်လာမှာ မဟုတ်ဘူး။ ဒါကနည်းနည်းလေးပဲ အကျိုးရှိမှာ....."

ကျိုးကျန့်ဝေသည် ပဉ္စမမြောက်သခင် မြင်နေတဲ့ လူမဟုတ်သောကြောင့် ပဉ္စမမြောက်သခင်က သူ့ကိုရာထူးမပေးကြောင်း ဝန်ခံခဲ့သည်။

ပဉ္စမမြောက် သခင်က သူ့အား သေးငယ်သော ရာထူး ပေးလျှင် ဘဏ္ဍာရေးမှူး ငယ်အဖြစ် သူ့အဖေ၏ ပင်လယ်စာ စက်ရုံတွင် နေနိုင်သည်။

ထို့ကြောင့် ပဉ္စမမြောက် သခင်က သူ့အား စီးပွားရေး လည်ပတ်ရန် အခွင့်အလမ်း ပေးခဲ့ပြီး ရံဖန်ရံခါ ငွေစုနိုင်စေခဲ့သည်။ ကျိုးကျန့်ဝေက အရမ်း ဖြစ်နိုင်တယ်လို့ ထင်မိသည်။

"ဒါဆို မင်းက ပစ္စည်းတွေရောင်းနေပြီး ငါက ငါ့ခန္ဓာကိုယ်ကို ရောင်းနေတာပေါ့လေ"

ရန်ယန်သည် ဖြစ်စဉ်မှတဆင့် အနှစ်သာရကို သိမြင်ခဲ့ပြီး သူနှင့် ကျိုးကျန့်ဝေတို့၏ ပဉ္စမမြောက်သခင်၏ စီစဉ်မှုအောက်တွင် သူ၏ ရာထူးနှင့် အကျိုးကျေးဇူးများကို အပြည့်အဝ နားလည်ခဲ့သည်။

ဒါပေမယ့်လည်း ရန်ယန်သည် ပဉ္စမမြောက်သခင်၏ အစီအစဉ်ကို မကန့်ကွက်ခဲ့ပေ။

စက်ရုံမန်နေဂျာရဲ့ အတွင်းရေးမှုးရာထူးက မဆိုးဘူးလို့လည်း သူ့စိတ်ထဲ ရှင်းရှင်းလင်းလင်း တွေးတောနေခဲ့သည်။

"ကျစ်၊ ဒါက စျေးရောင်းတာ မဟုတ်ဘူးကွ"

ကျိုးကျန့်ဝေက ရန်ယန်၏ ပုခုံးပေါ်လက်တင်လိုက်သည်။ "ဒါက ရွှေအလုပ်ပဲ၊ ဒါကို လူဘယ်နှစ်ယောက်လောက် လိုချင်နေလိုက်သလဲ။ ပဉ္စမမြောက် သခင်က ငါ့ကို ဒီအလုပ်ကို ပေးဖို့ ဆန္ဒရှိတယ်ဆိုရင် သူ့အတွက် ငါလုပ်ပေးရမှာပေါ့။ သူက မင်းကိုပဲ သဘောကျတာက သနားစရာပဲ"

ဤအချိန်တွင် လင်းရှောင်ယွဲ့ ကြားဖြတ်ဝင်ပြောဖို့မတတ်နိုင်ခဲ့ပေ။ " ဒါက ရိုးရှင်းတဲ့ အတွင်းရေးမှုးအလုပ်တော့ မဟုတ်ဘူး။ တရားမ၀င်တဲ့ ကဏ္ဍတွေ ရှိရမယ်၊ အန္တရာယ်တွေ ရှိသင့်တယ်"

သူမ၏ ပထမစာကြောင်းနှစ်ကြောင်းသည် မေးခွန်းအမှတ်အသားဖြင့် ကစားနေဆဲဖြစ်သော်လည်း နောက်ဆုံးစာကြောင်းသည် အပြုသဘောဆောင်သော ဖော်ပြချက်ဖြစ်လာသည်။ လင်းရှောင်ယွဲ့ သည် ဖြစ်စဉ်မှတဆင့် အနှစ်သာရကို မြင်ခဲ့ပြီး ကျိုးကျန့်ဝေသည် သူမ၏ ဉာဏ်ပညာကြောင့် သဘောကျသွားသည်။ "မရီး ကျွန်တော် ဒါကို ဘယ်လိုပြောပြရမလဲ..."

ကျိုးကျန့်ဝေက သူ့ခေါင်းကို ပွတ်သပ်လိုက်သ "တရားမဝင်ဘူးလို့ မရီးပြောတယ်။ ရန်ယန်နဲ့ ကျွန်တော် လုပ်နေတာက အမြဲတမ်း တရားမ၀င်ဘူး ဟုတ်တယ်နော်။ ကျွန်တော်နဲ့ ယန်က အမြဲတမ်း စွန့်စားရတယ်လေ။ ဒါဆို မရီး ပိုက်ဆံအများကြီးရချင်ရင်၊ ငွေရှာပြီး ပွင့်ပွင့်လင်းလင်း ထုတ်ပစ်ရတာမျိုးတွေ ရှိတယ်။ ဒါပေမယ့် မရီး၊ မရီးရဲ့ စိုးရိမ်မှုကို ကျွန်တော် နားလည်တယ်။ မရီးက တော်တော် ဉာဏ်ကောင်းတာပဲ "

လင်းရှောင်ယွဲ့က ရန်ယန် ကို စိုးရိမ်တကြီးကြည့်ကာပြောလိုက်သည်။ "ဒါဆို ရှင်ဘယ်လိုထင်လဲ "

ရန်ယန်သည် အလျင်လိုခြင်း သို့မဟုတ် ထိတ်လန့်ခြင်းမရှိဘဲ လင်းရှောင်ယွဲ့ ခေါင်းကို ပွတ်သပ်ကာ "အရင်ဆုံး စကားပြောကြည့်ရအောင်" ဟု တည်ငြိမ်စွာပြောခဲ့သည်။

သူ့စိတ်ထဲတွင် ပဉ္စမမြောက် သခင်နှင့် ကိစ္စတို့ကို မကြောက်ပေ။

ရန်ယန်သည် သူ့မူလကိုယ်ပိုင်မဟုတ်မှန်း တဖြည်းဖြည်းသိလာသည်။

အဲဒီကိုယ်ခွဲက သတ္တိရှိသည်။ ဖြည်းဖြည်းချင်း သူလည်း အဲ့လိုရလာသည်။

ဒီလို ပင်ကိုယ်စရိုက်မျိုး သတ္တိရှိဖို့လည်း သူမျှော်လင့်တယ်..

မနေ့ညက အဲ့ကိုယ်ခွဲနဲ့ သူမနဲ့ ပတ်သက်ခဲ့သည့် ကိစ္စကို သူ သိမ်းပိုက်ထားပြီးဖြစ်သည်။

အနာဂတ်မှာ သူ ထိုကိုယ်ခွဲ၌ရှိသည့်အရာအားလုံးကို လွှမ်းမိုးချင်သည်။

All Chapters