အခန်း (၁၂၀)
Vol. 10 Ch. 120
ရန်ဟုန်ရင်ရဲ့ မင်္ဂလာပွဲကို တက်ရောက်ပြီးနောက်မှာတော့ လင်းရှောင်ယွဲ့ နဲ့ သူ့ရဲ့မင်္ဂလာပွဲက ရန်ယန်ရဲ့ စိတ်ထဲ နစ်မွန်းသွားခဲ့သည်။
သူ လင်းရှောင်ယွဲ့ကို မင်္ဂလာဆောင်ရန် အကြွေးတင်ထားသည်။ ဒါကို သူ့နှလုံးသားက အမြဲအမှတ်ရနေသည်။
ဒီရက်ပိုင်း ပိုက်ဆံရှာရတာနဲ့ အရမ်းအလုပ်ရှုပ်နေတော့ ဒီကိစ္စကို ရက်ရွေးဖို့ အချိန်မရှိဘူး။
ဒါပေမယ့် အခုအချိန်မှာတော့ မိသားစုထဲက နောက်ထပ် မိန်းကလေးတစ်ယောက် လက်ထပ်ပြီးတဲ့အခါ လင်းရှောင်ယွဲ့အပေါ် ရန်ယန်ရဲ့ အပြစ်ဟာ ပိုပိုပြီး နက်ရှိုင်းလာသည်။ အလုပ်များနေရင်တောင်မှ ဒီကိစ္စကို သူ့အတွက် အောင်မြင်တဲ့ နိဂုံးချုပ်ရမယ်ဆိုတာ သူခံစားရသည်။ ရန်ယန်က ဝမ်ရှို့ယင်ကို မင်္ဂလာပွဲအတွက် နေ့ကောင်းရက်မြတ်ရွေးခိုင်းပြီး ရွာသားတွေကို မင်္ဂလာအရက်သောက်ဖို့ ဖိတ်ခေါ်ခဲ့သည်။
ဝမ်ရှို့ယင်သည် သက်ဝင်လှုပ်ရှားသော ပွဲများကို နှစ်သက်သူတစ်ဦးလည်းဖြစ်သည်။ အခုချိန်မှာတော့ မိသားစုမှာ ပျော်ရွှင်စရာကောင်းတဲ့ အရည်အချင်းတွေရှိနေပြီဖြစ်ပြီး ဒီကိစ္စကို ပြီးအောင်လုပ်ရမယ်လို့လည်း သူမ ခံစားရသည်။
ထို့ကြောင့် သူမသည် ဟွမ်လီ(1)ကို အလေးအနက်ထားကြည့်လိုက်သည်။ သူမသည် နောက်လလယ်တွင် ကြီးကျယ်သောနေ့ကို ရွေးချယ်ခဲ့ပြီး ထိုနေ့တွင် ရန်ယန်နှင့် လင်းရှောင်ယွဲ့အတွက် မင်္ဂလာပွဲကျင်းပရန် ဆုံးဖြတ်ခဲ့သည်။
ဒီကိစ္စကို ဆုံးဖြတ်ပြီးတဲ့ နောက်မှာတော့ ဝမ်ရှို့ယင်နဲ့ ရန်ယန်တို့က လက်ထပ်ဖို့ ကိစ္စတွေကို စတင်ပြင်ဆင်ခဲ့ကြသည်။
မင်္ဂလာပွဲအတွက် အဝတ်အစားအသစ် နှစ်ထည်ဝယ်ဖို့ လိုအပ်တာတော့ အမှန်ပဲ။ ဒါအပြင် ဝမ်ရှို့ယင်ကလည်း စျေးကြီးတဲ့ နာရီကောင်းကောင်းဝယ်ဖို့ ရန်ယန်ကို တိုက်တွန်းခဲ့သည်။
လင်းရှောင်ယွဲ့သည် ၎င်းတို့၏ မိသားစုထဲသို့ အချိန်အတော်ကြာ ဝင်ရောက်ပြီးနောက် ဤကိစ္စကို သိပ်ဂရုမစိုက်ခဲ့ပေ။ ဒါပေမယ့် ရန်ဟုန်ရင်၏ မင်္ဂလာပွဲက သားအမိနှစ်ယောက်ကို နှိုးဆွလိုက်ပုံရသည်။ လင်းရှောင်ယွဲ့သည် ပျော်ရွှင်နေပြီး သူမ၏ မင်္ဂလာပွဲအတွက် ပြင်ဆင်ရန် ဆန္ဒရှိနေသည်။
အိမ်မှာ ရန်တယုံက အမေနဲ့သားကို ဆုံးဖြတ်ခွင့်ပေးသည်။
ထိုအကြောင်းကို လူကြီး နှစ်ယောက်က ကြားပြီး မိသားစုမှာ ပိုက်ဆံပြတ်နေသေးလားဟု ရန်တယုံကို မေးမြန်းရန် အစပြုခဲ့သည်။
ရန်တယုံက မပြတ်ပါဘူးလို့ ပြောပေမယ့် လူကြီး နှစ်ယောက်က သူတို့ရဲ့ မင်္ဂလာပွဲအတွက် ပြင်ဆင်ဖို့ ယွမ် ၅၀ ကို ထုတ်နေတုန်းပဲ။
ရန်တယုံက လူကြီးနှစ်ယောက် ဒီလို လုပ်ရပ်မျိုး လုပ်မယ်လို့ မမျှော်လင့်ထားဘဲ မယူသင့်ဘူးလို့ သူတွေးခဲ့ပေမယ့် လက်ခံဖို့ စိတ်လှုပ်ရှားနေတုန်းပဲ။
သူလက်ခံရခြင်း၏ အဓိကအကြောင်းအရင်းမှာ ရန်တယုံသည် ဝမ်ရှို့ယင်အား ဤကိစ္စကို ပြောကြားခဲ့ပါက ၎င်းတို့၏ ဆက်ဆံရေးကို သေချာပေါက် မြှင့်တင်ပေးနိုင်သောကြောင့်ဖြစ်သည်။
ထို့နောက် ဝမ်ရှို့ယင်သည် အခြေအနေအကြောင်းသိသောအခါ ဝမ်ရှို့ယင်ကလည်း လင်းရှောင်ယွဲ့ကို ထိုအကြောင်းကို ပြောပြခဲ့သည်။
လင်းရှောင်ယွဲ့သည် ဤအခြေအနေကိုကြားသိပြီးနောက် သူမ မ ပြုံးဘဲမနေနိုင်တော့ပေ။ "အဖိုးနဲ့အဖွားတို့နှစ်ယောက်က ကျွန်မတို့ဘက်ကို တဖြည်းဖြည်းပြောင်းလာပုံရတယ်။ ဒါပေမယ့်..."
ဝမ်ရှို့ယင်သည် လှည့်ကွက်တစ်ခု ရှိနေသည်ကို ကြားပြီး အမြန်မေးလိုက်သည်။ "ဒါပေမယ့် ဘာဖြစ်လဲ"
လင်းရှောင်ယွဲ့ အပြုံးလေးနဲ့ပြောလိုက်သည်။ "ဒါပေမယ့် လူကြီးနှစ်ယောက် ကျွန်မတို့ဆီက အကျိုးကျေးဇူးတချို့ကို ယူပြီး ကျွန်မတို့မိသားစုကို မိတ်ဖွဲ့ချင်ကြတာ ဖြစ်နိုင်ချေရှိတယ်။ လူတွေရဲ့နှလုံးသားကို ကျွန်မဝယ်ပေးနိုင်တယ်"
လင်းရှောင်ယွဲ့ ပြောတဲ့စကားတွေကို ဝမ်ရှို့ယင် ကြားလိုက်တဲ့အခါ သူမဟာ ကြောက်လန့်မှုအချို့ကို ခံစားခဲ့ရသည်။ "တကယ်လား။ အရိပ်အယောင် လား"
လင်းရှောင်ယွဲ့က ဝမ်ရှို့ယင်ရဲ့ ပခုံးကို ပုတ်ခဲ့သ "ကျွန်မပြောတာက ဒီလိုကိစ္စမျိုး မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် လူကြီးတွေက ပိုက်ဆံပေးဖို့ ဆန္ဒရှိတယ်၊ ကျွန်မတို့မိသားစုက လက်ခံလိမ့်မယ်။ ကျွန်မတို့ တစ်စုံတစ်ခုအတွက် အဲ့တာကိုယူထားလိုက်မယ်"
ထို့ကြောင့် မိသားစုက ယွမ် ၅၀ ကို စိတ်အေးလက်အေး လက်ခံခဲ့သည်။
မင်္ဂလာပွဲအတွက် ပြင်ဆင်ချိန်က တစ်လခွဲကြာပြီး ဝမ်ရှို့ယင်သည် မင်္ဂလာသကြားလုံးအချို့ကို ယူကာ ရွာရှိ ညီအစ်ကိုအချို့ကို ဝေငှခဲ့သည်။
လင်းရှောင်ယွဲ့သည် ရန်ယန်၏ ဇနီးဖြစ်သည်ကို တစ်ရွာလုံးသိထားသော်လည်း သူတို့မိသားစုသည် သူမအတွက် မင်္ဂလာဆောင်လုပ်ပေးရန် မမျှော်လင့်ထားခဲ့ကြပေ။
ဒါပေမယ့်လည်း လင်းရှောင်ယွဲ့ ရန်ယန်ကို လက်ထပ်လိုက်သောအခါ ရန်ယန်က ရူးမိုက်ဆဲပင်။ မင်္ဂလာဆောင် အခမ်းအနား မလုပ်တာဟာ တရားမျှတမှု ရှိပါသေးသည်။
ယခုအခါ ရန်ယန်သည် သူ၏ စိတ်များ ပြန်လည်ကောင်းမွန်လာကာ မိသားစု၏ ဘဝသည်လည်း တိုးတက်လာခဲ့သည်။ ဒီတစ်ခါတော့ မင်္ဂလာပွဲအတွက်ကျင်းပတာကို ကိတ်မုန့်ပေါ် သကာရည်လောင်းခြင်း အဖြစ်လည်း သတ်မှတ်လို့ရသည်။
ရွာသားတွေက ထူးဆန်းတယ်လို့ ခံစားမိပေမယ့် သူတို့မိသားစုတွေက သူတို့ရဲ့ ကောင်းချီးတွေကို နှလုံးသားနဲ့ ပေးပို့နေကြဆဲပင်။
ရွာသူရွာသားများသည် ၎င်းတို့ထံ ပေးဆောင်ထားသည့် အလှူငွေများကို ပေးပို့ရန် ဆန္ဒရှိနေကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ လတစ်လရဲ့အစဖြစ်လာပြီး မင်္ဂလာပွဲကိုတော့ လလယ်မှာပြုလုပ်ဖို့ စီစဉ်ထားသည်။
အရာအားလုံးတွေက အဆင်သင့်ဖြစ်လုနီးပါးပင်။ ရန်ယန်သည် စီးပွားရေးကို ဆက်အာရုံစိုက်နေမည်ဖြစ်သည်။ လင်းရှောင်ယွဲ့လည်း သူနဲ့အတူ မြို့ကို ပြန်သွားသည်။
ရန်ယန်သည် တဟဲ ပင်လယ်စာ ပြုပြင်ရေး စက်ရုံတွင် အလုပ်လုပ်သည်။
ရန်ယန်သည် စက်ရုံတွင် လအနည်းငယ်ကျော်ကြာ လုပ်ကိုင်ခဲ့သည်။ ဝမ်လောင်ဝူ၏သားသည် အတော်လေး ရိပ်မိပါသည်။ သူအဲ့တာကို ယူလာပြီး အဆင်ပြေအောင် သင်ပေးသည်။
လင်းရှောင်ယွဲ့သည် ပင်လယ်စာ ပြုပြင်ရေး စက်ရုံတွင် ရာထူးနေရာ တစ်နေရာသာဖြစ်သည်။
ရန်ယန်နဲ့ အတူ မြို့မှာ နေထိုင်စဉ် ရန်ယန်က နေ့ခင်းဘက် အလုပ်လုပ်သည်။ သူမက အိမ်ကို စိတ်ကြိုက် သန့်ရှင်းရေးလုပ်သည်။
ခြံထဲမှာလည်း ကြက်၊ ဘဲတွေကို မွေးမြူသည်။ ပန်းပင်တွေ စိုက်သည်၊ ကြက်၊ ဘဲတွေကို အစာကျွေးသည်။ ဟင်းသီးဟင်းရွက်တွေ ဝယ်သည်၊ ပန်းပင်တွေ ရေလောင်းသည်၊ ရပ်ကွက်က အပျိုကြီးတွေနဲ့ နေ့တိုင်း စကားပြောသည်။
ဤသည်မှာ လင်းရှောင်ယွဲ့ လိုချင်သောငါးဆားနယ်ဘဝဖြစ်သည်။
အနီးနားတွင်နေထိုင်ကြသော မိန်းမအိုကြီးများသည် အငြိမ်းစားယူသည့် အရွယ်များဖြစ်ကြပြီး သက်တောင့်သက်သာရှိသော ငါးဆားနယ် အငြိမ်းစားဘဝကို စတင်ကာ ပြည်ထောင်စုမှ အငြိမ်းစားယူခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။
မိန်းမအိုကြီးများသည် လင်းရှောင်ယွဲ့၏ ငယ်ရွယ်သောငါးဆားနယ်ဘဝကြောင့် အံ့သြနေကြသော်လည်း၊ ဒါပေမယ့် လင်းရှောင်ယွဲ့က သူတို့နဲ့ စကားပြောတဲ့နေရာမှာ တော်တဲ့အတွက်၊ အဘွားကြီးတွေက လင်းရှောင်ယွဲ့ ကို စကားပြောဖို့ ဆွဲခေါ်ရတာကို သဘောကျသည်။
ဤအဘွားကြီးများ၏ ပါးစပ်မှ လင်းရှောင်ယွဲ့သည် မိဘများ၏ ချို့ယွင်းချက်များစွာကိုသာမက လက်ရှိနိုင်ငံရေးသတင်းများကိုလည်း ကြားနေရသည်။
သူမအတွက် ဒါက အဓိပ္ပာယ်ရှိပြီး စိတ်ဝင်စားစရာကောင်းတဲ့ စကားဝိုင်းတစ်ခုပင်။
ဤနေ့သည် သာယာပျော်ရွှင်ဖွယ် နေ့တစ်နေ့လည်းဖြစ်သည်။
လင်းရှောင်ယွဲ့သည် နံဘေးရှိ အဘွားကြီး၏ ခြံဝင်းထဲတွင် ထိုင်နေသည်။ သူမသည် သူမ၏ကိုယ်ပိုင်အဆာပြေများကို ယူဆောင်လာပြီး မာကျောက်စားနေစဉ် အဒေါ်ကြီးတွေနဲ့ ပျော်ရွှင်စွာ စကားပြောဆိုခဲ့သည်။
မူလက လင်းရှောင်ယွဲ့သည် မာကျောက် ကစားနည်းကို မသိခဲ့ပေ။ ဤသည်မှာ သူမကို သင်ကြားပို့ချပေးသော သူက အဘွားအိုအုပ်စုဖြစ်သည်။ သူမသည် သူတို့ထက် ပိုတော်ခဲ့သည်။ ဘွားအိုထံမှ ခုနစ်ယွမ် သို့မဟုတ် ရှစ်ယွမ်ကို အနိုင်ယူလိုက်တိုင်း သူမ အနိုင်ရသည်။
အဲဒီနောက်မှာတော့ အဘွားအိုဆီကနေ အနိုင်ရရှိခဲ့ပြီး နောက်တစ်ကြိမ်မှာ သူမက သူတို့အတွက် အဆာပြေမုန့်တွေ ထပ်ယူလာမယ်လို့ ပြောပြီး အဆာပြေဝယ်ဖို့အတွက် သူမ အနိုင်ရလာတဲ့ငွေကို အသုံးပြုခဲ့မယ်လို့ ဆိုသည်။
ဒီလိုနည်းနဲ့ အဘွားအိုတွေက အရသာရှိတဲ့ အစားအစာတွေကို စားတဲ့အခါ ပိုက်ဆံအများကြီးဆုံးရှုံးရတဲ့ ဝေဒနာကို မခံစားရဘူး။
"မကြာသေးခင် ရှောင်ချန်ရဲ့ မိသားစုက သတင်းတစ်ခုကြားထားတယ်။ သူ့သားက ကျေးလက်မှာ တခြားမိန်းမနဲ့ လက်ထပ်လိုက်ပြီလို့ ကြားတယ်။ သူ အလုပ်တွေကို စီစဉ်ပြီး ကျေးလက်ကနေ မြို့ကို ခေါ်လာတယ်လို့ ပြောတယ်"
အဘွားကြီးဝမ်က ဇီးသီးတစ်လုံးကို ပါးစပ်ထဲ ဝါးရင်း ဒီလိုပြောခဲ့သည်။ သူမ၏ ရှုံ့တွနေသော လက်များက မာကျောက်ပေါ်တွင် ရှိနေသည်။ သူမသည် အသက် ၆၀ ကျော်နေပြီဖြစ်သော်လည်း ၎င်းတို့သည် မာကျောက်ကစားရာတွင် ထက်မြက်ဆဲဖြစ်သည်။
"ဘယ် ရှောင်ချန်လဲ"
အဘွားကြီးလီက ပြောလိုက်သည်။ "ကျယ်ကျယ်ပြော၊ ငါ့နားက မကောင်းဘူး၊ ငါ ရှင်းရှင်းလင်းလင်း မကြားရဘူး"
အဘွားကြီးဝမ်က ပြန်ဖြေခဲ့သည်။ "စာကြည့်တိုက်မှာ အလုပ်လုပ်တဲ့ သားဖြစ်သူ ရှောင်ချန်လေ။ ဒီလိုပဲ ပင်လယ်စာစက်ရုံမှာ သူကိုယ်တိုင်လုပ်တယ်၊ သူက ငါ့သားရဲ့ လုပ်ဖော်ကိုင်ဖက်။ နင် သူ့ကို အထင်ကြီးသေးလား"
အဘွားကြီးလီရဲ့ မျက်ခုံးတွေကြုတ်သွားသည်။ "ဘယ် ရှောင်ချန်လဲ "
ထိုအချိန်တွင် လင်းရှောင်ယွဲ့ သည် မကူညီနိုင်ဘဲ ရယ်မောကာ အဘွားကြီးလီ၏ နားရွက်နားသို့ တိုးလာပြီးအကျယ်ကြီးပြောခဲ့သည်။ "ပင်လယ်စာစက်ရုံမှာ အလုပ်လုပ်တဲ့ ရှောင်ချန်။ သူက စာကြည့်တိုက်မှာ အလုပ်လုပ်တယ်လေ။ အခု ရှင်းရှင်းလင်းလင်း ကြားပြီလား မကြားဘူးလား"
အဘွားကြီး လီက "အိုး" ဆိုတဲ့အသံဖြင့် ဖြည်းညှင်းစွာ ခေါင်းညိတ်ခဲ့သည်။ "သိပြီ။ ပင်လယ်စာစက်ရုံက ရှောင်ချန်က ငါ့မိသားစုဆီ ပြီးခဲ့တုန်းက ပုဇွန်အသေ တချို့ကို ပို့ပေးခဲ့တယ်"
"ဟုတ်တယ်"
အဘွားကြီးဝမ် ကစကားပြောနေစဥ် မာကျောက်ကစားနေသည်။ "ရှောင်ချန် ရဲ့သားက ကွာရှင်းထားတာ မဟုတ်လား။ သိပ်မကြာခင်က သူထပ်ပြီး အိမ်ထောင်ကျပြီးတော့ ကျေးလက်က မိန်းကလေးနဲ့ လက်ထပ်ခဲ့တယ်လို့ ပြောတယ်။ အခု ကျေးလက်ကမိန်းကလေးက မြို့ကိုရောက်လာတယ်လို့ ပြောကြတယ်။ ပင်လယ်စာ စက်ရုံမှာ သူ့အတွက် အလုပ်တစ်ခု စီစဉ်ပေးထားတယ်တဲ့။ ဒီအကြောင်း နင်သိလား"
လင်းရှောင်ယွဲ့ လည်း မသိပေ။
မြို့မှာ ဒီလို အတင်းအဖျင်းပြောသံတွေကြားတော့ ဒီအဘွားကြီးတွေရဲ့ ပါးစပ်ကနေ သူမ အားလုံးကို ကြားလိုက်ရသည်။ တစ်ခါတလေ နားထောင်ရတာ အရမ်းစိတ်ဝင်တစားရှိပေမယ့် အဓိကဇာတ်ကောင်က ဘယ်သူလဲဆိုတာတော့ မသိပါဘူး.. ....
"နင် မပြောရင် ငါကဘယ်လိုလုပ် သိနိုင်မှာလဲ။ နင်မပြောမချင်း ငါမသိဘူး"
အဘွားကြီး လျိုက စာဖတ်မျက်မှန်ကို သူ့မျက်နှာပေါ် တွန်းတင်လိုက်သည်။ သူမက မျက်မှောင်ကြုတ်ကာ ကတ်များကို အလေးအနက်ကြည့်ကာ အတန်ကြာပြီးနောက် ခုနစ်ကို ချလိုက်သည်။
မာကျောက်တွင် ဤအဘွား၏ လက်အရှိန်က အလွန်နှေးကွေးသည်။ များသောအားဖြင့် နေ့တိုင်း သူတို့ကို စောင့်နေစဉ် သို့မဟုတ် အတင်းပြောနေချိန် ဖရဲစေ့တွေ အများကြီးစားရင်း ဆော့ကြတာ။
"ငါ အခု နင့်ကို ပြောပြမယ်"
အဘွားကြီးဝမ်က အလျင်လိုခြင်းမရှိဘဲပြောလိုက်သည်။ " ရှောင်ချန်ရဲ့သားကို နင်သိသေးလား။ သူ့အရင်ဇနီးက သူ အသေရိုက်တာကိုခံခဲ့ရတာလို့ ပြောသံ ကြားတယ်။ သူတို့မိသားစုအတွက် အောင်သွယ်တစ်ယောက်အနေနဲ့ နောက်ဆုံးအကြိမ်လုပ်တုန်းက မိန်းကလေးပေါင်း တစ်ဒါဇင်ကျော်ကို တွေ့ခဲ့တာ။ သူ့မိသားစုအကြောင်း ကြားတော့ ဘယ် မိန်းကလေးမှ သူ့ကိုလက်ထပ်မယ့်သူ မရှိဘူး။ ရလဒ်ကတော့ အဒေါ်တစ်ယောက် ကိုရှာဖို့ သူ ကျေးလက်ကို သွားခဲ့တာ"
"နင်ဘာပြောလိုက်တာလဲ" အကြားအာရုံ ခက်ခဲနေတဲ့ အဘွားကြီးလီက အားစိုက်ထုတ်ပြီး မေးသည်။
အဘွားကြီးလီ၏ ဘေးတွင်ထိုင်နေသော လင်းရှောင်ယွဲ့ က ဖရဲသီးစေ့ကိုခွာရင်း ရယ်မောလိုက်သည်။ " ရှောင်ချန် ရဲ့သားက သူ့မိန်းမကို ရိုက်တယ်လို့ ပြောကြတယ်တဲ့။ အရင်က အဘွားကြီးဝမ်က ရှောင်ချန် ရဲ့သားကို မိန်းကလေး ၁၀ယောက် ကျော်လောက်နဲ့ မိတ်ဆက်ပေးခဲ့ဖူးတယ်တဲ့။ မိန်းကလေးတွေက သူ့ကို လက်ထပ်ဖို့ ဆန္ဒမရှိခဲ့ကြဘူး။ ပြီးတော့ ရှောင်ချန် ရဲ့သားက မိန်းကလေးတစ်ယောက်ကို ရှာဖို့ ကျေးလက်ကို သွားတယ်တဲ့"
"အိုး~"
......
ကိုးကားချက်
1 ဟွမ်လီ သည် တရုတ် ဗေဒင်ဟောစာတမ်း - လာမည့်နှစ်အတွက်နေဝင်နေထွက်၊လဝင် လထွက်၊ ရေတက်ရေကျ၊ နှစ်ပတ်လည်နေ့ ကျရောက်ခြင်း များ စသည့်အကြောင်းအရာစုံလင်စွာပါသော ပြက္ခဒိန်စာအုပ်။