← Chapters

အခန်း (၁၂၃)

Vol. 11 Ch. 123

အခန်း (၁၂၃)

Vol. 11 Ch. 123

"ဒါဆို သူတို့က ပင်လယ်စာစက်ရုံက ဝန်ထမ်းမဟုတ်ရင် ဒီနေ့ ပင်လယ်စာစက်ရုံမှာ သူတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ" ရန်ဟုန်ရင်က ချန်ဇီချင်းကို ထပ်မေးခဲ့သည်။

"မသိဘူး"

"မင်း တွေ့ခဲ့တယ်မလား၊ သူတို့နဲ့ စကားသွားမပြောဘူးလား" ချန်ဇီချင်းသည် မြေပဲများကို ဝါးပြီး အရက်အနည်းငယ် သောက်လိုက်သည်။

သူမ ခေါင်းကို လှည့်ကြည့်လိုက်ပြီး ရန်ဟုန်ရင်က သူ့ကို စိုက်ကြည့်ခဲ့သည်။ "အဲဒါကို မေ့နေတာ။ သူတို့ ဘာတွေလုပ်နေလဲ ကြည့်ဖို့ ကျွန်မ သူတို့နောက်ကို လိုက်ချင်ခဲ့တယ်၊ ဒါပေမယ့် ကျွန်မတို့ စက်ရုံ ကြီးကြပ်ရေးမှူးတစ်ယောက်က ကျွန်မကို တားလိုက်လို့"

"ဒါဆို မေ့လိုက်တော့"

ချန်ဇီချင်းက ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်က လူလိမ်နှစ်ယောက်ပဲ၊ ထားထားလိုက်ပါ"

"အမေ့ကို ဖုန်းခေါ်ချင်တယ်"

ရန်ဟုန်ရင် ပြောလိုက်သည်။ "ကျွန်မ ဘယ်နားဖုန်းသွားဆက်ရမလဲ"

သူမသည် လင်းရှောင်ယွဲ့နှင့် ရန်ယန်၏ လှည့်စားမှုအကြောင်း ရန်ချန်ယွီကို ပြောပြမည်ဖြစ်သည်။ ဒီအကြောင်းကို ရန်ချန်ယွီကိုသာ ပြောပြနိုင်ရင် မကြာခင် သတင်းက ရွာကို ပျံ့နှံ့သွားလိမ့်မည်။

ထိုအချိန်တွင် လင်းရှောင်ယွဲ့နှင့် ရန်ယန်သည် လိမ်ညာနေကြောင်း တစ်ရွာလုံးသိသွားကြပြီး၊ လူတိုင်း တတိယမိသားစုကို မထီမဲ့မြင်ပြုကြလိမ့်မည်။

ပထမမိသားစုသည် ရန် မိသားစုတွင် အချမ်းသာဆုံးမိသားစုဖြစ်သည်။

ရန်ဟုန်ရင်သည်လည်း လင်းရှောင်ယွဲ့နှင့် ရန်ယန်တို့ကို စုံစမ်းရမည်ဟု စိတ်ထဲတွင် တွေးထားမိသည်။

စုံစမ်းတဲ့အခါ နှစ်ယောက်လုံးကို သတင်းပို့ရမယ်။

အဖွဲ့အစည်းသည် ၎င်းတို့နှစ်ဦးလုံးကို ဖမ်းဆီးပြီး တတိယမိသားစု၏ ငွေကြေးအားလုံးကို သိမ်းယူခွင့်ပြုမည်။ သို့မှသာ ၎င်းတို့သည် တတိယမိသားစုတွင် ပြန်လည်နေထိုင်နိုင်စေရန်၊ ဖြစ်နိုင်ရင် အိမ်ကိုလည်း သိမ်းမယ်။

ထိုအချိန်တွင် သူတို့၏ ပထမသည် ကောင်းမွန်စွာလုပ်ဆောင်နေသူတစ်ဦးဖြစ်ပြီး မိသားစုတစ်ခုလုံးသည် ပထမမိသားစု စကားကို နားထောင်ရမည်ဖြစ်သည်။ နှစ်သစ်ကူးပွဲတော်မှာ အိမ်ပြန်တဲ့အခါ သူမကို ချီးကျူးကြမှာ။

ချန်ဇီချင်း ပြန်ပြောခဲ့သည် - "လမ်းကြားရဲ့အဝင်ဝမှာ ဖုန်းပြောစရာနေရာတစ်ခုရှိတယ်၊ ကြိုပြီးဖုန်းဆက်လိုက်။ အဲ့ဒီမှာ ဖုန်းပြန်ခေါ်လာရင် ကိုယ်တို့မိသားစုကို တစ်ယောက်ယောက်က လာအကြောင်းကြားလိမ့်မယ်။ မင်းမှာ ပိုက်ဆံရှိလား"

ရန်ဟုန်ရင်၏ မှုန်ကုပ်နေသော မျက်လုံးများနဲ့ သူ့ကို စိုက်ကြည့်ခဲ့သည်။ "မရှိဘူး"

ချန်ဇီချင်းက နံရံမှာ ချိတ်ထားတဲ့ သူ့ဘောင်းဘီကို ညွှန်ပြခဲ့သည်။ "မနက်ဖြန်သုံးဖို့ ၁၀ ယွမ်ယူလိုက်၊ သုံးလို့ကုန်သွားရင် ကိုယ့်ဆီမှာလာတောင်း"

ရန်ဟုန်ရင်က ကျေနပ်စွာဖြင့် ပါးစပ်ထောင့်ကမြှောက်တက်သွားခဲ့သည်။ "ကောင်းပါပြီ"

ချန်ဇီချင်းသည် အရက် သောက်ပြီးနောက် တစ်ခါတစ်ရံတွင် သူသည် စိတ်ကောင်းရှိပြီး သူမကို ပိုက်ဆံပေးသည်။ ရန်ဟုန်ရင်က သူမကို ၁၀ ယွမ် ဒါမှမဟုတ်ပိုက်ဆံ အနည်းငယ် ပေးတဲ့အခါတိုင်း အရမ်းပျော်နေခဲ့သည်။

ဒါပေမယ့် အခြားသူများ၏အိမ်များတွင် ငွေကြေးအာဏာသည် အခြေခံအားဖြင့် အမျိုးသမီးလက်ထဲတွင် ရှိနေသည်ကို သူမ မသိခဲ့ပေ။ ချန်ဇီချင်းက စိတ်ကောင်းရှိမှ သူမကို ဆုချမှာ။

.....

ထိုညတွင်ပင် မြို့လယ်ရှိ အခြားအိမ်တစ်အိမ်တွင် ညဘက်တွင် အစားလောဘကြီးနေသော လင်းရှောင်ယွဲ့ သည် ပုဇွန်ပြုတ်စားခဲ့သည်။

သူမသည် ပဲငံပြာရည်၊ ရှာလကာရည်နှင့် ပြောင်းဆန်ငရုတ်ကောင်းတို့ဖြင့် ရိုးရှင်းသော ဟင်းခတ်အမွှေးအကြိုင်ကို ပြုလုပ်ခဲ့သည်။ ပုဇွန်တစ်ကောင်ကို သူမလက်နဲ့ အခွံနွှာပြီး ပါးစပ်နဲ့လည်း အသံထွက်ခဲ့သည်။

"အင်း၊ ဒီပုဇွန်ကို စားရတာ စိတ်လှုပ်ရှားနေလို့မရတော့ဘူး"

သူမသည် အခွံခွာထားသော ပုဇွန်ကို ငံပြာရည်ထဲတွင် လှိမ့်ကာ ပါဝင်ပစ္စည်းများ အပြည့်ရှိသော ဇလုံတစ်ခုထဲတွင် နှစ်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။ အပေါ့အငန်၊ ချဉ်စပ်၊ အရသာက ချက်ချင်း သူမပါးစပ်ထဲ ပြည့်လျှံသွားသည်။ ပုဇွန်အသားက ဝါးလို့ကောင်းသည်။ ရိုးရိုးရှင်းရှင်းနဲ့ အရမ်းကောင်းသည်။

"အား ပျော်ရွှင်မှုပဲ"

သူမ ကျေနပ်စွာ ခြေထောက်ကို ပြင်းပြင်းဆောင့်နင်းလိုက်သည်။

ရန်ယန်သည် ကြက်ဥခေါက်ဆွဲ ပန်းကန်ကြီးကြီးတစ်လုံးနှင့် လာခဲ့ပြီး သူမ ကျေနပ်သောမျက်နှာဖြင့် စားသောက်နေသည်ကို တွေ့လိုက်ရသည်။ သူက ပြုံးပြီးပြောလိုက်သည်။ "မင်း အရမ်းစားနေတာက ဗိုက်ဆာနေတာပဲဖြစ်ရမယ်။ လာ၊ ခေါက်ဆွဲစား"

"ရှင် ခေါက်ဆွဲလည်း လုပ်ထားတယ်ပေါ့ .."

လင်းရှောင်ယွဲ့က သူ့လက်ထဲက ခေါက်ဆွဲပန်းကန်ကို လှမ်းကြည့်ခဲ့သည်။ " ပန်းကန်က အကြီးကြီးပဲ၊ ကျွန်မ မစားနိုင်ဘူး... အာသာ ပြေအောင် ပုဇွန်ပဲ စားချင်တာ၊ ဒါပေမယ့် ကျွန်မပါးစပ်က အဲ့တာကို အရသာ မခံချင်နေဘူး"

"ကိုယ် မင်းနဲ့ တူတူစားမယ်လေ"

ရန်ယန်သည် ပန်းကန်လုံးကြီးတစ်လုံးထဲ အသားနှင့်ဥများနဲ့ ချက်ပြုတ်ပြီး ညသန်းခေါင် သရေစာစားရန် ရန်ယန်က တူနှစ်စုံကို ပြင်ဆင်သည်။

"ကောင်းပြီ၊ အတူတူစားရအောင်။ ရှင်က များများစား၊ ကျွန်မက လျှော့စားမယ်" လင်းရှောင်ယွဲ့ သည် ပြုံးပြုံးရွှင်ရွှင်နဲ့ ပန်းကန်ပြားကို ကောက်ကိုင်လိုက်ပြီး မျက်နှာပြင်ပေါ်ရှိ အသားတစ်တုံးကို ယူလိုက်သည်။

"သဘက်ခါကျရင် ကိုယ် အနားယူပြီး မင်းကို ဆရာဝန်နဲ့သွားပြပေးမယ်" လို့ရန်ယန်က ပြောလိုက်သည်။

"ဘာလို့လဲ" လင်းရှောင်ယွဲ့ မေးလိုက်သည်။

"မင်း ဗိုက်အေးနေတာ။ ဆရာဝန်သွားပြရအောင်၊ ဆရာဝန်ကို လိမ်းဖို့ ဆေးနည်းနည်း ညွှန်းပေးခိုင်းရအောင်လို့ " သူက ပြန်ဖြေခဲ့သည်။

"အိုး" လင်းရှောင်ယွဲ့ ခေါင်းညိတ်လိုက်သည်။

ဒီအကြောင်းအရာကို နေ့တိုင်းငါတို့ပြောနေကြတဲ့ပုံပဲ.....

ငါမေ့သွားတယ်။

သေတာပဲ။

မကြာသေးခင်က ဘာကြောင့် တစ်ချို့ဟာတွေကို လွယ်လွယ်နဲ့ မေ့သွားရတာလဲ။

နေ့ခင်းတုန်းက.....ငါ တစ်ခုခုကို မေ့နေပုံရတယ်

ဘယ်အချိန်ကစတယ်ဆိုတာ သူမ မသိပေမယ့် လင်းရှောင်ယွဲ့ရဲ့အရသာက တဖြည်းဖြည်း လေးလံလာသည်။ သူမသည် ချဉ်ချဉ်စပ်စပ် အစားအစာများကို လွမ်းဆွတ်လာသည်။

အနည်းဆုံးတော့ အခု အစားအသောက်အတွက် စိတ်မပူတော့ဘူး။ ရန်ယန်က သူမအတွက် ဝယ်ပေးနိုင်လို့ ဘာစားချင်လဲဆိုတာ ပြောလို့ရသည်။

လင်းရှောင်ယွဲ့သည် သူမ၏ အရသာများ ရုတ်တရက် ပြောင်းလဲသွားပြီဖြစ်ကြောင်း တွေးမိပြီး သူမ၏ ခန္ဓာကိုယ်တွင် ဘာမျှ အမှားအယွင်းမရှိခဲ့ပေ။

ထို့ကြောင့် ရန်ယန်သည် သူ့အားလပ်ရက်တွင် တရုတ်တိုင်းရင်းဆေးဆရာကြီးတစ်ဦးဆီ ခေါ်သွားခဲ့သည်။ သူမရဲ့ သွေးခုန်နှုန်းကို ခံစားလိုက်ရတာနဲ့ ကိုယ်ဝန်ရှိနေပြီလို့ ကောက်ချက်ချခဲ့သည်။

လင်းရှောင်ယွဲ့နှင့် ရန်ယန်တို့ ထိုအချိန်တွင် စိတ်ရှုပ်ထွေးနေခဲ့သည်။

ဒါပေမယ့် သူတို့ တုံ့ပြန်ပြီးနောက်မှာတော့ သူတို့နှစ်ယောက်လုံး အံ့အားသင့်စရာ ကြီးကြီးမားမားတွေ ဖုံးလွှမ်းသွားပြီး ရန်ယန်ကတော့ ရိုးရှင်းစွာနဲ့ အလွန်ကို ပျော်ရွှင်နေခဲ့သည်။ သူက သူမရဲ့ပခုံးတွေကိုဆုပ်ကိုင်းပြီး လှုပ်ယမ်းခဲ့သည်။ သူ့ လက်ဖဝါးများသည် စိတ်လှုပ်ရှားစွာဖြင့် တုန်ရီနေလေသည်။

အနည်းငယ် ငြိမ်သက်သွားပြီးနောက် ရန်ယန်က တရုတ်ဆရာဝန်ကြီးကို စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ "သေချာလား။ သူ့မှာ ကိုယ်ဝန်ရှိတာ သေချာရဲ့လား။ ခင်များ ကျိန်ရဲလား"

ရုတ်တရက်ကြီး အံ့အားသင့်စရာ ရောက်လာတာကြောင့် ရန်ယန်သည် နှစ်ကြိမ် ပြန်စစ်ဆေးရသည်။

လင်းရှောင်ယွဲ့သည် သူ၏ ကြောက်ရွံ့နေတဲ့ အကြည့်ကြောင့် ရယ်မောခဲ့သည်။ "ဆရာဝန်ကို ကျိန်ဆိုဖို့ အတင်းအကြပ် မလုပ်ပါနဲ့၊ မယုံရင် ဆေးရုံကို သွားကြည့်ရအောင်"

ရန်ယန် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်"

သူတို့နဲ့ မျက်နှာချင်းဆိုင်က တရုတ်တိုင်းရင်းဆေးဆရာက ရန်ယန်ရဲ့ စိတ်ကိုလည်း နားလည်တဲ့အတွက် ဆရာဝန်က သူ့ကို အပြစ်မတင်ဘဲပြောလိုက်သည်။ " သွေးခုန်နှုန်းက အမှန်ပါပဲ၊ ဒါပေမယ့် ချီ ချို့ယွင်းချက်နဲ့ သွေးဆုံးရှုံးမှုအတွက်

ခန္ဓာကိုယ်ကို ဖြည့်စွက်ဖို့ တရုတ်တိုင်းရင်းဆေးအချို့ကို ညွှန်းပေးလိုက်ရင် အဆင်ပြေသွားပါပြီ။ "

ရန်ယန် ခေါင်းညိတ်ပြလိုက်ပြန်သည်။ "ကောင်းပါပြီ၊ ဒါဆို ဆေးပေး။ အကောင်းဆုံးဆေးကို ညွှန်းပေးပါ ပိုက်ဆံက ကိစ္စမရှိဘူး"

တရုတ်ဆေးဆရာသည် အမျိုးသမီး ဂျင်ဆင်းနှင့် မြည်းပုန်းဂျယ်လတင်ကဲ့သို့သော ကောင်းသောဆေးများကို ညွှန်းပေးခဲ့သည်။ တရုတ်တိုင်းရင်းဆေးလက်မှတ် စုစုပေါင်း ၆ စောင်ကို ညွှန်ကြားထားပြီး ဆရာဝန်က သူတို့ကို အိမ်ပြန်သွားပြီး အရင်သောက်ခိုင်းခဲ့သည်။

စျေးကြီးတာတော့ အမှန်ပဲ၊ ဒါပေမယ့် ဒီကောင်းမှုရဲ့ရှေ့မှာ ပိုက်ဆံက အရေးမကြီးဘူး။

ဤနေရာ၌ ဆေးများကို ယူပြီးနောက် ရန်ယန်သည် လင်းရှောင်ယွဲ့ကို ချက်ချင်း သွေးစစ်ရန် ဆေးရုံ ခေါ်ဆောင်သွားပြီး သူမမှာ ကိုယ်ဝန်ရှိကြောင်း အနောက်တိုင်းဆေးပညာက အတည်ပြုခဲ့သည်။ သူမ ကိုယ်ဝန်မှာ တစ်လခွဲခန့်ရှိပြီဖြစ်ပြီး ကိုယ်ဝန်အစောပိုင်းအဆင့်တွင် ရှိနေသေးသည်။

ဆရာဝန်က ဖောလစ်အက်ဆစ်နဲ့ ဗီတာမင်တချို့ကို အိမ်ပြန်ယူသွားဖို့ ညွှန်ကြားထားသည်။

လက်ထဲမှာ တရုတ်ဆေးနဲ့ အနောက်တိုင်းဆေးတွေနဲ့ လင်မယား နှစ်ယောက်လုံး စိတ်အခြေအနေ ကောင်းနေခဲ့ကြသည်။

ရန်ယန်သည် လင်းရှောင်ယွဲ့ကို ရတနာတစ်ခုလို ဆုပ်ကိုင်ထားပြီး သူ့မျက်လုံးများက ရေအဖြစ်သို့ ပြောင်းလဲသွားတော့မည်ဖြစ်သည်။ တကယ်တော့ သူက သူမရဲ့လက်ဖဝါးကို သေသေချာချာ ဆုပ်ကိုင်ထားတာ။

လင်းရှောင်ယွဲ့ သည် ကိုယ်ဝန်အတွက် အဆင်သင့်ဖြစ်နေသည်မှာ ကြာပြီဖြစ်သောကြောင့် သူမသည် ဘဝသစ်ကို ကြိုဆိုရသည့်အတွက် အမှန်တကယ်ပင် ပျော်ရွှင်နေသည်။

လင်းရှောင်ယွဲ့က မော့ကြည့်ပြီး ရန်ယန်ကို ပြောလိုက်သည်။ "အမေ့ဆီ ဖုန်းဆက်ပြီး သတင်းပြောပြရအောင်လေ "

ရန်ယန်က သူမပြောတာကို လိုက်နာခဲ့သည်။ "ကောင်းပြီ!"

ထို့နောက် သူတို့နှစ်ဦးသည် သူတို့၏အိမ်အနီးရှိ အများသူငှာ ဖုန်းဆိုင်သို့သွားကာ ရှန့်ရန်ရပ်ကွက်ဆီ ဖုန်းခေါ်ခဲ့သည်။

ယခုအချိန်တွင် ဝမ်ရှို့ယင်သည် နယ်ပယ်တွင် အလုပ်လုပ်နေသင့်ဆဲဖြစ်သည်။ ဖုန်းချိတ်ဆက်ပြီးနောက် ရှန့်ရန် ကွန်မြူနတီမှ ဖုန်းကိုဖြေဆိုသောဝန်ထမ်းမှ အချိန်သတ်မှတ်ပြီး ဝမ်ရှို့ယင် ဖုန်းလက်ခံနိုင်ရန် သတ်မှတ်ထားသောအချိန်အတွင်း ဖုန်းခေါ်ဆိုရန် တောင်းဆိုခဲ့သည်။

ဒီလိုနဲ့ ညနေ ၆ နာရီမှာ လင်းရှောင်ယွဲ့နဲ့ ဝမ်ရှို့ယင်တို့ ဖုန်းပြောခဲ့ကြသည်။

သူမမှာ ကိုယ်ဝန်ရှိတယ်ဆိုတဲ့ သတင်းကောင်းကို ဝမ်ရှို့ယင်ကို ပြောပြချင်ပေမယ့် ဖုန်းကိုင်ပြီးတာနဲ့ လင်းရှောင်ယွဲ့က ဝမ်ရှို့ယင်ဆီက အရမ်းအရေးကြီးတဲ့ အရာတစ်ခုကို ကြားလိုက်ရသည်။

ဝမ်ရှို့ယင် အလွန်စိုးရိမ်နေလေသည်။

"ရှောင်ယွဲ့ ၊ သမီး နဲ့ ရှောင်ယန် မြို့မှာ ဘာအလုပ် လုပ်နေတာလဲ၊ သမီး အဲဒီပင်လယ်စာစက်ရုံမှာ တကယ်အလုပ်လုပ်နေတာလား။ သမီးတို့နှစ်ယောက် ပင်လယ်စာစက်ရုံမှာ အလုပ်မလုပ်ဘူးဆိုတဲ့ သတင်းက ဘာလို့ မြို့ကထွက်လာရတာလဲ။ သမီးတို့နှစ်ယောက်က လိမ်နေကြတာလား..."

လင်းရှောင်ယွဲ့ - "?"

ဘာဖြစ်တာလဲ လို့လည်း မေးချင်ခဲ့သည်။

"အမေ စိတ်အေးအေးထားပြီး ဖြည်းဖြည်းပြော"

လင်းရှောင်ယွဲ့ ခေါင်းညိတ်ပြီးပြောလိုက်သည်။ "ဒီသတင်းက ဘယ်ကလာတာလဲ၊ ဘယ်သူပြောတာလဲ၊ ရွာလူကြီးက ယုံသွားလား၊ သူတို့ကိုပြဖို့ ကျွန်မတို့အလုပ်စာချုပ်တွေ ယူလာခဲ့တာ မဟုတ်ဘူးလား"

"ဟုတ်တယ် သမီးရဲ့အလုပ်စာချုပ်တွေကိုလည်း ငါတွေ့ဖူးပါတယ်။ ဒါပေမယ့် တစ်စုံတစ်ယောက်က အဲဒါက အတုလို့ပြောတယ်..."

ဝမ်ရှို့ယင်က စိုးရိမ်တကြီးနဲ့ပြောခဲ့သည်။ "ပထမမိသားစုက တစ်စုံတစ်ယောက် ဖြစ်နိုင်တယ်လို့ ထင်လား။ ပထမမိသားစုကပဲ မြို့မှာ အလုပ်လုပ်တဲ့လူတွေရှိတာ... မဟုတ်ဘူး၊ သမီးတို့နှစ်ယောက် လိမ်နေတာ မဟုတ်ဘူးမလား။ ပင်လယ်စာစက်ရုံမှာ တကယ်အလုပ်လုပ်နေတာလား"

လင်းရှောင်ယွဲ့ - "ရန်ဟုန်ရင်လား "

အိမ်ကိုသာ ဖုန်းမခေါ်ခဲ့ရင် လင်းရှောင်ယွဲ့ က သူမနဲ့ ရန်ယန် လူလိမ်ဖြစ်သွားမှန်း တကယ်သိရမှာ မဟုတ်ဘူး။

All Chapters