အခန်း (၁၂၈)
Vol. 11 Ch. 128
ရန်ဟုန်ရင်က အဖွားရန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ "အဖွား လှည့်စားခံရမှာကို ကျွန်မကြောက်တယ်။ ကျွန်မ အဖွားကို ကြင်နာစွာနဲ့ သတိပေးနေတာ၊ အဖွားက ဘာဖြစ်နေတာလဲ။ အဖွားရဲ့ မြေးမလေး ပြောတာထက် ဒီစျေးပေါတဲ့ ခွေးမရဲ့ စကားကို နားထောင်ရတာ ပိုကြိုက်နေတာလား"
"နင် ပါးစပ်ပိတ်ထားစမ်း"
အဖွား ရန်က စိတ်ဆိုးလွန်းလို့ ရန်ဟုန်ရင် ကိ အော်လိုက်သည်။ " ရှောင်ယွဲ့က နင့်အစ်ကို ရန်ယန်ရဲ့ မိန်းမမို့လို့ နင့်ယောက်မလို့ ခေါ်ခိုင်းတာကို နင်က ဘာတွေအော်နေတာလဲ။ ငါအိမ်ပြန်ရောက်ရင် ငါနင့်ကိုပြောမယ်။ နင် လုပ်ခဲ့တဲ့ မကောင်းတာတွေ အားလုံးကို နင့်အမေကို ပြောပြမယ်။ ဆန်ကုန်မြေလေးရဲ။ နင့်အမေ ရောက်လာပြီး နင့်ကိုသင်ခန်းစာလာပေးလိမ့်မယ်"
"အဖွား"
ရန်ဟုန်ရင်က ဒေါသတကြီးအော်ပြီး လင်းရှောင်ယွဲ့ကို လက်ညှိုးထိုးခဲ့သည်။ "သူမက လူလိမ်။ သူက အယောင်ဆောင်နေတာ။ သူ လုံးဝ အလုပ်မလုပ်ဘူး၊ သူနဲ့ ရန်ယန်က ထင်ကြေးပေးတဲ့ လုပ်ငန်းမျိုးတွေမှာ ငွေရှာပြီး မြို့မှာ နေ နေကြတာ။ ဘာကြောင့်လဲ၊ ကျွန်မပြောတာကို အဖွား နားမထောင်ဘူးလား"
ငြင်းခုံသံက ပိုကျယ်လာပြီး ငါးရှဉ့်ကြီးကို ကောက်ကိုင်လာတဲ့ ကျိုးကျန့်ဝေက ကြားသွားခဲ့သည်။
ကျိုးကျန့်ဝေသည် ရန်ယန်နှင့် လျှို့ဝှက်စွာ စီးပွားရေးလုပ်ကိုင်နေသူဖြစ်ပြီး ရန်ယန်သည် ထင်ကြေးပေးနေတာဟု တစ်စုံတစ်ဦးဆီမှ ကြွေးကြော်သံကို ရုတ်တရက်ကြားလိုက်ရသည်။ သူ့မျက်ခုံးတွေ ရှုံ့တွသွားပြီး နှလုံးက ရုတ်တရက် လည်ချောင်းဆီ တက်လာခဲ့သည်။
ပြေးပြီးနောက် ကျိုးကျန့်ဝေသည် သူ့စက်ရုံရှိ အလုပ်သမား အမျိုးသမီး အော်ဟစ်နေသည်ကို တွေ့လိုက်ရသည်။ သူ့စိတ်ထဲတွင် စိုးရိမ်သောကများ ကျဆင်းသွားသော်လည်း တစ်ချိန်တည်းမှာပင် မီးကလည်းတောက်လောင်လာသည်။
"မင်းက ဘယ်သူလဲ။ ဘာလို့ဒီမှာအော်နေတာလဲ။ မင်း အလုပ်ချိန်အတွင်းမှာ အလုပ်မလုပ်ဘူးလား" ကျိုးကျန့်ဝေက ရန်ဟုန်ရင်ကို ချက်ချင်း ဆူပူကြိမ်းမောင်းလိုက်သည်။
ရန်ဟုန်ရင်သည် ခေါင်းဆောင်အဆင့်ကို ကြည့်ပြီး ယခုအချိန်မှာတော့ မာနမထောင်လွှားရဲတော့ပေ။ သူမ ချက်ချင်း နာခံစွာနဲ့ ခေါင်းညိတ်လိုက်သည်။
"တောင်းပန်ပါတယ် ကျွန်မချက်ချင်း အလုပ်ပြန်သွားလုပ်လိုက်ပါ့မယ်" လို့ နာခံစွာပြောခဲ့သည်။
"နင်။ ခဏလေး " လင်းရှောင်ယွဲ့ က သူမကို လှမ်းအော်လိုက်သည်။
ရန်ဟုန်ရင်သည် လင်းရှောင်ယွဲ့ ၏ စကားကို နားမထောင်ဘဲ ရပ်တန့်ရန် ရည်ရွယ်ချက်မရှိကာ ပြေးရင်း ပြေးရင်း ခေါင်းကို မြှုပ်ထားခဲ့သည်။
ရလဒ်အနေနဲ့ ကျိုးကျန့်ဝေက သူမကိုထပ်ပြီးခေါ်လိုက်သည်။ "ခဏလေးလို့ မင်းကို ပြောနေတယ်လေ။ ဒီကိုပြန်လာ "
ကျိုးကျန့်ဝေ၏ အမိန့်ကိုကြားသောအခါ ရန်ဟုန်ရင် ရပ်တန့်သွားသည်။ သူမသည် ကျိုးကျန့်ဝေဆီ တိတ်တဆိတ် ပြေးလာပြီး ခေါင်းငုံ့ကာ သူမ အမှားကို ဝန်ခံခဲ့သည်။ " ရဲဘော်ခေါင်းဆောင်၊ ရုတ်တရတ်ရောက်လာတဲ့သူတွေက ကျွန်မမိသားစုပါ။ ဒါကြောင့် ကျွန်မ သူတို့ကိုထွက်လာတွေ့တာပါ"
"မင်းဘာပြောလိုက်တာလဲ"
ကျိုးကျန့်ဝေရဲ့ ဓားလိုမျက်ခုံးတွေကကြုတ်သွားခဲ့သည်။ "ရန်ယန်က ထင်ကြေးပေးတယ်လို့ ပြောလိုက်တာလား။ မင်း သက်သေတွေ ဘယ်ကရလာလို့လဲ၊ မင်း လျှောက်ပြောနေတာလား။ ရန်ယန်က ငါ့ညီအစ်ကိုကောင်းတစ်ယောက် ဆိုတာ မင်းသိလား ဟမ်"
နောက်ဆုံး 'ဟမ်' ဆိုပြီး ပြောလိုက်သောအခါ ကျိုးကျန့်ဝေသည် ရန်ဟုန်ရင်၏ ပခုံးကို တွန်းလိုက်ရာ ရန်ဟုန်ရင် သည် ကျိုးကျန့်ဝေ၏ စကားကြောင့် တိုက်ရိုက် အေးခဲသွားသည်။
သူမ မော့ကြည့်လိုက်တော့ သူမ မျက်လုံးတွေက ရှုပ်ထွေးမှုတွေ ပြည့်နှက်နေသည်...
သူ ဘာပြောလိုက်တာလဲ။
ရန်ယန်က သူ့ရဲ့ညီအစ်ကိုကောင်းတဲ့လား။ သူမ သိထားတဲ့ ရန်ယန်လား။ လင်းရှောင်ယွဲ့ရဲ့ ယောကျ်ားလား။
ရန်ဟုန်ရင်သည် ဤအချက်ကို မယုံကြည် နိုင်လောက်အောင်ပင်...
"ဟုတ်တယ်! ရန်ယန်က အရမ်းအောင်မြင်နေပြီ၊ သူက အခု စက်ရုံရဲ့ အတွင်းရေးမှုးဖြစ်နေပြီ။ သူ့အကြောင်း ယုတ္တိမရှိလျှောက် ပြောနေတုန်းပဲ၊ ဒီမိန်းကလေးရဲ့ ခေါင်းက ဘယ်လိုကြီးထွားလာတယ်ဆိုတာ ငါတကယ်ကိုမသိတော့ဘူး" အဖွားရန်ကလည်း ရန်ဟုန်ရင်ကိုအကြောင်းအရာတွေ အများကြီးပြောခဲ့သည်။
ရန်ဟုန်ရင် စိတ်ရှုပ်သွားသည်...
ရန်ယန်က စက်ရုံရဲ့ အတွင်းရေးမှူးတဲ့လား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
သူမ ယောက္ခထီးက စက်ရုံကဝါရင့်တဲ့သူ အဆင့်ပဲ ရှိသည်။ သူ စက်ရုံဝန်ထမ်းတွေကို စစ်ဆေးထားသည်။ စာရင်းတွင် လင်းရှောင်ယွဲ့ နှင့် ရန်ယန်မရှိပေ။
ရန်ဟုန်ရင်က ဘာဖြစ်သွားမှန်း မသိတော့ပေ။
ဤအချိန်တွင် စကားများများစားစား မပြောတတ်သော လင်းရှောင်ယွဲ့သည် နောက်ဆုံးတွင် ပြုံးကာ နှုတ်ခမ်းကိုဖွင့်ကာ ပြောလိုက်သည်။ “နင်က ရွာကို ကောလာဟလတွေ ပြန်ပို့ဖို့ပဲ သိတာ။ ဒါမှ ငါနဲ့ ရန်ယန် လို့ တစ်ရွာလုံးက လိမ်နေတာလို့ ထင်ကြလိမ့်မယ်။ ရန်ယန်နဲ့ ငါက ငွေရှာဖို့ စျေးကစားနေတယ်ဆိုပြီး ရွာသားတွေ အခုချိန်မှာ ခံစားနေရမှာပဲ။ နင့်ရဲ့အစွမ်းအစနဲ့ ငါ ရန်ယန်နဲ့ ဘယ်မှာအလုပ်လုပ်နေတယ်ဆိုတာတောင် နင်မသိနိုင်ဘဲနဲ့ ရွာကိုပြန်သွားပြီး ကောလဟာလတွေကို ဘယ်လိုလုပ်ဖြန့်ရဲရတာလဲ"
"မှန်တယ်"
အဖွားရန်က ခေါင်းညိတ်ခဲ့သည်။ သူမသည် လင်းရှောင်ယွဲ့၏ ဘက်တွင် လုံးဝရှိနေသည်။ " ရှောင်ယွဲ့နဲ့ ရန်ယန်က နံဘေးက ပင်လယ်စာ ပြုပြင်ရေး စက်ရုံမှာ အလုပ် လုပ်နေတာ။ သူတို့ နှစ်ယောက်လုံးက အတွင်းရေးမှူး နဲ့ အတွင်းရေးမှူးရဲ့ လက်ထောက်တွေ၊ သူတို့ နှစ်ယောက်စလုံးက စီမံခန့်ခွဲရေးဌာနမှာ လုပ်နေကြတာ၊ နင် တစ်ခါမှ မမြင်ဖူးဘူး။ ကမ္ဘာကိုတောင် မမြင်ဖူးဘူးဘဲနဲ့ သူတို့ အကြောင်း ယုတ္တိမရှိလျှောက် မပြောနဲ့! ကလေးတွေကဉာဏ်မမီဘူး။ အလုပ်ပြန်သွားလုပ်တော့၊ နောင်မှာ နင့်လျှာကို မဝါးမိစေနဲ့"
ရန်ဟုန်ရင်သည် ရန်ယန်နှင့် လင်းရှောင်ယွဲ့တို့ဟာ ဘေးနားရှိ ပင်လယ်စာ ပြုပြင်ရေး စက်ရုံတွင် အလုပ်လုပ်နေကြောင်းနှင့် ရန်ယန်နှင့် သူမတို့၏ စက်ရုံ အမှုဆောင်သည် ညီအကိုများ ဖြစ်ကြသည်ကို ယခု သိလိုက်ရသဖြင့် သူမ ချက်ချင်း မျက်နှာဖြူဖျော့သွားခဲ့သည်။
ကံကောင်းစွာနဲ့ပဲ အဖွားရန်က သူမကို အလုပ်ပြန်လုပ်ဖို့ ပြောခဲ့ပြီး ရန်ဟုန်ရင်ကလည်း သူ့အတွက် အဖွား ရန် ချပေးထားတဲ့ လှေကားနဲ့ အမြန်ဆင်းခဲ့သည်။ သူမ ခေါင်းငုံ့ကာ တောင်းပန်လိုက်သည်။ "တောင်းပန်ပါတယ် ကျွန်မ အလုပ်ပြန်သွားလုပ်လိုက်ပါ့မယ်"
ရန်ဟုန်ရင်သည် ယခုအချိန်တွင် အခင်းဖြစ်ပွားရာမှ လွတ်မြောက်ရန် မစောင့်နိုင်တော့ပေ။
သူမ နောက်ထပ်တစ်စက္ကန့်လောက် နေမယ်ဆိုရင် သူမ သူတို့အားလုံးရဲ့ ဆူပူကြိမ်းမောင်းခြင်းကို ခံရမှာဖြစ်ပြီး ရဲဘော်ခေါင်းဆောင်ကတောင် သူမကို အပြစ်ပေးမယ်ဆိုတာ သူမ သိသည်။
ရန်ဟုန်ရင်သည် ဤကြောက်စရာကောင်းသော မြင်ကွင်းကို မရင်ဆိုင်နိုင်ခဲ့သောကြောင့် သူမအလျင်အမြန် ထွက်ပြေးခဲ့ရသည်။
လင်းရှောင်ယွဲ့ လည်း သူမကို ဒီတခေါက် မခေါ်တော့ဘဲ လွှတ်ပေးခဲ့သည်။
ဘာပဲဖြစ်ဖြစ်၊ အခြေအနေတွေ ပေါ်လွင်လာပြီ၊ သူမက လူတွေကို တကယ်ပဲ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တယ်၊ ဒီအကြောင်းပြချက်တစ်ခုတည်းကြောင့် လင်းရှောင်ယွဲ့က ကျိုးကျန့်ဝေကို သူမနဲ့ တိုက်ရိုက်ဆက်ဆံဖို့ ကျိုးကျန့်ဝေကို တောင်းဆိုနိုင်သည်။
ဒါပေမယ့် လင်းရှောင်ယွဲ့သည် လူကြီးနှစ်ဦးရှေ့တွင် သူမနှင့်ဆက်ဆံရန် အဆင်မပြေခဲ့ပေ။ နောက်ဆုံးတော့ သူတို့က ရန် မိသားစုဝင်တွေပဲ။
လူကြီးနှစ်ယောက်ကို လွှတ်လိုက်ပြီးနောက် လင်းရှောင်ယွဲ့သည် ကျိုးကျန့်ဝေကို ရန်ဟုန်ရင်နှင့် တိုက်ရိုက်ဆက်ဆံရန် တောင်းဆိုခဲ့ပြီး အဲ့တာက သန့်ရှင်းသပ်ရပ်စွာနဲ့ ရိုးရှင်းလွယ်ကူစေခဲ့သည်။
ကျိုးကျန့်ဝေက ရန်ဟုန်ရင်က မိုက်မဲကြောင်း လင်းရှောင်ယွဲ့ ကိုပြောပြီး လင်းရှောင်ယွဲ့ကို သူ့လက်ထဲက ငါးရှဉ့်ကို ပေးလိုက်သည်။
လင်းရှောင်ယွဲ့ သည် သူ့ဆီမှ ပင်လယ်စာများစွာကို ဝယ်ယူခဲ့ပြီး ငွေများစွာသုံးစွဲခဲ့သည်။
လူကြီး နှစ်ယောက်က လင်းရှောင်ယွဲ့ ပေးလိုက်ရတဲ့ ပိုက်ဆံကို မြင်တဲ့အခါ သူတို့နှစ်ယောက်လုံး အသည်းကွဲပြီး ရှားရှားပါးပါး ပင်လယ်စာစားရတာကို ဝမ်းသာသွားကြသည်။
လင်းရှောင်ယွဲ့သည် ထွက်ခွာရန် အဆင်သင့်မဖြစ်မီတွင် လူကြီးနှစ်ဦးက ဦးစွာထွက်ခွာသွားခဲ့ပြီး သူမသည် ပင်လယ်စာများကို အိမ်သို့ပို့ဆောင်ရန် အလုပ်သမားများအား အမိန့်ပေးသည့် ကျိုးကျန့်ဝေနှင့် ထပ်မံစကားပြောဆိုခဲ့သည်။
လင်းရှောင်ယွဲ့ကလည်း ကျိုးကျန့်ဝေကို တိုက်ရိုက်ပြောလိုက်သည်။ "ဒီအမျိုးသမီးက ကျွန်မခင်ပွန်းကို အနိုင်ကျင့်နေတာ နှစ်ပေါင်းများစွာ ကြာပြီ။ သူ့ဘဝကို အရမ်းခက်ခဲအောင်လုပ်ဖို့ ရှင့်မှာနည်းလမ်းရှိတယ်ဆိုတာ ကျွန်မသိတယ် ဟုတ်တယ်မလား"
ကျိုးကျန့်ဝေ ထွက်သွားပေမယ့် သူအံ့သြသွားသည်။ "ရန်ယန်ရဲ့စိတ်နဲ့ကို သူကအနိုင်ကျင့်ခံရသေးတာလား ဟမ်။ အခု ဒီဆန်ကုန်မြေလေးမက အနိုင်ကျင့်ခဲ့တာလား"
" ဟုတ်တယ်"
သူက ကြင်နာတတ်သူဖြစ်ပြီး အရင် မည်သူမဆို လူတိုင်း၏ အနိုင်ကျင့်တာကိုခံရနိုင်သည်။
လင်းရှောင်ယွဲ့က ကျိုးကျန့်ဝေ ကို တစ်ချက်ကြည့်လိုက်သည်။ "ကျွန်မဆိုလိုတာက အနာဂတ်မှာ သူမဆီမှာ ဆိုးရွားတဲ့ အချိန်တွေရှိရမယ်လို့ပြောချင်တာ "
ကျိုးကျန့်ဝေသည် မူလက လင်းရှောင်ယွဲ့၏ ရှင်းလင်းချက်ကို ကြားချင်သော်လည်း လင်းရှောင်ယွဲ့ က သူ့အား တိုက်ရိုက်အမိန့်ပေးလာမည်ဟု မမျှော်လင့်ထားပေ။
ကျိုးကျန့်ဝေက သူ့နောက်ကျောပေါ်က အမွှေးအမျှင်တွေကို ခံစားလိုက်ရပြီး အလျင်အမြန်ပဲ သဘောတူခဲ့သည်။ "ဟုတ်ပြီ၊အဲ့တာက သေချာပေါက် ဆိုးရွားတဲ့အချိန်ဖြစ်လာမှာ"
ဆက်သွယ်ရေးက ချောမွေ့ခဲ့သည်။
လင်းရှောင်ယွဲ့က ပြုံးပြီး သူ့ပုခုံးကို ပုတ်လိုက်သည်။ "ကျေးဇူးပဲ"
သူမ ထွက်သွားခဲ့သည်။
သူမထွက်သွားတာကိုကြည့်ရင်း ကျိုးကျန့်ဝေက ဖြည်းညှင်းစွာ ခေါင်းညိတ်ခဲ့သည်...
သူမသည် ရန်ယန်၏ အမျိုးသမီးဖြစ်ရန် အမှန်တကယ်ကို ထိုက်တန်သည်။ သူမ ရက်စက်သောအခါ သူမ၏ အသွင်အပြင်က ရန်ယန်နှင့် အလွန်ဆင်တူသည်။
ဒါပေမယ့် ရန်ယန်ကို ရက်စက်ကြမ်းကြုတ်သူအဖြစ် မတွေ့ရတာ ကြာလှပြီလို့ထင်မိသည်။
သူဘယ်အချိန်ကမှန်းမသိပေမယ့် ရန်ယန်က မတူကွဲပြားတဲ့ လူတစ်ယောက်လို နူးညံ့သိမ်မွေ့သွားတယ်လို့ ခံစားရသည်။
ကျိုးကျန့်ဝေ ပခုံးတွန့်လိုက်သည်.....ဘယ်လိုငရဲလဲ!
ညနေခင်းတွင် ဝမ်ရှို့ယင်သည် ပင်လယ်စာ အစုံအလင် ချက်ပြုတ်ခဲ့သည်။ သူမသည် ယနေ့မွန်းလွဲပိုင်းတွင် ကြက်စွပ်ပြုတ်ကို ပြုတ်ပြီး ရာသီအလိုက် အသီးအရွက်များကို မွှေကြော်ထားသော ဟင်းရွက်နှစ်ပွဲဖြင့် မိသားစုက အလွန်နှစ်သက်ဖွယ်ကောင်းသော အစားအစာကို စားခဲ့သည်။
လင်းရှောင်ယွဲ့ သည် ကိုယ်ဝန် ဆောင်ပြီးနောက် အစပ်အစာစားခြင်းကို နှစ်သက်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးသည် ချဉ်သောအစားအစာများကို ကြိုက်နှစ်သက်ပါက မိန်းကလေးဖြစ်မည်ဟု ဆိုထားသည်။ ဒီတစ်ခါမှာတော့ သားတစ်ယောက်ရနိုင်မယ်လို့ လူကြီးတွေက ခန့်မှန်းခဲ့ကြသည်။
ဤခေတ်တွင် ကျေးလက်သည် အလွန်ရှေးဆန်သောကြောင့် လင်းရှောင်ယွဲ့သည် သားတစ်ယောက် ကိုယ်ဝန်လွယ်ထားလျှင် လူကြီးများက အလွန်ပျော်ရွှင်ကြလိမ့်မည်။
ရန်ယန်လည်း ပျော်ရွှင်လိမ့်မည်။