← Chapters

ဇာတ်သိမ်းပိုင်း

Vol. 11 Ch. 130

ဇာတ်သိမ်းပိုင်း

Vol. 11 Ch. 130

သူမနေရာမှာ ကိုယ့်ကိုကိုယ် ထည့်ကြည့်ရင်တောင် လင်းရှောင်ယွဲ့က ဒီအလုပ်အတွက် သူမ လုပ်မှာမဟုတ်ဘူးလို့ တွေးခဲ့သည်။ သူမ၏ ပင်ကိုယ်စရိုက် ပျောက်ကွယ်သွားလိမ့်မည်။

ဒါပေမယ့် ဤခေတ်သည် အမျိုးသမီးများအတွက် ပို ဆိုးတာ ဖြစ်ကောင်းဖြစ်နိုင်သည်။

အထူးသဖြင့် ချန်ဇီချင်း၏ မိသားစုသည် ရောဂါဝေဒနာဖြစ်နေပြီဖြစ်သည်။

လင်းရှောင်ယွဲ့ သည် ချန်ဇီချင်း၏ ဖျားနာမှုအကြောင်းကို ပထမဆုံးကြားသိသောအခါ၊ သူမ ရန်ဟုန်ရင်ကို ကိုယ်ချင်းစာမိသည်။

အခုတော့ မိသားစုက အလုပ်တစ်ခုကြောင့် ရန်ဟုန်ရင်ကို သူတို့နှစ်ယောက်အား ခခယယတောင်းပန်ခိုင်းလိုက်ပုံရသည်။

"မထဘူးလား" လို့ရန်ယန်က အမိန့်ပေးသံနဲ့ ပြောလိုက်သည်။

ဘာကြောင့်မှန်းမသိပေမယ့် သူ့စကားတွေက အရမ်းအသုံးဝင်သည်။

သူပြောပြီးသည်နှင့် ရန်ဟုန်ရင် ထလာခဲ့သည်။

လင်းရှောင်ယွဲ့သည် ရန်ယန်ကို တစ်ချက်ကြည့်လိုက်ပြီး မထိန်းနိုင်ဘဲ သူမစိတ်ထဲတွင် တွေးတောနေမိသည် - သူ့မှာ ဘုန်းတန်ခိုး ပိုရှိတာလား။

ရန်ဟုန်ရင်က နှာခေါင်းကို ဆက်လက်ရှုံ့နေပြီး သူမမျက်နှာတွင် မျက်ရည်များနှင့် နှပ်ချေးများဖုံးသည်အထိ ငိုနေခဲ့သည်။ "ငါ့ကို အလုပ်လုပ်ဖို့အခွင့်အရေး ပေးပါ... နင်တို့ကို ဘယ်တော့မှ စိတ်အနှောင့်အယှက် မဖြစ်စေရတော့ပါဘူး။ ငါ နင့်ကို ထပ်ပြီး စိတ်အနှောင့်အယှက် ဖြစ်အောင်လုပ်ခဲ့ရင် ငါက ဝက်နဲ့ ခွေးပဲ၊ ငါက ဝက်နဲ့ ခွေးထက် ပိုဆိုးတယ်"

သူမရဲ့ အမှားကို ဝန်ခံတဲ့ သဘောထားက လုံလောက်ပါသည်။ လင်းရှောင်ယွဲ့ နဲ့ ရန်ယန်က အဲဒါကိုကြည့်ပြီး အဆင်ပြေတယ်လို့ ထင်မိသည်။

လင်းရှောင်ယွဲ့ သည် ရန်ယန်ကို တံတောင်ဖြင့်ထိုးလိုက်ပြီး ရန်ယန်ကို ကိုင်တွယ်ဖြေရှင်းရန် ခွင့်ပြုလိုက်သည်။

ရန်ယန်သည် သူမ၏ အဓိပ္ပါယ်ကို နားလည်ပြီးနောက် နှုတ်ခမ်းကိုဖွင့်ကာပြောခဲ့သည်။ "ညနေ ၁နာရီခွဲကျရင် ငါ့ရုံးခန်းမှာ ငါ့ကို လာရှာ"

" ဟုတ်... ဟုတ် ကျေးဇူးတင်ပါတယ်....."

ရန်ဟုန်ရင်က သူ့အား လေးလေးနက်နက် ဦးညွှတ်ခဲ့သည်။ သူတို့နှစ်ယောက် သူမဆီက ဖြတ်သွားခဲ့ကြသော်လည်း သူမက ဦးညွှတ်နေသေးသည်။ သူမ၏ သဘောထားက အလွန်နှိမ့်ချသည်ဟု ဖော်ပြနိုင်သည်။

ရန်ယန်နှင့် လင်းရှောင်ယွဲ့တို့သည် နောက်သို့လှည့်မကြည့်ဘဲ ကျောချင်းကပ်လျက် ထွက်သွားကြသည်။

ဒါပေမယ့် သူတို့ အဝေးကို လျှောက်သွားရင်း လင်းရှောင်ယွဲ့လည်း ရန်ယန်ကိုမေးလိုက်သည်။ "ရှင် သူ့ကို ဘာလုပ်ပေးမှာလဲ၊ ဘာလို့ နေ့လည်ထိ စောင့်နေရတာလဲ၊ ချက်ချင်း ဖြေရှင်းလို့မရဘူးလား"

ရန်ယန်က သူမရဲ့ ပုခုံးတွေကို ညင်သာစွာ နှိပ်နယ်ပေးခဲ့သည်။ "အခု တစ်ရေးတစ်မော အိပ်မို့လေ။ နေ့လည် အနားယူချိန်က တိုတောင်းတယ်။ သူ့ကြောင့် နေ့လည် အနားယူချိန်ကို မဖြုန်းတီးချင်ဘူး"

လင်းရှောင်ယွဲ့သည် ခေါင်းကို လှည့်၍ မျက်လုံးများ ကျယ်ကျယ်ဖွင့်ကာ သူ့ကို စိုက်ကြည့်လိုက်ချိန် သူ့ရဲ့အလျင်လိုနေတာမျိုးမရှိတဲ့ အသံကိုကြားလိုက်ရသည်။ "သူ့ကို တောင်းပန်စာတစ်စောင် ရေးခိုင်းလိုက်မယ်၊ကိုယ်တို့ မင်္ဂလာဆောင်မှာ ရွာသားတွေကို သူဖတ်ပြရမယ်၊ ပြီးရင် ပြီးသွားပြီ။ သူအလုပ်လုပ်ချင်ရင် ကိုယ်တို့စက်ရုံမှာ ယာယီအလုပ်သမားအဖြစ် လာခွင့်ပေးမယ်၊ လစာလျှော့ချမယ်။ သူ့အခြေအနေအရ လစာလျှော့ပြီးသွားရင် တိုးလို့ရတယ်။ ဖြည်းဖြည်းချင်း တိုးသွားတာက ကောင်းတယ်၊ သူ ကိုယ်လက်အောက်မှာ တစ်ခုခုလုပ်နေသေးရင် ကိုယ်နဲ့ ဆက်ဆံရတာ လွယ်ကူလိမ့်မယ်။ မင်းဘယ်လိုထင်လဲ"

လင်းရှောင်ယွဲ့ ခေါင်းညိတ်လိုက်သည်။ "အဆင်ပြေမယ်လို့ ထင်တယ်။ အဲဒါကို နည်းနည်းလောက် ထိန်းလိုက်ရင် ကျွန်မတို့ နှစ်ယောက်စလုံး ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ သူသိသွားမယ်။ ဒါ့အပြင် ချန်ဇီချင်းလို ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ရင် သူ့ဘဝက ပိုပိုပြီး ခက်ခဲလာလိမ့်မယ်။ ပြီးတော့ ကျွန်မတို့အကူအညီမပါဘဲ တစ်ယောက်ယောက်က သူ့ကို သင်ခန်းစာပေးလိမ့်မယ်"

လင်မယားနှစ်ယောက်က လမ်းမှာ အေးအေးဆေးဆေး စကားပြောကြပြီး မကြာခင် အိမ်ကို ပြန်ရောက်လာကြသည်။

နေ့ခင်းဘက်တွင် ရန်ဟုန်ရင်သည် ငိုယိုထားခဲ့ပြီးနောက် ပင်လယ်စာ ပြုပြင်ရေး စက်ရုံသို့ ရန်ယန်ကို ရှာကာ ရန်ယန်၏ ရုံးခန်းထဲသို့ ဝင်လာခဲ့သည်။ ရန်ယန်သည် အမှန်တကယ် မြင့်မားသောရာထူးတွင် ထိုင်နေကြောင်း အတည်ပြုရန်သာ သူ၏လက်များက စွမ်းအားကို ကိုင်ထားသည်။

ရန်ဟုန်ရင်က ဘာမှ မပြောရဲပေ။ ရန်ယန် ကမ်းလှမ်းသမျှကို သူမ လုပ်သင့်သည်။ ရှက်စရာကောင်းပြီး ကြည့်မကောင်းတာမှန်သမျှကို သူမသဘောတူနိုင်သည်။

ဘာကြောင့်လဲဆိုတော့ သူမ ထင်မြင်ယူဆချက်မှာ ယောက္ခမ၏ မိသားစုတွင်ရှိသည့် သူမ ဘဝထက် ပိုဆိုးတဲ့အရာမရှိတော့ပေ။

ယောက္ခမမိသားစုမှာ သူမ ဘဝကို ပိုကောင်းအောင် လုပ်နိုင်သရွေ့တော့ တခြားဘယ်ဟာကိုမဆို လက်ခံနိုင်မှာပါ။

ပင်လယ်စာ ပြုပြင်ရေး စက်ရုံတွင် ယာယီ အလုပ်သမားအဖြစ် ဝင်ရောက် လုပ်ကိုင်ရန် ရန်ဟုန်ရင်ကို ရန်ယန်မှပြောခဲ့သည်ကို ကြားသောအခါတွင် သူမ နှလုံးသားထဲတွင် ခံစားချက်များ ရောထွေးနေခဲ့သည်။

ရန်ယန်နဲ့ လင်းရှောင်ယွဲ့ တို့ကို ဒီလောက်အထိ တွက်ချက်ဖို့ သူမ တကယ်ကို မမျှော်လင့်ထားဘဲ သူမကို သူတို့ရဲ့ စက်ရုံမှာ အလုပ်လုပ်ခွင့်ပေးဖို့ သူတို့က ဆန္ဒရှိနေဆဲပင်။

ရန်ဟုန်ရင်က ခေါင်းငုံ့ပြီး မျက်နှာနီရဲကာ ဘာပြောရမှန်းမသိ ဖြစ်နေသည်။

......

မကြာခင်မှာ ရန်ယန်နဲ့ လင်းရှောင်ယွဲ့တို့ရဲ့ မင်္ဂလာဆောင်မယ့်နေ့ ရောက်လာခဲ့သည်။

ရန်ယန်က လင်းရှောင်ယွဲ့ ကို မင်္ဂလာဆောင်ဖို့ အကြွေးတင်ပြီး သူမအပေါ် ကျေပွန်အောင် လုပ်ရမယ်လို့ ပြောခဲ့သည်။

ဒီခေတ်ရဲ့ မင်္ဂလာပွဲက အရမ်းရိုးရှင်းပေမယ့် လိုအပ်တဲ့ ဓလေ့ထုံးတမ်းတွေကိုတော့ မလွတ်နိုင်သေးဘူး။

လင်းရှောင်ယွဲ့နှင့် ရန်ယန်တို့သည် မြို့တော်တွင် ရိုးရိုးရှင်းရှင်း မင်္ဂလာဓာတ်ပုံများ ရိုက်ခဲ့ကြပြီး အစိမ်းရောင် စစ်ဝတ်စုံများ ၀တ်ဆင်ထားကာ အလွန်ရိုးရှင်းသော မင်္ဂလာဓာတ်ပုံကို ချန်ထားခဲ့သည်။

မင်္ဂလာပွဲကို ရွာမှာကျင်းပခဲ့ပြီး သူတို့နှစ်ဦးက အနီရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး လင်းရှောင်ယွဲ့ က အနီရောင်ကို ၀တ်ဆင်ပြီး ကျစ်ဆံမြှီး နှစ်ဖက်ကိုနိမ့်နိမ့် စည်းထားတာ ရှက်တတ်တဲ့ သတို့သမီးလေးလို ခေါင်းပေါ်မှာ အနီရောင် ပန်းတွေဆင်ထားသည်။

အိမ်က အရမ်းအသက်ဝင်သည်။

အိမ်သို့ ဧည့်သည်များ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည့် အပြင် အိမ်သစ်ရှိ အခန်းများထဲမှ တစ်ခန်းကို လက်ဆောင်များ အဆက်မပြတ် ထည့်ထားသည်။

ကြက်သား၊ ဘဲ၊ ငါး၊ အသား၊ဆန်စပါးနှင့် ကောက်ပဲသီးနှံများ၊ အစားအသောက်တံဆိပ်ခေါင်းများနှင့် ငွေများကို မိသားစုအားလုံးက လက်ဆောင်ပစ္စည်းများဖြင့် လာရောက်၍ ဂုဏ်ပြုကြိုဆိုကြသည်။ ရန်ယန်သည် စက်ဘီးဖြင့် ရန် အိမ်ဟောင်းက အိမ်သေးသေးလေးဆီ သွားကာ အိမ်သစ်ဆီကနေ လင်းရှောင်ယွဲ့ ကို လက်ခံခဲ့သည်။

မင်္ဂလာဧည့်ခံပွဲ လုပ်ငန်းစဉ်များ ရှိခဲ့သည်။ လမ်းတစ်လျှောက်တွင် အောင်သွယ်၏ မိသားစုဝင်များ သည် မင်္ဂလာဧည့်ခံပွဲ အဖွဲ့ကို ဖွဲ့ကာ ရွှင်မြူး ကျယ်ပြောလှသည်။ တစ်ရွာလုံး ရွှင်မြူးနေကြသည်။

လင်းရှောင်ယွဲ့သည် ရန်ယန်၏ စက်ဘီးနောက်ခုံတွင် ထိုင်ကာ သူ့ရဲ့ခါးကအဝတ်ကို ကိုင်ပြီး အိမ်အပြန်လမ်းဆီသို့ မျှော်ကြည့်နေသည်။

ခံစားချက်ပေါင်းများစွာက သူမနှလုံးသားထဲ တိုးဝင်လာသည်...

အကြင်လင်မယားအဖြစ် ကြာရှည်စွာနေခဲ့ကြသော်လည်း၊ သူမသည် သူ့ကလေးကိုပင် ကိုယ်ဝန်ရှိနေပြီဖြစ်သည်။

ဒါပေမယ့် ဒီအခိုက်အတန့်က သူမကိုလက်ထပ်ဖို့ တကယ်ခံစားရစေသည်။

လင်းရှောင်ယွဲ့ သည် သူမ၏ ယခင်ဘဝအကြောင်းကို တွေးနေမိသည်။ သူမသည် ထိုခေတ်က ရိုးရှင်းပြီး ကျေးလက်ဆန်သော အိမ်ထောင်ပြုပုံကို ပြောပြရန် သူမရဲ့လူကြီးများကို တောင်းဆိုခဲ့သည်..

လူကြီးတွေပြောခဲ့သလိုပဲ၊ ဒီခေတ်မှာ ကားနဲ့မြင်းတွေက အရမ်းနှေးကွေးသည်၊ စာတွေလဲဝေးတယ်၊ မင်းတစ်သက်မှာ လူတစ်ယောက်ပဲ ချစ်နိုင်သည်။

ဒါကြောင့် ဒီခေတ်ကိုပြန်ရောက်တော့ လင်နဲ့မယားကြားက ရိုးရှင်းတဲ့ဆက်ဆံရေးမျိုးနဲ့ ကြုံတွေ့ရပြီး တစ်ချိန်က သူမကို ကိုယ်ခွဲသုံးယောက်လုံး ချစ်ခဲ့ဖူးတဲ့ ခင်ပွန်းဖြစ်သူနဲ့ ရင်ဆိုင်ခဲ့ရပြီး အခုချိန်မှာတော့ သူကသူမကို နှလုံးသားနဲ့ရင်းပြီး အကြွင်းမဲ့ ချစ်ခဲ့သည်။

လင်းရှောင်ယွဲ့ ခံစားရသည်မှာ ဤဘဝသည် အမှန်တကယ် နေထိုင်ရကျိုးနပ်သည်။

"သတို့သမီး ရောက်လာပြီ"

ရွာသားတွေက အော်ဟစ်ပြီး အိမ်သစ်ကို မီးရှူးမီးပန်းတွေနဲ့ ဝန်းရံထားပြီး လင်းရှောင်ယွဲ့က စက်ဘီးပေါ်ကနေ ဆင်းလာခဲ့သည်။ ရန်ယန်က သူမလက်ကို ဆွဲကိုင်လိုက်သည်။

သူမ သူ့ကို မော့ကြည့်လိုက်တော့ ရန်ယန်က သူ့နှလုံးသားထဲကနေ ပြုံးပြခဲ့သည်။ နွေးထွေးပြီး ကြည့်ကောင်းတဲ့အပြုံးလေး ...

"ရှင်က ချောသားပဲ" လင်းရှောင်ယွဲ့ သူ့ကို ချီးကျူးလိုက်သည်။

ရန်ယန်သည် ပို၍ပင် ပွင့်လင်းစွာ ပြုံးလိုက်ကာ "မင်းက အလှဆုံးပဲ" ဟု သူမကို ပြန်ပြောသည့် စကားများကို သဘာဝအတိုင်းပင် တဲ့တိုးပြောလိုက်သည်။

"ဟုတ်ပါပြီကွာ၊ မင်းတို့နှစ်ယောက်က ချောပြီး လှတယ်၊ မင်းတို့နှစ်ယောက်က တစ်ခန်းလုံးမှာ ကြည့်ကောင်းနေတာပဲ၊ ဇဝေဇဝါမဖြစ်နဲ့၊ မြန်မြန်ဝင်လိုက်ကြတော့ "

ရွာလူကြီးက သူတို့ကို တိုက်တွန်းခဲ့သည်။ သူတို့ ရှက်သွားခဲ့ကြသည်...

အိမ်တွင် လင်းရှောင်ယွဲ့ နှင့် ရန်ယန်သည် ယောက္ခမ၊ ယောက္ခထီး တို့နှင့် အတူ စကားစမြည်ပြောပြီး အဖိုးအဖွားများက လက်ဖက်ရည်သောက်ကာ လူကြီးသူမများ၏ အနီရောင် စာအိတ်အနည်းငယ်ကို ယူပြီး ခေါက်ဆွဲတစ်ပန်းကန်နှင့် ကြာစေ့ဟင်းချိုကို စားကာ အခမ်းအနားက ရိုးရိုးရှင်းရှင်း ပြီးသွားခဲ့သည်။

အိမ်ဝင်းနှင့် အိမ်သည် စားပွဲ ၁၀ လုံးဖြင့် ခင်းကျင်းထားပြီး ရွာသူရွာသားများက ထိုင်ကာ စတင်စားသောက် ကြသည်။

သူတို့နှစ်ယောက်လုံး အိမ်ထောင်ပြုခဲ့ကြသည်။ ရွာမှာ လူတော်တော်များသည်။ အခြေခံအားဖြင့်တော့ သူတို့အားလုံး လာကြသည်။

ပိုင်ရှောင်ချွမ်းနဲ့ လုရှမင်လည်း လာခဲ့သည်။

ပိုင်ရှောင်ချွမ်းနဲ့ လုရှမင် တို့က အခု ရွာမှာ ပညာတတ်လူငယ် အတွဲတွေပါ။ ဒီနှစ် ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် သူတို့ စာရင်းသွင်းထားကြသည်။

လင်းရှောင်ယွဲ့ နဲ့ ရန်ယန်က ပိုင်ရှောင်ချွမ်းနဲ့ လုရှမင် ရဲ့ စားပွဲကို သွားပြီးစကားပြောနေကာ ရွာလူကြီးက လူကောင်းတစ်ယောက်အနေနဲ့လာပြီး စကားပြောခဲ့သည်။ “နောက်လမှာ ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေရတော့မယ်။ ဒီပညာတတ်လူငယ်နှစ်ယောက်က ပညာတတ်လူငယ်တွေထဲမှာ အလားအလာ အကောင်းဆုံးပဲ။ ငါတို့ရွာမှာ သူတို့ စာမေးပွဲအတွက် ပြင်ဆင်နေတာ တစ်နှစ်ခွဲကျော်ရှိပြီ။ ရှောင်ယွဲ့၊ ရှောင်ယန်။ မင်းတို့နှစ်ယောက်က ကောလိပ်ဝင်ခွင့်စာမေးပွဲကို မဖြေချင်ဘူးလား။ မင်းတို့ ဘာမှ နားမလည်ဘူးဆိုရင် သူတို့ကို ရှာလို့ရတယ်။ သူတို့က စိတ်အားထက်သန်ပြီး မင်းတို့ကိုသိထားသမျှကို သင်ပေးလိမ့်မယ်"

ပိုင်ရှောင်ချွမ်းနှင့် လုရှမင်တို့သည် ရွာလူကြီး၏ စကားကြောင့် အနည်းငယ် ရှက်သွားကြသော်လည်း ရွာသူကြီးပြောသည့်စကားမှာလည်း အမှန်ပင်ဖြစ်ပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုရန် သူတို့ စိတ်ပိုင်းဖြတ်ထားကြသည်။

လင်းရှောင်ယွဲ့နှင့် ရန်ယန်က ယဉ်ယဉ်ကျေးကျေး ပြုံးရုံသာ ပြန်ဖြေခဲ့သည်။ ရွာလူကြီးကို မျက်နှာသားပေးဖို့ လင်းရှောင်ယွဲ့က ပိုင်ရှောင်ချွမ်းကို ပြောလိုက်သည်။ "ဒါဆို တစ်နည်းပြောရရင် နင်တို့နှစ်ယောက် တရုတ်တက္ကသိုလ်ကို မြန်မြန်ရောက်ပါစေလို့ ငါဆုတောင်းပေးပါတယ်"

ဟွားတ ဆိုတာ ဘာလဲ... လင်းရှောင်ယွဲ့ တကယ်မသိဘူး။

ဤသည်မှာ သူမ၏ လက်တွေ့ကမ္ဘာနှင့် ခြားနားသော မူရင်းစာအုပ်မှ ကျောင်းဆက်တင်ဖြစ်သည်။

ဒါပေမယ့်လည်း လင်းရှောင်ယွဲ့က ယခုဘ၀တွင် အလွန်ပျော်ရွှင်နေသည်။ သူမသည် သင်ယူရန် စိတ်ဝင်စားမှု မရှိပေ။

ပိုင်ရှောင်ချွမ်းနဲ့လုရှမင်ကို သူမ မတိုင်ပင်ချင်ဘူး။

သူမရဲ့ အသိပညာအဆင့်နဲ့ဆိုရင် သူမ ဘယ်သူ့ကိုမှ မေးနေစရာ မလိုချေ။

"ကျွန်မကလည်း နှစ်​​ယောက်​လုံးကို ​ပျော်​​ပျော်​ရွှင်​ရွှင်​​နဲ့ မွေး​ဖွားလာဖို့ဆုတောင်းပေးပါတယ်" ပိုင်ရှောင်ချွမ်း သည် လင်းရှောင်ယွဲ့ ကို တုံ့ပြန်သည့်အနေဖြင့် သူမဖန်ခွက်ကို မြှောက်လိုက်သည်။

တစ်ဖက်တွင် လုရှမင်က ရန်ယန်ကို ပြောလိုက်သည်။ "ကောလိပ်ဝင်ခွင့် စာမေးပွဲကို မင်း တကယ် ဖြေဆိုချင်ရင် ငါ့ဘေးမှာထားထားတဲ့ လေ့ကျင့်ခန်းစာအုပ်ကို ယူလို့ရတယ် မင်း ဘာမှနားမလည်ရင် ငါ့ဆီလာခဲ့"

ရန်ယန်ကလည်း သူ့ကိုယဥ်ယဥ်ကျေးကျေးပြန်ပြောခဲ့သည်။ "ကျေးဇူးတင်ပါတယ်၊ မင်းရဲ့စာမေးပွဲမှာ ကံကောင်းပါစေ"

အခုတော့ ရန်ယန် ကောလိပ်မတက်ချင်တော့ဘူး။ သူ့ဇနီးကို ထောက်ပံ့ဖို့၊ သားသမီးတွေကို ပြုစုပျိုးထောင်ပြီး ပိုချမ်းသာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ဝင်ငွေရှာဖို့ပဲ လိုလားတော့သည်။

စားပွဲတစ်ခုချင်းစီကို စကားလိုက်ပြောပြီးသည့် နောက်၊ ရန်ယန်နှင့် လင်းရှောင်ယွဲ့တို့သည် နောက်ဆုံးတွင် အသက်ရှူရန် အချိန်ရလာခဲ့သည်။ နှစ်ယောက်သား သတို့စားပွဲဆီကို ပြန်လာခဲ့ကာ ထိုင်ခဲ့သည်။ လင်းရှောင်ယွဲ့က ဝက်သားနီချက် တစ်တုံးကို အမြန်စားလိုက်သည်။

ထိုအချိန်တွင် ရန်ဟုန်ရင်သည် လင်းရှောင်ယွဲ့ နှင့် ရန်ယန်တို့ ထိုင်ရန် အခွင့်အရေးရခဲ့သည်ကို မြင်လိုက်ရသည်။ မျက်နှာနီရဲကာ ခြံဝင်းအလယ်တွင် အားပြင်းပြင်းနဲ့ မောင်းကိုနှစ်ခါထုခဲ့သည်။

တစ်ချိန်တည်းမှာပင် အတွင်းနှင့် အပြင်ရှိလူအားလုံး၏ အာရုံက ရန်ဟုန်ရင်ဆီသို့ ရောက်သွားသည်..

"ကျွန်မ ဒီကစားနေတဲ့သူတိုင်းကို အနှောင့်အယှက်ပေးမိသွားလိမ့်မယ်။ ဒီနေရာမှာ အားလုံးရှင်းဖို့နဲ့ ကျွန်မအစ်ကိုနဲ့ယောက်မ ရန်ကို ကျွန်မမှာ တောင်းပန်စရာတစ်ခုရှိတယ်" ရန်ဟုန်ရင်က ဇနီးမောင်နှံအတွက် ကောလဟာလတွေဖန်တီးခဲ့တဲ့အကြောင့် မင်္ဂလာဆောင်တဲ့နေ့မှာ တစ်ရွာလုံးနဲ့ရှင်းဖို့ ရန်ယန်ကို ကတိပေးထားခဲ့သည်။

သူမ အလွန်အရှက်ကွဲပြီးရင်း အရှက်ကွဲခဲ့ရသည်။ ဒါပေမယ့်...

ဒါပေမယ့် သူမ၏ အနာဂတ်ဘဝနှင့် အလုပ်အတွက် ရန်ဟုန်ရင်သည် သူ့ကိုယ်သူ ရပ်တည်နေခဲ့ရသည်။

ထို့ကြောင့် ရန်ယန်နှင့် သူ၏ဇနီးအပေါ် နားလည်မှုလွဲမှားနေသော ကောလာဟလများကို တစ်ရွာလုံးရှေ့တွင် ရှင်းပြကာ မှားယွင်းသော ကောလာဟလများကို ရွာသို့ ပြန်ဖြန့်ခဲ့ကြောင်းကို လေးနက်စွာ တောင်းပန်ပြီး ရန်ယန်နှင့် သူ့ဇနီးတို့ကို ဦးညွှတ်ခဲ့သည်။

"အစ်ကိုနဲ့ ယောက်မ ရန်က ကျွန်မရဲ့ မသိနားမလည်မှုကို ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ် ကျွန်မတောင်းပန်ပါတယ်"

သူမ၏အမှားကို ကျယ်လောင်စွာရှင်းလင်းပြီးနောက် ရန်ဟုန်ရင်သည် ရွာသူ၊ သားများထံမှ ကဲ့ရဲ့လှောင်ပြောင်ခြင်းအသံကို မရရှိခဲ့ဘဲ သူမ၏ တောင်းပန်ရဲသည့်သတ္တိကို လူတိုင်းက အားပေးသကဲ့သို့ ၎င်းတို့ထံမှ ပြင်းထန်သောလက်ခုပ်သံများ ရရှိခဲ့သည်။

ရန်ဟုန်ရင်သည် ဤမထင်မှတ်ထားသော တုံ့ပြန်ချက်ကို ရရှိခဲ့သည်။ သူမ ထ၍ ကြင်နာသော အပြုံးများ ဆင်မြန်း ထားသော ရွာသူ၊သားများ ပတ်ပတ်လည်ဝိုင်းနေပြီး လက်ခုပ်တီးနေကြတာကိုကြည့်ခဲ့သည်။ သူမ နီရဲသောမျက်လုံးများဖြင့် သူတို့ကိုကြည့်ရင်း မျက်ဝန်းထဲတွင် မျက်ရည်များပူလာသလို ခံစားလိုက်ရသည်။

ရန်ချန်ယွီသည် ဒါက အလွန်ရှက်စရာကောင်းသည်ဟု ခံစားမိသော်လည်း ရန်ဟုန်ရင် ပြောတာကို နားထောင်ပြီးနောက် ရန်ယန်သည် ပင်လယ်စာ ပြုပြင်ရေး စက်ရုံ၏ အတွင်းရေးမှူးဖြစ်ပြီး သူ့အဆင့်အတန်းသည် အလွန်မြင့်မားသောကြောင့် အနည်းငယ် လေးစားသင့်သည်ဟု သူမက ထင်သည်။ နောက်ပိုင်းတွင် ရန်ယန် သည် ၎င်းတို့၏ မိသားစုကို မြှင့်တင်နိုင်သည်။

ထို့ကြောင့် ရန်ချန်ယွီလည်း ရန်ဟုန်ရင်က မှန်ကန်စွာ မလုပ်ဆောင်ခဲ့ဘူးဟုလည်း မထင်မိခဲ့ပေ။

ရန်ဟုန်ရင်သည် ဤကဲ့သို့ အရှက်ရစေသော လုပ်ရပ်အား လုပ်ခဲ့တာကိုမြင်တော့ ဒုတိယမိသားစုသာလျှင် လျှို့ဝှက်လှောင်ပြောင်ပြီး ထိုအကြောင်းကို တစ်ချိန်တည်းတွင် ပြောဆိုခဲ့သည်။

မင်္ဂလာပွဲက ချောချောမွေ့မွေ့နဲ့ ပြီးဆုံးသွားခဲ့သည်။

ရန်ယန်နှင့် လင်းရှောင်ယွဲ့ တို့၏ အောင်မြင်မှုများသည် ယခုအခါ တစ်ရွာလုံး၏ ဂုဏ်ယူစရာ ဖြစ်လာသည်။ ဝမ်ရှို့ယင် ယနေ့မျက်ရည်ကျခဲ့သည်။

ညဘက်တွင် လင်းရှောင်ယွဲ့ နှင့် ရန်ယန်တို့သည် ပိုက်ဆံကို ရေရန် မင်္ဂလာခန်းရှိ အိပ်ယာပေါ်တွင် ထိုင်ခဲ့ကြသည်။

သူမက သူတို့ကို တစ်ရွက်ပြီးတစ်ရွက် ရေခဲ့သည်။ သူမ၏ မျက်နှာသည် ငွေရေးကြေးရေး ဝါသနာရှင်တစ်ဦးမှာ ရှိသင့်သည့် အမူအရာဖြစ်သည်။ အရမ်းချစ်စရာကောင်းသည်။ ရန်ယန်က အခန်းတံခါးကိုပိတ်ပြီး သူမဘေးမှာ ဝင်ထိုင်လိုက်သည်။ သူက အနောက်ကနေ တက်လာပြီး သူ့လက်ကို သူမခါးမှာ ညင်သာစွာ ပတ်ထားသည်။ သူ့မေးစေ့က သူမပုခုံးပေါ်မှာ မှီနေသည်...

သူ့တစ်ကိုယ်လုံး ပူထူနေပေမယ့် သူမမှာ ကိုယ်ဝန်ရှိနေလို့ ဘာမှ မလုပ်နိုင်တော့တဲ့အတွက် ရန်ယန် နှလုံးသားက အနည်းငယ် နောင်တရသွားသည်။ အခန်းသစ်ထဲဝင်မလာခင်လေးမှာပဲ ဝမ်ရှို့ယင်က သူ့ကို တမင်တားပြီး ဒီည ဘာမှမလုပ်နဲ့လို့ ပြောခဲ့သည်။

လင်းရှောင်ယွဲ့ ရဲ့ဗိုက်ထဲကကလေးကို မထိခိုက်စေနဲ့။

သူ့အား ပြောပြပြီးနောက် ရန်ယန်တို့ ကြင်စဦးဇနီးမောင်နှံ၏ ပျော်ရွှင်မှုက များစွာလျော့နည်းသွားသည်။

ဒါပေမယ့် လင်းရှောင်ယွဲ့ ငွေကို ဝမ်းသာအားရ ရေတွက်နေတာကို မြင်တော့ သူစိတ်ကောင်းပြန်ဝင်လာခဲ့သည်။

"ရေလို့ပြီးသွားပြီ"

လင်းရှောင်ယွဲ့သည် ပိုက်ဆံအားလုံးကို အိတ်ထဲသို့ထည့်ကာ ရန်ယန်ကို ပြုံးပြဖို့ ခေါင်းလှည့်ခဲ့သည်။ "ယွမ် ၄၀၀ ကျော်ရတယ်၊ ရှားရှားပါးပါး အဖိုးနဲ့အဖွားတို့က အရမ်းကိုမှကြီးတဲ့ အနီရောင်စာအိတ်ကြီးကို ထုပ်ပိုးထားတယ်"

ရန်ယန် တိုးညှင်းစွာ ရယ်မောလိုက်သည်။ "ဒီငွေလေးတွေက မင်းကို ပျော်ရွှင်အောင် လုပ်ပေးနိုင်လား"

"ဟမ့်"

လင်းရှောင်ယွဲ့က ရန်ယန်ကို ရိုက်လိုက်သည်။ "ပိုက်ဆံလေးလို့ ရှင်ထင်နေသေးတာပဲ။ အဲ့တာက အရမ်းကောင်းနေပြီ၊ ရွာမှာ အိမ်တစ်ဝက်လောက် ရှိတယ် မဟုတ်ရင် ကျွန်မယောက္ခမနဲ့ ယောက္ခထီးအတွက် ဝက်မွေးဖို့ ရွာမှာ နောက်ထပ် အိမ်တစ်လုံး ဆောက်ဖို့ ပိုက်ဆံနည်းနည်း ကျွန်မတို့ထပ်ထည့်ပေးလိုက်မှာ။ မကြာသေးမီက မူဝါဒကို စတင်ဖြေလျှော့ပေးခဲ့ပြီး ကုန်ပစ္စည်းလဲလှယ်ခွင့်ကို ခွင့်ပြုပေးခဲ့တယ်။ နောက်ထပ်လအနည်းငယ်အတွင်းမှာ မူဝါဒအားလုံးကျဲလာမယ်။ အရောင်းအဝယ်ဖွင့်တဲ့အခါမှာ ယောက္ခမနဲ့ ယောက္ခထီးတို့အတွက် ဝက်ခြံ ဒါမှမဟုတ် တစ်ခုခုလုပ်ရအောင်လို့ လုပ်ပေးရအောင်။ ကျွန်မတို့ လေးနက်တဲ့ လုပ်ငန်းတစ်ခုကို စလုပ်လို့ရတာပေါ့ "

ရန်ယန်က လင်းရှောင်ယွဲ့ ရဲ့ နှာခေါင်းကို ဖျစ်လိုက်သည်။ "ကိုယ်တို့ရဲ့ မင်္ဂလာဦးညမှာ မင်းက ဒီကိစ္စကို စဉ်းစားနေတာလား"

လင်းရှောင်ယွဲ့ ရယ်လိုက်သည်။ ခေါင်းအုံးအောက်တွင် ပိုက်ဆံအိတ်ကို လိမ္မာပါးနပ်စွာထည့်လိုက်ပြီး ရန်ယန်၏ ခါးကျဉ်းကျဉ်းလေးကို ပွေ့ဖက်ဖို့ ခေါင်းလှည့်လိုက်သည်။ "ဒါဆိုရှင့်ကို ဖက်ပါရစေ။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ ဖက်ထားလို့ပဲရမှာ ဘာမှလုပ်လို့မရဘူး"

ရန်ယန်က သူမ ခန္ဓာကိုယ်လေးကို ပိုမိုတင်းကျပ်စွာ ဖက်ထားလိုက်သည်။ ခေါင်းငုံ့ပြီး သူ့ရဲ့ပါးတစ်ဖက်နဲ့ သူမ နဖူးပေါ် ညင်သာစွာ ပွတ်သပ်လိုက်သည်။

လင်းရှောင်ယွဲ့က သူ့ရင်ခွင်ထဲတွင် ရယ်ကာ လှောင်ပြောင်သော လေသံလေးဖြင့် မေးလိုက်သည်။ "ကျွန်မကို "မင်းကိုချစ်တယ်"လို့ ရှင်ပြောတာကို ကျွန်မ" မကြားဖူးဘူး"

ရန်ယန်၏ မျက်ခုံးများ ပေါ့ပေါ့ပါးပါး ပင့်တက်သွားသည်။ "ကိုယ်မပြောဖူးဘူးလား"

လင်းရှောင်ယွဲ့ ခေါင်းညိတ်လိုက်သည်။ "ကျွန်မ မကြားဖူးဘူး။ ဒီနေ့ ရှင်အဲ့တာကိုပြောချင်လား"

ရန်ယန်က "ကိုယ် မင်းကို ချစ်တယ်" ဆိုတဲ့ သူ့စကားတွေကို တဲ့တိုးပြောလိုက်သည်။

သူမတစ်ကိုယ်လုံး တုန်ယင်သွားသလို ခံစားလိုက်ရသည်။ သူမ သူ့ကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။ "ကျွန်မကောပဲ"

ရန်ယန် အကြံက ဘယ်ကလာမှန်း မသိပေမယ့် သူက ရုတ်တရက် "မင်း ဘယ်တစ်ယောက်ကို အချစ်ဆုံးလဲ" လို့ မေးလိုက်သည်။

လင်းရှောင်ယွဲ့ မေးခွန်းပြန်ထုတ်လိုက်သည်။ "ဘာကို ဘယ်တစ်ယောက်လဲ"

ရန်ယန် မေးလိုက်သည်။ "သုံးယောက်ထဲက တစ်ယောက်ကို ရွေးလိုက်၊ အခု ဘယ်သူ့ကို အချစ်ဆုံးလဲ"

မေးပြီးနောက် သူနောင်တရလာသည်။

သူမရဲ့အဖြေကြောင့် သူ့ရဲ့စိတ်ကောင်းတွေ ပျက်စီးသွားမှာ သေချာတယ်လို့ သူခံစားမိသည်

ငါဘာလို့ဒီလိုမေးခွန်းမျိုး မေးလိုက်ရတာလဲ။

ငါ ရူးနေတာလား။

လင်းရှောင်ယွဲ့ က "ဖူး"ဆိုတဲ့ အသံထွက်ပြီး မော့ကြည့်ရင်း မျက်လုံးကြီးတွေက သူ့ကိုစိုက်ကြည့်နေသည်။ "တတိယတစ်ယောက်ကို အချစ်ဆုံးလို့ ဖြေမယ်လို့ ရှင်ထင်နေတာလား"

"ဟင်"

သူ ခေါင်းငုံ့ထားလိုက်သည်၊ ရန်ယန်၏ မှင်အနက်ရောင် နှင့်တူသော မျက်လုံးများက သူမကို နက်နက်နဲနဲ သော့ခတ်ထားသည်။

လင်းရှောင်ယွဲ့ ရဲ့ လက်ချောင်းလေးက သူ့ကို ညွှန်ပြခဲ့သည်။ " ပြီးခဲ့တုန်းက ရှင်က ဒုတိယဆိုတာကို ကျွန်မရှာတွေ့ခဲ့တာ၊ ရှင်က သူနဲ့ လုံးဝမတူဘူး"

ရန်ယန်၏ မျက်ဝန်းများက တုန်လှုပ်ချောက်ချားသွားခဲ့သည် - "..."

လင်းရှောင်ယွဲ့ ရယ်လိုက်သည်။ "ဒါပေမယ့် ရှင်က တတိယလူပဲဖြစ်ဖြစ်၊ ဒုတိယပဲ ဖြစ်ဖြစ်၊ ရှင်ကရန်ယန်ဆိုတဲ့ ကျွန်မယောကျ်ားပဲလေ။ နောက်ပြီး ရှင်တို့သုံးယောက်က တစ်ယောက်တည်း၊ တစ်ယောက်တည်း ဖြစ်သွားခဲ့တာ ကြာပြီ။ ဒါကြောင့် ရန်ယန်ကို ကျွန်မ ချစ်တယ်"

အဲဒါက သူမရဲ့ အဖြေပဲ။

သူ့ကို ဒုတိယလူလို့ အသိအမှတ်ပြုထားပေမယ့်လည်း ဘယ်တော့မှ မခွဲခွာဘဲ သူ့ကို အတူတူချစ်သည်။

၎င်းတို့သည် သီးခြားပုဂ္ဂိုလ်များ မဟုတ်ပေ။ ၎င်းတို့သည် သာမန်လူနာများနှင့် မတူကွဲပြားသော ကိုယ်ခွဲများစွာရှိသည်။

သူတို့ သုံးယောက်က အတူတူပဲ။

သူမ ကြိုက်တဲ့သူကလည်း အတူတူပဲ။

ရန်ယန်၏ နှလုံးက ပူလောင်နေပြီး၊ တစ်ကိုယ်လုံး ပူနေကာ၊ နားရွက်များ နီရဲနေခဲ့သည်။

သူ ခေါင်းငုံ့ကာ သူမ၏ နီထွေးနေသော နှုတ်ခမ်းကို နက်နက်ရှိုင်းရှိုင်း နမ်းလိုက်သည်။

...

သူတို့နှစ်ယောက်လုံး ကောလိပ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုခဲ့ကြသည်။ ထိုနေ့တွင် သူတို့သည် ပိုင်ရှောင်ချွမ်း နှင့် လုရှမင်တို့နှင့်အတူ မြို့ထဲသို့သွားကြသည်။

ကောလိပ်ဝင်ခွင့်စာမေးပွဲရမှတ်များ ထွက်လာတဲ့အခါ လင်းရှောင်ယွဲ့ ဗိုက်က ကြီးနေပြီ။

သူမက ပေကျင်းတက္ကသိုလ်မှာ ဝင်ခွင့်ရပြီး တစ်ရွာလုံးရဲ့ ဂုဏ်ယူစရာ ဖြစ်လာခဲ့သည်။ သူမသည် ပိုင်ရှောင်ချွမ်းနှင့် လုရှမင်တို့နှင့် ဝေးကွာခဲ့သည်။

ပိုင်ရှောင်ချွမ်းနဲ့ လုရှမင် တို့က တရုတ် တက္ကသိုလ်ထဲကို ဝင်ခဲ့တာတော့ မဆိုးဘူး၊ ဒါပေမယ့် လင်းရှောင်ယွဲ့ နဲ့ ယှဉ်လိုက်ရင် တော်တော်နိမ့်ပုံရသည်။

ရန်ယန်ကတော့ စာမေးပွဲကျသည်။

သူ... အဆင်မပြေဘူးလို့ ပြောခဲ့သည်။

လင်းရှောင်ယွဲ့ သည် ကိုယ်ဝန်ရှိနေသောကြောင့် ကောလိပ်မတက်ခဲ့ပေ။

သနားစရာကောင်းပေမယ့် ရွာက ထိပ်တန်းကျောင်းသူလေးတစ်ယောက်ရဲ့ နာမည်က ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပါပြီ။

ထို့အပြင် မမျှော်လင့်ဘဲ နှစ်များစွာကြာပြီးနောက် ပိုင်ရှောင်ချွမ်းနှင့် လုရှမင်တို့က ဘွဲ့ရပြီးနောက် ရန်ယန် ဖွင့်ထားသော ကုမ္ပဏီတွင် အလုပ်ဝင်သွားကြသည်။

ဒါက... အရမ်းရယ်ရတယ်။

လင်းရှောင်ယွဲ့ သည် ရန်ယန် အတွက် သားတစ်ယောက်နှင့် သမီးတစ်ယောက် မွေးဖွားခဲ့ပြီး ပျော်ရွှင်စွာ နေထိုင်ခဲ့သည်။

နောက်ပိုင်းနှစ်များတွင် သူမနှင့် ရန်ယန်တို့သည် အိမ်ငှားခ စုဆောင်းကာ အသက်မွေးဝမ်းကြောင်းပြုခဲ့ကြသည်။ အိမ်လခ ကောက်ခံရန် စာရင်းကိုင်တစ်ဦးကိုပြောခဲ့ရသည်။ အဲ့တာက သိပ်အေးမြတာလည်း မဟုတ်ပါဘူး။

All Chapters