← Chapters

အခုစပြီး ပါရာဂွန်တံတားလို့ ခေါ်တယ်

Vol. 87 Ch. 1204

အခုစပြီး ပါရာဂွန်တံတားလို့ ခေါ်တယ်

Vol. 87 Ch. 1204

လဆည်းဆာရေကန်ပြီးနောက် ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းသို့ မန်ဟို သွားရောက်သည်။ နဝမတောင်ပင်လယ်မှ ထွက်မသွားခင် ... ခဲကျုံစစ်ကို သူ တွေ့ချင်၏။

သို့သော် သူ့မှာ ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်း၏တည်နေရာကို တွေ့သော်လည်း ဝင်မရဖြစ်နေသည်။ မချိုးဖျက်ပစ်သရွေ့ ဖြတ်မသွားနိုင်သည့် မမြင်ရသောအတားအဆီး ရှိနေသည်။

သူက အပျက်အစီးများ၏အပြင်တွင် တိတ်ဆိတ်စွာ ပျံဝဲနေပြီးနောက်ဆုံး လက်ယှက်၍ လေးလေးနက်နက် အရိုအသေပေးလိုက်သည်။ ထို့နောက် လှည့်ထွက်လာခဲ့၏။

ဂိုဏ်းပျက်အတွင်းရှိ တောင်ထိပ်တစ်ခုအပေါ်တွင် ခဲကျုံစစ်က မန်ဟို ထွက်သွားသည်ကို ကြည့်ရင်း ရပ်နေသည်။

ရုတ်တရက် ည၏အသံက သူ့ဘေးတွင် ထွက်လာသည်။ “ဘာလို့ သူ့ကို ဝင်ခွင့်မပေးခဲ့တာလဲ”

“သူ့ကိုယ်ပေါ်မှာ ကျီတျန်းရဲ့ကံကြွေး ရှိနေတဲ့အပြင် ... ငါ့မှာရှိနေတာကလည်း သူ့ထက်တောင် ပိုများနေတယ်။ ငါတို့နှစ်ယောက် အခုတွေ့ရင် ... သူ့အတွက် အန္တရာယ်ဖြစ်ရလိမ့်မယ်” ခဲကျုံစစ်သည် သက်ပြင်းချပြီးနောက် သူ့အောက်တွင် ပြန့်ကြဲနေသော အပျက်အစီးများကို ငုံကြည့်လိုက်၏။

“ကျီတျန်း... “ သူ့မျက်ဝန်းများက အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် မီးဝင်းဝင်းတောက်လာလေသည်။

မန်ဟိုမှာ ခဲကျုံ့စစ်နှင့်တွေ့ခွင့်မရခဲ့ရာ အင်မော်တယ်အပျက်အစီးများနယ်သို့ လှည့်ထွက်လာခဲ့သည်။ သူ့အနေဖြင့် ပါရာဂွန်သိုင်းကွက်ဖန်တီးဖို့ ဆင်ခြင်ခဲ့သော မပြည့်စုံသည့်ပါရာဂွန်တံတားကို ရယူရလိမ့်မည်။ ထိုစဉ်တုန်းက သူ့မှာ တံတားကို မယူနိုင်ခဲ့ပေ။

သို့သော် ယခုတွင် သူ၏ပါရာဂွန်တံတားက ပြောင်းလဲသွားခဲ့လေပြီ။ အင်မော်တယ်လျှောက်လှမ်းခြင်းတံတား၏ ကျေးဇူးကြောင့် ၎င်းသည် ပုံရိပ်ယောင်မဟုတ်တော့ဘဲ အကောင်အထည်ရှိလာခဲ့၏။ သူ၏လက်ရှိကျင့်ကြံခြင်းအခြေခံနှင့်ဆိုလျှင် ... ပါရာဂွန်မှော်သိုင်းကို အသုံးပြု၍ ၎င်းအား စစ်မှန်သောပါရာဂွန်တံတားပျက်နှင့် ပေါင်းစည်းစေနိုင်လိမ့်မည်။

တောက်ပသောအလင်းတန်းတစ်တန်းသည် အင်မော်တယ်အပျက်အစီးများနယ်ထဲသို့ ဝင်ရောက်သွား၏။ မန်ဟိုသည် အရင်တစ်ခေါက်တုန်းက လမ်းကြောင်းအတိုင်း သွားနေရင်း မြင်ခဲ့ဖူးသောအရာများစွာကို မြင်လိုက်ရသည်။ ဘုရာကျောင်းပျက်များ၊ ဧရာမခေါင်းပျက်ကြီးများကို တွေ့ရသည်။ အလောင်းရုပ်ကြွင်းများ၊ ကြေမွနေသောမြေပြင်များ၊ ပျက်စီးနေသော မှော်ပစ္စည်းများနှင့် နန်းတော်အပျက်အစီးများ ... အာကာသထဲတွင် လွင့်မျောနေလေသည်.....

အတန်ကြာသော် သူသည် သူ၏ပါရာဂွန်မှော်သိုင်းကို ဖန်တီးခဲ့သည့်နေရာအား ရောက်သွားပြီး ... ပါရာဂွန်မှော်သိုင်းဖန်တီးဖို့ ဉာဏ်အလင်းရခဲ့ရာနေရာဖြစ်သော ... တံတားပျက်ကြီးအား တွေ့လိုက်ရသည်။

၎င်းသည် တံတားတစ်စင်းလုံး၏ အစိတ်အပိုင်းလေးတစ်ခုသာ ဖြစ်ပြီး ပျက်စီးနေခဲ့သည့်တိုင် ... အဝေးမှကြည့်လျှင်ပင် ၎င်းထံမှ ထုတ်လွှတ်နေသော ပါရာဂွန်တစ်ဦး၏အင်အား၊ မိုးနှင့်မြေ၏ မယုံကြည်နိုင်ဖွယ်စွမ်းအားကို မန်ဟို ခံစားလိုက်ရသည်။

ဤတံတားသည် တစ်ခါတုန်းက အမြင့်ဆုံးကောင်းကင်ဘုံတွင် သွယ်တန်းနေခဲ့ပြီး ၎င်းအပေါ်၌ လျှောက်လှမ်းလိုစိတ်များ ပြင်းပြကြသည့် မရေမတွက်နိုင်သောသက်ရှိသတ္တဝါများ၏ ကိုးကွယ်ခြင်းကို ခံခဲ့ရ၏။

သို့သော် ယခုတော့ ၎င်းမှာ ပျက်စီးနေခဲ့လေပြီ။ တံတား၏အစိတ်အပိုင်းအများစုမှာ အချိန်၏တိုက်စားမှုကြောင့် သဲမှုန်များအဖြစ် ပျောက်ကွယ်သွားခဲ့ပြီး ဤအစိတ်အပိုင်းသေးသေးလေးသာ ကျန်ရစ်ခဲ့ခြင်းဖြစ်တန်ရာသည်။

နှစ်ပေါင်းများစွာကြာခဲ့ပြီးနောက် ၎င်းသည် ဤနေရာတည်းတွင် တည်ရှိနေခဲ့၏။ မည်သူမှ ၎င်းကို ယူမသွားနိုင်ပေ။ တာအိုနယ်ပယ်ကျင့်ကြံသူများအသာထား ကျီတျန်းပင်လျှင် ၎င်းကို မယူနိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် လွန်ခဲ့သောနှစ်များက မန်ဟိုသည် ဤတံတားမှတစ်ဆင့် သူ၏ကိုယ်ပိုင်ပါရာဂွန်မှော်သိုင်းကို ဖန်တီးခဲ့သည့်အတွက် ၎င်းအား တစ်စင်းလုံး ထပ်မံပေါ်လာစေခဲ့သည်။ ထိုပါရာဂွန်မှော်သိုင်းကြောင့် သူသည် အက်ရှလွန်တွင် တစ်နေရာရရှိခဲ့ခြင်းဖြစ်ပေသည်။

ယနေ့ သူကား တံတားကို ယူသွားဖို့ ဤနေရာသို့ ပြန်ရောက်လာခဲ့လေပြီ။

“မင်းက တကယ်ပဲ ပရမတ္တတံတားလား” သူက ညင်သာစွာ မေးသည်။ “မင်းရဲ့ အရင်နာမည်က ဘာဖြစ်ခဲ့လဲ ငါ မသိပေမယ့် ... လူတွေအများကြီး မင်းကို သိကြတာကိုတော့ ငါ သိတယ်” သူသည် လေဟုန်ခွင်းလောကမှာတုန်းက တာအိုကောင်းကင်၏ပါရာဂွန်ပန်းချီထဲမှ ထွက်လာခဲ့သည့် အနက်ရောင်ဝတ်လူ ပါရာဂွန်တံတားကို မြင်သည့်အခါ သူ၏မျက်နှာအမူအရာဖြစ်ပျက်သွားပုံအား မတွေးမိဘဲ မနေပေ။

“အဲဒီပရမတ္တဆိုတဲ့အရာမှာ ... ပါရာဂွန်တွေတောင်မှပဲ အစစ်အမှန်ပါရာဂွန်တွေ ဖြစ်လာဖို့ မင်းကို ဖြတ်လျှောက်ရမယ်ထင်တယ်....

“ဒါပေမဲ့ ဒီနေ့ ငါ မင်းကို ယူသွားမယ်။ အခုကစပြီး မင်းက .... ငါ မန်ဟို တစ်ယောက်တည်းရဲ့အပိုင်။ မင်းက .... ငါ့ရဲ့ပါရာဂွန်တံတားပဲ” သူ တံတားဆီ လျှောက်သွားစဉ် မန်ဟို့မျက်လုံးများသည် တဖျပ်ဖျပ်လက်လျက်ရှိ၏။ ပါရာဂွန်တစ်ဦး၏ဖိအားက လိမ့်ထွက်သွားပြီး မန်ဟိုသည် လင်းလက်တောက်ပစပြုလာသည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ပါရာဂွန်တံတားသည် ဖျတ်ခနဲ ပေါ်လာ၏။

“ပေါင်းစည်းလိုက်စမ်း” သူက လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်ပြီးနောက် လက်ချောင်းကို ပါရာဂွန်တံတားဆီ ဝှေ့ယမ်းရင်း ဟိန်းဟောက်လိုက်သည်။ ချက်ချင်းပင် တံတားနှစ်စင်းသည် တစ်စင်းတည်းပေါင်းစည်းလာတော့၏။ ပေါင်းစည်းမှုအတောအတွင်း လွဲချော်မှုတစ်စုံတရာ မဖြစ်ပွားအောင် ဂရုစိုက်နေသော တံတားဝိညာဉ်၏ဟိန်းဟောက်သံအား ပါရာဂွန်တံတားထံမှ ကြားရနိုင်သည်။

ပေါင်းစည်းမှုဖြစ်စဉ် ဆက်သွားနေသည်နှင့်အမျှ ပါရာဂွန်တံတားမှ ထုတ်လွှတ်နေသော ဖိအားည် ပို၍ပြင်းထန်လာသည်။ တဂျုန်းဂျုန်းထစ်ချုန်းသံများ လေတွင် ပြည့်နှက်နေပြီး အရာအားလုံး မှေးမှိန်လာလေပြီ။ ပါရာဂွန်တံတားမှာ အမှန်တကယ် နိုးထလာနေသသည့်အလား လေပြင်းတစ်ချက်သည် အင်မော်တယ်အပျက်အစီးများနယ်တစ်လျှောက် တိုက်ခတ်သွား၏။

ဖိအားက ပြင်းထန်ဆဲပြင်းထန်လာပြီး ကောင်းကင်ဘုံများ တုန်ခါနေသည်။ အင်မော်တယ်အပျက်အစီးများမှာ တဝုန်းဝုန်းလှုပ်ခတ်နေပြီး မကြာမီ တောင်ပင်လယ်လောကတစ်ခုလုံး မသိမသာ တုန်ရီလာတော့သည်။ တောင်ပင်လယ်များထံမှ မည်သည့်နှင်ထုတ်အားမှ မခံစားရသည့်တိုင် မမြင်ရသောမျက်လုံးတစ်စုံသည် အတိတ်ကို ပြန်ပြောင်းတွေးတောရင်း ကြည့်နေသည့်အလား ထင်ရသည်။

ထိုမျှမကသေး... တောင်ပင်လယ်လောကအထက်ရှိ ကောင်းကင်ဘုံ ၃၃ ခုတွင်လည်း အရာအားလုံး တုန်ခါနေသည်။ ဘာဖြစ်နေမှန်းမသိရ၍ ထိုနေရာရှိ မရေမတွက်နိုင်သောကျင့်ကြံသူများမှာ တုန်လှုပ်ကုန်ကြ၏။

ထို့အပြင် ... ကောင်းကင်ဘုံ ၃၃ခု၏အပြင် .... စကြဝဠာထဲတွင် ဧရာမရုပ်တုကြီးတစ်ရုပ်ကို ဆွဲနေသော နေများဖြင့် ကမ္ဘာတစ်ခုရှိသည်။ ထိုနေရာရှိ ကျင့်ကြံသူများလည်း အံ့အားသင့်နေကြသည်။

အံ့ဩဖွယ်ကောင်းစွာနှင့် တလက်လက်တောက်ပလျက် တောင်ပင်လယ်လောကနှင့် နီးလာနေပြီဖြစ်သော ထိုရုပ်တုကမ္ဘာထဲတွင် ... လေလယ်၌ သွယ်တန်းနေသော တံတားတစ်စင်းရှိသည်။ ၎င်းလည်း ပါရာဂွန်တံတားတစ်စင်းဖြစ်သော်လည်း သမိုင်းကျောက်တိုင်အဖြစ်သာ ထားရှိခံထားရသကဲ့သို့ ပျက်စီးနေလေသည်။

ထိုတံတားလည်း စတင်တုန်ရီလာ၏။

လေးနက်ပြီး ညှို့မှိုင်းနေသော မိန်းမအသံတစ်သံက စကားပြောလိုက်သည်။ “တစ်ယောက်ယောက်တော့ အဲဒါကို နှိုးနေပြီ...”

ကောင်းကင်ဘုံ ၃၃ ခု၏အောက်၊ တောင်ပင်လယ်လောက၏ နဝမတောင်ပင်လယ်ရှိ အင်မော်တယ်အပျက်အစီးများနယ်ထဲတွင် မန်ဟိုသည် ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်၏။ သူက ပါရာဂွန်တံတား၏အပေါ်သို့ ရုတ်တရက် ပျံတက်လိုက်ကာ ပထမဆုံး လက်နှစ်ဖက်လုံးကို လေပေါ်မြှောက်ပြီးနောက် တံတားမျက်နှာပြင်အပေါ်သို့ ထုရိုက်လိုက်သည်။

“ပေါင်းစည်းစမ်း”

အုန်းးးးး

မန်ဟို့ပါရာဂွန်တံတားက အောက်သို့ကျဆင်းလာသဖြင့် ပေါင်းစည်းမှုသည် ပိုမြန်လာ၏။ ပါရာဂွန်တစ်ဦး၏အရှိန်အဝါက အပေါ်သို့ ဖြာထွက်ရင်း မန်ဟို့ကို ရိုက်ခတ်လိုက်သည်။ ဤသည်မှာ သူ၏ကိုယ်ပိုင်ပါရာဂွန်မှော်သိုင်း ဖြစ်ပေါ်သော်လည်း သူ့မှာ သွေးတစ်ပွက်အန်လိုက်ရသေးလေသည်။

သို့သော် သူ့မျက်လုံးများက အာရုံစူးစိုက်မှုပြည့်နေသည်။ ဤတစ်ကြိမ်တွင် သူသည် မည်သို့ပင်ဖြစ်ပါစေ ပါရာဂွန်တံတား၏အပျက်အစီးများကို ယူသွားမည်ဖြစ်သည်။ သူ၏ကိုယ်ပိုင်ပါရာဂွန်မှော်သိုင်းကို အစွမ်းပိုထက်စေဖို့ သူသည် ၎င်းတို့ကို ပေါင်းစည်းမည်။

“ပေါင်းစည်းစမ်း” မန်ဟို မိုးပြာရောင်တောက်ပနေစဉ် သူ့ပါရာဂွန်တံတား၏ တံတားဝိညာဉ်သည်လည်း အသက်အန္တရာယ်ကိုပင်မမှုဘဲ တံတားကို ထိန်းချုပ်ရင်း မူလတံတားနှင့် ပေါင်းစည်းသွားအောင် အောက်သို့ဖိချလိုက်လေသည်။

ဤတစ်ခေါက်တွင် ပြန်ကန်အားက ပြင်းပြင်းထန်ထန် ပြန်ရိုက်ခတ်သည်။ မန်ဟို့ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူ၏ပါရာဂွန်တံတားမှာ ပြိုကွဲတော့မည့်ပုံပေါ်လာသည်။

ကြည့်သရွေ့ မူလတံတားပျက်၏မာနက မည်သူ့ကိုမှ ၎င်းကို ထိန်းချုပ်စိုးမိုးပိုင်ခွင့်မပေးမည့်ပုံပင်။

“အသားဂျယ်လီ ကြက်တူရွေး ထွက်လာခဲ့စမ်း” မန်ဟိုက အော်ခေါ်လိုက်သည်။ မန်ဟို ပါးစပ်မှ သွေးများကို သုတ်နေစဉ် အသားဂျယ်လီနှင့်ကြက်တူရွေးက သူ၏သိုလှောင်အိတ်ထဲမှ ထွက်လာသည်။ သူတို့မှာ ပေါ်လာသည်နှင့် မျက်လုံးပြူးကုန်ကြတော့၏။

“မ...မင်...မင်း ... ဘာတွေလုပ်နေတာတုန်း” အသားဂျယ်လီက ကတုန်ကယင်ဖြင့် ပြောလေသည်။ တံတားပျက်က ၎င်းကို ကြောက်စိတ်တို့ မွှန်ထူသွားစေ၏။ ထိုတံတားသည် တစ်ခါတုန်းက မိုးနှင့်မြေကို စိုးမိုး၍ ကမ္ဘာလောကတစ်ခုလုံးကို ကိုင်လှုပ်နိုင်သည်အထိ စွမ်းအားကြီးမားခဲ့လေသည်။ ထိုစွမ်းအားက ပျက်ပြားသွားခဲ့လျှင်တောင်မှ ၎င်း၏အရှိန်အဝါက ရှိနေသေးသည်။

“ဒါက ဟိုတံတားပဲ” ကြက်တူရွေးက စိတ်လှုပ်တရှားအော်သည်။ “ဖိနှိပ်လိုက်၊ အဲကောင်ကြီးကို ဖိနှိပ်ပစ်လိုက်၊ သခင်ငါး မင်းကို ကူညီပေးမယ်” ၎င်းက ပျက်စီးနေသောမူလပါရာဂွန်တံတားပျက်ဆီသို့ ပြေးဝင်သွားသည့် ရောင်စုံအလင်းတန်းတစ်တန်းအသွင် ပြောင်းသွားသည်။ ထို့နောက် မန်ဟို၏ပါရာဂွန်တံတားက ဖိအားကို မြှင့်တင်၍ အောက်သို့ ပိုမိုကျဆင်းသွား၏။

အသားဂျယ်လီက အံတင်းတင်းကြိတ်ပြီး ကြိုးပျံတစ်ချောင်းအသွင်ပြောင်းလိုက်သည်။ ကျပ်မပြည့်သောအသားဂျယ်လီကား ပါရာဂွန်တံတားပျက်နှင့် မန်ဟို၏ပါရာဂွန်တံတားကို တွဲချည်ဖို့ ဆုံးဖြတ်ခဲ့သယောင်ပင်။

ပါရာဂွန်တံတားနှစ်စင်း ဆက်လက်ပေါင်းစည်းနေသဖြင့် ထစ်ချုန်းသံများ ဆူညံနေသည်။ မန်ဟို၏ကျင့်ကြံခြင်းအခြေခံသည်လည်း လောကပါလတာအိုအင်မော်တယ်တစ်ဦး၏ တန်ခိုးအပြည့်အဝဖြင့် လည်ပတ်နေသည်။ ယခုတွင် ပေါင်းစည်းခြင်းဖြစ်စဉ်ကား မန်ဟို့ပါရာဂွန်တံတားနှင့် တံတားပျက်တို့ ထပ်လုနီးပါးဖြစ်သွားသည့်နေရာအထိ ရောက်လာခဲ့လေပြီ။

သို့သော် ဤအခိုက်အတန့်တွင် ပြန်ကန်အားနှင့် နှင်ထုတ်အားနှစ်မျိုးလုံး ပေါက်ကွဲထွက်လာသည်။ မန်ဟိုက လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်ရင်း မိစ္ဆာချုပ်နှောင်မှော်အစွမ်းကို ထုတ်လွှတ်လိုက်၏။

“မင်းက ပျက်စီးနေပြီးသား” သူက အော်သည်။ “မင်းဟာ အတိတ်မှာ မြင့်မြတ်ပြီး ခမ်းနားခဲ့ကောင်း ခမ်းနားခဲ့ပေမယ့် အခုတော့ မင်းက အပျက်အစီးပဲ။ တစ်ခါတုန်းရှိခဲ့ဖူးတာရဲ့ တစ်ဝက်တောင် မရှိတော့တဲ့ မင်းက မင်းကိုယ်မင်း ပြည့်စုံပါတယ်ထင်နေလား။ ငါ့ပါရာဂွန်မှော်သိုင်းရဲ့စိတ်ဆန္ဒ၊ အင်မော်တယ်လျှောက်လှမ်းခြင်းတံတားရဲ့အသွင်နဲ့ မင်းကို မစုပ်ယူနိုင်ဘူးလို့ ငါ မယုံဘူး” သူ့မျက်လုံးများသည် နီရဲနေပြီး သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားသည်။ သူက အံတင်းတင်းကြိတ်ရင်း စတုတ္ထနိဗ္ဗာနသစ်သီးကို ထုတ်ကာ သူ့နဖူးအပေါ် ဖိချလိုက်လေသည်။

“သွေးခွေးကြီး” သူခေါ်လိုက်သည်နှင့် သွေးခွေးကြီးသည် ခြုံထည်အသွင်ဖြင့် ပျံထွက်လာ၏။

“ကြက်တူရွေး” ကြက်တူရွေးနှင့် ကြေးမုံက ချက်ချင်း စစ်လက်နက်အဖြစ် ပေါင်းစည်းသွားကြသည်။ ဤတစ်ခေါက်တွင် ၎င်းက ဓားသွားမဟုတ်ဘဲ လက်အိပ်ဖြစ်နေသည်။ လက်အိတ် မန်ဟို့လက်နှင့်စွပ်သွားသည့်အခါ မန်ဟိုက ခြေခုနစ်လှမ်းလျှောက်ရင်း စွမ်းအင်များကို စုစည်းပြီးနောက် အားပြင်းသောလက်သီးတစ်လုံးဖြင့် ထိုးချလိုက်သည်။

၎င်းက မန်ဟို၏အစွမ်းထက်ဆုံးလက်သီး၊ တာအိုနယ်ပယ်ပညာရှင်များကိုပင် တုန်လှုပ်သွားစေနိုင်သည့် နတ်ဘုရားသုတ်သင်ခြင်းလက်သီးပင် ဖြစ်သည်။ သူ၏ပါရာဂွန်တံတားက တံတား၏အပျက်အစီးများကို စုပ်ယူနိုင်သည်ထက်ပင် ကျော်လွန်နေခဲ့လေပြီ။ လက်သီးအားက ၎င်းထဲ စီးဆင်းလာသည့်အခါ တံတားနှစ်စင်းကြားက နောက်ဆုံးအဟလေးသည် စေ့သွား၏။

တံတားနှစ်စင်းကား ကွက်တိထပ်သွားခဲ့ချေပြီ။

တစ်နေရာတွင် အဖြူရောင်ဝတ်ရုံနှင့်အမျိုးသမီးသည် ဟင်းလင်းပြင်ထဲ၌ ပေါ်လာခဲ့၏။ သူမက တွေဝေရှုပ်ထွေးနေသော မျက်နှာအမူအရာဖြင့် မန်ဟို တံတားနှစ်စင်းအား ပေါင်းစည်းနေသည်ကို ကြည့်နေသည့် ပါရာဂွန်ပင်လယ်အိပ်မက်မှတစ်ပါး အခြားမဟုတ်ပေ။

တံတားနှစ်စင်း ထပ်သွားသောအခိုက်အတန့်တွင် တံတားပျက်သည် တုန်ရီလာပြီးနောက် ၎င်းဆန္ဒအလျောက် ၎င်းကိုယ်၎င်း ဖြိုခွဲပစ်လိုက်၏။ ကျီမျိုးနွယ်စု ပိုင်စိုးထားသော မိုးကောင်းကင်ကို မော့ကြည့်မည့်အစား ၎င်းကိုယ်ကိုသာ ဖျက်စီးပစ်လိုက်သည့် လောကသစ်ပင်အတိုင်းပင်။ တံတားသည် စုပ်ယူမခံရအောင် တားဖို့ အားနည်းနေသည်ကို သိ၏။

အခြားတစ်ယောက်သာဆိုလျှင် တံတားအနေဖြင့် ယခုထက် အားနည်းနေလျှင်တောင်မှ တိုက်ခိုက်နိုင်ဦးမည်။ သို့သော် မန်ဟိုကတော့ မတူ။ သူ့တွင် ပါရာဂွန်တံတား၏စိတ်ဆန္ဒနှင့် အင်မော်တယ်လျှောက်လှမ်းခြင်းတံတား၏အသွင် ရှိသည်။ တံတားဝိညာဉ်ကိုလည်း ပိုင်ဆိုင်ထားသည်။ အထူးသဖြင့် မန်ဟို၏ပါရာဂွန်တံတားသည် ... စစ်မှန်သော ဥသျှောင်ပါရာဂွန်တံတားဖြစ်၏။

၎င်းက တံတားပျက် တစ်ခါကရှိခဲ့ဖူးသကဲ့သို့ အမြင့်မြတ်ဆုံးမဟုတ်သော်လည်း ပို၍ပြည့်စုံနေလေသည်။

ထိုသို့ဖြစ်နေမှတော့ တံတားပျက်မှာ မပေါင်းစည်းအောင် မတားနိုင်တော့သည့်အတွက် ၎င်းကိုယ်၎င်း ဖျက်စီးဖို့ ၎င်း၏နောက်ဆုံးလက်ကျန်အရှိန်အဝါကို အသုံးပြုရန် ရွေးချယ်လိုက်တော့သည်။ ၎င်းကား ... အစုပ်ယူခံမည့်အစား အသေသာခံလိမ့်မည်။

“အစုပ်ယူခံမယ့်အစား အသေခံမယ်တဲ့လား ဟမ်... ကောင်းပြီလေ လုပ်လိုက် မင်းကိုယ်မင်း ဖောက်ခွဲပစ်လိုက်။ မင်းသေသွားရင် ငါ့ပါရာဂွန်တံတားက အသစ်ပြန်မွေးဖွားလာဖို့ မင်းနေရာကို ယူလိမ့်မယ်” မန်ဟိုက မာန်သွင်းဟိန်းဟောက်ရင်း လက်နှစ်ဖက်လုံးအား ပါရာဂွန်တံတားအပေါ်သို့ ဖိချလိုက်ရာ တံတားသည် စူးရှတောက်ပလာတော့၏။ တံတားပျက်နှင့်ပေါင်းစည်းဖို့ ကြိုးစားမည့်အစား ပါရာဂွန်တံတားသည် ၎င်းကို စားပစ်လိမ့်မည်။

၎င်းက ၎င်းကိုယ်၎င်း ဘဝအသစ်ပေးဖို့ ရှေးဟောင်းတံတားပျက်ကို ဝါးမြိုပစ်ပေမည်။

အနာဂတ်တွင် တံတားပျက်ဟူ၍ ရှိမည်မဟုတ်တော့။ မန်ဟို၏ပါရာဂွန်တံတားသာ ရှိလိမ့်မည်။

ပါရာဂွန်တံတားက တံတားပျက်၏အကြွင်းအကျန်ပြာများကို အငမ်းမရစားသုံးနေသဖြင့် တဝုန်းဝုန်းမြည်သံများအား ကြားရနိုင်သည်။ ထိုသို့စားသုံးနေစဉ် ၎င်း၏အရှိန်အဝါသည် မိုးနှင့်မြေကို တုန်လှုပ်နေစေရင်း ကြောက်စရာကောင်းလောက်အောင် မြင့်တက်လာ၏။

ပါရာဂွန်တံတားက ဘဝအသစ်ကို အမှန်တကယ် ရရှိသွားလေသည်။ ၎င်းသည် ပုံရိပ်ယောင်သာမဟုတ်တော့ဘဲ ... အစစ်အမှန်အကောင်အထည်ရှိလာခဲ့ပြီ ဖြစ်၏။

၎င်း အစစ်အမှန်ဖြစ်လာသောအခါ ကောင်းကင်ဘုံ ၃၃ ခုသည် တုန်ခါလာပြီး ထိုနေရာရှိ တံတားအားလုံး ပြိုကျကုန်သည်။ အပြင်စကြဝဠာထဲက ရုပ်တုကမ္ဘာထဲရှိ မပြည့်စုံသောတံတားသည်လည်း တုန်ခါပြီး ပြိုကျလာသည်။ ထာဝရတစ်လျှောက်လုံး ၎င်းကား .... ထပ်မံတည်ရှိလာတော့မည်မဟုတ်ပေ။

အင်မော်တယ်အပျက်အစီးများနယ်ထဲတွင် ပါရာဂွန်ပင်လယ်အိပ်မက်၏ နူးညံပျော့ပျောင်းသောအသံက ထွက်လာသည်။

“သူ့မှာ နာမည်ရှိခဲ့ဖူးတယ်” သူမက ပြောသည်။ “နာမည်က မိုးနင်း...”

“အခုကစပြီး” မန်ဟိုက ကြားဖြတ်ပြောသည်။ “သူ့ကို ပါရာဂွန်တံတားလို့ ခေါ်တယ်” သူ့စကားလုံးများက ရိုင်းပျခြင်းမဟုတ်ဘဲ နာမည်အဟောင်းကို မကြားချင်၍သာ ဖြစ်သည်။ သူ ဂရုစိုက်သည့်အရာက လက်ရှိတံတားပင်။ အတိတ်မှတံတားမဟုတ်။

မန်ဟို ချာခနဲလှည့်ရင်း လက်ကို ဝှေ့ယမ်းလိုက်ရာ ပါရာဂွန်တံတားမှ ဝုန်းခနဲမြည်သံတစ်သံအား ထုတ်လွှတ်လိုက်သည်။ အင်မော်တယ်အပျက်အစီးများနယ်တစ်ခုလုံး တုန်ရီနေစဉ် တံတားသည် မှေးမှိန်ပျောက်ကွယ်သွား၏။ မန်ဟိုက လက်ယှက်၍ ပါရာဂွန်ပင်လယ်အိပ်မက်ကို အရိုအသေပေးပြီးနောက် လှည့်ထွက်သွားသည်။

ပါရာဂွန်ပင်လယ်အိပ်မက်က မန်ဟို ထွက်သွားသည်ကို ကြည့်ရင်း ပျံဝဲနေသည်။ သူမမျက်ဝန်းများသည် စိတ်နှင့်ကိုယ်မကပ်နေမှုကို အထင်းသားပေါ်လွင်နေစေ၏။

“ဟိုတုန်းက အစ်ကိုကြီးကိုးတံဆိပ်လည်း ... ဒီလို လွှမ်းမိုးကြီးစိုးခဲ့တယ်.... “

All Chapters