← Chapters

အခန်း (၈)

Vol. 1 Ch. 8

အခန်း (၈)

Vol. 1 Ch. 8

~

အခန်း ၈

~

စာမေးပွဲနီးမှ အတန်းထဲတွင် အဆင့်အောက်ဆုံးသို့ရောက်ရှိသွားလိမ့်မည်ဟု ကောင်းဟောက်ရန်တစ်ယောက် အိမ်မက်ပင် မက်ဖူးလိမ့်မည်မဟုတ်ချေ ။ ပို၍ဆိုးသည်မှာ သူ၏ ညီအကိုကောင်း ကြောင့်ဖြစ်သည် ။

ထို့ကြောင့် လင်းမို့မှာ ကောင်းဟောက်ရန်အား ထုတ်ပြော၍မဖြစ်ပေ ။ ဤသည်က ကောင်းဟောက်ရန်အား တုန်လှုပ်၍ စိတ်ပျက်အားလျော့ သွားစေနိုင်သည် ။

' ညီလေး... ငါမင်းကို ထုတ်မပြောတာ အပြစ်မတင်နဲ့... ဒါမင်းကောင်းဖို့ပဲ... '

လင်းမို့က တွေးလိုက်သည် ။

" အကိုမို့... ဒီနေ့ကျွန်တော် ညကျောင်းကို သွားတော့မယ်... အကိုဒီနေ့မလိုက်နဲ့တော့... "

ကောင်းဟောက်ရန်က ပြောပြီးသည်နှင့် အခန်းအပြင်သို့ ထွက်သွားသည် ။ လင်းမို့အား နေ့တိုင်း အပြင်မှစောင့်ခိုင်းနေရသည်ကို အားနာနေပုံရလေသည် ။

" ဟောက်ရန်... မင်းငါ့ကို အထင်သေးလို့ဒီလိုစကားတွေပြောတာလား... "

လင်းမို့သည် စိတ်ဆိုးဟန်ဖြင့်ပြောလိုက်၏ ။

" ငါမင်းနဲ့ နေ့တိုင်းလိုက်မယ်လို့ ကတိပေးပြီးပြီ... ငါ့ကတိကို ငါတည်ရမယ်... မင်းဒါမျိုးနောက်ထပ်ပြောရင် ငါတို့ဆက်ဆံရေးကို ထိခိုက်လိမ့်မယ်... ငါတို့ဆက်ဆံရေး ရပ်တန့်သွားမှ ငါ့ကိုအပြစ်မတင်နဲ့... "

လင်းမို့က ကောင်းဟောက်ရန်ပြောသည်ကို ပြတ်ပြတ်သားသားငြင်းလိုက်လေသည် ။

' မင်းနဲ့မလိုက်ရင် ငါ့တိုက်ခိုက်ရေးစွမ်းရည်ကို ဘယ်လိုမြှင့်ရတော့မှာလဲ... '

' ခန်းမအပြင်က အကင်ဆိုင်ရဲ့ အကင်တွေ ၊ ဘီယာ တွေ နဲ့ ညနေခင်း လေနုလေအေးလေးတွေကို ဘယ်လိုခံစားရတော့မှာလဲ '

" ကျွန်တော်........ "

ကောင်းဟောက်ရန်က လင်းမို့ တွေးနေသည်ကို မသိဘဲ ကျေးဇူးတင်စွာဖြင့် ကြည့်နေလေသည် ။ သူက ထိမိလွန်းသဖြင့် စကားပင်မပြောနိုင်တော့ ။

' ညီအကိုကောင်းဆိုတာဘာလဲ '

' ဒါညီအကိုကောင်းပဲ '

လင်းမို့၏ မြင့်မြတ်သော စိတ်ထားအပေါ် ကောင်းဟောက်ရန်ရှက်လွန်းလှသဖြင့် သူ့ပါးသူရိုက်ချင်လာသည် ။ သူဒေါသထွက်လာသဖြင့် သူ့ကိုယ်သူအပြစ်တင် မိလိုက်သည် ။

' ငါဘယ်လိုစကားတွေ ပြောထွက်လိုက်တာလဲ '

' အကိုမို့ တော့ငါ့အပေါ်စိတ်ပျက်သွားတော့မှာ '

" ညကျောင်းကိုမြန်မြန်သွားရအောင်... ငါတို့အချိန်တွေကို မဖြုန်းနဲ့ "

ငေးကြောင်နေသော ကောင်းဟောက်ရန်ကို လင်းမို့က ဆော်အောလိုက်သည် ။ သူသည် မနေ့ညက တက်ကြွခြင်းအမှတ် များစွာရရှိခဲ့သည် ။ သူမနေ့ညက ညကျောင်းသို့ရောက်သောအခါ တက်ကြွအညွှန်းကိန်း ၄.၃ ရှိနေလေသည် ။ ထို့ကြောင်မြန်မြန်ရောက်လေလေ အဆင့်မြန်မြန်မြှင့်နိုင်လေလေဖြစ်သည် ။ စက္ကန့်များက အဆက်မပြတ်ရွေ့လျားနေ၍ အချိန်ဖြုန်းတီးလို့ မရပေ ။

ကောင်းဟောက်ရန်က ထိုစကားကြားလျှင် ပို၍ပင်ထိမိသွား၏ ။

' အကိုမို့က ကြင်နာလွန်းတယ်... အမြဲတန်းငါ့အတွက်ပဲ တွေးပေးနေတာ '

" မြန်မြန်...မြန်မြန်...မြန်မြန်... ပြေးပြေးပြေး..."

လင်းမို့သည် တနေကုန် ပျင်းရိနေခဲ့သည် ။ ထို့ကြောင့်သူ့တွင် စွမ်းအင်များစွာ ပြည့်နှက်နေပြီး ညကျောင်းသို့ ပြေးသွားရန် ဆုံးဖြတ်ခဲ့သည် ။

ကောင်းဟောက်ရန်က အလွန်ပင်ပန်းလှပြီ ။ သို့သော် လင်းမို့က သူ့အတွက်တွေးပေးနေသည်ကို စဥ်းစားမိလျှင် အားတင်းကာပြေးတော့သည် ။

ကံကောင်းစွာဖြင့် ညကျောင်းမှာ ဟိုင်ချန်အထက်တန်းကျောင်းမှ တစ်ကီလို နှစ်ကီလိုခန့်သာဝေး၏ ။ သိုင်းအလုပ်သင်များဖြစ်သဖြင့် လျင်မြန်စွာရောက်သွားသည် ။

လင်းမို့က ညကျောင်းအဝင်ဝတွင် ရင်းနှီးသူတစ်ဦးတွေ့လိုက်သည် ။ မနေ့ညက အဖြူရောင်ဝတ်ဆင်ထားသော ကောင်မလေးပင် ။ ယနေ့တွင် သူမက နက်ပြောင်နေသော သိုင်းဝတ်စုံဝတ်ဆင်ထားပြီး ပို၍ပင် သွယ်လျနေပုံရသည် ။ သူမက လင်းမို့ကို တွေ့လျှင် ရွံရှာဟန်ဖြင့် မျက်မှောင်ကြုံ့ ၍ပြောလိုက်သည် ။

" လင်းမို့... နင်ဒီနေ့ ဘာလာလုပ်ပြန်တာလဲ "

လင်းမို့ ဘာမျှပြန်မပြောရမှီပင် သူမ ဂျင်အတွင်းသို့ လှည့်ဝင်သွားသည် ။

" အကိုမို့... ကျန်းရွှယ်နဲ့သိတယ်လား..."

ကောင်းဟောက်ရန် အံ့သြသွား၏ ။

" ကျန်းရွှယ်လား..."

လင်းမို့က ခေါင်းယမ်းလိုက်သည် ။

" သူက နာမည်ကြီးလို့လား... ငါတော့ တစ်ခါမှ မကြားဖူးဘူး... "

" သူက ဟိုင်းချန်ကျောင်းက အလှမယ်လေးယောက်ထဲမှာ နံပါတ်တစ်လေ... အကိုသူ့ကို တစ်ကယ်မသိဘူးလား... ဒါပင်မဲ့ စဥ်စားကြည့်လိုက်တော့လဲ အကိုသူ့ကို သိစရာအကြောင်းမရှိဘူး... "

ကောင်းဟောက်ရန်က အရင်ရှင်းပြလိုက်ပြီးမှ စိတ်လှုပ်ရှားစွာဖြင့်မေးလိုက်၏ ။

" အကိုက သူ့ကို လာချောင်းတဲ့ တဏှာရူးလို့ ထင်နေတာများလား... "

" မင်းသာ တဏှာရူး... "

လင်းမို့၏ မျက်လုံးထဲတွင် ကျောင်းအလှလေးများမရှိဘဲ တက်ကြွအညွှန်းကိန်းများသာ ရှိပေသည် ။

ထိုစဥ် ဂျင်ရုံသို့ လမ်းလျောက်လာသော ကျောင်းသားနှစ်ယောက်မှာ လင်းမို့အားတွေ့လိုက်ရသဖြင့်အထင်အမြင်သေးစွာကြည့်၍ပြောလိုက်၏ ။

" မင်းက ကပ်ဖားတစ်ကောင် ပီသတယ်... ဟမ့်... ဒီအတန်းကိုလာတဲ့ မင်းလိုကောင်တွေကို တဏှာရူးလို့ပဲ ခေါ်ရမယ်... မင်းတို့လို အဝေးကပဲ ငေးကြည့်နေနိုင်တဲ့ကောင်တွေက ဆင့်ီး ခွေးမျှော်နေသလိုပဲ... "

" ငါ....... "

လင်းမို့ ဘာပြန်ပြောရမှန်းပင်မသိတော့ ။

' ဒီကမ္ဘာကြီးက ရှုပ်ထွေးလွန်းတယ် '

' တဏှာရူးများပင်လျှင် ဤရှုပ်ထွေးနေသော အစာကွင်းဆက်တွင် ပါဝင်နေ၏ '

" အကိုမို့... ကျွန်တော် လေ့ကျင့်ဖို့ သွားတော့မယ်... "

ကောင်းဟောက်ရန်က တခဏကြာအနားယူပြီးနောက် သူ၏ခွန်အားများပြန်လည်ပြည့်ဝလာ၏ ။

" ဒါပင်မယ့် အကိုမို့က ​ကြိုးကြိုးစားစား လာအားပေးနေတာ... အကို့ကိုဒီနေ့ ရှယ်ကျွေးမယ်... "

" မလိုပါဘူးကွာ... စာမေးပွဲက ဖျင်နားကပ်နေပြီ... ဒီအချိန်က ငွေအလိုဆုံးပဲ... မင်းကျွေးတာ ငါဘယ်လိုလုပ်စားရက်မှာလဲ... "

လင်းမို့ ဤနေရာသို့ လာရသည်မှာ ကောင်းဟောက်ရန်အား အားပေးရန်မဟုတ် တက်ကြွခြင်းအညွှန်းကိန်းများ ရရှိရန်အတွက်သာဖြစ်၏ ။ ကောင်းဟောက်ရန်အား ရှယ်ကျွေးခိုင်းနေမည်ဆိုပါက သူသည် သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေပေလိမ့်မည် ။

" ဘာမှမဖြစ်ဘူး... ကျွန်တော့ အဖေက အိမ်ရောင်းလိုက်ပြီ... ဒီအချိန်မှာ ငွေရေးကြေးရေး ခြေသလုံးမွှေးပဲ... "

ကောင်းဟောက်ရန်က ရက်ရောစွာပြောလိုက်သည်။

" ဘာ.... "

လင်းမို့ ထိတ်လန့်သွား၏ ။

' သူက အိမ်ကို တကယ်ကြီးရောင်းလိုက်တာလား... '

' သူ မနေ့က အိမ်ရောင်းမယ်လို့ ပြောခဲ့တာ ဒီနေ့တကယ်ရောင်းလိုက်တယ်... '

ဒီလိုပြတ်သားမှု...

တက္ကသိုလ် ဝင်ခွင့်ရရန်စိတ်ပိုင်းဖြတ်ထားမှု...

သူအရင်က ကောင်းဟောက်ရန်အား ဤမျှရဲရင့်လိမ့်မည်ဟုထင်မထားခဲ့ ။

" တက္ကသိုလ် ဝင်ခွင့်မရရင် မင်းဘာဆက်လုပ်မှာလဲ... "

လင်းမို့က စိုးရိမ်တကြီးမေးလိုက်၏ ။ ကောင်းဟောက်ရန်၏ အိမ်ရောင်းရန်အကြံအစီမှာ သူ၏ ဦးနှောက်ဆေးမှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည် ။ အိမ်ကိုရောင်း၍ စျေးကြီးသောဆေးများဝယ်ကာ တက္ကသိုလ်ဝင်ခွင့်မရခဲ့သည်ရှိသော် ကောင်းဟောက်ရန်တစ်ယောက် ဘာဆက်ဖြစ်မည်နည်း ။

" ဝင်ခွင့်မရတော့လည်း ဘယ်တက်နိုင်မှာလဲ... "

ကောင်းဟောက်ရန်၏ အမူအရာမှာ ဆုံးဖြတ်ချက်ကြီးတစ်ခုအား ချလိုက်ရ၍ စိတ်အေးသွားပုံရသည် ။

" အနည်းဆုံးတော့ ကျွန်တော်အကောင်းဆုံး ကြိုးစားခဲ့တာပဲ... အနာဂတ်မှာ နောင်တရစရာ မလိုတော့ဘူးပေါ့... "

" ဒါပေါ့... မှန်တာပေါ့... "

လင်းမို့သည် ကောင်းဟောက်ရန်အား မလေးစားဘဲ မနေနိုင်တော့ ။

" ငါတို့ အကောင်းဆုံးကြိုးစားခဲ့တာပဲ နောင်ကျရင် နောင်တရနေစရာ မလိုတော့ဘူးပေါ့... "

" ကျွန်တော် တက္ကသိုလ် ဝင်ခွင့်မရခဲ့ရင် သိုင်းပညာလမ်းကြောင်းကို စွန့်လွှတ်လိုက်တော့မယ်... "

ကောင်းဟောက်ရန်၏ အတွေးများမှာ သူမသိလိုက်ဘဲ ဒဿနအမြင်များအဖြစ် ကူးပြောင်းသွား၏ ။

" အဲ့ဒါဆိုရင်တော့... ကျွန်တော့မိသားစုပိုင်တဲ့ အိမ်လေး အလုံး ငါးဆယ်ကိုပဲ အိမ်ငှားခလေးကောက်ပြီးတော့ ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ ဖြတ်သန်းရုံပဲ တက်နိုင်တော့မှာပေါ့... "

" ဖူးးးးး..... "

လင်းမို့၏ ရင်ဘက်အတွင်း ရုတ်တရပ် တင်းကြပ်လာပြီး သွေးများပင် အန်ထွက်ချင်လာ၏ ။

' ငါ.....'

' ငါ..........'

' ငါ............. '

" သူဌေး...... "

လင်းမို့ အကင်ဆိုင်အတွင်းသို့ ပြေးဝင်၍ အော်လိုက်၏ ။

" ဒီဆိုင်မှာ စျေးအကြီးဆုံး ဘာရှိလဲ... king crab ရှိလား... ဒီနေ့ ဘီယာမသောက်တော့ဘူး ဝိုင်နီပဲ သောက်တော့မယ်... 82 ရှိလား... "

" ငါမင်းပိုက်ဆံအိတ်ပြောင်အောင်စားပြစ်မယ်... "

ညသန်းခေါင်ရံအချိန်....

တိုက်၏ ဓာတ်လှေကားအတွင်း လင်မို့နှင့် လျှိူရှားတို့ ဆုံမိကြပြန်သည် ။ လျှိူရှားမှာ လမ်းပင် တည့်တည်မတ်မတ် မလျောက်နိုင်တော့ပေ ။ သူ၏ ခွန်အားအားလုံးကို လေ့ကျင့်ရာတွင်သုံးစွဲထားပုံရ၏ ။

လင်းမို့သည် ထိုမြင်ကွင်းအားကြည့်၏ ဤမျှကြိုးစားသော ကျောင်းသားများအား ရှုံးနိမ့်ခဲ့မှုအပေါ် လက်မခံနိုင်စရာမရှိဟု ရုတ်တရပ်ခံစားလိုက်မိလေသည် ။ အညှာအတာမရှိ ကြိုးစားသောသူများမှာ များလွန်းလှပေသည် ။

" မင်းအနားယူဖို့ လိုနေပြီ..."

လင်းမို့သည် မနေနိုင်တော့ဘဲ သူ့အားသတိပေးလိုက်၏ ။

" ငါသူငယ်ချင်းတွေနဲ့ သောက်ပြီးပြန်လာတာ... ငါသောက်တာနဲနဲများသွားလို့ မူးမှောက်ပြီး အိမ်ပြန်နောက်ကျနေတာ... "

လျှိူရှားက ပြောလိုက်၏ ။

လင်းမို့ မယုံပေ ။

' အရက်မူးနေတဲ့ လူတစ်ယောက်က ဒီလိုအားနည်းပြီး ပင်ပန်းနေမှာလား... '

' အရက်မူးလာတဲ့သူဆို ငါ့လိုဖြစ်နေမှာပေါ့... '

လင်းမို့ ခေါင်းကိုတိတ်တဆိတ် ခါလိုက်၏ ။ လျိူရှားလိုလူတစ်ယောက်၏ အတွေးများမှာ ရှုပ်ထွေးလွန်းလှသည် ။

' မင်းကြိုးစားနေဆို ကြိုးစားနေတယ်ပေါ့... '

' မင်းနဲနဲလောက်ရိုးသားလို့မရဘူးလား... '

သူ ပြင်းပြင်းထန်ထန် လေ့ကျင့်လာသည်မှာ ရှင်းလင်းနေသော်လည်း ဝန်မခံချေ ။ ကြိုးကြိုးစားစားလေ့ကျင့်နေသည်မှာ ရှက်စရာ မဟုတ်ပေ ။

ထိုအချိန် ဓာတ်လှေကား တံခါးမှာ ပွင့်သွား၏ ။ မျက်နှာပြင်ပေါ်ရှိ ကြော်ညာမှာ ပြသနေတုန်းပင် ။

" ငါ့ကျောက်ကပ်က အလုပ်ပို လုပ်ရလျှင် ဘာဖြစ်နိုင်လဲ... "

All Chapters