← Chapters

အခန်း (၉)

Vol. 1 Ch. 9

အခန်း (၉)

Vol. 1 Ch. 9

~

အခန်း ၉

~

" အဖေနဲ့ အမေ မအိပ်ကြသေးဘူးလား..."

သူအိမ်ပြန်ရောက်သောအခါတွင် ဧည့်ခန်းအတွင်းမီးများဖွင့်ထားတုန်းပင် ။

လင်းမို့အနည်းငယ်ရှက်သွား၏ ။ သူအပြင်တွင် ပျော်ပါးသောက်စားနေသောအချိန်တွင် သူ၏မိဘများမှာ မအိပ်ကြသေးဘဲ ထိုင်စောင့်နေကြပေသည် ။

သို့သော်လည်း လင်းမို့တွင် ရွေးချယ်စရာမရှိ ။ ကြိုတင်ပြင်ဆင်မှုအတန်းမှရသော တက်ကြွအညွှန်းကိန်းများမှာ မြင့်မားလှပေ၏ ။ သူမနေ့က ခဏကြာထိုင်နေယုံဖြင့်ပင် တိုက်ခိုက်ရေးစွမ်းရည် အဆင့်နှစ်သို့ရောက်ရှိသွားခဲ့သည် ။ ယနေ့တွင် အဆင့်သုံးသို့ မရောက်ရှိခဲ့သော်လည်း အဆင့်နှစ်၏ အကန့်အသတ်သို့ ရောက်ရှိနေလေပြီ ။ သူမနက်ဖြန်တွင် အဆင့်သုံးသို့ရောက်ရှိနိုင်မည်ဖြစ်သည် ။

တိုက်ခိုက်ရေးစွမ်းရည်မှာ လက်သီးပြင်းအားထက် တိုးတက်ရန် ခက်ခဲသည် ။ ဥပမာအားဖြင့် သိုင်းပညာရှင်တစ်ယောက်ဖြစ်လိုလျှင် လက်သီးပြင်းအား ၁၂၀၀ ကီလို ကျော်ရုံသာမက တိုက်ခိုက်ရေးစွမ်းရည် အဆင့်သုံးသို့ ရောက်ရှိရမည် ။ တိုက်ခိုက်ရေးစွမ်းရည် အဆင့်သုံးသို့ မရောက်လျှင် သိုင်းပညာရှင်တပိုင်းအဆင့်သာ သတ်မှတ်ရမည်ဖြစ်ပေသည် ။

ဟိုင်းချန် အထက်တန်းကျောင်း၏ တတိယနှစ်တွင် သိုင်းပညာရှင်တပိုင်းအဆင့် များစွာရှိသည် ။ လင်းမို့၏အခန်းတွင်ပင် ငါးယောက်ရှိလေသည် ။ သို့သော် ကျောင်းတွင် အစစ်အမှန်သိုင်းပညာရှင်မရှိပေ ။ လက်သီးပြင်းအား ၁၄၀၀ ကီလို နီးပါးရှိသော အထူးပါရမီရှင်များပင်လျှင် သိုင်းပညာရှင်တပိုင်းအဆင့်သာဖြစ်၏ ။ ဤသည်က တိုက်ခိုက်ရေးစွမ်းရည်အဆင့်သုံးသို့ ရောက်ရန် မည်မျှခက်ခဲကြောင်းသိနိုင်ပေသည် ။

လင်းမို့သည် အသားကင်ဆိုင်တွင် အသားကင်စားရင်း တိုက်ခိုက်ရေးစွမ်းရည်အဆင့်သုံး၏ တံခါးဝကို ကန်ဖွင့်နိုင်တော့မည်ဖြစ်သည် ။ ထို့ကြောင့် သူနေ့တိုင်း အသားကင်ဆိုင်သို့သွားမှ ဖြစ်ပေမည် ။ သူ၏မိဘများအပေါ် အားနာမိသော်လည်း အသားကင်ဆိုင်သို့ မသွား၍မဖြစ် ။

" အဖေနဲ့ အမေ... သားဒီရက်ပိုင်း အိမ်ပြန်နောက်ကျမှာမလို့ စောင့်မနေကြနဲ့..."

အဖေလင်းက လင်းမို့၏စကားအား လျစ်လျူရှု၍ မေးလိုက်၏ ။

" မင်းဒီနေ့ ပိုသောက်လာတယ်မလား... မင်းဆီက အနံ့တော်တော်ပြင်းနေတယ်... "

" အာ... သားဒီနေ့သောက်တာ နဲနဲများသွားတယ်... "

လင်းမို့က ရိုးရိုးသားသားပြန်ဖြေလိုက်သည် ။ ယနေ့ ကောင်းဟောက်ရန် ကျွေးသည်ဖြစ်ရာ ဗိုက်တင်းသည်အထိ စားခဲ့လေသည် ။

" ဟူးးးးးး.... "

အဖေလင်းက ဤသည်ကိုကြားလျှင် သက်ပြင်းအရှည်ကြီးချလိုက်၏ ။

" ငါ့သား... မင်းကောလဟာလတွေကြောင့်ဖိအားအရမ်းများနေတယ်ဆိုတာ အဖေသိတယ်... ဒါပင်မဲ့ မင်းနေ့တိုင်းသောက်နေလို့တော့ မဖြစ်ဘူး... "

" အာ..... "

လင်းမို့သည် သူ၏မိဘများ နားလည်မှု တဖန်လွဲသွားပြန်သည်ကို သိလိုက်၏ ။

' ဖိအားလား... '

' သူနေ့တိုင်း ဘာမှမလုပ်ဘဲအဆင့်တက်နေသည်ဖြစ်ရာ ဖိအားက အဘယ်ကလာမည်နည်း... '

သို့သော်လည်း လင်းမို့သည် ယခုအချိန်တွင် သူ၏မိဘများအား ရှင်းမပြနိုင်သည်ဖြစ်ရာ ကောလိပ်ဝင်ခွင့်စာမေးပွဲရောက်မှသာ အံ့အားသင့်စေတော့မည် ။ ထိုအချိန်တွင် အမေလင်းက ထ၍ အအေးခံသံ သေတ္တာတစ်ခု ထုတ်ယူလိုက်သည် ။

" ဒါက... "

လင်းမို့က အတွင်းရှိအရာကို ခန့်မှန်းမိ၍ အနည်းငယ် ထိတ်လန့်သွား၏ ။

" မို့လေး... ဒါယူပြီး သောက်လိုက်... "

အမေလင်းက သေတ္တာလေးအားဖွင့်လိုက်ရာ အတွင်းတွင် ဆေးပုလင်းတစ်ခုပါလေသည် ။

" အဖေနဲ့ အမေ... ဒီဟာ ဘယ်လိုရလာတာလဲ... "

အရိုးရှင်းဆုံးဆေးများပင် သာမန်ဆိုင်များတွင် ဝယ်၍မရပေ ။ အချို့မှောင်ခိုလမ်းကြောင်းများမှသာ ဝယ်ယူနိုင်ပြီး စျေးအလွန်ကြီးပေသည် ။

" မင်းဒီအချိန်အထိ ကြိုးစားလာခဲ့ပြီးမှ ကောလိပ်ဝင်ခွင့်မရရင် နှမြောစရာကောင်းတယ်... ဒါပင်မဲ့ မင်းအဖေနဲ့အမေက လုပ်နိုင်တာ နဲနဲပဲရှိတော့ ရိုးရိုးဆေးပဲ တက်နိုင်တယ်... မင်းအတွက်အများကြီး အထောက်အကူမဖြစ်ဘူးဆိုပင်မယ့် ရက်နဲနဲစာ ကြိုးစားသလောက်တော့ ရှိမှာပေါ့... ယူသွားပြီး ဘယ်လောက်ထိရောက်မလဲ သောက်ကြည့်လိုက်... "

အဖေလင်းကပြောလိုက်၏ ။

လင်းမို့က ဆေးပုလင်းအားကိုင်၍ တိတ်ဆိတ်သွားသည် ။ သူ၏ တိုးတက်နှုန်းအရ သာမန်ဆေးများမှာ များစွာအကျိုးမရှိပေ ။ သို့သော်လည်း ဤဆေးပုလင်းလေးမှာ ကီလိုငါးရာလောက်လေးသည်ဟုပင် ခံစားမိလိုက်ချေသည် ။

" အဖေနဲ့အမေ စိတ်မပူပါနဲ့... သားသေချာပေါက် ဝင်ခွင့်အောင်စေရမယ်... "

လင်းမို့ လေးနက်စွာပြောလိုက်၏ ။ သူ၏ နှလုံးသားအတွင်းမှ တိတ်တခိုးရေရွတ်လိုက်သည် ။

'သားသေချာပေါက် ရှားနိုင်ငံက အကောင်းဆုံးတက္ကသိုလ်တက်နိုင်စေရမယ်... '

လင်းမို့ စိတ်အားတက်ကြွလာသည်ကိုမြင်မှ ဖေဖေလင်းနှင့်မေမေလင်း စိတ်သက်သာရာရ၍ ပြုံးနိုင်တော့သည် ။

လင်းမို့ရေချိုးပြီးသည်နှင့် အအေးခံသေတ္တာအတွင်းမှ ဆေးပုလင်းကို ထုတ်လိုက်သည် ။ ဆေးမှာစျေးအလွန်ကြီးပြီး သူ၏မိဘမှာ များစွာအားထုတ်ခဲ့ရသည်ကိုသိ၍ တုံ့ဆိုင်းမနေဘဲ မော့သောက်လိုက်၏ ။ သူကောလိပ်ဝင်ခွင့်စာမေးပွဲတွင် ခွန်အားပြနိုင်ခဲ့လျှင် အနာဂတ်တွင် သူ့မိသားစု ငွေရေးကြေးရေးပူစရာလိုမည်မဟုတ်ပေ ။ အိပ်ရာပေါ်တွင်လဲလျောင်းရင်း ဆေးအာနိသင်ကို စောင့်ဆိုင်းနေလိုက်သည် ။

စနစ်မျက်နှာပြင်ကြောင့် သူ၏လက်သီးပြင်းအားတိုးနှုန်းကို မြင်နေရပေသည်။

" တစ်နာရီကို ၆.၅ ကီလိုနှုန်းတောင်ပါလား..."

လင်းမို့အနည်းငယ်အံ့သြသွား၏ ။ ၆.၅ ကီလိုတွင် ၀.၈ ကီလိုမှာ စနစ်ကြောင့်ဖြစ်ရာ ဆေးအာနိသင်မှာ တစ်နာရီလျှင် ၅.၇ ကီလိုနှုန်းဖြစ်သည် ။

" ဒီဆေးက သိပ်မရိုးဘူး... အဖေယူလာတာ သာမန်ဆေးမဟုတ်ဘူးထင်တယ်... "

လင်းမို့မှာ ပို၍ပင် ခံစားသွားမိချေသည် ။ ဤသို့ဆေးမျိုးရဖို့ဆိုရန်မှာ သူ၏မိဘများကဲ့သို့သာမန်လူများအဖို့ အလွန်ခက်ခဲလှပေသည် ။ နှစ်နာရီကြာလျှင် ဆေးအာနိသင်ကုန်ဆုံးသွားပြီး သူ၏လက်သီးပြင်းအားမှာ ၁၁.၄ ကီလို တိုးလာသည် ။

လင်းမို့၏ လက်သီးပြင်းအားမှာ ၁၀၀၀ ကီလိုအမှတ်သို့ ဖြတ်ကျော်သွားသည် ။

" ဒါလက်သီးပြင်းအား တစ်ထောင်ကျော်ပဲ... "

လင်းမို့မှာ အိမ်မက် မက်နေသလိုပင် ခံစားမိ၏ ။ စနစ်ဖြင့် ချိတ်ဆက်မိသည်မှာ တစ်ရက်ကျော်သာရှိသေးသော်လည်း လက်သီးပြင်းအားမှာ တစ်ထောင်ကျော်၍ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆင့်သုံးနား ကပ်နေလေပြီ ။ ဤသည်မှာ သူ့ဘဝတစ်လျောက် အိမ်မက် မက်ခဲ့သည့်အရာပင် ။

ထို့အပြင် လင်းမို့သည် ထိပ်တန်းတက္ကသိုလ်တစ်ခုသို့ ဝင်နိုင်ခဲ့လျှင် ပတ်ဝန်းကျင်၏ ပါဝင်ပက်သက်မှုအညွှန်းကိန်းမှာ ပို၍ပင်တိုးလာပေလိမ့်မည် ။ ထိုအချိန်တွင် သူ၏တိုးတက်နှုန်းမှာ ပို၍ပင်မြန်ဆန်လာမည်ပင် ။

" အာ.... "

လင်းမို့ ရုတ်တရပ်ပြဿနာတစ်ခု သတိထားမိသွား၏ ။

" ဆေးသောက်တာက တက်ကြွအညွှန်းကိန်းကို မထိခိုက်ဘူးထင်တယ်... "

ပျင်းရိခြင်းစနစ်မှာ အဆင့်တက်ရန် ဘာမှမလုပ်ဘဲနေရပေမည် ။ လင်းမို့ ကြိုးစားလိုက်လျှင် ပြစ်ဒဏ်အဖြစ် စနစ်ယာယီပိတ်သွား၏ ။ သို့သော်စနစ်သည် ဆေးများအား ကြိုးစားသည်ဟု သတ်မှတ်ပုံမရပေ ။

' ငါပျင်းနေတုန်း ဆေးသောက်နိုင်ရန် အဆင့်တက်ပိုမြန်လာတော့မှာပေါ့... '

စနစ်၏အဆင့်တက်နှုန်းမှာ မြန်သော်လည်း ပိုမြန်ရလျှင်ပိုကောင်းပေသည် ။ သူသည် ဂြိုလ်ပြာပေါ်တွင် အဆင့်တက်အမြန်ဆုံးသူဖြစ်လာပေတော့မည် ။

" ဟူးးး... ဒါပင်မယ့် အဆင့်မြင့်ဆေးတွေက ရဖို့မလွယ်ဘူး... "

လင်းမို့က သက်ပြင်းချ၍ အခန်းထောင့်ရှိ စားပွဲပေါ်သို့ကြည့်လိုက်သည် ။ ထိုနေရာတွင် သနျု့စငျသော အနက်ရောင်သတ္တုဖြင့်ပြုလုပ်ထားသော နည်းပညာမြင့် ခေါင်းဆောင်းတစ်ခုရှိ၏ ။

" ငါသာ အဆင့်မြင့်ဆေးတွေများများရဖို့ နည်းလမ်းတစ်ခု ရှာနိုင်ခဲ့ရင်.... "

လင်းမို့ချက်ချင်းထရပ်လိုက်သည် ။

ထိုအချိန်တွင်... လင်းမို့၏ အပေါ်ထပ်ရှိ အခန်းတွင် လျှိုရှားသည် တုန်လှုပ်ချောက်ချားနေသော အမူအရာဖြင့် အအေးခံသတ္တာတစ်ခုကို ဖွင့်နေ၏ ။ ထိုသေတ္တာအတွင်းတွင် သွေးရောင်နီမြန်းနေကာ အန္တရာယ်ရှိမည့်အသွင်ပေါ်နေသော ပုလင်းတစ်လုံးရှိနေပေသည် ။

" ငါ့က တက္ကသိုလ် ဝင်ခွင့်ရနိုင်ပင်မယ့် အမှိုက်ကျောင်းတွေကိုပဲ တက်နိုင်လိမ့်မယ်... ဒီဆေးသာအောင်မြင်မယ်ဆိုရင် အဓိကတက္ကသိုလ်တွေတောင် ဝင်ခွင့်ရချင်ရလိမ့်မယ်... "

လျှိုရှား၏ အမူအရာမှာ ပို၍ပင် ဆုံးဖြတ်ချက်ခိုင်မာလာသည် ။

" ငါလောင်းမယ်... ငါလျှိုရှားက အလယ်အလတ်သိုင်းပညာရှင်တစ်ယောက်ပဲဖြစ်ချင်တာမဟုတ်ဘူး... ငါအောင်မြင်ရင် ငါကောင်ကင်ပေါ် ပျံသန်းနိုင်လိမ့်မယ်... "

All Chapters