← Chapters

လက်တစ်ဖက်ကို ချိုးဖျက်မည့် ခြေတစ်လှမ်း

Vol. 130 Ch. 1787

လက်တစ်ဖက်ကို ချိုးဖျက်မည့် ခြေတစ်လှမ်း

Vol. 130 Ch. 1787

ဝမ်လင်းသည် နောက်ဆုတ်နေသော ရေဗိုလ်ချုပ်ကို လစ်လျူရှုထား၏။ သူက မျက်လုံးမှိတ်၍ သူ ရရှိခဲ့သော စကြဝဠာရေစက်ကို တဖြည်းဖြည်း ခံစားကြည့်နေသည်။

သည်ရှစ်ခုမြောက်အနှစ်သာရမှာ ရေအနှစ်သာရ ဖြစ်၏။ သို့သော် ဝမ်လင်းမှာ ဝမ်လင်း၏ခန္ဓာကိုယ်တွင်း၌ ပြီးပြည့်စုံခြင်း မရှိသေးပေ။ မီးအနှစ်သာရကဲ့သို့ပင် ၎င်းသည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ဖို့ အကြိမ်များစွာ ပေါင်းစည်းရအုံးမည်။

ဤသည်မှာ ဆန်းကြယ်သိမ်မွေ့နှင့်အထည်ဒြပ် အနှစ်သာရများကြား ကွာခြားချက် ဖြစ်သည်။ သိမ်မွေ့ဆန်းကြယ်အနှစ်သာရများသည် ပြီးပြည့်စုံစေဖို့ နားလည်မှုဉာဏ်အလင်းသာ လိုသည်။ သို့သော် ထိုနားလည်မှုက ပို၍ ခက်ခဲသေးသည်။ ထိုအချက်ကို ဝမ်လင်း၏ သေခြင်းရှင်ခြင်း၊ ကံမ္မ၊ အမှန်အမှားအနှစ်သာရများတွင် မြင်နိုင်ပေသည်။

ခြုံပြောရလျှင် အထည်ဒြပ်အနှစ်သာရများက နားလည်ဖို့ ပို၍ လွယ်ကူ၏။ ဝမ်လင်း၏မီးနှင့်မိုးကြိုး အနှစ်သာရများသည် မျိုးစေ့တစ်ခုသာ လိုခဲ့၏။ ထို့နောက် သူက ၎င်းကို အနှစ်သာရ ပြည့်ပြည့်စုံစုံ ပေါ်လာသည့်အထိ အားဖြည့်ပေးခဲ့ရသည်သာ ရှိသည်။

ခုချိန်၌ ဝမ်လင်းထံတွင် ရေအနှစ်သာရ ပိုင်ဆိုင်နေပေပြီ။ သည်အနှစ်သာရနှင့်ဆိုပါက သူသည် တဖြည်းဖြည်းချင်း ၎င်းကို ပြီးပြည့်စုံခြင်းသို့ ရောက်အောင် လုပ်နိုင်မည်။

အနှစ်သာရများသည် ပြီးပြည့်စုံဖို့ ခက်ခဲလှ၏။ အနှစ်သာရမျိုးစေ့ကို ဖန်တီးခြင်းက သာ၍ ခက်ခဲသေးသည်။ ဝမ်လင်းသည် ရှေးဟောင်းမိုးကြိုးနှင့် ပြန့်ကြဲမိုးကြိုးကလန်မှ ထာဝရမိုးကြိုးတို့ကို ဝါးမြိုခဲ့ခြင်း မရှိပါက သူ၏ မိုးကြိုးအနှစ်သာရမှာ ပေါ်လာလိမ့်မည် မဟုတ်ပေ။

မီးအနှစ်သာရမှာလည်း အလားတူသာ။ သူသာ ဟင်္သာငှက်ကို အကြိမ်များစွာ နိုးထစေနိုင်ခြင်း မရှိပါက မီးမျိုးစေ့ကို ရရှိလာခဲ့မည် မဟုတ်ပေ။

ခုချိန်၌ စကြာဝဠာရေစက်က ရှေးဟောင်းမိုးကြိုးနဂါးနှင့် ထာဝရမိုးကြိုးကဲ့သို့ ဖြစ်၏။ ၎င်းက ဝမ်လင်းကို ရေမျိုးစေ့အား ပေးစွမ်းခဲ့လေပြီ။

ထို့ကြောင့်လည်း ဝမ်လင်းက စိတ်လှုပ်ရှားနေရခြင်းပင်။

မြေစိတ်ဝိညာဉ်ကိုမူ ဝမ်လင်းက မြေအစီအရင်ကနေ စုပ်ယူခဲ့၏။ သို့သော် ၎င်းမှာ မြေမျိုးစေ့ရဖို့ အတော်အလှမ်းဝေးသေးသည်။ အကယ်၍ သည်နေရာ၌ မြေချပ်ဝတ်နှင့် တစ်စုံတစ်ယောက်က သူနားလည်ဖို့ မြေအနှစ်သာရကို ဖော်ထုတ်ပါက ထိုမျိုးစေ့ ပေါ်လာကောင်း ပေါ်လာနိုင်သည်။

သည်လိုအရာမျိုးက ဝမ်လင်း ဆန္ဒရှိသည့်အရာသာ ဖြစ်ပြီး အတင်းအကြပ် လုပ်ယူ၍ မရနိုင်ပေ။ ဝမ်လင်းက ထိုအချက်ကို ကောင်းကောင်း သဘောပေါက်သည်။

ရေမျိုးစေ့ထံမှ အသက်ဓာတ်ကို ခံစားကြည့်နေလျက် ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ ရေဗိုလ်ချုပ်ထံ ကြည့်နေသော သူ၏အကြည့်မှာ အေးစက်မနေတော့ဘဲ တည်ငြိမ်နေ၏။

ဝမ်လင်း မျက်လုံးဖွင့်လာသည့်အခိုက်၌ ရေဗိုလ်ချုပ်က တုန်လှုပ်နေရာကနေ သတိဝင်လာ၏။ သူက နောက်သို့ အသည်းအသန် ဆုတ်သည်။ ခြေလှမ်းခုနစ်လှမ်းခန့် လှမ်းပြီးနောက် သူက ထွက်ပြေးရန် ဟန်ပြင်တော့သည်။

သို့ပေမည့် သူက ဝမ်လင်းအတွက် များစွာအကျိုးရှိစေလေရာ သူက ထိုသူ့ကို မည်သို့ လွှတ်ပေးပါ့မည်နည်း။  ဝမ်လင်းက သူ့ညာလက်ကို ရှေ့သို့ ဆန့်ထုတ်၏။ ဧရာမလက်တစ်ဖက် လေဟာနယ်အတွင်းမှ ထွက်ပေါ်လာသည်။ ထိုလက်က နောက်ဆုတ်နေသော ရေဗိုလ်ချုပ်ကို ဖမ်းချုပ်လိုက်၏။

ရေဗိုလ်ချုပ်က  ရုန်းကန်နေစဉ် ဝမ်လင်းက သူ့ညာလက်ကို ပြန်ရုတ်သိမ်းရာ ထိုဧရာမလက်က သူ့ထံ ရေဗိုလ်ချုပ်ကို ဆွဲခေါ်လာချေသည်။

ဝမ်လင်း၏ ညာလက်ညှိုးဆန့်ထွက်ကာ ထိုသူ၏မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်၏။ ရေဗိုလ်ချုပ်၏မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့တွသွားကာ ခြောက်ခမ်းတော့မည့် မီးအိမ်တစ်ခုနှယ် ဖြစ်သည်။ သူအသက်ဓာတ်အားနှင့် စိတ်ဝိညာဉ်တို့မှာ သူ့ချပ်ဝတ်နှင့် ပေါင်းစပ်ထားနှင့်ပြီး ဖြစ်၏။

သူက ချပ်ဝတ်၏စွမ်းအားကို ငှားယမ်းသလို ယင်းချပ်ဝတ်ကလည်း သူ့အား ပြန်လည်အသုံးပြုထားသည်ပင်။ ထိုပတ်သတ်မှုက အချိန်အတန်ကြာ ဒီအတိုင်း ရှိနေခဲ့၏။ သို့သော် ခုချိန်၌ ရေဗိုလ်ချုပ်သည် အားနည်းသွားပြီ ဖြစ်၍ အခြေအနေမှာ ဆိုးရွားသွားလေပြီ။

ချပ်ဝတ်က သူ၏အသက်ဓာတ်အားလက်ကျန်ကို စုပ်ယူလိမ့်မည်။

ဝမ်လင်း၏လက်ချောင်း ဝင်ရောက်လာသည့်အခါ  သူ့ထံမှ ပြင်းထန်သောအားတစ်ခု ထိုးထွက်ပြီး ရေဗိုလ်ချုပ်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သည်။ ၎င်းအားက ရေဗိုလ်ချုပ်၏ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ချပ်ဝတ်ထံမှ ခွာထုတ်ပေးသည်။

“မင်းက ငါ့ကို ရေမျိုးစေ့ လက်ဆောင်ပေးခဲ့မှတော့ ငါ မင်းကို မသတ်တော့ဘူး။ ငါ မင်းကို တစ်ကြိမ်တော့ ကယ်တင်ပေးလိုက်မယ်။ ဒါဟာ ငါ့ရဲ့ စည်းမျဉ်းပဲ…”

ဝမ်လင်းက သူ့လက်ကို ပင့်မြှောက်လိုက်၏။

ရေဗိုလ်ချုပ်ပတ်လည်ရှိ ချပ်ဝတ်သည် တုန်ယင်ကာ အတင်းအကြပ် ဖယ်ထုတ်ခြင်း ခံရသည်။ အစိတ်အပိုင်းများစွာ အဘက်ဘက်သို့ ပြန့်ကြဲသွား၏။

ထိုအစိတ်အပိုင်းများက လွင့်ထွက် ပြန့်ကြဲသွားသော်လည်း ချပ်ဝတ်၏ အစိတ်အပိုင်းတစ်ခုချင်းစီ၌ ရေဗိုလ်ချုပ်နှင့် ချိတ်ဆက်နေရာ သူ့သွေးများပါဝင်နေသေးသည်။ခုလက်ရှိ၌ ရေဗိုလ်ချုပ်သည် ကြက်သီးဖြန်းဖြန်းထမိနေ၏။

ထိုကြောက်မက်ဖွယ်မြင်ကွင်းက ကောက်ရီကလန်၏ ကျင့်ကြံသူအားလုံး၏အာရုံကို စွဲဆောင်သွားသည်။ ထိုမြင်ကွင်းကို တွေ့မြင်သည့်အခါ သူတို့၏စိတ်ထဲ၌ အေးခနဲစိမ့်ခနဲ ဖြစ်မိသည်။

“ရေဗိုလ်ချုပ်ရဲ့ ချပ်ဝတ်ဟာ ဖယ်ရှားခံလိုက်ရပြီ…”

တစ်ချိန်တည်းမှာ ရေဗိုလ်ချုပ်ထံမှ နာကျင်စွာအော်သံများ ထွက်ပေါ်လာသည်။ ထိုနာကျင်မှုက သူ့ကို သတိလစ်မိ မတတ် ဖြစ်စေ၏။ သို့သော် သူက သတိလစ်သွား၍ မဖြစ်သဖြင့် နာကျင်မှုကို တောင့်ခံနေရသည်။ သို့ပေမည့် သူက ဝမ်လင်းသည် သူ့ကို နှိပ်စက်ခြင်းမဟုတ်ဘဲ ကယ်တင်ပေးလိုက်ခြင်း ဖြစ်သည်ကို သိသည်။

ဝမ်လင်းကသာ ထိုချပ်ဝတ်ကို မချွတ်ပစ်ပါက သူသည် သံသယမရှိ သေဆုံးရလိမ့်မည်။ တကယ်တော့ သူက စွမ်းအားအများအပြား သုံးစွဲခဲ့ပြီး ဖြစ်သည်။ ဝမ်လင်းကို သတ်ဖို့အတွက် သူ ချပ်ဝတ်ထံမှ ခံနိုင်သောစွမ်းအားထက် ပို၍ အလွန်အကြူး သုံးစွဲပစ်ခဲ့ပြီးပင်။ သူက ဝမ်လင်းကို သန့်စင်နိုင်ခဲ့လျှင်ပင် သူသည် ရေစက်ကို စုပ်ယူပြီးပါက အဆင်ပြေအုံးမည်။ သို့ပေမည့် သူက အခုလိုအနေအထားနှင့် အဆုံးသပ်ခဲ့ရလေပြီ။

ဝမ်လင်း၏အမူအရာက အလေးအနက် ဖြစ်လာ၏။ သူက ရေဗိုလ်ချုပ်ကို စိုက်ကြည့်နေသည်။ သူ၏မျက်လုံးက ချပ်ဝတ်ကို ဖြေလျှော့ပေးလိုက်ချိန်၌ စတင် တောက်ပသည်။ ခဏအကြာတွင် သူ့ညာလက်ကို ပင့်မြှောက်လိုက်ရာ သွေးဓား ပေါ်လာသည်။ ၎င်းက ပျံသန်းထွက်ကာ ရေဗိုလ်ချုပ်နှင့်ချပ်ဝတ်ကြား ချိတ်ဆက်နေသော အနီရောင်အစင်းကြောင်းများကို ဖြတ်တောက်ပစ်လိုက်သည်။

တစီစီအသံများ ထွက်ပေါ်ကာ ရေဗိုလ်ချုပ်နှင့် ချိတ်ဆက်ထားသော အစင်းကြောင်းများအားလုံး တစစီဖြစ်၍ ချပ်ဝတ်အစိတ်အပိုင်းများထံ ပြန်ရောက်ရှိလေသည်။

ထိုချပ်ဝတ်က ရေဗိုလ်ချုပ်ထံကနေ လုံးဝ ကွာထွက်သွားပြီ ဖြစ်၏။  ပြန့်ကြဲသွားပြီးနောက် ထိုအစိတ်အပိုင်းများသည် တဖြည်းဖြည်း စုဝေးကာ ချပ်ဝတ်သည် ပြန်ဖွဲ့တည်သည်။ သို့ပေမည့် ၎င်းပေါ်၌ အက်ကြောင်းများစွာ ရှိနေပြီ။ ၎င်းက မြေပြင်ထက်သို့ ပြုတ်ကျသွားသည်။

ထိုချပ်ဝတ်က အပြာရောင်ရေအလင်းကို ထုတ်လွှတ်လို့နေသည်။ ထိုအလင်းထံမှ လှံတစ်လက် ပေါ်လာကာ ချပ်ဝတ်၏လက်ပုံစံနှစ်ဖက်ထံ ကျရောက်သည်။

ထိုချပ်ဝတ် ယူဆောင်ခြင်း ခံလိုက်ရသည့်နောက် ရေဗိုလ်ချုပ်က သွေးများစွာ အန်ထုတ်လိုက်ရသည်။ သူ့ခန္ဓာကိုယ်မှာ နောက်သို့ တရွတ်ဆွဲသွားရင်း အလွန်အားနည်းသွားလေပြီ။ သူက ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် လှမ်းကြည့်သည်။

ဝမ်လင်းက ချပ်ဝတ်ကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “မင်း သွားနိုင်ပြီ။ ငါ မင်းကို မသတ်တော့ဘူး…”

ရေဗိုလ်ချုပ်က အနည်းငယ် စဉ်းစားကာ တစ်ခုခု ပြောလိုဟန်ဖြင့် ပါးစပ်ဟသည်။ သို့သော် အဆုံးသပ်၌ သူက ဘာမျှ မပြောခဲ့ပေ။ သူက မောပန်းစွာဖြင့် နောက်သို့ ခြေလှမ်းကာ သည်ရေအစီအရင်ထံမှ ပျောက်ကွယ်သွားတော့သည်။

ဝမ်လင်းက သူ့ညာလက်ဖြင့် ချပ်ဝတ်ထံ လှမ်းယူလိုက်စဉ် ရုတ်တရက် သူက မော့ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွား၏။ သူက တုံ့နှေးခြင်းမရှိ ရှေ့သို့ ခြေလှမ်းသည်။ တစ်ချိန်တည်းမှာ ရေအစီအရင်ထံမှ လှိုင်းဂယက်များ ထလာသည်။ ပြင်းထန်သောဖိအားက ထိုလှိုင်းဂယက်များထံမှ ထွက်ပေါ်လာကာ သည်လောကသည် ရုတ်တရက် ပျက်စီးသွားသည်။

ထိုပျက်စီးမှုက ရုတ်ချည်းဆန်လွန်း၏။ ရေအစီအရင် ပျက်စီးသွားသည့်အခါ ပြင်းထန်သောဖိအား သက်ဆင်းလာသည်။ ထိုဖိအားက အားကောင်းလွန်း၏။

ချပ်ဝတ်နောက်မှ လှိုင်းဂယက်များ ပဲ့တင်ထပ်၍ ဝဲကတော့တစ်ခုပေါ်လာသည်။ သွေ့ခြောက်သောလက်တစ်ဖက်က ထိုဝဲကတော့ထံမှ လှမ်းထွက်ကာ ချပ်ဝတ်ထံသို့ ဆန့်တန်းသည်။ တစ်ချိန်တည်းမှာ ယင်းဝဲကတော့ထံမှ အိုမင်းသောအသံတစ်သံ ထွက်ပေါ်လာပြီး ထိုအသံက ဝမ်လင်း၏စိတ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သည်။

“ဒါက မင်း ပိုင်ဆိုင်နိုင်တဲ့ အရာ မဟုတ်ဘူး။ ဒီအဘိုးအိုအတွက် ထွက်သွားစမ်း…”

ဝမ်လင်းက ထိုရုတ်တရက် ပြောင်းလဲမှုကြောင့် လုံးဝ သတိလွတ်မသွားပေ။ သူက ရေအစီအရင် မပျက်စီးခင် ခြေလှမ်းလိုက်ရာ သူ့အား ချက်ခြင်း အမြန်ဆုံးနှုန်းသို့ ရောက်ရှိသွားစေသည်။

သူ့အနှစ်သာရခုနစ်ခုသည် ရုတ်တရက် သူ၏အစွမ်းထက်လှသော စိတ်ဝိညာဉ်လေဟာနယ်နောက်ဆုံးအဆင့်နှင့် ပေါင်းစပ်၍ သူ၏ခန္ဓာကိုယ်ထံမှ ပေါက်ကွဲထွက်သည်။

သူ ခြေလှမ်းလိုက်သည်နှင့် ဝမ်လင်း၏ရှေးတောက်စွမ်းအားမှာလည်း သူ့အသွေးအသားများထဲသို့ ဝင်ရောက်လေသည်။ ဤသည်က သူ့ခန္ဓာကိုယ်ကို ကျင့်ကြံခြင်းဂြိုဟ်တစ်ခုအား ခြေမွပစ်နိုင်လောက်သည့်ထိ အစွမ်းထက်သွားစေသည်။

ဝမ်လင်း၏စွမ်းအားအပြည့်အဝ ပေါက်ကွဲထွက်လာ၏။ ၎င်းမှာ အဖျက်အစီးမုန်တိုင်းတစ်ခု ပေါ်လာသည့်အလား။

သူက ဝဲကတော့ပေါ်လာသည်နှင့် ခြေလှမ်းပြီး ဖြစ်၏။ သူက လေဟာနယ်ထံသို့ ခြေလှမ်းခြင်း မဟုတ်ဘဲ ထိုဝဲကတော့ထံမှ ထွက်ပေါ်လာသော လက်ထံ ခြေလှမ်းခြင်း ဖြစ်၏။ သည့်နောက် သူက ကြမ်းတမ်းစွာ ဆောင့်နင်းချလိုက်သည်။

အဖြစ်အပျက်များသည် မြန်ဆန်လှသည်။ ဝမ်လင်း၏ ညာခြေနင်းချက်က လျှပ်စီးတန်းအလား ရွှေ့လျားသည်။ ၎င်းခြေနင်းချက်၌ သူ၏ရှေးတောက်စွမ်းအား ပါဝင်သည်။

အိုမင်းသောအသံက အံ့အားသင့်ဟန် ဖြစ်ပေါ်ကာ ထိုလက်က ဦးတည်ဘက် မြန်မြန် ပြောင်းလဲလိုက်သည်။ သည်လက်က ခုခံဖို့ မန္တာန်တစ်ခု ဖန်တီးရန် ကြိုးစားလိုက်ခြင်းပင်။ သို့သော် သူက ဝမ်လင်းသည် ခုလောက်မြန်မြန်၊ကြမ်းကြမ်း လှုပ်ရှားတုန့်ပြန်လိမ့်မည်ဟု မထင်ထားသည်မှာ သိသာပါသည်။ ဝမ်လင်း၏ ညာခြေက သူ့လက်ပေါ်သို့ ကြမ်းတမ်းစွာ ကျရောက်သွားသည်။

ဘန်းခနဲ ပေါက်ကွဲကာ အရိုးကျိုးသံများ ရောယှက်နေသည်။ ထိုလက်က တွန့်ခေါက်သွားကာ ရောင်းကိုင်းသွား၏။ ထိုလက်သည် ဝဲကတော့အတွင်းသို့ မြန်ဆန်စွာ ဆုတ်၏။ သို့သော် ၎င်းသည် ပေါက်ကွဲကာ သွေးများ နေရာအနှံ့သို့ ပြန့်ကြဲသည်။

“မင်းက ငါ့ရှိကနေ တစ်ခုခုကို လုချင်နေတာလား။ မင်း သေချင်နေတာပဲ…”

ဝမ်လင်းက ချပ်ဝတ်နောက်တွင် ရပ်၏။ သူ၏အကြည့်က ဝဲကတော့ထံ ကျရောက်ကာ အေးစက်လှသည်။

သူက သူ့ဘယ်လက်ကို ဝေ့ယမ်းလိုက်ရာ ရေပြာချပ်ဝတ်နှင့်လှံသည် ယူဆောင်ခြင်း ခံလိုက်ရသည်။ လက်ကိုချိုးဖျက်၍ ချပ်ဝတ်ကို ယူဆောင်ပစ်ခြင်း။ ဝမ်လင်းထံမှ မျိုးဆက်တစ်ခု၏ အရှင်သခင် အရှိန်အဝါကို ပေးစွမ်းနေတော့သည်။

“ရှေးနိုင်ငံရဲ့ ကျင့်ကြံသူ။ မင်းဟာ ရှေးနိုင်ငံရဲ့ ကျင့်ကြံသူပဲ…”  ဝဲကတော့ထံမှ ထွက်ပေါ်လာသော အသံ၌ နာကျင်မှု ပါဝင်နေ၏။

ထိုမြင်ကွင်းကို သည်ဂြိုဟ်အပြင်ဘက်ရှိ မဟာအင်ပါယာရွှမ်လောက ကြည့်နေ၏။ သူက ဂုဏ်ယူဟန် ပြုံးလိုက်ပြီး လွှမ်းမိုးသည့်ဟန်အမူအရာကို လှစ်ဟဖော်သည်။

“ကောင်းတယ်။ ဒီကောင်လေးက ငါ့ရှေးတောက်ကလန်ဝင် တကယ် ပီသတယ်။ ဒါဟာ ရှေးတောက်ကလန် ဝင်တွေကို လာရန်စတဲ့ လူတွေကို အကောင်းဆုံးဖြေရှင်းတဲ့ နည်းလမ်းပဲ။ သူသာ တွန့်နေရင် ငါ မကျေမနပ် ဖြစ်ရအုံးမယ်။ သူ့အပြုအမူဟာ ငါနဲ့ ဆင်တယ်။ သူ့နေရာမှာ ငါဆိုရင်လည်း ဒီလက်ကို ဖြတ်တောက်ပစ်လိုက်မှာပဲ…”

“ကောက်ရီကလန်၊ ကောင်းကင်ဘုံသားအုပ်စုက ဒီကို ရောက်နေတာဟာ စိတ်ဝင်စားစရာပဲ…”  အင်ပါယာရွှမ်လောက မျှော်စင်ထံသို့ လှမ်းကြည့်လိုက်သည်။ သူသာ အလိုရှိပါက သူ့လက်ကို ဝေ့ယမ်းလိုက်သည်နှင့် ဒီဒြပ်စင်ငါးခုဂြိုဟ်ပေါ်ရှိ သက်ရှိအားလုံးကို ပျောက်ကွယ်သွားပေလိမ့်မည်။

All Chapters