← Chapters

အခန်း (၁၁)

Vol. 1 Ch. 11

အခန်း (၁၁)

Vol. 1 Ch. 11

~

အခန်း ၁၁

~

ရှေးဦး စကြာဝဌာမှာ တစ်ကမ္ဘာလုံး ချိတ်ဆက်ထားခြင်းဖြစ်သည် ။

အချိန်တိုင်းတွင် လူပေါင်း သန်းပေါင်းများစွာ တိုက်ပွဲဝင်နေကြသည် ။

လင်းမို့က တိုက်ပွဲပြီးသည်နှင့် နောက်တစ်ပွဲမြန်မြန်ရှာလိုက်သည် ။

* ရှားနိုင်ငံတော် *

ကျန်းနန်စီရင်စု....

ဟိုင်းချန်မြို့လယ်ခေါင်ရှိ နေရာတစ်ခုတွင် ဟိုင်းချန်အထက်တန်းကျောင်း၏ ပါရမီရှင် ကျန်းရွှယ်က စက်ဝိုင်းခြမ်းပုံ esport အခန်းငယ်အတွင်း ပုံရိပ်ယောင်ခေါင်းဆောင်းဝတ်ဆင်ရန် ပြင်ဆင်နေသည် ။

" ကြိုတင်ပြင်ဆင်မှုအတန်းမှာ သင်ရတာတကယ်ကောင်းတာပဲ... ဒီညလေ့ကျင့်တာ တိုက်ခိုက်ရေးကျွမ်းကျင်မှု တော်တော်တိုးလာတာပဲ... "

ကျန်းရွှယ်က ရွှင်လန်းစွာပြောလိုက်၏ ။

' ငါသာ စာမေးပွဲမတိုင်ခင် တိုက်ခိုက်ရေးစွမ်းရည် အဆင့် နှစ် အထွတ်အထိပ်ကို ရောက်နိုင်ခဲ့ရင်... '

သိုင်းပညာကောလိပ်ဝင်ခွင့်စာမေးပွဲ၏ အဓိကအချက်နှစ်ခုမှာ လက်သီးပြင်းအားနှင့် တိုက်ခိုက်ရေးကျွမ်းကျင်မှု ဖြစ်သည် ။

လက်သီးပြင်းအားမှာ ကိုယ်ခန္ဓာပါရမီပေါ်မူတည်ပြီး တိုက်ခိုက်ရေးစွမ်းရည်မှာ ဦးနှောက်ပေါ်မူတည်သည် ။ သာမန်လူများ၏ လက်သီးပြင်းအားမှာ ကီလို ၁၀၀ နှင့် ၂၀၀ ကြားရှိပြီး သိုင်းပညာရှင်တပိုင်းအဆင့်၏ ပြင်းအားမှာ ကီလို ၁၀၀၀ မှ ၂၀၀၀ ကြားရှိသည် ။ လက်သီးပြင်းအား ၁၀၀ ကီလို ထိန်းချုပ်နိုင်ရန် လိုအပ်သော ဦးနှောက်စွမ်းအားနှင့် ပြင်းအား ၁၀၀၀ ကိုထိန်းချုပ်ရန်လိုအပ်သော ဦးနှောက်စွမ်းအားမတူညီပေ ။ လူတစ်ယောက်၏ ကိုယ်ခန္ဓာပါရမီက မည်မျှပင် ပါစေကာမူ လုံလောက်သော ညဏ်ရည်မရှိပါက တိုးတက်မှုရပ်တန့်သွားမည်ဖြစ်သည် ။ သို့သော်လည်း ကိုယ်ခန္ဓာအားနည်းနေမည်ဆိုပါက ဦးနှောက်စွမ်းအားမှာ လျော့နည်းနေမည်ဖြစ်သည် ။ ထို့ကြောင့် လက်သီးပြင်းအားနှင့် တိုက်ခိုက်ရေးစွမ်းရည် တို့မှာ အပြန်အလှန် အားဖြည့်ပေးနေသည်ပင် ။

လက်သီးပြင်းအား ပိုတိုးလာလျှင် တိုက်ခိုက်ရေးစွမ်းရည်လေ့ကျင့်ရသည်မှာ ပိုမိုမြန်ဆန်လာမည်ဖြစ်သည် ။ တိုက်ခိုက်ရေးစွမ်းရည် ပိုအားကောင်းလာလျှင် လက်သီးပြင်းအားပိုတိုးလာမည်ဖြစ်သည် ။

ကောလိပ်ဝင်ခွင့် စာမေးပွဲတွင် လက်သီးပြင်းအား ၁၀၀၀ ကီလို အနိမ့်ဆုံးသတ်မှတ်ထားသည် ။ ၁၀၀၀ ကီလိုထက်နိမ့်ပါက ကိုယ်ခန္ဓာပါရမီညံဖျင်းသည်ဟု သတ်မှတ်နိုင်ပြီး ထိုကဲ့သောလူများအား အသက်မွေးဝမ်းကြောင်းကျောင်းများပင် ဝင်ခွင့်မပြုချေ ။

သို့သော်လည်း ခြွင်းချက်အချို့ရှိလေသည် ။ လက်သီး ပြင်းအား ၁၀၀၀ ကီလိုထက်နိမ့်သော်လည်း တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၄ သို့ရောက်နေပါက ရှားနိုင်ငံရှိ မည့်သည့်တက္ကသိုလ်ကိုမဆို တက်ရောက်နိုင်သည် ။ လက်သီးပြင်းအားနိမ့်ကျနေမှုအတွက် အဆင့်မြှင့်တင်ရေးဆေးများကို ရေကဲ့သို့တိုက်မည်ဖြစ်သည် ။

" ငါ့ရဲ့လက်ရှိ ခွန်အားက စာမေးပွဲအတွက် နည်းနေသေးတယ်... "

ကျန်းရွှယ် မှုန်ကုပ်ကုပ်ဖြင့် တွေးလိုက်၏ ။

" ငါ့တိုက်ခိုက်ရေးစွမ်းရည်နဲ့ လက်သီးပြင်းအားက အလယ်အလတ်အဆင့်လောက်ပဲရှိလိမ့်မယ်... ထိပ်တန်းတက္ကသိုလ်တွေ ဝင်ခွင့်ရဖို့ဆိုရင် တော်တော်ခက်မယ်... "

ကျန်းရှု၏ လက်သီးပြင်းအားမှာ ၁၄၀၀ ကီလို ကျော်သွားပြီးဖြစ်သော်လည်း တိုက်ခိုက်ရေးစွမ်းရည်မှာ အဆင့် ၂ အထိတ်အထိပ်သို့ မရောက်သေးပေ ။

ထိပ်တန်းတက္ကသိုလ်များက အထက်တန်း တတိယနှစ်မှ သိုင်းပညာရှင်အဆင့်ရောက်သူများကို စာမေးပွဲဖြေစရာမလိုဘဲ ဝင်ခွင့်ပေးသည် ။ သိုင်းပညာရှင်တပိုင်းအဆင့်များအတွက်မူ လက်သီးပြင်းအား ၁၅၀၀ ကီလို နှင့် တိုက်ခိုက်ရေးစွမ်းရည် အဆင့်၂ သို့မဟုတ် လက်သီးပြင်းအား ၁၃၀၀ ကီလိုနှင့် တိုက်ခိုက်စွမ်းရည် အဆင့်၂ အထွတ်အထိပ် ရောက်ရှိမှသာ စာမေးပွဲပီးနောက် ခေါ်ယူမည်ဖြစ်သည် ။

" ငါ မှောင်ခိုစျေးက ဝယ်တဲ့ အဆင့်မြှင့်တင်ရေးဆေး တော်တော်များများလည်း သောက်ပြီးသွားပြီ ထက်သောက်လည်း အာနိသင်ရှိတော့မှာ မဟုတ်ဘူး... "

" ငါ အစပြုသူလေ့ကျင့်ရေးကွင်းကိုပဲ အားထားလို့ရတော့မယ်... "

ကျန်းရွှယ်က ခေါင်းဆောင်းကို ဆောင်း၍ ရှေးဦးစကြာဝဌာ ထဲသို့ ဝင်လိုက်သည် ။

" ငါ တိုက်ပွဲတွေကနေပဲ အဆင့် ၂ အထွတ်အထိပ်ရောက်ဖို့ မျှော်လင့်လို့ရတော့မယ်... "

ကျန်းရွှယ်သည် တိုက်ခိုက်ရေးစွမ်းရည် အဆင့်၂ အထွတ်အထိပ်ရောက်မှသာ ထိပ်တန်းတက္ကသိုလ်သို့ ဝင်ရောက်ခွင့်ရမည်ဖြစ်သည် ။

" ပွဲရှာပါ... "

ချက်ချင်းပင် ပွဲရှာတွေ့သွားပြီး ကျန်းရွှယ်နှင့် သူမ၏ ပြိုင်ဘက်တို့ ကွင်းအတွက်ရောက်ရှိသွားကြ၏ ။ သူမက အချက်အလက်များကြည့်လိုက်ရာ...

[ နှင်းဖြူ : အသက် ၁၈ နှစ် , သိုင်းပညာရှင်တပိုင်းအဆင့်,ယေဘူယျ အသွင်အပြင်, ဆက်တိုက်နိုင်ပွဲ - တစ်ပွဲ]

[ အနက်ရောင် ကမ္ဘာမြေ: အသက် ၁၈ နှစ်, သိုင်းအလုပ်သင်, ယေဘူယျအသွင်အပြင်, ဆက်တိုက်နိုင်ပွဲ - သုံးပွဲ]

' ငါဘာလို့ သိုင်းအလုပ်သင်နဲ့ လာတွေ့နေရတာလဲ...'

ကျန်းရှုသည် သူမ၏ ပထမဆုံးပြိင်ဘက်အား စိတ်တိုင်းမကျခဲ့ပေ ။ သူမ၏ တိုက်ခိုက်ရေးစွမ်းရည်အား မြှင့်တင်ရန်လာသည်ဖြစ်ရာ သိုင်းအလုပ်သင်က ဘာများတက်နိုင်မည်နည်း ။ သူမအား သိုင်းပညာရှင်တပိုင်းအဆင့်များထဲတွင်ပင် သန်မာသည်ဟုဆိုနိုင်ပေသည် ။ သို့သော်လည်း တိုက်ပွဲအတွင်းရောက်ရှိနေပြီဖြစ်ရာ သူမ ရွေးချယ်စရာမရှိတော့ ။

' ပြိုင်ဘက်က ငနု မဖြစ်ဖို့ မျှော်လင့်တယ် နို့မို့ရင် ပျင်းဖို့ကောင်းနေလိမ့်မယ်... '

အနက်ရောင် ကမ္ဘာမြေသည် ယေဘူယျအသွင်အပြင်နှင့်သာ ဖြစ်သော်လည်းကျန်းရွှယ်က အနည်းငယ်ရင်းနှီးသည်ဟု ခံစားမိလိုက်သည် ။

" ကျေးဇူးပြုပြီး... "

ကျန်းရွှယ်က လက်အမူအရာနှင့် နှုတ်ဆက်၍ ပြိုင်ဘက်ကို အရင်ရွှေ့ခိုင်းလိုက်သည် ။

" မင်းအရင်ရွှေ့ပါ... "

အနက်ရောင်ကမ္ဘာမြေကလည်း လက်အမူအရာဖြင့် ပြန်၍နှုတ်ဆက်ပြီး ပြောလိုက်၏ ။

" နင် အရင်ရွှေ့ပါ... "

" ငါအရင်တိုက်ရင် နင် ပြန်တိုက်ချိန်တောင် ရမှာမဟုတ်ဘူး... "

ကျန်းရွှယ်က တပိုင်းသိုင်းပညာရှင်မာန နှင့် ပြောလိုက်၏ ။

" ဒါဆိုလည်း... ပြီးရော... "

ကျန်းရှုသည် နောက်ဆုံးတွင် သူမ၏ ပြိုင်ဘက်မှာ ရွှေ့လိုက်သည်ကိုမြင်လိုက်ရ၏ ။

" ဒီကောင် ငါ့ဆီ တည့်တည့်ပြေးဝင်လာနေပါလား... ပြိုင်ဘက်ကို အရင်စမ်းသပ်ရမယ်ဆိုတာတောင် မသိဘူးလား... "

ကျန်းရှုသည် ပို၍ပင် စိတ်ပျက်လာသည် ။ သူမ၏ အမြင်အရ ဤပွဲမှာ သပ်သပ်မဲ့ အချိန်ဖြုန်းခြင်းပင် ။ သူမ၏ ပြိုင်ဘက်က သူမနှင့် တိုက်ပွဲတွင် တူညီသောအဆင့်မရှိချေ ။ ဘယ်လိုတိုက်ခိုက်ရမှန်းပင် သိသည့်ပုံမပေါ် ။

" ဒီကောင် သုံးပွဲဆက်ဘယ်လိုနိုင်လာတာလဲ... ကံကောင်းပြီး သုံးပွဲလုံး အားနည်းတဲ့သူတွေနဲ့တွေ့လာတာများလား... "

ပြိုင်ဘက်က နီးကပ်လာသည်နှင့် ချက်ချင်းအဆုံးလိုက်ရန် ကျန်းရွှယ်က ပြင်ဆင်လိုက်၏ ။ ထိုအချိန်တွင် Black Earth က ကျန်းရွှယ်၏ မျက်နှာကို ပြင်းထန်သော လက်သီးဖြင့်ထိုးလိုက်သည် ။ ကျန်းရွှယ်၏ ခြေလှမ်းများက လေးငါးလှမ်းခန့် ရွှေ့လိုက်၏ ။ သူမ၏ ဆွဲငင်အားဗဟိုမှနေ၍ ခြေလှမ်းကွက်များ ရွှေ့လျားနေသည်မှာ တောက်ပလွန်းသဖြင့် ကြည့်နေသူများ၏ အမြင်အာရုံ ပျောက်ကွယ်သွားနိုင်သည် ။

ကျန်းရှုမှာ သူမ၏ ခန္ဓာကိုယ်ကို ဤမျှအထိ ထိန်းချုပ်နိုင်ခြင်းကြောင့် မူးယစ်ရီဝေသွား၏ ။ ဤသည်က သူမ ယနေ့ နောက်ဆုံးချိုးဖြတ်နိုင်ခဲ့သည်ပင် ။

' ရန်သူဘယ်လိုပဲ တိုက်တိုက် ငါအလွယ်တကူဦးတည်ချက်ပြောင်းပြီး ရှောင်နိုင်တယ် '

' ဒါပင်မယ့် ငါပြန်တိုက်ရင်လည်း အဆိပ်ပြင်းတဲ့မြွေ ခွေနေသလိုပဲ ရန်သူက ခုခံနိုင်မှာမဟုတ်ဘူး '

ကျန်းရွှယ်က သူမကနေသလိုပင် ခံစားမိလိုက်သည် ။ ဤသည်က တိုက်ပွဲကျွမ်းကျင်မှုမဟုတ် တိုက်ပွဲအနုပညာပင် ။

' ဒါ အံ့အောစရာကောင်းလိုက်တာ '

ဤမျှ အနုပညာမြောက်၍ လှပသော ခံစားမှုများကြောင့် ကျန်းရှုက အဆင့်၂ ၏ အထိတ်အထိပ်သို့ ထိမိလိုက်သည်ဟု ခံစားလိုက်ရသည် ။

ကျန်းရှုသည် ပြိုင်ဘက်၏ ပြင်းထန်သောထိုးနှက်ချက်များကို တည်ငြိမ်စွာရှောင်တိမ်းနိုင်ခဲ့သည် ။

' ဒါအမှန်ပဲ... ဒီခံစားချက်... '

ကျန်းရှုက သူမ၏ ခံစားမှုးများထဲမှ ရှုန်းမထွက်နိုင်တော့ပေ ။

ရုတ်တရပ်...

ကျန်းရှုက အလွန်လျင်မြန်သော ခြေကန်ချက်ကို ယောင်ဝါးဝါးမြင်လိုက်ရသည် ။ ထိုခြေကန်ချက်က မြန်လွန်းလှသဖြင့် ခုခံရန်ပင် အချိန်မမှိတော့ ။

" ဖောင်း.... "

ပတ်လည်ကန်ချက်က ကျန်းရွှယ်၏ ခန္ဓာကိုယ်သို့ ပြင်းပြင်းထန်ထန် ထိသွား၏ ။ သူမ ကွင်းအပြင်သို့ လွင့်ထွက်သွားသည် ။

ကျန်းရွှယ်သည် သူမ၏ ဖြစ်တည်မှုကိုပင် သံသရဝင်သွားသည် ။

' ငါ ရှုံးသွားပြီလား '

' ငါဘယ်လို ရှုံးသွားတာလည်း '

' ဒီကန်ချက်က ဘယ်လိုကန်လိုက်တာလဲ '

' သူ့ရဲ့ ခွန်အားတွေကို လက်သီးမှာပဲ သုံးထားတာမဟုတ်ဘူးလား... ဘယ်လိုလုပ် ဒီလောက် မြန်မြန် ကန်နိုင်သေးတာလဲ '

' သူကန်လိုက်တဲ့ထောင့်ကို ငါသတိမထားမိလိုက်ဘူး '

' ဒါမှ မဟုတ် သူကောင်းလို့မဟုတ်ဘဲ ငါညံ့လို့လား '

' ဒီနေ့ ငါသင်လာတဲ့ ကြိုတင်ပြင်ဆင်မှုအတန်းက သင်ခန်းစာတွေကပဲ မှားနေတာများလား '

' ငါခံစားရတဲ့ တိုးတက်မှုတွေက အတုအယောင်တွေများလား '

ကျန်းရွှယ်က သူမကို သူမ သံသရဝင်ရင်း လေ့ကျင့်ကွင်းမှ ပျောက်ကွယ်သွား၏ ။

Black Earth ဆိုသည်က လင်းမို့ သာဖြစ်၏ ။ သူက ပျောက်ကွယ်သွားသော သူ၏ပြိုင်ဘက် White Snow ကို ကြည့်နေရင်းဖြင့် ရေရွတ်နေတုန်းပင် ။

" ဒီကောင် ဘယ်လို သိုင်းကွက်တွေသုံးနေတာလဲ မသိဘူး... ကျီးအာသီးလိုပဲ လှတော့လှတယ် သုံးစားမရဘူး... "

All Chapters