အခန်း (၁၂)
Vol. 1 Ch. 12
~
အခန်း ၁၂
~
လင်းမို့သည် လေးပွဲမြောက်အနိုင်ရပြီးသည်နှင့် နောက်ထပ်ပွဲထပ်ရှာလိုက်၏ ။
“ သန်မာတယ့်ပြိုင်ဘက်တွေနဲ့ တွေ့ဖို့မျှော်လင့်တယ်... ဖားရိုက်ရတာ ပျင်းလာပြီ... “
သို့သော်လည်း လင်းမို့သည် အသက် ၁၈ နှစ်နှင့် လက်သီးပြင်းအား ကီလို ၁၀၀၀ ကျော်သာရှိသေးသည် ။ တိုက်ပွဲမှာလည်း လေးပွဲဆက်သာအနိုင်ရသေး၏ ။ လေ့ကျင့်ကွင်း၏ တိုက်ပွဲရှာဖွေခြင်းသတ်မှတ်ချက်အရ သန်မာသောပြိုင်ဘက်များနှင့်တွေ့ဆုံရန် မဖြစ်နိုင်ပေ ။ ထို့ကြောင့် သူသည် ငနု များကို ရိုက်ချင်းဖြင့် နိုင်ပွဲဆက်ပိုများလာခဲ့သည် ။
ငါးပွဲဆက်...
ခြောက်ပွဲဆက်...
…..
ဆယ်ပွဲဆက်...
“ အကြံပြုချက် : သင်သည် ဆယ်ပွဲဆက်တိုက်အနိုင်ရခဲ့ပါသည်... သင်သည် လေ့ကျင့်ကွင်း၏ ဦးဆောင်သူစာရင်း ( ရှားနိုင်ငံ) တွင် အဆင့်ဝင်ခဲ့ပါပြီ... “
“ အကြံပြုချက် : သင်သည် ဆယ်ပွဲဆက်နိုင်ခဲ့သဖြင့် ဆုလဒ်အဖြစ် A1 အဆင့် အဆင့်မြှင့်တင်ဆေး ရရှိခဲ့ပါသည်... ပေးပို့ရမည့်လိပ်စာအား ဖြည့်သွင်းပေးပါ... “
“ အကြံပြုချက်: သင်သည် ယနေ့အတွက် ဆယ်ပွဲပြည့် သွားပြီဖြစ်၍ ထက်မံတိုက်ပွဲဝင်၍မရတော့ပါ... မနက်ဖြန်မှ ဆက်လက်ကြိုးစားပါ... “
လင်းမို့သည် နာရီဝက်မပြည့်မှီပင် ဆယ်ပွဲဆက်နိုင်ပွဲရခဲ့လေသည် ။
“ ဆယ်ပွဲ... “
လင်းမို့ ယနေ့အနားယူရပေတော့မည် ။ လေ့ကျင့်ကွင်းတွင် ရှုံးသည်နိုင်သည် ထည့်မတွက်ဘဲ တနေ့လျှင် ဆယ်ပွဲသာ ပါဝင်နိုင်သည် ။
‘ ဆယ်ပွဲမြောက်ပြိုင်ဘက်က သိပ်မဆိုးဘူး... သူဒီထက်ပိုသန်မာရင် ငါရှုံးသွားနိုင်တယ်... ‘
လင်းမို့သည် ဆယ်ပွဲမြောက်တွင် အသက်လေးဆယ်အရွယ် သိုင်းပညာရှင်တစ်ပိုင်းအဆင့်နှင့် တွေ့ခဲ့သည် ။ ဂျင်းဆိုသည်က ရင့်လေ ပိုစပ်လေပင် ။ သက်လတ်ပိုင်းအရွယ်လူတစ်ယောက်အတွက် တိုက်ပွဲအတွေ့အကြုံများစွာရှိပေသည် ။ ထိုလူ၏ တိုက်ခိုက်ရေးစွမ်းရည်သည်လည်း အဆင့် ၂ အထိတ်အထိပ်ပင်ဖြစ်သည် ။ လင်းမို့က သူနှင့် အချီ ၂၀ သုံးဆယ်ခန့် တိုက်ခိုက်ခဲ့ရ၏ ။
‘ ဆယ်ပွဲမြောက်ကတောင် ဒီလောက်ခက်နေရင် နောက်ပွဲတွေဆိုရင် နိုင်ဖို့လွယ်တော့မှာ မဟုတ်ဘူး... ‘
ဆယ်ပွဲနောက်ပိုင်းတွင် တစ်ပွဲနိုင်တိုင်း A1 ဆေး ချီးမြှင့်မည်ဖြစ်ရာ အခက်အခဲမှာ ပိုလာမည်ဖြစ်သည် ။ A1 ဆေးမှာ အစိုးရ၏ တရားဝင်ဆေးဖြစ်သဖြင့် မှောင်ခိုစျေးကွက်များရှိ ချို့ယွင်းချက်ရှိသော ဆေးများထက် များစွာကောင်းမွန်သည် ။
‘ ဘာပဲဖြစ်ဖြစ် မနက်ဖြန်ကျရင် ငါ တိုက်ပွဲစွမ်းရည်အဆင့်၃ ရောက်တော့မှာပဲ ... ‘
လင်းမို့၏ တိုက်ပွဲစွမ်းရည်မှာ အဆင့်၁ မှ အဆင့်၂ အထိတ်အထိပ်အထိ အသားကင် နှစ်ရက်စားရင် ရောက်ရှိခဲ့သည် ။ မနက်ဖြန် အသားကင် သွားစားလျှင် အဆင့်၃ သို့ ရောက်ရှိပေလိမ့်မည် ။ ထိုသို့ဆိုလျှင် မနက်ဖြန် သူ၏ ပြိုင်ဘက်များကို ပျော်ရွှင်စွာရိုက်နိုင်ပေလိမ့်မည် ။
လင်းမို့က ဤသည်ကိုတွေးရင်း ကျေနပ်စွာဖြင့် ရှေးဦးစကြာဝဌာမှ ထွက်လာခဲ့၏။ သို့သော် လင်းမို့မသိသည်မှာ သူထွက်လာနေစဥ်ပင် လေ့ကျင့်ကွင်း၌ အနည်းငယ် အုတ်အော်သောင်းနင်းဖြစ်နေခဲ့သည် ။
လေ့ကျင့်ကွင်း၏ ဦးဆောင်စာရင်းတွင် နာမည် ဒါဇင်ခန့်သာရှိသည် ။ ဆယ်ပွဲဆက်နိုင်သူများနှင့် ထို့ထက်ပို၍ နိုင်သူများသာ ပါဝင်ခွင့်ရမည်ဖြစ်သည် ။
လင်းမို့ဆယ်ပွဲဆက်နိုင်သည်နှင့် ရှားနိုင်ငံ နယ်မြေရှိ လေ့ကျင့်ကွင်းအတွင်းရှိသူတိုင်း email လက်ခံရရှိခဲ့သည် ။
“ ဆယ်ပွဲဆက်နိုင်ခဲ့သော ကျန်းနန်စီရင်စုမှ Black Earth အား ဂုဏ်ပြုပါသည်... “
တချိန်တည်းတွင် လူထောင်သောင်းချီက Black Earth ဟူသော အမည်နာမကို သတိပြုမိခဲ့ကြသည် ။
“ Black Earth ဆိုတာ ဘယ်သူတုန်း... “
“ ငါ သူ့နာမည် တခါမှ မကြားဖူးဘူး... ဘယ်ကလာတဲ့သူလဲ မသိဘူး... “
“ သူက သိုင်းအလုပ်သင်ပဲ ရှိသေးတယ်... ဒီအဆင့်မှာရတဲ့ ဆယ်ပွဲဆက်နိုင်ပွဲက သိပ်တန်ဖိုးမရှိဘူး... “
“ သိုင်းပညာရှင်တစ်ပိုင်း အဆင့်ထက် သိုင်းအလုပ်သင်တွေက ဆယ်ပွဲဆက်နိုင်ဖို့ ပိုလွယ်တာပဲ... “
“ ဒီအကြောင်း ထားလိုက်ကြတော့... “
‘ Black Earth က ငါတို့ကျန်းနန်စီရင်စုကလား... ‘
ကျန်းရွှယ်က email ကို စိတ်ရှုပ်ထွေးစွာဖြင့်ကြည့်နေသည် ။
‘ ငါသူ့ကို ရှုံးတာ မစမ်းဘူး... ဒီကောင်က ဆယ်ပွဲဆက်နိုင်တာဆိုတော့ တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၂ အထွတ်အထိပ်ရောက်နေပြီထင်တယ်... ‘
ဆယ်ပွဲမြောက်၏ ပြိုင်ဘက်မှာ တိုက်ခိုက်ရေးစွမ်းရည်အဆင့် ၂ အထိတ်အထိပ်တွင် ရှိနေမည်ဖြစ်သည် ။
‘ ဘာပဲဖြစ်ဖြစ် Black Earth က သိုင်းအလုပ်သင်ပဲရှိသေးတယ်... သနားစရာကောင်းလိုက်တာ... ‘
ကျန်းရွှယ်က တွေးလိုက်မိသည် ။
‘ သူက တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၂ အထွတ်အထိပ်ဖြစ်ရင်တောင် လက်သီး ကီလို ၁၂၀၀ ကျော်မှ အဓိက တက္ကသိုလ်ဝင်ခွင့်ရမှာပဲ... သူက ခုထိ သိုင်းအလုပ်သင်ပဲရှိသေးတာဆိုတော့ သာမာန်တက္ကသိုလ်ပဲ ဝင်ခွင့်ရလိမ့်မယ်... ‘
အဓိကတက္ကသိုလ်များနှင့် သာမာန်တက္ကသိုလ်များကြားတွင် ကွာဟချက် ကြီးမားလွန်းလှသည် ။
ကျန်းရွှယ်က သူမ၏ သာလွန်မှုကို ခံစားမိလိုက်သည် ။
‘ ငါသူ့ကို လေ့ကျင့်ရေးကွင်းမှာ ရှုံးတယ်ဆိုပင်မယ့် ငါ့လက်ရှိအဆင့်နဲ့ဆိုရင် အဓိကတက္ကသိုလ် သေချာပေါက်ဝင်ခွင့်ရတယ်... သူက သာမာန်တက္ကသိုလ်ပဲ ဝင်ခွင့်ရမယ်ဆိုရင် ငါတို့ကြားက ကွာခြားချက်က တဖြေးဖြေးကြီးလာမှာပဲ... ‘
ကျန်းရွှယ်က ဤသည်ကို စဥ်းစားရင်း သူမ ရှုံးနိမ့်ခဲ့မှုကြောင့် ကျလာသော စိတ်ဓာတ်မှာ ပြန်လည်မြင့်တက်လာခဲ့၏ ။
‘ သူက ငါ့ကို တိုက်ပွဲတစ်ပွဲပဲ နိုင်ပင်မဲ့ ငါက သူ့ကို တစ်ဘဝလုံးနိုင်တယ်... ‘
ကျန်းရွှယ်သည် သူမ၏ အတွေးထဲရှိ အရင်က မပျော်ရွှင်မှုများကို ရှင်းထုတ်ပစ်ပြီး တိုက်ခိုက်ရေးစွမ်းရည်ကို စတင်လေ့ကျင့်တော့သည် ။
“ ဟပ်........ ချိုးးးး...”
လင်းမို့သည် ပုံရိပ်ယောင်ခေါင်းဆောင်းကိုချွတ်၍ အိပ်ရန်ပြင်နေစဥ်တွင် သူ၏နှာခေါင်းမှာ ယားယံလာပြီး နှာချေမိလိုက်သည် ။
‘ ငါ့ခန္ဓာကိုယ် ကြံခိုင်မှုနဲ့ ဘယ်လိုလုပ် နှာချေတာလဲဟ...’
အဆင့်မြင့်သိုင်းအလုပ်သင် တစ်ယောက်၏ ကိုယ်ခန္ဓာဖွဲ့စည်းပုံမှာ သာမာန်လူတစ်ယောက်ထက် များစွာအားကောင်း၏ ။ အအေးမိ ဖျားနာခြင်းများ မဖြစ်နိုင်ပေ ။
‘ ငါဒီနေ့ အများကြီးသောက်ခဲ့မိလို့များလား... ‘
သူမည်သို့ပင်စဥ်းစားစေကာမူ ဖြစ်နိုင်စရာ ဤအကြောင်းကြောင့်သာရှိ၏ ။
‘ အရက်သောက်တာက ခန္ဓာကိုယ်ကို ထိခိုက်စေတယ်ဆိုတာ ငါ့မိဘတွေ ညာတာမဟုတ်ဘူးပဲ... ငါဆက်သောက်လို့မဖြစ်ဘူး... ‘
လင်းမို့ တခဏကြာ တုံ့ဆိုင်းသွားသည် ။
‘ မဟုတ်ဘူး... အသားကင်စားလို့ အရက်မသောက်ရင် ဒါက အဓိပ်ပါယျမဲ့သှားမှာပေါ့... ငါမသောက်လို့တော့မဖြစ်ဘူး ငါလျော့သောက်ရမယ်... ‘
အရက်အနည်းငယ် သောက်ခြင်းက စိတ်ခံစားမှုကို ပိုမိုကောင်းမွန်စေသော်လည်း အလွန်အကျွံသောက်ခြင်းက မိမိ၏ ကိုယ်ခန္ဓာကို ထိခိုက်စေသည် ။
‘ ဒါဆို ဒီလိုပဲပေါ့... အိပ်တော့တာပဲကောင်းတယ်... ‘
လင်းမို့ သည် ဆုံးဖြတ်ချက်ချပြီးသည်နှင့် မျက်လုံးမှိတ်ကာ ပျင်းရိစွာအဆင့်တင်သောစနစ်ကို နှုတ်ဆက်ကာ အရာအားလုံးတိတ်ဆိတ်သွားသည့်အချိန်တွင်...
“ ဒင်.... ပိုင်ရှင်၏ အနီးအနားတွင် တစ်စုံတစ်ယောက်က ခွန်အားကိုမြှင့်တင်ရန် အသက်စွမ်းအားအသုံးပြုနေသည်ကို ရှာဖွေတွေ့ရှိရပါသည်... “
‘ ခွန်အားကိုမြှင့်တင်ဖို့ အသက်စွမ်းအားကို အသုံးပြုနေတာလား... ‘
လင်းမို့၏ မှိတ်ထားသော မျက်လုံးများမှာ ပြူးကျယ်သွား၏ ။
‘ သောက်ခွေးးးးး... ‘
‘ တကယ်ကြီးအတည်လုပ်နေတာလား...’
‘ ဒီလောက်အထိ အတည်ကြီးလုပ်ဖို့လိုလို့လား... ‘
“ ဒင်.... တက်ကြွအညွှန်းကိန်းများ မြင့်တက်လာပါသည်... “
လင်းမို့သည် တက်ကြွအညွှန်းကိန်းများ ဒုံးပျံကဲ့သို့ ထောင်တက်၍ အမှတ် ၁၀၀၀ ကိုကျော်လွန်သွားသည်ကိုမြင်လိုက်ရသည် ။
လက်သီးပြင်းအားသည် တစ်နာရီလျှင် ၂၀၀ ကီလိုနှုန်းဖြင့် မြင့်တက်လာသည် ။
“ ရှီးးးးးး.... “
လင်းမို့ အလွန်အံ့သြသွား၏ ။တစ်စုံတစ်ယောက်က ခွန်အားတိုးစေရန် အသက်စွမ်းအားကို အသုံးပြုနေသည်မှာ အလွန်ကြောက်စရာကောင်းလှ၏ ။ သူ၏ တက်ကြွအညွှန်းကိန်းတိုးစေရန် မည်သူသည် အနီးအနားတွင် အလွန်ရက်ရောနေသည်ကို သိချင်သွားမိသည် ။ သူသည် ထိုသူ့အပေါ် ဘဝတစ်လျောက်လုံး အကြွေးတင်သွားပေသည် ။
ကံမကောင်းစွာဖြင့်ပင် တက်ကြွအညွှန်းကိန်းများမှာ ငါးမိနစ်သာ မြင့်တက်လာခဲ့ပြီးနောက် သုံညသို့ ပြန်ကျသွား၏ ။ ငါးမိနစ်ပင်လျှင် လင်းမို့၏ လက်သီးပြင်းအား ၂၀ ကီလိုခန့် တိုးလာသည် ။ ဤသည်က သူသောက်ခဲ့သောဆေးထက်ပင် များစွာပို၍ကောင်းသည် ။
“ ပီးပေါ်... ပီးပေါ်... ပီးပေါ်... အရေးပေါ်ကားမှာ ရပ်ကွက်အတွင်းသို့ မောင်းဝင်လာခဲ့သည် ။ လင်းမို့သည်လည်းမနေနိုင်တော့ဘဲ ပြတင်းပေါက်သို့သွားကြည့်မိလိုက်သည် ။
‘ ငါ့ ကျေးဇူးရှင်က ဘယ်သူလဲ... ‘
‘ ကျေးဇူးရှင်ကြီး အသက်ရှိသေးလား... ‘
ချက်ချင်းပင် လင်းမို့ရင်းနှီးသော အိမ်နီးချင်းလျို့ရှားကို လူနာတင်ကားပေါ်သယ်ဆောင်သွားသည်ကို မြင်လိုက်ရသည် ။