အခန်း (၄)
Vol. 1 Ch. 4
~
အခန်း ၄
~
" ဆိုင်ရှင် သူဌေး... ကျွန်တော့်ကို ဆန်မုန့်နှစ်ခု ... သိုးသားကင် ဆယ်ချောင်းနဲ့... ကမာ ဒါဇင်ဝက်ပေးပါ... ပြီးတော့ ဘီယာ အေးအေးလေးနှစ်လုံးရမလား..."
ကောင်းဟောက်ရန်၏ ကြိုတင်ပြင်ဆင်မှု အတန်းမှာ မြို့တော် ဂျင်တွင်ဖြစ်ပေသည် ။ ဂျင်၏ ဝင်ပေါက်နားတွင် အကင်ဆိုင် တစ်ခုရှိသည် ။
လင်းမို့လည်း ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်လိုက်ပြီး လှမ်းအော်လိုက်သည် ။
" စပ်စပ်လေး လုပ်ပေးပါ... "
သိုင်းအထက်တန်းကျောင်းသားများမှာ များသောအားဖြင့် ချမ်းသာကြသည် ။ လေ့ကျင့်မှုကြောင့် နေ့စဥ်ကုန်ဆုံးသွားသော သက်လုံကို ပြန်လည်ဖြည့်တင်းရန် ပရိုတင်းများစွာလိုအပ်သည် ။ ဖြည့်စွက်စာများ မစားသုံးနိုင်လျှင် အခွံပျော့ပုဇွန်တစ်ကောင်ကဲ့သို့ ဖြစ်လာပေလိမ့်မည် ။ ထို့ကြောင့် ပိုက်ဆံမရှိဘဲ သိုင်းပညာလေ့ကျင့်ရန် မဖြစ်နိုင်ပေ ။
ထို့အပြင် နှစ်ရာဂဏန်းရှိ ဂျင်ဆင်း ၊ လင်းဇီးရိုင်းတို့ကဲ့သော အဖိုးတန်ဆေးဖက်ဝင် အပင်များကိုလည်း စားသုံးပေးရန်လိုအပ်သည် ။ ချမ်းသာသော သူများမှာ အထူးချန်နယ် များမှ အဆင့်မြင့်နည်းပညာနှင့် ပြုလုပ်ထားသော ဆေးဝါးများ မှာယူနိုင်ကြသည် ။ ထို့ကြောင့် သိုင်းပညာရှင် တစ်ဦးဖြစ်လာရန် လမ်းကြောင်းမှာ စျေးမပေါပေ ။
ဆင်းရဲသော လူများမှာ သာမန်လူများဖြစ်လာကြပြီး ချမ်းသာသူများမှာ သိုင်းပညာလေ့ကျင့်ကြသည် ။ မိသားစု နောက်ခံကောင်းမရှိဘဲ သိုင်းပညာသင်ရန် မဖြစ်နိုင်သလောက်ပင် ။
လင်းမို့၏ မိသားစုမှာ သာမန်လူများသာဖြစ်သည် ။ သူစျေးကြီးသော ဆေးဝါးများ မသုံးဘူးသလောက်ပင် ။ ဒါက တခြားကျောင်းသားများအား သူ အမှီမလိုက်နိုင်သည့် အကြောင်းလည်းဖြစ်သည် ။
" ငါသုံးတဲ့ ငရုတ်သီးက အရမ်းစပ်တယ်နော်... ထပ်ထည့်မှာ သေချာလို့လား... "
အင်္ကျီရင်ဘက်ဖွင့်ထားပြီး ကြွက်သားအပြည့်နှင့် ဆိုင်ရှင်က ပြုံး၍ မေးလိုက်၏ ။
" ကျွန်တော်လည်း အစပ်စားတဲ့နေရာမှာ နာမည်ကြီးတယ်... "
လင်းမို့က စိတ်ကြီးဝင်နေသော ဟန်ဖြင့်ပြောလိုက်ပြီး စနစ်မျက်နှာပြင်အား ဆွဲ၍ကြည့်လိုက်သည် ။
' တက်ကြွအညွှန်းကိန်းက 4.3... ပြီးတော့ဆက်တက်နေသေးတယ်... "
လင်းမို့ကျေနပ်သွားသည် ။ ကြိုတင်ပြင်ဆင်သည့်အတန်းက မျှော်လင့်ထားသလိုပင် ။ ဖက်တီးလေးဝင်သွားသည်မှာ မကြာသေးသော်လည်း တက်ကြွမှုမှာ အလွန်မြင့်တက်လာသည် ။
' အမ်... ငါ့လက်သီးပြင်းအားက ဘာလို့ တစ်နာရီကို 0.3 ကီလိုပဲ တိုးနေတာလဲ '
သူ၏ အတွေ့အကြုံအရ အညွှန်းကိန်း 4.3 က လက်သီးပြင်းအား တစ်နာရီလျှင် 0.86 ကီလိုနှုန်းတိုးလာသင့်ပေသည် ။ သို့သော် ကော်လံတွင် အဆင့်မြှင့်နှုန်း နှင့် လက်သီးပြင်းအားတိုးလာနှုန်းအောက်တွင် စာလုံးအသေးလေးဖြင့် အဆင့်မြှင့်တင်ခြင်း ဟူသည်ကို လင်းမို့မြင်လိုက်ရ၏ ။
' အဆင့်ဆိုတာဘာလဲ '
လင်းမို့အံ့အောသွားသည် ။
အဆင့်ဆိုသည်မှာ တိုက်ခိုက်ရေးနည်းပညာများကို ဆိုလိုခြင်းဖြစ်သည် ။ သိုင်းအထက်တန်းကျောင်းသားများက တိုက်ခိုက်ရေးလေ့ကျင့်ခန်းများကို များစွာပြုလုပ်ခဲ့ရသည် ။ သူတို့၏ တိုက်ခိုက်ရေး ကျွမ်းကျင်မှုမှာ များသောအားဖြင့် အဆင့် တစ် တွင်ရှိကြလေသည် ။ ထိုသည်က ကမ္ဘာမြေပေါ်ရှိ ကျွမ်းကျင်အဆင့် စစ်မှုထမ်းဟောင်းတစ်ဦးနှင့် ညီပေသည် ။ အဆင့်နှစ်သို့ရောက်လျှင် အထူးစစ်သားတစ်ဦးနှင့် တူညီပြီး အဆင့်သုံးသို့ရောက်လျှင် တိုက်ခိုက်ရေးဘုရင်နှင့် ယှဥ်နိုင်၏ ။ အဆင့်လေးသို့ ရောက်လျှင်တော့ လူသား ကန့်သတ်ချက်ကို ကျော်လွန်သွားမည် ။
အဆင့်လေးသို့ရောက်သော ကျောင်းသားများမှာ ဝင်ခွင့်စာမေးပွဲ ဖြေစရာမလိုဘဲ အဓိကတက္ကသိုလ်များ တက်ရောက်နိုင်ကြောင်း လင်းမို့ကြားဖူးသည် ။ သို့သော် တိုက်ခိုက်ရေး ကျွမ်းကျင်မှုကို မြှင့်တင်ရန် ခက်လွန်းလှသည် ။ ဟိုင်းချန်မြို့တွင်ပင် ထိုသို့သော ပါရမီရှင်အကြောင်း မကြားဘူးပေ ။
' ငါ့ပတ်ဝန်းကျင်ကလူတွေ လေ့ကျင့်တာကို အဓိကထားပြီး တိုးပေးတာထင်တယ် ... ဒီကြိုတင်ပြင်ဆင်တဲ့ အတန်းကလူတွေကို တိုက်ခိုက်ရေးကျွမ်းကျင်မှု သင်ပေးနေတာများလား... '
လင်းမို့သည် သူ၏ သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ထိုင်နေရာမှထ၍ ပြတင်းပေါက်ရှိရာသို့ သွားလိုက်သည် ။
" ဒီမှာ ညီလေး... ဆန်မုန့်ကင်ပြီးသွားပြီ... ဒါအရင်စားလိုက်... "
ဆိုင်ရှင်က နီနီရဲရဲ ကင်ထားသော ဆန်မုန့်အကင်တံ နှစ်ခုကို ပေးလိုက်၏ ။ ဆန်မုန့်ကို ငရုတ်သီးအနှစ်များများ လိမ်းကျံထားသည် ။
" ဟုတ်ကဲ့ပါ... "
လင်းမို့က အကင်တံနှစ်ခုကို လက်တဖက်ဆီတွင် ကိုင်လိုက်ရင် ပြတင်းပေါက်မှ ဆက်၍ကြည့်နေလေသည် ။ သူမျှော်လင့်ထားသည့်အတိုင်းပင် အတွင်းတွင် သိုင်းပညာဆရာမှ တိုက်ခိုက်ရေးကျွမ်းကျင်မှုကို မြှင့်တင်နိုင်မည့်နည်းလမ်းများ ပို့ချနေသည် ။
" သိုင်းပညာကောလိပ် ဝင်ခွင့်စာမေးပွဲမှာ လက်သီးပြင်းအားက အရေးကြီးသလိုပဲ တိုက်ခိုက်ရေးကျွမ်းကျင်မှုကလဲ အရေးကြီးတယ်... "
" 1000 ကီလိုကို ကျော်ဖြတ်ပြီးတဲ့ တချို့ကျောင်းသားတွေက ဘာလို့ အထူးပြုကျောင်းတွေကို ဝင်ခွင့်မရတာလဲ.... ဘာလို့လဲဆိုတော့ သူတို့ရဲ့ တိုက်ခိုက်ရေးကျွမ်းကျင်မှုက ညံ့လွန်းလို့ပဲ... "
" လက်သီးပြင်းအားတိုးလာဖို့က အချိန်တိုအတွင်းဆိုရင် အရမ်းခက်ခဲတယ်... ဒါပေမဲ့ တိုက်ခိုက်ရေးကျွမ်းကျင်မှုတစ်ခုကို အချိန်တိုအတွင်းတက်မြောက်နိုင်တယ်... "
" လူတစ်ယောက်ရဲ့ တိုက်ခိုက်ရေးကျွမ်းကျင်မှုက နည်းနည်းလေးတိုးလာရင်တောင် လက်သီးပြင်းအား ၁၀ ကီလိုထက်တောင် ပိုနိုင်တယ်... ပြီးတော့ တိုက်ခိုက်ရေးစွမ်းရည် က အဆင့်နှစ်ကို ရောက်သွားမယ်ဆိုရင် လက်သီးပြင်းအား 50 ကီလိုအထိ တိုးလာလိမ့်မယ်... ဒါဆိုရင် မင်းတို့ မင်းခွင့်စာမေးပွဲမှာ အမှတ်ကောင်းကောင်းရပြီးတော့ အဆင့်မမှီတဲ့ တက္ကသိုလ်တွေတောင် ဝင်ခွင့်ရနိုင်တယ်... "
ကြိုတင်ပြင်ဆင်မှု အတန်း၏ သိုင်းပညာဆရာက ကျောင်းသားများအား အားပေးစကားပြောသည် ။
' သေချာတာပေါ့... ဒါတိုက်ခိုက်ရေး သင်ခန်းစာသင်နေတာပဲ...'
လင်းမို တိတ်တဆိတ်တွေးလိုက်။
' ပျင်းရိနေရတာက တိုက်ခိုက်ရေးစွမ်းရည် ဘယ်လိုတိုးတက်အောင် လုပ်ရမလဲ စိတ်ပူနေတာ... စိတ်ပူစရာ မလိုတော့ဘူးဘဲ... '
ပျင်းရိစွာ အဆင့်တက်ခြင်းစနစ် : အဆင့်တက်ဖို့ရန် သင်ပျင်းရိနေမှဖြစ်မယ်
ပျင်းရိလေလေ အဆင့်တက်မြန်လေလေ
လင်းမို့က တိုက်ခိုက်ရေးစွမ်းရည် လေ့ကျင့်မည်ဆိုပါလျှင် စနစ်က အလိုလျောက် ပိတ်သွားမည်ဖြစ်သည် ။ လင်းမို့ ပို၍ကြိုးစားလေလေ စနစ်ပိတ်ချိန် ပိုကြာလေလေဖြစ်သည် ။ ဤသည်မှာ ပြစ်ဒဏ်ပေးခြင်းပင် ။
ကံကောင်းစွာဖြင့် စနစ်မှာ အလွန် အသုံးဝင်ပြီး လင်မို့က လေ့ကျင့်စရာမလိုတော့ ။ သူလှဲလျောင်းနေရန်သာလိုအပ်ပြီး ကျန်တာ စနစ်တာဝန်သာဖြစ်ပေသည် ။
' အထဲမှာ ဟောက်ရန်က တကယ်ကြိုးစားနေတာပဲ... "
လင်းမို့က အထဲရှိ ချွေးများရွှဲနစ်နေသော ကောင်းဟောက်ရန်ကို ကြည့်ရင်း ဆန်မုန့်ကင်ကို ပျော်ရွှင်စွာကိုက်လိုက်သည် ။
" ေ ာ က် ြီး... "
လင်းမို့ ပထမ တစ်ကိုက်တွင်ပင် လန့်သွား၏ ။
' ဒါက ော က်ရမ်း စပ်တယ်ဟ '
သူ၏ မျက်ရည်များ စီးကျလာသည် ။
လင်းမို့က သူအစပ်စားသောကြောင့် နာမည်ကြီးသည်ဟု ကြွားထားသဖြင့် နာကျင်သော်လည်း အံကြိတ်ခံရပေမည် ။
' ငါစပ်လို့ သေရင်သေပါစေ '
' ငါ့မျက်နှာအပျက်ခံလို့တော့ မဖြစ်ဘူး...'
လင်းမို့သည် အသံမထွက်သော်လည်း မျက်ရည်များ အဆက်မပြတ် စီးကျနေ၏ ။
" ငါ့ညီ... "
ထိုအချိန်တွင် အကင်ဆိုင် ပိုင်ရှင်က အနားသို့လျောက်လာလေသည် ။ သူက ဘီယာနှစ်လုံးကိုင်လာပြီး အထဲရှိလေ့ကျင့်နေကြသော ကျောင်းသားများကို ကြည့်နေသည် ။
" ငါ အထက်တန်းတတိယနှစ်တုန်းကလည်း... မင်းလိုပဲ... "
ဆိုင်ရှင်၏ အကြည့်များလေးနက်လာပြီး သူ့ဘဝအကြောင်းပုံပြင်ကို ပြောတော့သည် ။
" အဲ့အချိန်တုန်းကပေါ့... ငါ့မှာ ဝင်ခွင့်စာမေးပွဲအတွက် မျှော်လင့်ချက်မရှိဘူးဆိုတာ သိလိုက်ရတော့... ကျောင်းချိန်ပြီးတာနဲ့ ငါ့သူငယ်ချင်းတွေနဲ့ ကြိုတင်ပြင်ဆင်မှု အတန်းကိုလိုက်လာခဲ့တယ်... "
ဆိုင်ရှင်က လင်းမို့ကို တစ်ချက်ကြည့်လိုက်၏ ။
" ငါ့အခန်းဖော်တွေက အထဲမှာ အံကြိတ်ပြီးကြိုးစားနေတဲ့အချိန် ... ငါအပြင်မှာပဲ နေခဲ့တယ်... မင်းလိုပဲပေါ့ တိတ်တိတ်လေး ငိုနေခဲ့တာ... "
" ကျွန်တော်....... "
လင်းမို့က သူတို့မတူဘူးဟုပြောချင်သော်လည်း...
' မတူဘူးကွ... '
' ငါက စပ်လို့ငိုနေတာ... '
" မင်း ဘာမှ ရှင်းပြစရာမလိုပါဘူး... ငါနားလည်ပါတယ်... မင်းခံစားနေရတာကို ငါခံစားဘူးတယ်... "
ဆိုင်ရှင်က ခေါင်းကိုယမ်းရင်း ပြုံးလိုက်၏ ။ သူ၏ အပြုံးတွင် အချိန်၏ လောကဓံတိုက်စားမှုများနှင့် ပြည့်နေပေသည် ။
" ငါ့ညီ... ရော့... ဒီဘီယာပုလင်း ယူလိုက်... ငါ့ဆီက လက်ဆောင်လို့ သဘောထား... ဒီပုလင်းကို ငါတို့အိမ်မက်တွေအတွက် ငါသောက်လိုက်မယ်... မင်းအဆင်ပြေသလိုသောက်... "
ဆိုင်ရှင်က လင်းမို့နှင့် ဘီယာပုလင်းချင်းတိုက်လိုက်ကာ သူ၏ခေါင်းကို ဂုဏ်ယူစွာမော့၍ ဘီယာပုလင်းကို ဝှေ့ယမ်းလိုက်ကာ တစ်ကျိုက်တည်းမော့ချလိုက်လေသည် ။
" အာ..... "
လင်းမို့က ဘာပြန်ပြောရမှန်း မသိတော့ချေ ။ သို့သော်လည်း အစပ်ပြေစေရန်အတွက် တစ်ခုခုသောက်မှဖြစ်ပေမည် ။ သူသောက်ရန်ပြင်လိုက်စဥ် စနစ်သတိပေးချက်က သူ၏စိတ်ထဲတွင် ရုတ်တရပ်ကျယ်လောင်စွာ ထွက်ပေါ်လာသည် ။
" ဂုဏ်ယူပါတယ် ပိုင်ရှင်... သင့် အဆင့်နှစ်သို့ ရောက်ရှိသွားပါပြီ... "
' အဆင့်နှစ်လား '
လင်းမို့ ရုတ်တရပ် အံ့အားသင့် သွား၏ ။ သူဤနေရာသို့ ပျင်းရိရန်လာသော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းရည်က အဆင့်နှစ်သို့ ရောက်ရှိသွား၏ ။ ပျင်းရိခြင်း၏ အကျိုးသက်ရောက်မှုမှာ မြင့်မားလှပေသည် ။ သူ ဤနေရာသို့ နေ့တိုင်းလာလျှင် အဆင့် သုံးနှင့် အဆင့်လေးသို့ လျင်မြန်စွာ ရောက်ရှိပေလိမ့်မည် ။ ထိပ်တန်း တက္ကသိုလ်များဖြစ်သော ချင်မူ တက္ကသိုလ် ၊ ကျင့်ဒူ တက္ကသိုလ် နှင့် ရှားတက္ကသိုလ်တို့က သူ့အား လက်ယပ်ခေါ်နေသည်ကို မြင်ယောင်နေတော့သည် ။
" ကျွန်တော်တို့ အိမ်မက်အတွက်... '
လင်းမို့သည် စိတ်ကောင်းဝင်နေသဖြင့် ပုလင်းကိုမော့သောက်လိုက်၏ ။
" ဆိုင်ရှင် စကားမစပ်... "
လင်းမို့က ပုလင်းကို ပြန်ချပြီး မျက်ရည်ကို သုပ်လိုက်ကာ မေးလိုက်လေသည် ။
" အကို့ရဲ့အကင်ဆိုင်မှာ အဖွဲ့ဝင်ကတ်လုပ်လို့ရမလား... ကျွန်တော် မနက်ဖြန်လည်း လာမှာမလို့... "