← Chapters

ညီအကိုကောင်း...

Vol. 1 Ch. 3

ညီအကိုကောင်း...

Vol. 1 Ch. 3

~

အခန်း ၃

~

" တင်.... တင်..... တင်...... "

ကျောင်းခေါင်းလောင်းသံပေါ်ထွက်လာသည်နှင့် တက်ကြွအညွှန်းကိန်း ထိုးကျသွားသည်ကို လင်းမို့ မြင်လိုက်ရသည် ။ 6.8 မှ 1.3 အထိ တောက်လျောက် ကျဆင်းသွားလေသည် ။ ဤသည်က သူ၏ အသည်းကို ခွဲချင်းပင် ။

သူသည် ဘေးပတ်ဝန်းကျင်ရှိ ကျောင်းသားများအားကြည့်ရင်း စိတ်ဓာတ်ကျနေလေသည် ။

' သူတို့ဘာလို့ ဒီထက်ပိုပြီး မကြိုးစားကျတာလဲ '

' တက်ကြွချင်းတွေ '

' တွက်ကြွချင်းတွေ ဘယ်မှာလဲ '

' မင်းတို့ ကျောင်းချိန်လို ကြိုးစားနေမှ ဖြစ်မှာပေါ့ '

' မင်းတို့မကြိုးစားရင် ငါဘယ်လိုလုပ် ပိုပြီးသန်မာတော့မလဲ '

လင်းမို့ စိတ်ပူပင်စွာ ခံစားလိုက်ရသည် ။ နေ့တိုင်း ကျောင်းချိန်ပြင်ပ 12 နာရီမှာ သူ၏ သန်မာလာမှု ကို ရပ်တန့်သွားစေသည် ။

' ငါ ဒီပုံစံအတိုင်းဆို ထိပ်တန်းတက္ကသိုလ်တွေ မဝင်ဘဲ ရိုးရိုး အဓိက တက္ကသိုလ်တွေပဲ မှီမယ်ထင်တယ် '

ကံကောင်းစွာဖြင့် လင်းမို့တွေးနေသည်ကို မည်သူမျှ မသိကြချေ ။ သိများသိလျှင် သေအောင်ဝိုင်းရိုက်ကြပေလိမ့်မည် ။

' ဒီကျောင်းတွေက ဘာလို့ တစ်ရက်ကို ကျောင်းတက်ချိန် 12 နာရီပဲရှိရတာလဲ '

' တကယ်ဆိုရင် အထက်တန်းကျောင်းသားဆိုတာက ကျောင်းကိုစောင်ယူလာပြီး ညပါအိပ်သင့်တယ် '

လင်းမို့သည် တွေးရင်းတွေးရင်းဖြင့် ပို၍ စိုးရိမ်လာ၏ ။

' မဖြစ်ဘူး ငါ့အခန်းက ကျောင်းသားတွေကို မနက်ဖြန်ကျရင် ပိုပြီး ကောင်းတဲ့ ဆေးတွေထိုးမှဖြစ်မယ် '

သူသည် ရွေးချယ်စရာမရှိတော့သဖြင့် သူ၏ မျှော်လင့်ချက်အား မနက်ဖြန်သို့သာ ရွေ့ဆိုင်းရတော့မည် ။

ယခုအချိန်တွင် လင်းမို့၏ မျက်လုံးအတွင်းဝယ် အခန်းအတွင်းရှိလူများမှာ အခန်းဖော်များမဟုတ်တော့ဘဲ အမှတ်အိတ်များသာ ဖြစ်ကုန်တော့သည် ။ ယခုအခါတွင် သူတို့အား ခြောက်သည်အထိ ညှစ်ရပေတော့မည် ။

' ငါလွယ်လွယ်နဲ့ ပျင်းရိလို့ရမယ် ထင်ခဲ့တာ... နည်းဗျူဟာတွေလိုမယ် မထင်ခဲ့ဘူး '

လင်းမို့က ခေါင်းခါယမ်းလိုက်ရင်း သက်ပြင်းချလိုက်ခါ အခန်းအပြင်သို့ ထွက်လာခဲ့၏ ။

လင်းမို့သည် ကျောင်းပရိဝုဏ်အတွင်း လှည့်ပတ်သွားကာ ကျောင်းရှုခင်းအား ပထမဆုံးအကြိမ်အဖြစ် ချီးမွမ်းခဲ့သည် ။

" ဒီနေရာက မြို့ထဲမှာ စျေးအကြီးဆုံးနေရာ ဖြစ်လိမ့်မယ်... "

ကျောင်းမှာ မြို့အလယ်ဗဟိုတွင် တည်ရှိပြီး အခန်းတိုင်းတွင် သီးခြားလေ့ကျင့်ကွင်းရှိပေသည် ။ ထိပ်တန်း သူဌေးကြီးများပင်လျှင် ဤမျှကျယ်ပြန့်သောနေရာကို ဗီလာဆောက်၍ နေနိုင်မည်မဟုတ်ပေ ။ သို့သော်လည်း လမ်းအနည်းငယ် လျောက်ပြီးသည်နှင့် သူမျက်မှောက်ကြုံ့လိုက်၏ ။

" အဲ့ဒါ လင်းမို့ ဆိုတာမလား..."

" ဟုတ်တယ် အခန်း 10 ကလေ... "

" သူက စာမေးပွဲကို လက်လျော့လိုက်တယ် ကြားတယ်... "

" သူဘာလို့ စာမေးပွဲနီးမှ လက်လျော့လိုက်တာလဲမသိဘူး... အခွင့်အရေးနည်းရင်တောင် အတွေ့အကြုံရအောင် ဝင်ဖြေသင့်တယ် မဟုတ်ဘူးလား... "

" သူက မလုပ်နိုင်တော့ဘူးထင်လို့ အရှုံးပေးလိုက်တာနေမှာပေါ့ ... "

" အံ့သြစရာမရှိဘူး... သူက ဒီလို စိတ်ဓာတ်မျိုးနဲ့ ဘာမှ ဖြစ်ထွန်းလာမှာ မဟုတ်ဘူး... "

သတင်းကောင်းမှာ ပြန့်နှံ့ရန် ကြာသော်လည်း သတင်းဆိုးမှာ အလွန်မြန်သည် ဟူသော ဆိုရိုးစကားအတိုင်းပင် ။ လင်းမို့ စာမေးပွဲကို လက်လျော့လိုက်သည် ဟူသောသတင်းမှာ တစ်ရက်အတွင်းပင် တကျောင်းလုံးပြန့်သွား၏ ။ တတိယနှစ်များသာမက ဒုတိယနှစ်နှင့် ပထမနှစ်များပါ လင်းမို့ကိုကြည့်၍ အတင်းတုပ်နေကြသည် ။

လင်းမို့သည် ဒေါသမထွက်ပေ ။ သူက မျက်ခုံးပင့်၍ တချက်ကြည့်ကာ စိတ်လျော့လိုက်သည် ။

' ငါ့ကို လှောင်နေကြတာလား'

သူက ဘေးပတ်လည်ကို ကြည့်၍ အနည်းငယ် ရယ်စရာကောင်းသည်ဟုသာ ခံစားလိုက်ရသည် ။ သူငြင်းခုံဖို့ရန် ပျင်းရိလွန်းသည် ။

' စာမေးပွဲ အမှတ်စာရင်းထွက်တဲ့အချိန်သာ စောင့်ကြစမ်းပါ... မင်းတို့ အံ့သြစရာ ဆိုတာဘာလဲ သိသွားလိမ့်မယ် '

သို့သော်လည်း လင်းမို့သည် မျောက်ပွဲကြည့်နေသကဲ့သို့ ဝိုင်းကြည့်နေသည်ကိုတော့ မခံနိုင်ချေ ။ သူချက်ချင်း ထွက်လာခဲ့တော့သည် ။ ထိုအချိန်တွင် လူတစ်ဦးက သူ၏လမ်းကို ပိတ်ရပ်လိုက်လေသည် ။

" လင်းမို့..."

ထိုလူက မှုန်ကုပ်ကုပ်ဖြင့် စိုက်ကြည့်နေ၏ ။ ထိုလူအားမှတ်မိရန် လင်းမို့ တော်တော်စဥ်းစားလိုက်ရသည် ။

" ယင်ကျန်းလား... ဘာကိစ္စရှိလို့လဲ... "

လင်းမို့နှင့် ယင်ကျန်းမှာ အလယ်တန်း အခန်းဖော် ဖြစ်သည် ။ အထက်တန်း ဝင်ခွင့်စာမေးပွဲတွင် သူ ဟိုင်းချန်အထက်တန်းကျောင်းသို့ ဝင်ခွင့်မမှီခဲ့ပေ ။ သူ့တွင် မည်သို့သော အဆက်အသွယ်များရှိမှန်း လင်းမို့မသိသော်လည်း သူအမှန်တကယ်ပင် ဝင်ခွင့်ရခဲ့သည် ။ သူက တတိယနှစ် အခန်း 14 မှ ဖြစ်ပုံရ၏ ။ သူနှင့် လင်းမို့မှာ လွန်ခဲ့သော သုံးနှစ်အတွင်း မဆုံခဲ့ဘူးချေ ။

" လင်းမို့... အထက်တန်းဝင်ခွင့် စာမေးပွဲမတိုင်ခင်က ဖြစ်ခဲ့တဲ့ ပြသနာ မှတ်မိသေးလား... "

လင်းမို့ ရှုပ်ထွေးသွားသည် ။

" ဘာပြသနာလဲ... "

လင်းမို့သည် ယင်ကျန်းပြောနေသည်ကို နားမလည်ပေ ။

" အိုး... မင်းကမေ့ချင်ယောင် ဆောင်နေတာလား... စာမေးပွဲမတိုင်ခင် ကျောင်းက ထိပ်တန်းကျောင်းသား 100 ကိုပေးတဲ့ လျင်မြန်ဆေးတွေကို မှတ်မိသေးလား... "

" အင်း... ငါမှတ်မိတယ်... "

လင်းမို့က ခေါင်းညိတ်လိုက်သည် ။ အလယ်တန်းတုန်းက ထိပ်တန်းကျောင်းသား 100 မှာ နံပါတ် တစ် အထက်တန်းကျောင်းဖြစ်သော ဟိုင်းချန်ကျောင်းသို့ ဝင်ခွင့်ရရန် မျှော်မှန်းနိုင်ကြသည် ။ လင်မြန်ဆေးမှာ လက်သီးပြင်းအားကို တစ်ကီလိုမှ နှစ်ကီလိုအထိ တိုးမြှင့်ပေးနိုင်၏ ။ ထိုဆေးကို ဝင်ခွင့်ရရန် အခွင့်အရေးများသော ကျောင်းသားများအား ပေးခဲ့သည် ။

" ငါမှတ်မိသလောက်ဆိုရင် မင်းလည်း ထိပ်တန်း 100 ထဲမှာပဲမလား... မင်းလည်းရတယ်မလား... "

လင်းမို့က မရေရာ၍ မေးလိုက်၏ ။ လွန်ခဲ့သော သုံးနှစ်ကဖြစ်၍ သူသေချာ မမှတ်မိတော့ပေ ။

" ဟုတ်တယ်... ငါလည်းရတယ်... "

ယင်ကျန်းက ပြောလိုက်၏ ။

" ဒါပင်မဲ့ အဲ့အချိန်တုန်းက ငါ့အခြေအနေက ဟိုင်းချန်ကျောင်းကို မှီဖို့ နဲနဲလိုနေတာ... ငါမင်းရဲ့ဆေးကို ယွမ် 5000 နဲ့ဝယ်တာ... မင်းဘာလို့ မရောင်းခဲ့တာလည်း... "

" ငါ မင်းကို ဘာလို့ ရောင်းရမှာလဲ... "

လင်းမို့က ညဏ်ထိုင်းရသလား ဟူသော အကြည့်ဖြင့် ကြည့်လိုက်၏ ။

" မင်းအဲ့တုန်းက ဆေးမသုံးလည်း ဝင်ခွင့်မှီနေတာပဲ... မင်းအဲ့ဆေးကို ငါ့ရောင်းခဲ့ရင် နှစ်ယောက်လုံးဝင်လို့ရမှာ... "

ရင်ကျန့်၏ မျက်လုံးအတွင်းဝယ် အမုန်းများနှင့် ပြည့်နှက်နေပေသည် ။

" အားလုံး မင်းကြောင့်ပဲ... ငါ ဟိုင်းချန်ကျောင်းကို ဝင်ခွင့်ရဖို့ ပိုက်ဆံအများကြီး ပေးခဲ့ရတယ်... "

လင်းမို့သည် ရင်ကျန့်အဘယ့်ကြောင့် ရန်လိုနေမှန်း နားလည်သွား၏ ။

' ဒါပင်မဲ့ ဒါက ရယ်စရာမကောင်းဘူးလား '

လျင်မြန်ဆေးသည် အလွယ်တကူ ဝယ်ယူ၍ မရနိုင်ပေ ။ ထို့အပြင် ရင်ကျန့်က 5000 ယွမ်သာ ပေးလေရာ သူအဘယ်ကြောင့် ရောင်းရမည်နည်း ။

ထို့အပြင် ဟိုင်ချန် အထက်တန်းကျောင်းသို့ ဝင်ခွင့်မှီရုံမျှဖြင့်သာ ဝင်ခဲ့သူဖြစ်သည် ။ လျင်မြန်ဆေးမပါလျှင် ဝင်ခွင့်ရခဲ့မည်မဟုတ် ။

" အဲ့ဒါဆို ဘာဖြစ်ချင်လဲ... "

လင်းမို့သည် ယင်ကျန်းအား ကြည့်၍ မေးခွန်းထုတ်လိုက်၏ ။

" ကောင်းပြီ... မင်းက ဘာပဲဖြစ်ဖြစ် တက္ကသိုလ် တက်နိုင်မယ့်ကောင်မဟုတ်ဘူး... မင်းသာငါ့ကို အဲ့ဆေးပေးခဲ့ရင်... "

ရင်ကျန့်က အံကြိတ်ကာ ပြောလိုက်၏ ။

" မင်း ငါ့ရဲ့အနာဂတ်တွေကို ဖြတ်ဆီးလုနီးနီးပဲ... "

" ဟာသပဲ... "

လင်းမို့က ထိုသို့သော လူတစ်ယောက်နှင့် အချိန်မဖြုန်းချင်၍ လှည့်ထွက်ခဲ့သည် ။

" လင်းမို့.... "

ရင်ကျန့်က လှမ်းအော်လိုက်သည် ။

" အခုငါက သိုင်းပညာရှင် တစ်ပိုင်းအဆင့်ရောက်နေပြီ... ငါ့မှာ အဓိက တက္ကသိုလ် တက်နိုင်မယ့် အခွင့်အရေးလည်း ရှိတယ်... ဘာပဲ ဖြစ်ဖြစ် ငါက သိုင်းပညာရှင်တစ်ယောက် ဖြစ်လာမှာပဲ... မင်းသိုင်းပညာရှင်တစ်ယောက်ရဲ့ အခွင့်အရေးတွေကို သိတယ်မလား... "

" ဟမ်... "

လင်းမို့၏ မျက်လုံးများ ကျဥ်းမြောင်းသွားသည် ။

" မင်းငါ့ကို ခြိမ်းခြောက်နေတာလား..."

" ဟုတ်တယ်... ငါမင်းကို ခြိမ်းခြောက်နေတာပဲ... "

ယင်ကျန်းက ကြမ်းတမ်းစွာ ရယ်လိုက်၏ ။

" ငါသိုင်းပညာရှင် ဖြစ်လာတဲ့အခါကြရင် မင်းကသာမန်လူတစ်ယောက် ဖြစ်နေပြီ... မင်းကျောင်းသား မဟုတ်တော့ဘူး... အဲ့အချိန်ကျရင် ငါမင်းကို မသတ်သရွေ့ ငါကြိုက်သလို နိုပ်စက်လို့ရတယ်... မင်းကျိုးကန်းသွားရင်တောင် ငါသတိပေးခံရရုံပဲ... "

လင်းမို့၏ အမူအရာမှာ မည်းမှောင်သွားသည် ။ လွန်ခဲ့သော သုံးနှစ်က အဖြစ်အပျက်ကြောင့် ရင်ကျန့်ဤမျှအထိ အညိုးအတေးထားမည်ဟု သူမထင်ခဲ့ပေ ။ ထို့အပြင် သူအား အနာဂတ်တွင် ဒုက္ခိတ ဖြစ်စေမည်ဟု ခြိမ်းခြောက်နေ၏ ။

" ဟားးးဟားးဟားးး... မင်းခြေလက်တွေ ကောင်းနေသေးတဲ့အချိန်မှာ ခရီးထွက်ပြီး ရှုခင်းတွေကြည့်ထားပေါ့... နောက်မင်းဘဝရဲ့ လက်ကျန်အချိန်တွေကို ဝှီးချဲပေါ်မှာပဲ ကုန်ဆုံးအောင် ငါလုပ်မယ်... "

ယင်ကျန်းက ရက်စက်သော အပြုံးနှင့် လှည့်ထွက်သွားသည် ။

အနီးအနားရှိ ကျောင်းသားများသည် သူတို့၏ စကားအား ကြားကြ၍ လင်းမို့အား စာနာစိတ်ဖြင့် ကြည့်နေကြလေသည် ။ သာမန်လူတစ်ယောက်အား သိုင်းပညာရှင်တစ်ယောက်မှ မုန်းတီး၍ပစ်မှတ်ထားလေရာ ကြေကွဲစရာအဆုံးသတ်ဖြစ်မည်မှန်း နားလည်ကြသည် ။

" အကိုမို့ ဘာဖြစ်တာလဲ... ဒီကောင်က အကို့ကို ဘာလို့ရှာနေတာလဲ... "

ဖက်တီးလေး ကောင်းဟောက်ရန်က အဝေးမှလျောက်လာပြီး စပ်စပ်စုစုမေးလိုက်၏ ။

" ဘာမှ မဖြစ်ဘူး... အလယ်တန်းတုန်းက အခန်းဖော်တစ်ယောက်ပါပဲ... "

လင်းမို့သည် ယင်ကျန်းအား စိတ်ထဲ သိပ်မထည့်သဖြင့် များစွာရှင်းပြမနေတော့ပေ ။

" အို့... "

ကောင်းဟောက်ရန် ထပ်မမေးတော့ပေ ။ သူက တခြားအကြောင်းဆက်ပြော၏ ။

" အကိုမို့... အကိုဒီနေ့ပြောတဲ့စကားတွေက ကျွန်တော့်ရင်ထဲထိသွားတယ်... ကျွန်တော် လူနှစ်ယောက်ရဲ့ အိမ်မက်တွေကို ပခုံးနဲ့ထမ်းထားရတာကို ခံစားမိပြီးကတည်းက ပိုကြိုးစားမှ ဖြစ်တော့မယ်... ကျွန်တော်အဖေ့ကို ဖုန်းခေါ်ပြီးတော့ စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ပေးတဲ့ ညကျောင်းကို အပ်ခိုင်းထားတယ်... ကျွန်တော် ညဘက်ပါ ကြိုးစားတော့မယ်... "

လင်းမို့သည် ထိုစကားအား ကြားလိုက်ရသောအခါ မျက်လုံးများ တောက်ပလာ၏ ။

" ဝင်ခွင့်စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ပေးတဲ့ ညကျောင်းလား... "

" ဟုတ်တယ်... "

ကောင်းဟောက်ရန် ခေါင်းညိတ်လိုက်သည် ။

" ဟောက်ရန်... ငါမင်းနဲ့လိုက်ခဲ့မယ်... "

လင်းမို့က အလောတကြီးပြောလိုက်၏ ။

" ဘာလို့လဲ... "

လင်းမို့က တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်၏ ။

" ဟောက်ရန်... လူနှစ်ယောက်ရဲ့ အိမ်မက်ကို တစ်ယောက်ထဲကြိုးစားရတာ ပင်ပန်းလွန်းတယ်... ငါမင်းကို စိတ်ဓာတ်ခွန်အားဖြစ်အောင် အားလိုက်ပေးမှရမယ်... စိတ်မပူနဲ့ ငါအထဲထိမလိုက်ဘူး အပြင်ကပဲ စောင့်နေမယ်... "

ကောင်းဟောက်ရန်က ထိမိသွားပြီး ချက်ချင်း လင်းမို့၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည် ။

လင်းမို့လည်း ကောင်းဟောက်ရန်၏လက်ကို တင်းကြပ်စွာ ပြန်လည်ဆုပ်ကိုင်ထားလေသည် ။ သူတို့နှစ်ဦးမှာ စကားဖြင့်မပြောသော်လည်း အကြည့်ချင်း နားလည်နေကြသည် ။

" ... ညီအကိုကောင်း... "

All Chapters