← Chapters

တာဝန်

Vol. 2 Ch. 16

တာဝန်

Vol. 2 Ch. 16

~

" မနေ့က ကောလဟာလတွေကို စလွှင့်တာ နင်မှတ်လား... "

ဆရာမလု ပြောလိုက်သည်နှင့် လင်းမို့လန့်သွား၏ ။

' ငါမှန်းသိသွားကြပြီးလား...'

' ငါ့ကို ကျောင်းက အပြစ်ပေးတော့မှာလား...'

" ကျွန်တော် မဟုတ်ဘူး..."

" ကျွန်တော် လုပ်တာမဟုတ်ဘူး...."

" အဓိပ်ပါယျမရှိတာ လျောက်မပြောနဲ့... "

လင်းမို့ သုံးခါတိတိ ငြင်းလိုက်၏ ။

" တကယ်လား..."

ဆရာမလု ပြုံးကာ မေးလိုက်သည် ။

" ဆရာမ လူတစ်ယောက်ကို သက်သေမရှိဘဲ စွပ်စွဲရင် အသရေဖျက်မှုပဲ... "

လင်းမို့က မတရားစွပ်စွဲခံလိုက်ရသည့်အသံဖြင့် လေးလေးနက်နက်ပြောလိုက်လေသည် ။

" ဟားဟားးး... အထင်မလွဲပါနဲ့... ငါနင့်ကို အပြစ်ပေးမလို့မဟုတ်ဘူး... "

ဆရာမလုသည် လင်းမို့က ကောလဟာလ စလွှင့်သူဖြစ်ကြောင်း သက်သေအခိုင်အမာ ရရှိပြီးဖြစ်၏ ။ သူမက စကားလမ်းကြောင်းလွဲမနေတော့ဘဲ တည့်တည့်ပြောလိုက်တော့သည် ။

" ကျောင်းအုပ် ယန်နဲ့ သိုင်းပညာစီမံခန့်ခွဲမှုဗျူရိုက အကြီးအကဲကျောက်က နင်လုပ်လိုက်တာ ကောင်းတယ်လို့ထင်နေကြတယ်... "

" ကျွန်တော် ကောင်းကောင်းလုပ်ခဲ့တယ်လား..."

လင်းမို့က မယုံကြည်နိုင်စွာ ပြန်မေးလိုက်၏ ။

" ဟုတ်တယ် "

ဆရာမလု ပြုံး၍ပြောလိုက်သည် ။

" နင့်လုပ်ရပ်ကို သူတို့ သဘောမကျရင် ခုဒီမှာ စကားလာပြောနေတာက ငါမဟုတ်ဘဲ ဌာနမှူးဖြစ်လိမ့်မယ်... "

" အဟမ်း... "

လင်းမို့ ထိုမြင်ကွင်းအား မြင်ယောင်နေသည် ။

ဆရာမလုက ဆက်ပြောလိုက်သည် ။

" ဒီနှစ်က တတိယနှစ်တွေလောက် မကြိုးစားကြတာ နှစ်တွေတော်တော်ကြာပြီ... တတိယနှစ်ဆိုတာက ရုပ်ပိုင်းဆိုင်ရာကြံခိုင်မှုတင်လိုတာမဟုတ်ဘူး စိတ်ဓာတ်ကြံ့ခိုင်မှုလည်း အရေးကြီးတယ်... "

လင်းမို့က ထောက်ခံစွာဖြင့် ခေါင်းကို တဆတ်ဆတ်ညိမ့်လိုက်၏ ။

သိုင်းပညာလမ်းစဥ် လျောက်လှမ်းရသည်မှာ မလွယ်ကူလှပေ ။ ဆောင်ပုဒ်အနည်းငယ်ကို အော်ဟစ်၍ ဆန္ဒပြသလို လျောက်လှမ်း၍ ရသည်မဟုတ် ။ ပါရမီ ၊ အရင်းအမြစ် ၊ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ရည်မှန်းချက်များ မရှိမဖြစ်လိုအပ်သည် ။

" နင့်ကောလဟာလကြောင့် လှုံ့ဆော်သလိုဖြစ်သွားတာက ဒီကျောင်းက ကျောင်းသားတွေကိုတင်မဟုတ်ဘူး... တခြားကျောင်းတွေကိုပါရောက်သွားတာ... အဲ့ဒါကြောင့် နင်တစ်ယောက်ထဲနဲ့ တစ်မြို့လုံးကကျောင်းသားတွေကို လှုံ့ဆော်ပေးနိုင်လို့ ဒါရိုက်တာ ကျောက်က နင့်ကို ချီးကျူးနေတာ... "

" ဒီလိုလည်း ရတာပဲလား... "

လင်းမို့သည် တက်ကြွအမှတ်များလိုချင်၍သာ ကောလဟာလဖြန့်ခဲ့ခြင်ဖြစ်သည် ။ ယခုကဲ့သို့ သိုင်းပညာဌာန(MAD) ၏ အထင်ကြီးမှု ခံရလိမ့်မည်ဟု ထင်မထားခဲ့ ။

" ပြီးတော့ အကြီးအကဲကျောက်က ပြောသေးတယ် နင်စိတ်ဝင်စားရင် ကျောင်းပြီးတာနဲ့ သိုင်းပညာဌာနမှာ အလုပ်ဝင်လို့ရတယ်တဲ့... သူ့ဘေးမှာထားပြီး သေချာ ပျိုးထောင်ပေးမယ်လို့ပြောတယ်... "

ဆရာမလုသည် ထိုစကားကို အနည်းငယ် မနာလိုအားကျနေသော လေသံဖြင့် ပြောလိုက်ခြင်းဖြစ်သည် ။ သူမက သာမန် တက္ကသိုလ်တစ်ခုမှ ဘွဲ့ရလာသော သိုင်းပညာရှင်တစ်ယောက်ဖြစ်၏ ။ ဤနှစ်များအတွင်း ကြိုးစားခဲ့သော်လည်း အထက်တန်းကျောင်းဆရာသာ ဖြစ်လာခဲ့သည် ။

လင်းမို့သည်တော့ ဝင်ခွင့်စာမေးပွဲကို လက်လျော့အရှုံးပေးခဲ့သော ဆိုးဝါးသော ကျောင်းသားတစ်ယောက်ဖြစ်လေသည် ။ သို့သော် သူသည် သိုင်းပညာဌာနတွင် ကျောင်းပြီးသည်နှင့် အလုပ်ရရန် အခွင့်အရေးရခဲ့၏ ။

လင်းမို့က သိုင်းပညာတစ်ယောက်မဟုတ်သဖြင့် သိုင်းပညာဌာနတွင် ယာယီအလုပ်သမားသာ ဖြစ်မည် ဖြစ်သော်လည်း ထိုသည်က သိုင်းပညာဌာနပင် မဟုတ်ပေလော ။ ထိုဌာနတွင် အလုပ်ရခြင်းက အစစ်အမှန်အာဏာရှိပေ၏ ။ ယာယီအလုပ်သမားများပင်လျှင် ဂုဏ်သိက္ခာ မြင့်မားလှပေသည် ။ ထို့အပြင် အကြီးအကဲကျောက်က ပုဂ္ဂိုလ်ရေး ဂရုစိုက်ပေးမည်ဟု ဂတိပေးထားခဲ့သည် ။

ဆရာမလု၏ အမြင်အရ လင်းမို့မှာ ကောလဟာလအနည်းငယ် ဖြန့်ရုံဖြင့် ကောင်းကင်သို့ ပျံတက်သွားနိုင်ပြီဖြစ်သည် ။

လင်းမို့လည်း အနည်းငယ် အံအောနေ၏ ။ အကြီးအကဲကျောက်က အထင်ကြီးနေလိမ့်မည်ဟု သူထင်မထားခဲ့ ။ စနစ်သာ သူမရသေးပါက ထိုကဲ့သို့ အလုပ်မှာ သူအိမ်မက်မက်ခဲ့ရသော အလုပ်ဖြစ်သည် ။ ယခုအခါတွင်မတော့ အကြီးအကဲကျောက်အား ခေါက်ထားလိုက်ရုံသာ ရှိတော့သည် ။

" လုပ်မယ် မလုပ်ဘူး ခုဆုံးဖြတ်စရာမလိုသေးဘူး... နင်မှကျောင်းမပြီးသေးတာ... နောက်နှစ်ရက်အတွင်း သေချာဂရုစိုက်ပြီးစဥ်းစားပေါ့... ငါဒီနေ့လာတာက ပြသနာတစ်ခု နင်နဲ့တိုင်ပင်စရာရှိလို့... "

" ဆရာမ ပြောချင်တာရှိရင် ပြောပါ... "

" ဒါတကယ်တော့ ကျောင်းအုပ်ရန်ရဲ့ အကြံပဲ... ကျောင်းအုပ်ရန်က ပထမနှစ်နဲ့ ဒုတိယနှစ်ကျောင်းသားတွေကိုရော လှုံဆော်ပေးနိုင်မလား သိချင်နေတယ်... "

" အော်... "

လင်းမို့သည် ဆရာမက ထိုအကြောင်းကြောင့်လာရှာမည်ဟု ထင်မထားခဲ့ပေ ။

' ဒါလောက်လေးကို ပြသနာလို့ ခေါ်တယ်လား...'

ဆရာမလု လာမရှာလျှင်ပင် လင်းမို့က တွေးထားပြီးဖြစ်သည် ။ တက်ကြွသူများလေလေ တက်ကြွအမှတ်မြင့်လေလေဖြစ်ပေသည် ။ ထို့ကြောင့် သူက ပထမနှစ်နှင့် ဒုတိယနှစ်ကျောင်းသားများအား အလွတ်ပေး၍မဖြစ် ။ သို့သော်လည်း သူအလွန်အကျွံလုပ်လိုက်လျှင် ကျောင်းမှအပြစ်ပေးမည်ကို စိုးရိမ်နေခဲ့သည် ။ ထို့ကြောင့် စဥ်စားထားသော်လည်း မလုပ်ရဲသေးခြင်းပင် ။ ယခုကဲ့သို့ ကျောင်အုပ်ယန်က တရားဝင်ဓားကို သူ့လက်အတွင်းသို့ လာထည့်ပေးလိမ့်မည်ဟု သူထင်မှတ်မထားပေ ။

" ဒါက ပိုခက်မယ်ဆိုတာ ငါလည်းသိပါတယ်... နင်ရော တအားခက်မယ် ထင်လား...ပြီးတော့ "

ဆရာမလုက ပြော၍မဆုံးခင်ပင်...

" ဆရာမ ဒါအတွက် ပြောနေစရာတောင် မလိုဘူး ... "

လင်းမို့က ဖြတ်ပြောလိုက်၏ ။

" ကျောင်းသားတွေတိုးတက်အောင် လုပ်ဖို့ ကျောင်းရဲ့ ဝန်ထုတ်ဝန်ပိုး ကို ကူညီရမှာ ကျောင်းရဲ့ ကျောင်းသားတစ်ယောက်ဖြစ်တဲ့ ကျွန်တော့ရဲ့ တာဝန်ပဲ မဟုတ်လား... အရိုးကြေကြေ အရေခမ်းခမ်း ကျွန်တော်ဖြစ်အောင်လုပ်မယ်... "

ဆရာမလုလည်း စိတ်အေးသွားပြီး ပြုံးလိုက်မိသည် ။ ထိုအခိုက်အတန့်တွင် လင်းမို့သည် ထူခြားသော လူတစ်ယောက်ဟုပင် သူမထင်လိုက်မိပေသည် ။

အချိန် နှစ်နာရီမှာ လျင်မြန်စွာကုန်ဆုံးသွား၏ ။

ကျောင်းသားနှစ်ရာကျော်မှာ ဆေးစွမ်းအားများကို စုပ်ယူပြီးဖြစ်သည် ။

' ဒီနှစ်နာရီမှာ ငါ့လက်သီးပြင်းအားက ခြောက်ဆယ့်တစ်ကီလို တိုးလာတာပဲ... တချို့ကျောင်းသားတွေ တဝက်တပျက်နဲ့ ထွက်သွားလို့သာ နို့မို့ရင် ကီလို ခုနှစ်ဆယ်လောက် တိုးလာနိုင်တယ်... '

လင်းမို့ ဤမျှကိုပင် အလွန်ကျေနပ်နေပြီဖြစ်သည် ။ သူ၏ လက်သီးပြင်းအားမှာ တစ်ထောင့်တစ်ရာကီလိုကို ကျော်လွန်သွားလေပြီ ။ ယခု ၁၁၁၆ ကီသို့ရောက်ရှိနေပြီး ၁၂၀၀ ကီလိုသို့ရောက်ရှိရန် သိပ်မလိုတော့ ။ ယခုအမြန်နှုန်းနှင့်ဆို မနက်ဖြန်တွင် သိုင်းပညာရှင် တစ်ပိုင်းအဆင့်သို့ ရောက်ရှိပေလိမ့်မည် ။

' အာ... မဟုတ်သေးဘူး...'

ယနေ့ညတွင် လင်းမို့၏ တိုက်ခိုက်ရေးစွမ်းရည် မှာ အဆင့်သုံးသို့ ချိုးဖျက်နိုင်မည်ဖြစ်သည် ။ ထို့ကြောင့် မနက်ဖြန်တွင် သိုင်းပညာရှင်တစ်ပိုင်းအဆင့်မဟုတ်ဘဲ သိုင်ပညာရှင် အစစ်အမှန်တစ်ယောက် ဖြစ်လာတော့မည် ။

' အစစ်အမှန် သိုင်းပညာရှင်.... '

လင်းမို့သက်ပြင်းချလိုက်မိသည် ။ သူငါးနှစ်တာ ပြင်းပြင်းထန်ထန်ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် လက်လျော့ခဲ့ရသည် ။ သို့သော်လည်း ယခုအခါတွင် ရက်အနည်းငယ် ပျင်းရိနေရုံဖြင့် သိုင်းပညာရှင်ဖြစ်လာခဲ့၏ ။

" အကိုမို့ အကိုမို့... "

လင်းမို့ အခန်းတွင်းသို့ ပြန်ရောက်သည်နှင့် ဟောက်ရန်တစ်ယောက် ပြေးလာ၏ ။

" အကိုမို့ ... ကျွန်တော် ဒီည ကြိုတင်ပြင်ဆင်မှုအတန်းကို မသွားတော့ဘူး... "

" ဘာလို့လဲ... ဒီည ကြိုတင်ပြင်ဆင်မှုအတန်း မရှိဘူးလား... "

လင်းမို့ လန့်သွား၏ ။ သူ ယခုပင် မည်ကဲ့သို့ သိုင်းပညာရှင်ဖြစ်လာမည်ကို စိတ်ကူးယဥ်နေခဲ့သည် ။ ယနေ့ည ကြိုတင်ပြင်ဆင်မှု အတန်းမရှိလျှင် သူ၏တိုက်ခိုက်ရေးစွမ်းရည်ကို မည်ကဲ့သို့ အဆင့်မြှင့်ရမည်နည်း ။ အဆင့်မမြှင့်နိုင်လျှင် သိုင်းပညာရှင် မည်ကဲ့သို့ ဖြစ်လာတော့မည်နည်း ။

" အာ... မဟုတ်ပါဘူး... "

ဟောက်ရန်က ရှင်းပြလိုက်သည် ။

" ဒီနေ့ည ရှယ်လေ့ကျင့်ပေးဖို့ သိုင်းပညာရှင်တစ်ယောက် အဖေက ငှားထားလို့ပါ... "

" ငါသိပြီ..."

လင်းမို့ ထိုမှသာ သက်မ ချနိုင်တော့သည် ။ ကြိုတင်ပြင်ဆင်မှုအတန်းမပိတ်လျှင် ကိစ္စမရှိ ။

" ကိစ္စမရှိဘူး... ငါတစ်ယောက်ထဲပဲ သွားလိုက်မယ်... "

" ဘာလို့လဲ... "

ဟောက်ရန် စဥ်းစားမရဖြစ်သွားသည် ။

" အကိုမို့ ကျွန်တော့်ကြောင့် ကြိုတင်ပြင်ဆင်မှုအတန်းကို လာနေတာမဟုတ်ဘူးလား... ကျွန်တော်မသွားတာကို အကိုက ဘာသွားလုပ်မလို့လဲ... "

" အာ... "

လင်းမို့ ရုတ်တရပ် ဘာပြန်ပြောရမှန်းမသိ ဖြစ်သွား၏ ။ ထို့နောက် သူက လေးနက်စွာဖြင့်ပြောလိုက်၏ ။

" ဟောက်ရန်.... သိုင်းပညာလမ်းစဥ်ကို လျောက်လှမ်းနိုင်ဖို့ဆိုတာ ငါတို့နှစ်ယောက်လုံးရဲ့ အိမ်မက်ပဲ... ဒီတာဝန်ကို မင်းတစ်ယောက်ထဲ ထမ်းလို့ဘယ်ဖြစ်မလဲ... "

လင်းမို့က ဆက်ပြောရင်း သူ၏အမူအရာမှာ ပိုမိုလေးနက်လာ၏ ။

" ဒါ့ကြောင့် ကြိုတင်ပြင်ဆင်မှုအတန်းကိုသွားဖို့ မင်းမှာ အချိန်မရှိဘူးဆိုရင်တောင် ငါမသွားလို့မဖြစ်ဘူး..."

ဟောက်ရန်မှာ လင်းမို့၏ ခံစားချက်များ ကူးစက်ခြင်းကို ခံလိုက်ရသည် ။

" အကိုမို့ ... အကိုမှန်တယ်... သိုင်ပညာရှင်အိမ်မက်က ကျွန်တော်တို့ နှစ်ယောက်လုံးရဲ့ အိမ်မက်ပဲ... အကို့ရဲ့ ကြိုးစားအားထုတ်မှုကို ကျေးဇူးတင်တဲ့အနေနဲ့ အကို့ကို ဒီည ကျွန်တော် ဒကာခံမယ်... "

" ဟေး... ငါတို့က မိသားစုတွေမဟုတ်ဘူးလား... အချင်းချင်းဒီလိုပြောဖို့ လိုသေးလို့လား... "

လင်းမို့က ဖြောင့်မတ်တည်ကြည်စွာဖြင့်ပြောလိုက် ၏ ။

" ငါလျော့စားမယ်... ၂၀၀ ပဲပေး..."

All Chapters