← Chapters

ငါက အဲ့လိုလူလား

Vol. 2 Ch. 19

ငါက အဲ့လိုလူလား

Vol. 2 Ch. 19

~

ယင်ကျန်း အရိုက်ခံနေရစဥ်တွင် လင်းမို့က ပျော်ရွှင်စွာဖြင့် ပါဆယ်ပုံးကို ဖောက်နေ၏ ။

" ဒါက တရားဝင် အဆင့်မြှင့်တင်ဆေးဆိုတော့ အရင်ကဟာနဲ့ သေချာပေါက်တူမှာမဟုတ်ဘူး..."

လင်းမို့သည် ပုံးပေါ်ရှိ အညွှန်းအားဖတ်ရင်း အံ့အောသွားသဖြင့် စုတ်သတ်လိုက်မိသည် ။ A1 အဆင့်မြှင့်တင်ဆေးမှာ လူတစ်ယောက်အား လက်သီးပြင်းအား ၁၀ ကီလို အတိအကျ မြှင့်တင်ပေးနိုင်သည် ။ ထိုသည်ထက် အညွှန်းပေါ်တွင်ပါသော ဆေးယဥ်ပါးမှု မရှိပါ ဟူသော စာက လင်းမို့ တခါမှ မကြားဘူးပေ ။

လင်းမို့က ထိုစာကို ဖတ်လိုက်မိသည်နှင့် အကြိမ်များစွာ ပင့်သက်ရှိုက်လိုက်မိသည် ။ ထိုရိုးရှင်းသော စကားလုံးများက ဘာကို ဆိုလိုမှန်း သူနားလည်ပေသည် ။

မှောင်ခိုစျေးက ဝယ်သောဆေးများသာမက ကျောင်းမှပေးသောဆေးများတွင်ပါ ဆေးယဥ်ပါးမှုရှိကြလေသည် ။ ဥပမာအားဖြင့် မျိုးတူသောဆေးများကို သောက်လျှင် ပထမအကြိမ် ၁၀ ကီတိုးလာနိုင်သော်လည်း ဒုတယအကြိမ်တွင် ငါးကီလိုသာတိုးလာနိုင်သည် ။ တတိယအကြိမ်တွင် အာနိသင်လုံးဝမရှိခြင်းပင် ဖြစ်ပေါ်နိုင်သည် ။ ထိုသည်က ဆေးယဥ်ပါလာမှုကြောင့်ပင် ။

ထိုကဲ့သို့ ဆေးယဥ်ပါးမှုကြောင့်သာ မဟုတ်လျှင် ချမ်းသာသည့်သူများမှာ တစ်ခါတည်း ကောင်းကင်ပေါ်သို့ ခုန်တက်သွားနိုင်လိမ့်မည် ။

ဟောက်ရန်ဆိုပါလျှင် သူ့မိသားစုတွင် အိမ်ငါးဆယ်ကျော်ရှိသည် ။ အိမ်အနည်းငယ်အားရောင်းချလိုက်ပါက လက်သီးပြင်းအား ၁၂၀၀ ကီလိုသို့ရောက်၍ သိုင်းပညာရှင် တပိုင်း ဖြစ်လာနိုင်သည် ။ ဆေးယဥ်ပါးမှုကြောင့်သာ ထိုသို့ မဖြစ်နိုင်ခြင်းဖြစ်သည် ။

ထို့အပြင် အညွှန်းတွင် စာလုံးသေးသေးလေးများဖြင့်ရေးထားသော " ဤဆေးကို ပုံရိပ်ယောင်ခေါင်းဆောင်းတွင် တွေ့ရှိရသော DNA ဖြင့်ပြုလုပ်ထားပါသည် ။ ပိုင်ရှင်ကိုယ်တိုင်သောက်သုံးမှသာ ဆေးယဥ်ပါးမှုမရှိမည်ဖြစ်သည် ။ " ဟူသော စာကြောင်းပါရှိသည် ။

ဤသည်က DNA ဖြင့် ချိတ်ဆက်ထားသော ဆေးဖြစ်သည် ။

လင်းမို့လည်း များစွာမတွေးတော့ဘဲ ပြုံးလိုက်ကာ ဆေးပုလင်းကိုဖွင့်၍ တကျိုက်တည်း မော့သောက်လိုက်သည် ။ ဆေးတစ်ပုလင်းအားသောက်တိုင်း ၁၀ ကီလို တိုးလာမည်ဖြစ်သည် ။ မည်သို့သောက်သည်ဆိုသည်က အရေးမပါချေ ။ ထို့ကြောင့် နောက်ကျမှ သောက်သည်ထက် စောစောသောက်သည်က ပိုကောင်းပေသည် ။

' လူသစ်ကွင်းပြင်မှာ ဆယ်ပွဲဆက်နိုင်ပြီးရင် နောက်ထပ်ပွဲတိုင်းအတွက် A1 ဆေးတစ်ပုလင်းစီရမှာ... ငါသာ ပွဲနှစ်ဆယ်ဆက်နိုင်ပွဲအထိရောက်မယ်ဆိုရင် ဆယ်ပုလင်းတောင်ရမှာပဲ... တစ်ပုလင်းကို ၁၀ ကီလိုတိုးမှာဆိုတော့ ကီလို ၁၀၀ တောင်တိုးလာမှာပဲ... "

လင်းမို့၏ အကြည့်များ စူးရှလာသည် ။

' ဒီအချိန်မှာတော့ လူသစ်ကွင်းပြင်က လက်သီးပြင်းအားတိုးဖို့ အမြန်ဆုံးနေရာပဲ... '

လင်းမို့၏ အတွေးများကို တခြားသူများသာသိမည်ဆိုလျှင် သွေးအန်သွားပေလိမ့်မည် ။ လူသစ်ကွင်းပြင်က လက်သီးပြင်းအားတိုးရန် နေရာမဟုတ် ။ တိုက်ခိုက်ရေးစွမ်းရည် လေ့ကျင့်ရန်နေရာဖြစ်၏ ။

လူသစ်ကွင်းပြင်မှာ သိုင်းပညာလမ်းစဥ်လျောက်လှမ်းသူ အများစု၏ နှလုံးသားအတွင်းမှ သန့်စင်သောကုန်းမြေဖြစ်သည် ။ ယခုအခါတွင်တော့ လင်းမို့က သန့်စင်သောကုန်းမြေအား လယ်ကွင်းမှတ်နေပေသည် ။

' ဒါကို မေ့ထားအုံးမှ... ခုတော့ တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၃ ရောက်အောင် ကြိုတင်ပြင်ဆင်မှုအတန်းကို မြန်မြန်ပြေးမှဖြစ်မယ်... '

လင်းမို့သည် နိုင်ပွဲများကြောင့် အနည်းငယ်မာနကြီးလာသော်လည်း ပွဲ ၂၀ ဆက်တိုက်အနိုင်ရရန်မှာ မလွယ်ကူမှန်း နားလည်၏ ။ ဆယ့်တစ်ပွဲမြောက်တွင် သိုင်းပညာရှင်နှင့် တွေ့ရန် အလားအလာများပေသည် ။ သိုင်းပညာရှင်များမှာ တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၃ သို့ရောက်နေကြပြီဖြစ်သည် ။ သူ၏ လက်ရှိစွမ်းရည်ဖြင့်ဆိုပါက သိုင်းပညာရှင်နှင့်တွေ့လျှင် ချီးထွက်အောင် အရိုက်ခံရပေမည် ။

' ငါကအခု တိုက်ခိုက်ရေးစွမ်းရည် အဆင့်၂ အထွတ်အထိပ်ဆိုပင်မဲ့ အဆင့်၃ တံခါးဝရောက်နေပြီ... ကြိုတင်ပြင်ဆင်မှုအတန်းနား မိနစ်နှစ်ဆယ်လောက် ကပ်နေရင်ကို အဆင့်၃ ရောက်လောက်ပြီ... '

လင်းမို့သည် ပျင်းရိခြင်းအတွေ့အကြုံများကို များစွာရရှိနေပြီဖြစ်ရာ ပျင်းရိခြင်းဖြင့် အဆင့်တက်နှုန်းကို ခန့်မှန်းနိုင်ပြီဖြစ်သည် ။

' ကြိုတင်ပြင်ဆင်မှုအတန်း ပြီးရင်တော့ ငါ့တိုက်ခိုက်ရေးစွမ်းရည်က အဆင့်၃ အလယ်လောက်ရောက်မယ်ထင်တယ်... '

လင်းမို့ ခန့်မှန်းကြည့်လိုက်၏ ။

' သန်မာတဲ့ သိုင်းပညာရှင်တွေကလည်း လူသစ်ကျေးရွာကနေထွက်သွားကြပြီ... လူသစ်ကွင်းပြင်မှာကျန်နေတဲ့ သိုင်းပညာရှင်တွေက ဘယ်လောက်သန်မာမှာမို့လဲ... '

ဤသည်အား တွေးမိပြီး လင်းမို့၏ ကွန်ဖီးဒန့် လယ်ဗယ်မှာ စိုးဟိုက်သွားသည် ။ သူအိမ်သို့ ပြန်ရောက်လျှင် လူသစ်ကွင်းပြင်သို့ ဝင်ကိုဝင်ရပေမည် ။

" ဆိုင်ရှင်... ကျွန်တော့ကို ဘီယာနဲ့ အသားကင်နဲနဲချပေး... "

လင်းမို့သည် တွေးရင်းဖြင့်ပင် ကြိုတင်ပြင်ဆင်မှုအတန်းသို့ ရောက်ရှိလာခဲ့သည် ။ သူသည် ပိုမိုသန်မာလာသဖြင့် သူ၏အသံမှာ ပိုမိုကျယ်လောင်လာသည် ။ ဆိုင်ရှင်အား စိတ်ကြိုက်ပြင်ဆင်ခိုင်းသည့် သတ္တိပင် ရှိလာ၏ ။

" ညီလေးလင်း ရောက်လာပြီပဲ... "

ဆိုင်ရှင်က ပြုံးလိုက်၏ ။

" မင်းရဲ့ သူငယ်ချင်းရော မပါဘူးလား..."

" သူဒီနေ့ မလာဖြစ်ဘူး... "

လင်းမို့က ပြန်ဖြေလိုက်သည် ။

" မင်းက သူ့ကို အားလာပေးတာမဟုတ်ဘူးလား... သူမလာတာကို မင်းကဘာလာလုပ်တာတုန်း... "

ဆိုင်ရှင်က အသားအားကို ကျွမ်းကျင်စွာကင်ရင်းမေးလိုက်၏ ။

" တကယ်တော့ အရင်နှစ်ရက်ကတည်းက မင်းရဲ့သူငယ်ချင်းကို အားလာပေးတယ်ဆိုတာ ဆင်ခြေမှန်းငါသိတယ်... "

လင်းမို့ အမှန်တကယ် အံ့အောသွား၏ ။

' ဒီလောက်ကောင်းတဲ့မျက်လုံး မင်းကိုဘယ်သူပေးထားတာတုန်း... '

' ဒါကိုတောင် မှန်အောင်ပြောနိုင်တယ်ပေါ့...'

" ဟီးဟီးးး... ငါမှန်တယ်မလား... "

ဆိုင်ရှင်က တည်တည်တန့်တန့်ပြောနေသော်လည်း သူ၏ မျက်လုံးများအရ စနောက်ချင်ပုံရသည် ။

" မင်း ဒီကို ဖွန်လာကြောင်တာမလား..."

" ဖွီးးး..."

လင်းမို့သည် ဘီယာပုလင်းကို မော့သောက်နေသည်ဖြစ်ရာ သီးသွားသည် ။

' ဖွန်လာကြောင်ရမှာလား... '

' ကောင်မလေးတွေက ဘာလုပ်ရမှာလဲ... '

' ငါ့ တက်ကြွအမှတ်လို သုံးစားလို့မရပဲနဲ့... '

" ဆိုင်ရှင် ကလည်း လျှောက်မစွတ်စွဲပါနဲ့ ..."

လင်းမို့က မျက်နှာထားတင်းတင်းဖြင့်ပြောလိုက်၏ ။

" ကျွန်တော်က အဲ့လိုလူလား..."

" ရှက်လို့ ဝန်မခံချင်ဘူးလား..."

ဆိုင်ရှင်က မျက်စပစ်ပြလိုက်၏ ။

" ကြည့်ကြည့် ကောင်မလေးလာနေပြီ..."

လင်းမို့က မသိစိတ်အရ လှည့်ကြည့်မိလိုက်ရာ လမ်းလျောက်လာနေသော ကျန်းရွှယ်ကို တွေ့လိုက်ရ၏ ။

" ပျင်းစရာကောင်းလိုက်တာ..."

ကျန်းရွှယ်က မျက်မှောင်ကြုံ့ လိုက်သည် ။ လင်းမို့ ကြိုတင်ပြင်ဆင်မှုအတန်းသို့ နေ့တိုင်းလာနေသည်မှာ သူမကြောင့်မှန်းသိသည် ။ အရင်နှစ်ရက်က လင်းမို့သည် ကောင်းဟောက်ရန်နှင့်အတူလာသောကြောင့် သူမဘာမျှမပြောနိုင်ခဲ့ပေ ။ သို့သော်လည်း လင်းမို့က ယနေ့တစ်ယောက်ထဲလာခဲ့၏ ။

' နင်ဘာပြောချင်သေးလည်း...'

' နင်ဘာရှင်းပြအုံးမှာလည်း... '

' ငါ့အတွက်လာတာမဟုတ်ရင် ဘာအတွက်လာတာလည်း...'

ထို့အပြင် ကျန်းရွှယ်က လင်းမို့နှင့် ဆိုင်ရှင်၏ အနားမှ ဖြတ်လျောက်လာသောအခါ သူတို့က သူမအကြောင်းပြောနေသည်ကို ကြားလိုက်ရ၏ ။ ဤသည်က သူမအား ပို၍ပင် စက်ဆုပ်ရွံရှာ သွားစေသည် ။

" လင်းမို့... နင်ခွေးတစ်ကောင်လို ငါသွားတဲ့နောက် လျောက်လိုက်မနေနဲ့ ..."

ကျန်းရွှယ်က ရေခဲဖြစ်လုမတက် မျက်နှာနှင့် အေးစက်စွာ ပြောလိုက်၏ ။

" ဘာတုန်းဟ... "

လင်းမို့ ဆွံ့အသွားချေပြီ ။

" ငါက မင်းသွားတဲ့နေရာ လျောက်လိုက်နေတာလား..."

" နင်မဟုတ်သလို ဟန်ဆောင်နေတုန်းပဲလား..."

ကျန်းရွှယ်က အထင်သေးစွာကြည့်၍ စတင်ရေတွက်ပြလိုက်သည် ။

" တနေ့တုန်းက ငါအရင်ရောက်နေတာကို နင်ငါ့ကို ပြတင်းပေါက်ကနေ လာချောင်းနေတာ... "

" မနေ့တုန်းကလည်း ငါနဲ့တချိန်တည်းရောက်လာတယ်... "

" ဒီနေ့လည်း ကျောင်းကွင်ပြင်ထဲ ဆေးသောက်တဲ့အချိန် နင့်မှာ ဆေးမရှိတာအသိသာကြီးဘဲ... နင်ငါ့နောက်က တိတ်တိတ်လေးလိုက်လာပြီး လာချောင်းတာ... "

" ခုလည်းကြည့် နင့်သူငယ်ချင်း မပါတာတောင် နင်တစ်ယောက်ထဲ လာထိုင်နေတယ်... ငါထပ်ပြောစရာလိုသေးလား... နင်ငါ့ကို လိုက်ချောင်းတာမဟုတ်လို့ဘာလဲ... "

" ငါ.... ငါ.... "

လင်းမို့ ဤသည်မှာ အလွန် ရှင်းပြရခက်မှန်း သိလိုက်၏ ။

' ငါနင့်ကို ဘယ်တုန်းက လိုက်ချောင်းလို့လဲ...'

' နင့်နောက်ကဘယ်တုန်းကလိုက်ဖူးလို့လဲ'

' ငါ့ဖာသာငါ တက်ကြွအမှတ်လေး လာရှာတာပါနော် ...'

" ဘာလဲ ... နင်ကခုထိ ငြင်းချင်သေးတာလား..."

ကျန်းရွှယ်က အထင်သေးစွာဖြင့်ကြည့်၍ ပြောလိုက်၏ ။

" အဲ့တာဆို ခုနင့်သူငယ်ချင်းမပါဘဲ နင်ဘာလာလုပ်တာလဲပြော... "

" ငါ.... "

တက်ကြွအမှတ်ရရန်လာမှန်း လင်းမို့ပြော၍မဖြစ်။ ထို့ကြောင့် အကင်ဆိုင်သာ လွဲချရန်ရှိသည် ။

" ငါဒီဆိုင်က အကင်စားကောင်းလို့လာတာ ..."

" ကျွတ်...ကျွတ်... ပျင်းစရာကောင်းလိုက်တာ... "

ကျန်းရွှယ်က လင်းမို့နှင့်ဆက်ပြောကာ စိတ်အနှောက်အယှက်မဖြစ်ချင်တော့ ။

" အာ့ဆိုလည်း သေအောင်စား... ငါနင့်ကို ထပ်မမြင်ရစေနဲ့ ...နင့်ကိုမြင်ရတာ ငါ့စိတ်အနှောက်အယှက်ဖြစ်တယ်... "

ကျန်းရွှယ်က ပြောပြီးသည်နှင့် gym ထဲသို့ဝင်သွား၏ ။

" ညီလေး.... အရမ်းဝမ်းနည်းမနေနဲ့ကွာ... "

ဆိုင်ရှင်က ပခုံးဖက်ကာ နှစ်သိမ့်ပေးလိုက်၏ ။

" ဒီလို နတ်သမီးလေးက မင်းနဲ့လုံးဝ မတန်ဘူး..."

လင်းမို့က အနည်းငယ်ထူးဆန်းသည်ဟု ခံစားလိုက်ရသည် ။ ဆိုင်ရှင်က ကြင်နာသော လေသံဖြင့် နှစ်သိမ့်ပေးနေမှန်း သူသိသော်လည်း ထိုစကားများမှာ နှစ်သိမ့်ပေးသောစကားများနှင့် တူမနေပေ ။

" ယောကျ်ားတစ်ယောက် အသဲကွဲတယ်ဆိုတာ ဘာမှ မဟုတ်ဘူး..."

ဆိုင်ရှင်က ဆက်၍ နှစ်သိမ့်ပေးသည် ။

" စဥ်းစားကြည့်စမ်း... အထက်တန်းကျောင်းသားတစ်ယောက်က သက်မွေးဝမ်းကြောင်း ကျောင်းတောင် မဝင်နိုင်ဘူးဆိုတာ ပိုမဆိုးဘူးလား..."

ဆိုင်ရှင်က စာမေးပွဲကို လက်လျော့ခဲ့သော လင်းမို့၏အကြောင်းများကို ကြားထားပြီးဖြစ်သည် ။

" သူဌေး... ခင်ဗျားက ကျွန်တော့ကို နှစ်သိမ့်ပေးတာလား သတ်သေအောင် ပြောနေတာလား... "

လင်းမို့ မျက်ဖြူလှန်ပြလိုက်သည် ။

ဤသည်အား သေစေသောနှစ်သိမ့်မှုဟု ခေါ်ဆိုနိုင်ပေသည် ။ ကံကောင်းစွာဖြင့် လင်းမို့၏ တကယ်အရှုံးပေးခဲ့ခြင်းမဟုတ်၍သာ တော်သေးသည် ။ မဟုတ်လျှင် နောက်နှစ် နှစ်ပတ်လည် ဆွမ်းသွပ် နေရပြီဖြစ်သည် ။

" ဒါနဲ့ စကားမစပ်... ဖော်ထုတ်ခံလိုက်ရတာတောင် မင်းက အသားကင်အစားမပြတ်ဘူးနော်... မင်းက တော်တော်အရေထူတဲ့ကောင်ပဲ..."

လင်းမို့ သည် ဆိုင်ရှင်အား စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်မိသွားသည် ။ ထိုသို့သော EQ နှင့်လူတစ်ယောက်က ဆိုင်မည်ကဲ့သို့ လည်ပတ်နေမှန်း သူနားမလည်တော့ ။

All Chapters