← Chapters

ငါတကယ် မချစ်ဘူး ~

Vol. 2 Ch. 22

ငါတကယ် မချစ်ဘူး ~

Vol. 2 Ch. 22

" မင်းက ဖွန်လာကြောင်တာ... "

ဝူပင်းက အော်ဟစ်ပြီးသည်နှင့် ဆိုင်ကို အမြန်သိမ်းကာ ထွက်သွားတော့သည် ။ လင်းမို့ ကံကောင်းစွာဖြင့် ဝူပင်းမသိမ်းခင် ဘီယာတစ်လုံးနှင့် အကင်များကို ဆွဲယူထားနိုင်ခဲ့သည် ။

' သူ့စိတ်နေစိတ်ထားကလည်း သေးသိမ်လိုက်တာ ...'

လင်းမို့သည် ဝူပင်းထွက်ခွာသွားသည်ကို ကြည့်ရင်း ဘာပြောရမှန်းမသိတော့ ။

' ဆော့ချင်တာလည်း ခင်ဗျားပဲ...'

' ရှုံးလို့ စိတ်ကောက်သွားတာလည်း ခင်ဗျားပဲ... '

' တိုက်ခိုက်ရတာကို ကြိုက်တဲ့ ငနုလေးပဲ...'

ဤကဲ့သို့ ဖြစ်လာမည်ကို လင်းမို့ ကြိုသိခဲ့ပါလျှင်မူ ဝူပင်းနှင့် ဘယ်သောအခါမှ တိုက်ခိုက်မည် မဟုတ်ပေ ။

' ငါ အသားကင်စားချင်ပါတယ်ဆိုမှ အကင်ဆိုင်ရှင်က ထွက်ပြေးသွားတယ် ချီးးးးပဲ... '

လင်းမို့တစ်ယောက် အသားကင်နှင့် ဘီယာမရှိဘဲ ဂျင်ရုံရှေ့တွင် ထိုင်နေရသည်က ပျင်းစရာကောင်းလွန်းလှပေသည် ။ ထို့အပြင် ကျန်းရွှယ်မေးခွန်းထုတ်စဥ်က အသားကင်စားရန် ဤနေရာသို့ လာခဲ့သည်ဟု ဆင်ခြေပေးခဲ့၏ ။ ယခုအခါ ဆိုင်ပိတ်သွားသည်ဖြစ်ရာ နောက်တစ်ခါ မေးလာပါက သူမည်သို့အကြောင်းပြချက် ပေးရပါမည်နည်း ။

လင်းမို့ သည် သူမည်ကဲ့သို့ ဖြေရှင်းဖြေရှင်း အကြောင်းမထူးတော့မှန်း နားလည်သွား၏ ။ လူတိုင်းမှာ သူ့အား ဖွန်လာကြောင်နေသော လူတစ်ယောက်အဖြစ် သတ်မှတ်ထားလိုက်ကြလေပြီ ။

' ဒါပင်မဲ့ ပြသနာက ငါမှ မချစ်တာ... '

လင်းမို့ မှားယွင်းနေသည်ဟု ခံစားလိုက်ရသည် ။

' ကျန်းရွှယ်က ငါ့ကို အချစ်ရှူးထင်နေရင် ဘယ်လိုလုပ်မလဲ... '

လင်းမို့ စဥ်စားရင် မကျေမနပ်ဖြစ်လာသည် ။

' ချီးပဲ... ငါအချစ်ရူးမဟုတ်ဘူးကွ...'

' ထားလိုက်ပါတော့ ငါဒီအကြောင်းတွေကို နောက်ထပ် မစဥ်းစားတော့ဘူး... '

လင်းမို့ ဘီယာမော့သောက်လိုက်သည် ။

' တက်ကြွအမှတ်ရဖို့ဆိုရင် သူတို့ ထင်ချင်သလိုထင်ကြပါစေတော့ ...'

သူက အချစ်ရူးဆိုလျှင်ပင် တက်ကြွအမှတ်များအတွက် ရူးရမည်ဖြစ်သည် ။ မိန်းမများဆိုသည်က တက်ကြွအမှတ်များနှင့်ယှဥ်လျှင် ဘာမျှမဟုတ် ။ သိုင်းပညာကျွမ်းကျင်သူဖြစ်ရန် အမှတ်များ လိုအပ်သော်လည်း မိန်းမများမှာမူ မည့်သည့်နေရာတွင်မှ အသုံးမဝင်ပေ ။ စားသုံးရမည်ဆိုလျှင်လည်း မိန်းမဆိုသည်က အသားကင်လောက်ပင် အရသာကောင်းမည်မဟုတ်ချေ ။

သို့သော်လည်း အကင်ဆိုင်က ထွက်ပြေးသွားပြီဖြစ်၍ လင်းမို့မှာ အသားကင်နှင့် ဘီယာကို ဆွဲ၍ ထိုင်ရန်ထောင့်တစ်ခုရှာရတော့သည် ။

' ခက်ခဲလိုက်တာ... '

လင်းမို့က စားရင်းသောက်ရင်းနှင့် ခေါင်းယမ်းလိုက်သည် ။

' တိုက်ခိုက်ရေးစွမ်းရည်လေး နဲနဲတိုးဖို့ ငါ့မှာကြိုးစားလိုက်ရတာ... '

သို့သော်လည်း အခန်းတွင်းရှိ ရေကုန်ရေခမ်းကြိုးစားနေကြသူများနှင့် ယှဥ်လျှင် သူ၏ ဘဝမှာ အများကြီးသက်သာမှန်း လင်းမို့နားလည်ပေသည် ။

' အခန်းထဲက ချီးထွက်အောင်ကြိုးစားပြီး သိပ်တိုးတက်မလာတဲ့ကောင်တွေထက်စာရင် ငါ့ဘဝက အများကြီးတော်ပါသေးတယ်... '

လင်းမို့ သူ့ကိုယ်သူ အားပေးလိုက်သည် ။ ပြီးနောက် တိတ်တဆိတ်ထိုင်နေလိုက်တာ တိုက်ခိုက်ရေးစွမ်းရည် တိုးတက်နေသည်ကို ခံစားနေလိုက်သည် ။

' ငါ တိုက်ခိုက်ရေးစွမ်းရည်က ခုမှအဆင့် သုံး ရောက်တာဆိုတော့ အဆင့်သုံး အထွတ်အထိပ်ရောက်ဖို့ အများကြီးလိုသေးတယ်... '

တိုက်ခိုက်ရေးစွမ်းရည် ဆိုသည်က မိမိ၏ ခွန်အားကို ထိမ်းချုပ်နိုင်စွမ်းကို ခေါ်ဆိုခြင်းဖြစ်သည် ။ လက်သီးပြင်းအားတူညီလျှင် မိမိ၏ခွန်အားကို ပိုမိုထိန်းချုပ်နိုင်သူက ပို၍ သာမည်ဖြစ်သည် ။

တတိယအဆင့်၏ အထွတ်အထိပ်သို့ရောက်ရန် လိုအပ်ချက်မှာ ပိုးချည်ကဲ့သို့ နူးညံစွာစီးမျောခြင်းကို နားလည်ရမည်ဖြစ်သည် ။ ဤအဆင့်တွင် ခွန်အားကို ထိန်းချုပ်ရာ၌ အလွန်တိကျလာသောကြောင့် ကိုယ်ခန္ဓာပေါ်ရှိ အလိုရှိရာနေရာတွင် ခွန်အားကို ရုတ်ချည်း စုစည်းနိုင်မည်ဖြစ်သည် ။

တိုက်ခိုက်ရာတွင် ခွန်အားကို တစ်ချက်တည်း အပြည့်အဝ အသုံးချနိုင်သကဲ့သို့ ရွေ့လျားရာတွင်လည်း ပြိုင်ဘက်ဖြစ်သူ မှန်းဆ၍မရအောင် အလွယ်တကူပြောင်းလဲနိုင်သည် ။

' ဒီလိုထိန်းချုပ်နိုင်ဖို့ဆိုရင် ငါအများကြီးလိုသေးတယ်... '

လင်းမို့သည် သူ၏လက်ရှိအဆင့်နှင့် အဆင့်သုံးအထွတ်အထိပ်ကြားရှိ ကွာခြားချက်ကို ရှင်းရှင်းလင်းလင်း နားလည်ပေသည် ။ အဆင့်၃ ထိပ်ဆုံးအား ကြိုးတစ်ချောင်းဟု ဥပမာထားရလျှင် သူရောက်ရှိနေသည်မှာ ကြိုးတစ်ရာ ဖြစ်သည် ။ ကွာခြားချက်မှာ အဆတစ်ရာခန့်ရှိပေသည် ။

' ဒါပင်မယ့် ငါ့တိုးတက်နှုန်းက အရမ်းမြန်တယ်... '

လင်းမို့က သူ၏ ထိန်းချုပ်နိုင်စွမ်း အဆက်မပြတ်တိုးတက်နေသည်ကို ခံစားမိသည် ။

ကြိုးတစ်ရာ...

ကိုးဆယ့်ကိုးကြိုး...

ကိုးဆယ့်ရှစ်ကြိုး...

' ဒီည ငါ့ထိန်းချုပ်နိုင်စွမ်းက ကြိုးသုံးဆယ်အထိရောက်မယ်ထင်တယ်... '

လင်းမို့ ခန့်မှန်းမိလိုက်သည် ။ သို့သော်လည်း ကြိုးတစ်ရာမှ ကြိုးသုံးဆယ်အထိ တိုးတက်လာသည်မှာ ကြီးကြီးမားမားတိုးတက်လာသည်ဟု ထင်ရသော်လည်း သုံးဆသာသာ သာရှိ၏ ။ ကြိုးတစ်ချောင်းအဆင့်သို့ရောက်ရန် အဆသုံးဆယ် ဝေးနေသေးသည် ။

' ကြိုးသုံးဆယ်ဆိုရင် ငါ့တိုက်ခိုက်ရေးစွမ်းရည်ကို အဆင့် ၃ အလယ်ဆင့်လို့ သတ်မှတ်လို့ရတယ်... '

လင်းမို့က တွေးလိုက်သည် ။

' ဒါပင်မယ့် အဆင့်မြင့်လာလေ တိုးတက်ဖို့ပိုခက်လာလေပဲ... ကြိုးတစ်ချောင်းအဆင့်ကို ရောက်ဖို့ဆိုရင် မနက်ဖြန်တစ်ရက်လုံး အချိန်ဖြုန်းရမယ်ထင်တယ်... '

တစ်ရက်လုံး အချိန်ဖြုန်းရမည်ဖြစ်ရာ အလွန်ခက်ခဲလှပေ၏ ။ မနက်ဖြန်တွင် ကြိုတင်ပြင်ဆင်မှုအတန်း တစ်နေကုန်ဖွင့်၍သာတော်ပေသေးသည် ။ နို့မို့ဆိုလျှင် ပို၍ခက်ခဲပေလိမ့်မည် ။

သို့ရာတွင် လင်းမို့သည် များစွာသော သိုင်းပညာရှင်တို့ ကြိုးတစ်ချောင်းအဆင့်သို့ရောက်ရှိရန် တစ်ဘဝလုံး ကြိုးစားခဲ့ကြရသည်ကိုတော့ မစဥ်းစားမိခဲ့ပေ ။

ပိုးချည်ကဲ့သို့ နူးညံစွာ စီးမျောခြင်းအဆင့်ကား များစွာသောသိုင်းပညာရှင်များ၏ ဘဝတစ်သက်တာ ရှာဖွေရာ လမ်းစဥ်ပင်ဖြစ်ပေသည် ။

ဘီယာနှင့် အကင်များ ကုန်သွားသည်နှင့် ဂျင်၏ထောင့်တွင်ထိုင်နေသော လင်းမို့မှာ ပို၍ပင် ပျင်းလာသည် ။

" ဟေးးးး ..."

လင်းမို့က ထိုင်နေရာမှထကာ အော်လိုက်၏ ။

" ရန်မဖြစ်ကြနဲ့... "

လင်းမို့သည် ရှေ့သို့ လျင်မြန်စွာ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး အော်ငေါက်လိုက်သည် ။

" ရပ်လိုက်စမ်း.... ရန်မဖြစ်ကြပါနဲ့ဆို... "

နှစ်ဘက်စလုံးက သူ၏စကားကို နားမထောင်သည်ကို လင်းမို့ မြင်လိုက်ရသည်ကြောင့် ချက်ချင်းပင် ဒေါသအနည်းငယ်ထွက်လာသည် ။

" ငါ ရန်မဖြစ်နဲ့လို့ပြောနေတယ်... မင်းတို့နှစ်ကောင်လုံးမကြားဘူးလား... "

" ခုချက်ချင်း ရပ်လိုက်ကြစမ်း... "

" မင်းတို့မရပ်ရင် ငါရိုက်မိတော့မယ်... "

" မင်းတို့ကို ငါရိုက်မိအောင်မလုပ်နဲ့ ..."

လင်းမို့သည် ဂျင်၏ထောင့်ရှိ မြေပြင်အား လက်ညိုးဖြင့်ထိုးရင်း ဒေါသတကြီး ကြိမ်းမောင်းလိုက်သည် ။ ထိုနေရာတွင် ပုရွတ်ဆိပ်နှစ်ကောင် သေသည်အထိ တိုက်ခိုက်နေကြပေသည် ။ သူက အချိန်အတော်ကြာအောင် ဖြောင့်ဖျနေသော်လည်း ပုရွတ်ဆိပ်နှစ်ကောင်မှာ တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာသည် ။

သို့အတွက်ကြောင့် လင်းမို့ သည်းမခံနိုင်တော့ပေ ။

" ဒီမှာနေ မလှုပ်နဲ့... "

လင်းမို့က ပုရွတ်ဆိပ်တစ်ကောင်အား လက်ညိုးထိုးကာ ပြောလိုက်ရင်း ကျန်တစ်ကောင်အား မီတာ ရာဂဏာန်းအကွာသို့ လွှင့်ပစ်လိုက်သည် ။

" ဝေးကွာနေရခြင်းက တန်ဖိုးကို ပိုနားလည်စေတယ်... ဒီလောက်အကွာအဝေးဆို မင်းတို့နှစ်ကောင် တိုက်လို့ရမှာ မဟုတ်တော့ဘူး... "

ပြီးနောက် လင်းမို့သည် စိတ်ကျေနပ်စွာဖြင့်လက်ခုတ်တီးလိုက်လေသည် ။

' ဒါငါရဲ့ နေ့တိုင်းအတွက် ကုသိုလ်လို့ပြောလို့ရတယ်... '

သို့သော်လည်း သူထောင့်သို့ ထိုင်ရန်ပြန်လာပြီးနောက် ပျင်းရိလာပြန်သည် ။

' ငါ့ဖုန်းက ခဏတော့သုံးလို့ရသေးတယ်... '

လင်းမို့၏ ဖုန်းအားမှာ ၁ ရာခိုင်နှုန်းသာ ကျန်ပေတော့သည် ။ မဟုတ်လျှင် ပုရွတ်ဆိတ်နှစ်ကောင် ရန်ဖြစ်နေသည်ကို ဖြန်ဖြေရန် ကြိုးစားနေမည်မဟုတ် ။

' မနက်ဖြန် ဖုန်းအားသွင်းကြိုးယူလာမှ ဖြစ်မယ်... နို့မို့ ပျင်းတာနဲ့ ငါသေလိမ့်မယ်... '

လင်းမို့ ဖုန်းဖွင့်လိုက်သည်နှင့် သတင်းတစ်ပုဒ် တွေ့လိုက်ရသည် ။

[ အံအောဖွယ်ရာ... လူငယ် ပါရမီရှင်တစ်ယောက် ဟိုင်းချန်မြို့တွင် ထွက်ပေါ်လာသည် ။ ထိုလူငယ်က မြို့ရဲ့ လူငယ်များထဲတွင် နံပါတ်တစ်နေရာကို ကြိုတင်ရယူထားသည်ဟုပင် ကောလဟာလများ ထွက်ပေါ်နေပါသည် ။ ]

' ဒါဘယ်သူလည်း...'

လင်းမို့လည်း အနည်းငယ်အံ့အောသွား၏ ။ သူထိုသတင်းအား ဖတ်ရန်ပြင်လိုက်စဥ် ဖုန်းအားကုန်သွားလေသည် ။

" ချီးးးး... "

လင်းမို့၏ ဘဝက တဖန်ပြန်၍ ပျင်းရိဖွယ်ကောင်းသွားပြန်သည် ။ ညလယ်တွင် တိုက်ခိုက်ရန် နောက်ထက်ပုရွတ်ဆိပ်များ ထွက်ပေါ်လာလေမလားဟု ရှာဖွေရင်းဖြင့်သာ အချိန်ဖြုန်းနိုင်တော့သည် ။

အချိန်က နှေးကွေးစွာ ကုန်ဆုံးလာခဲ့သည် ။

လင်းမို့သည် အကင်နှင့် ဖုန်းမရှိသော ပတ်ဝန်းကျင်တွင် အချိန်သုံးနာရီနီးပါး တောင့်ခံနေခဲ့ရသည် ။ နောက်ဆုံးတွင်တော့ အတန်းချိန် ပြီးဆုံးသွားတော့၏ ။

' နောက်ဆုံးတော့ ပြီးသွားပြီ... '

လင်းမို့ သက်ပြင်းရှည်ကြီး ချလိုက်၏ ။ သုံးနာရီ နီးပါး ပျင်းရိစွာ ထိုင်နေရခြင်းက ခက်ခဲလှပေသည် ။

ကံကောင်းစွာဖြင့် ဝိရိယရှိခြင်းက အောင်မြင်မှုများကို ယူဆောင်လာပေးသည် ။ လင်းမို့၏ ထိန်းချုပ်နိုင်စွမ်းမှာ ကြိုးသုံးဆယ်သို့ ရောက်ရှိခဲ့လေပြီ ။

' အဆင့်၃ အလယ်ဆင့်...'

လင်းမို့ကျေနပ်သွားသည် ။ သူခန့်မှန်းခဲ့သည့်အတိုင်းပင် အတိအကျရရှိခဲ့ပေသည် ။ သုံးနာရီကြာအောင် ပျင်ရိပြီးနောက် သူ၏တိုက်ခိုက်ရေးစွမ်းရည်မှာ အဆင့်နှစ်ထိပ်ဆုံးမှ အဆင့်သုံးအလယ်အဆင့်သို့ ရောက်ရှိခဲ့သည် ။ ဤအမြန်နှုန်းမှာ ချီတာများပင် မှီနိုင်မည်မဟုတ်ချေ ။

' အိမ်ပြန်လို့ရပြီ... '

လင်းမို့သည် အိမ်သို့ပြန်ရန် ထလိုက်စဥ်တွင် ကျန်းရွှယ်တစ်ယောက် ဂျင်အပြင်သို့ ထွက်လာသည်ကို တွေ့လိုက်ရသည် ။

ကျန်းရွှယ်၏ မျက်နှာက အေးစက်သွားသည် ။ သူမက စကားမပြောဘဲ လင်းမို့ကို အေးစက်စက်နှင့် စိုက်ကြည့်နေလေ၏ ။

" ငါ... "

လင်းမို့တစ်ယောက် မှားယွင်းနေသည်ဟု ခံစားမိလိုက်တော့သည် ။

သူက ဤနေရာတွင် AFK တစ်ယောက်ကဲ့သို့ လဲလှောင်းနေခဲ့သော်လည်း ကျန်းရွှယ်က သူ့အား ဖွန်ကောင်အဖြစ် အထင်လွဲပေတော့မည် ။

' မင်းကိုယ့်ကိုကိုယ် အရမ်းအထင်ကြီးမနေနဲ့... '

' ငါမင်းကို မချစ်ဖူးကွ... '

All Chapters