တစ်မြို့လုံးအား အံ့အားသင့်သွားစေသော ပါရမီရှင်
Vol. 2 Ch. 23
~
ကျန်းရွှယ်၏ မျက်နှာ အေးစက်စက်ဖြစ်နေရခြင်းမှာ လင်းမို့ကြောင့်မဟုတ်ပေ ။ သူမအား လိုက်ကပ်နေသူ များစွာရှိလေရာ လင်းမို့ ဆိုသည်က ထိုသူများထဲမှ တစ်ယောက်သာဖြစ်သည် ။ လင်းမို့အား ဖွန်လိုက်ကြောင်နေသူဟုပင် အတိအကျသတ်မှတ်၍ မရဘဲ အဝေးမှ မျော်နေသော ခွေးတစ်ကောင်သာသာ ဖြစ်ပေသည် ။
ကျန်းရွှယ်သည် လင်းမို့ကြောင့် အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်မိသော်လည်း ဂရုသိပ်မစိုက်ချေ ။ ကျန်းရွှယ် မပျော်မရွှင်ဖြစ်နေရခြင်းမှာ ကြားလိုက်ရသော သတင်းတစ်ပုဒ်ကြောင့်ဖြစ်၏ ။
[ အံ့အောဖွယ်ရာသတင်း : ဟိုင်းချန်မြို့တွင် လူငယ်ပါရမီရှင်တစ်ယောက် ပေါ်ထွက်လာခြင်း... ထိုလူငယ်က မြို့၏ ပါရမီရှင်များစာရင်းတွင် နံပါတ်တစ်နေရာအား ကြိုတင်ရယူထားသည်ဟုပင် ကောလဟလများ ထွက်ပေါ်နေသည် ]
" မြို့၏ ပါရမီရှင်တစ်ယောက် တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၃ သို့ ရောက်ရှိသွားသည် ..."
ကျန်းရွှယ်က ထိုသတင်းအား ကြားလိုက်ရသောကြောင့်ဖြစ်သည် ။
' လျိုကျုံးဟောင် ဆိုပါလား...'
' ဟိုင်းချန် ဒုတိယအထက်တန်းကျောင်းက တတိယနှစ်ကျောင်းသားထင်တယ် ...'
' သူက အဆင့်၃ ကို ချိုးဖျက်နိုင်သွားပြီလား... '
ကျန်းရွှယ်က အလွန်မာနကြီး၏ ။ သူမကို သူမ မြို့၏ ထိပ်တန်းပါရမီတစ်ယောက်အဖြစ် သတ်မှတ်ထားသူဖြစ်သည် ။ တစ်စုံံတစ်ယောက်က သူမထက်အနည်းငယ်သာလွန်သည်ကို လက်ခံနိုင်သော်လည်း သူမထက်များစွာသာလွန်သွားသည်ကိုတော့ သူမ လက်မခံနိုင်ပေ ။
' ငါအဆင့်နှစ် အထွတ်အထိပ် ကိုမချိုးဖျက်နိုင်တာ တော်တော်ကြာနေပြီ... ဒါပင်မယ့်ဒီကောင်က အဆင့်၃တောင် ရောက်သွားပြီ... '
ကျန်းရွှယ် မပျော်တော့ပေ ။ သူမ မနေ့ညက blackearth ဆိုသော သိုင်းအလုပ်သင်တစ်ယောက် ရိုက်နှက်ခြင်းကို ခံခဲ့ရ၏ ။ ယနေ့တွင် အခြားပါရမီရှင်တစ်ယောက်က သူမအားကျော်တက်သွားပြန်သည် ။
' လျိုကျုံးဟောင် '
သူမထိိုနာမည်အား မှတ်ညဏ်ထဲတွင် မှတ်သားထားလိုက်၏ ။ လျိုကျုံးဟောင်မှာ တခြားမြို့မှဆိုလျှင် ကျန်းရွှယ်ထိုမျှ ခံစားနေမည်မဟုတ် ။ ကမ္ဘာကြီးမှာ အလွန်ကြီးမားပြီး ပါရမီရှင်များစွာ ပေါ်ထွက်လာနိုင်ပေသည် ။ သို့သော် လျိုကျုံးဟောင်မှာ သူမနှင့် တစ်မြို့ထဲဖစ်သဖြင့် ကျန်းရွှယ် အနည်းငယ် ဝမ်းနည်းသွားမိသည် ။
ပို၍ဆိုးသည်မှာ လျိုကျုံးဟောင်မှာ ဟိုင်းချန် ဒုတိယအထက်တန်းကျောင်းမှ ဖြစ်နေ၍ပင် ။ ဒုတိယ အထက်တန်းကျောင်းမှာ ပထမအထက်တန်းကျောင်း၏ လွှမ်းမိုးခြင်းကို နှစ်ပေါင်းများစွာ ခံလာခြင်းဖြစ်သည် ။ သို့သော်လည်း ယခုအခါ ဒုတိယအထက်တန်းကျောင်းတွင် အဆင့်၃ ပါရမီရှင်တစ်ယောက် ပေါ်ထွက်လာသော်လည်း ပထမအထက်တန်းကျောင်းတွင် အဆင့် ၃ ပါရမီရှင်မရှိပေ ။ ထို့ကြောင့် ပထမအထက်တန်းကျောင်းအနေဖြင့် မျက်နှာပျက်ရပေသည် ။
ပထမအထက်တန်းကျောင်း၏ ထိပ်တန်းပါရမီဖြစ်သော် ကျန်းရွှယ်မှာလည်း မျက်နှာဖြတ်ရိုက်သွားသလို ခံစားရ၏ ။ ထို့ကြောင့် ဂျင်မှထွက်လာသော သူမ၏ အမူအရာမှာ မပျော်မရွှင် ဖြစ်နေရခြင်းဖြစ်သည် ။
' အဆင့်နှစ်အထွတ်အထိပ်... အဆင့်နှစ်အထွတ်အထိပ်...ဟူးးးး... ပိတ်ဆို့နေတဲ့ အဆီးအတားကိုခံစားမိပင်မဲ့ ငါဘာလို့ မချိုးဖြတ်နိုင်သေးတာလဲ... '
ကျန်းရွှယ် အလွန်စိတ်ညစ်သွားသည် ။ သူမက စိတ်ဓာတ်ကျစွာဖြင့် အိမ်ပြန်လာခဲ့ပြီး ကြီးမားသော ဆိုဖာကြီးပေါ်တွင် လှဲလျောင်းရင်း အနားယူလိုက်သည် ။ သူမ TV ကို ဖွင့်ကြည့်လိုက်လေရာ လျိုကျုံးဟောင် အားတိုက်ရိုက် ထုတ်လွှင့်နေသည်ကို မြင်လိုက်ရပေ၏ ။
ကိုယ်ခံပညာဌာန( MAD )သည် ဟိုင်းချန်မြို့တွင် အင်အားအကြီးဆုံး အဖွဲ့အစည်းဖြစ်သည် ။
** ည ဆယ်နာရီခန့်... ***
ပုံမှန်အားဖြင့်ဆိုလျှင် ဤအချိန်ကား MAD တစ်ခုလုံး အလုပ်ဆင်း၍ အိမ်ပြန်ကုန်ကြလေပြီ ။ ယနေ့ညအခါမှာတော့ ဌာနတစ်ခုလုံး မီးရောင်များဖြင့် လင်းထိန်နေကာ အလုပ်ရှုပ်နေကြလေသည် ။ အဘယ်ကြောင့်ဆိုသော် ဟိုင်းချန်မြို့မှ ပေါ်ထွက်လာသော ပါရမီရှင် လျိုကျုံးဟောင် ကြောင့်ပင် ။
သတင်းဌာနမှ လှပသော အမျိုးသမီး သတင်းတင်ဆက်သူမှ MAD ၏ အကြီးအကဲဖြစ်သူ ကျောက်ရှုအား အင်တာဗျူးလုပ်နေ၏ ။ ခေါင်းဆောင်ကျောက်၏ မျက်နှာမှာ ကင်မရာထဲတွင် ပြုံးဖြီးဖြီးနှင့် အလွန်ပျော်ရွှင်နေပုံရပေသည် ။
" သိုင်းပညာရှင်တွေက မရှားဘူးဆိုတာ အားလုံးသိကြမယ် ထင်ပါတယ်... "
ခေါင်းဆောင်ကျောက်က ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်၏ ။
" တက္ကသိုလ် တစ်ခုခု ဝင်ခွင့်ရနိုင်ခဲ့မယ်ဆိုရင်ကို တက္ကသိုလ် မှာရှိတဲ့ အရင်းအမြစ်တွေနဲ့ သိုင်းပညာရှင်တစ်ယောက် ဖြစ်လာဖို့ဆိုတာ ဘာမှ မခက်ဘူး... ဒါပင်မဲ့... အသက် ဆယ့်ရှစ်နှစ် အရွယ် သိုင်းပညာရှင် ဆိုတာက တကယ်ရှားတယ်ဗျ... "
" ပထမ အချက်အနေနဲ့က အထက်တန်းကျောင်းတွေက ပေးနိုင်တဲ့ အထောက်အပံ့တွေက တက္ကသိုလ် နဲ့ ယှဥ်လို့မရဘူး... ဒုတိယအချက်အနေနဲ့က အထက်တန်းကျောင်းသားတွေက ဖွံ့ဖြိုးဆဲ အရွယ်ဖြစ်တာကြောင့် အရင်းအမြစ်တွေ တက်နိုင်ရင်တောင် အနာဂတ်တက်လမ်းကို ထိခိုက်နိုင်တာမို့လို့ အရမ်းကာရော မသုံးရဲကြဘူးဗျ... တက္ကသိုလ် တက်တဲ့အရွယ်ရောက်ရင်တော့ ခန္ဓာကိုယ် က ဖွံ့ဖြိုးပြီးဖြစ်လို့ အရင်းအမြစ်တွေကို စိတ်ကြိုက်သုံးလို့ရတယ်... "
" အဲ့တာကြောင့် အထက်တန်းကျောင်းသားအရွယ်မှာ သိုင်းပညာရှင် ဖြစ်လာတဲ့သူတွေ အရမ်းရှားနေတာ... အဲ့လိုမျိုး ပါရမီရှင် ပေါ်ထွက်လာဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်... အဲ့လို ပါရမီရှင်တွေက ထိပ်တန်း တက္ကသိုလ် တွေကို လွယ်လွယ်ကူကူဝင်ရောက်နိုင်ပြီးတော့ ဒီ ဝင်ခွင့်စာမေးပွဲဆိုတာက သူတို့အတွက်တော့ ဒီ လုပ်ရိုးလုပ်စဥ်တစ်ခုလိုပဲဖြစ်သွားတာပေါ့... "
" ဒီနေ့မှာတော့ အဲ့လို ပါရမီရှင်မျိုး ဟိုင်းချန်မြို့မှာ ပေါ်ထွက်လာနိုင်ခဲ့ပါပြီ... သူကတော့ ကျွန်တော်တို့ ဟိုင်းချန်မြို့ရဲ့ ဒုတိယအထက်တန်းကျောင်းက လျိုကျုံးဟောင်ပဲ ဖြစ်ပါတယ်... သူ့ကို ဒီနေ့ သိုင်းပညာရှင်တစ်ယောက်အဖြစ် အတည်ပြုပေးနိုင်ခဲ့လို့ ကျွန်တော်တို့ သိုင်းပညာဌာနအတွက် အလွန်ကံကောင်းတဲ့နေ့လို့ ဆိုရမှာပဲဗျ... "
အစီအစဥ်တင်ဆက်သူက ခေါင်းဆောင်ကျောက်အား မေးမြန်းပြီးသည်နှင့် ဒုတိယအထက်တန်းကျောင်း၏ ကျောင်းအုပ်အား အင်တာဗျူးရန် ပြေးသွားတော့သည် ။
ဒုတိယအထက်တန်းကျောင်း၏ ကျောင်းအုပ်မှာ အားကျုံးဟု ခေါ်ဆိုပြီး လင်းယုန်ပုံသဏ္ဍာန် နှာခေါင်းကောက်ကောက်နှင့်ဖြစ်သည် ။ ထိုသူအား ကြည့်ရသည်မှာ အလွန်ရက်စက်ယုတ်မာတက်ပုံံရသော်လည်း အခုအခါတွင်မှာတော့ ခက်ခက်ခဲခဲ ကြိုးစား၍ ပြုံးနေရရှာသည် ။
" ဟားဟားဟားးး... လျိကျုံးဟောင်က စာမေးပွဲမတိုင်ခင် အဆင့်၃ ကို ချိုးဖျက်နိုင်ခဲ့တယ်ဆိုတာက သူ့ရဲ့ ပါရမီတွေ ကြိုးစားအားထုတ်မှုတွေကြောင့်သာမက ကျွန်တော်တို့ ဒုတိယအထက်တန်းကျောင်းရဲ့ ပညာရေးသင်ကြားမှုစနစ်ကလည်း တစ်စိတ်တစ်ပိုင်းပါတယ်ဗျ... ဘာလို့လဲဆိုတော့ ဥပမာပြောရရင် ဟိုင်းချန်မြို့ရဲ့ ပထမအထက်တန်းကျောင်းက ဒီလိုပါရမီရှင်မျိုး ထွက်မလာတော့တာ နှစ်တွေတော်တော်ကြာနေပြီဗျ ဟုတ်တယ်မလား ဟားဟားဟားဟားးးးး... "
ဒုတိယအထက်တန်းကျောင်း၏ ကျောင်းအုပ်က သူ့ကိုယ်သူ့ သိသိသာသာပင် ဂုဏ်ဖော်နေလေ၏ ။ ထိုအချိန် TV မှ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသော ပထမအထက်တန်းကျောင်း၏ ကျောင်းအုပ်ဖြစ်သူမှာ ဒေါသထွက်လွန်းသဖြင့် ခေါင်းများပင် စိမ်းလာချေသည် ။
အစီအစဥ်တင်ဆက်သူလေးမှာ လျိုကျုံးဟောင်၏ ပတ်ဝန်းကျင်ရှိလူများကို အင်တာလိုက်ဗျူးနေပြီး နောက်ဆုံးတွင်မှာ လျိကျုံးဟောင်ကို အင်တာဗျူးတော့သည် ။
" ကျောင်းသား လျိုကျုံးဟောင်အနေနဲ့ နောက်ထပ်လုပ်မယ့် အစီအစဥ်များကို သိခွင့်ရှိမလားရှင့်... ရှင့်အနေနဲ့ ထိပ်တန်းတက္ကသိုလ်တွေ ကို တိုက်ရိုက်တက်မလား ဒါမှမဟုတ် စာမေးပွဲဖြေအုံးမလားဆိုတာကိုလည်း သိချင်ပါတယ်ရှင့်... "
လှပသော အစီအစဥ်တင်ဆက်သူလေးက လျိုကျုံးဟောင်အား တောက်ပစွာစူးစိုက်ကြည့်ရင်း မေးလိုက်၏ ။
" ကျွန်တော် ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်နေပါပြီဗျ... "
လျိုကျုံးဟောင်က တုံ့ဆိုင်းမနေဘဲ ပြန်ဖြေလိုက်သည် ။
" ကျွန်တော် ဟိုင်းချန်မြို့ရဲ့ အမြင့်ဆုံးရခဲ့ဖူးတဲ့ ဝင်ခွင့်စာမေးပွဲအမှတ်ကို ကျော်လွန်နိုင်မလားဆိုတာကိုဘဲ စောင့်ကြည့်ရမယ်ဗျ... ပြီးတော့ ကျွန်တော် ကျန်းနန်စီရင်စု မှာ ထိပ်ဆုံးရမှတ် ရနိုင်ဖို့ ကြိုးစားသွားမှာပါဗျ... "
ကျန်းနန်စီရင်စုတွင် မြို့ပေါင်းနှစ်ဆယ်ကျော်ရှိပြီး ဟိုင်းချန်မှာ ထိုထဲမှ တစ်မြို့သာဖြစ်သည် ။
" ကျန်းနန်စီရင်စုမှာရှိတဲ့ မြို့တော်တော်များများမှာ တတိယနှစ် အထက်တန်း ကျောင်းသား သိုင်းပညာရှင်တွေ အများကြီးပြီး သူတို့အားလုံး ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်နေကြပင်မယ့် ကျောင်းသား လျိုကျုံးဟောင်အနေနဲ့ ကျန်းနန်စီရင်စုမှာ ထိပ်တန်းရမှတ်တွေ ရရှိမယ်လို့ ကျွန်မ ယုံကြည်ပါတယ်ရှင့် ..."
လှပသော အမျိုးသမီးအစီအစဥ် တင်ဆက်သူက ပြောလိုက်၏ ။ လျိုကျုံးဟောင်က ဟိုင်းချန်မြို့၏ ထိပ်တန်းကျောင်းသားဖြစ်လာမည်မှာ မြေကြီးလက်ခက်မလွဲပင် ။ ကျန်းနန်စီရင်စု၏ ထိပ်တန်းကျောင်းသားဖြစ်လာမည်လားဆိုသည်ကသာ စောင့်ကြည့်ရမည်ဖြစ်သည် ။ သူသာ အောင်မြင်နိုင်ခဲ့လျှင်တော့ ဟိုင်းချန်မြို့၏ ဒဏ္ဍာရီသဖွယ်ဖြစ်လာပေမည် ။
" ဒါနဲ့ စကားမစပ်... "
တင်ဆက်သူက ရုတ်တရပ်ပြောလိုက်၏ ။
" အစပြုသူ လေ့ကျင့်ကွင်းမှာ ကျောင်းသားလျိုကျုံးဟောင်က ကိုးပွဲဆက်နိုင်ထားတယ်လို့ ကျွန်မ ကြားထားပါတယ်ရှင့်... ဒီည ဆယ်ပွဲဆက်ကို အနိုင်ယူဖို့ ကြိုးစားမှာလားဆိုတာ သိချင်ပါတယ်ရှင့်... "
" ဟုတ်ပါတယ်..."
လျိုကျုံးဟောင်က ယုံကြည်ချက် အပြည့်ဖြင့်ပြောလိုက်သည် ။
" ကျွန်တော် အစပြုသူလေ့ကျင့်ကွင်းကပေးတဲ့ A1 အဆင့်မြှင့်ဆေးကို အရမ်းစိတ်ဝင်စားပါတယ်ဗျ... ဖြစ်နိုင်ရင် ဒီည ဆယ်ပွဲအထက်နိုင်ပွဲရဖို့ ကျွန်တော် ကြိုးစားသွားမှာပါ ... A1 ဆေးပုလင်း နဲနဲထပ်ရရင် ကျန်းနန်စီရင်စုမှာ ထိပ်တန်းကျောင်းသားဖြစ်ဖို့ ပိုလွယ်သွားတာပေါ့ဗျာ... "
" အဲ့တာဆို တစ်ခုလောက်မေးလို့ရမလားရှင့် ... ဒီည အစပြုသူကွင်းမှာ တိုက်ခိုက်မယ့်တိုက်ပွဲတွေကို တိုက်ရိုက်လွှင့်လို့ ရမလားရှင့်... "
တင်ဆက်သူက မေးလိုက်သည် ။
" ဒါပေါ့ဗျာ ရတာပေါ့... ဒီည အစပြုသူကွင်းမှာ သန်မာတဲ့ပြိုင်ဘက်တွေနဲ့ တွေ့ရဖို့ ကျွန်တော်မျှော်လင့်မိပါတယ်... ဒါမှသာ တကယ်တိုက်ပွဲတိုက်ရသလို ခံစားရမှာဗျ ..."
မာနကြီးခြင်း....
လှပသော တင်ဆက်သူက မျက်ခုံးပင့်လိုက်မိသည် ။ သို့သော်လည်း သူမလည်း လျိုကျူံးဟောင်၏ အထက်စီးဆန်မှုအပေါ်တွင် အခိုင်အမာယုံကြည်ပေသည် ။