လက်သီးတစ်ချက် ~
Vol. 2 Ch. 25
ဟိုင်းချန်မြို့...
ဟိုင်းချန် သတင်းဌာန...
ယနေ့ည လျိုကျုံးဟောင် အား တိုက်ရိုက်ထုတ်လွှင့်နေကြသည် ။ ဤသည်မှာ ဟိုင်းချန်မြို့၏ ဓလေ့တစ်ခုပင်ဖြစ်သည် ။ ပါရမီရှင် တစ်ယောက်ထွက်ပေါ်လာတိုင်း နတ်ဘုရားတစ်ယောက်သဖွယ် ဝိုင်းဝန်းမြှောက်ပင့်ကြပေမည် ။ ပါရမီရှင်အား လေးစားသောကြောင့်သာမက တစ်မြို့လုံးရှိ လူငယ်များကိုလည်း ကြိုးစားချင်စိတ် ဖြစ်ပေါ်စေရန်ပင် ။
မကျော်ကြား မတောက်ပချင်သော လူငယ်ဟူ၍ မရှိပေ ။ ယခုအချိန်တွင်မတော့ တစ်မြို့လုံးရှိ လူငယ်များမှာ လျိုကျုံးဟောင်၏ တိုက်ရိုက်ထုတ်လွှင့်မှုအား မနာလိုအားကျစွာ စောင့်ကြည့်နေကြလေသည် ။ မနာလိုချင်းကလည်း ရှေ့သို့တက်လှမ်းနိုင်ရန် တွန်းအားတစ်ခုဖြစ်ပေသည် ။
" စောင့်ကြည့်နေကြသူများရှင့်... အခုဆိုရင် ကျွန်မတို့ကျောင်းသား လျိုက ပုံရိပ်ယောင်းခေါင်းဆောင်းကို ဆောင်းပြီးတော့ ရှေးဦးစကြာဝဠာ ထဲကို စတင်ဝင်ရောက်နေပြီဖြစ်ပါတယ်... "
တိုက်ရိုက်ထုတ်လွှင့်မှု ကို လှပသော အမျိုးသမီး တင်ဆက်သူမှ တာဝန်ယူတင်ဆက်နေသည် ။
" ကျောင်းသား လျိုအနေနဲ့ ရှေးဦးစကြာဝဠာ ထဲမှာ သူ့ရဲ့ပုံရိပ် ရေးထိုးတော့မှာကို ကျွန်မတို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကနေတဆင့် သတ်သေထူကြရတော့ပါမယ်ရှင့် ... အစပြုသူကွင်းပြင်မှာ သူ့ရဲ့ ဘယ်လိုသူရဲကောင်းဆန်တဲ့ ပုံရိပ်ကို မြင်တွေ့ရမလဲဆိုတာကို စောင့်ကြည့်ကြဆို့လားရှင့် ... "
" ဒါနဲ့ စကားမစပ် ..."
တင်ဆက်သူက ရုတ်တရပ် ပြောလိုက်၏ ။
" ကျောင်းသားလျိုက ကိုးပွဲဆက်နိုင်ထားတယ်ဆိုတာ ကျွန်မပြောထားတာကို မှတ်မိကြသေးလား... ခုသူက ဒီတစ်ပွဲနိုင်ရင် ဆယ်ပွဲဆက်နိုင်ပွဲရပြီးတော့ ဦးဆောင်စာရင်းမှာ နာမည်ရေးထိုးနိုင်တော့မှာနော် ... "
" အာ... ခုကျွန်မတို့ ရှေးဦးစကြာဝဠာ ထဲမှာရှိတယ့် ကျောင်းသားလျိုနဲ့ ချိတ်ဆက်မိသွားပါပြီနော် ... ကျောင်းသားလျို အစပြုသူကွင်းပြင်မှာသုံးတယ့်နာမည်က Grand Deity( ကြီးမြတ်သော နတ်ဘုရား) ပါတဲ့ရှင့်... သူနဲ့ သင့်တော်တဲ့ နာမည်တစ်ခုပဲနော် ... ဒီနေ့ညမှာတော့ ကျောင်းသားလျိုက ဟိုင်းချန်မြို့ရဲ့ နတ်ဘုရားပါပဲရှင့်... "
လှပသောတင်ဆက်သူက လျိုးကျုံးဟောင်၏ ဖန်လေးတစ်ယောက်ဖြစ်နေလေပြီ ။ Grand Deity ဆိုသော နာမည်အား တခြားသူများသုံးလျှင်တော့ ကြီးကျယ်လွန်းရာကြမည် ဖြစ်သော်လည်း ကျောင်းသားလျိုသုံးလျှင်တော့ ထိုနာမည်က ထိုက်တန်သည်ဟု သူမထင်သည် ။
" ကျောင်းသားလျိုက ပွဲစရှာနေပြီနော်... ဘယ်လိုပြိုင်ဘက်နဲ့ တွေ့မလဲဆိုတာ ကြည့်လိုက်ရအောင်... "
ချက်ချင်းပင် ပွဲရှာတွေ့သွားသည်ကို လူတိုင်းမြင်လိုက်ရပြီး ပြိုင်ဘက်၏ အချက်အလက်များကို တွေ့လိုက်ရသည် ။
[ Black Earth: အသက် ၁၈ နှစ်, သိုင်းအလုပ်သင်, ယေဘူယျ အသွင်အပြင်, ဆက်တိုက်နိုင်ပွဲ: ၁၀ ပွဲ]
" သိုင်းအလုပ်သင်လား..."
" သူကသိုင်းအလုပ်သင်နဲ့ တွေ့နေတာပဲ..."
တင်ဆက်သူက အံ့သြတကြီး ပြောလိုက်၏ ။ တိုက်ရိုက်ထုတ်လွှင့်မှာကို ကြည့်နေကြသူများလည်း အံ့သြကုန်ကြလေသည် ။
" အိုး... ဒီသိုင်းအလုပ်သင်က ဆယ်ပွဲဆက်နိုင်ထားတာပဲ... အံ့သြစရာမရှိဘူး ... "
တင်ဆက်သူက ပုံမှန်ပြန်ဖြစ်သွားပြီး ရှင်းပြလိုက်သည် ။
" ဒီသိုင်းအလုပ်သင်က ကျွန်မတို့ရဲ့ ကျောင်းသားလျိုနဲ့ တွေ့ရတယ်ဆိုတော့ သူတော်တော်ကံကောင်းတာပဲရှင့်... သိုင်းအလုပ်သင်တစ်ယောက်အနေနဲ့ သိုင်းပညာရှင်ကို ယှဥ်နိုင်ဖို့ဆိုတာ မလွယ်ဘူးနော်... "
" အားလုံးပဲ ကျောင်းသားလျိုက တိုက်ပွဲကွင်းပြင်ထဲကို အရမ်းသန်မာတဲ့အော်ရာ တွေနဲ့ ဝင်လာတာကိုကြည့်ကြပါအုံးရှင့် ..."
" သူ့ရဲ့ ပြိုင်ဘက်နဲ့ယှဥ်ရင် ကျွန်မတို့ရဲ့ကျောင်းသားလျိုက တည်ငြိမ်ပြီးတော့ ယုံကြည်မှု အပြည့်ပဲနော်... သူ့ကို ကြည့်လိုက်ရုံနဲ့ကို ကျွမ်းကျင်ပညာရှင်တစ်ယောက် ဆိုတာ သိသာနေပါတယ်ရှင့်... "
" ကျောင်းသားလျိုက ဒီပွဲမှာ ဘယ်လောက်တောင် ယုံကြည်မှုတွေ အပြည့်အဝရှိနေလဲဆိုတာ မြင်နေရတယ်နော်... သုံးမိနစ်အတွင်း ဦးဆောင်စာရင်းမှာ ကျောင်းသားလျိုရဲ့ နာမည်ကို ရေးထိုးနိုင်တော့မယ်ဆိုတာကို ကျွန်မ ရဲရဲကြီးပြောရဲပါတယ်... အားလုံးပဲ စောင့်ကြည့်ပေးကြပါအုံးရှင့်... "
" သူတို့နှစ်ယောက်က စတိုက်ကြပါတော့မယ်..."
" နေပါအုံး... ကျောင်းသားလျိုက သူ့ပြိုင်ဘက်ကို သုံးကွက်အကြောပေးလိုက်တယ်တော့... ဒီအပြုအမူကို ကြည့်ရင် ကျောင်းသာလျိုရဲ့ မြင့်မြတ်တဲ့ပုံရိပ်ကို မြင်ရမှာပါနော်... "
" ဒီလို အပြုအမူတွေဆိုတာ အောင်မြင်နေတဲ့သူတွေမှာ တွေ့ရပါတယ်... ကျောင်းသားလျိုက ဒီအရွယ်လေးကတည်းက ဒီလိုစိတ်ထားမျိုး ပိုင်ဆိုင်ထားပြီဆိုတော့ သူ့ရဲ့ အနာဂတ်အောင်မြင်မှုတွေက မှန်းဆလို့တောင် ရတော့မှာမဟုတ်ဘူးရှင့် ..."
လှပသောတင်ဆက်သူမှာ ဝေဖန်နေသည်မဟုတ်တော့ဘဲ ဦးနှောက်မဲ့ ချီကျူးခြင်းသာ ဖြစ်နေတော့သည် ။ သို့သော် ကြည့်ရှုနေသူများလည်း ထိုသည်က မှားသည်ဟု မထင်မိကြ ။ ကျောင်းသားလျိုတစ်ယောက် ရှုံးနိမ့်လိမ့်မယ်ဟု မည်သူမှ ယုံကြမယ်မဟုတ်ချေ ။
' Black Earth လား... '
ကျန်းရွှယ်လည်း ထုတ်လွှင့်မှုကို စောင့်ကြည့်နေခဲ့သည် ။ Black Earth ဆိုသည့်နာမည်က သူမကို ဖမ်းစားသွားသည် ။
' ငါ့ကို မနေ့က ရိုက်သွားတယ့်ကောင်မှလား... လျိုကျုံးဟောင်နဲ့တွေ့နေတာပဲ... '
ကျန်းရွှယ်အနည်းငယ် အံ့သြသွား သွားသော်လည်း ချက်ချင်းပင် ဤသည်က ပုံမှန်ဟု ခံစားမိလိုက်သည် ။
' အစပြုသူကွင်းမှာက သိုင်းပညာရှင်သိပ်မရှိဘူး... ဒီမှာက အရင်းအမြစ်နည်းတော့ သိုင်းပညာရှင်တွေက အစပြုသူရွာက ထွက်သွားကြပြီ... ဒီမှာက လျိုကျုံးဟောင်တစ်ယောက်ပဲ သိုင်းပညာရှင် ဖြစ်မယ်ထင်တယ်... '
' ငါ့ကို မနေ့က ရိုက်သွားတယ့် Black Earth ဆိုတဲ့ကောင်က ဆယ်ပွဲဆက်တောင် နိုင်ထားတာပဲ... ကြည့်ရတာ သိုင်းပညာရှင်တွေကလွဲရင် သူ့ကို ဘယ်သူမှ မနိုင်တော့ဘူးထင်တယ်... ဒီနှစ်ယောက် တစ်ချိန်တည်းတွေ့ဖို့ဆိုတာ ကံတော်တော်ကောင်းတာပဲ... '
အစပြုသူကွင်း၏ ပွဲရှာသည့် စည်းမျဥ်းများမှာ တင်းကြပ်လှပေသည် ။ သိုင်းအလုပ်သင်နှင့် သိုင်းပညာရှင်တို့ကြား ကွာခြားလှသော်လည်း ထိပ်တိုက်တွေ့ပေးလေသည် ။
' Balck Earth က မနေ့က ဆယ်ပွဲဆက်နိုင်ထားတာကို ဒီနေ့ပထမဆုံးပွဲကို သိုင်းပညာရှင်နဲ့ တွေ့တယ်ဆိုတော့ သူတော်တော်ကံဆိုးတာပဲ ...'
Black Earth မှာ တိုက်ခိုက်ရေးစွမ်းရည် အဆင့်၂ အထွတ်အထိပ်ဟု ကျန်းရွှယ် ထင်ပေသည် ။ ထို့ကြောင့် သူသည် သိုင်းပညာရှင်တစ်ယောက်နှင့် ယှဥ်နိုင်လိမ့်မည်ဟု သူမ မထင်ပေ ။ ထို Black Earth အရိုက်ခံရသည်ကို သူမ လက်ခုတ်လက်ဝါးတီး၍ အားပေးရပေမည် ။
' မနေ့က နင်ငါ့ကို ရိုက်သွားတာ ဒီနေ့ နင်ငါ့ရှေ့မှာ အရိုက်ခံရတော့မယ်... ဒါဝဋ်လည်တာပဲ ...'
အစပြုသူကွင်း၏ တိုက်ပွဲကွင်းပြင်အတွင်း...
လင်းမို့သည် ဤပွဲအား တိုက်ရိုက်ထုတ်လွှင့်နေသည်ကို မသိချေ ။ စကားအနည်းငယ် ဖလှယ်ပြီးသည်နှင့် ပြိုင်ဘက်ရှိရာသို့ ပြေးဝင်သွားလိုက်သည် ။ ပြိုင်ဘက်က သူ့အား သုံးကွက်အကြောပေးထားသည် ဖြစ်ရာ သူအရင်ဆုံးတိုက်ရပေမည် ။
" ဝှစ်..."
လင်းမို့က ခွန်အားကုန် သုံးမထားသော်လည်း သူ၏ အရှိန်မှာ မြန်လှပေသည် ။ မျက်တောင်တစ်ခတ် အချိန်အတွင်းပင် ပြိုင်ဘက်နှင့် ငါးမီတာသာ ဝေးတော့သည် ။
ပြိုင်ဘက်ဖြစ်သူ Grand Deityက တိုက်ခိုက်မှုကို လက်ခံရန် လက်တစ်ဖက်သာ ရှေ့ထုတ်ထားပြီး ကျန်လက်တစ်ဖက်ကို နောက်သို့ ပစ်ထားသည်ကို သူမြင်လျှင် အံ့သြသွား ၏ ။
' အရမ်းသန်မာတယ်လား...'
လင်းမို့ လန့်သွား၏ ။
' ငါတကယ် ဆရာကြီးနဲ့ တွေ့နေတာပဲ... ငါ့ကို သုံးကွက် အကြောပေးတာ အံ့သြစရာမရှိဘူး...'
လင်းမို့ ပြိုက်ဘက်အား လျော့မတွက်ရဲတော့ ။ တချိန်တည်းမှာပင် လင်းမို့သက်ပြင်းချလိုက်မိသည် ။
' ငါ့ပြိုင်ဘက်က ငါနဲ့အသက်အတူတူပဲရှိသေးတာကို ဒီလောက်တောင်သန်မာနေပြီ... ရှားနိုင်ငံမှာ ပါရမီရှင်တွေနဲ့ ပြည့်နေတာပဲ... '
သို့သော် လင်းမို့ အားမငယ်မိ ။ သူ၏ အပျင်းသမားအလုပ်မှာ အချိန်တိုလေးအတွင်သာ ရှိနေသေးသော်ကြောင့်ဖြစ်သည် ။ မည်သို့သော် ပါရမီရှင်ဖြစ်ပါစေ သူပျင်းရိခြင်းဖြင့် ကျော်ဖြတ်နိုင်၏ ။
' ဒီပါရမီရှင်က ဘယ်လောက်သန်မာလဲဆိုတာ စမ်းကြည့်ရမယ်... '
လင်းမို့က ပြိုင်ဘက်အနားသို့ရောက်ရှိသွားပြီး သူ၏ တိုက်ခိုက်ရေးစွမ်းရည်အဆင့် ၃ အလယ်ဆင့်က ပေါက်ကွဲထွက်လာသည် ။
လျိုကျုံးဟောင်က အဆင့်၃ သို့ချိုးဖျက်လာပြီး သိုင်းပညာရှင်ဖြစ်လာသည်မှာ မကြာသေးပေ ။ သူက လင်းမို့ထက် အားနည်းပေသည် ။ အစပြုသူကွင်းအတွင်းတွင် လက်သီးပြင်းအားကို ၈၀၀ ကီလိုတွင် ထိန်းချုပ်ထားပေသည် ။ ထို့ကြောင့် လျိုကျုံးဟောင်က လင်းမို့အား လက်တစ်ဖက်ဖြင့် ရင်ဆိုင်ခြင်းက သေလမ်းရှာခြင်းပင် ။
" ဖောင်း.... "
လင်းမို့၏ ကြိုးသုံးဆယ်ထိန်းချုပ်နိုင်စွမ်းနှင့် လက်သီး က လျိုကျုံးဟောင်၏ လက်တစ်ဖက်ဖြင့် ကာကွယ်ထားသည်ကို ကျော်ဖြတ်၍ မျက်နှာထက်သို့ ကျရောက်သွားပေသည် ။ တစ်ချက်တည်းဖြင့် ချက်ချင်းရှုံးနိမ့်သွားသည် ။