← Chapters

မဖြစ်သင့်သော နိုင်ပွဲ

Vol. 2 Ch. 26

မဖြစ်သင့်သော နိုင်ပွဲ

Vol. 2 Ch. 26

~

တိုက်ပွဲကွင်းပြင်တွင် လျိုကျုံးဟောင်၏ ရုပ်သွင်မှာတဖြည်းဖြည်းမှေးမှိန်၍ ပျောက်ကွယ်လာသည် ။ သူ၏ မျက်လုံးများမှာ ပြူးကျယ်၍ မယုံမကြည်နိုင်ဖြစ်နေပေသည် ။

' ဒီလက်သီးက ဘာလို့ ဒီလောက်တောင် မြန်နေတာလဲ... '

' ငါ ဘာလို့မကာကွယ်လိုက်နိုင်တာလဲ... '

လျိုကျုံးဟောင်သည် ဤရှုံးနိမ့်ခဲ့ရသော တိုက်ပွဲကို မည်သို့အကြောင်းပြချက်ပေးရမည် မသိတော့ ။ သူတုံ့ပြန်ချိန်ပင် မရလိုက်ဘဲ ရှုံးနိမ့်ခဲ့ရသည် ။ တခြားအချိန်ဆိုလျှင် ကိစ္စမရှိသော်လည်း ယခုတိုက်ပွဲမှာ သူ၏ ဆယ်ပွဲဆက်နိုင်ပွဲဖြစ်ရမည့်တိုက်ပွဲပင် ။ ပို၍ဆိုးသည်မှာ ဒီတိုက်ပွဲ ကို တိုက်ရိုက်ထုတ်လွှင့်မှုစောင့်ကြည့်နေကြသော လူသိန်းဂဏာန်းရှိနေပေသည် ။ သူ ဤမျှဆိုးရွားစွာ ရှုံးနိမ့်ခဲ့မှုအပေါ် အလွန်ရှက်နေလေသည် ။

သူ၏ ဂုဏျသိက်ခါ ကို တည်ဆောင်နိုင်ရန် ဆယ်နှစ်ကျော်ကြာအောင် ကျိုးစားခဲ့ရသည် ။ သူ၏ အရည်အချင်းများကို အများရှေ့တွင် ထုတ်ပြရတော့မည့်အချိန်တွင် ရှုံးနိမ့်ခဲ့ရသည် ။ ပို၍ဆိုးသည်မှာ သိုင်းအလုပ်သင်တစ်ယောက်က တစ်ချက်တည်းဖြင့် အနိုင်ယူသွားလေသည် ။

' ီီ း တဲ့မဘဲ... '

လျိုကျုံးဟောင်တစ်ယောက် တစ်မြို့လုံးက သူ့အား ဝိုင်းဟားနေမည်ကို သိလိုက်သည် ။

လင်းမို့သည်လည်း ပျောက်ကွယ်နေသော လျိုကျုံးဟောင်ကိုကြည့်ရင်း ဆွံ့အနေချေသည် ။

' ဘာကောင်လဲဟ... '

' မင်းက ငါ့ကို သုံးကွက်အကြောပေးထားတာကို တစ်ကွက်ထဲနဲ့ ပျောက်သွားတယ်လား...'

' ကျွမ်းကျင်ပညာရှင်တစ်ယောက်ရဲ့ ပုံစံကရော ဘယ်ရောက်သွားလည်း... '

' ဒီခွန်အားလေးနဲ့ ငါ့ကို သုံးကွက်အကြောပေးရဲတယ်လား...'

' ငါကတော့ ကျွမ်းကျင်ပညာရှင်နဲ့တွေ့ပြီး တိုက်ပွဲကောင်းကောင်းလေး တိုက်ရတော့မယ်ထင်နေတာ... ချွေးတောင်မဆို့လိုက်ဘူး... '

လင်းမို့၏ အတွေးများ ရှုပ်ထွေးသွားသည် ။ သူဤကမ္ဘာကြီးအား နားမလည်နိုင်တော့ ။

' မင်းခွန်အားလေးနဲ့ ော က်ဆရာကြီးလို လုပ်မနေနဲ့...'

သို့သော်လည်း လင်းမို့သည် သူ၏ပြိုင်ဘက်မှာ အားနည်းနေခြင်းမဟုတ်ဘဲ သူကသာ သန်မာနေမှန်း နားလည်လိုက်သည် ။

အစပြုသူကွင်းတွင် ကောင်းသောအရာများစွာမရှိပေ ။ ဆယ်ပွဲဆက်နိုင်ပွဲ ဆုလဒ်မှာလည်း တစ်ကြိမ်သာပေးခြင်းဖြစ်သည် ။ ဆယ့်တစ်ပွဲမြောက်မှစတင်၍ တစ်ပွဲနိုင်လျှင် A1 ဆေးတစ်ပုလင်းသာပေးသည် ။ နောက်ပွဲများမှာ ပို၍ခက်လာသည်ဖြစ်ရာ သန်မာသော သိုင်းပညာရှင်များက အစပြုသူကွင်းမှ ထွက်သွားကြတော့သည် ။ ကျန်ရှိသော သိုင်းပညာရှင်များမှာ အဆင့်၃ သို့ရောက်ခါစ များသာဖြစ်သည် ။

ထို့ကြောင့် လင်းမို့၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် အစပြုသူကွင်းတွင် ပြိုင်ဘက်ကင်းဟု ဆိုနိုင်ပေသည် ။

" အသိပေးချက်: သင် ၁၁ ပွဲဆက် နိုင်ပွဲရရှိထားသဖြင့် ရှားနိုင်ငံ၏ ဦးဆောင်စာရင်းတွင် အဆင့် ၉ ရရှိထားပါသည်... ဆုလဒ်အဖြစ် ရရှိထားသော A1 ဆေးကို ပို့ဆောင်ပေးရန် လိပ်စာထည့်သွင်းပေးပါ ..."

အစပြုသူကွင်းမှ အကြောင်းကြားချက် ပို့လိုက်သည် ။

' ငါအဆင့် ၉ ဖြစ်နေပြီလား...'

လင်းမို့ အဆင့် များကို တစ်ချက် စစ်ကြည့်လိုက်သည် ။ သူ၏ ရှေ့တွင် ရှိသော ရှစ်ယောက်မှာ ခြောက်ယောက်က ၁၁ ပွဲဆက် နိုင်ပွဲ ရရှိထားပြီး တစ်ယောက်က ၁၂ ပွဲဆက်နိုင်ထားကာ နံပါတ် ၁ က ၁၃ ပွဲဆက်နိုင်ထားသည် ။

' ဒါဆို ငါတစ်ပွဲ နိုင်တာနဲ့ အဆင့်သုံးကို ရောက်ပြီး သုံးပွဲထက်နိုင်ရင် အဆင့် ၁ ဖြစ်ပြီပေါ့... '

နိုင်ပွဲဆက်ရရှိရန်မှာ သူများအမြင်တွင် မလွယ်ကူသော်လည်း လင်းမို့အတွက်တော့ လွယ်ကူလှပေသည် ။

" ပွဲဆက်ရှာတော့... "

ဟိုင်းချန် သတင်းဌာန...

ဦးနှောက်မဲ့ မြှောက်ပင့်နေသော တင်ဆက်သူမှာ တစ်ယောက်ယောက်က လည်ပင်ဖမ်းညှစ်လိုက်သလို ရုတ်တရပ် အသံမထွက်တော့ပေ ။ ပြူးကျယ်နေသော မျက်လုံးဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုကို မယုံကြည်နိုင်စွာကြည့်နေလေသည် ။ သူမ၏ မျက်တောင်တုတစ်ဖက် ပြုတ်ကျသွားသည်ကိုပင် သတိမထားနိုင်တော့ ။

" ဒါ....ဒါ...."

လှပသော တင်ဆက်သူက တိုက်ရိုက်ထုတ်လွှင့်မှုမှ မြင်ကွင်းကို မယုံကြည်နိုင်သေးပေ ။ ဟိုင်းချန်မြို့၏ ဂုဏ်ဆောင် ၊ လူငယ်များ၏ စံပြ ၊ အသက်ဆယ့်ရှစ်နှစ်အရွယ် သိုင်းပညာရှင်မှာ တစ်ချက်ထိုးဖြင့် ရှုံးနိမ့်ခဲ့ရသည် ။ သိုင်းအလုပ်သင် တစ်ယောက်မှ တစ်ချက်ထိုး၍ အနိုင်ယူသွားခြင်းပင် ။

" ကျ... "

တင်ဆက်သူက ပရောဖက်ရှင်နယ် တစ်ယောက်ဖြစ်သော်လည်း ယခုအချိန်တွင် ရုတ်တရပ် ဘာပြောရမှန်းမသိတော့ ။ သူမ လျိုကျုံးဟောင် အကြောင်းကို အလွန်အမင်း ချီးကျူးနေခဲ့သော်လည်း တစ်စက္ကန့်အတွင်း ရှုံးနိမ့်သွားလေရာ သူမ ဘာပြောရမှန်းမသိတော့ပေ ။

' နင့်မှာ ဘာကျွမ်းကျင်မှာမှ မရှိဘူးဆိုရင်လဲ ဘာလို့ ဆရာကြီးစတိုင်ဖန်းနေတာလဲ...'

' နင်က သုံးကွက်အကြောလဲပေးသေးတယ် တစ်ချက်လေးတောင်မခံနိုင်ဘူးလား...'

ထိုစကားများအား သူမ အပြင်တွင် ထုတ်မပြောရဲပေ ။ လျိုကျုံးဟောင် တစ်ယောက် ဤမျှ မာနကြီးနေရခြင်းကလည်း သူမ မြှောက်ပင့်မှုများကြောင့် တစ်စိတ်တစ်ပိုင်း ပါဝင်သည် ။

တင်ဆက်သူက သူမ၏ အတွေးများကို ထိန်းချုပ်လိုက်ကာ ပြောလိုက်၏ ။

" ကျောင်းသားလျိုက သတိမထားဘူးရှင့်... သူ့ပြိုင်ဘက်က ဆယ်ပွဲဆက်တောင်နိုင်ထားတာဆိုတော့ သိုင်းအလုပ်သင်ဖြစ်ရင်တောင်မှာ အလစ်တိုက်ကွက်က အရမ်းကြောက်စရာကောင်းတယ်... ကျောင်းသားလျိုသာ သတိထားခဲ့ရင် သူရှုံးမှာမဟုတ်ဘူးရှင့်... "

ထိုအချိန်တွင်...

လျိုကျုံးဟောင်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသူများစွာရှိပေသည် ။ လျိုကျုံးဟောင်က ကျောင်းသားအများစု၏ အိုက်ဒေါ ပင်ဖြစ်နေပြီဖြစ်၏ ။ TV ကြည့်ရင်း ဆူညံစွာအားပေးနေကြသူများမှာ ရုတ်တရပ်တိတ်ဆိတ်သွားကြသည် ။

ဟိုင်းချန်မြို့၏ ချမ်းသာသော ရပ်ကွက်တစ်ခုတွင် ။

အရက်မူးနေသော အဖေဖြစ်သူက သားဖြစ်သူအား ဆုံးမနေသည် ။

" ဒီမယ်ငါ့သား... မင်းသာ လျိုကျုံးဟောင်လောက် သန်မာမယ်ဆိုရင် မာနကြီးလို့ရတယ် မောက်မာလို့ရတယ်... မင်းဘာမှ ော က်ဂရုစိုက်စရာမလိုဘဲ လုပ်ချင်ရာလုပ်လို့ရတယ်... "

လေးတန်းကျောင်းသား ဖက်တီးလေး၏ ခန္ဓာကိုယ်တစ်ခုလုံး စိတ်လှုပ်ရှားလွန်းသဖြင့် နီရဲလာသည် ။ သူက လက်သီးကို တင်းတင်းဆုပ်ကာ...

" စိတ်ချပါအဖေ... သား သိုင်းတာအိုကို လျောက်လှမ်းနိုင်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားပါ့မယ် ..."

ထိုစဥ် အဖေနှင့် သား အားပေးနေသော လျိုကျုံးဟောင်မှာ တစ်ချက်အထိုးခံရပြီး ရှုံးနိမ့်သွားလေသည် ။

" အဖေ..... "

ဖက်တီးလေး ရှုပ်ထွေးသွားသည် ။

" အဟွတ်...အဟွတ်... ကောင်းပြီ... "

အဖေဖြစ်သူက မူးနေသော်လည်း ဆင်ခြေအမြန်ရှာလိုက်သည် ။

" ဒီ ပုံပြင်က မင်းဘယ်လောက်သန်မာသန်မာ မင်းရဲ့ပြိုင်ဘက်က ဘယ်လောက်အားနည်းအားနည်း... မင်းရဲ့ပြိုင်ဘက်ကို မင်းကအထင်သေးရင် မင်းရှုံးနိမ့်သွားလိမ့်မယ်... မှတ်ထားငါ့သား..."

" ဟုတ်ကဲ့ပါအဖေ... သားမှတ်ထားလိုက်ပါ့မယ်..."

TV ရှေ့တွင်ရှိနေသော ကျန်းရွှယ်လည်း အံ့သြသွားသည် ။

' ဘာလဲ... black earth နိုင်သွားတာလား... '

သိုင်းအလုပ်သင်တစ်ယောက်က သိုင်းပညာရှင်ကို အနိုင်ယူလိမ့်မည်ဟု သူမ ထင်မထားပေ ။

' လျိုကျုံးဟောင်ကလည်း သတိမထားလိုက်တာ... သူဘယ်လိုလုပ် သိုင်းအလုပ်သင်ကို ရှုံးမှာလည်း... နောက်တခါသာဆို လျိုကျံးဟောင်က အဲ့သိုင်းအလုပ်သင်ကို အလစ်တိုက်ဖို့ အခွင့်အရေးပေးမှာ မဟုတ်တော့ဘူး... '

ကျန်းရွှယ်တွေးလိုက်မိသည် ။ Black Earth နိုင်ရခြင်းမှာ အလစ်တိုက်ကွက်ကြောင့်ဟု သူမ ထင်မြင်ပေသည် ။ လျိုကျုံးဟောင်က လက်တစ်ဖက်ဖြင့်သာ ခုခံခဲ့သောကြောင့် အလစ်တိုက်ခံရခြင်းဖြစ်သည် ။ ဤနိုင်ပွဲက မဖြစ်သင့်ပေ ။

' ဒါပင်မယ့်... '

ကျန်းရွှယ်တစ်ယောက် ရုတ်တရပ် ထရယ်လိုက်သည် ။

' လျိုကျုံးဟောင်တောင် သူ့ကို ရှုံးရသေးတာပဲ... ငါမနေ့က သူ့ကိုရှုံးတာ ဘာမှမဖြစ်တော့ဘူး...'

သိုင်းအလုပ်သင်တစ်ယောက်ဖြစ်သော Black Earth က သူမကို မနေ့က ရိုက်သွားလေသည် ။ ထို့ကြောင့်သူမ အနည်းငယ် စိတ်ဓာတ်ကျနေသော်လည်း လျိုကျုံးဟောင်ပါ အရိုက်ခံလိုက်ရသည်ကိုမြင်၍ သူမ ပျော်ရွှင်သွားသည် ။

တိုက်ပွဲကွင်းပြင်မှ ထွက်လာရသော လျိုကျုံးဟောင်တစ်ယောက်မှာ အစပြုသူကွင်းတွင် စက္ကန့်အတော်ကြာ အောင်ပင် သတိမကပ်သေးပေ ။

' ငါ ပေါ့လိုက်လိုက်... '

လျိုကျုံးဟောင်တစ်ယောက် အတန်ကြာစဥ်းစားပြီးမှ ကောက်ချက်ချလိုက်သည် ။

' ငါက အဆင့်သုံးဆိုပင်မယ့်... အဆင့်နှစ်အထွတ်အထိပ် ပြိုင်ဘက်တစ်ယောက်ကို အထင်သေးလို့မရဘူး... '

သူရှုံးနိမ့်ခဲ့ရသော်လည်း ပြိုင်ဘက်မည်မျှ သန်မာမှန်း သူသတိမထားမိလိုက်ချေ ။ Black Earth အား အဆင့်နှစ်ဟုသာ သူထင်နေပေသည် ။ သူရှုံးခဲ့ရသည်မှာလည်း အလစ်တိုက်ကွက်ကြောင့်သာဟု ကောက်ချက်ချလိုက်သည် ။

' ငါသူ့ကို သုံးကွက်အကြောပေးထားတာတောင် သူက အလစ်တိုက်ကွက် သုံးသွားသေးတယ်... အရှက်မရှိတယ့်ကောင်... နောက်တစ်ခါ တွေ့လို့ကတော့ သင်ခန်းစာကောင်းကောင်းပေးပြစ်မယ်... '

လျိုကျုံးဟောင်က တွေးရင်း ဒေါသထွက်လာသည် ။ သူဒေါသထွက်နေသော်လည်း ရှုံးနိမ့်ပြီးပြီဖြစ်ရာ သူဘာမှ မတက်နိုင်တော့ပေ ။

' နောက်တစ်ပွဲရှာမယ်... ဘယ်လိုပြိုင်ဘက်နဲ့တွေ့တွေ့ ငါအနိုင်ယူပြီးတော့ ငါ့ ဂုဏ်သိက္ခာကို ပြန်ဆယ်ရမယ်...'

ထိုသည်အားတွေးရင်း လျိုကျုံးဟောင်က ပွဲရှာလိုက်သည် ။ တစ်စက္ကန့်ပင်မကြာဘဲ ချက်ချင်းရှာတွေ့သွားသည် ။ ပြိုင်ဘက်၏ အချက်အလက်များကို ကြည့်လိုက်ရာ သူမနေနိုင်တော့ဘဲ အော်ရယ်တော့သည် ။

[ Black Earth: အသက် ၁၈ နှစ်, သိုင်းအလုပ်သင် , ယေဘူယျ အသွင်အပြင်, ဆက်တိုက်နိုင်ပွဲ: ၁၁ ပွဲ]

All Chapters