ခေါင်းမာနေတာ မင်းလား
Vol. 2 Ch. 27
~
[ Black Earth: အသက် ၁၈ နှစ်, သိုင်းအလုပ်သင်, ယေဘူယျ အသွင်အပြင်, ဆက်တိုက်နိုင်ပွဲ: ၁၁ပွဲ]
[ Grand Deity: အသက် ၁၈ နှစ်,သိုင်းပညာရှင်, ယေဘူယျ အသွင်အပြင်, ဆက်တိုက်နိုင်ပွဲ: ၀]
' ဒီကောင်ပဲလား...'
ပြိုင်ဘက်အား မြင်လိုက်ရစဥ် လင်းမို့အံ့သြသွား၏ ။ ထိုသည်က မထူးဆန်းပေ ။ လင်းမို့၏ ရလဒ်များဖြင့်ဆိုလျှင် သိုင်းပညာရှင်များနှင့်သာ တွေ့ရတော့မည်ပင် ။ အစပြုသူကွင်းတွင် သိုင်းပညာရှင်များ နည်းပါးသည့်အပြင် အချိန်ကိုက်ပွဲရှာသည့်သူတွေ့ရန် ခက်ခဲပေသည် ။ ထို့ကြောင့် တူညီသည့် ပြိုင်ဘက်နှင့် ထက်မံကြုံရခြင်းဖြစ်သည် ။
ယခုအချိန်ရော ထိုကောင် ကြွားအုံးမလားဟု လင်းမို့တွေးလိုက်မိသည် ။ အရင်ပွဲတွင် သန်မာသည့်ပြိုင်ဘက်ဟု သူထင်မိခဲ့ခြင်းဖြစ်သည် ။
တကယ်တော့ ကိုးပွဲဆက်နိုင်ထားသည့် သိုင်းပညာရှင် ဆိုသည်က လူများကို ကြောက်လန့်စေရန် လုံလောက်သည် ။ သိုင်းပညာရှင်များ ဆက်တိုက်နိုင်ပွဲရရန် သိုင်းအလုပ်သင်များ ၊ သိုင်းပညာရှင်တပိုင်းများထက် များစွာခက်ခဲလှသည် ။
သို့သော်လည်း စလျှင်စခြင်းပင် ထိုဆရာကြီးက လက်သီးတစ်ချက်ဖြင့် သေသွားခဲ့သည် ။ ထိုကောင်ကား အာပလာကောင်သာဖြစ်သည် ။ သူ၏ ယုံကြည်မှုများ မည်သည့်တွင်းထဲက ထွက်လာသည်ကိုမူ လင်းမို့ နားမလည်နိုင်တော့ပေ ။
" Black... Earth..."
တိုက်ပွဲကွင်းပြင်အတွင်းသို့ ရောက်လာသည်နှင့် ပြိုင်ဘက်၏ ဒေါသတကြီးအော်သံကို လင်းမို့ကြားလိုက်ရ၏ ။
" Black Earth... ငါမင်းကို သုံးကွက်အကြောပေးထားတာတောင် မင်းငါ့ကို အလစ်တိုက်သေးတယ်လား...
"
လျိုကျုံးဟောင်က ဒေါသတကြီး ဟစ်အော်လိုက်သည် ။
" အလစ်တိုက်တယ်လား..."
လင်းမို့ အံ့သြသွား၏ ။ သူက လက်သီးတစ်ချက်ဖြင့် ရိုးသားစွာ အနိုင်ယူခဲ့ခြင်းဖြစ်သည် ။ အလွန်ရိုးစင်းသော ဖြောင့်လက်သီးတစ်လုံးသာဖြစ်၏ ။ ထိုလက်သီးအား အဘယ့်ကြောင့် အလစ်တိုက်ကွက်၏ ခေါ်ပါသနည်း ။
လင်းမို့ မနေနိုင်တော့ဘဲ မေးလိုက်မိသည် ။
" မင်းက အလစ်တိုက်ကွက်တွေအကြောင်းကို နားလည်မှုများ လွဲနေလား... "
" မင်းက ငြင်းချင်သေးတာလား..."
လျိုက ရိုင်းရိုင်းပြပြ ပြောလိုက်လေသည် ။
" ဒီတစ်ကြိမ်တော့ မင်းငါ့ကို အလစ်တိုက်လို့ မရတော့ဘူး... ငါမင်းကို အနိုင်ယူပြမယ် ..."
" ဘုန်း... "
လျိုက ဒူးကွေး၍ အားယူကာ လင်းမို့ဆီသို့ မျှားတစ်စင်းသဖွယ် ပြေးဝင်သွားသည် ။ သူ၏ မျက်လုံးမှာလည်း ဒေါသများကြောင့် မီးများပင် တောက်နေသလိုထင်ရပေသည် ။
" မင်းက သိုင်းအလုပ်သင်တစ်ကောင်ပဲ... အရင်ပွဲကို ငါမင်းကို အလစ်တိုက်ကွက်သုံးဖို့ အခွင့်အရေးပေးလိုက်မိလို့ ရှုံးခဲ့ရတာ... ခုငါမင်းကို အခွင့်အရေးမပေးတော့ဘူး... မင်းကိုမင်း ဘာကောင်ထင်နေလဲကွ... "
လျိုကျုံးဟောင်၏ အမူအရာမှာ အထက်စီးဆန်ပြီး စက်ဆုပ်ရွံံ့ရှာနေပုံရသည် ။ သူ၏ စစ်မှန်သော ခွန်အား၏ရှေ့မှောက်တွင် ထို Black Earth ဆိုသော ငနဲအား ပြားပြားဝပ်သွားစေရမည် ။ ထိုသို့လက်စားခြေမှသာ သူရရှိခဲ့သော အရှက်တရားအား ရှင်းလင်နိုင်လိမ့်မည် ။
" ငါမင်းကို အနိုင်ယူဖို့ တစ်ကွက်ပဲလိုတယ်... "
လျိုကျုံးဟောင်က မျက်တခတ်အတွင်းပင် လင်းမို့ဆီသို့ ရောက်ရှိလာသည် ။
ရပ်ကြည့်နေသော လင်းမို့လည်း နောက်ဆုံးတွင် ရွှေ့လိုက်တော့သည် ။
လက်သီးတစ်ချက် ။ ရိုးရှင်းသောလက်သီးတစ်ချက် ။ ထိုရိုးရှင်းသောလက်သီးနှင့် လင်းမို့၏ ခွန်အားတို့ပေါင်းစပ်လိုက်သောအခါ အလွန်ပြင်းထန်၍ စွမ်းအားပြည့်ဝသော လက်သီးတစ်ချက် ဖြစ်ပေါ်လာသည် ။
တချိန်ထဲမှာပင် လင်းမို့၏ အဆင့် ၃ အလယ်ဆင့် တိုက်ခိုက်ရေးစွမ်းရည်က ပွင့်ထွက်လာပြီး လျိုကျုံးဟောင်၏ ခန္ဓာကိုယ်ပေါ်ရှိ ဟာကွက်ကို ပစ်မှတ်ထားလိုက်၏ ။
ထိုသည်က မမြင်ရလုနီးပါးသေးငယ်သော ဟာကွက်ဖြစ်သည်။ လင်းမို့၏ မျက်လုံးထဲတွင် ထိုဟာကွက်က ကြီးမားကျယ်ပြန့်လာပြီး သူ၏ လက်သီးက ဟာကွက်ရှိရာသို့ ရောက်ရှိသွားသည် ။
လျိုကျုံးဟောင်တစ်ယောက် အန္တရာယ်နီးကပ်လာသည်ကို သတိထားမိခြင်းမရှိ ။ သူ၏လက်ဖြင့် လက်းမို့ိကု ဆွဲဖမ်းလိုက်သည် ။
" သေစမ်း..."
လျိုကျုံးဟောင်သည် သူ၏တိုက်ခိုက်မှု လင်းမို့စီသို့မရောက်မှီပင် တဖြည်းဖြည်းကြီးမားလာသော လက်သီး၏ ပုံရိပ်ကို မြင်လိုက်ရသည် ။
' ဒီပုံက မြင်ဖူးသလိုပဲ...'
လျိုကျုံးဟောင် တွေးလိုက်မိ၏ ။ ထိုအချိန်မှာပင် လက်သီးက သူ၏မျက်နှာထက်သို့ ထိမှန်သွားသည် ။
" အဆင့်.... အဆင့်၃...."
လျိုကျုံးဟောင်က သူ၏ခန္ဓာကိုယ် တဖြည်းဖြည်းပျောက်ကွယ်လာစဥ် လင်းမို့အား ထိတ်လန့်စွာကြည့်နေလေသည် ။ သူ၏ရှေ့တွင်ရှိသော သိုင်းအလုပ်သင်လေးမှာ တိုက်ခိုက်ရေးစွမ်းရည် အဆင့်၃ မှန်း သူသိလိုက်သည် ။
ဟိုင်းချန် သတင်းဌာန...
လှပသော တင်ဆက်သူလေးက လျိုကျုံးဟောင်တစ်ယောက် Black Earth နှင့် ပြန်လည်တွေ့နေသည်ကို စိတ်လှုပ်ရှားစွာ ကြည့်နေလေသည် ။
" ကျောင်းသားလျိုက Black Earth နဲ့ နောက်တစ်ကြိမ်ပြန်တွေ့နေပြီနော်... ပျော်စရာကောင်းလိုက်တာ... ဒါက ကျောင်းသားလျိုအတွက် လက်စားပြန်ချေပြီးတော့ သူ့ရဲ့ ခွန်အားကို သက်သေပြနိုင်မယ့် ပွဲလေးပါရှင့်... "
" ဒီအလစ်တိုက်ကောင်လေးကို ကျောင်းသားလျိုက အခွင့်အရေးပေးတော့မှာ မဟုတ်ဘူးနော်... ကျွန်မ မှးန်ကြည့်ရရင် ကျောင်းသားလျို အနိုင်ရဖို့ သုံးကွက်ထက်ပိုမှာ မဟုတ်လောက်ဘူး... ဒါပေါ့ မှန်တာပေါ့ ဒီအလစ်တိုက်ကောင်လေးကို ဒီလိုသင်ခန်းစာပေးမှရမယ်... "
" ကျောင်းသားလျိုရဲ့ အော်ရာက အရမ်းသန်မာတာပဲရှင်... အရင်ပွဲမှာ အလစ်တိုက်ခံရလို့ ရှုံးခဲ့တာတောင် ဒီပွဲမှာ ဘာအကျိုးသက်ရောက်မှုမှ မရှိဘူးနော်... ဒီလို ခွန်အားနဲ့ ဒီလို စိတ်တည်ငြိမ်မှုက ကျောင်းသားလျို အောင်မြင်လာရခြင်းရဲ့ လျို့ဝှက်ချက်ဖြစ်မယ်ထင်တယ်
..."
" တိုက်ပွဲစပါပြီရှင့်... "
" ကျောင်းသားလျိုက စတိုက်ပီရှင့်... အားလုံးပဲ ကျောင်းသားလျိုက ဘယ်နှချီ တိုက်မလဲဆိုတာ လောင်းကြဦးမလား... ကျွန်မကတော့ တစ်ချက်ထဲနဲ့နိုင်မယ်လို့ လောင်းပါမယ်နော်.. "
" ကျောင်းသားလျိုက လျင်လျင် မြန်မြန်ပဲ ပြိုင်ဘက်ဆီကို နီးကပ်လာပြီးတော့ ကျောင်းသားလျိုက... ကျောင်းသားလျိုက... တစ်ချက်ထဲ...."
လှပသော တင်ဆက်သူ ၏အစီရင်ခံချက်များမှာ စိတ်ထက်သန်မှာများ ပိုမိုပြင်းထန်လာပြီး စကားပြောနေသည်က ပို၍ပို၍ မြန်ဆန်လာသည် ။ သူမ၏ ပါးစပ်မှ စက်သေနတ်ပစ်သကဲ့သို့ စကားလုံးများ ထွက်ကျလာလေသည် ။
စိတ်အားထက်သန်စွာ ပြောနေသော တင်ဆက်သူက ရုတ်တရပ် ရပ်တန့်သွား၏ ။ ပစ်နေသော စက်သေနတ် ကျည်ညှပ်သွားသလိုပင် ပြောနေသော စကားပင် တဝက်တပျက် ရပ်တန့်သွားသည် ။
သူမ၏ မျက်လုံး တဖန်ပြန်ပြူးလာရလေသည် ။ တိုက်ပွဲအား တစ်ချက်ထဲနဲ့ ပြီးမည်ဟု သူမပြောစကားမှန်သော်လည်း သူမ ပြောသည့်သူတော့ မဟုတ်ခဲ့ပေ ။
" အဆင့်... အဆင့်၃ ဒီသိုင်းအလုပ်သင်က တိုက်ခိုက်ရေးစွမ်းရည် အဆင့်၃ ကိုရောက်နေတာပဲ... "
တင်ဆက်သူ မယုံကြည်နိုင်စွာ ဆက်ပြောလိုက်၏ ။
" ကျောင်းသားလျိုက အဆင့်၃ တစ်ယောက်ကို အဆင့်နှစ်လို သွားချမှတော့ ရှုံးတာမစမ်းဘူး... "
တင်ဆက်သူမှာ ပရော်ဖက်ရှင်နယ် တစ်ယောက်ဖြစ်သဖြင့် ကျောင်းသားလျို ရှုံးနိမ့်ရသည့်အကြောင်းကို လျင်မြန်စွာနားလည်သွားသည် ။
" ကျောင်းသားလျိုက သတိမဲ့လွန်းတယ်လိုပဲ ကျွန်မထပ်ပြောရပါမယ်... ဒါပင်မယ့်လည်း သိုင်အလုပ်သင်တစ်ယောက်က အဆင့်၃ ကိုရောက်နေမယ်ဆိုတာ ဘယ်သူသိမလည်း..."
" ပြီးတော့... "
တင်ဆက်သူက မခံမရပ်နိုင်ဆက်ပြောလိုက်၏ ။
" ဒီ Black Earth ဆိုတဲ့ တစ်ယောက်က အကျင့်ယုတ်တယ်... သူက အဆင့်၃ ဆိုတာကို ပေါ်ပေါ်ထင်ထင် ထုတ်မပြဘဲနဲ့ ကျွန်မတို့ ကျောင်းသားလျိုကို သတိမဲ့အောင်လုပ်ပြီး အနိုင်ယူတာပဲ... သူက အလစ်တိုက်ဖို့ပဲ သိပြီးတော့ ကျွန်မတို့ကျောင်းသားလျိုကို ထိပ်တိုက် ရင်မဆိုင်ရဲဘူးဆိုတာ သိသာပါတယ်ရှင့်... "
' အဆင့် ၃လား...'
TV ကြည့်နေသော ကျန်းရွှယ်လည်း တဖန်အံ့သြရပြန်သည် ။
' ဒီသိုင်းအလုပ်သင်က အဆင့် ၃ ရောက်နေတာပဲ... ငါမနေ့က သူ့ကိုရှုံးတာ ငါ့အမှားကြောင့်မဟုတ်ဘူး... '
သူမက အဆင့်၂ ၏ အထွတ်အထိပ်သို့ မရောက်သေးရာ အဆင့်၃ ကို ရှုံးရသည်မို့ လက်ခံနိုင်သွားသည် ။
ကျန်းရွှယ် လက်ခံနိုင်သွားသော်လည်း လက်မခံနိုင်သူတစ်ယောက် ရှိနေသေးသည် ။
တိုက်ပွဲကွင်းပြင်မှ လက်သီးတစ်ချက်ဖြင့် ထွက်လာရသူ လျိုကျုံးဟောင်၏ မျက်နှာတွင် မကျေမနပ်ဖြစ်နေသည်ကို မြင်နေရ၏ ။
' BlacK Earth လည်း အဆင့်၃ ငါလည်း အဆင့်၃ ကို သူက ဖုံးကွယ်ထားပြီးတော့ အခွင့်အရေးရမှ အလစ်တိုက်သွားတာ... ငါသူ့ကို လျော့မတွက်တာတောင် ဒီလောက် လွယ်လွယ်ရှုံးရတယ်လို့ကွာ... ထပ်တွေ့မယ်... '
လျိုကျုံးဟောင်၏ မျက်လုံးများ သွေးရောင်လွှမ်းလာပြီး ဒေါသတကြီး ပွဲထပ်ရှာလိုက်သည် ။ လင်းမို့နှင့် ထပ်တွေ့ရန် သူမျှော်လင့်ပေသည် ။
' ကောင်းတယ် ထပ်တွေ့ပြီ... ငါသေချာ သတိထားပြီး သူ့ကို အခွင့်အရေးပေးလို့မဖြစ်ဘူး... '
လျိုကျုံးဟောင်က သူ၏ခွန်အားကို သံသရမရှိပေ ။ ယုံကြည်မှု အပြည့်ရှိပေသည် ။
' ဒီ Grand Deity ဆိုတဲ့ကောင်ပဲလားဟ...'
လင်းမို့သည် သူ၏ ပြိုင်ဘက်အား မြင်လိုက်ရသည်နှင့် ဆွံ့အ သွားချေသည် ။
' ဒီကောင့်ခေါင်း သံနဲ့လုပ်ထားတာလား ဒီကောင် နှစ်ပွဲဆက် တစ်ချက်ထိုးနဲ့ သေတာကို ငါနဲ့ တွေ့ဖို့ ပွဲပြန်ရှာရဲတယ်..."
လင်းမို့ ထိုရောင်းရင်းအား နိုင်ပွဲဆက်လက်ဆောင် တမင်လာပေးသူအဖြစ် သတ်မှတ်ထားလိုက်တော့သည် ။