← Chapters

စိတ်ဓာတ်ကျသည်အထိ ရိုက်နှက်ခြင်း ~

Vol. 2 Ch. 28

စိတ်ဓာတ်ကျသည်အထိ ရိုက်နှက်ခြင်း ~

Vol. 2 Ch. 28

ထိုကဲ့သော သံခေါင်းများနှင့်တွေ့သည်ကို ဝမ်းသာသင့်ပေသည် ။ နိုင်ပွဲဆက်ရရှိရန် လွယ်ကူလှသည် ။

လက်သီးတစ်ချက်က တစ်ပွဲနိုင်သည်ဖြစ်ရာ ၁၃ ပွဲ နိုင်ပွဲဆက်ရရှိ ရန် လက်သီး သုံးချက်သာလိုပေသည် ။ သို့သော်လည်း လင်းမို့ သိပ်မပျော်ပေ ။

' ဒီကောင်က ငါ့ကို မနာလိုလို့ လှည့်စားချင်နေတာများလား... '

အစပြုသူကွင်းတွင် ပွဲရှာသော ခိုင်မာသည့်စနစ်ရှိပေသည် ။ နိုင်ပွဲဆက်ရရှိရန် လိမ်လည်လျှင် အသက်သာဆုံးပြစ်ဒဏ်မှာ နိုင်ပွဲဆက်များအားလုံး ဖယ်ရှားမည်ဖြစ်ပြီး အပြင်းထန်ဆုံးမှာ ရှေးဦးစကြာဝဠာ အတွင်းသို့ လဝက်ကြာ ဝင်ခွင့် ပိတ်ခံရမည်ဖြစ်သည် ။

ယခုအခြေအနေမှာ ပြိုင်ဘက်တစ်ယောက်ထဲနှင့် ဆက်တိုက်ကျနေသည့်အပြင် တစ်ပွဲလျှင် လက်သီးတစ်ချက်သာ အသုံးပြုနေ၍ ပွဲရှာသည့်စနစ်က သူ့အား လိမ်လည်သူအဖြစ် သတ်မှတ်ခြင်းခံရမည်ကို သူစိုးရိမ်၏ ။

' ဒီတစ်ပွဲပြီးတာနဲ့ အဲ့ကောင်ကို black list ထဲထည့်ပစ်ရမယ်...'

လင်းမို့ ချက်ချင်းဆုံးဖြတ်လိုက်သည် ။

' ဒီကောင်ကို ဆက်ပြီးရိတ်သိမ်း... အဟွတ်ဟွတ်... ဆက်ပြီးတိုက်နေရင် သူခိုးဖမ်းတဲ့စနစ်က ငါ့ကိုသတိထားမိတော့မယ် ...'

' ဘယ်လိုပဲနေနေ ငါဒီနေ့ ပွဲ ၂၀ ဆက်နိုင်ပွဲ တော့ရမှာပဲ... လူတစ်ယောက်ထဲဆီကနေ ယူလို့မဖြစ်ဘူး... '

တကယ်တော့ ထိုသို့တွေးရန် မလိုအပ်ပေ ။ လျိုကျုံးဟောင်တစ်ယောက် သူကဲ့သို့ ပါရမီရှင် သိုင်းပညာရှင်အသစ်လေးကို သူ၏ ပြိုင်ဘက်က ထိုကဲ့သို့ထင်နေမည်ဟု သူထင်လိမ့်မည်မဟုတ်ချေ ။ လင်းမို့က သူ့အား နိုင်ပွဲဆက်လှည့်စားသူဖြစ်ရန် လုပ်ဆောင်နေသည်ဟု သံသရဝင်နေသည်ကို သူသိလျှင် သေချင်သွားပေမည် ။

" ဒုန်း... ဒုန်း... "

ပြိုင်ဘက် နှစ်ယောက် တတိယအချီ ဆုံကြပြန်သည် ။

" Black Earth... ငါ... "

လျိုကျုံးဟောင်က သူ့အား ဆက်တိုက်အနိုင်ယူထားသော လင်းမို့ကို စကားပြောချင်ပေသည် ။

" ရပ်လိုက်တော့... အသုံးမဝင်တဲ့ စကားတွေ ပြောမနေနဲ့... "

လင်းမို့လည်း တစ်ဖက်လူက စကားပြောချင်နေသည်ကို မြင်လျှင် လက်ဝှေ့ယမ်းကာ တားလိုက်၏ ။

" မင်းနှစ်ပွဲတောင် ော က်ပိုတွေပြောနေတာ နားထောင်ပြီးပြီ... တိုက်လိုက်ကြစို့ ..."

သုံးမိနစ်ကြာအောင် စကားပြောပြီး တစ်စက္ကန့်သာ တိုက်ရခြင်းက အချိန်ဖြုန်းခြင်းပင် ။

လျိုကျုံးအောင် တုံ့ဆိုင်းသွားသည် ။ ထိုစကားပြောသောအပိုင်းကို ကျော်လိုက်လျှင် သူ၏အော်ရာ လျော့နည်းသွားမည်ဟု သူခံစားမိ၏ ။

" ဒါဆိုလည်း သတိထားပါ... "

လျိုကျုံးဟောင်လည်း ဘာမှ ထက်မပြောတော့ဘဲ လင်းမို့အား ကျင်နာစွာသတိပေးလိုက်သည် ။

" ငါ ဒီပွဲကို အဆင့်တူတစ်ယောက် အနေနဲ့ လေးလေးနက်နက် တိုက်တော့မှာ မင်းသတိထားပါ... "

' မင်းက လေးလေးနက်နက် တိုက်မှာလား... '

လင်းမို့ ပြိုင်ဘက်အား ထူးဆန်းစွာ ကြည့်လိုက်သည် ။

' မင်းက အဆင့်၃ စဦးပိုင်းမှာ ငါက အဆင့်၃ အလယ်ဆင့်မှာ... မင်းက ငါကို အဆင့်မြင့်တဲ့သူတစ်ယောက်လို သတ်မှတ်ပြီး တိုက်ရမှာ မဟုတ်ဘူးလား... ဒါကိုမင်းက အဆင့်တူတစ်ယောက်အနေနဲ့ အလေးနက်ထားပြီး တိုက်မယ်ဆိုတော့ ော က်ခွက်လာပြောင်နေတာလား... '

တိုက်ခိုက်ရေးစွမ်းရည် အဆင့်ခြင်းကွာခြားနေရာ အလေးနက်ထားခြင်းဆိုသည်က မည်သို့အသုံးဝင်မည်နည်း ။ အလေးနက် ထားခြင်းက အသုံးဝင်လျှင် လူတိုင်း တိုက်ခိုက်ရေးစွမ်းရည် တိုးတက်စေရန် လေ့ကျင့်နေကြမည်မဟုတ် ။

" လာစမ်း... "

လျိုက အထင်မသေးတော့ဘဲ ဂရုတစိုက် ချဥ်းကပ်လာသည် ။ သူ၏ လှုပ်ရှားမှုများမှာ ပေါ့ပါးသွက်လတ်နေပြီး သတိအပြည့်ဖြင့်ပင် ။ ကြောင်တစ်ကောင်ကဲ့သို့ပင် လျင်မြန်ဖျတ်လတ် နေပေသည် ။

သူ၏ အာရုံအားလုံးကို ပြိုင်ဘက်အပေါ်တွင် အာရုံံစိုက်ထားသည် ။

' ဒီတိုက်ပွဲက ငါ့ဂုဏ်သိက္ခာအတွက်ပဲ ... ငါရှုံးလို့မဖြစ်ဘူး... '

ဤတိုက်ပွဲ၏ ရလဒ်မှာ လျိုကျုံးဟောင်အတွက် အရေးကြီးပေသည် ။

' ငါ မိုက်မိုက်ကမ်းကမ်း ဝင်လို့မဖြစ်ဘူး... ငါ့စိတ်ကို ငြိမ်အောင်ထားပြီးတော့ သူလှုပ်ရှားတဲ့အခါမှ ဟာကွက်ကို စောင့်ပြီး တစ်ချက်ထဲ အနိုင်ယူရမယ်... '

နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့သော်လည်း လျိုကျုံးဟောင်၏ စိတ်က တည်ငြိမ်နေပြီး အတွေးများ ရှင်းလင်းနေလေသည် ။ သူ၏ စိတ်ဓာက်ခိုင်မာမှုကြောင့် သူ့ကိုသူပင် လေးစားသွားမိသည် ။

" ဟိုင်းချန်မြို့မှာတောင် မဟုတ်ဘူးနော်... ကျန်းနန်စီရင်စု တစ်ခုလုံးမှာတောင် ဒီလို စိတ်ဓာတ်ကြံ့ခိုင်တဲ့သူကို ရှာတွေ့ဖို့မလွယ်ဘူး... "

တိုက်ရိုက်ထုတ်လွှင့်နေသည့် လှပသော တင်ဆက်သူလေးက နောက်ဆုံးတွင် ချီးကျူးစရာ ရှာတွေ့သွားပြီး စိတ်အားတက်ကြွလာပြန်သည် ။

" ကျွမ်းကျင်တဲ့ သိုင်းပညာရှင် တစ်ယောက်ဖြစ်ဖို့ အရေးကြီးဆုံးကဘာလည်း... ခန္ဓာကိုယ် ပါရမီလား... အကျပ်အတည်းတွေကို ဖြေရှင်းနိုင်တဲ့ ပါရမီလား... တစ်ခုမှ မဟုတ်ဘူးနော်... အရေးအကြီးဆုံးက စိတ်ဓာတ်ခိုင်မာမှုပဲ... "

" ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ လျိုကျုံးဟောင်ရဲ့ စိတ်ဓာတ်ခိုင်မာမှုက ဘယ်လောက်တောင် တည်ငြိမ်ပြီး ပြတ်သားနေလဲဆိုတာကို အားလုံးတွေ့ကြမှာပါ ... စိတ်ဓာတ်ခိုင်မာမှုကသာ သိုင်းပညာလမ်းစဥ် တစ်လျောက်လုံး သူနဲ့အတူလိုက်ပါနိုင်ပြီးတော့ အခက်အခဲတွေ အတားအဆီးတွေကို ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်ဖို့ ကူညီပေးမှာ... "

" ဒါပေါ့... ခုကျောင်းသားလျိုက သတိကြီးကြီးထားနေတယ်ဆိုတာ ကျွန်မတို့မြင်နိုင်ပါတယ်... သူဒီတစ်ပွဲမှာ အလေးအနက်ထားတယ်ဆိုတာ ကြည့်ရုံနဲ့သိနိုင်ပါတယ်... သူရဲ့ အတွေ့အကြုံရင် မုဆိုးတစ်ယောက်လို စူးစမ်းမှု စောင့်ဆိုင်းမှု တွေနဲ့ သူ့ရဲ့ အားနည်းချက်ကို လုံးဝမပြပါဘူး... သူရုတ်တရပ်တိုက်လိုက်ပြီ ကြည့်ကြည့်... "

လျိုကျုံးဟောင် ရုတ်တရပ် လှုပ်ရှားလိုက်သည် ။ ပြိုင်ဘက်အား ဆယ်စက္ကန့်ကြာအောင် အကဲစမ်းပြီး နောက်ဆုံးတွင် ပြိုင်ဘက်၏ ဟာကွက်ကို တွေ့လိုက်ရသည် ။ သူတုံ့ဆိုင်းမနေပဲ လျက်ပြက်သကဲ့သို့ တိုကခိုက်လိုက်သည် ။ တိုက်ရိုက်ထုတ်လှင့်မှုတွင် သူ၏ လှုပ်ရှားမှုကြောင့်ဖြစ်ပေါ်လာသော ပုံရိပ်ယောင်များကို များစွာသော ဆယ်ကျော်သက်များက အံ့သြ လေးစား အားကျစွာ ကြည့်နေကြလေသည် ။

' ငါနိုင်ရမယ်... '

လျိုကျုံးဟောင်၏ အကြည့်များက ပြင်းထန်ရက်စက်နေ၏ ။ သို့သော်လည်း ထိုခဏတွင်ပင် သူအံ့သြရပြန်သည် ။

လျိုကျုံးဟောင် က သူ့ပြိုင်ဘက်သည် သူ၏ တိုက်ခိုက်မှုအား အယောင်ပြဟုသာ ထင်နေမည်ဟု ယုံကြည်ထားသည် ။ သို့သော်လည်း သူမြင်နေသော ဟာကွက်မှာ ပြိုင်ဘက်ဖြစ်သူ၏ ထောင်ချောက်ဖြစ်နေမည်ဟု သူထင်မထားပေ ။ သူသိလိုက်သော်လည်း နောက်ကျသွားလေပြီ ။

" သုံးခါမြောက်... "

ရင်းနှီးနေသော လက်သီးပုံရိပ်အား သုံးခါမြောက် မြင်ရပြန်လေသည် ။ ပြီးနောက် တစ်ချက်တည်းဖြင့် သေပြန်၏ ။

" ဘာဖြစ်တာလဲ... ဒီကောင် ခေါင်းမာလွန်းလို့ တုံးသွားတာလား... ငါ အယောင်ပြတာကို တကယ်ထင်နေတယ်... '

လင်းမို့ ပျောက်ကွယ်သွားသော ပုံရိပ်ကို ကြည့်ရင်း ဘာပြောရမှန်းမသိတော့။

' ဒီကလေးက တိုက်ခိုက်ရေးစွမ်းရည် အဆင့်၃ သာရောက်နေတာ ဦးနှောက်က ဖွံ့ဖြိုးမလာဘူး... '

လက်သီးပြင်းအား နှင့် တိုက်ခိုက်ရေးစွမ်းရည် မည်မျှပင် မြင့်စေကာမူ လုံလောက်သော အသိညာဏ်မရှိလျှင် သားရဲတစ်ကောင် အသွင်သာ ဖြစ်နေပေမည် ။

" ညာဏ်ကောင်းတာ အကောင်းဆုံးပဲ..."

လင်းမို့ တိုက်ပွဲကွင်းပြင်မှ ထွက်လာသည်နှင့် ထိုငနဲအား block လိုက်တော့သည် ။

' ဒီကောင်နဲ့ ထပ်တွေ့ပြီး နိုင်လို့ကတော့ သခိုးဖမ်းတဲ့စနစ်က ငါ့ကို ban တော့မယ်... '

Black list ထဲ ထည့်ထားမှသာ နောက်ထပ် ထပ်မတွေ့တော့မည်ဖြစ်သည် ။ သို့သော်လည်း ထိုသည်က လင်းမို့ အစိုးရိမ်လွန်နေခြင်းသာဖြစ်၏ ။

လျိုကျုံးဟောင်မှာ တတိယအကြမ်မြောက်အဖြစ် တစ်ချက်ထိုးအသတ် ခံရလိုက်သည်နှင့် ပုံရိပ်ယောင် ခေါင်းဆောင်းကို အတင်းဆွဲချွတ်လိုက်တော့သည် ။ သူ၏ မျက်လုံးထောင့်တွင် မျက်ရည်များ တွဲခိုနေပေပြီ ။ စိတ်ခံစားမှုများကို ထိန်းချုပ်မထားနိုင်တော့ ။

' အနိုင်ကျင့်တဲ့ကောင်... '

သူ စိတ်ဓာတ်ကျသည်အထိ ရိုက်ခံခဲ့ရပေသည် ။ ဟိုင်းချန် တစ်မြို့လုံး၏ ရှေ့မှောက်တွင် သုံးပွဲဆက် ရှုံးနိမ့်ခဲ့ရ၏ ။ သိုင်းအလုပ်သင်တစ်ယောက်က တစ်ချက်ထိုးဖြင့် အနိုင်ယူသွားခြင်းဖြစ်သည် ။

သူက သိုင်းပညာရှင်တစ်ယောက်ဖြစ်သည် ။ ဟိုင်းချန်မြို့၏ ဒုတိယအထက်တန်းကျောင်းမှ ပါရမီရှင်တစ်ဦး အနေဖြင့် လူအများ၏ လေးစားခံရမှုကို မဆုံးရှုံးချင်ပေ ။ ဤမျှ အရှက်ကွဲခြင်းက မည်သူ စိတ်ဓာတ်မကျဘဲ နေပါမည်နည်း ။

" ကျောင်းသားလျို... ရှင်အဆင်ပြေရဲ့လား... "

လှပသော တင်ဆက်သူက စိုးရိမ်စွာ မေးလိုက်၏ ။

" ထွက်သွား... "

လျိုးကျုံးဟောင်က တင်ဆက်သူကို တွန်းကာ ထွက်ပြေးလေတော့သည် ။ သူအိမ်သို့ပြန်ကာ ချောင်ကပ်၍ ငိုပေတော့မည် ။

" အားလုံးပဲ ခုတိုက်ရိုက်ထုတ်လွှင့်မှုမှာ ဖြစ်ခဲ့တဲ့ အခြေအနေလေးတွေအတွက် တောင်းပန်ပါတယ်ရှင့်... "

လှပသော တင်ဆက်သူက ပရော်ဖက်ရှယ်နယ် တစ်ယောက်ပီသစွာ အခြေအနေကို ထိန်းကြောင်းလိုက်၏ ။ ဤကဲ့သို့ ရုတ်တရပ် မတော်တဆမှု များကို သူမ ထိန်းချုပ်နိုင်ပေသည် ။

" ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ဒီမှာပဲ ရပ်နားပါရစေရှင်... အားလုံးပဲ ကောင်းသောနေ့လေးဖြစ်ပါစေရှင့်..."

ယနေ့ တိုက်ရိုက်ထုတ်လွှင့်မှုက ပါရမီရှင် လျိုကျုံးဟောင်အား ကြော်ငြာပေးခြင်းဖြစ်သည် ။ ယခု ထိုပါရမီရှင်မှာ စိတ်ဓာတ်ကျအောင် အရိုက်ခံလိုက်ရပြီး ဘယ်ထွက်ပြေးမှန်းမသိတော့ချေ ။ ထို့ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုအား ရပ်နားလိုက်ရတော့သည် ။

" ခေါင်းဆောင်ကျောက်... ဒီအခြေအနေကို ကျွန်တော်တို့ ဘာလုပ်သင့်သလဲ... "

တစ်စုံတစ်ယောက်က သိုင်းပညာဌာန၏ ခေါင်းဆောင် ကျောက်ရှုကို မေးလိုက်၏ ။

ခေါင်းဆောင်ကျောက်က နှစ်ပေါင်းများစွာခေါင်းဆောင်လုပ်လာသည်ဖြစ်ရာ သူမကြုံဘူးသော အခြေအနေမျိုး မရှိပေ ။ ယနေ့အဖြစ်အပျက်ကဲ့သို့မျိုး ခေါင်းဆောင်ကျောက် မကြုံဘူးသော်လည်း သူ၏ဘဝအတွေ့အကြုံများဖြင့် စီမံခန့်ခွဲနိုင်ပေသည် ။

" စိတ်ရောဂါဌာနက စိတ်ပညာရှင်တွေ မြန်မြန်သွားရှာခဲ့ ... ပြီးရင် လျိုကျုံးဟောင်ဆီ ပို့ပြီး စိတ်ဒဏ်ရာမရအောင် ဖြေသိမ့်ပေးလိုက်... ဒီကလေးကို အညွှန့်မကျိုးစေနဲ့... "

All Chapters