← Chapters

ကျောက်ခေတ်

Vol. 2 Ch. 29

ကျောက်ခေတ်

Vol. 2 Ch. 29

~

[ အလွန်ဆိုးရွားသော ရှုံးနိမ့်မှု: ဟိုင်းချန်မြို့၏ နံပါတ် တစ် ပါရမီရှင် လူသစ်ကွင်းတွင် သုံးပွဲဆက်ရှုံးနိမ့်သွားခြင်း... ]

[ ကံဆိုးသောလူငယ်လေး: သိုင်းအလုပ်သင်တစ်ယောက်အနိုင်ကျင့်ခံလိုက်ရသော ပါရမီရှင်သိုင်းပညာရှင်... ]

[ ရှုံးနိမ့်ခဲ့သော လျိုကျုံးဟောင်အတွက် နှစ်သိမ့်ပေးရန် ဟိုင်းချန် ဒုတိယအထက်တန်းကျောင်းရှိ ဆရာနှင့် ကျောင်းသားများ စုပေါင်း၍ အဖွဲ့ဖွဲ့လိုက်ခြင်း... ]

[ သိုသိုသိပ်သိပ်နေသော လူငယ်လေး ကြောင့်မဟုတ်လျှင် သင် လျိုကျုံးဟောင်ကို သဘောကျမိသွားလိမ့်မည်... ]

[ လျိုကျုံးဟောင်တစ်ယောက် အခြေအနေ ပုံမှန်ပြန်ဖြစ်လာပြီဟု စိတ်ပညာရှင်များက ထုတ်ဖော်ပြောကြားခဲ့သည် ။ ယခုအဖြစ်အပျက်ကြောင့် ဝင်ခွင့်စာမေးပွဲကို ထိခိုက်မည်မဟုတ်... ]

[ သင်လျိုကျုံးဟောင်အား လှောင်ပြောင်ရန် အခွင့်အရေးမရှိ... သူသည် အစစ်အမှန်ပါရမီရှင် တစ်ယောက်ဖြစ်သည် ...]

[ ကျန်းနန်စီရင်စု ယခုနှစ်ရွေးချယ်ခံများ၏ လူရွှင်တော်ဆယ်ဦး... ]

ဗီဒီယိုအတို ပလက်ဖောင်းတစ်ခုတွင်...

လျိုကျုံးဟောင်အကြောင်း ဟာသများ လျင်မြန်စွာ ပြန့်နှံ့သွား၏ ။ လှောင်ပြောင်သူများ ၊ ကောလဟာလဖြန့်သူများ ၊ ဖုံးဖိလိုသူများ ၊ လှုံ့ဆော်သူများနှင့် စည်ကားနေပြီး ရှားနိုင်ငံတစ်ခုလုံးတွင် ရက်အနည်းငယ်ကြာအောင် အရယ်ရဆုံး ဟာသတစ်ပုဒ်ဖြစ်လာပေသည် ။

ရှားနိုင်ငံ၏ များစွာသော ပါရမီရှင်များအကြားတွင် လျိုကျုံးဟောင်မှာ ပါရမီအရှိဆုံးမဟုတ်သော်လည်း အကျော်ကြားဆုံံးဖြစ်လာသည် ။

တချိန်တည်းမှာပင် Black Earth ဆိုသောအမည်မှာလည်း ကျော်ကြားလာခဲ့သည် ။

[ သိုင်းပညာရှင်အား အနိုင်ယူခဲ့သော သိုင်းအလုပ်သင်တစ်ယောက် : သင်ဒါမျိုး မြင်ဖူးမည်မဟုတ် ...]

[ Black Earth ၏ အချက်အလက်များအတွက် ဆုကြေးများစွာကမ်းလှမ်းထားခြင်း...]

[ ထိတ်လန့်ဖွယ်ရာသတင်း : လူသစ်ကွင်းအား သိုင်းအလုပ်သင်တစ်ယောက်မှ စိုးမိုးထားသည်...]

[ Black Earth သည် ၁၄ ပွဲဆက် အနိုင်ရပြီးနောက် ဦးဆောင်စာရင်း၏ ထိပ်ဆုံးသို့ ရောက်ရှိသွားသည်... ]

[ အံ့သြဖွယ်ရာ: လူသစ်ကွင်းတွင် သိုင်းအလုပ်သင်တစ်ယောက်မှ ၁၉ ပွဲဆက် အနိုင်ရထားသည် ]

လင်းမို့ သည် သူကျော်ကြားလာမှန်း မသိသေးပေ ။ လူများစွာသူ့အား စုံစမ်းနေသည်ကိုလည်း သူမသိ ။ Grand Deity အား ဘလော့ပြီးသည်နှင့် သူနောက်တစ်ပွဲ ထပ်ရှာလိုက်သည် ။

လူသစ်ကွင်းရှိ ပြိုင်ဘက်များမှာ အဆင့်၃ ၏ အစဦးအဆင့်များသာ ဖြစ်သဖြင့် လင်းမို့ ပြိုင်ဘက်မရှိချေ ။ သူပွဲ၂၀ ဆက်တိုက် လျင်မြန်စွာအနိုင်ရသွားသည် ။ တစ်နေ့ဆယ်ပွဲကန့်သတ်ချက်သာမရှိလျှင် သူဆက်တိုက်နိုင်အုံးမည်ဖြစ်သည် ။ သူနှင့် တွေ့သော သိုင်းပညာရှင်များ ယနေ့ ငိုပွဲဆင်နေရ၏ ။ သိုင်းပညာရှင်ဖြစ်လာသော်လည်း Black Earth ဆိုသော သိုင်းအလုပ်သင်၏ အနိုင်ယူခြင်းခံရမည်ဟု စဥ်းတောင်မစဥ်းစားမိခဲ့ကြပေ ။ သိုင်းပညာရှင်တစ်ယောက် တစ်ယောက်အဖြစ် သူတို့၏ ဂုဏ်သိက္ခာ မည်သည့်မြောင်းထဲသို့ ရောက်သွားသနည်း ။

' ပွဲ ၂၀ နိုင်ပြီးပြီ...'

လင်းမို့ ရရှိထားသော ဆုလဒ်များကို လက်ခံပြီး ပေးပို့ရမည့် လိပ်စာကို ဖြည့်သွင်းလိုက်သည် ။ ဆုလဒ်များမှာ မနေ့ကထက် ဆယ်ဆဖြစ်သည် ။ A1 ဆေး ဆယ်ပုလင်းရရှိမည်ဖြစ်ရာ သူ၏ လက်သီးပြင်းအား ဆယ်ကီလိုတိုးလာမည်ပင် ။

' မိုက်လိုက်တာ... ဟီးးဟီးးဟီးး...'

လင်းမို့ တွေးလိုက်မိ၏ ။

' လူသစ်ကွင်းက တကယ်ကောင်းတယ်... မနက်ဖြန် ဆေးပုလင်းစောင့်ယူရုံပဲ...'

တခြားသူများ လူသစ်ကွင်းသို့လာသည်မှာ တိုက်ခိုက်ရေးစွမ်းရည် လေ့ကျင့်ရန်ဖြစ်သော်လည်း လင်းမို့သည်တော့ ဆေး ရရှိရန်ဖြစ်သည် ။

ဆေးဆယ်ပုလင်းရရှိရန် ဆက်တိုက် လက်သီးထိုးရန်သာ လိုအပ်သည် ။ လွယ်ကူလှပေ၏ ။

လင်းမို့ ခေါင်းဆောင်းချွတ်လိုက်သည် နှင့် ရှေးဦးစကြာဝဠာရှိ သူ၏ အီးမေးလ် လိပ်စာသို့ အီးမေးလ်တစ်စောင်ဝင်လာသည် ။ လူသစ်ကွင်းမှ လူတိုင်းကို ပေးပို့သော အီးမေးလ် ဖြစ်သည် ။

လင်းမို့ ဖွင့်ကြည့်လိုက်လေရာ အဓိက ခေါင်းစဥ်မှာ သူ့အကြောင်းပင် ။

" ရှေးဦးစကြာဝဠာ ၏ ဆုကြေးတာဝန်: လူသစ်ကွင်းပြင်တွင် ဆက်တိုက်အနိုင်ရရှိနေသော Black Earth အား ရပ်တန့်ရန်... "

" လျောက်ထားရန် လိုအပ်ချက်: သိုင်းပညာရှင်ဖြစ်ရမည်... လူသစ်ကွင်းအပြင်သို့ ရောက်ရှိနေသူများလည်း လျောက်ထားနိုင်သည်... "

" တာဝန် ဆုကြေး: တာဝန်ပြီးမြောက်သူ A3 ဆေးပုလင်း ရရှိမည်... "

' ငါကို ရှေးဦးစကြာဝဠာ က ဆုကြေးထုတ်လိုက်တာပဲ... '

လင်းမို့ ထိုသည်အား ကြည့်ရင်း ရယ်ရမလို ငိုရမလိုပင် ။ သို့သော်လည်း ထိုသည်က ပုံမှန်သာဖြစ်သည် ။ လူသစ်ကွင်းတွင် လင်းမို့၏ ပြိုင်ဘက်မရှိတော့လေရာ လူသစ်ကွင်း၏ စနစ်က ပြင်ပမှ အကူအညီများကို ရှာဖွေရန်သာ တက်နိုင်တော့သည် ။

' အသုံးဝင်တဲ့ တစ်ယောက်ယောက် ရှာတွေ့ဖို့ ငါမျှော်လင့်တယ်... '

လင်းမို့ အထင်သေးစွာ ပြုံးလိုက်၏ ။ မနက်ဖြန် တနဂ်နွေ ဖြစ်ရာ ကြိုတင်ပြင်ဆင်မှုအတန်းမှာ တနေကုန်ဖွင့်ပေသည် ။ သူမနက်ဖြန် တနေကုန်ပျင်းရိလိုက်သည်နှင့် တိုက်ခိုက်ရေးစွမ်းရည် ခုန်တက်သွားပေမည် ။ လူသစ်ရွာ အပြင်ဘက်မှ လာသူများ ဖြစ်လျှင်ပင် သူရိုက်တာခံရမည်ပင် ။

' အိပ်တာပဲကောင်းတယ်... '

လင်းမို့သည် လှဲလျောင်းရင်း ရုတ်တရပ် လျို့ရှားအား သတိရလာသည် ။

' တက်ကြွခြင်းဘုရင်ကြီး လျို့ရှားက ဘာလို့ သူ့ကိုသူ ဆေးရုံရောက်အောင်လုပ်ရတာလဲ... သူမရှိရင် ညဘက် ငါ့တက်ကြွအညွှန်းကိန်းက ရတော့မှာမဟုတ်ဘူး... ဟူး....'

လင်းမို့ ဝမ်းနည်းစွာ ခေါင်းယမ်းလိုက်သည် ။ ခဏအကြာတွင် အိပ်ပျော်သွား၏ ။

ယခုညတွင် သူထူးဆန်းသော အိမ်မက် မက်ခဲ့သည် ။ သူက အိမ်မက်ထဲတွင် တောင်တစ်တောင်ကဲ့သို့ မြင့်မားကာ ခွန်အားကြီးမားလှသည် ။ သူသည် မြစ်တစ်စီး၏ အနားတွင် ရပ်နေပြီး လေးတစ်စင်းဖြင့် ကောင်းကင်ရှိ နေကိုးစင်းကို ဆက်တိုက် ပစ်ချခဲ့၏ ။

ရှားနိုင်ငံ၏ သိုင်းပညာဌာနချုပ်...

ဤနေရာသည် ရှားနိုင်ငံရှိ ထိပ်တန်းသိုင်းပညာရှင်များ စုဝေးရာဖြစ်သည် ။ ကာကွယ်ရေး မှာလည်း ခိုင်မာလှသည် ။ သာမန်အစောင့်များပင်လျှင် အဆင့်မြင့် သိုင်းပညာရှင်များသာ တပ်ဆင်ခွင့်ရသော ကြီးမြတ်သောနေ တံဆိပ်များ တပ်ဆင်ထားကြသည် ။ ယခုအချိန်သည် ညသန်းခေါင်ယံကိုကျော်လွန်၍ နေထွက်ချိန်နီးလာပြီဖြစ်သည် ။

သို့သော်လည်း စွမ်းအားကြီးမားသော လူတစ်ဒါဇင်ခန့်သည် ရုံးချုပ်၏ အစီးအဝေးခန်းမတွင် ဆွေးနွေးနေကြသည် ။

" ငါတို့ ပါရမီရှင်အရေအတွက်ကို တိုးရလိမ့်မယ်..."

အဓိကခုံံတွင်ထိုင်နေသည့် သန်မာသော လူအိုကြီးက ပြောလိုက်၏ ။

" ပြီးတော့ သူတို့အတွက် ပေးတဲ့ အရင်းအမြစ်တွေကိုလည်း တိုးပေးရမယ် ..."

" ဒါလုပ်ရမှာပေါ့... သတ်မှတ်ထားတဲ့ အရင်းအမြစ်တွေကို တက္ကသိုလ် တွေဆီကို ရက်အနည်းငယ်အတွင်း ပို့တော့မှာပါ... ဒါပင်မဲ့.... "

အဘိုးကြီး၏ ညာဖက်တွင်ထိုင်နေသော သက်လတ်ပိုင်းအရွယ်လူက ပြောရင်း ခဏတန့်သွားသည် ။

" စစ်မှန်တဲ့ ပါရမီရှင်က အရင်းအမြစ်တွေ ပိုပေးရုံနဲ့ ပေါ်လာမှာမဟုတ်ဘူးလေ... ပင်ကိုပါရမီ မရှိရင် ပြောင်းလဲလို့မှ မရတာ..."

" ဒါပင်မယ့် အရင်းအမြစ်တွေက ပါရမီရှင်တွေ တိုးတက်နှုန်းကို အရှိန်မြှင့်ပေးနိုင်လေ... "

အဘိုးကြီးက သက်ပြင်းရှည်ကြီးချပြီးမှ ပြန်ပြောလိုက်သည် ။

" ကုန်ချင်သလောက်ကုန်... ငါတို့ ပါရမီရှင်တွေရှာမှ ဖြစ်မယ်... ငါတို့မှာ အချိန်မရှိတော့ဘူး... "

" အဲ့ကိစ္စဖြစ်လာတော့မှာလား..."

သက်လတ်ပိုင်းလူ၏ အမူအရာမှာ အလွန်တုန်လှုပ်သွား၏ ။

" ဟုတ်တယ်... "

အဘိုးကြီးက တည်ငြိမ်စွာ ခေါင်းညိမ့်ပြလိုက်သည် ။

" အကြောက်အလန့်ကင်းပြီး အမှီအခိုကင်းတဲ့ အထူးပါရမီရှင် ပေါ်မလာဘူးဆိုရင် ငါတို့ ဂြိုလ်ပြာကြီးက ကျောက်ခေတ်ပြန်ရောက်သွားနိုင်တယ်... "

" ဟင်းးး..."

" ဟူးး... "

အစီးအဝေးခန်းမအတွင်း သက်ပြင်းချသံများဖြင့် ပြည့်သွား၏ ။ လူတိုင်း အဘိုးကြီး ဟာသပြောနေခြင်းမဟုတ်မှန်း သိကြသည် ။

" ကျွန်တော်တို့ အခွင့်အရေးလေး တစ်ခုတောင် မရှိဘူးလား... အဲ့လိုမျိုးလေ..."

မဟာဗျူဟာမြောက် လက်နက်တာဝန်ခံ ဗိုလ်ချုပ်ကြီးက ထပြောလိုက်သည် ။

" ဟင်း... "

အဘိုးကြီးက ထိုဗိုလ်ချုပ် ပြောသည်ကို သိသော်လည်း ပြန်မဖြေဘဲ အထင်မြင်သေးစွာ ပြုံးလိုက်၏ ။ ထိုမျှ နုံအသော ဗိုလ်ချုပ်ကို သူရယ်ချင်ပေသည် ။

" အတိုချုပ်ပြီးပြောရရင်... ခုအခြေအနေက ဘယ်လောက်အရေးကြီးတယ်ဆိုတာ အားလုံးလဲသိကြတယ်... ဒါ့ကြောင့် အထူးပါရမီရှင်ကို ရှာနိုင်ဖို့ မင်းတို့အရင်းအမြစ်တွေကို နှမြောမနေကြနဲ့... ခုမသုံးရင် ကျောက်ခေတ်ပြန်ရောက်သွားမှ သုံးမလို့လား... "

အစီးအဝေးခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွား၏ ။

" ဆရာ... ကျွန်မ ပြုစုနေတဲ့ စာရင်း ရလာပါပြီ..."

အဘိုးကြီး၏ ညာဖက်ရှိ ငယ်ရွယ်သော မိန်းမပျိုလေက သူမ၏ ကိုယ်ရေးလက်ထောက်ဆီမှ စာရွက်ကို ယူကာ ပြောလိုက်၏ ။

" ရှားနိုင်ငံမှာရှိတဲ့ ပါရမီရှင် အားလုံးကို မှတ်တမ်းတင်ထားပါတယ်... ဆရာတစ်ချက်လောက် ကြည့်လိုက်ပါဦးရှင့်... "

လင်းမို့ သည်လည်း ထိုစာရင်းတွင် ပါဝင်လေသည် ။ သို့သော် သူ၏ နာမည်ရင်း လင်းမို့မဟုတ်ဘဲ ကုတ်နာမည် Black Earth သာဖြစ်သည် ။

All Chapters