← Chapters

စက်ဝန်းကိုးခုနှလုံးသားဘီး

Vol. 130 Ch. 1788

စက်ဝန်းကိုးခုနှလုံးသားဘီး

Vol. 130 Ch. 1788

ရေဗိုလ်ချုပ်၏ ချပ်ဝတ်ကို သိမ်းဆည်းပြီးနောက် ဝမ်လင်း၏မျက်လုံးတို့မှာ ရေခဲတမျှ အေးစက်လာ၏။ သူက ဝဲကတော့ကို ကြည့်ကာ သူ့လက်ကို ၎င်းထံ ဆန့်ထုတ်လိုက်သည်။

တစ်ချိန်တည်းမှာ တောက်ပသော ရွှေရောင်အလင်းက ထက်ရှသောဓားများအလား ယင်းဝဲကတော့ထံမှ ထွက်ပေါ်လာကြ၏။ ၎င်းတို့က ဝမ်လင်း၏ညာလက်နှင့် ထိပ်တိုက်တွေ့သည်။

ကျယ်လောင်စွာတုန်ဟည်းသံများ ရေအစီအရင်အနှံ့ ပဲ့တင်ထပ်၏။

ဝမ်လင်းက နောက်သို့ ခြေသုံးလှမ်းဆုတ်၏။ သူ့ညာလက်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူ၏အမူအရာက တစ်စက်လေးမျှ ပြောင်းလဲမသွားဘဲ အလွန်တရာ အေးစက်နေဆဲသာ။

ဖိသိပ်မှုအားအောက်၌ ယင်းဝဲကတော့ ပျက်စီးကာ မရေမတွက်နိုင်သော သလင်းစက်များအဖြစ်သို့ ပေါက်ကွဲထွက်သည်။၎င်းက သဲလွန်စမရှိ ပျောက်ကွယ်သွားလေပြီ။

ဒြပ်စင်ငါးခုဂြိုဟ်ပေါ်တွင် မျှော်စင်ကိုးလွှာမြောက်၌ ရွှေရောင်လင်းလက်မှုကို ပေးစွမ်းနေ၏။ ထိုအထပ်၌ ရွှေရောင်အင်္ကျီကွက်ဖြင့် အဘိုးအိုတစ်ယောက် ထိုင်နေသည်။

သည်အခိုက်တွင် ထိုအဘိုးအိုက တုန်ယင်ကာ သွေးအန်လိုက်ရသည်။ သူ့ညာလက်မှာလည်း ဆုတ်ပြတ်သွားကာ ကျိုးသွားလေသည်။

သူ့ညာလက်မှ သွေးများ တစက်စက် ကျနေ၏။

“ရှေးကလန်ဝင်တစ်ယောက်၊ ရှေးတောက်ကလန်က ပိုင်ဆိုင်တဲ့ခန္ဓာကိုယ်စွမ်းအား။ သူဟာ ယဲ့မိုသွေးစက်သုံးထောင်က ဖြစ်ပေါ်လာတဲ့ နောက်မျိုးဆက် မဟုတ်လောက်ဘူး။ ယဲ့မိုရဲ့ မျိုးဆက်ဟာ သူ့လောက် မသန်နိုင်ဘူး။ ဒီလူဟာ လှိုဏ်ဂူလောကက မဟုတ်ဘဲ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေက လာခဲ့တာ ဖြစ်ရမယ်။ သေစမ်းကွာ။ ဒီလှိုဏ်ဂူလောကမှာ ငါတို့ ကောက်ရီကလန်ပြင် တခြားသူတွေပါ ရှိနေတာပဲ…”

ထိုအဘိုးအို၏မျက်လုံးသူငယ်အိမ်မှာ ကြုံ့နေပြီး သူ၏မျက်လုံးထဲတွင် နာကျင်မှုတို့ ပြည့်နေသည်။ သူက သူ့ညာလက်ကို ကြည့်လိုက်မိသည်။

“ရက်စက်လှတဲ့ ခြေလှမ်းပဲ။ ချပ်ဝတ်ကြောင့်သာ မဟုတ်ရင် ငါ့လက်ဟာ တစစီ ဖြစ်သွားလောက်ပြီ။ ငါ့ခန္ဓာကိုယ်တောင် ပေါက်ကွဲသွားနိုင်လောက်တယ်…”

ထိုအဘိုးအို၏မျက်နှာသည် အလွန်သုန်မှုန်နေ၏။သူက မျှော်စင်အပြင်ဘက်သို့ ကြည့်ကာ အော်ဟစ်ကာ ပြော၏။ “နန်ဒူ…ငါ့ကိုလာတွေ့…”

ထိုအဘိုးအို၏ အသံက မျှော်စင်ကိုးထပ်ကနေ ထွက်ပေါ်လာသည့်အခါ မျှော်စင်အပြင်ဘက်ရှိ ကျင့်ကြံသူအားလုံး တုန်ယင်ကုန်၏။ သူ့အော်ဟောက်သံ ရပ်တန့်သွားသည့်အခါ သူတို့က မျှော်စင်ထံ ဒူးထောက်လိုက်ကြသည်။

နန်ဒူက မျက်နှာပျက်သွားကာ မျှော်စင်ကိုးထပ်ထံသို့ တုန့်နှေးခြင်းမရှိ ခုန်တက်လိုက်သည်။ သူက အပြင်ဘက်တွင် ရပ်ကာ တစ်ခုခုပြောရန် ဟန်ပြင်စဉ်မှာပင် ဧရာမလက်တစ်ဖက် ထွက်ပေါ်လာပြီး သူ့အား အတွင်းသို့ ဆွဲခေါ်သွားသည်။

နန်ဒူက မခုခံဝံ့ပေ။ သူ အထဲသို့ ရောက်လာသည့်နောက် ချက်ခြင်း ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ တရိုတသေ ပြောလိုက်သည်။

“ဂျူနီယာနန်ဒူက ကိုးယောက်မြောက်ဘိုးဘေးကို နှုတ်ဆက်ပါတယ်…”

ထိုရွှေရောင်ဝတ်စုံဖြင့် အဘိုးအိုက နန်ဒူကို ကြည့်ကာ ဟောက်လိုက်၏။ သူ ဘယ်သူလဲ။ မင်းတို့ ဒီလိုလူမျိုးကို ဘယ်လိုကြောင့် သွားရန်စရတာလဲ…”

ထိုအဘိုးအို၏စကားကို ကြားသည့်အခါ နန်ဒူသည် စကားပြောရန် ခေါင်းမော့လိုက်၏။ သို့သော် သူက ထိုအဘိုးအို သွေးအန်လိုက်သည်ကို တွေ့မြင်သည့်အခါ သူ့စိတ်နှလုံးသည် တုန်ယင်သွား၏။ ထို့နောက် သူက အဘိုးအို၏ညာလက်ကို တွေ့မြင်လိုက်သည့်အခါ သူ့စိတ်ထဲတွင် လှိုင်းထန်သွားတော့သည်။

သူက ဘိုးဘေးလှုပ်ရှားခဲ့သည်ကို သိ၏။ သို့သော် ဘိုးဘေးက အသာစီးမရသည့်အပြင် ဝမ်လင်းကြောင့် ဒဏ်ရာပါ ရသွားခဲ့၏။ သူ၏ခန္ဓာကိုယ်သည် တုန်ယင်ကာ သူ သိသမျှကို ချက်ခြင်း မချွင်းမချန် ပြောပြတော့သည်။

နန်ဒူ ထိုသို့ ပြောနေစဉ် ဒြပ်စင်ငါးခုအစီအရင်အတွင်း၊ ရေအစီအရင်မှာ ပျက်စီးသွားပေပြီ။ ဝမ်လင်းသည် ထွက်သွားနိုင်၏။ သို့သော် သူက ထွက်မသွားရန် ရွေးချယ်သည်။ သူက ရှေ့သို့ လှမ်းကာ သူ့ရှေ့တွင် ပေါ်လာသော လောကသစ်တစ်ခုထံသို့ လှမ်း၏။

လေပြေများ တိုက်ခတ်နေ၏။ ထိုလေပြေက သယ်ဆောင်လာသော မွှေးရနံ့က လူတိုင်းကို အေးဆေးသက်သာမှုကို ခံစားစေနိုင်သည်။ သည်နေရာမှာ မြင်ကွင်းမဆုံး ထူထဲသိပ်သည်းသည့် တောအုပ်တစ်ခုသာ။ မိုးထိမတတ် မြင့်မားသောသစ်ပင်ကြီးများက တိမ်လွှာထုကို ထွင်းဖောက်၍ သစ်ရွက်တို့၏ အရိပ်များ ကျနေသည်။ ဒြပ်စင်ငါးခုသစ်သားအစီအရင်။

ဝမ်လင်းက သူ့ဘေးပတ်လည်သို့ ကြည့်ကာ သူ့မျက်လုံးသည် အရောင်တောက်လာပြီး သူက တဖြည်းဖြည်း ပြုံးယောင်သမ်းလာ၏။ သည်ဒြပ်စင်ငါးခုဂြိုဟ်ပေါ်သို့ ခရီးစဉ်ပ သူက အဓိကရည်ရွယ်ချက်ကို လစ်လျူရှုထားလျှင်ပင် ဒြပ်စင်ငါးခုအစီအရင်က သူ့အတွက် ကံကောင်းမှုကြီး ဖြစ်နေလေပြီ။

ဝမ်လင်းက သစ်သားအစီအရင်ကို မည်သို့လက်လွှတ်နိုင်ပါ့မည်နည်း။ သူက ရှေ့ဆက်လာ၏။

သို့ပေမည့် ဝမ်လင်း လှုပ်ရှားလိုက်စဉ် တောအုပ်အတွင်းရှိ သစ်ပင်အားလုံးမှာ တုန်ခါလာ၏။ သစ်ရွက်များသည် ထူးဆန်းသောအားတစ်ခုကြောင့် ကြွေကျလာကာ ဝမ်လင်းထံ ပျံသန်းဝင်သည်။

သစ်ရွက်များက ကောင်းကင်နှင့်မြေပြင်ကို ဖုံးလွှမ်းနိုင်သည့်ထိ လုံလောက်အောင် များပြားလွန်းသည်။ ယင်းတို့က ဝမ်လင်းအပေါ် ခပ်နှိပ်လာကာ သူ၏စိတ်ဝိညာဉ်ကို သိမ်းပိုက်ချင်သည့်အလား။

ဝမ်လင်း၏အမူအရာက ပြောင်းလဲမသွားဘဲ နောက်သို့ သုံးလှမ်းဆုတ်၏။ သူ့ညာလက်ဖြင့် လက်သီးဆုပ်ကာ သူ၏မျက်လုံး၌ အေးစက်မှု ပေါ်လာသည်။ ရုတ်တရက် သူက သူ့ရှေ့ရှိ ဟင်းလင်းပြင်ထံ ကုတ်ဆွဲချလိုက်သည်။

ကောင်းကင်ဘုံဆုတ်ဖြဲခြင်း။

ထိုဆုတ်ဖြဲမှုက တိမ်စိုင်များကို တစစီဖြစ်သွားစေသည်။ ထို့နောက် ကျယ်လောင်စွာ ဆုတ်ဖြဲသံ ပဲ့တင်ထပ်သည်။ ဧရာမအက်ကြောင်းတစ်ခုက သည်လောကကို ဆုတ်ဖြဲဖွင့်ဟကာ ၎င်းသည် ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်သွားစေသည်။

အမှန်တကယ်ပင် ဝမ်လင်းရှေ့ရှိ လောကမှာ ထက်ပိုင်းဖြတ်ခံရ၏။ ထိုအက်ကြောင်း၏ ဗဟိုချက်က နက်မှောင်သောလေဟာနယ်အတွင်းသို့ ဦးတည်သည်။ ထိုအခိုက်တွင် ယင်းအက်ကြောင်းက မြန်ဆန်စွာ ချဲ့ကားလာပြီး ညကနေ့ကို ဝါးမြိုသည့်နှယ်။

သို့သော် ထိုမျှဖြင့် ကောင်းကင်ဘုံဆုတ်ဖြဲခြင်း၏စွမ်းအားကို ဖော်ပြဖို့ငှာ မလုံလောက်သေးပေ။ သည်လောကနှင့်အတူ ကြွေကျနေသော မရေမတွက်နိုင်သည့် သစ်ရွက်များမှာလည်း ဆုတ်ဖြဲခံလိုက်ရ၏။ သစ်ရွက်များ ဆုတ်ဖြဲခံရသည့်အခါ သစ်ရွက်တစ်ရွက်ချင်းစီ၏ ဘေးနှစ်ဖက်ကို ချိတ်ဆက်ထားသော စင်းကြောင်းများ ပေါ်လာ၏။

အဘက်ဘက်မှ တိုးဝင်လာသော သစ်ရွက်များအားလုံးမှာ ထိုနည်းဖြင့် ဆုတ်ဖြဲပိုင်းဖြတ်ခြင်း ခံရလေ၏။

ဝမ်လင်း၏ညာလက်ထံမှ ကောင်းကင်ဘုံဆုတ်ဖြဲခြင်းစွမ်းအား ထွက်ပေါ်လာသည့်အခါ ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်၏။ သည်သစ်သားအစီအရင်မှာ ပျက်စီးလေတော့မည့်အလား။

ဝမ်လင်းနှင့် နီးကပ်လာသော သစ်ရွက်အားလုံးသည် ထက်ပိုင်းပြတ်ကာ ဘေးတစ်ဖက်ဆီသို့ ဖယ်ရှားခံရပြီး ဆန့်ကျင်ဘက်အရပ်မှ တိုးဝင်လာနေသော သစ်ရွက်များနှင့် ထိပ်တိုက်တွေ့သည်။

အဝေးမှ ကြည့်ပါက ဝမ်လင်း၏ပုံရိပ်သည် သစ်ရွက်အပျက်အစီးများကြား ရောက်နေသည်ကို တွေ့ရပေမည်။ ခဏအကြာတွင် ဝမ်လင်းက အမှောင်ထုအတွင်းမှ လှမ်းထွက်လိုက်၏။ သူ့နောက်တွင် အက်ကြောင်းက ပို၍ပင် ကြီးထွားလာသည်။

ထိုပျက်စီးသွားသော သစ်ရွက်များက ဗရမ်းဗတာဖြစ်စေတော့သည်။ ဤသည်မှာ ဒီလောက၏ အဆုံးသပ်အလား။

ဝမ်လင်း လှမ်းလျှောက်လာသည်နှင့် သစ်ရွက်များ ဆုံးရှုံးသွားသော သစ်ပင်အားလုံးသည် စတင်၍ ထူးဆန်းစွာ ရွှေ့လျားသည်။ ဝမ်လင်း၏အကြည့်အောက်၌ ထိုသစ်ပင်အားလုံးသည်စတင်ချဲ့ကားလာကာ တစ်ပင်နှင့်တစ်ပင် ယှက်လိမ်သည်။ သိပ်မကြာခင်တွင် ထိုသစ်ပင်များ ချဲ့ကားလာရင်း ဧရာမမျက်နှာကြီးတစ်ခု ဖြစ်ပေါ်သည့်အထိ ကြီးထွားလာသည်။

“အညံ့ခံမလား၊ ဖျက်စီးခံမလား…”  ဝမ်လင်း၏ဆံပင်ဖြူများက ညင်သာစွာ လွင့်ဝဲနေ၏။ သူက မြေပြင်ထက်ရှိ ဧရာမသစ်ပင်မျက်နှာကို စိုက်ကြည့်သည်။

ထိုသစ်တောထဲရှိ မျက်နှာက ငြိမ်သက်စွာ စဉ်းစားနေသည်။ အချိန်အတန်ကြာပြီးနောက် ၎င်းက ၎င်း၏ရှေးဟောင်းမျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်သည်။ သည်အခိုက်တွင် ၎င်းမျက်နှာ၏မျက်ခုံးနှစ်ခုကြား၌ တောက်ပသောအစိမ်းရောင်အလင်း စုဝေးလာသည်။ ၎င်းက အစိမ်းရောင်သလင်းအဖြစ် ပြောင်းလဲကာ ဝမ်လင်းထံ တိုးဝင်လာချေသည်။

ထိုသလင်းက ဝမ်လင်းရှေ့တွင် လွင့်မြော၏။ သူက သူ့ညာလက်ဖြင့် ၎င်းကို လှမ်းယူသည်။ သူက ထိုသလင်းကို သိမ်းဆည်းပြီးနောက် သစ်ပင်အားလုံးသည် သူတို့၏မူလပုံစံအတိုင်း ပြန်ရွှေ့လျားသွားသည်။

ထို့နောက်တွင် ဝမ်လင်းက ရှေ့သို့ ခြေလှမ်း၏။ သူ့ပတ်လည်ရှိ လောကသည် ပျက်စီးသွားလေတော့သည်။ သစ်သားအစီအရင်သည် မြန်ဆန်စွာ ပျောက်ကွယ်သွားပြီးနောက် နောက်ဆုံးအစီအရင်ဖြစ်သည့် သတ္တုအစီအရင် ပေါ်လာသည်။

သတ္တုအစီအရင်က သတ္တုစွမ်းအားနှင့် ပြည့်ဝနေ၏။ သည်သတ္တုလောကတွင် သတ်ဖြတ်လိုစိတ်မှာ သိပ်သည်းလွန်းသည်။ သည်နေရာတွင် မြေပြင်ထု ရှိမနေ။ ထိုအစား သတ္တုစွမ်းအားနှင့်သတ်ဖြတ်ခြင်းဆန္ဒတို့ ပြည့်နေသော ဓားကြီးများဖြင့် ပြည့်နှက်နေသည်။

ကောင်းကင်ထက်တွင်လည်း တိမ်စိုင်များ ရှိမနေဘဲ မရေမတွက်နိုင်သောဓားများက လေထဲတွင် တွဲလိုခိုတည်ရှိ၏။ သည်မရေမတွက်နိုင်သောဓားများသည် ဝမ်လင်းပေါ်လာသည့်အခါ တဝီဝိအသံ ပေး၏။

ဤသည်မှာ ဓားတေးသံပင်။ ဓားများအားလုံးသည် တစ်ပြိုင်နက်တည်း အသံပေးခြင်းပင်။

သတ္တုသည် သစ်သားမဟုတ်ပေ။ သစ်သားက ညင်သာပျော့ပျောင်းနိုင်၏။ ထို့ကြောင့်လည်း သစ်သားစိတ်ဝိညာဉ်က ဉာဏ်ရည်ရှိသဖြင့် ဝမ်လင်းက ရွေးချယ်ဖို့ အခွင့်အရေးတစ်ခု ပေးခဲ့ခြင်းပင်။ သတ္တုကတော့ မတူပေ။ သတ္တုက အမြဲတမ်း တန်းတန်းမတ်မတ် ရှိကာ အညံ့ခံလိမ့်မည် မဟုတ်ပါ။

သည်အခိုက်၌ ဓားတေးသံ ပဲ့တင်ထပ်ကာ ဓားများအားလုံးသည် ဝမ်လင်းထံ တိုးဝင်လာကြသည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ ပြင်းထန်သောအသံများသာ ဤနေရာတွင် တည်ရှိလာလေတော့သည်။

ဒြပ်စင်ငါးခုဂြိုဟ်ပေါ်၌ မျှော်စင်၏ကိုးလွှာမြောက်တွင် နန်ဒူက ဝမ်လင်းအကြောင်း သူ သိသမျှ ပြောပြပြီးနောက် ထိုအဘိုးအိုမှာ သုန်မှုန်နေတုန်းပင်။ သူက ဝမ်လင်းသည် အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှ တစ်စုံတစ်ယောက် မဟုတ်သည်ကို မယုံကြည်နိုင် ဖြစ်နေသေး၏။

သူ စကားပြောရန် ဟန်ပြင်လိုက်စဉ် သူက ရုတ်တရက် မျှော်စင်အပြင်ဘက်သို့ ကြည့်၏။ သူ၏အမူအရာ၌ သတ်ဖြတ်လိုစိတ် ပြည့်နှက်နေတော့သည်။

“သူဟာ သတ္တုအစီအရင်ကို ချိုးဖျက်ပြီးရင် ကိုးခုစက်ဝန်းထဲ ဝင်ရောက်လိမ့်မယ်…”

ရွှေရောင်ဝတ်ရုံဖြင့် ထိုအဘိုးအိုက ထရပ်၏။ သူ၏မျက်လုံးထဲတွင် အေးစက်မှု၊သတ်ဖြတ်လိုမှုတို့ ကြီးစိုးနေသည်။

နန်ဒူက ချီတုံချတုန်ဟန်ဖြင့် မေးလိုက်၏။ “ဘိုးဘေး…ငါတို့ဒြပ်စင်ငါးခုဂြိုဟ်ရဲ့ အစွမ်းထက်ဆုံး ကိုးခုစက်ဝန်းနှလုံးသားဘီးအစီအရင်က ဒီလူ့ကို တားဆီးနိုင်လောက်လား…”

“ကိုးခုစက်ဝန်းနှလုံးသားဘီး…ဒါဟာ စက်ဝန်းတစ်ပါတ်အတွက် အသက်ကိုးကြိမ်ရှိုက်စာပဲ။ လူတစ်ယောက်ရဲ့ နှလုံးကပိုမြန်မြန် လှုပ်ရှားလေ ဒီအမြန်နှုန်းက ပိုလာလေပဲ။ ဒါက ပြောဖို့တော့ ခက်တယ်။ ဒီအစီအရင်ဟာ ခက်ခဲသလို ရိုးရှင်းမှုလည်း ရှိတယ်။ ဒါဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေက ငါတို့ ကောက်ရီကလန်ရဲ့ အကာအကွယ်အစီအရင်တွေထဲက တစ်ခုပဲ…”

“ဒီအစီအရင်ဟာ ၎င်းရဲ့စွမ်းအား လေးဆယ်ရာခိုင်းနှုန်းပဲ ရှိတယ်ဆိုပေမယ့် သူ အစီအရင်ကို ဖြတ်သန်းမမြင်နိုင်သရွှေ့ ဒါဟာ ပိုပြီးတောင် လှည့်ပတ်နေမှာ။ ဒါဆို သူ ဒီစက်ဝန်းကိုးခုကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး…”

“အရာအားလုံးကတော့ သူ့နှလုံးသား လှုပ်ရှားမလား၊ မလှုပ်ရှားဘူးလားပေါ် မူတည်တယ်…”

ဘိုးဘေးက ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူ့စကားများမှာ ဆန်းပြားနေသည်။ နန်ဒူက နားထောင်နေသော်လည်း အများကြီးနားမလည်ပေ။ သို့သော် သူက ထပ်မမေးတော့ပေ။ သူက မျှော်စင်အပြင်ဘက်ရှိ ကောင်းကင်ထက်သို့ ကြည့်လိုက်၏။

အစီအရင်အတွင်း၌ ကျယ်လောင်စွာ မြည်ဟည်းသံတို့ ပဲ့တင်ထပ်နေကာ သတ္တုအစီအရင်သည် ပျက်စီးသွားလေပြီ။ ဝမ်လင်းက အတွင်းမှ လှမ်းထွက်လာ၏။ သူက သိပ်မဝေးသောနေရာရှိ ဒြပ်စင်ငါးခုဂြိုဟ်ကို တွေ့မြင်သည်။

သူသည် ထိုဂြိုဟ်သို့ ခြေတစ်လှမ်းဖြင့် ရောက်သွားနိုင်သည်ဟု ထင်ရ၏။

ဝမ်လင်း၏နောက်ရှိ ဒြပ်စင်ငါးခုအစီအရင်က လွင့်ပျောက်ကွယ်နေပြီ ဖြစ်၏။

ဒြပ်စင်ငါးခုဂြိုဟ်ကို စိုက်ကြည့်နေရင်း သူက ဝင်ရောက်ရန် ဟန်ပြင်သည်။ သို့သော် ရုတ်တရက် သူက ရပ်လိုက်၏။ သူက အံ့အားသင့်ဟန် ဖြစ်ပေါ်ကာ သူ၏မျက်လုံးသည် အရောင်တောက်လာသည်။

သူ့အမြင်၌ ထိုဂြိုဟ်သည် အမှန်တကယ်ပင် လှုပ်ရှားနေလေသည်။

၎င်းက တဖြည်းဖြည်း စတင်လှည့်ပတ်နေ၏။

All Chapters