← Chapters

သား ဦးလေး ဝမ် ကပြောတယ်

Vol. 2 Ch. 30

သား ဦးလေး ဝမ် ကပြောတယ်

Vol. 2 Ch. 30

~

စာရင်းစာအုပ်တွင် စာမျက်နှာ ၁၀ ရွက် ၁၂ ရွက်သာပါပြီး နိုင်ငံအနှံ့အပြားရှိ အသက်၁၈ နှစ်အရွယ် ပါရမီရှင်များ ပါဝင်သည် ။

အဘိုးကြီးက ပထမ စာရွက်အား တစ်ချက်ကြည့်လိုက်သည် ။ သူ၏အဆင့်ဖြင့်ဆိုလျှင် စာလုံးရေထောင်ဂဏန်းအား တစ်ချက်ကြည့်ရုံံဖြင့် ဖတ်နိုင်ပေသည် ။

ရှေ့ဆုံးစာမျက်နှာများတွင် ထိပ်တန်းပါရမီများကို ထည့်သွင်းထားသည် ။ တချို့မှာ တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၄ နှင့် တချို့မှာ ကောင်းကင်ကို ဖီဆန်နိုင်သည့် ကိုယ်ခန္ဓာ ပါရမီ ရှိကြသည် ။ ထိုပါရမီရှင်များ အားလုံးမှာ ထိပ်တန်း တက္ကသိုလ် များတွင် တက်ရောက်နေကြပေသည် ။

အဘိုးကြီး ဘေးတွင်ရှိသော မိန်မပျိုလေးက တစ်ဦးဦးကို ထောက်ခံမလားဟု မျှော်လင့်တကြီး ကြည့်နေလေ၏ ။

" ဘမ်း... "

အဘိုးကြီးက စာမျက်နှာ လေးငါးခုသာ လှန်လှောကြည့်ပြီး စာရင်းစာအုပ်ကို စားပွဲပေါ်သို့ ပစ်တင်လိုက်သည် ။ သူအများကြီး မျှော်မှန်းထားသော်လည်း ဤပါရမီရှင်များမှာ သာမန်မျှသာဖြစ်သည် ။ ဆက်ဖတ်ရန်ပင် စိတ်မပါတော့ ။

" ဆရာ... ဘယ်လိုသဘောရလဲ... ပျိုးပင်ကောင်းတွေ ရှိလား... "

မိန်းမပျိုလေးက ကမန်းကတမ်း မေးလိုက်၏ ။

" ထူးခြားတဲ့သူ မရှိဘူး... "

အဘိုးကြီးက ခေါင်းယမ်းကာ ဖြေလိုက်သည် ။

သစ်သားစားပွဲပေါ်ရှိ စာအုပ်ထဲ၏ နောက်ဆုံးမှ ရေတွက်လျှင် ဒုတိယမြောက် စာမျက်နှာ၌ Black Earth ဟူသော နာမည်ပါရှိသည် ။ သို့သော်လည်း ထိုနေရာက အဘိုးကြီး အာရုံံစိုက်မိရန် မလုံလောက်ချေ ။

အိမ်မက်မှ နိုးထလာပြီးနောက် လင်းမို့၏ လက်သီးပြင်းအားမှာ ၁၁၅၄ ကီလိုသို့ ရောက်ရှိသွားသည် ။ တက်ကြွဘုရင် လျို့ရှား ဆေးရုံသို့ရောက်နေသည်ဖြစ်ရာ ညဘက် တွင် တက်ကြွအမှတ် ပေးမည့်သူ မရှိတော့ပေ ။ တစ်ညလုံးမှ ၄ ကီလိုသာ တိုးလာပေသည် ။ ရခဲ့ဖူးသမျှတွင် အနည်းဆုံးပင် ။

စနစ်မျက်နှာပြင်အား တစ်ချက်ကြည့်လိုက်ကာ လင်းမို့ အိပ်ယာမှ ထလာခဲ့သည် ။ ညက အိမ်မက်အကြောင်း သူတွေးနေဆဲပင် ။

' ညက ငါ့အိမ်မက်က နဲနဲထူးဆန်းနေသလိုပဲ.. '

အိမ်မက်က ထူးဆန်သည်ထက် အစစ်အမှန်ဟု ခံစားနေမိခြင်းကြောင့် သူထူးဆန်းနေခြင်းဖြစ်သည် ။ အိမ်မက်ထဲရှိ ထူးဆန်းသော မြင်ကွင်းကို လင်းမို့ ယခုအချိန်အထိ ရှင်းရှင်းလင်းလင်း မှတ်မိနေလေသည် ။

လင်းမို့ ခေါင်းခါကာ ထိုအတွေးများကို ရှင်းထုတ်လိုက်၏ ။ သူယနေ့ မည်သို့ ပျင်းရိရမည်ကို တွေးနေခြင်းက ပိုကောင်းပေမည် ။

' ပျင်းရိဖို့ကလည်း စွမ်းရည်လိုတာပဲ ....'

လင်းမို့ အနည်းငယ် စိတ်လှုပ်ရှားသွား၏ ။ အရင်ရက်များတုန်းက သူ၏ ညီအကိုဖြစ်သူ ဟောက်ရန်အား ဆင်ခြေအဖြစ်သုံးခဲ့သည် ။ သူ မနေ့က အကင်ဆိုင်အား ဆင်ခြေအဖြစ် သုံးခဲ့လေသည် ။ သူ ဆင်ခြေဆင်လက် များ ပြသော်လည်း ကျန်းရွှယ်က သူ့အား တဏှာရူး အဖြစ် သတ်မှတ် သွားပေသည် ။

ယနေ့တွင် ကြိုတင်ပြင်ဆင်မှုအတန်းက တနေကုန် ဖွင့်သည် ။ အကင်ဆိုင်က မရှိတော့ပေ ။ သူဒီနေ့ သင့်တော်သော အကြောင်းပြချက် ရှာမတွေ့လျှင် လူအများက နှာဘူးဟု ဝိုင်းကြည့်ကြပေမည် ။

' မင်းတို့လည်း မင်းတို့အလုပ် မင်းတို့လုပ်နေတာ... ငါလည်း ငါ့အလုပ် ငါလုပ်နေတာ... မင်းတို့ကောင်တွေ ဘာလို့ ငါ့ကို အာရုံစိုက်နေကြတာလဲ... '

လင်းမို့ သည် တွေးရင်း စိတ်ဓာတ်ကျလာ၏ ။

' ဒီကောင်တွေ ငါ့ကို ထူးထူးဆန်းဆန်းအကြည့်တွေနဲ့ မကြည့်အောင် နည်းလမ်းရှာမှ ဖြစ်မယ်... '

လင်းမို့ ရုတ်တရပ် မျက်ခုံးပင့်လိုက်သည် ။ သူ ဖုန်းကို ကောက်ကိုင်ကာ ခေါ်ဆိုလိုက်၏ ။

" ဟောက်ရန်... မင်းဒီနေ့ ဂျင်သွားမှာ မှလား... "

" ဟုတ်တယ်... ကျွန်တော် သွားရမှာလေ ..."

ဖုန်းတစ်ဖက်မှ ဟောက်ရန်က သန်းကာ ပြန်ဖြေလိုက်၏ ။ ဖုန်းသံကြောင့် သူနိုးလာပုံရသည် ။

" ဂျင်က ဒီနေ့တနေကုန် ဆိုတော့ ကျွန်တော်သေချာပေါက်သွားရမှာလေ... ဘယ်ပြောလို့ရမလဲ ကျွန်တော် အများကြီး တိုးတက်ချင် တိုးတက်လာမှာ... "

" ဒါပေါ့... စာမေးပွဲက ဆယ်ရက်ပဲ လိုတော့တာ... မင်းမြန်မြန် ကြိုးစားမှရလိမ့်မယ်... "

လင်းမို့ ဟောက်ရန်ကို အားပေးရင် ဆက်ပြောလိုက်၏ ။

" ငါ မင်းကားမောင်းတက်တာကို မှတ်မိတယ်... ဟုတ်တယ်မလား... မင်း ဂျင်သွားရင် ကားယူပြီး ငါ့အိမ်ကို လာခဲ့ ငါ့ဝင်ခေါ်အုံး..."

ဤသည်မှာ လင်းမို့၏ အကြံဖြစ်သည် ။ ဟောက်ရန်၏ ကားထဲတွင် တနေကုန် နေ၍ ပျင်းရိနိုင်ပေသည် ။ လူမြင်မည်ကို စိုးရိမ်ရန် မလိုတော့ချေ ။

" အမ်... အကိုမို့... အကိုလည်း သွားမလို့လား... အတန်းက တနေကုန်ဆိုတော့ အကို အပြင်မှာ ပျင်းနေမှာပေါ့... အိမ်မှာပဲ နေပါလား... "

" မင်းဘာပြောလိုက်တာလဲ..."

လင်းမို့ လေသံမာမာပြောလိုက်၏ ။

" ငါတို့က ညီအကိုတွေ မဟုတ်ဘူးလား... သိုင်းပညာလမ်းစဥ်ဆိုတာ ငါတို့နှစ်ယောက်ရဲ့ အိမ်မက်ဆိုတာ မင်းမေ့သွားပြီလား... "

ဟောက်ရန် ပြာပြာသလဲ ဖြစ်သွားသည် ။

" အကိုမို့... ကျွန်တော့အမှား... ကျွန်တော့အမှား... "

လင်းမို့ ကျေနပ်စွာ ဖုန်းချလိုက်သည် ။ ခုခေတ်လူငယ်လေးများအား အိမ်မက် အကြောင်းပြ၍ ညာခိုင်းလို့ရပေသည် ။

ဆယ်မိနစ် ကြာသောအခါ ဟောက်ရန်တစ်ယောက် ကားမောင်း၍ လင်းမို့၏ ရပ်ကွက်အတွင်းသို့ ဝင်လာလေသည် ။ ကားမှာ လုပ်ငန်းသုံးကား ဖြစ်သော်လည်း ရှေ့ခုံ နှစ်ခုသာ ပါဝင်သည် ။ ကားနောက်ပိုင်းအား ကြီးမားသော အိပ်ရာနှင့် အစားထိုးထားပြီး ပြုပြင်ခပင် နည်းမည်မဟုတ်ချေ ။

" ယို..... ဇိမ်ခံကားကြီးဟ... မင်းအဖေဟာလား..."

လင်းမို့ ရှေ့ခုံတွင် ဝင်ထိုင်ကာ မေးလိုက်၏ ။

" ဟုတ်တယ် ကျွန်တော်တို့အိမ်မှာ ကားသုံးစီးရှိတယ်... "

ဟောက်ရန်က ပြန်ဖြေလိုက်သည် ။

" ဒီကားကရော... "

လင်းမို့ နားမလည်သဖြင့် မေးလိုက်၏ ။

' ကားနှစ်စီးက မလောက်ဘူးလား... ဟောက်ရန်ကလည်း အထက်တန်းကျောင်းသားဆိုတော့ ကားမလိုသေးဘူး... ဘာလို့ ကားသုံးစီး ဝယ်ထားတာလဲ...'

" အော်..."

ဟောက်ရန်က ရှင်းပြလိုက်သည် ။

" ကျွန်တော် မိဘတွေ တစ်ခါတလေ ညဘက်အလုပ်ကိစ္စနဲ့ အပြင်သွားရတက်တယ်လေ... အလုပ်ပင်ပန်းရင် ညဘက် ကားထဲမှာ အနားယူလို့ရအောင်တဲ့... "

" အိုး...အို... "

လင်းမို့ ချက်ချင်းသဘောပေါက်သွားကာ အဓိပ်ပါယျရှိစှာ ပြုံးလိုက်၏ ။

" မင်းမိဘတွေက ဘယ်လိုပျော်ရမလဲ သိတာပဲ..."

" ဘာကိုလဲ... "

ဟောက်ရန်တစ်ယောက် ရှုပ်ထွေးသွားသည် ။ သူနားမလည်ပေ ။

ဤကမ္ဘာရှိ အထက်တန်းကျောင်းသားများမှာ သိုင်းပညာလေ့လာရန်သာ ကြိုးစားအားထုတ်နေကြပြီး လင်းမို့ပြောသည်ကို နားလည်နိုင်မည့်သူ သိပ်မရှိပေ ။

" ဒါဘာလဲ မှန်းကြည့်... "

ဟောက်ရန်က လျို့ဝှက်ဟန်ဖြင့် အအေးခံသေတ္တာကို ထုတ်ပြလိုက်သည် ။

" မင်းအဖေက ဆေးဝယ်ပေးပြန်ပြီးလား..."

မှောင်ခိုစျေးရှိ နည်းပညာအဆင့်မြင့်ဆေးများမှာ စျေးမချိုပေ ။

" ဒါ A1 ဆေး... "

ဟောက်ရန်က တည်တည်ငြိမ်ငြိမ်ပြောနေသော်လည်း သူ၏ အသံမှာ အနည်းငယ် ဝင့်ကြွားနေပုံပေါက်သည် ။

" ကျွန်တော့အဖေ ဘယ်လိုလုပ်ရလာတာလဲတော့မသိဘူး... ဒါ A1 ဆေး အစစ်ကြီး... ဒီမှာကြည့်.. အကိုတစ်ခါမှ မမြင်ဖူးဘူးမှလား ..."

" အာ... "

လင်းမို့ မြင်ဖူးရုံသာမက မနေ့က သောက်ဖူးသည်ဟု ပြောလိုက်ချင်သည် ။ လှပသော်လည်း လက်သီးပြင်းအား ၁၀ ကီလိုသာ တိုးလေရာ သိပ်စိတ်ဝင်စားစရာ မကောင်းလှ ။ သူဒီနေ့တွင် ဆယ်ပုလင်း ရဖို့ရန် ရှိလေသည် ။

" ဒီဆေးက ဘယ်လောက်တန်လဲ မှန်းကြည့်..."

ဟောက်ရန် ဆက်ကြွားသည် ။

" ဒီဆေးက အိမ်တန်ဖိုး တဝက်လောက်ရှိတယ်... "

" အိမ်တန်ဖိုး တဝက်တောင်..."

ဤတစ်ကြိမ်တော့ လင်းမို့ တကယ်အံ့သြသွား၏ ။ ဟိုင်းချန်မြို့၏ ဆင်ခြေဖုံးရပ်ကွက်များတွင်ပင် အိမ်စျေးအိမ်တစ်လုံးတန်ကြေး တစ်သန်းနှစ်သန်းခန့် ရှိသည် ။ သူ A1 ဆေးအား ဤမျှတန်မည် မထင်ခဲ့ပေ ။ သူယနေ့ရရှိမည့် ဆေးများမှာ အိမ်ငါးလုံးခန့် တန်ကြေးရှိပေသည် ။ ဤသည်အား ကြည့်လျှင် အိမ်အလုံးငါးဆယ်ပိုင်သော ဟောက်ရန်မှာ သိပ်ချမ်းသာသည် မထင်ရတော့ ။

" ဟီးဟီးဟီးးး... သိပ်လန့်မသွားပါနဲ့... "

ဟောက်ရန်က လင်းမို့ တွေးနေသည်ကို မသိပေ ။ လင်းမို့ အံ့သြနေသည်ကိုမြင်လျှင် သူဂုဏ်ယူစွာ ဆက်ကြွားတော့သည် ။

" ပြီးရင် အကိုမို့ အိမ်တန်ဖိုးတဝက်ကို တစ်ကြိုက်တည်းနဲ့ သောက်ပြတာကို မြင်ရတော့မယ်... "

ဟောက်ရန်က ပြောပြီးသည်နှင့် A1 ဆေးပုလင်းကို ထုတ်ယူကာ မော့သောက်လိုက်တော့သည် ။

တချိန်တည်းမှာပင် ယင်ကျန်း၏ အိမ်တွင်...

ယင်ကျန်း၏ အမေဖြစ်သူမှာ ပင်ပန်းနွမ်းနယ်စွာ ပြန်ရောက်လာခဲ့သည် ။

" အမေ အရမ်းပင်ပန်းနေပြီ... "

ယင်ကျန်းက ရေတစ်ခွက်ယူကာ ကမ်းပေးလိုက်သည် ။

" သား ဦးလေးဝမ်ကပြောတယ်... "

အမေယင် က သက်ပြင်းချရင်း ရေတစ်ငုံသောက်ပြီးမှ ဆက်ပြောသည် ။

" သူဒီနေ့ သား ကျောင်းကိုရောက်ရင် A1 ဆေး ပို့လိုက်မယ်တဲ့... "

" A1 ဆေးလား... "

ယင်ကျန်း အံ့သြသွားသည် ။

" ဦးလေးဝမ်က A1 ဆေးရနိုင်တယ်လား..."

" သား ဦးလေးဝမ်ပြောတာတော့ အထက်ပိုင်းက လူတွေက အရင်းအမြစ်တွေ ပိုတိုးပေးတယ်တဲ့... အဲ့ဒါကြောင့် တချို့ဆေးတွေက မှောင်ခိုစျေးကွက်ထဲရောက်ကုန်တာ ... သားဦးလေးဝမ်က သိုင်းပညာဌာနက ဒါရိုက်တာ ဆိုတော့ တချို့လမ်းကြောင်းတွေကနေ စျေးနည်းနည်းနဲ့ ရနိုင်တယ်လေ... "

အမေယင်က ရှင်းပြလိုက်သည် ။

ယင်ကျန်း ခေါင်းညိတ်လိုက်၏ ။

" အဲ့ဆေးက ဆေးယဥ်ပါးမှု မရှိဘူးဆိုတော့ ဆေးပုလင်းနဲနဲလောက်ရတာနဲ့ သား အဓိက တက္ကသိုလ်ကို သေချာပေါက် ဝင်ခွင့်ရနိုင်တယ်... "

" စိတ်မပူပါနဲ့... အမေ အကောင်းဆုံး ကြိုးစားပေးမယ် ..."

အမေယင်က ယုံကြည်စွာဖြင့် ပြောလိုက်၏ ။ သူမ သူမတို့၏ အနာဂတ်အား မြင်ယောင်နေပေပြီ ။

ဘေးတွင် ထိုင်နေသော အဖေယင် ၏ မျက်လုံးထဲတွင်လည်း မျှော်လင့်ချက်များဖြင့် ပြည့်နေလေသည် ။

" နောက်ဆုံးတော့ ငါတို့ ယင်မိသားစုမှာ အဓိက တက္ကသိုလ် ဝင်နိုင်တယ့် ကျောင်းသားတစ်ယောက် ပေါ်လာခဲ့ပြီ... "

All Chapters