ငါ့နှလုံးသားကပါ တဝီဝီလှည့်ပတ်နေတာပဲ…
Vol. 130 Ch. 1789
ဝမ်လင်းသည် ထိုဂြိုဟ်က လှည့်ပတ်သည်ကို တွေ့မြင်သည့်အခါ မျှော်စင်ကိုးလွှာရှိ ရွှေရောင်ဝတ်ရုံဖြင့်အဘိုးအို၏ မျက်နှာပေါ်ရှိ သုန်မှုန်မှုမှာ ပျောက်ကွယ်သွားပြီး သူက ပြုံးလာ၏။
“ကိုးခုစက်ဝန်းနှလုံးသားဘီး။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာတောင် ဒါကို ချိုးဖျက်နိုင်တဲ့သူ အနည်းငယ်ပဲ ရှိတယ်။ ဒီအစီအရင်ရဲ့ ပစ်မှတ်ဟာ နှလုံးသားပဲ။ လူတစ်ယောက်ရဲ့ နှလုံးက ပိုမြန်မြန်ခုန်လေ ဒါကို ချိုးဖျက်ဖို့ ခက်ခဲလေပဲ…”
“ဒီလူက အလွန်ဉာဏ်များပြီး အကင်းပါးတယ်လို့ မင်း ပြောခဲ့တယ်။ သူဟာ ဒီနေ့လို ကျင့်ကြံမှုအဆင့်ကို ရောက်ဖို့ သေခြင်းရှင်ခြင်းအခြေအနေတွေ များစွာ ကြုံခဲ့ရမှာပဲ။ သူ့စိတ်ဟာ နတ်ဆိုးတစ်ကောင်လိုမျိုး ဖြစ်နေလောက်ပြီ…”
“အဲ့လူဟာ ပိုတော်လေလေ ဒီအစီအရင်ကို ချိုးဖျက်ဖို့ ပိုခက်ခဲလေပဲ။ ဒါဟာ ပထမစက်ဝန်းပဲ ရှိသေးတယ်။ ဒီစက်ဝန်းဟာ အချိန် ပိုကြာလေလေ သတ်ဖြတ်ခြင်းအစွမ်း ပို ပိုင်ဆိုင်လာလေပဲ။ စက်ဝန်းကိုးခုထိ ရောက်သွားတာနဲ့ သူဟာ သူ့စိတ်စွမ်းအင် ကုန်ဆုံးတဲ့အထိ ပိတ်မိနေပြီး သေဆုံးရလိမ့်မယ်…”
နန်ဒူသည် ထိုသည်ကို ကြားသည့်အခါ သူက ပြုံးလာ၏။ သူက ထိုအဘိုးအိုထံ လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။ “ဘိုးဘေး ဒီမှာရှိနေရင် အဲ့လူ မလွတ်မြောက်နိုင်ပါဘူး…”
ရွှေရောင်ဝတ်စုံဖြင့်အဘိုးအိုက ရယ်မောလိုက်ပြီး သူ့ညာလက်ကို ကြည့်၏။ သူ၏အကြည့်ထဲ၌ ရက်စက်လိုဟန် ဖြတ်သန်းသွားသည်။ ခုချိန်ထိပင် သူ့ညာလက်မှာ နာကျင်မှု ခံစားနေရဆဲ ဖြစ်၏။ သူ့ကောင်းကင်ဘုံစွမ်းအင်ကို အသုံးပြုထားသည်တောင်မှ သူက ဒီနာကျင်မှုကို အပြီးအပြတ် မဖယ်ရှားနိုင်သေးပေ။
ဂြိုဟ်အပြင်၌ တစ်ချိန်လုံး စောင့်ကြည့်နေသော မဟာအင်ပါယာရွှမ်လော၏မျက်လုံးတို့မှာ ကျဉ်းမြောင်းသွားသည်။
“ဒီကိုးခုစက်ဝန်းနှလုံးသားဘီးဟာ သာမန်အဆင့်ပဲ။ ဒါပေမဲ့ ဒီအစီအရင်ကို နားမလည်ရင် ချိုးဖျက်ဖို့ ခက်ခဲလိမ့်မယ်။ ဒီကောင်လေး ဒီအစီအရင်ကို မချိုးဖျက်နိုင်မှာ စိုးမိတယ်။ ရှိစေတော့။ ငါ နောက်ထပ် စောင့်ကြည့်လိုက်အုံးမယ်။ သူ တကယ် ပိတ်မိနေမှ ငါ ကယ်ပေးတော့မယ်…”
မဟာအင်ပါယာရွှမ်လောက ခေါင်းယမ်းလိုက်၏။ သူက ဝမ်လင်းသည် ကောက်ရီကလန်၏ ကျော်ကြားသော ဒီအစီအရင်ကို ချိုးဖျက်နိုင်လိမ့်မည်ဟု မထင်ပေ။ သို့သော် သူ့စိတ်ထဲတွင်မူ မျှော်လင့်ချက်အမျှင်တန်းတစ်ခုတော့ ရှိနေပြန်သည်။
သို့ပေမည့် ထိုမျှော်လင့်ချက်က အလွန်အားနည်းလွန်းသည်။ သူက သည်မျှော်လင့်ချက်ကို သတိပြုမိသည့်အခါ ရယ်ပင်ရယ်မိသွား၏။
“ငါ ဒီလောက် မမျှော်လင့်ထားသင့်ဘူး။ အင်မောတယ်ကောင်းကင်ဘုံနယ်မြေက ဒီမျိုးဆက်ရဲ့အင်ပါယာတောင် ဘာမှကြိုသိမထားရင် သူဆိုရင်ရော ပိတ်မိသွားနိုင်တယ်…”
ဝမ်လင်းက ဒြပ်စင်ငါးခုဂြိုဟ်ကို ကြည့်နေရင်း သူ၏အမူအရာမှာ လေးနက်လာသည်။ သို့ပေမည့် သူက ပို၍ ကြည့်လေလေ ၎င်းဂြိုဟ်က ပိုမြန်ဆန်စွာ လှည့်ပတ်လာလေပင်။
အစပိုင်း၌ ၎င်းက ဖြည်းဖြည်းချင်း လှည့်ပတ်နေ၏။ သို့သော် ခုချိန်တွင်မူ အတော်လေး မြန်လာပေပြီ။ ၎င်းသည် လှည့်ပတ်နေရင်း သူ့မျက်လုံးထဲကနေ နာကျင်မှုကို ခံစားလိုက်ရ၏။ အသက်ရှုချိန်အနည်းငယ်အတွင်း သူ့စိတ်စွမ်းအင်ကို ခပ်မြန်မြန် သုံးစွဲလိုက်ရ၏။
သည်တွေ့ရှိမှုက ဝမ်လင်း၏စိတ်နှလုံးကို တုန်ရီသွားစေသည်။ သူက တုံ့နှေးမနေဘဲ မျက်လုံးမှိတ်လိုက်သည်။ သို့ပေမည့် သူ မျက်လုံးမှိတ်ထားလျှင်ပင် သူ့နတ်ဘုရားအာရုံက ထိုဂြိုဟ်သည် တုန့်နှေးခြင်းမရှိဘဲ လှည့်ပတ်နေသည်ကို မြင်နေရသေး၏။
“ဒါက ဘယ်လိုအစီအရင်မျိုးလဲ…” ဝမ်လင်းက မျက်လုံး ပြန်ဖွင့်လာ၏။ သူ၏အမူအရာမှာ သုန်မှုန်နေသည်။ သူက ကြည့်သည်ဖြစ်စေ၊ မကြည့်သည်ဖြစ်စေ သူ့မျက်လုံးက မှိတ်ထားသည်ဖြစ်စေ တခြားဦးတည်ရာသို့ ကြည့်သည်ဖြစ်စေ သည်ဂြိုဟ်က လှည့်ပတ်နေတုန်းပင်။
မကြာမီပင် အသက်ရှုချိန်ကိုးကြိမ်စာ ကုန်ဆုံးသွား၏။ ဆယ်ကြိမ်မြောက်အသက်ရှုချိန်၌ ထိုဂြိုဟ်၏လှည့်ပတ်မှုက ပိုမြန်လာသည်။ ထိုသည်က ဝမ်လင်းကို ပို၍ မူးဝေသွားစေ၏။ သူ့စိတ်စွမ်းအင်မှာလည်း မြန်ဆန်စွာ ကုန်ဆုံးနေသည်။
သူက သူ့ဘဝတွင် ဒီလိုအဖြစ်မျိုး လုံးဝ မကြုံတွေ့ခဲ့ဖူးပေ။ သူက မည်သို့ဖြစ်ပျက်နေသည်ကို နားမလည်နိုင် ဖြစ်ရ၏။ သည်အစီအရင်ထဲ၌ မည်သို့သောအတားအဆီးများ ရှိနေသနည်း။
ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွား၏။ သူက တုံ့နှေးခြင်းမရှိ ရှေ့သို့ လှမ်းသည်။
“ဒီဂြိုဟ်က ထူးဆန်းနေရင်တောင် ငါနဲ့ သိပ်မကွာတော့ဘူး။ ငါ ဒါကို လစ်လျူရှုပြီး ဒီဂြိုဟ်ထဲ ဝင်ရောက်မယ်…” ဝမ်လင်းသည် မြန်ဆန်လွန်းစွာ လှုပ်ရှားလိုက်ပြီး ခြေတစ်လှမ်းဖြင့်ပင် အကွာအဝေးများစွာကို ဖြတ်သန်းလာ၏။ သို့ပေမည့် ထိုခြေလှမ်းပြီးနောက် သူ၏မျက်လုံးသူငယ်အိမ်ပါ ကြုံ့သွား၏။
သူက ထိုဂြိုဟ်ထံသို့ လျှောက်လှမ်းလိုက်သော်လည်း သူနှင့် ဂြိုဟ်ကြားရှိ အကွာအဝေးမှာ ပြောင်းလဲသွားခြင်းမရှိဘဲ ဂြိုဟ်က လှည့်ပတ်နေဆဲပင်။
သည်ဂြိုဟ်ကပါ ရွှေ့လျားသွားသည့်အလား။
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ သည်အခိုက်၌ ဒုတိယကြိမ် အသက်ကိုးရှိုက်စာ ကုန်လွန်၍ တတိယလှည့်ပတ်မှု စတင်တော့၏။ သည်ဂြိုဟ်က ပိုမြန်စွာ စတင် လှည့်ပတ်လာပြီး ဝမ်လင်း၏အမြင်၌ ဝေဝါး၍ပင်လာ၏။
“ဒါက ဘယ်လိုအစီအရင်လဲ။ ထူးဆန်းလွန်းတယ်…” ဝမ်လင်းသည် စိတ်ထဲကနေ အောင့်သီးအောင့်သက် ခံစားလာရပြီး သည်ဂြိုဟ်က ဆက်လက်၍ လှည့်ပတ်နေသည်။ ထိုသို့ခံစားမှုက ရုတ်တရက် ပေါ်ပေါ်လာခြင်း မဟုတ်ဘဲ အမြဲတမ်း ဖြစ်နေသလိုပင်။ သို့ပေမည့် ထိုခံစားမှု ပေါ်လာသည်နှင့် ဂြိုဟ်၏လှည့်ပတ်နှုန်းက ပိုမြန်လာတော့သည်။
အမြန်နှုန်းတိုးလာသဖြင့် သည်ဂြိုဟ်က ပို၍ပင် ဝေဝါးလာတော့သည်။ ခုချိန်၌ ၎င်းက ဂြိုဟ်တစ်ခုနှင့်ပင် မတူတော့ဘဲ ဆိုင်ကလုန်းမုန်တိုင်းကြီးတစ်ခုလိုပင် ဖြစ်လာလေပြီ။
ဝမ်လင်း၏မျက်နှာမှာ အနည်းငယ် ဖြူရောလာ၏။ သူက သူ့စိတ်ထဲရှိ အောင့်သီးအောင့်သက် ဖြစ်မှုကို မဖိနှိပ်ဘဲ ရှိသည်။ ထိုခံစားမှုက ပိုအားကောင်းလာနေသည်။ အလားတူပင် သည်ဂြိုဟ်၏ လှည့်ပတ်မှုက ပိုမြန်လာသည်။
“မဟုတ်သေးဘူး…” ဝမ်လင်းက နောက်သို့ အမြန်ဆုတ်၏။ သို့ပေမည့် သူ မည်မျှ မြန်မြန် ဆုတ်သည် ဖြစ်စေ သူနှင် ဒြပ်စင်ငါးခုဂြိုဟ်တို့ကြားရှိ အကွာအဝေးက မလှမ်းကွာသွားပေ။
ထိုထူးဆန်းမှုက ဝမ်လင်း၏စိတ်နှလုံးကို တုန်လှုပ်စေ၏။ သူ့စိတ်နှလုံးထဲရှိ အောင့်သက်သက်ခံစားချက်မှာလည်း ပို၍ အားကောင်းလာပြန်သည်။ သည်အခိုက်၌ လေးကြိမ်မြောက်အသက်ကိုးရှိုက်စာ ကုန်လွန်ပြီး ဂြိုဟ်သည် ငါးကြိမ်မြောက်လှည့်ပတ်မှုကို စတင်တော့သည်။
၎င်းက ငါးကြိမ်မြောက်လှည့်ပတ်မှုအတွင်း ဝင်ရောက်သည်နှင့် ဝမ်လင်း၏ အောင့်သီးအောင့်သက် ခံစားချက်ကြောင့် ဒြပ်စင်ငါးခုဂြိုဟ်သည် ဂြိုဟ်တစ်ခု မဟုတ်တော့ဘဲ မြန်ဆန်စွာလှည့်ပတ်နေသော ဝဲကတော့စက်ဝန်းများအဖြစ် လုံးဝ ပြောင်းလဲသွားတော့သည်။
ဝမ်လင်း၏ခန္ဓာကိုယ်က တုန်ယင်နေပြီး သူ့ရင်ဘက်ထဲ၌ တင်းကြပ်မှုကို ခံစားရ၏။ သည်ဂြိုဟ်သာ ဆက်လှည့်ပတ်နေရင်း ဝမ်လင်းက လောကသည် တဝီဝီလည်ပတ်နေသလို ခံစားရသည်။ သူကိုယ်တိုင်သည်ပင် လှည့်ပတ်နေသလို ခံစားရ၏။
မူးဝေလာခြင်းက ဝမ်လင်းကို နာကျင်စေတော့သည်။ သူ့ကို ပျို့အန်ချင်သလိုပါ ဖြစ်လာစေ၏။ သူက နောက်သို့ အတင်းဆုပ်ကာ သူ့မျက်နှာမှာလည်း သေလောက်အောင် ဖြူရောလာ၏။ သူ့မျက်လုံးတို့မှာ ချင်းချင်းနီရဲနေသည်။
ထိုဝဲကတော့ကို စိုက်ကြည့်နေရင်း ဝမ်လင်း၏မျက်လုံးထဲတွင် ရူးသွပ်မှုတို့ ပေါ်လာသည်။
သို့ပေမည့် ထိုရူးသွပ်မှုပေါ်လာသည်နှင့် ဝဲကတော့(ဝါ)ဂြိုဟ်၏ အမြန်နှုန်းသည် များစွာ တိုးမြင့်လာသည်။ ဝမ်လင်း၏ခြေထောက်သည် မထည်မငြိမ် ဖြစ်လာကာ သူကိုယ်တိုင် သတိမမူမိဘဲ သူသည် ဝဲကတော့နှင့်အတူ စတင်လှည့်ပတ်လေသည်။
မျှော်စင်ကိုးလွှာမြောက်၌ ရွှေရောင်ဝတ်ရုံဖြင့်အဘိုးအိုက ထိုအဖြစ်ကို ကြည့်ကာ ရယ်မော၏။ သူက မျှော်စင်အပြင်ဘက်သို့ အထင်သေးဟန်၊လှောင်ပြောင်ဟန်တို့ဖြင့် ကြည့်နေသည်။
“ဒါက ငါးကြိမ်မြောက်စက်ဝန်းထဲ ဝင်ရောက်သွားပြီ။ သူ မလွတ်မြောက်နိုင်တော့ဘူး။ ငါသာ အဲ့အစီအရင်ထဲမှာဆိုလည်း ငါးလွှာမြောက်စက်ဝန်းပြီးရင် ဝင်ရောက်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး။ ဒီအစီအရင်ကြောင့် သူ့စိတ်အင်အားဟာ ကုန်ခမ်းနေပြီ။ သူ့အသက်ဓာတ်အားလုံး ပြုန်းတီးသွားရလိမ့်မယ်…”
“ဒီလူဟာ ငါတို့ ဒြပ်စင်ငါးခုဂြိုဟ်ထဲ ချိုးဖျက်ဝင်ရောက်ချင်နေတယ်။ သူက မောက်မာလွန်းတယ်…”
နန်ဒူက ပြုံး၏။ သို့သော် သူ့မျက်လုံးထဲ၌ ထိတ်လန့်မှု ငြိတွယ်နေသည်။ သူက သည်ကိုးခုစက်ဝန်းနှလုံးသားအစီအရင် အကြောင်း များစွာ မသိသော်လည်း ဟိုးလွန်ခဲ့သောအချိန်က သူကိုယ်တိုင် ဒီအစီအရင်အတွင်းသို့ ဝင်ရောက်ခဲ့ဖူးပေသည်။
သူက သည်အစီအရင်၏ ကြောက်မက်ဖွယ်ကောင်းပုံကို ကောင်းကောင်းသိထားသည်။ သူသည် တတိယစက်ဝန်းမှာပင် မေ့မြောသွားခဲ့ပြီး ဘိုးဘေးက သူ့ကို ကယ်တင်ခဲ့ရ၏။ သူ ပြန်ကောင်းမွန်ဖို့ အချိန်အတော်ယူခဲ့ရသည်။ သည့်အတွက် သူသည် ဒီအစီအရင်ကို ကြောက်လန့်ပေသည်။
ဂြိုဟ်အပြင်ဘက်၌ မဟာအင်ပါယာရွှမ်လောက ခေါင်းမသိမသာယမ်းလိုက်၏။ သူက သက်ပြင်းချမိသည်။
“မျှော်လင့်ထားသလောက် မတော်ဘူးပဲ။ မျှော်လင့်ချက်နည်းနည်းရှိရင် ဒါဟာ စိတ်ပျက်မှုအဖြစ် ပြောင်းသွားနိုင်တယ်။ ငါ သူ့ကို နောက်ထပ် နည်းနည်းလောက် ဒီအတွေ့အကြုံကို ခံစားစေအုံးမယ်။ ဒီစက်ဝန်းက ကိုးကြိမ်မြောက်ထဲ ဝင်ရောက်တဲ့အခါမှသာ ငါ လှုပ်ရှားတော့မယ်…”
မဟာအင်ပါယာရွှမ်လောသည် စိတ်ပျက်မှုအနည်းငယ် ခံစားမိနေ၏။ သို့သော် သူ ကိုယ်တိုင်လည်း မည်သည့်ဗဟုသုတမှ မရှိဘဲ မဟာအင်ပါယာဖြစ်မလာခင် ဒီကျော်ကြားသေသာအစီအရင်အတွင်းသို့ ဝင်ရောက်ခဲ့ပါက အလားတူအဖြစ်မျိုး ကြုံရနိုင်သည်ကို သိပေသည်။
ဝမ်လင်း၏မျက်နှာသည် သေလောက်အောင် ဖြူရောနေ၏။ ကိုးခုမြောက်စက်ဝန်း၏ အသက်ကိုးကြိမ်ရှိုက်စာအတွင်း သူသည် သွေးအန်ရ၏။ ဤသည်က သူ့စိတ်ကို မောပန်းစေသည်။ သူ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်းချင်း စတင်လှည့်ပတ်နေ၏။ သို့သော် သူက ၎င်းကို အတင်းအကြပ် ရပ်တန့်ထားစေသည်။
သူ့မျက်နှာထက်ရှိ သွေးကြောများ ဖောင်းကြွလာ၏။ အောင့်သီးအောင့်သက်နှင့် ရူးသွပ်မှုက သူ့စိတ်ထဲတွင် ပြည့်နှက်၏။ သူက ၎င်း၏လှည့်ပတ်မှု အကန့်အသတ် ရောက်တော့မည့် ဝဲကတော့ကို စိုက်ကြည့်လျက် နေရာတွင် မလှုပ်မယှက် ရပ်နေသည်။
သူက သည် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒီဝဲကတော့က ရှိနေအုံးမည်ကို သိပေသည်။
သူ့ခန္ဓာကိုယ်မှာလည်း ထိုဝဲကတော့နှင့်အတူ လှည့်ပတ်နေသည်ကို သတိပြုမိသော်လည်း သူ၏စိတ်မှာ ယင်းလှည့်ပတ်မှုအတွင်း ကျရောက်နေပြီ ဖြစ်၏။ သူ့စိတ်အင်အား လုံးဝ ကုန်ခမ်းသွားသည်နှင့် သူ့အား စောင့်နေသော တစ်ခုတည်းသောအရာမှာ သေခြင်းတရားပင်။
“အသက်ရှုချိန်ကိုးကြိမ်စာတိုင်း ဒီဂြိုဟ်ရဲ့ လှည့်ပတ်မှုက ရုတ်တရက် တိုးတိုးလာတယ်…” ဝမ်လင်းက မောဟိုက်မှုနှင့် နာကျင်မှုကို တောင့်ခံထားရင်း သူ့စိတ်ကို စဉ်းစားနိုင်အောင်လို့ တည်ငြိမ်စေ၏။
“တစ်ကြိမ်ပြောင်းလဲမှုအတွက် အသက်ကိုးရှိုက်စာ…။ ငါ ပိုပြီး ကသိကအောက် ဖြစ်လာလေလေ ဒီလှည့်ပတ်မှုက ပိုပြင်းထန်လာလေပဲ။ ရူးသွပ်မှု ပေါ်လာတဲ့အခါမှာ ဒီလှည့်ပတ်မှုဟာ ပိုမြန်လာတယ်…”
ဝမ်လင်းက ပို၍ တွေးကာ စဉ်းစားကြည့်လေလေ လှည့်ပတ်မှုက ပိုမြန်လာလေ ဖြစ်ပြီး သူ့အား စဉ်းစား၍ မရနိုင်လုနီးနီး ဖြစ်စေသည်။
သူက ဝဲကတော့ကို စိုက်ကြည့်၏။ သူက ပို၍ တည်ငြိမ်အောင် မလုပ်နိုင်လေလေ ပိုတွေးလေပင်။ သူက အခုလှည့်ပတ်နေခြင်း၏ အကြောင်းရင်းကို ရှာတွေ့ဖို့ လို၏။
သိပ်မကြာခင်တွင် ကိုးကြိမ်မြောက်လှည့်ပတ်မှု၏ အသက်ကိုးရှိုက်စာအချိန်သည် ဖြတ်ခနဲ ကုန်လွန်သွား၏။
မျှော်စင်ကိုးလွှာမြောက်ရှိ အဘိုးအိုက ရယ်မောကာ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်သည်။ သူက မျှော်စင်အပြင်ဘက်သို့ နန်ဒူကိုပါ ခေါ်၍ ကောင်းကင်ထက်၌ ရပ်၏။
“ကိုးကြိမ်မြောက်စက်ဝန်း။ ဒီလူ သေတော့မှာ သေချာတယ်။ နန်ဒူ…သူ့အလောင်းကို ကောက်ဖို့ ဒီအဘိုးအိုနောက် လိုက်လာခဲ့…” ထိုအဘိုးအိုက ရယ်မောပြောဆိုကာ ရှေ့သို့ ခြေလှမ်းရန် ဟန်ပြင်၏။ သို့ပေမည့် သူ့ရယ်သံမှာ ရုတ်တရက် တန့်သွားကာ သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်မှု ပြည့်နှက်လာတော့သည်။
“ဒါက အရှိန်နှေးသွားပြီ။ ဒီလှည့်ပတ်မှုဟာ အရှိန်လျှော့သွားတာလား။ မဖြစ်နိုင်ဘူး။ ဒါဟာ ကိုးကြိမ်မြောက်လှည့်ပတ်မှုစက်ဝန်းပဲ။ ဒါ…ဒါ…”
နန်ဒူလည်း ထိတ်ပြာသွား၏။ သူက မူလတုန်းက ပြုံးနေသော်လည်း ထိုအပြုံးသည် မြန်ဆန်စွာပင် အကြောက်တရားအဖြစ်သို့ ပြောင်းသွား၏။
အလားတူပင် ဂြိုဟ်အပြင်ဘက်ရှိ မဟာအင်ပါယာရွှမ်လောက ခေါင်းယမ်းကာ သူ့စိတ်ထဲရှိ စိတ်ပျက်မှုကို ဖိနှိပ်လိုက်၏။ သူက သူ့ညာလက်ကို ဝေ့ယမ်းရန် လက်မြှောက်လိုက်ရုံရှိသေး ရုတ်တရက် ပြန်ရပ်တန့်သွား၏။ သူ၏မျက်လုံးသည် တောက်ပသွားကာ သူ့ညာလက်ကို ပြန်ချလိုက်သည်။ သူ့ရှေးနှလုံးသားမှာ စတင် ခုန်ပေါက်မိသည်။
အစီအရင်အတွင်း၌ ကိုးခုမြောက်စက်ဝန်း၏ပထမအသက်ရှိုက်စာသို့ ရောက်လာသည့်အခါ၌ ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်လာသည်။
“နှလုံးသားနာကျင်ကိုက်ခဲမှု၊ ငါ့နှလုံးသား နာကျင်မှု။ ငါ့နှလုံးသား တင်းကြပ်မှု၊ ဒါ့ကြောင့် ငါ့ခန္ဓာ၊ ငါ့စိတ်ဝိညာဉ်၊ ဒီဂြိုဟ်အပါအဝင် အရာအားလုံးဟာ ရွှေ့လျားနေတယ်။ ဒါတွေအားလုံးဟာ ငါ့နှလုံးသား မတည်ငြိမ်မှုကြောင့် ဖြစ်ပွားနေတာပဲ…”
ဝမ်လင်း၏မျက်လုံးထဲရှိ သွေးစင်းကြောင်းများနှင့် ရူးသွပ်မှုတို့ လျော့ပါးသွားသည်။ အောင့်သီးအောင့်သက်ခံစားမှုမှာလည်း လုံးဝ ပျောက်ကွယ်သွားကာ သူ့စိတ်နှလုံးသည် ရေပြင်အလား တည်ငြိမ်လာခဲ့သည်။