← Chapters

ဇွမ်ဘီလှိုင်း ~

Vol. 3 Ch. 31

ဇွမ်ဘီလှိုင်း ~

Vol. 3 Ch. 31

ကောင်းဟောက်ရန်ပင် A1 ဆေးရရှိခဲ့ှိခဲ့ဖြစ်ရာ ယင်ကျန်း ရရှိခဲ့သည်မှာ မစမ်းပေ ။ A1 ဆေးအား စျေးကွက်တွင် မဖြန့်ချီဟု ပြောထားသော်လည်း ရှားနိုင်ငံတစ်ခုလုံးတွင် အလျင်အမြန် ပြန့်နှံ့နေလေသည် ။

လင်းမို့ ထိုသည်ကို မသိလိုက်ချေ ။ သူရရှိခဲ့သော ဆေးများအားလုံးမှ ရှေးဦးစကြာဝဠာ မှ တရားဝင် ရရှိခဲ့ခြင်းဖြစ်သည် ။

' ပစ္စည်းပို့တဲ့ သူက နေ့ခင်းမှ လာမယ်ထင်တယ်... ငါအိပ်စောင့်တာနေတာပဲကောင်းမယ် ...'

ဇိမ်ခံကားထဲတွင် လင်းမို့ တစ်ယောက်ထဲ သက်တောင့်သက်သာ ထိုင်နေ​​ပေသည် ။ ဟောက်ရန်က ကားအား ခန်းမ၏ဘေးတွင် ရပ်ထားခဲ့ပြီး လေ့ကျင့်ရန် ခန်းမအတွင်းသို့ ဝင်သွားလေသည် ။ ကား၏ နောက်ခန်းမှာ ပြုပြင်ထား၍ အိပ်ရာမှာ အလွန်ညိမ့်ညောင်းလှသော်လည်း ထိုပေါ်တွင်အိပ်ရန် သူစိတ်မသန့်သဖြင့် ရှေ့ခုံတွင်သာ ထိုင်နေလိုက်သည် ။

' ဒီအထူးအိပ်ရာက ဟောက်ရန်ရဲ့ မိဘတွေ ညဘက်အပြင်ထွက်တဲ့အချိန်သုံးတာဆိုတော့ ဟောက်ရန်တောင် မအိပ်ဖူးလောက်ဘူး... ငါအိပ်လို့ မသင့်တော်ဘူး...'

ဟောက်ရန်က လင်းမို့ ထိုပေါ်တွင်အိပ်ရန် ကြိုးစားခဲ့သော်လည်း သူငြင်းခဲ့၏ ။ သူငယ်ချင်းကောင်းများ စောင်အတူခြုံံသည်မှာ ကိစ္စမရှိသော်လည်း မိဘများနှင့်တော့ အတူမခြုံနိုင်ပေ ။

' အိုးးး... ဒီနေ့အညွှန်းကိန်းက မိုက်လှပါလား...'

လင်းမို့၏ မျက်လုံးများ ရုတ်တရပ် ပြူးကျယ်သွား၏ ။ ကြိုတင်ပြင်ဆင်မှုအတန်း၏ တက်ကြွအညွှန်းကိန်းမှာ ပုံမှန် အမှတ် ၂၀ သာရှိသော်လည်း ယခု ၃၀ ကျော်နေလေသည် ။ စာမေးပွဲနီး၍ သင်တန်းဆရာက အားထုတ်နေပုံရသည် ။

' မဆိုးဘူး... '

လင်းမို့ ကျေနပ်သွားသည် ။ ကျောင်း၌ရသည်က ပိုများသော်လည်း လက်သီးပြင်းအားသာ တိုးလာမည်ဖြစ်သည် ။ တိုက်ခိုက်ရေးစွမ်းရည် တိုးတက်ချင်ပါက ဤနေရာသို့ လာရမည်ပင် ။

' ဒီနေ့ အဆင့်၃ အထွတ်အထိပ် ရောက်မယ်ထင်တယ်... '

အဆင့်၃ အထွတ်အထိပ်သည် ကြိုးတစ်ချောင်းအဆင့်သို့ ရောက်ရှိမည်ဖြစ်ပြီး ကိုယ်ခန္ဓာ ရှိ ​အသေးဆုံးကြွက်သားများကိုပင် ထိန်ချုပ်နိုင်သည် ။ တိုက်ခိုက်ရေးစွမ်းရည်တိုးတက်ရန် ခက်ခဲလှပေသည် ။

လင်းမို့ကိုယ်တိုင်ပင် စနစ်မရရှိခဲ့ပါက တစ်သက်လုံးကြိုးစားသော်လည်း အဆင့်၃ သို့ပင် မရောက်နိုင်ဟု ထင်မိသည် ။

ဂျင်တစ်ရုံလုံး တက်ကြွနေကြသည် ။

ဟိုင်းချန်မြို့၏ များစွာသော အထက်တန်းကျောင်းများမှ တတိယနှစ် ကျောင်းသား ရာဂဏာန်းမှာ အံကြိတ်၍ ကျိုးစားနေကြသည် ။ သူတို့၏ အော်ရာများက ကြိုးစားရင်းသေချင်သေပါစေ ဇွဲမလျော့ဟု ပြောနေသယောင်ယောင်ပင် ။

ကျောင်းသားများဤမျှ ကြိုးစားနေကြသည်မှာ စာမေးပွဲနီးကပ်လာ၍ မဟုတ် လျိုကျုံးဟောင် ကြောင့်ပင်ဖြစ်လေသည် ။ မနေ့ညက ကျောင်းသားအားလုံးနီပါး လျိုကျုံးဟောင်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်ခဲ့ကြသည် ။

ဟိုင်းချန်မြို့၏ နံပါတ်တစ် ပါရမီရှင် လျိုကျုံးဟောင်ပင် ခွေးရိုက်နွားရိုက် အရိုက်ခံလိုက်ရသဖြင့် သူတို့သာဆိုလျှင် လေအဟပ်ပင် ခံနိုင်မည်မဟုတ်ပေ ။ ထို့ကြောင့် ရေကုန်ရေခမ်း ကြိုးစားနေကြခြင်းဖြစ်သည် ။

လင်းမို့ ထိုသည်အား မျှော်လင့်မိမည်မဟုတ် ။ သူမနေ့ညက ရိုက်နှက်ခဲ့သော ကလေးတစ်ယောက်ကြောင့် တက်ကြွအညွှန်းကိန်း များစွာတိုးလာမည်ကိုသိလျှင် ထိုလျိုကျုံးဟောင်အား ငိုသည်အထိ ရိုက်နှက်ခဲ့ပေမည် ။ သူခိုးဖမ်းသော စနစ်ကို ဂရုစိုက်နေမည်မဟုတ်ချေ ။

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားပြီး အရှေ့ဘက်မှ ထွက်လာသောနေက အနောက်ဘက်သို့ပင် ဝင်လုနီးနေလေပြီ ။ နေရောင်၏ တောက်ပမှုကြောင့် ကောင်းကင်တစ်ခုလုံး ပုဇွန်ဆီရောင်သန်းနေပြီး နီရဲသော မိုးတိမ်များဖြင့် ပေါင်းစပ်ထားသည်မှာ လှပသော ပန်းချီကားတစ်ချပ် အသွင်ထင်ရ၏ ။

" ဖက်တီးကြီး... "

ဂျင်ရုံအတွင်း လေ့ကျင့်နေသော ဟောက်ရန်၏ ဘေးရှိ ပိန်ပိန်ပါးပါး အတန်းဖော်က အသံတိုးတိုးဖြင့် ခေါ်လိုက်၏ ။

" ဘာလဲ မျောက်ပိန်လေး ..."

ဟောက်ရန်က သူ့ဘေးရှိ အခန်း ၁၄မှ အတန်းဖော်ကို နားမလည်ဟန်ဖြင့် ကြည့်လိုက်၏ ။ သူတို့ချင်းသိလာသည်မှာ နှစ်များစွာကြာပြီဖြစ်၍ ဂျင်ရုံတွင် တွေ့သောအခါ အတူတကွ လေ့ကျင့်နေကြ​​သည် ။

" မင်းပြောတော့ မင်းနဲ့ လင်းမို့က ဘောင်းဘီ တစ်ထည်ထဲ အတူတူဝတ်တဲ့အထိ ခင်တဲ့ သူငယ်ချင်းတွေဆို... ငါတော့မထင်ဘူး..."

မျောက်ပိန်လေးက ပြုံးရင်းပြောလိုက်၏ ။ သူဤစကားပြောရန် အခွင့်အရေး ရှာနေခဲ့ခြင်းဖြစ်သည် ။

သို့သော်လည်း ထိုသို့ပြောသည်ကို ကြားတော့ ဟောက်ရန် ချက်ချင်းပင် ဒေါသထွက်သွား၏ ။ သူက မျက်နှာထား တင်းတင်းနှင့် ပြန်ပြောလိုက်သည် ။

" ငါ့နဲ့ အကိုမို့ ဘယ်လောင်ခင်တယ်ဆိုတာ မင်းဘယ်သိမှာလဲ... "

" ဟားဟားဟားးး.... "

မျောက်ပိန်လေးက လှောင်ရယ် ရယ်လိုက်၏ ။

" မင်းအကိုမို့က မင်းကိုအားပေးဖို့ ဒီနေရာကိုလာတာလို့ မင်းပြောဖူးတာ ငါမှတ်မိတယ်... "

" ဟုတ်တယ်လေ... "

ဟောက်ရန်က ယုံကြည်ချက်အပြည့်ဖြင့် ပြန်ဖြေလိုက်သည် ။

" မင်းက စိတ်ကူးယဥ်နေတာပဲ..."

မျောက်ပိန်လေးက တဲ့တိုးပြောလိုက်၏ ။

" သူက မင်းကို အားပေးဖို့လာတာဆိုရင်... မနေ့ညက မင်းမလာဘဲ သူဘာလို့လာတာလဲ... "

" ငါ... "

ဟောက်ရန်က ရှင်းပြမည်ပြုသော်လည်း မျောက်ပိန်လေးက ဖြတ်ပြောလိုက်၏ ။

" မင်း ဒီနေ့လာတော့လဲ မင်းအကိုမို့က ဒီနေ့ဘာလို့မလာတာလဲ... သူဘာလို့မလာလဲ ငါမင်းကို ပြောပြမယ်... သူမနေ့က ကျန်းရွှယ်ကြောင့် ခံစားသွားပြီး မလာရဲတော့တာ... "

" အဓိပ္ပါယ်မရှိတာ... "

ဟောက်ရန်က ဒေါသထွက်စွာပြောလိုက်၏ ။

" အကိုမို့ ဒီနေ့လာတယ်လေ... "

" သူလာလား... ဘယ်မှာလဲ... "

မျောက်ပိန်လေးက ပြတင်းပေါက်အပြင်သို့ လှမ်းကြည့်လိုက်သည် ။

အနားရှိကျောင်းသားများလည်း စကားဝိုင်းတွင် ပါဝင်လာကြသည် ။

" ဖတ်တီးကောင်း ကြွားနေတာရပ်လိုက်တော့..."

" လင်းမို့က ဘယ်မှာလဲ... သူလာရင် အရင်ကတည်းက ငါတို့မြင်မှာပေါ့... "

" ဟုတ်တယ်... ဟုတ်တယ်..."

" ဖက်တီးကောင်းက ခေါင်းမာတဲ့ကောင်ပဲ... "

" အကိုမို့က တကယ်ဒီမှာရှိတယ်... "

ဟောက်ရန်က ပြန်ငြင်း၏ ။

" သူက ငါ့ကားထဲမှာ ထိုင်နေတာ... မယုံရင် မင်းတို့ကို ငါလိုက်ပြမယ်... "

ဟောက်ရန်၏ စကားကို ဘေးနားရှိကျောင်းသားများ စိတ်ဝင်စားသွားကြသည် ။

" ဘာလဲ လင်းမို့က တကယ်လာတာလား..."

" နောက်လိုက်ခွေးနှာဘူးက ဒီနေ့ ကားထဲကနေ ချောင်းနေတာလား... "

" သွားသွားသွား... သွားကြည့်ကြမယ်... "

ဟောက်ရန်နှင့် လူနှစ်ဆယ်လောက် ဂျင်ရုံအတွင်းမှ ထွက်လာကြသည် ။

လင်းမို့တစ်ယောက် သူပုန်းနေသော်လည်း ပစ်မှတ်ထားခံရမည်ဟု အိမ်မက်ပင် မက်ဖူးမည်မဟုတ် ။ ယခု လင်းမို့သည် ကားအတွင်းတွင် အိပ်ပျော်နေလေ၏ ။

မနက်တုန်းက လင်းမို့ ဖုန်းကြည့်ရင်း သူနှင့် လျိုကျုံးဟောင်အကြောင်းကို ဗီဒီယိုအတို ပလက်ဖောင်းတစ်ခုတွင် တွေ့လိုက်ရသည် ။ ထိုမှသာ လျိုကျုံးဟောင်လည်း ဟိုင်းချန်းမြို့မှ ဖြစ်ကြောင်းသိလိုက်ရ၏ ။

မြို့ရှိ တတိယနှစ်ကျောင်းသားများ၏ နံပါတ်တစ်ပါရမီရှင်အား တိုက်ရိုက်ထုတ်လွှင့်နေစဥ်အတွင်း ရိုက်ခဲ့မိသည့်အတွက် သူအနည်းငယ် ရှက်သွားသည် ။

' မင်းလည်း ဟိုင်းချန်မြို့ကဆိုတာ ဘာလို့ မပြောတာလဲ ... တစ်မြို့ထဲသားချင်းမှန်းသိရင် တစ်ချက်ထဲ မရိုက်ဘဲ ကြည့်ကောင်းအောင် တိုက်ကွက်နည်းနည်းတော့ ဖလှယ်ပေးတာပေါ့... "

ရှေးခေတ်ကာလမှ သိုင်းသမားများ တိုက်ပွဲမစမှီ မိတ်ဆက်ကြသည်ကို လင်းမို့ ယခုမှ နားလည်သွားသည် ။ ချန်ရှန်မှ ကျောက်ဇီလုံ ( ML က တကော်hero) ၊ ယန်မှ ကျန်းရိသဲ(three Kingdom မှာပါတယ်ထင်တယ်😂 ) ဇာတိတူ ရွာသားများတွေ့လျှင် လေးစားမှုအနည်းငယ် ပြနိုင်ပေသည် ။

လင်းမို့သည် တစ်မနက်လုံး ဖုန်းပွတ်ရင်း အိပ်ငိုက်လာခဲ့သဖြင့် ကားပေါ်တွင် အိပ်​ပျော်သွား၏ ။ တခြားသူများ အားကုန်ကြိုးပမ်းနေချိန်တွင် သူက အိပ်စက်ရင်း အဆင့်တက်နေပေသည် ။ သူက ယနေ့ တနေကုန် အေးအေးဆေးဆေး ပျင်းရိရင်း အဆင့်တက်နိုင်မည်ဟု တွေးထားသော်လည်း လူများ ကားကို ဝိုင်းထားကြလေသည် ။

လင်းမို့ တစ်စုံတစ်ခုကို အာရုံံခံမိလိုက်သဖြင့် နိုးလာခဲ့သည် ။ ကားပြတင်းပေါက်တွင် တိုးဝှေ့ကြည့်နေကြသူများအား သူဆွံ့အစွာ ကြည့်နေလိုက်သည် ။

' ဘာဖြစ်နေတာလဲ... ငါအိပ်နေတုန်း မြို့ထဲမှာ ဇွမ်ဘီတွေ ပေါ်လာတာလား... '

All Chapters