တစ်ဆယ်မီလျံအကြွေး
Vol. 3 Ch. 264
ချန်းဖန် တောင်ထိပ်ပေါ်ရှိ ကျောက်ပြား တစ်ခုပေါ်တွင် ထိုင်လိုက်ကာ အန့်ချီကို လွှတ်ပေးလိုက်သည်။ ကျန်းအန့်ချီ သူမ၏ လည်ပင်းကို နာကျင်စွာ ပွတ်သပ် လိုက်မိသည်။
သူမက အလွန် ကြောက်ရွံ့နေသည့်တိုင် အားတင်း၍ ချန်းဖန်အား...
"နင် ငါ့ကို ဒီအတိုင်း လွှတ်ထားရင် ငါထွက်ပြေးသွားမှ မစိုးရိမ်ဘူးလား..."
"နင် ကမ္ဘာ့အဆုံးကို ထွက်ပြေးရင်တောင် ငါ နင့်ကို ရှာပြီး သတ်မယ်..."
ချန်းဖန်က အေးစက်စက် ပြောလိုက်သည်။ သူ ကျန်းအန့်ချီကို မျက်လုံးပင် ဖွင့်မကြည့်ခဲ့ချေ။ တောင်ကုန်းတစ်ခုလုံးကို သူ၏ နတ်ဘုရား စိတ်အာရုံဖြင့် လွှမ်းခြုံခဲ့ပြီးဖြစ်ရာ အန့်ချီထွက်ပြေးရန် အခွင့်အရေး မရှိပေ။ အကယ်၍ လွတ်မြောက်ခဲ့လျှင်ပင် တွေ့အောင်ရှာ၍ သတ်မည် ဖြစ်သည်။
ကျန်းအန့်ချီ ခဏမျှ တိတ်ဆိတ် သွားပြီးနောက် ထပ်မေးလိုက်ပြန်သည်။
"နင် ဘာလုပ်မလို့လဲ။ ငါ့ကို ပြန်ပေးဆွဲထားပြီးတော့ ငါ့မိဘတွေဆီက ငွေတစ်ဆယ်ဘီလျံကို တောင်းမှာလား..."
"တစ်ဆယ်ဘီလျံ..."
ချန်းဖန် အေးစက်စက် ပြုံးလိုက်သည်။
"မင်းက ငါ့ကို ဒုက္ခတွေ အများကြီး ပေးပြီးပြီ။ တစ်ဆယ်ဘီလျံက လောက်မယ် ထင်နေတာလား... ငါတို့ ပထမဆုံးတွေ့တည်းက နင့်ဆီက ငါ အသာတကြည် တောင်းခဲ့တယ်လေ..."
ချန်းဖန် နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
"ငါ့ ဒေါသကို ဖြေဖို့ နင်နဲ့ နင့်ရဲ့မိသားစု နည်းနည်းလောက် ဒုက္ခရောက်တာကို ကြည့်မှရမယ်..."
"ငါတို့က နင့်ကို ပိုက်ဆံ မပေးရင်ရော..."
ကျန်းအန့်ချီ ချန်းဖန်ကို ကြည့်ကာ မေးလိုက်သည်။
"ကျန်းမိသားစု တစ်ခုလုံးကို ဖျက်ဆီးပြီး အားလုံးကို သတ်မယ်..."
ချန်းဖန်က တည်ငြိမ်စွာ ပြောနေသည့်တိုင် စကားလုံးတိုင်းက ကျန်းအန့်ချီကို ကြောက်လန့်စေသည်။ ထို ချန်းဖန်မှာ ပြောသည့်အတိုင်း လုပ်တတ်ကြောင်း သူမ သဘောပေါက်သည်။ ထိုကောင်မှာ နင်းတန့်ချင်းကိုပင် လက်တစ်ချောင်းတည်းဖြင့် သတ်ခဲ့ရာ ကျန်းမိသားစု အတွင်းရှိ လူတိုင်းကို သတ်နိုင်သည်မှာ သံသယရှိစရာ မလိုချေ။
ထိုအတွေးများက ကျန်းအန့်ချီကို စိတ်ပူစေသည်။ သူမ အိမ်သို့ အမြန်ပြန်ကာ သူမ၏ မိသားစုကို သတိပေးချင်သည့်တိုင် အခွင့်အရေး မရှိပေ။
ချန်းဖန်မှာမူ ဘုန်းတော်ကြီးအို တစ်ပါးကဲ့သို့ တည်တည်ငြိမ်ငြိမ် ထိုင်လျက်ပင် ရှိနေသေးသည်။ သူ၏ နတ်ဘုရား စိတ်အာရုံကမူ တောင်တန်းကို ဖြတ်သန်းကာ မိုင်ပေါင်းများစွာ အကွာအဝေးမှ ကျန်းမိသားစုထံသို့ပင် ရောက်ရှိနေခဲ့သည်။ ကျန်းမိသားစု၏ ပြင်ဆင်မှုများကို မြင်နေရသည့်တိုင် ချန်းဖန် စိတ်ပူမိခြင်း မရှိပေ။
ညနေပိုင်ကား လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။ ချန်းဖန်မှာ လုံးဝ မဆာသည့်တိုင် ကျန်းအန့်ချီမှာ အလွန်ပင်ဆာလောင် နေခဲ့ပြီ ဖြစ်သည်။ သူမက ဆင်းရဲဒုက္ခများကို မခံစားဘူးသေးသည့် သာမန်သေမျိုး တစ်ယောက်ဖြစ်သည်။ ကျန်းမိသားစုမှာ ချန်းဖန်နှင့် ဆွေးနွေးရန် လူတချို့ လွှတ်လိုက်သော်လည်း ချန်းဖန် စကားပြောရန် ငြင်းဆန်ခဲ့သည်။ ကျန်းမိသားစု အနေဖြင့် သူ့ကို ဒုက္ခတစ်သီကြီးပေးခဲ့ရာ စိုးရိမ်ပူပန်မှုများကို သူတို့လည်း ခံစားသင့်သည်။
တတိယမြောက်ည၌ ချန်းဖန် ဖိတ်ခေါ်မှုတစ်ခုကို လက်ခံရရှိခဲ့သည်။
"တောင်ပိုင်းဂိုဏ်းရဲ့ နံပါတ်တစ် ဆရာ ကျိုးတချီက ကောင်းကောင်စာအုပ်ရဲ့ နံပါတ်တစ် အထွတ်အထိပ်ပညာရှင် ချန်းပေ့ရွှမ်းကို ချူလုံတောင်ထိပ်ကို ဖိတ်ခေါ်ပါတယ်..."
ချန်းဖန်တို့ ယခုရှိနေသည့် တောင်ကုန်းထိပ်မှာ မီတာ ဒါဇင်အနည်းငယ်ခန့် ကျယ်ဝန်းသည်။ ချန်းဖန်မှာ ကျောက်ပြားပေါ်တွင်ပင် ထိုင်လျက် ရှိနေသေးသည်။ ကျန်းအန့်ချီမှာမူ သစ်ပင်အိုကြီးတစ်ပင်၏ အခေါင်းပေါက်ထဲတွင် ထိုင်နေခဲ့သည်။ သူမ၏ ဘေးတွင်မူ ရေဘူးတစ်လုံးနှင့် အစားအစာ အချို့ရှိနေခဲ့သည်။ သူမက မွေးနေ့ပွဲတွင် ဝတ်ဆင်ခဲ့သည့် ငွေရောင်ဝတ်စုံကိုသာ ဝတ်ဆင်လျက် ရှိနေသေးသည်။ သူမ၏ ပုံစံမှာ တောတွင်းမှ မင်းသမီးလေးတစ်ပါး ကဲ့သို့ပင်။
"ကျုပ် နာမည်က ကျင်းကျိယူ... ကျိုးတချီရဲ့ ပထမဆုံး တပည့်ပဲ။ တွေ့ရတာ ဝမ်းသာပါတယ် အထွတ်အထိပ်ပညာရှင် ချန်းပေ့ရွှမ်း... ကျုပ်ဒီကိုလိုတာ ဖော်ခေါ်မှုကို လာပြီး အသိပေးတာပါ။ ကျုပ်ဆရာက ချူလုံတောင်ထိပ်မှာ ခင်ဗျားကို မနက် အရုဏ်မတက်ခင် စောင့်နေပါတယ်..."
လူငယ်က ချန်းဖန်၏ ရှေ့တွင် ရပ်ကာ ပြောလိုက်သည်။ ပင်လယ်လေက သူ၏ ရှည်လျားသော ဆံပင်များကို လွင့်လူးစေသလို ဝတ်ဆင်ထားသော ရိုးရာဝတ်ရုံကြီးကိုပါ ကခုန်စေသည်။ သူ၏ အသံက လေထဲတွင် ပေါက်ကွဲနေသလို ထင်မှတ်ရပြီး ဘေးနားရှိ သစ်ပင်များ၊ ကျောက်ဆောင်များပင် လှုပ်ခတ်သွားသည်။ ထို တပည့်ကြီးမှာ သူ့ဆရာ ကျိုးတချီ၏ အစွမ်းကို အပြည့်အဝ ရရှိခဲ့ဟန်တူသည်။
"ကျိုးတချီ... သူ ငါ့ကို စိန်ခေါ်ချင်တာလား ..."
ချန်းပေ့ရွှမ်း သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။
"ငါ ချန်းပေ့ရွှမ်းကို တစ်ယောက်ယောက်က စိန်ခေါ်နိုင်လိမ့်မယ်လို့ သူထင်နေတာလား..."
"ကျန်းမိသားစုက အကြွေးတင်နေတဲ့ ယွမ်တစ်ဆယ်ဘီလျံကို ပြန်ပေးဖို့ သဘောတူပြီးပြီ။ ခင်ဗျား တိုက်ပွဲမှာနိုင်ရင် ယွမ်တစ်ဆယ်ဘီလျံကို ယူနိုင်တယ်။ ခင်ဗျား ရှုံးရင်တော့ ဟောင်ကောင်ကနေ အမြန်ဆုံး ထွက်သွားပေးပါ..."
"တစ်ဆယ် ဘီလျံ...."
ချန်းဖန် မျက်မှောင်ကြုတ်ရင်း ခေါင်းခါလိုက်သည်။
"အဲဒါက အရမ်းပျင်းဖို့ ကောင်းတယ်။ လောင်းကြေး နည်းနည်း ဆိုးရအောင်။ ကျန်းမိသားစုတစ်ခုလုံးနဲ့ ကျိုးတချီရဲ့ အသက်နဲ့ဆိုရင်ရော..."
***
ကျန်းကျိယူမှာ လေးလံနှေးကွေးသော ခြေလှမ်းများဖြင့် ထိပ်ခွာသွားခဲ့ပြီ ဖြစ်သည်။ ထိုဆုံးဖြတ်ချက်ကို သူချမှတ်၍ မရချေ။ ထိုကိစ္စကို ဆုံးဖြတ်နိုင်သည်မှာ သူ့ဆရာဖြစ်သည်။ သူ၏ ဆရာနှင့် အဘိုးအိုကျန်းမှာ ပြင်ဆင်မှုများ များစွာ ပြုလုပ်ထားခဲ့သည့်တိုင် သူချက်ချင်း သဘောမတူရဲခဲ့ချေ။
သို့သော် သူ့ဆရာ သဘောတူလိမ့်မည်မှာ အသေအချာပင် ဖြစ်သည်။ တောင်ပိုင်းဂိုဏ်း၏ နံပါတ်တစ် ပညာရှင်မှာ ဆယ်ကျော်သက် ကောင်လေး တစ်ယောက်ကို ကြောက်နေကြောင်း လူးများ သိသွားကြလျှင် လင်းနန်နယ်တွင် သူ၏ ဩဇာအာဏာ လွှမ်းမိုးရန် လွယ်ကူလိမ့်မည် မဟုတ်ချေ။ ကျန်းမိသားစု အတွက်လည်း သိပ်မကွာခြားပေ။
"ဆရာ သူ့ကို အနိုင်ယူနိုင်မှာလား..."
ကျန်းကျိယူ သူ့ဆရာ၏ အစွမ်းအစနှင့် ပတ်သက်၍ သံသယ မရှိခဲ့ဖူးပေ။ လွန်ခဲ့သည့် နှစ်သုံးဆယ်က ကျိုးတချီမှာ အထွတ်အထိပ် အဆင့် တစ်ယောက်ကိုပင် တစ်ကွက်အတွင်း အနိုင်ယူနိုင်ခဲ့ပြီး ဟောင်ကောင် တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။ ထိုတိုက်ပွဲအပြီး၌ သူ၏ နာမည်မှာ ဟောင်ကောင်၌ အလွန် ကျော်ကြားလာခဲ့သည်။ ထိုအဖြစ်အပျက်မှာ နှစ်ပေါင်းသုံးဆယ် ကြာခဲ့ပြီ ဖြစ်သည်။ ယခု ကျိုးတချီ၏ အဆင့်က ခန့်မှန်း၍ မရသော အနေအထား တစ်ခု၌ တည်ရှိသည်။
ကျင်းကျိယူ သက်ပြင်းတစ်ချက် ချမိသည်။ သူ၏ ဆရာက ဓမ္မစွမ်းအားနှင့် ဝိညာဉ်စွမ်းအင်တို့မှာ နားလည်၍ မရနိုင်သော အဆင့်တွင် ရှိနေသည်။ ထို့ကြောင့် သူ၏ ဆရာမှာ သူ့ကို စိန်ခေါ်သည့် မည်သည့် အထွတ်အထိပ် ပညာရှင်ကို မဆို အနိုင်ယူနိုင်သည်ဟု သူ အခိုင်အမာ ယုံကြည်သည်။
သို့သော် ချန်းပေ့ရွှမ်းမှာ အခြား အထွတ်အထိပ် အဆင့်ပညာရှင်များနှင့် များစွာ ခြားနားသည်။ သူက တရုတ်၏ နံပါတ်တစ် အထွတ်အထိပ်ပညာရှင် ဖြစ်သည့်အပြင် လဲ့ချန်းကျွယ်ကိုပါ သတ်ဖြတ်နိုင်ခဲ့သူ ဖြစ်သည်။
ကောင်းကင်စာအုပ်တွင် ခွန်လန်က ချန်းပေ့ရွှမ်း၏ အကြောင်းကို... "အထွတ်အထိပ်အဆင့်၏ ထိပ်ဆုံးအဆင့်၊ ဓမ္မကျင့်ကြံခြင်း၏ ထိပ်ဆုံးအဆင့်၊ ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်၏ အထွတ်အထိပ်အဆင့်..." ဟု ရည်ညွှန်း ဖော်ပြခဲ့သေးသည်။ ထိုအရာက ချန်းပေ့ရွှမ်းမှာ လမ်းစဉ်သုံးခုကို တစ်ပြိုင်နက် လျှောက်လှမ်းသူဟု ဆိုလိုသည်။ မည်သည့် ကျင့်ကြံသူ တစ်ယောက်ကမှ သူ့ကဲ့သို့ မစွမ်းဆောင်နိုင်ပေ။
သို့သော်လည်း သူ့ဆရာ၏ နှစ်ပေါင်းသုံးဆယ်ကျော် လျှို့ဝှက်ချက်များ၊ သုံးရက်ကြာ ပြင်ဆင်ထားမှုများက ချန်းပေ့ရွှမ်းကို အနိုင်ယူနိုင်လောက်သည်။ ချန်းပေ့ရွှမ်းမှာ သိုင်းပညာတာအိုတွင် မည်မျှပင် အောင်မြင်မှု ရပါစေ၊ ကောင်းကင်တာအိုကမူ သူရင်ဆိုင် နိုင်လိမ့်မည် မဟုတ်ပေ။
သူတို့ ပြန်လည် ထွက်ခွာသွားပြီး နောက်၌ ချန်းဖန်နှင့် ကျန်းအန့်ချီတို့သာ တောင်ထိပ်ပေါ်တွင် ကျန်နေခဲ့တော့သည်။
***