← Chapters

အရိုင်းဆုံးပြောပြီး

Vol. 3 Ch. 41

အရိုင်းဆုံးပြောပြီး

Vol. 3 Ch. 41

~

“ ဘယ်လောက်ကြာအောင် တောင့်ခံနိုင်မယ်ထင်လဲ ငါ့ကိုပြော ....”

လင်းမို့ ရှေ့တွင် ရှိသော ငွေရောင်ဆံပင်တိုနှင့် သူကို ကြည့်လိုက်၏ ။ အသက်တူပြီး မာနကြီးပုံလည်းတူသဖြင့် နှစ်ယောက်လုံး အံ့သြ သွားသည် ။

[ Black Earth: ၁၈ နှစ် , သိုင်းအလုပ်သင်, ယေဘူယျ အသွင်အပြင် , ဆက်တိုက်နိုင်ပွဲ: ၂၉ ပွဲ]

[ Light Wind: ၁၈ နှစ်, သိုင်းပညာရှင်, ယေဘူယျအသွင်အပြင်, ဆက်တိုက်နိုင်ပွဲ: မရှိ]

‘ အသက် ၁၈ နှစ်လား...’

ကိုးပွဲထဲတွင် သူတွေ့ခဲ့ရသော အငယ်ဆုံးမှာ အသက်၂၀ ဖြစ်ပြီး အသက်အကြီးဆုံးမှာ ၄၀ ဖြစ်သည် ။ ယခု အသက်တူခြင်းတွေ့ကြလေပြီ ။

ထိုကြောင့် လင်းမို့ မသက်မသာ ခံစားလိုက်ရသည် ။

‘ ဒီခေတ် ကလေးတွေက မာနကြီးလှပါလား...”

လင်းမို့သည် သူ၏ပြိုင်ဘက်အား တိတ်တဆိတ် အကဲခပ်လိုက်သည် ။ ဤကလေးအား လူငယ်များ ရိုးသား၍ နှိမ့်ချနေသင့်ကြောင်း ပညာပေးမှဖြစ်မည် ။

အပြင်ဘက် တိုက်ရိုက် ထုတ်လွှင့်မှုအတွင်း...

Light Wind ပေါ်လာသည်နှင့် လူများ အံ့အားသင့်ကုန်ကြသည် ။

“ အဲ့တာသူပဲ...”

“ ကျိုးချင်ဖုန်းဟ... “

“ Black Earth တော့ သွားပြီ... လူသစ်ကွင်းက ကျိုးချင်ဖုန်းကြီး ခေါ်လိုက်တယ်ဟ... ဒီကောင်တွေ ကလိန်ကကျစ်တွေ...”

“ ပြိုင်ဘက်က ကျိုးချင်ဖုန်း ဆိုတော့ ပြီးပြီပေါ့... Black Earth ဘယ်နှစက္ကန့် ကြာအောင် တောင့်ခံနိုင်လဲပဲ ကြည့်ရတော့မှာ... “

“ ကျိုးချင်ဖုန်းသာ နိုင်ချင်ရင် တစ်စက္ကန့်ထဲနဲ့ နိုင်တယ်...”

“ ဘာပဲဖြစ်ဖြစ် Black Earth က ၂၉ ပွဲဆက်တောင်နိုင်ထားတာပဲ... သူ သမိုင်းတစ်ခု ရေးထိုးနိုင်ခဲ့တယ်... “

ကျိုးချင်ဖုန်း...

အထက်တန်းကျောင်းသားများ ထိုနာမည်ကို ရင်းနှီးမည်မဟုတ် ။ တချို့ ပါရမီရှင်များသည် အထက်တန်းကျောင်းမတက်သလို ဝင်ခွင့်စာမေးပွဲ ဖြေစရာမလိုအပ်ပေ ။ နိုင်ငံမှ တိုက်ရိုက် ပျိုးထောင် ပေးခြင်းခံရသည် ။

ကျိုးချင်ဖုန်း က ထိုကဲ့သို့ ပါရမီရှင်မျိုးပင် ။

ခေါင်းဆောင် နျဲချင်နှင့် ဌာန တစ်ခုလုံး အံ့သြ သွားကြသည် ။

“ ယွမ်လေး... မင်း ကျိုးချင်ဖုန်းကို ခေါ်နိုင်တယ်ပေါ့.. “

ယွမ်လေးက ဂုဏ်ယူစွာ ပြုံးလိုက်၏ ။ ဤကဲ့သို့ ပါရမီရှင်မျိုးကို လူတိုင်း ခေါ်နိုင်မည်မဟုတ်ချေ ။

“ ကျိုးချင်ဖုန်းက ခုမ အဆင့်၄ အစပိုင်း ဆိုပင်မဲ့... သူ့ထက်လက်သီးပြင်းအား အရမ်း မများရင် အဆင့်၄ အထွတ်အထိပ်ကိုတောင် ယှဥ်နိုင်တယ်... “

ယွမ်လေးက မျက်လုံးပင့်ကာ ပြောလိုက်သည် ။ သူ ကျိုးချင်ဖုန်းအကြောင်း ကြွားပြောနေချင်းမဟုတ် ။ အမှန်အတိုင်းပြောနေသည်ပင် ။

“ လူသစ်ကွင်းမှာ လက်နက် အသုံးပြုလို့ မရတော့ ကျိုးချင်ဖုန်းရဲ့ ခွန်အားက ကန့်သတ်ခံထားရပင်မဲ့ အဆင့်၄ အလယ်ဆင့် လောက်တော့ အသာလေးယှဥ်နိုင်တယ်... “

“ အင်း ဟုတ်တယ်...”

နျဲချင် မငြင်း ။

“ ပြီးတော့ ကျိုးချင်ဖုန်းက စိတ်စွမ်းအား ရှိတယ်... “

စိတ်စွမ်းအားရှင်များ...

သိုင်းသမားများကြားတွင် အလွန်ရှားပါး ၏ ။

သာမန် သိုင်းပညာရှင် များမှာ လက်သီးပြင်းအားကိုသာ လေ့ကျင့်ကြသော်လည်း စိတ်စွမ်းအားရှင်များမှာ လက်သီးပြင်းအားအပြင် စိတ်စွမ်းအားကိုလည်း လေ့ကျင်နိုင်သည် ။ စိတ်စွမ်းအားမှာ လက်သီး ပြင်းအားထက် ဆယ်ပုံတစ်ပုံ ခန့်သာရှိသော်လည်း လက်သီးပြင်းအားနှင့် ပေါင်းစပ်အသုံးပြုနိုင်သည် ။ ထို့အပြင် အရာဝတ္ထုများကို ထိန်းချုပ်နိုင်သဖြင့် သံမဏိအပ်ကဲ့သို့ သေးငယ်သော အရာများနှင့် ခိုးဝင်တိုက်ခိုက်နိုင်သည် ။ ထို့ကြောင့် စိတ်စွမ်းအားရှင်များကို သိုင်းသမားများတွင် အထူးလူသားများဟု သတ်မှတ်နိုင်ပေသည် ။

ယခု လင်းမို့ ရင်ဆိုင်နေ​သော ကျိုးချင်ဖုန်းမှာလည်း ထိုကဲ့သို့ အထူးလူသားတစ်ယောက်ပင် ။ လူသစ်ကွင်းတွင် လက်နက် အသုံးမပြုနိုင်သဖြင့် အပ်အထိုးခံရမည်ကို ကြောက်စရာမလိုတော့ ။

သို့သော်လည်း ကျိုးချင်ဖုန်းက လက်သီးပြင်းအားတွင် စိတ်စွမ်းအား ပေါင်းစပ်အသုံးပြုနိုင်သဖြင့် လင်းမို့ ထက် လက်သီးပြင်းအား ၂၀၀ ကီလို ခန့် ပိုများသည် ။

ထို့ကြောင့် ကျိုးချင်ဖုန်းကို သိကြသူများက Black Earth ရှုံးမည်ဟု ပြောရဲခြင်းပင် ။ သို့သော်လည်း လူနည်းစုသာ ကျိုးချင်ဖုန်းကို သိကြ၏ ။

ကြည့်ရှုနေကြသော လူအများစုမှာ ကျိုးချင်ဖုန်းကို မသိကြ ။ စိတ်စွမ်းအားရှင် ဆိုသည်ကိုလည်း နားမလည် ။ ထို့ကြောင့် လင်းမို့နိုင်မည်ဟုသာ ထင်နေကြသည် ။

သူတို့၏ မျက်လုံးထဲဝယ် Black Earth က ပြိုင်ဘက်များကို တစ်ချက်ထိုး၍ အနိုင်ယူခဲ့သူဖြစ်သည် ။ လာလာခြင်း ကြွားနေ​​သော Light Wind ဆိုသော ကောင်လေးကို သူတို့ကြည့်မရပေ ။

“ Light Wind ဆိုတဲ့ကောင်ကို မြင်ဖူးကြလား...”

“ မသိဘူး... အဲ့ကောင်ဘယ်ကျောင်းကလဲ... ​ေxါက်ကြီး​ေxာက်ကျယ်နဲ့... “

“ ဒီကောင့် မာနကြီးနေတဲ့ မျက်နှာကို ကြည့်လိုက်အုံး ... ဒီကောင် ငါတို့ကျောင်းကဆိုရင် ငါ တနေ့သုံးခါလောက် သွားရိုက်မယ်... “

“ မင်းသွားရင် ငါ့လည်းခေါ်အုံး... ဒီကောင့် ဆံပင်ပုံကို ကြည့်မရဘူး... အပြင်မှာ ငါနဲ​့ မျက်နှာချင်းဆိုင်တွေ့လို့ကတော့ ​ေxာက်က်ခွက်တွေကြည့် ဖြတ်ရိုက်ပစ်တယ်... “

“ သူကများ Black Earth ကို ဘယ်နှစက္ကန့်လေး ဘာလေး မေးရဲတယ်... သူ့ကိုယ်သူ့ သုံးစက္ကန့် ကြာအောင် ကြိုးစားစမ်းပါအုံး... “

“ အရိုင်းဆုံံးပြောတဲ့သူတွေက အရက်စက်ဆုံး အရိုက်ခံရတယ် တဲ့နော်...”

“ အဲ့ငကြွားကောင် အရိုက်ခံရတာ ကြည့်ဖို့ မစောင့်နိုင်တော့ဘူး... “

တိုက်ပွဲကွင်းပြင်အတွင်း...

လင်းမို့သည် ပြိုင်ဘက်ကို သတိထားလိုက်၏ ။ တစ်ခုတစ်ခု မှားယွင်းနေသည်ကို ခံစားမိလိုက်သည် ။ အရင်တွေ့ခဲ့သော ပြိုင်ဘက် ကိုးယောက်လုံးကို လူသစ်ကျေးရွှာအပြင်မှ သေချာရွေးချယ် ထားပုံရသည် ။ တွေ့ခဲ့သမျှလူအားလုံး သူ့ထက်အသက်ကြီးသူ များသာ ဖြစ်၏ ။ ယခု အသက်တူခြင်း ချပေးထားသဖြင့် ဆံပင်ငွေရောင်နှင့် ကလေးမှာ သူ့ထက် အားနည်းပုံမရ ။

အရင်ကိုးပွဲတွင် သူ၏ ခွန်အားကို ပြသပြီး ဖြစ်သဖြင့် သူ့ကို အနိုင်ရနိုင်သည့် လူကိုသာ စေလွှတ်ပေလိမ့်မည် ။ ပြောရဲဆိုရဲ ရပ်ကွက်က လာသဖြင့် ယုံကြည်မှုအပြည့်ရှိပုံရ၏ ။

‘ ဒါနောက်ဆုံး သူဌေးထင်တယ်... အနည်းဆုံး အဆင့်၄ ပဲ... ငါက ခုမှ အဆင့်၄ ရောက်တာဆိုတော့ တိုက်ခိုက်ရေးစွမ်းရည်ခြင်းယှဥ်ရင် ငါအားနည်းနေလိမ့်မယ်... ‘

သို့သော် လင်းမို့မကြောက် ။ တိုက်ပွဲများ၏ အနိုင်အရှုံးက လက်သီးပြင်းအားနှင့် တိုက်ခိုက်ရေးစွမ်းရည် ကိုသာ မှီခိုနေသည်မဟုတ် ။ ညဏ်ရေညဏ်သွေး နှင့် လိုအပ်သလို ပြောင်းလဲနိုင်စွမ်းက လည်း အရေးပါသည် ။

လင်းမို့သည် တိုက်ခိုက်ရေး အသိညဏ်တွင် လူအိုကြီးများနှင့် ယှဥ်ရမည်ကိုပင်မကြောက် ။ ထို့ကြောင့် အနိုင်ရရန် ယုံကြည်မှုအပြည့် ရှိပေသည် ။ သူ၏ ပြိုင်ဘက်က အထူးလူသားမှန်း သူမသိပေ ။

“ ဘာလဲ... မင်းဘယ်လောက်ကြာအောင် တောင်ခံနိုင်မလဲ မဆုံးဖြတ်နိုင်သေးဘူးလား...”

Light Wind က ပြောလိုက်၏ ။ သူ၏ မာနကို သိသိသာသာဖော်ပြနေသည် ။

သူမာနကြီးနေသည်မှာ မလွန်ပေ ။ သူကဲ့သို့ အဆင့်၄ အလယ်ဆင့်များနှင့် ယှဥ်ပြိုင်နိုင်သူတစ်ယောက်က သိုင်းအလုပ်သင်တစ်ယောက် အား မည်သို့ ဂရုစိုက်နေရမည်နည်း ။

‘ဒီသိုင်းအလုပ်သင်က အဆင့်၄ တပိုင်းတဲ့... “

ချင်ဖုန်း တွေးလိုက်၏ ။

‘ အဆင့်၄ တပိုင်းမကလို့ အဆင့်၄ ပဲဖြစ်ဖြစ် ဘာဖြစ်တုန်း...’

ကျိုးချင်ဖုန်းက အဆင့်၄ အစပိုင်းလေးကို ဂရုစိုက်နေရမည်လော ။ သူ၏ သမိုင်း ရိုင်းသွားပေလိမ့်မည် ။

“ ငါ မင်းလိုကောင်မျိုး သုံးစက္ကန့်နဲ့ အနိုင်ယူနိုင်တယ်...”

ချင်ဖုန်းက ပြုံးလိုက်၏ ။

“ ဘာပဲဖြစ်ဖြစ် ငါနဲ့ ပြိုင်ခွင့်ရဖို့ဆိုတာ မင်းတို့လိုကောင်မျိုးတွေအတွက် ရှားရှားပါးပါး အခွင့်အရေးပဲ... ပြီးတော့ တစ်ယောက်ယောက်ကလည်း မင်းကို ဂရုစိုက်ခိုင်းထားသေးတယ်... ငါမင်းနဲ့ နဲနဲပိုဆော့ ပေးရတာပေါ့...”

ချင်ဖုန်း မာနကြီးစွာ ပြောလိုက်လေသည် ။

“ ဒီနေ့ အစစ်အမှန် ပါရမီရှင် နဲ့ မင်းလို အုတ်ကြားမြက်ပေါက် ကြား ဘယ်လောက်ကွာခြားတယ်ဆိုတာ မင်းကို ငါပြမယ်... “

သန်းချီသော ကြည့်ရှုနေသူများ အံကြိတ်လိုက်မိသည် ။

“ ချီး... ဒီကလေး ဘယ်ကလာတာလဲ... အရိုက်ခံချင်လို့ တမင်ပြောနေသလိုပဲ...”

“ သူ့မျက်နှာကြည့်လိုက်အုံး ... အရိုက်ခံရဖို့ မွေးလာတဲ့ကောင်ထင်တယ်... “

“ ငါ့ဆွဲမထားနဲ့... ငါအဲ့ကောင်ကို သွားသတ်မယ် ...”

“ အဲ့ကောင်က ပြောသလောက် သန်မာမယ်ထင်တယ်နော်... မဟုတ်ရင် အဲ့လောက်ပြောရဲပါ့မလား... “

“ မင်း အရင်ပွဲတွေမမြင်ဘူးလား. .. ဟာသတွေပြောနေပြီ... ကြွားဖို့ အတွက် ခွန်အားလိုမလားကွ... ပါးစပ်တစ်ပေါက်ပဲလိုတယ်... “

“ တကယ်လုပ်နိုင်ရင် ကြွားတယ်မခေါ်ဘူးကွ... မလုပ်နိုင်မှ ကြွားတယ်ခေါ်တာ....”

“ ငါထင်တာတော့ ဒီကောင်က လေကြီးလေကျယ်တွေပြောပြီး Black Earth ကို ရှုံးရင် ကြည့်နေတဲ့သူ သန်းချီရှေ့မှာ နာမည်ကြီးချင်လို့ထင်တယ်... “

“ ဟုတ်တယ် ဟုတ်တယ်... အပေါ်က ညိုကီ ပြောတာ မှန်တယ်... အရင်တစ်ယောက်တုန်းကလည်း အဲ့လို နာမည်ကြီးသွားတာပဲ မဟုတ်လား...”

“ တမင်ကြွားပြောတယ်ပဲထားအုံး... အရိုက်ခံရမှာ မကြောက်ဘူးလား...”

တိုက်ပွဲကွင်းပြင်အတွင်းရှိ ချင်ဖုန်းက သူ့အား ခွေးတစ်ကောင်ကဲ့သို့ ဝိုင်းဆဲနေကြသည်ကို မသိ ။ သူသိလျှင်လည်း ဂရုစိုက်မည် မဟုတ် ။

‘ မင်းတို့ ငါ့ကို ဆဲချင်တယ်လား...’

‘ ဆဲချင်တဲ့ ကောင်တွေကို မျက်နှာဖြတ်ရိုက်ရတာလောက် အရသာရှိတာ မရှိဘူး...’

‘ ငါ့ခွန်အား ပြလိုက်တာနဲ့ ဆဲနေတဲ့အပေါက်တွေ ပိတ်သွားလိမ့်မယ် ...’

“ Black Earth မင်းအဆင်သင့်ဖြစ်ပြီးလား... ငါစတိုက်တော့မယ်...”

ချင်ဖုန်းက သူစမတိုက်ခင် သတိပေးလိုက်သည် ။ သူမည်မျှ ယုံကြည်မှုရှိမှန်း ပေါ်လွင်နေပေသည် ။

“ နေပါဦး... “

လင်းမို့က ပြုံးစိစိ ပြောလိုက်၏ ။

“ ငါတို့ ဒီလူသစ်ကွင်းမှာ တွေ့ရတယ်ဆိုတာ ရေစက်ပါလို့... ငါတို့ မတိုက်ခင် အရင် လက်ဆွဲနှုတ်ဆက်တာ မကောင်းဘူးလား...”

All Chapters