Black Earth က ဘယ်သူလဲ
Vol. 3 Ch. 43
~
လင်းမို့ နာကျင်နေသော လက်ကို ပွတ်လိုက်၏ ။ သူ့ဆီသို့ အီးမေးလ် နှစ်စောင် ဝင်လာသည်ကို တွေ့လိုက်ရသည် ။ ပထမ တစ်ခု နှိပ်ကြည့်လိုက်တော့ ။
“ လူသစ်ကွင်း၏ ပြိုင်ဘက်ကင်း ဆုတံဆိပ်ကို ရရှိသည့်အတွက် ဂုဏ်ယူပါတယ်... “
လင်းမို့ မျက်လုံးပင့်လိုက်သည် ။
‘ ပြိုင်ဘက်ကင်း တံဆိပ်လား...’
အထင်ကြီးစရာကောင်းသည်ဟု ခံစားမိလိုက်သည် ။ သို့ရာတွင် နောက်ဆက်တွဲအကြောင်းအရာများကို လင်းမို့ ဆက်ဖတ်ကြည့်တော့ ဒေါသထွက်သွား၏ ။
“ ပြိုင်ဘက်ကင်း တံဆိပ်သည် လူသစ်ကွင်းရဲ့ အမြင့်ဆုံး ဆုတံဆိပ် ပါ... ပွဲ ၃၀ ဆက်တိုက်အနိုင်ရသူများသာ ရရှိနိုင်မှာ ဖြစ်ပါတယ်... ဆုတံဆိပ်ရရှိပြီးသူများ လူသစ်ကွင်းတွင် ဆက်လက် ယှဥ်ပြိုင်ခွင့် မပြုတော့ပါ... “
စာတဝက်ဖတ်ပြီး ကျေနပ်နေသော လင်းမို့မှာ ကျန်တဝက်ဖတ်ပြီးနောက် စိတ်တိုသွားလေသည် ။ လူသစ်ကွင်းတွင် ဆေးရရှိရန် လာပြိုင်နေသည်ဖြစ်ရာ ဤဆုတံဆိပ်က မည်သို့ အသုံးဝင်မည်နည်း ။ လူသစ်ကွင်း၏ အသန်မာဆုံး ဟု ပြောနေသော်လည်း လူသစ်ကွင်းက သူ့ကို ကန်ထုတ်လိုက်သည်ဟု ခံစားနေရသည် ။
သို့သော်လည်း ဒုတိယ စာဖတ်ပြီးမှ ကျေနပ်သွားသည် ။
“ A1 ဆေးများ အကန့်အသတ်မရှိ အသုံးပြုခွင့်ရသည့်အတွက် ဂုဏ်ယူပါတယ်... “
‘ မရက်ရောလွန်းဘူးလား...’
ဤသည်မှာ လင်းမို့ ပထမဆုံး တွေးမိသော အတွေးဖြစ်သည် ။ ဆေး ရရှိရန် လူသစ်ကွင်းတွင် နေ့တိုင်းရုန်းကန်နေခဲ့ရ၏ ။ ယခုတော့ ကုန်းဆင်းခွင့် ရခဲ့လေပြီ ။
‘ အချိုရည်ကုမ္ပဏီ တောင်မှ တစ်သက်လုံး အလကားတိုက်မှာ မဟုတ်ဘူး... ပွဲ ၃၀ ဆုကြေးက တကယ် မိုက်လှပါလား...’
ဆုလဒ်က လင်းမို့ မျှော်မှန်းထားသည်ထက် ကျော်လွန်သွားသည် ။
သို့သော်လည်း အောက်ရှိ ‘ သောက်သုံးရန် လမ်းညွှန် ‘ ကိုတွေ့မှ သူနားလည်သွားသည် ။
“ A1 ဆေးကို လက်သီး ပြင်းအား ၂၀၀၀ ကီလို အထိသာ အသုံးပြုနိုင်ပါတယ်... လက်သီးပြင်းအား ၂၀၀၀ ကီလို ကျော်လွန်သွားပါက A2 ဆေး အသုံးပြုရပါမယ်... အဆင့်၃ အဆင့်၄ သိုင်းပညာရှင်များအတွက် A3 ဆေး အသုံးပြုရပါမယ်... “
‘ သူတို့ ဒီလောက် ရက်ရောတာ မစမ်းဘူး... ‘
လင်းမို့ ရေရွတ်မိလိုက်သည် ။ A1 ဆေးတစ်ပုလင်းလျှင် ၁၀ ကီလို တိုးပေးနိုင်ရာ အကန့်အသတ်သို့ ရောက်ရန် ပုလင်း ၁၀၀ အောက်သာ ပေးမည်ဖြစ်သည် ။
‘ ပုလင်း ၁၀၀ လည်းဘာဖြစ်လဲ... ငါ လိုတာထက်တောင် ပိုနေပြီ...’
သူ အိမ်သို့ ပြန်ရောက်လျှင် ရေအိုးထဲတွင် ထည့်၍ ရေအစား A1 ဆေးသောက်ရန် ကြံစည်နေလေသည် ။
‘ အဲ့တာဆို မဆိုးဘူး... ဆေးသောက်ဖို့ အချိန်သက်သက်ကုန်တာ သက်သာတာပေါ့...’
‘ ဘာပဲဖြစ်ဖြစ် မနက်ဖြန်ဆို လက်သီးပြင်းအား ၁၂၀၀ ကီလို ပြည့်ပြီး သိုင်းပညာရှင် ဖြစ်လာတော့မယ်... အဲ့အချိန်ကျရင် လူသစ်ကျေးရွာ အပြင်ထွက်ပြီး အဆင့်မြင့်ဆေးတွေ ရှာလို့ရပြီ... ‘
လင်းမို့က သူ့ခွက်ထဲ လုံလုံလောက်လောက် ရှိသော်လည်း အိုးထဲချောင်းနေတုန်းပင် ။ ထိုအချိန်တွင် သူဝတ်ဆင်ထားသော ခေါင်းဆောင်းက တုန်ခါသွားသည် ။
“ သင်၏ လက်သီး ပြင်းအား ၁၁၇၅ ကီလို ရှိကြောင်း တွေ့ရှိရသဖြင့် ကီလို ၁၁၀၀ အဖြစ်သတ်မှတ်လိုက်ပါသည်... ဆေးပုလင်း ၉၀ အား ပေးပို့ ပေးပါမည် ...လက်ခံရယူမည့် လိပ်စာ သတ်မှတ်ပေးပါ ... ဆေးပုလင်းများအား အေးသောနေရာတွင်သာ ထိန်းသိမ်းထားပါ... “
လင်းမို့၏ အိမ်တွင် A1 ဆေး ကိုးပုလင်း ကျန်နေဆဲပင် ။ သူပျင်းရိနေပါက လက်သီးပြင်းအား အလိုလျောက် ဆက်လက် တိုးတက်နေမည် ဖြစ်သဖြင့် ဆေးပုလင်း များစွာမလိုအပ် ။ ဆေးပုလင်းမရှိစဥ်က ချွေတာနေရသော်လည်း ဆေးပုလင်း အများအပြားရသည့်အခါတွင် သောက်၍မနိုင်တော့ ။
“ ရေအစား သောက်မှဘဲ... “
ပြောရင်းဆိုရင်းပင် ရေခဲသေတ္တာအတွင်းရှိ ဆေး ၉ ပုလင်းကို ရေနွေးအိုးထဲ ထည့်ပြီး ကုတင်ဘေးတွင် တင်ထားလိုက်သည် ။ ရေဆာသောအခါတွင် သောက်ရပေမည် ။
A 1 ဆေးအား ရေကဲ့သို့ သောက်နိုင်သူ လင်းမို့အပြင် ရှိအံ့မထင် ။
ကျိုးချင်ဖုန်းကဲ့သို့ အထူးပျိုးထောင်ခံရသူပင် A1 ဆေးအား ယခုကဲ့သို့လုပ်လျှင် ပါးရိုက်ခံရပေလိမ့်မည် ။
လင်းမို့တွင် ဆေးပုလင်းများစွာရှိသော်လည်း သူအတွက်အသုံးမဝင် ။ A1 ဆေးမှာ DNA ချိတ်ဆက်ထားသဖြင့် ရောင်းချ၍လည်းမရ ။ ဤကဲ့သို့သာ အသုံးချနိုင်တော့သည် ။
လင်းမို့ A1 ဆေးတလုတ်သောက်ခါ အိပ်ပျော်သွားသည် ။
ထိုအချိန်... ရှေးဦးစကြာဝဠာ နှင့် အင်တာနက်အတွင်း Black Earth အကြောင်း စုံစမ်းနေသူများနှင့် ပြည့်နေ၏ ။ Black Earth အကြောင်းသိရရန် နည်းမျိုးစုံ ကြိုးစားနေကြသည် ။ ဤကဲ့သို့ လွှမ်းမိုး နိုင်သည့် သိုင်းအလုပ်သင် ဂြိုလ်ပြာပေါ်တွင် နောက်တစ်ယောက်ရှိနိုင်မည်မဟုတ်ချေ ။ ကောင်းကင်အား အံတုနိုင်သည့် ညဏ်ရည် ပါရမီ ပါသည့် သိုင်းအလုပ်သင် တစ်ယောက်ပင် ။
ရှားနိုင်ငံ၏ ထိပ်တန်း တက္ကသိုလ်များက Black Earth အား ချွင်းချက်မရှိ လက်ခံကာ အလိုရှိသည်အားလုံး ထောက်ပံ့ပေးမည်ဟု ကြေညာခဲ့သည် ။
ဝင်ခွင့်လက်ခံသည် အကြောင်းကြားစာများ၏ လင်းမို့ ၏ အီးမေးလ် လိပ်စာသို့ နှင်းမုန်တိုင်း အသွင် ကျဆင်းလာသည် ။ သူမနက်ဖြန် မြင်လျှင် စာမေးပွဲဖြေစရာမလိုဘဲ ကြိုက်သည့် တက္ကသိုလ်သို့ တက်ရောက်နိုင်သည် ။
သိုင်းပညာရှင် ဖိုရမ်များတွင်လည်း Black Earth အကြောင်းသာ ဆွေးနွေး နေကြသည် ။
“ Black Earth က ဘယ်သူလည်း... “
“ ဒီကောင့် ညဏ်ရည်ပါရမီက ကြောက်စရာကောင်းလိုက်တာ... “
“ ကောင်းကင်အဆင့် သိုင်းပညာရှင်တွေတောင် အဆင့်၄ မရောက်သေးတာများတယ်... သူက သိုင်းအလုပ်သင်အဆင့်နဲ့ အဆင့်၄ ရောက်နေပြီ...”
“ ဒီကောင့် သမိုင်းထဲက အသန်မာဆုံး သိုင်းအလုပ်သင်ဘွဲ့ ပေးရမယ်... “
“ ယအုပဲ... ငါ သိုင်းပညာရှင် အဆင့် ၅ ရောက်နေတာတောင် တိုက်ခိုက်ရေးစွမ်းရည်အဆင့်၄ မရောက်သေးဘူး...”
“ အပေါ်က အကို ကမှတော်သေးတယ်... ကျွန်တော်ဆို သိုင်းပညာရှင် အဆင့် ၄ ရောက်နေတာ လေးနှစ်ရှိပြီ ခုထိ တိုက်ခိုက်ရေးစွမ်းရည် အဆင့်၃ အထွတ်အထိပ်မရောက်သေးဘူး... တသက်လုံး အဆင့်၄ ရောက်ပါ့မလား မသိဘူး... “
“ ဒါနဲ့ Black Earth ဆိုတာ ဘယ်သူလည်း သိကြလား... သူ့ကို ထိပ်တန်းတက္ကသိုလ်တွေက ဖိတ်ထားတာတောင် လက်မခံဘူး... “
“ Black Earth က ကျန်းနန်စီရင်စုက ဆိုတာကလွဲရင် ဘယ်သူမှ ဘာမှ မသိကြဘူး... “
“ ပါရမီရှင်တွေကအဲ့လိုပဲ ထူးထူးဆန်းဆန်းတွေ...”
“ ငါ Black Earth ဖြစ်ရင်ကောင်းမယ်... အဲ့တာဆို ချင်မူ တက္ကသိုလ် တက်လို့ရပြီ... “
“ ချင်မူ တက္ကသိုလ်က ကျင့်ဒူ တက္ကသိုလ်နဲ့ယှဥ်ရင် အဝေးကြီး... ငါသာဆို ကျင့်ဒူတက္ကသိုလ်ကို သွားမှာ...”
“ ဦးနှောက်မရှိတဲ့ ကျင့်ဒူ တက္ကသိုလ်ကြိုက်တဲ့ကောင်... မင်းဇရှိရင် ငါနဲ့ချမလား...”
“ ချင်မူနဲ့ ကျင့်ဒူ တက္ကသိုလ်တွေဘေးချိတ်ထားလိုက် ရှားတက္ကသိုလ်က အကောင်းဆုံးကွ...”
မြို့တော်တွင် နေသော ကျိုးချင်ဖုန်းတစ်ယောက် သိုင်းဌာနချုပ်ရှိ လူသစ်ကွင်း စီမံခန့်ခွဲမှုဌာန တွင် ရောက်ရှိနေ၏ ။
“ လက်ထောက်ခေါင်းဆောင် ယွမ်... ခင်ဗျားက ကျုပ်ကို ဒီလိုဖြစ်အောင်လုပ်တာ... “
ကျိုးချင်ဖုန်း က မျက်ရည်ကျလုမတက် ဒေါသထွက်နေလေသည် ။
“ ခင်ဗျားကျုပ်ကို အဆင့်၄ တပိုင်း နဲ့ တိုက်ရမယ်လို့ပဲ ပြောတာ... “
“ ဟုတ်ပါတယ်... ဟုတ်ပါတယ်...”
ယွမ်လေးလည်း သူ့အမှားဖြစ်ကြောင်း သိပေသည် ။ သူက တိုက်ခိုက်ရန် ဖိတ်ခေါ်ခဲ့သူဖြစ်သဖြင့် သူတာဝန်ယူရတော့မည် ။
“ သိုင်းအလုပ်သင်က အဆင့်၄ ရောက်နေမယ် ဘယ်သူထင်မှာလဲ... မင်း သတိမထားတာလည်းပါတယ်လေ... “
ယွမ်လေးက ဆင်ခြေပေးရန် ကြိုးစားသည် ။
“ ခင်ဗျားက ပြောတော့ လွယ်တာပေါ့ ... ခုကျုပ် လိုင်းပေါ်မှာ ဘယ်လောက်အလှောင်ခံနေရလဲ ခင်ဗျားသိလား... ကျုပ် သိက္ခာကို ကျုပ်ဂရုမစိုက်ဘူးလို့ ခင်ဗျားထင်နေတာလား...”
ရှားပါးသော စိတ်စွမ်းအား ပါရမီရှင်တစ်ယောက်အနေနှင့် ကျိုးချင်ဖုန်းက စီနီယာ သိုင်းပညာရှင်များကို မကြောက်ပေ ။
ယွမ်လေးက အလျင်အမြန် နှစ်သိမ့်ပေးသည် ။
“ ချင်ဖုန်း... မင်း လိုင်းပေါ်က ပြောတာတွေ သိပ်ဂရုစိုက်မနေနဲ့... မင်းကို ပြောတဲ့သူတွေက သိုင်းပညာအကြောင်း ဘာမှ မသိတဲ့လူနည်းစုလေးပဲ... မင်းက စိတ်စွမ်းအားရှင်တစ်ယောက်ဆိုတာ သူတို့ဘယ်သိမလဲ...”
“ လူနည်းစုလား ...”
ချင်ဖုန်းက ဖုန်းဖွင့်ကာ အချက်အလက် ခွဲခြမ်းစိတ်ဖြာသည်ကို ပြလိုက်သည် ။
“ လိုင်းပေါ်က လူတွေရဲ့ ၉၉ ရာခိုင်နှုန်းက လူနည်းစုလား... “
“ အင်တာနက်ပေါ်က ကွန်မန့်တွေက အတုအယောင်တွေများတယ်... 99 % နီတီဇင်တွေက ပြောလည်းဘာဖြစ်လည်း ...သိုင်းပညာအကြောင်းနားလည်တဲ့သူတွေက တစ်ရာမှာ တစ်ယောက်လောက်ပဲရှိတာ... ဒသမ နောက် ဆက်တွက်ကြည့်လိုက်ရင် သုံည တွေပဲရှိလိမ့်မယ် ...ဘာမှ မသိတဲ့ကောင်တွေပြောတာ ခံစားမနေနဲ့... “
ထိုစကားကို ကျိုးချင်ဖုန်း ယုံသွားသည် ။ သူက ဖုန်းဖွင့်ပြီး တွက်ကြည့်လိုက်၏ ။ ပြီးနောက် သူမြင်လိုက်ရသည် ။
99.9999 %...
“ ငါ...”
ကျိုးချင်ဖုန်း သွေးအန်ခါနီး ဖြစ်သွားလေသည် ။
“ လက်ထောက် ခေါင်းဆောင်ယွမ်... ခင်ဗျား ကျုပ်ကို Black Earth ဘယ်သူလည်း ပြောပြရမယ်... ကျုပ်လက်စားခြေရမယ် ... ဒီလိုခံခဲ့ရတာ ကျုပ်မကျေနပ်ဘူး...”
ကျိုးချင်ဖုန်း၏ ဒေါသများ ပေါက်ကွဲထွက်ပေတော့မည် ။
“ Black Earth ဘယ်သူလည်း ငါတို့မသိဘူး...”
ယွမ်လေး လက်ယမ်းပြလိုက်သည် ။
“ ခင်ဗျားမသိဘူးလား...”
ချင်ဖုန်း မယုံ ။
“ ခင်ဗျားတို့ ဌာနက လူသစ်ကျေးရွာကို ထိန်းချုပ်ထားတာတောင် Black Earth ကိုမသိဘူး ပြောနေတာလား...”
“ ငါတကယ် မသိဘူး...”
ယွမ်လေးက ရှင်းပြသည် ။
“ ငါတို့ ဌာနက လူသစ်ကျေးရွာကို ထိန်းချုပ်ထားပင်မဲ့... လူတွေရဲ့အချက်အလက်ကို ရှေးဦးစကြာဝဠာ က ကာကွယ်ထားတယ်... “
“ ချင်ဖုန်း... ငါတို့ မင်းကို လိမ်နေတာ မဟုတ်ဘူး... မင်းတင်မဟုတ်ဘူး Black Earth အကြောင်းသိချင်နေတဲ့သူ အများကြီးပဲ... Black Earth က သူကိုယ်တိုင် ထုတ်မပြောရင် ဘယ်သူမှ မသိနိုင်ဘူး...”
ဘေးထွက် ထိုင်ကြည့်နေသော ခေါင်းဆောင်နျဲချင်က ဝင်ပြောလိုက်၏ ။
“ ရှေးဦးစကြာဝဠာ ကို ဘယ်နိုင်ငံမှ ထိန်းချုပ်မထားဘူးဆိုတာ မင်းသိမယ်ထင်တယ်... ပြီးတော့ အချက်အလက်တွေအရ ရှေးဦးစကြာဝဠာ က ငါတို့ ဂြိုလ်ပြာက မဟုတ်ဘူး... “
“ အဲ့တာဆို ကျုပ်အရှက်ခွဲခံရတာက ဒီအတိုင်းပြီးလိုက်ရမှာလား... “
“ ယောကျ်ားကောင်းတစ်ယောက် လက်စားချေဖို့ဆိုတာ ဘယ်တော့မှ နောက်မကျပါဘူးကွာ... ဒီနိုင်ငံမှာ ထိပ်တန်းတက္ကသိုလ်က ဘယ်နှခုမှ မရှိဘူး... နောက်ကျရင် Black Earth ပေါ်မလာဘဲ နေနိုင်မှာလား... မင်းအဲ့ချိန် ကျမှ လက်စားချေလည်း ရတာပဲ... “
“ အဲ့တာဆို ကျုပ် Black Earth ဘယ်ချိန်ပေါ်လာမလဲ စောင့်နေရုံပဲရှိတာပေါ့... သူ့အကြောင်းတစ်ခုခုသိရင် ကျုပ်ကို ချက်ချင်းအကြောင်းကြားပါ... “
ချင်ဖုန်း ပြောပြီးသည်နှင့် ဒေါသဖြင့် လှည့်ထွက်သွားသည် ။