← Chapters

မကြုံစဖူး

Vol. 3 Ch. 45

မကြုံစဖူး

Vol. 3 Ch. 45

~

“ လျို့ဝှက် အဖွဲ့အစည်းလား...”

လင်းမို့ ရင်တုန် သွား၏ ။

‘ ငါ နိမ့်ချနေတာတောင် သတိထားမိသွားတာလား... ဒါမှမဟုတ် ငါ Balck Earth မှန်းသိသွားတာလား...’

လင်းမို့သည် စနစ် ရပြီးကတည်းက လူသိမည်စိုးသဖြင့် နှိမ့်ချနေထိုင်ခဲ့၏ ။ လူတစ်ယောက် မဖြစ်နိုင်သည့် အမြန်နှုန်းဖြင့် ပိုမိုသန်မာလာခြင်းက အန္တရာယ်များကို ဆွဲဆောင်နိုင်မှန်း သူသိပေသည် ။

ဆရာကြီးတစ်ယောက်ယောက်အား သွား၍ ဆွဲဆောင်မိလျှင် ဟိုက ပါးတစ်ချက်ရိုက်၍ သတ်သွားနိုင်သည် ။ ငိုရန်ပင် အချိန်ရလိုက်မည်မဟုတ် ။

ထို့ကြောင့် ကျွမ်းကျင်သူများကို ရှောင်၍ နှိမ့်ချ နေထိုင်ခဲ့သည် ။ ယခုအချိန်တွင် လျို့ဝှက် အဖွဲ့အစည်းတစ်ခုက သူ့အား စောင့်ကြည့်နေသည်ဆို၍ သူရင်တုန်သွား၏ ။ သူလုပ်သမျှတိုင်းကို စောင့်ကြည့်နေကြပြီလော ။

“ အဲ့ လျို့ဝှက်အဖွဲ့အစည်းက သန်မာလား...”

လင်းမို့ စိုးရိမ်တကြီး မေးလိုက်၏ ။

“ ဒါပေါ့ သန်မာတာပေါ့... “

ဟောက်ရန်က ခပ်တည်တည်ပြန်ဖြေလိုက်သည် ။

“ နံပါတ်တစ် အဖွဲ့အစည်းလို့တောင် ပြောလို့ရတယ်... “

“ နံပါတ်တစ် အဖွဲ့အစည်းလား... “

လင်းမို့ ကြောင်အသွားသည် ။ သူ၏ မည်သည့်အမှားကြောင့် ထိုမျှ သန်မာသည့် အဖွဲ့ကြီး၏ အာရုံစိုက်မှု ခံလိုက်ရပါသနည်း ။

“ ဟုတ်တယ်လေ...”

ဟောက်ရန်၏ အသံမှာ ပို၍ တိုးလာပြီး သူများကြားမည်ကို စိုးရိမ်နေဟန်ဖြင့်...

“ ကျွန်တော်တို့ ကျောင်းရဲ့ အသန်မာဆုံး အဖွဲ့... “

“ မင်းဘာပြောလိုက်တာလဲ...”

လင်းမို့၏ စိုးရိမ်နေသော မျက်နှာ၏ ထက်ဝယ် မေးခွန်းအမှတ်အသား ပေါ်လာ၏ ။

“ ငါတို့ကျောင်းရဲ့ နံပါတ်တစ် ဂိုဏ်းလား...”

လင်းမို့ သည် မည်သည့် နတ်ဘုရားအား စော်ကားမိမှန်းမသိသည့် အတွက်ကြောင့် စိတ်ပူပန်ခဲ့ရ၏ ။

‘ မင်းက ငါတို့ကျောင်းက ကလေးဂိုဏ်းကို ဒီလိုလာပြောနေတာလား...’

“ ဟုတ်တယ်... အဖွဲ့ဝင်အရေအတွက်အရ ကျွန်တော်တို့ကျောင်းရဲ့ အသန်မာဆုံး အဖွဲ့ပဲ...”

“ ချီး...”

လင်းမို့သည် ထိုအဖွဲ့အစည်းက မယ်မယ်ရရ မဟုတ်မှန်း ပြောနိုင်သည် ။ သို့သော်လည်း ဟောက်ရန်ပြောသည့် လူအရေအတွက်ဆိုသည့်စကားကြောင့် စိတ်ဝင်စားသွားခဲ့၏ ။

“ ဘယ်အဖွဲ့လဲ ငါ့ကိုပြောပြ...”

ဟောက်ရန်မှာ ထိုအဖွဲ့၏ အဖွဲ့ဝင် ဖြစ်မည်မှန်း လင်းမို့သိလိုက်သည် ။

“ အကိုမှ အဖွဲ့ဝင် မဟုတ်တာ ကျွန်တော် အများကြီးပြောပြလို့ဘယ်ရမလဲ...”

ဟောက်ရန်က ခေါင်းမော့၍ ဂုဏ်ယူစွာပြောလိုက်၏ ။

“ ကျွန်တော်တို့အဖွဲ့က လူတိုင်း ဝင်လို့ရတာမဟုတ်ဘူး...မနက်ပိုင်းအနားပေးချိန်ကျရင် ကျွန်တော်နဲ့လိုက်ခဲ့... “

မနက် ၉ နာရီ...

ဟိုင်းချန်းကျောင်းသည် မနက် ၉ နာရီတွင် မိနစ် ၂၀ ကြာအနားပေးသည် ။

“ အကိုမို့ ကျွန်တော့်နောက် မြန်မြန်လိုက်ခဲ့...”

လျို့ဝှက် အဖွဲ့အစည်းဟူသော နာမည်ကြောင့် လင်းမို့ မဝင်ချင်တော့ ။ နာမည်ဖြင့်ပင် တရားဝင်အဖွဲ့မဟုတ်မှန်း သိသာပေသည် ။ ထိုသို့အဖွဲ့တွင် လူများစွာရှိမည်မထင် ။

သို့သော်လည်း ဟောက်ရန် ဆွဲခေါ်သွားသည်ကို ခံလိုက်ရသည် ။

လင်းမို့ ရောက်ရှိချိန် ရေကန်နားတွင် လူဆယ်​ယောက်ကျော် ရောက်နေ​​လေပြီ ။

လူတစ်ယောက်က ကြိုးမပါသော ဝါးတံဖြင့် ရေကန်ဘေးတွင်ထိုင်ကာ ငါးမျှားနေသည် ။

လူတစ်ယောက်က လက်နှစ်ဖက်ကို နောက်ပစ်၍ နေကိုမျက်နှာမူကာ ဖြောင့်ဖြောင့်တန်းတန်းရပ်နေ၏ ။

လူတစ်ယောက်က အေးစက်စက်အမူအရာနှင့် ဒူးတစ်ဖက် ထောက်နေလေသည် ။

သာမန်အဖြစ်ဆုံးလူမှာ ခုံတန်းတွင်ထိုင်၍ ဒေါသတကြီး စာရေးနေပေသည် ။

“ ဟူး....”

မြင်လိုက်ရသော မြင်ကွင်းကြောင့် လင်းမို့ သက်ပြင်းချလိုက်မိသည် ။ စိတ်ဝေဒနါရှင်များကြား ရောက်နေသည်ဟုပင် ထင်လိုက်မိသည် ။ သူ့ဖုန်းထုတ်၍ အရူးထောင်သို့ ဆက်မိပေတော့မည် ။

“ ကြိုဆိုပါတယ်...”

ဟောက်ရန် တက်ကြွနေ၏ ။ သူ၏ အဖွဲ့အစည်းနှင့် မိတ်ဆက်ပေးရန် တစ်မနက်လုံး အောင့်ထားခဲ့ရသည် ။

ဟောက်ရန်၏ အသံက ရုတ်တရပ်ကျယ်သွား၏ ။

“ ဖွန်ကြောင်သူ မဟာမိတ် ကနေ ကြိုဆိုပါတယ်... “

‘ ဖူးးး...’

လင်းမို့ သွေးအန်ခါနီးဖြစ်သွားသည် ။

‘ ဘာတွေလဲဟ...’

‘ ဖွန်ကြောင်သူ မဟာမိတ်လား...’

‘ မင်းငါ့ လာနောက်နေတာလား...’

‘ ဒါမင်းပြောတဲ့ လျို့ဝှက်အဖွဲ့အစည်းလား...’

‘ ဒါ နံပါတ်တစ်အဖွဲ့အစည်းလား... ဒါကျောင်းက နှာဘူးတွေလား...’

‘ နေပါဦး...’

‘ ဖွန်ကြောင်သူ မဟာမိတ်လား...’

‘ ဘာလို့ ငါ့ကို အာရုံလာစိုက်နေတာလဲ... ‘

‘ ဘာလို့ ငါ့ကို ဆွဲခေါ်လာတာလည်း...’

‘ ငါ နှာဘူးမဟုတ်ဘူးကွ...’

“ အကိုမို့ ကျွန်တော်မိတ်ဆက်ပေးမယ်...”

ဟောက်ရန်က လင်းမို့အား ငါးမျှားနေသူထံ ဆွဲခေါ်သွားသည် ။

“ ဒါ ကျွန်တော်တို့ ဖွန်ကြောင်သူ မဟာမိတ်ခေါင်းဆောင် ငါးဖမ်းသမား...”

ငါးဖမ်းသမားက မရှိသည့် မုတ်ဆိတ်မွှေးအား သပ်လိုက်သည် ။ ပညာရှိတစ်ယောက်၏ အမူအရာအတိုင်းပင် ။ သူက ခေါင်းညိတ်ကာ လင်းမို့ကို အသိအမှတ်ပြုလိုက်သည် ။

“ အဟမ်း...”

လင်းမို့ မနေနိုင်ဘဲ မေးမိတော့သည် ။

“ အကို ငါးမျှားနေတာလား... ဝါးတံမှာ ဘာလို့ ကြိုးမပါတာလည်း...”

“ အကိုမို့.... အကိုနားမလည်ပါဘူး...”

ဟောက်ရန်က ဝင်ရှင်းပြသည် ။

“ ငါးစာမပါဘဲ ငါးမျှားတဲ့ မဟာဆရာကြီးကျန်းကို အကိုကြားဖူးတယ်မလား...”

“ ဘာဆိုင်လို့လဲ...”

လင်းမို့ ရှုပ်ထွေးသွားသည် ။

“ မဟာဆရာကြီးကျန်းက ငါးစာမပါဘဲ ငါးမျှားတာ... ကျွန်တော်တို့ ခေါင်းဆောင်က အဆင့်ပိုမြင့်သွားပြီ... သူက ကြိုးတောင် မပါတော့ဘူး...”

ဟောက်ရန်၏ မျက်လုံးထဲတွင် လေးစားမှုများနှင့် ပြည့်နေ၏ ။

“ သူက ဒီမှာထိုင်နေရုံနဲ့ ငါးတွေက သူ့ဆီကူးလာတယ်...”

“ ငါးဘယ်နှကောင် ကူးလာပြီးပြီလဲ... “

လင်းမို့ မနေနိုင်ဘဲ မေးမိလိုက်သည် ။

“ တောင်းထဲမှာ ငါးမရှိဘူး... နှလုံးသားထဲမှာ ငါးရှိတယ်... “

ငါးဖမ်းသမားက ဒသနဆန်ဆန် ဖြေလိုက်၏ ။

ဟောက်ရန်က ဘာသာပြန်ပေးသည် ။

“ ကျွန်တော်တို့ ခေါင်းဆောင်က မိန်းကလေး တစ်ဒါဇင်လောက်ကို ဖွန်ကြောင်ဖူးတယ်... တစ်ယောက်မှ မရပင်မဲ့ ကျွန်တော်တို့ခေါင်းဆောင်ရဲ့ နက်နဲလှတဲ့ ဖွန်ကြောင်စွမ်းရည်ကို မထိခိုက်ဘူး... ကျွန်တော်တို့ သူ့ကို လေးစားလွန်းလို့ ကျွန်တော်တို့ ခေါင်းဆောင်အဖြစ် သတ်မှတ်ထားတာ... ကျွန်တော်တို့ ခေါင်းဆောင်က ဖွန်ကြောင်သူတို့ရဲ့ ဘုရင်... ပင်လယ်ခွေး ပဲ...( ဖွန်ကြောင်သူ ၊ ဖွန်ကောင် ၊ နှာဘူး အမျိုးမျိုးရေးနေပင်မယ့် သူတို့ပြောတာက နောက်က တကောက်ကောက်လိုက်ပြီး ကြောင်တဲ့သူတွေ ၊ မိန်းကလေးတွေကို နောက်ကနေလိုက်ချောင်းတဲ့သူတွေ ကို ဆိုတာဗျ ကျွန်တော်လည်း ဘယ်လိုပြန်ရမလဲ မသိလို့ အဆင်​​ပြေသလို ရေးနေတာ 😂 ) ​…”

“ ငါနားလည်ပြီ... ငါလုပ်စရာလေးရှိလို့ ပြန်လိုက်အုံးမယ် ...”

လင်းမို့ ထွက်သွားချင်လှလေပြီ ။

သို့သော်လည်း ဟောက်ရန်က ပြန်ဆွဲခေါ်ကာ ဒေါသတကြီး စာရေးနေသူထံ ခေါ်သွား၏ ။

“ ဒါက ကျွန်တော်တို့ ဖွန်ကြောင်သူ မဟာမိတ်ရဲ့ လူကြီး... အဆုံးမဲ့ခွေး ... သူက လွန်ခဲ့တဲ့ ဆယ်နှစ်ထဲက ကောင်မလေးတစ်ယောက်ထဲကို အချစ်စာပေးပြီး ဖွန်ကြောင်လာတာ... သူ့အကြောင်းကို ဝမ်းနည်းစရာ သီချင်း ရေးလို့တောင်ရတယ်... “

“ ဒါက ဒူးထောက်ခွေး... ဒါက နေမျှော်ခွေး... ဒါက... “

ဟောက်ရန်က လင်းမို့၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး မိတ်ဆက်ပေးလိုက်သည် ။

“ ကျွန်တော်တို့ ဖွန်ကြောင်သူ မဟာမိတ်ရဲ့ လူကြီးတွေ သေချာဆွေးနွေးပြီးတော့ အကို့ကို ကျွန်တော်တို့ အဖွဲ့ထဲခေါ်ဖို့ ဆုံးဖြတ်လိုက်တယ်...”

“ ငါ....”

လင်းမို့ ဆွံ့အ သွားသည် ။

‘’ ငါဖွန်ကြောင်တဲ့သူ မဟုတ်ဘူးကွ...’’

“ အကိုမို့က ဖွန်ကြောင်သူ မဟုတ်ဘဲ နောက်လိုက်ခွေးမှန်း ကျွန်တော်တို့သိပါတယ်... “

ဟောင်ရန်က လင်းမို့၏ ပခုံးကို ပုတ်လိုက်ပြီး....

“ တကယ်ဆိုရင် နောက်လိုက်ခွေးတွေက ကျွန်တော်တို့ အဆင့်မြင့်အဖွဲ့ထဲဝင်ဖို့ အဆင့်မမှီဘူး... ကျွန်တော်နဲ့ ခင်နေလို့သာ ဝင်ခွင့်ရတာ... “

“ ငါ နောက်လိုက်ခွေးမဟုတ်ဘူးကွ...”

လင်းမို့ သွေးအန်ထွက်ပေတော့မည် ။

“ အကိုမို့ ကျွန်တော်နဲ့ ဂျင်ကိုလိုက်တာ သိုင်းပညာအိမ်မက်အတွက်နဲ့ ကျွန်တော်တို့ ခင်မင်မှုကြောင့်ဆိုတာ ကျွန်တော် ယုံတယ်... ဒါပင်မဲ့ တတိယအချက်ရှိတာ ကျွန်တော်သိတယ်... အကိုကျန်းရွှယ်ကို လာချောင်းတာမှတ်လား... “

ဟောက်ရန် အရင်က လင်းမို့အား နောက်လိုက်ခွေး ဟုပြောသူများကို မယုံံခဲ့ပေ ။ သူ့အကို၏ သိုင်းပညာအိမ်မက်ကို သူယုံပေသည် ။

သို့သော်လည်း ထိုကြောင်းကို အဖွဲ့ဆီ တင်ပြလိုက်သောအခါ အဖွဲ့၏ လူကြီးများမှာ လင်းမို့အား နောက်လိုက်ခွေးဟု မှတ်ချက်ချခဲ့ကြသည် ။

ထို့ကြောင့် ဟောက်ရန်က ကျောင်းသို့ရောက်သည်နှင့် လင်းမို့အား ပျော်ရွှင်စရာ မိသားစုကြီးထဲသို့ ပါဝင်နိုင်ရန် ခေါ်ဆောင်လာခဲ့ခြင်းပင် ။

“ လင်းမို့... နောက်လိုက်ခွေးက ငါတို့အဖွဲ့မှာ အောက်ဆုံးက ဆိုပင်မဲ့ မစိုးရိမ်ပါနဲ့... “

ငါးဖမ်းသမားက သဘောထားကြီးစွာဖြင့်...

“ ငါတို့အဖွဲ့ကို ဝင်ပြီးတာနဲ့ ငါတို့က ညီအကိုတွေပဲ... ငါတို့မင်းကို အထင်သေးမှာ မဟုတ်ဘူး...”

“ တကယ်တော့ နောက်လိုက်ခွေး ဖြစ်ရတာ ကောင်းပါတယ်... ဖွန်ကြောင်ရတာ ပင်ပန်းတယ်ကွ...”

“ ငါ့ညီလာ... ဒါမင်းရဲ့အိမ်ပဲ...”

“ အိမ်ကနေ ကြိုဆိုပါတယ် အကိုမို့... “

ဖွန်ကြောင်သူ ဆယ်ယောက်ကျော်က လင်းမို့အား ဝန်းရံ၍ ကြိုဆိုနေကြသည် ။ လင်းမို့ အားမသုံးလျှင် ကျောင်းမတက်ခင် အတန်းသို့ ပြန်နိုင်မည် မထင်တော့ ။ လင်းမို့ ရုံးထွက်ရန် ပြင်လိုက်သည် ။

“ လင်းမို့... နင်က ဒီမှာ လာပုန်းနေတာပဲ... ငါနင့်ကို လိုက်ရှာနေတာ.... “

ကျန်းရွှယ် လူလုပ်တောင်ကုန်းအတုပေါ်တွင် ပေါ်လာ၏ ။

“ ငါနင့်ကို ရှာ​နေတာ ကြာလှပြီ... ငါနင့်ကို ပေးစရာရှိတယ် ...”

“ ဘာ...’’

“ ဘာလဲ...’’

“ လင်းမို့က နောက်လိုက်ခွေးမဟုတ်ဘူးလား... ကျန်းရွှယ်က ဘာလို့ လာရှာနေတာလဲ... “

“ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

“ ငါ့ဆယ်နှစ်ကြာ ဖွန်သက်တမ်းမှာတောင် ငါ့ နတ်သမီးလေးက ငါ့ကို စေ့စေ့မကြည့်ဖူးဘူး... လင်းမို့လို နောက်လိုက်ခွေးက ဘာလုပ်ခဲ့လို့လဲ... “

“ ဒါ ပုံရိပ်ယောင်ဖြစ်မယ်... ဟုတ်တယ်မလား...”

“ လင်းမို့ ဘယ်လိုလုပ်ခဲ့တာလဲ...”

ဟောက်ရန်တို့ ဖွန်ကြောင်သူ တစ်ဖွဲ့လုံး အံ့သြ သွားကြသည် ။ သူတို့ မြင်နေရသော မြင်ကွင်းက သူတို့နားလည်နိုင်သည်ထက် ကျော်လွန်သွားသည် ။

‘ကပ်ဖားတွေက ဘယ်တုန်းက ဒီလောက် ကံကောင်းဖူးလို့လဲ... ကျန်းရွှယ်က လင်းမို့ကို ဘာလို့ လာရှာတာလဲ ... ပြီးတော့ ပေးစရာရှိသေးတယ်လား...’

ယခုကဲ့သို့ အသိအမှတ်ပြုခံရမှု ဖွန်ကြောင်သူ မဟာမိတ် တွင် မရှိခဲ့ဘူးချေ ။ ဤသည်က မကြုံစဖူးပင် ။

( ဖွန်ကြောင်သူ ဆိုတာက ကောင်မလေးတွေကို ဖွင့်ပြောရဲပြီး လိုက်ကပ် လိုက်ကြောင်နေတဲ့သူ... နောက်လိုက်ခွေးက ကောင်မလေးတွေကို စကားမပြောရဲ ဖွင့်မပြောရဲလို့ အဝေးကနေ လိုက်ချောင်းနေတဲ့သူ... )

All Chapters