နံရံတွေမှာ နားရှိတယ်
Vol. 130 Ch. 1791
ထိုပုံရိပ်ယောင်ဒြပ်စင်ငါးခုဂြိုဟ် ပျက်စီးသွားသည့်အခါ ကောင်းကင်သည် တွန့်ခေါက်ပုံပျက်သွား၏။ ကောင်းကင်သည် အပိုင်းပိုင်းအစစ ဖြစ်ကုန်ကုန် အဘက်ဘက်သို့ ပျံ့နှံ့သွားသည့်အလား ထင်မှတ်ရသည်။
ထိုသုံးယောက်ကြောင့်သာ မဟုတ်ပါက စက်ဝန်းကိုးခုနှလုံးသားဘီးအစီအရင်သည် သည်နေရာရှိ လူတိုင်းကို သတ်ပစ်ပေလိမ့်မည်။ ဤသည်မှာ ဝမ်လင်းက ရက်စက်လွန်း၍ မဟုတ်၊ သူ ကိုယ်တိုင်တွေ့ကြုံခံစားရမှုကို သူတို့အား ပြန်တွေ့ကြုံစေခြင်းသာ ဖြစ်သည်။
ဝမ်လင်းက ကောင်းကင်ထက်တွင် ပေါ်လာပြီး သည်ဂြိုဟ်ကို တည်ငြိမ်စွာ ကြည့်၏။ သူက အသိစိတ်လွတ်နေသာ နန်ဒူ၊ ညာလက်ကျိုးနေသော အဘိုးအို၊ ကျန်သည့်ကျင့်ကြံသူရာချီနှင့် သူ့ကို သုန်မှုန်စွာ စိုက်ကြည့်နေသော အဘိုးအိုသုံးယောက်တို့ကို တွေ့မြင်သည်။
ထိုသုံးယောက်သည် သက်လတ်ပိုင်းအရွယ်သာ ရှိသည်ဟု ထင်ရသော်လည်း သူတို့၏ရှေးဆန်သောအော်ရာက ထိုသူများမှာ ရှာကြာလွန်းစွာ နေထိုင်ခဲ့ပြီးသူများမှန်း ဖော်ပြနေသည်။ သူတို့၏ထူးဆန်းသော ဝတ်စားဆင်ယင်မှုက သည်လှိုဏ်ဂူလောက်မျ ကျင့်ကြံသူများနှင့် မတူပေ။
ဝမ်လင်းက ဝေ့ခတ်ကြည့်ရှုပြီးနောက် သူက တည်ငြိမ်စွာ ရှိနေပြီး သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ လက်နှစ်ဖက်ဆုပ်၍ ပြောသည်။
“ငါက ဒီလှိုဏ်ဂူလောကက ဝမ်လင်းပဲ။ အင်မောတယ်ကောင်းကင်ဘုံနယ်မြေက ရောင်းရင်းကျင့်ကြံသူတွေကို တွေ့ဖို့ ငါ ရောက်လာခဲ့တာ။သင်တို့ ဒီလောကမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကောင်းကောင်းကြီး နေထိုင်ခဲ့ပြီးပြီမလား…”
ဝမ်လင်း၏စကားလုံးများက ရွှေရောင်ဝတ်စုံနှင့် အဘိုးအို၏အမူအရာကို ကြီးစွာ ပြောင်းလဲသွားစေ၏။ သူ့စိတ်မှာ အစီအရင်ကြောင့် ဒဏ်ရာရထားခဲ့ပြီး ဖြစ်ကာ သည်တုန်လှုပ်မှုက သူ့ပါးစပ်ကနေ သွေးများ စီးကျလာစေသည်။
ထွက်ပေါ်လာသော ကျန်သုံးယောက်၏အမူအရာများမှာ ပြောင်းလဲမသွားပေ။ သို့သော် သူတို့၏မျက်လုံးသူငယ်အိမ်များ ကြုံ့သွားကြသည်။ ဝမ်လင်းထံ ကြည့်နေသော သူတို့၏အကြည့်က ပို၍ပင် အေးစက်လာသည်။
ဝမ်လင်း ထိုသို့ ပြောလိုက်သည့်နောက် သူက ရှေ့သို့ လှမ်း၍ ညာလက်ဖြင့် လက်သီးဆုပ်၏။ သူ၏ ရှေးဟောင်းနတ်ဘုရား၊နတ်ဆိုး၊မိစ္ဆာကြယ်များသည် တစ်ချိန်တည်း ပေါ်လာကာ သူ့နောက်တွင် ကြီးမားသော ရှေးတောက်အရိပ်တစ်ခု ပေါ်လာချေသည်။
ထိုအရိပ်က ကောင်းကင်နှင့်မြေကြီးကို ထွင်းဖောက်ကာ ကောင်းကင်တခွင် သိမ်းပိုက်နေရာ ယူထားသည်။ ၎င်းကလည်း ညာလက်သီးဆုပ်ထား၏။
“ရှေးတောက်ကလန်…” သက်လတ်ပိုင်းလူသုံးယောက်ထဲမှ တစ်ယောက်၏အမူအရာမှာ ပြောင်းလဲသွား၏။ သူတို့သုံးယောက်က ဝမ်လင်းထံ တိုးဝင်လာကြသည်။ သူတို့ထဲမှ တစ်ယောက်က ကိုးရောင်စုံနဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသည်။
နောက်တစ်ယောက်က အနက်ရောင်အခိုးငွေ့များ ဖုံးနေသော ဧရာမတစ္ဆေကြီးအဖြစ်သို့ ပြောင်း၏။ ထိုတစ္ဆေက အကြမ်းပတမ်း ရှေ့သို့ တိုးဝင်လာသည်။
နောက်ဆုံးလူကိုမူ ဒြပ်စင်ငါးခု ဖုံးလွှမ်းထားပြီး ဒြပ်စင်ငါးခု၏ ပုံရိပ်ယောင်များသည် သူ့ပတ်လည်တွင် တောက်ပလာသည်။ ထိုပုံရိပ်ယောင်များသည် သူ၏ခန္ဓာကိုယ်ပတ်လည်၌ သိပ်သည်းကာ သူ ဝမ်လင်းထံ တိုးဝင်လာစဉ် လောကသည် အရောင် ပြောင်းလဲ၏။
ဝမ်လင်းက သူ့ညာလက်ဖြင့် လက်သီးဆုပ်ကာ မျှော်စင်ထံသို့ လှမ်းသည်။ သူက လက်သီးတစ်လုံး ပစ်သွင်းရန် ဟန်ပြင်၏။ သို့သော် သူက ရပ်တန့်လိုက်၏။
ဝမ်လင်း၏အမူအရာသည် မပြောင်းလဲသွားပေ။ သူက ထိပ်ပြာသွားခြင်းလည်း မရှိပါ။ သူက သည်နေရာသို့ လာဝံ့မှာတော့ ကြိုတင်ပြင်ဆင်ခဲ့ပြီးပင်။ ထိုသုံးယောက်က အားမနည်းသော်လည်း ဝမ်လင်းက ဂရုမစိုက်ပေ။
ထိုသုံးယောက် နီးကပ်လာသည့်အခါ ဝမ်လင်းက သူ့ဘယ်လက်ကို ဝေ့ယမ်းလိုက်၏။ သူ့နောက်တွင်လည်း ရှေးတောက်အရိပ် ပေါ်လာကာ ၎င်း၏ဘယ်လက်ကို ဝေ့ယမ်းသည်။ ၎င်း၏ခန္ဓာကိုယ်ကြီးမှာ တွန့်ခေါက်၍ ဝမ်လင်းကို ခြုံလွှမ်းသည်။
သည်အခိုက်အတန့်တွင် သူတို့သုံးယောက်ထံမှ မန္တာန်များ ကျရောက်လာကာ ဝမ်လင်းအား ကာကွယ်ပေးထားသော ရှေးတောက်အရိပ်နှင့် ထိပ်တိုက်တွေ့သည်။ ထိုအရိပ်က တုန်ယင်လျက် သည်အစွမ်းထက်သော တိုက်ချက်များကို ခုခံနိုင်စွမ်း မဲ့သည်။ အသက်အနည်းငယ်ရှိုက်စာ ကြာမြင့်ပြီးနောက် ၎င်းသည် ရုတ်တရက် ပျက်စီးသွားသည်။
ရှေးတောက်အရိပ်ပျက်စီးမှုက ပြင်းထန်သောတုန်ခါလှိုင်းကို ဖန်တီး၏။ မြေပြင်ထု တုန်ယင်ကာ သက်လတ်ပိုင်းလူသုံးယောက်သည် ပေထောင်ချီ နောက်ဆုတ်သွားပြီးမှ ရပ်တန့်နိုင်စွမ်း ရှိလေတော့၏။
ရှေးတောက်အရိပ်သည် ပျက်စီးသွားခဲ့ပြီ။ သို့သော် ဝမ်လင်းက တစ်စက်လေးမျှ ဒဏ်ရာမရသွားပေ။ ထိုအရိပ်ပျက်စီးသွားပြီးနောက် ဝမ်လင်းက ရှေ့သို့ ခြေလှမ်းကာ မျှော်စင်ထိပ်တွင် ပေါ်လာလေ၏။ သူ့လက်ဖြင့် လက်သီးဆုပ်ဟန် ပြုကာ သူက မျှော်စင်ထံ ရိုက်ချလိုက်သည်။
ဝမ်လင်းသည် ဒီဒြပ်စင်ငါးခုဂြိုဟ်သို့ ရောက်လာခဲ့ရသည့် အကြောင်းရင်းမှာ သည်လက်သီးချက်ကြောင့် ဖြစ်၏။
သူ၏ရည်ရွယ်ချက်မှာ ဒြပ်စင်ငါးခုဂြိုဟ်တွင် ပုန်းကွယ်နေသော အင်အားစုများကို အတင်းအကြပ် ထွက်ပေါ်လာစေရန် ဖြစ်၏။ သူသည် ရှေ့ဖြစ်ဟောသူအပြင် ဒီပုန်းကွယ်နေသော ဒုတိယအင်အားစုက မည်မှှျ သန်မာအားကောင်းသည်ကို မြင်ချင်သည်။
သူက သည်အရာအားလုံးကို နားလည်ပြီးမှသာ တတိယစိတ်ဝိညာဉ်ကို ရှာဖွေဖို့ သူ့အစီအစဉ်ကို စမည် ဖြစ်၏။
ရှေးတောက်အရိပ်၏ ပေါက်ကွဲပျက်စီးမှုက ကြီးမားလှ၏။ ပြင်းထန်သောတုန်ခါလှိုင်းက ဝမ်လင်းကို ဗဟိုပြု၍ ပျံ့လွင့်ကာ သည်နေရာရှိ လူတိုင်းကို ရှေ့ဆက်မတိုးနိုင် ဖြစ်စေသည်။
ထို့အတွက် သူ့လက်သီးချက်က မျှော်စင်ထံသို့ တားဆီးသူမရှီ ထိမှန်ကျရောက်သွားသည်။
သက်လတ်ပိုင်းလူသုံးယောက်၏ အမူအရာများ ပြောင်းလဲကုန်၏။ သူတို့က ရှေ့တိုးကာ ဝမ်လင်းကို တားဆီးချင်ကြသည်။ သို့ပေမည့် သူတို့သည် ရှေးတောက်အရိပ်၏ ပေါက်ကွဲအားကြောင့် ရပ်တန့်လိုက်ရသည်။ ဤအရာများမှာ ဝမ်လင်းအစီအစဉ်၏ တစိတ်တပိုင်းသာပင်။
သူ့လက်သီးချက် မြည်ဟိန်း၏။ ထိုလက်သီးချက်တွင် သူ၏ခွန်အားပြည့်၊ ပြတ်သားမှုတို့ ပါဝင်၏။ သူက မျှော်စင်ထံ နီးသထက် နီးလာသည်။
သို့ပေမည့် ထိုအခိုက်တွင် မျှော်စင်လေးထပ်မြောက်မှ အစွမ်းထက်အော်ရာတစ်ခု ထွက်ပေါ်လာသည်။ ထိုအော်ရာ ပျံ့နှံ့လာသည်နှင့် ဝတ်ရုံနက်လူငယ်တစ်ယောက်က ယင်းအလွှာထံမှ လှမ်းလျှောက်ထွက်လာ၏။
ထိုလူငယ်မှ သာမန်ဟုသာ ထင်ရ၏။ သို့သော် သူ့မျက်လုံးထံမှ ထူးဆန်းသောအလင်း လှစ်ဟပေါ်သည်။ သူက ဝမ်လင်း၏ နတ်ဘုရားပြစ်ဒဏ်အတွင်း ဟင်းလင်းပြင်အက်ကြောင်းအတွင်းမှ လှမ်းထွက်လာခဲ့ဖူးသော လူငယ်ပင်။
ထိုလူငယ်က ဆင့်ခေါ်ခြင်းမြစ်ကြယ်အဖွဲ့အစည်းတွင်လည်း တစ်ခုခုကို ရှာခဲ့သေး၏။ သို့သော် လွန်ခဲ့သောနှစ်ပေါင်းများစွာက သူ ပြန်ရောက်လာခဲ့ပြီး လေးလွှာမြောက်၌ တံခါးပိတ်ကျင့်ကြံနေခဲ့သည်။
သူက ဝမ်လင်းကို သိပေသည်။ ဝမ်လင်းကလည်း သူနှင့် ဆုံဖူးသည်။
“မင်းကို…” ထိုလူငယ် ပေါ်လာသည်နှင့် ဝမ်လင်းက မြင်သည်။ ဝမ်လင်းက သူ့ကို တစ်ခါ တွေ့ဖူးသည်။
ထိုလူငယ်က စကားမဆိုပေ။ သူက ဝမ်လင်းထံ လှမ်းလာ၏။ ဝမ်လင်း၏ လက်သီးချက် ဆင်းသက်လာသည့်အခါ သူက ရှေ့သို့ လက်ညွှန်လိုက်၏။
သူက ချိပ်ဟန်တစ်ခုကို စေလွှတ်လိုက်သည်နှင့် ပုံရိပ်ယောင်အနက်ရောင်ပန်းပွင့်ခြောက်ခု ပေါ်လာသည်။ ထိုပန်းပွင့်တို့မှာ တောက်ပလှ၏။ ယင်းပန်းပွင့်တစ်ပွင့်ချင်းဆီထံမှ လက်တစ်ဖက်စီ ထွက်ပေါ်လာကာ စုစုပေါင်း လက်ခြောက်ဖျက်သည် ဝမ်လင်း၏လက်သီးထံ တိုးဝင်သည်။
နှစ်ဖက်ထိပ်တိုက် တွေ့ကြ၏။ ဝမ်လင်း၏လက်သီးချက်သည် တုန်ခါကာ သူက အဖျက်အစီးအားသည် သူ့ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လာသည်ကို ခံစားမိလိုက်သည်။ ထိုအဖြစ်က သူ့ကို ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားစေသည်။
ထိုလူငယ်သည် အလားတူ ခံစားလိုက်ရသည်ပင်။ သူ့မျက်နှာမှာ ဖြူရောသွားပြီး သူ၏ခန္ဓာကိုယ်ထံမှ တစီစီအသံများ ထွက်ပေါ်လာ၏။ သူ့နောက်ရှိ ပန်းပွင့်ခြောက်ခုမှာလည်း ပျက်စီးသွားသည်။
ဘက်ညီနေခြင်း။
ဝမ်လင်းက နောက်ဆုတ်လိုက်စဉ် သူ့လက်ပေါ်ရှိ အနက်ရောင်ပန်းပွင့်ခြောက်ပွင့်က သူ့အရေပြားကို ခပ်နှိပ်သွားသည့်အလား။ သူ့လက်မှာ စတင် ပုတ်သိုးလာပြီး အရည်ပုတ်များ စီးကျလာသည်။
ပြင်းထန်သောနာကျင်မှုက ဝမ်လင်း၏စိတ်ထဲ တိုးဝင်လာ၏။ သူ့မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားသည်။
ထိုလူငယ်၏မျက်ခုံးနှစ်ခုကြား၌ ပုံရိပ်ယောင်ကြယ်တစ်လုံး ပေါ်လာသည်။ ထိုကြယ်က သူ့ဘယ်ညာမျက်လုံးတို့တွင်လည်း ပေါ်လာ၏။ သည့်အတွက် ဝမ်လင်း၏ ရှေးတောက်ကျင့်ကြံခြင်းသည် သူ၏ကျင့်ကြံသူကျင့်ကြံခြင်းနှင့် ပေါင်းစပ်ပေပြီ။
ထိုကြယ်များ ပေါ်လာသည့်နောက် ယင်းတို့ ရှေးဟောင်းနတ်ဘုရား၊ ရှေးဟောင်းနတ်ဆိုး၊ ရှေးဟောင်းမိစ္ဆာများအဖြစ် ပြောင်းလဲသည်။ ယင်းတို့က လူငယ်၏စိတ်တွင် တည်ရှိလာကာ သူ့မူလစိတ်ဝိညာဉ်ကို တိုက်ခိုက်သည်။
ထိုလူငယ်၏အမူအရာက အစကတည်းက တည်ငြိမ်နေ၏။ သူ၏တည်ငြိမ်မှုကြောင့် ဝမ်လင်းက ထိုသူမှာ အလွန်အားကောင်းမည်ဟု ယူဆမိသည်။
ဝမ်လင်းက ထိုလူငယ်သည် ယွမ်ရီဖန်ဟု အမည်ရကာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ကောက်ရီကလန်၌ ကျော်ကြားလှသူ ဖြစ်မှန်း သိမထားပေ။ သူက ပင်မတပည့်များကြား၌ အဆင့်သုံးတွင် ရှိသူပင်။
သူက ဒီလှိုဏ်ဂူလောကထဲသို့ သူ့ဦးလေးနောက်တွင် လိုက်ပါလာခဲ့၏။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် သူကိုယ်တိုင်မှာ ဒီနေရာ၌ မဟာကံကောင်းမှုများ ရခဲ့၏။ သူက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေသို့ ပြန်ရောက်သည်နှင့် ကောင်းကင်ဘုံ၏ ဂုဏ်ယူရသော သားတော်တစ်ယောက် ဖြစ်လာကာ ပင်မတပည့်များကြား ပထမနေရာအတွက်ပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်တော့မည်။
ကောက်ရီကလန်၏ ပထမတပည့်ဟူသော အဆင့်အတန်းဖြင့် သူ့နာမည်မှာ ကလန်ကိုးခု၊ အင်အားစုဆယ့်သုံးခုကြား ပျံ့နှံ့သွားပေလိမ့်မည်။
သူတို့နှစ်ယောက်က စကားမဆိုပေ။ ဝမ်လင်းသည် သူ့ညာလက်ကို ဝေ့ယမ်း၏။ ပန်းပွင့်နက်ခြောက်ခုထဲမှ သုံးခုသည် ချက်ခြင်း လွင့်ပျောက်သွားသည်။ ကျန်ပန်းပွင့်သုံးခုသည်လည်း သူ၏အင်မောတယ်ရှေးခန္ဓာကိုယ်၏ ပြန်ကောင်းမွန်နှုန်းကြောင့် မြန်ဆန်စွာ ပျက်စီး၏။ သူ၏ညာလက်မှာ လုံးဝ ကောင်းမွန်လာတော့သည်။
ထိုလူငယ်တွင်လည်း သူ့ကိုယ်ပိုင်နည်းလမ်းများ ရှိ၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ထို့နောက် သူ့ခန္ဓာကိုယ်ပေါ်သို့ အကြိမ်များစွာ ညွှန်လိုက်၏။ ထို့နောက် သူက ဆေးလုံးကဲ့သို့ အစေ့တစ်ခုကို ထုတ်ယူကာ မြိုချလိုက်သည်။
ထိုဆေးလုံးသည် ရုတ်တရက် သူ၏ခန္ဓာကိုယ်တွင်း၌ ထူးဆန်းသောအားနှင့်အတူ ပေါက်ကွဲကာ သူ၏ကိုယ်တွင်းရှိ ရှေးကလန်အရိပ်သုံးခုကို သတ်ပစ်သည်။ သို့ပေမည့် သူ၏ ပြန်ကောင်းမွန်နှုန်းက ဝမ်လင်းထက် အနည်းငယ် နှေးနေသည်။
ထိုအသက်အနည်းငယ်ရှိုက်စာ အချိန်က ဝမ်လင်းအတွက် သူလုပ်ချင်သည့် အရာအားလုံးကို လုပ်ဖို့ လုံလောက်ပေသည်။ သူက ထိုလူငယ်ကို မတိုက်ခိုက်ပေ။ သို့ပေမည့် လက်သီးဆုပ်ကာ ယင်းလူငယ် ဒဏ်ရာပြန်ကုစားနေစဉ်အတွင်း မျှော်စင်ထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
သည်တစ်ကြိမ်၌ ထိုလူငယ်မှာ ဟန့်တားနိုင်စွမ်း မရှိတော့ပေ။
လက်သီးတစ်ချက်ဖြင့် လောကသည် တုန်ဟည်း၏။ မျှော်စင်သည် တုန်ယင်ကာ ဝမ်လင်း၏လက်သီးချက်ကို စုပ်ယူသည်ဟု ထင်ရ၏။ ၎င်းက အောက်ခြေကနေ စတင် ပြိုလဲလာသည်။
ဖုန်မှုန့်မြောက်မြားစွာ လေထဲသို့ မြင့်တက်၍ မျှော်စင်အောက်ခြေကနေ လေးလွှာမြောက်ထိပ် တစစီ ဖြစ်သွားတော့သည်။
ထိုမျှော်စင်မှာ ရုတ်ချည်း ပေါက်ကွဲသွားရပြီ။ သို့သော် မျှော်စင်ထိပ်ဆုံးသုံးလွှာက မလှုပ်မရှား၊ မပြောင်းမလဲဘဲ ပုံမပျက် ဆက်ရှိနေ၏။ ယင်းတို့က နေရာတွင်ပင် မြောလွင့်တည်ရှိကာ တောက်ပသောအလင်းတစ်ခုကို ပေးစွမ်းသည်။
ထိုသုံးလွှာသည် မျှော်စင်၏ကျန်အလွှာများနှင့် ဆက်စပ်နေဟန် မရှိပေ။ ကောက်ရီကလန်မှ လူများ သည်အလွှာသုံးကို အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှ ယူဆောင်လာခဲ့ခြင်း ဖြစ်ပြီး ကျန်မျှော်စင်အလွှာများကိုမူ သူတို့၏ မျိုးဆက်များက နောက်မှ တည်ဆောက်ခဲ့ကြခြင်းပင်။
ထိုစဉ်မှာပင် အိုမင်းသော်လည်း အစွမ်းထက်လှသည့် အသံတစ်သံ တတိယအလွှာထံမှ ထွက်ပေါ်လာသည်။
ထိုအသံသည် မိုးခြိမ်းသံအလား။ သို့သော် ၎င်းက မိုးကြိုးသံတို့ ပိုကျယ်လောင်၏။ လောကသည် အရောင်များ ပြောင်းလဲကာ အသံတစ်သံက ဥပဒေသအလား သက်ဆင်းလာသည်။
“ရှေးတောက်လူရိုင်းဂျူနီယာ။ မင်းရဲ့ တောက်ကလန်ဟာ ရှေးကလန်သုံးခုကြားမှာ အားအနည်းဆုံးပဲ။ မင်းတို့အားလုံးဟာ အရိုင်းအစိုင်းသာသာပဲ။ မင်းရဲ့ မိသားစုခေါင်းဆောင်တောင် ကောက်ရီကလန်ရှေ့မှာဆို အရိုင်းအစိုင်းသာသာပဲ ရှိလိမ့်မယ်…”
ထိုမောက်မာလှသောအသံက ဝမ်လင်းပေါ်သို့ ကျရောက်လာ၏။
ဝမ်လင်း မည်သို့မျှ ခံစားချက် ဖြစ်မသွားခင်မှာပင် ဂြိုဟ်အပြင်ဘက်ရှိ အင်ပါယာရွှမ်လော၏ အမူအရာသည် ထူးခြားသွားသည်။ မည်သူကမျှ သူ့ကလန်ကို အရင်က ခုလိုမျိုး မစော်ကားဝံ့ဖူးပေ။ သည်တတိယအလွှာမှ အဘိုးအိုကသာ ပထမဆုံး ဖြစ်ပေလိမ့်မည်။
သို့ပေမည့် ထိုမောက်မာလှသော အဘိုးအိုက ရွှမ်လောသာ သူ့စကားကို ကြားသည်အား သိသွားပါက ကြောက်လန့်၍ သွေးတက်သွားပေလိမ့်မည်။