မည်သူမှ မယှဥ်နိုင်
Vol. 3 Ch. 39
~
ယနေ့ည ရှေးဦးစကြာဝဠာ ရှိလူတိုင်းနီးပါး လူသစ်ကွင်းကို အာရုံစိုက်နေကြသည် ။
မနေ့က Black Earth ဟူသော သိုင်းအလုပ်သင် တစ်ယောက် လူသစ်ကွင်း၏ စံချိန်ကို ချိုးဖျက်ထားလေသည် ။ ထို့ကြောင့် ယနေ့ မရေမတွက်နိုင်သောလူများ Black Earth နိုင်ပွဲမည်မျှထိ ဆက်သွားမည်ကို စောင့်မျှော်နေ၏ ။ သိုင်းအလုပ်သင်လေးတစ်ယောက် မည်မျှထိ စွမ်းဆောင်နိုင်မည်ကို သိချင်ကြသည် ။
လူသစ်ကျေးရွာ အပြင်တွင် တာဝန်လက်ခံခဲ့ကြသော သိုင်းပညာရှင်များ စောင့်နေကြသည် ။ သူတို့ လင်းမို့အား အနိုင်ယူရန် မစောင့်နိုင်တော့ ။
လင်းမို့ လူသစ်ကွင်းရှိ ကလေးများကြား မာနကြီးနေနိုင်သော်လည်း ဝါရင့်နတ်ဆိုးများနှင့်တွေ့လျှင် တစ်မိနစ်အတွင်း အရိုက်ခံရပေတော့မည် ။ လင်းမို့၏ နိုင်ပွဲမှာ ပွဲ၂၀ တွင် ရပ်တန့်တော့မည်ဟု လူတိုင်းတွေးနေကြ၏ ။ သူတစ်ပွဲမှ နိုင်မည်မထင်ကြ ။
“ Black Earth ဘာလို့ မလာသေးတာလဲ...”
“ သူမလာရဲဘူးလို့ မပြောနဲ့နော်...”
“ သွေးကြောင်မနေနဲ့ဟ ... ဒီမှာ လူတိုင်း မင်းအရိုက်ခံရတာကြည့်ဖို့ စောင့်နေရတာ... “
“ သိုင်းအလုပ်သင်ကသာ ၂၁ ပွဲဆက်နိုင်ရင် ငါ လိုက်လွှင့်ပြီး ချီးစားပြမယ်... “
Little Yu ဟူသော နီတီဇင် တစ်ယောက်က ဝင်၍လှောင်သည် ။
အခြား နီတီဇင်များက Little Yu ကို ဝန်းရံကြတော့သည် ။
“ ငါ့အပေါ်က မန့်သွားတဲ့အကို တကယ် သတ္တိကောင်းတယ်... “
“ ဘာလို့လဲမသိဘူး... ငါလင်းမို့ရှုံးတာ မမြင်ချင်တော့ဘူး... ချီးစားပြတာ ကြည့်ချင်ပါတယ်...”
“ ပထမဆုံး တိုက်ရမယ့်အကို... အရှုံးပေး ပေးပါလားဗျ ...”
“ ဟုတ်တယ်... ငါတို့ လင်းမို့ကို ၂၁ ပွဲမြောက် နိုင်ပွဲပေးသင့်တယ်... “
အားလုံးစောင့်မျှော်နေကြသော လင်းမို့ နောက်ဆုံး ရှေးဦးစကြာဝဠာ အတွင်းသို့ ဝင်ရောက်လာသည် ။
ပြီးနောက်...
မေးခွန်းထုတ်နေကြသူအားလုံး ပျောက်ကွယ်သွား၏ ။
သူတို့မြင်လိုက်ရသည်မှာ...
21 ပွဲဆက်နိုင်ပွဲ...
၂၂ပွဲဆက်နိုင်ပွဲ...
၂၃ ပွဲဆက်နိုင်ပွဲ....
….
….
၂၉ ပွဲဆက်နိုင်ပွဲ....
Black Earth အား ရပ်တန့်နိုင်သူ မရှိ ။ လူသစ်ကျေးရွာ၏ အပြင်မှလာသူအားလုံး တစ်ချက်ထိုး၍ အသတ်ခံလိုက်ရသည် ။
“ သန်မာလိုက်တာ...”
“ ရယ်ရတယ်ဟေ့...”
“ သူက သိုင်းအလုပ်သင် တစ်ယောက်မှ ဟုတ်ရဲ့လား... သိုင်းအလုပ်သင်က ဘာလို့ အဲ့လောက် ကြမ်းနေတာတုန်း... “
မရေမတွက်နိုင်သော ကြည့်ရှုသူများ အံ့အော သထက် အံ့အော ကုန်သည် ။
မရေမတွက်နိုင်သော မျက်ဝန်းအစုံများ ပြူးသထက်ပြူးကျယ်ကုန်သည် ။
လင်းမို့၏ ပြိုင်ဘက်များသည်တော့ သူတို့၏ ကံမကောင်းမှုအတွက် ချောင်ကပ်ငိုရုံသာ တက်နိုင်တော့သည် ။
လူသစ်ကွင်း၏ ဆုကြေးကို လက်ခံခဲ့သည်မှာ ကြည့်ရှုသူ သန်းချီရှေ့တွင် လင်းမို့ကို အနိုင်ယူပြီး ခွန်အားပြရန်ဖြစ်သည် ။
ယခုတော့ တစ်ယောက်ပြီးတစ်ယောက် လင်းမို့ အနိုင်ယူသည်ကို ခံလိုက်ရ၏ ။ တစ်ယောက်မှ ပြန်မတိုက်နိုင်ကြ ။
“ ခက်ခဲလွန်းတယ်... “
“ ငါ့ ဂုဏ်သိက္ခာလေးတော့ မြောင်းထဲရောက်ပါပြီကွာ... “
“ ငါ အသက်လေးဆယ်ရှိပြီ ... အသက် ၁၈ နှစ် သိုင်းအလုပ်က မျက်နှာဖြတ်ရိုက်သွားတာ... အနာဂတ်မှာ သိုင်းပညာရှင်တစ်ယောက်အနေနဲ့ ငါဘယ်လိုရပ်တည်ရတော့မလဲ... “
“ သိက္ခာကျပါပြီကွာ... “
လင်းမို့၏ ပြိုင်ဘက်များ ပြိုင်ပွဲပြီးသည်နှင့် ထိုင်ငိုကုန်ကြသည် ။ သိုင်းအလုပ်သင် တစ်ယောက်က တစ်ချက်ထိုးဖြင့် အနိုင်ယူခံလိုက်ရကာ မရှက်ဘဲ မနေနိုင် ။
“ ဟေး အကုန်လုံး... ခုနက Little Yu ဆိုတဲ့ကောင် လိုက်လွှင့်ပြီး ချီးစားပြမယ် ပြောထားတာ... အဲ့ကောင်ဘယ်ရောက်သွားလဲ...”
“ ဟုတ်တယ် အဲ့ကောင်ကို ရအောင်ဆွဲထုတ်... ငါဒီနေ့ အစပ်တွေစားထားတာ... ငါချီးပါပေးမယ်... “
“ အပေါ်က ညိုကီ... ဒီနေ့ ငါ့ကို အခွင့်အရေးပေးပါ... ငါ့ဟာက ပိုအရသာရှိတယ်... ငါဒီနေ့ ချီးပန်းနေတာ... “
ရှားနိုင်ငံ မြောက်ဘက်ရှိ မြို့တစ်မြို့တွင်...
လင်းမို့ ရိုက်သည်ကို ခံထားဖူးသော God Of Slaughter တစ်ယောက် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေ၏ ။
‘ ငါမနေ့က ရှုံးတာ ဘယ်လို ဘီလူး ကိုလဲဟ... “
သူမနေ့က မှတ်စုစာအုပ်တွင် ‘ တတိယနှစ်ရှိ သန်မာသူများ အလွန်ကြောက်စရာကောင်းသည် ‘ ဟု ရေးခဲ့သော်လည်း သူအရှုံးကို လက်မခံခဲ့ ။ သူ့အမြင်တွင် Black Earth မှာ သူ့ထက်အသက်ကြီးသောကြောင့် ရှုံးခဲ့ရခြင်းဖြစ်သည် ။ ထို့ကြောင့် သူ၏ မှတ်စု စာအုပ်တွင် ‘ ယောကျ်ားကောင်းတစ်ယောက် လက်စားချေရန် နောက်ကျသည်ဟူ၍မရှိ ‘ ဟု ထပ်မံ ဖြည့်သွင်းခဲ့သည် ။
သူ အရွယ်ရောက်လာလျှင် ထို Black Earth အား လက်စားပြန်ချေရမည် ။
ယခုတော့...
God Of Slaughter က သူ့ မှတ်စုစာအုပ်ကို ထုတ်ယူလိုက်ကာ ‘ ယောကျ်ားကောင်းတစ်ယောက် လက်စားချေရန် နောက်ကျသည်ဟူ၍မရှိ ‘ ကိုဖျက်ကာ ‘ ယောကျ်ား တစ်ယောက်အနေနှင့် လုပ်သင့် မလုပ်သင့်ကို သိရမည် ‘ ဟူ၍ ပြောင်းရေးလိုက်သည် ။
God Of Slaughter က မှတ်စုတွင် ပြောင်းရေးပြီးနောက် ရုတ်တရပ် သဘောပေါက်သွားသည် ။
‘ ငါမနေ့ည Black Earth နဲ့ တွေ့တုန်းက သူနိုင်ပွဲ တစ်ပွဲမှ မရှိသေးဘူး... အဲ့တာဆို နိုင်ပွဲ ၂၉ ပွဲဆက်က ငါက စတာပေါ့... ‘
ထိုသည်ကို တွေးမိသည်နှင့် သူဂုဏ်ယူသွားသည် ။ ၂၉ ပွဲဆက်နိုင်ပွဲ ဟူသည် အဘယ်နည်း ။ ဒဏ္ဍာရီ တစ်ပုဒ်ဖြစ်သည် ။ သူ Black Earth အား ရှုံးနိမ့်ခဲ့သည်ပွဲမှာ ဒဏ္ဍာရီတစ်ပုဒ် ဖြစ်ပေါ်လာခြင်း၏ အစဖြစ်သည် ။
God Of Slaughter က သူတိုက်ပွဲဝင်ခဲ့သော ဗီဒီယိုကို အတန်းဂရုချက်တွင် တင်ကြွားလိုက်သည် ။
“ Black ရဲ့ ၂၉ ပွဲဆက် နိုင်ပွဲက ငါက စတယ်ဆိုတာ မြင်လား... ငါမပါရင် ၂၉ ပွဲဆက်နိုင်ပွဲ ရှိမှာမဟုတ်ဘူး ၂၈ ပွဲပဲ ရှိလိမ့်မယ်... “
ဂရုတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားသည် ။
“ ချီး... မင်း Black Earth ကို ရှုံးဘူးတယ်လား... ဒီနှစ်ကတော့မင်းနှစ်ပဲဟေ့... “
“ Black Earth က အဆင့်၃ အထွတ်အထိပ်တွေကို တစ်ချက်ထိုးနဲ့ အနိုင်ယူထားတာ... မင်းကို အနိုင်ယူဖို့ ပါးနှစ်ချက်ရိုက်ပြီးမှ လက်သီးတစ်ချက်ထိုးတယ်ဆိုတော့ ... မင်းက အဆင့်၃ အထွတ်အထိပ်တွေထက် ပိုသန်မာတယ်လို့ မဆိုဘူးလား... “
God Of Slaughter အား တတန်းလုံး အားကျနေကြသည် ။ ဖြစ်နိုင်လျှင် သူတို့ God Of Staughter နှင့် နေရာချင်းပင် လဲလိုက်ချင်သည် ။
အတန်းအတွင်းရှိ မိန်းကလေးများပင် အားကျနေကြသည် ။
“ Black Earth က နင့်ပါးကို ရိုက်တာ အရသာဘယ်လိုနေလဲ...”
God Of Slaughter က ဂုဏ်ယူစွာ ပြောလိုက်၏ ။
“ Black Earth က ငါ့ပါး နှစ်ဖက်လုံးကို ရိုက်ထားတာ... အရသာသိချင်ရင် မနက်ဖြန်ကျ နမ်းကြည့်... “
ကျန်းနန် စီရင်စု... ဟိုင်းချန်မြို့
တနေကုန် စိတ်ဓာတ်ကျနေသည့် လျိုကျုံးဟောင် လည်း တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေပေသည် ။ သူ၏ အိမ်တွင်မဟုတ်ဘဲ စိတ်ပညာရှင်များ အထူးပြုလုပ်ထားသော အခန်းထဲတွင် ဖြစ်သည် ။
မနေ့က လင်းမို့ သည် လျိုကျုံးဟောင်ကို ဆိုးရွားစွာ ရိုက်နှက်ခဲ့သည် ။ သုံးချက်ထိုး သုံးပွဲရှုံးခဲ့ရသဖြင့် ပါရမီရှင်တစ်ယောက်အနေဖြင့် စိတ်ကျရောဂါ ဖြစ်သွားသည် ။
ဟိုင်းချန် သိုင်းဌာန၏ ခေါင်းဆောင် ကျောက်ရှုလည်း လျိုကျုံးဟောင်အား စိုးရိမ်သဖြင့် စိတ်ပညာရှင်များခေါ်၍ နေ့ည မပြတ်စောင့်ကြည့်စေခဲ့သည် ။ သို့သော်လည်း စိတ်ပညာရှင်များ မည်မျှပင် ကျိုးစားစေကာမူ လျိုကျုံးဟောင်တစ်ယောက် အဖတ်ဆယ်မရတော့ပေ ။
ယခုတော့...
လင်းမို့ ၏ ၂၉ ပွဲမြောက်နိုင်ပွဲကို မြင်လိုက်ရသဖြင့် လျိုကျုံးဟောင် လန်းလန်းဆန်းဆန်းဖြစ်လာပြီး မျက်လုံးများ တောက်ပလာသည် ။
‘ အဆင့်၃ အထွတ်အထိပ်တွေကိုတောင် တစ်ချက်ထိုးနဲ့ အနိုင်ယူသွားတာဆိုတော့... ငါ တစ်ချက်ထိုးနဲ့ ရှုံးခဲ့တာ ပုံမှန်ပဲပေါ့...’
‘ ဒီလို ပါရမီရှင်မျိုးနဲ့ သုံးခါဆက်တိုက်တောင် ကျခဲ့တာဆိုတော့ ငါ ဂုဏ်တောင်ယူရအုံးမှာ...’
ယခုအချိန် လျိုကျုံးဟောင်သည် လင်းမို့အား တစ်ချက်ထိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်အပေါ် မရှက်မိတော့သည့်အပြင် ‘ မင်းရှုံးပင်မဲ့ ဂုဏ်ရှိသေးတယ် ‘ ဟူသော စကားကို နားလည်သွားသည် ။
‘ Black Earth ကိုရှုံးဖူးတာလည်း ငါ့ဂုဏ်ပဲ... ‘
လျိုကျုံးဟောင်၏ စိတ်အားငယ်မှုများ ပျောက်ကွယ်သွားပြီး တိုက်ခိုက်လိုစိတ်များ ပြန်လည်နိုးထလာသည် ။ ဟိုင်းချန်မြို့၏ နံပါတ်တစ် ပါရမီ တစ်ယောက်၏ မာန များ ပြန်လည်ပေါ်ထွက်လာသည် ။
ထိုအချိန် အပြင်တွင် ကင်မရာနှင့် စောင့်ကြည့်နေကြသော စိတ်ပညာရှင်များ တံခါးဖွင့်ကာ အတွင်းသို့ ဝင်လာကြသည် ။ လျိုကျုံးဟောင်အား လက်ဆွဲနှုတ်ဆက်ကာ...
“ ဂုဏ်ယူပါတယ် ကျောင်းသားလျို... ကုသမှု အောင်မြင်သွားပြီ... မင်း အပြင်ကို ထွက်လို့ရပြီ... “
လင်းမို့သည်တော့ သူ ၏ ၂၉ ပွဲဆက်နိုင်ပွဲကြောင့် ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်နေမှန်း မသိသေး ။ သူ A1 ဆေး လိုချင်၍သာ လာပြိုင်နေခြင်းပင် ။
‘ တစ်ကောင်မှ ပြန်မတိုက်နိုင်ဘူး...’
လင်းမို့ ခေါင်းယမ်းရင်း သက်ပြင်း ချလိုက်၏ ။ သူ၏ တိုက်ခိုက်ရေးစွမ်းရည် အဆင့်၃ အထွတ်အထိပ်သာဆိုလျှင် နောက်ဆုံးသုံးယောက်အား အနိုင်ရရန် ရေကုန်ရေခမ်း အားထုတ်ရမည်ပင် ။ သူ အဆင့်၄ ရောက်နေ၍ တော်သေးသည် ။
“ ဒီနေ့ည နောက်ဆုံးပွဲ... “
လင်းမို့ ပွဲရှာရင်း နှုတ်ခမ်း သပ်လိုက်၏ ။ သူ ဒီပွဲနိုင်ပြီးလျှင် မနက်ဖြန်ကျ A1 ဆေး ဆယ်ပုလင်း ရပေတော့မည် ။ သို့သော်လည်း အချိန်အတော်ကြာသည်အထိ ပွဲရှာမတွေ့ပေ ။
‘ ဘာဖြစ်နေတာလဲ.... ငါ့ပြိုင်ဘက် ဘယ်မှာလဲ...ငါ နိုင်တဲ့ ဆေးပုလင်းတွေ များလာလို့ လူသစ်ကွင်းက မပေးချင်တော့တာလား... ‘