အကြံပေးခြင်း
Vol. 3 Ch. 36
~
‘ ငါ အဆင့်တက်သွားပြီ...’
လင်းမို့ အံ့သြ ဝမ်းသာ သွားသည် ။ တနေကုန် ပျင်းရိပြီးနောက် မျှော်လင့်ချက် မရှိတော့ဟု ထင်ခဲ့သော်လည်း ရုတ်တရပ် အဆင့်တက်သွားသည် ။
‘ သိုင်းပညာ လမ်းစဥ်ကို လျောက်လှမ်းတဲ့နေရာမှာ အရေးအကြီးဆုံးက ဇွဲလုံ့လဝီရိယ ရှိဖို့ပဲ...’
လင်းမို့ တွေးနေသည်ကို တခြားသူများသိလျှင် သေအောင် ဝိုင်းရိုက်ကြပေမည် ။
‘ လုံ့လ ရှိတာလား...’
‘ တနေကုန် အသေကောင်လို ထိုင်နေတဲ့မင်းက ဝီရိယ ရှိသေးတာလား...’
‘ အကင်စားဖို့ ဇွဲ ရှိတာလား...’
‘ ဟော့ပေါ့စားဖို့ ဇွဲရှိတာလား...’
“ အဆင့်၃ အထွတ်အထိပ်ရောက်သွားတဲ့ ခံစားချက်က ကောင်းလိုက်တာ...”
လင်းမို့ ကျေနပ်သွားသည် ။ ရုပ်ပိုင်းရော စိတ်ပိုင်းပါ သက်တောင့်သက်သာရှိသော ခံစားမှုက ခန္ဓာကိုယ် အနှံ့ စီးဆင်းသွားသည် ။
အဆင့်သုံး ကြိုးတစ်ချောင်း အဆင့်သို့ ရောက်ရှိပြီးနောက် ကိုယ်ခန္ဓာ တစ်ခုလုံးရှိ ကြွက်သားများကို ထိန်းချုပ်နိုင်သွားသည် ။ ကြိုးနှစ်ချောင်းအဆင့်ထက် နှစ်ဆနီးပါး ပိုမို သန်မာလာလေသည် ။
“ ခု ငါ့ခန္ဓာကိုယ်က ကြွက်သားတွေအကုန်လုံးကို ထိန်းချုပ်နိုင်တော့ ခန္ဓာကိုယ်ကို လိုသလို ရွေ့လို့ရတယ်ဟ...”
လင်းမို့သည် သိုင်းကွက်အနည်းငယ် ကစားကြည့်ပြီးနောက် အလွန်အံ့သြသွား၏ ။
‘ မယုံံနိုင်လောက်စရာဘဲ... ဒါမျိုးလုပ်လို့ရမယ်လို့ အရင်က တစ်ခါမှ မကြားဖူးဘူး...’
သူ၏ အဆင့်ဖြင့် မကြားဘူးသည်မှာ ပုံမှန်သာဖြစ်သည် ။ စနစ်မရခင်က ဆိုလျှင် သူ၏ အမြင့်ဆုံးရောက်နိုင်သည့်အဆင့်မှာ သာမန် သိုင်းပညာရှင်သာ ဖြစ်သည် ။
ယခု လင်းမို့၏ ခွန်အားမှာ ၁၂၀၀ ကီလိုကို ကျော်လွန်နေသော်လည်း သိုင်းပညာရှင်ဖြစ်မလာသေးပေ ။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကြောင့် လက်သီးပြင်းအားမှာ သာမန် သိုင်းပညာရှင်များကို ကျော်လွန်နေသည် ။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ကောင်းကင်အဆင့် သိုင်းပညာရှင်သို့ပင် ရောက်ရှိနေသည် ။
‘ ဒီနေ့ ငါအဆင့်တက်နိုင်အောင် ကူညီခဲ့တာ ဘယ်သူလဲ ကြည့်အုံးမှ... ‘
လင်းမို့ ပြတင်းပေါက်သို့ သွားကာ အထဲသို့ လှမ်းကြည့်လိုက်သည် ။ ဂျင်ရုံအတွင်း မီးတစ်ပွင့်သာ ဖွင့်ထားသည် ။ မီးအလင်းရောင်အောက် နူးညံ့သော အထီးကျန်ပုံရိပ်လေးကို သူမြင်လိုက်ရ၏ ။
‘ ဂျင်ရုံထဲ လူတစ်ယောက်ထဲပါလား... အမ်... ကျန်းရွှယ်ဟ... ‘
လင်းမို့သည် အရင်ရက်များအတွင်း ကျန်းရွှယ်အား စေ့စေ့မကြည့်ဘူးပေ ။
‘ အကုန်ပြန်သွားပြီကို... သူက လေ့ကျင့်နေတုန်းပဲ... အထင်ကြီးစရာပဲ...’
ကျိုးစားအားထုတ်မှုတွင် ကျန်းရွှယ်အား ဂျင်ရုံထဲတွင် ကြက်ပေါက်တစ်အုပ်ထဲမှ ကြိုးကြာလေးအဖြစ် သတ်မှတ်နိုင်ပေသည် ။ ဂျင်ရုံရှိ အခြားသူများအား တက်ကြွခြင်းဘုရင် အဖြစ်သတ်မှတ်ပါက သူမအား ဘုရင်များ၏ ဘုရင်အဖြစ် သတ်မှတ်ရပေမည် ။
‘ ငါအဆင့်၃ အထွတ်အထိပ်ရောက်အောင် ကျန်းရွှယ်တစ်ယောက်ထဲနဲ့ ကူညီခဲ့တာပဲ...’
လင်းမို့ သက်ပျင်းချလိုက်၏ ။
‘ အရင်ရက်တွေက သူ့ရဲ့ နောက်လိုက်ခွေး ထင်ခံရတာ တန်ပါတယ်... ‘
တက်ကြွအမှတ်များ ရမည်ဆိုပါက နောက်လိုက်ခွေးဟူသော ဂုဏ်ပုဒ်ကို သူကျေကျေနပ်နပ်ကြီး ခံယူပေမည် ။ ဤသည်က ပြသနာကြီးမဟုတ် ။
လင်းမို့သည် သူ၏ အတွေးအခေါ်များ အနည်းငယ်ပြောင်းလဲသွားသည်ဟု ခံစားမိလိုက်သည် ။ မနက်ဖြန်တွင် သူ့အား နောက်လိုက်ခွေးဟု လှောင်ပြောင်ပါက ပျော်ပျော်ကြီး ခေါင်းညိတ်ပြလိုက်မည်ပင် ။
‘ ဟီးဟီးဟီးး... ငါ မနက်ဖြန်လည်း လာချောင်းရအုံးမှာပဲ ...’
လင်းမို့ အိမ်ပြန်ရန် ပြင်လိုက်သော်လည်း ကျန်းရွယ်ကို ခဏ ကြည့်ပြီးနောက် ရပ်တန့်လိုက်သည် ။
‘ သူ့ကို ကြည့်ရတာ...’
နောက်လိုက်ခွေးများ၏ အရေးအကြီးဆုံးမှာ အမြင်အာရုံံကောင်းရန်ဖြစ်သည် ။ လင်းမို့၏ အမြင်အာရုံမှာ အကောင်းဆုံးပင် ။ ကျန်းရွှယ်အား ခဏကြည့်လိုက်ရုံဖြင့် သူမဖြစ်နေသော ပြသနာကို မြင်နိုင်ပေသည် ။
‘ သူ အဆင့်နှစ်အထွတ်အထိပ် ရောက်ဖို့ ကြိုးစားနေပင်မယ့် တစ်နေတယ်ထင်တယ်...’
လင်းမို့ ထိုခံစားချက်အား နားလည်သည် ။ လွန်ခဲ့သော နာရီဝက်လောက်က သူလည်း ခံစားဖူးသည် မဟုတ်ပါလော ။
‘ သူ ဒီလိုပဲ ဆက်လေ့ကျင့်နေရင် နောက်ဆယ်ရက်လောက် ကြာသွားမယ်ထင်တယ်... အချိန်တွေ နှမြောစရာပဲ...’
လင်းမို့၏ လက်ရှိအဆင့်ဖြင့် ကျန်းရွှယ် လေ့ကျင့်နေသည်မှာ လမ်းမှားရောက်နေမှန်း မြင်နိုင်သည် ။ တိုက်ခိုက်ရေးစွမ်းရည် လေ့ကျင့်နေစဥ် လမ်းမှားသွားပါက စက်ဝိုင်းပုံ လမ်းလျောက်နေသူနှင့်တူသည် ။ မည်မျှပင် ကြိုးစားစေကာမူ တိုးတက်လာမည်မဟုတ်ချေ ။
‘ ထားလိုက်ပါ... ငါသွားပြီး အကြံနဲနဲ ပေးလိုက်မှ...’
ထိုဆုံးဖြတ်ချက်အား မချမှီ လင်းမို့အနည်းငယ် တုံ့ဆိုင်းသွားသည် ။ သူ ကျန်းရွှယ်ကြောင့် အဆင့်၃ အထွက်အထိပ်သို့ ရောက်ခဲ့ရခြင်းဖြစ်သည် ။
‘ ငါသူ့ကို ပြန်ကူညီလိုက်ပါ့မယ်... ‘
လင်းမို့ ဆုံးဖြတ်ပြီးသည်နှင့် ဂျင်ရုံအတွင်းသို့ ဝင်သွားလိုက်သည် ။
ဂျင်ရုံအတွင်း ကျန်းရွှယ်မှလွဲ၍ မည်သူမှမရှိ ။ လင်းမို့ ဝင်လာသည်ကို သူမ သတိထားမိသည် ။
“ နင်ဒီကို ဘာလာ လုပ်တာလဲ...”
ကျန်းရွှယ် မျက်မှောင်ကြုံ့ လိုက်မိသည် ။ ထို နောက်လိုက်ခွေးက ကပ်ဖားအဖြစ် အဆင့်တက်ချင်၍လော ။ ကပ်ဖားအဖြစ် ဖွန်ကြောင်သူ များမှာ နောက်လိုက်ခွေးများထက် ပို၍ စိတ်ရှုပ်စရာကောင်းသည် ။ ထိုသူများကို သူမ မုန်းသည် ။ ထို့ကြောင့် လင်းမို့ ဝင်လာသည်နှင့် သူမ အေးစက်စက် ပြောလိုက်ခြင်းဖြစ်သည် ။
“ လန့်မနေနဲ့... ငါနင့်ကို ဖွန်လာကြောင်တာ မဟုတ်ဘူး...”
လင်းမို့သည် တစ်ဖက်လူ၏ အမူအရာကိုမြင်လျှင် အမြန်ရှင်းပြလိုက်၏ ။
‘ နင် လေ့ကျင့်တာ အခက်အခဲဖြစ်နေတာမြင်လို့... အကြံပေးချင်လို့ ဝင်လာတာ... နင် လေ့ကျင့်တဲ့အခါ သိုင်းကွက်တွေကို အာရုံအရမ်းမစိုက်နဲ့... သိုင်းကွက်ကို အာရုံအရမ်းစိုက်နေရင် စိတ်တွေ အရမ်း တင်းကျပ်နေလိမ့်မယ် ... သိုင်းကွက်တွေကို မေ့ထားပြီးတော့ နင့်ခံစားချက်နောက်ကို ဘာလို့ မလိုက်တာလဲ... ခံစားချက်နောက်လိုက်ပြီး သိုင်းကွက်တွေကို ရေလိုစီးဆင်းပါစေ... “
လင်းမို့ အသင့်တော်ဆုံးနည်းလမ်းကို အကြံပေးလိုက်ခြင်းဖြစ်သည် ။
သို့သော်လည်း ကျန်းရွှယ်၏ ကြုပ်ထားသော မျက်မှောင်က ပိုမိုနစ်ဝင်သွားသည် ။
“ နင်ငါ့နဲ့ စကားပြောချင်လို့ လာတာမှတ်လား ... နင့်ပုံက ငလိမ်ကောင်မှန်း အသိသာကြီး...”
လင်းမို့၏ နှဖူးတွင် အနက်ရောင် အရေးအကြောင်းများ ပေါ်လာသည် ။
“ နင်က ငါ့ကို သင်ပေးမှာလား... “
ကျန်းရွှယ် နှာခေါင်းရှုံံ့ လိုက်၏ ။
“ ကြိုတင်ပြင်ဆင်မှု အတန်းက ဆရာက ငါ့ကို အကြံပေးပြီးသား... နင်က ငါ့ကို လမ်းမှား နေတယ်လို့ လာပြောတာလား... နင့်ကိုနင် ဆရာထက် ပိုတော်တယ်လို့ ထင်နေလား... “
“ ဟားဟားဟား...”
ကျန်းရွှယ်၏ မေးခွန်းကို ကြားလျှင် လင်းမို့ ရယ်လိုက်မိသည် ။ ရိုးရိုးသားသားပြောရလျှင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်က အတန်းဆရာထက် ပိုမြင့်ပေသည် ။ ကောင်းကင်အဆင့် သိုင်းပညာရှင်များ ကြားတွင်ပင် လင်းမို့ကို အကောင်အဖြစ် မှတ်ယူနိုင်သည် ။
ကြိုတင်ပြင်ဆင်မှု အတန်း၏ ဆရာများမှာ သန်မာသော သိုင်းပညာရှင် သို့မဟုတ် သာမန် ကောင်းကင်အဆင့်သိုင်းပညာရှင်များသာ ဖြစ်သည် ။ တိုက်ခိုက်ရေးစွမ်းရည်အရ လင်းမို့အား ယှဥ်နိုင်သူ မရှိပေ ။
“ ငါ လေ့ကျင့်နေတာ လာမနှောက်ယှက်နဲ့... ထွက်သွား...”
ကျန်းရွှယ်က လင်းမို့အား အပေါက်ရှိရာသို့ လက်ညိုးထိုးပြလိုက်သည် ။
“ အေးပါ အေးပါ...”
လင်းမို့ ပခုံးတွန့်ပြလိုက်ပြီး ပြန်မငြင်းတော့ ။ သူမ သိသင့်သည့်အချက်အား သူထောက်ပြခဲ့ပြီးဖြစ်သည် ။ သူမ လိုက်နာလျှင် အဆင့်၂ အထွတ်အထိပ်သို့ ခဏအတွင်း ရောက်မည်ဖြစ်ပြီး မလိုက်နာလျှင်တော့ သူ မတက်နိုင်ပေ ။
လင်းမို့ ဂျင်ရုံ အပြင်သို့ ထွက်လာခဲ့လိုက်သည် ။
“ ပိုင်ရှင်အား ဂုဏ်ပြုပါတယ်... သင်၏ တိုက်ခိုက်ရေးစွမ်းရည် အဆင့်၄ သို့ရောက်ရှိသွားပါပြီ...”
လင်းမို့ အံ့သြ သွား၏ ။ သူ ခုနလေးတင်မှ အဆင့်၃ အထွတ်အထပ်သို့ ရောက်ရှိထားရာ အဘယ်ကြောင့် အဆင့်၄ သို့ ရောက်သွားပါသနည်း ။
‘ ဘာတွေဖြစ်သွားတာလဲ...’