← Chapters

ဟော့ပေါ့၏ လှုံ့ဆော်နိုင်စွမ်း

Vol. 3 Ch. 34

ဟော့ပေါ့၏ လှုံ့ဆော်နိုင်စွမ်း

Vol. 3 Ch. 34

~

‘ ရက်စက်လိုက်တာ...’

‘ ရက်စက်လိုက်တယ့်ကောင်...’

လင်းမို့ ထိုမြင်ကွင်းအား စေ့စေ့မကြည့်ရဲ ။ သူ ထွက်လာခဲ့လိုက်တော့၏ ။

‘ ဒါမျိုး မြင်လိုက်ရတာ ငါ့ကံ က တော်တော်ဆိုးနေတာပဲ...’

လင်းမို့သည် မျက်စိကန်းသလိုပင် ခံစားမိလိုက်သည် ။ အနာဂတ်တွင် သူ ယင်ကျန့်အား မြင်တိုင်း ယခုမြင်ကွင်းအား အမြဲမှတ်မိနေပေတော့မည် ။

‘ အော် ဒုက္ခ ဒုက္ခ...’

လင်းမို့ မကျေမနပ် ရေရွတ်လိုက်၏ ။ သူ ကလေးသာရှိသေးသော်လည်း မျက်လုံး ညစ်ညမ်းခဲ့ရလေပြီ ။

သူ ဂျင်ရုံသို့ ပြန်ရောက်သောအခါ ညနေအတန်း ပြီးသွားသည် ။ ဟောက်ရန်မှာ ကားအနားတွင် ရပ်နေပြီး အိမ်ပြန်ရန် ပြင်ဆင်နေလေ၏ ။

“ အကိုမို့... “

ဟောက်ရန်က လင်းမို့ကို မြင်သည်နှင့် အူယားဖားယား ပြေးလာသည် ။

“ အကိုအိမ်ပြန်သွားပြီး ပြန်မလာတော့ဘူးထင်နေတာ... “

“ ငါ့ သိုင်းပညာအိမ်မက်တွေက ဒီမှာရှိနေတာ ငါဘယ်လိုလုပ် အိမ်ပြန်နိုင်ပါ့မလဲ... “

လင်းမို့က လေးလေးနက်နက်ဟန်ဖြင့် ပြောလိုက်၏ ။

“ ဟုတ်တယ် ... ဟုတ်တယ်... “

ဟောက်ရန်က လက်နှစ်ဖက်ကို ပွတ်ကာ ပြောလိုက်သည် ။

“ အကိုမို့... ငါမင်းကို ပြောစရာတစ်ခုရှိပင်မဲ့ ပြောသင့်သလားမသိဘူး... “

“ အိုး... “

လင်းမို့ ဟောက်ရန်အား သတိထားကြည့်လိုက်သည် ။ ဤဖတ်တီးလေး မည်သည့်အချိန်က လိမ္မာ သွားသနည်း ။ သို့သော်လည်း လင်းမို့ တက်ကြွနေသော ဟောက်ရန်ကို ကြည့်ပြီး နားလည်သွားသည် ။

“ မင်း တိုက်ခိုက်ရေးစွမ်းရည် အဆင့်တက်သွားတာလား... “

“ ဟီးဟီးဟီးးးး....”

ဟောက်ရန်က ရှက်ရွံ့ဟန်ဖြင့် ရယ်လိုက်၏ ။

“ တောင်းပန်ပါတယ်အကိုမို့... အကို့ရှေ့မှာ ဒီစကားတွေပြောရတာ အကို့ကို နာကျင်စေမှန်းသိပင်မဲ့ ကျွန်တော် မနေနိုင်လို့... “

‘ ငါ့ကို နာကျင်စေမှာ ဆိုးလို့လား...’

လင်းမို့သည် ဖတ်တီးလေးအား ထူးဆန်းစွာ ကြည့်လိုက်သည် ။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆင့်၃ အထွတ်အထိပ်သို့ ရောက်ရှိတော့မည်ဖြစ်သည် ။

‘ မင်းက နဲနဲလေး တိုးတက်လာတာနဲ့ ငါ့ကိုနာကျင်မှာ ဆိုးသေးတာလား...’

လင်းမို့ အပြင်တွင် ထုတ်မပြောရဲ ။ သူထုတ်ပြောလိုက်လျှင် ဟောက်ရန် တက်သွားနိုင်သည် ။

“ ညီအကိုတွေကြားမှာ အဲ့လိုပြောဖို့ လိုသေးလို့လား...”

လင်းမို့က ဖြောင့်မတ်ဟန်ဖြင့် ပြောလိုက်၏ ။

“ မင်း အဆင့်တက်နိုင်တာကို ငါက မင်းထက်တောင် ပိုပျော်သေးတယ်... “

ဟောက်ရန် ကြောင့်သာမဟုတ်လျှင် တိုက်ခိုက်ရေးစွမ်းရည် တိုးတက်နိုင်သည့် ဤကစားကွင်းအား သူရှာတွေ့မည်မဟုတ်ချေ ။ ယခု သူ အဆင့်၃ အထွတ်အထိပ်သို့ ရောက်တော့မည်ဖြစ်ရာ ဟောက်ရန်အား ကျေးဇူးတင်သင့်ပေသည် ။

“ ပြော မင်းဘယ်အဆင့်ရောက်သွားတာလဲ...”

လင်းမို့ စိတ်ဝင်တစား မေးလိုက်၏ ။

“ အဲ့ဒါက... “

ဟောက်ရန်က နှိမ့်ချဟန်ဖြင့် ပြောလိုက်သော်လည်း သူအသံက ကြွားချင်နေမှန်းသိသာလှပေသည် ။

“ အဲ့ဒါက အဆင့်နှစ် လေးပဲ... “

“ အဆင့်၂ လေးပဲလား...”

လင်းမို့ အနည်းငယ် အံ့သြ သွားသည် ။

“ မင်းက လေးပဲ တောင် သုံးပြောတာပဲ... “

“ ဟားဟားဟား... ဒါက ဘာမှမဟုတ်ပါဘူး... လေးပဲ လို့ပြောရမှာပဲ... “

ဟောက်ရန် ရယ်လိုက်၏ ။ သူ နှိမ့်ချပြောနေသည်ကို အကိုမို့ မြင်သွားပုံရသည် ။ သူ့အား ရွဲ့ပြောနေသည်ဟု သူမထင်ဘဲ တကယ်ပြောနေသည်ဟု သူထင်လိုက်ပေသည် ။

“ အာ... အကိုမို့ ဘာတွေ သယ်လာတာလဲ...”

ဟောက်ရန်သည် ကြွားလိုက်ရသဖြင့် စိတ်ကျေနပ်သွား၏ ။ သူက လင်းမို့ ကိုင်ထားသည်ကိုမြင်လျှင် စပ်စုလိုက်သည် ။

“ ဆုလေး နဲနဲပါ...”

လင်းမို့က သာမန်ကာလျှံသာ ဖြေလိုက်သည် ။

“ ကံစမ်းမဲ ထိုးတာတွေက ပေါက်တာလား...”

ဟောက်ရန်တစ်ယောက် ဤသည်မှာ လူသစ်ကွင်းတွင် ််််််််််််််ပွဲနှစ်ဆယ်ဆက်နိုင်ခဲ့သဖြင့် ရရှိထားသော A1 ဆေး ဆယ်ပုလင်းဟု ယောင်လို့ပင် တွေးမိမည်မဟုတ် ။

“ ကျွန်တော် အိမ်ပြန်တော့မယ်... “

ဟောက်ရန်က ပြောလိုက်သည် ။

“ အဖေ မနေ့က ငှား​ထားတဲ့ ဆရာက သင်တာတကယ်ကောင်းတယ်... သူ့ကြောင့်သာမဟုတ်ရင် အဆင့်၂ ကိုရောက်မှာ မဟုတ်ဘူး... ဒီနေ့ညလည်း သင်အုံးမှာတော့ ကျွန်တော် ဂျင်ရုံမလာနိုင်တော့ဘူး... ကျွန်တော် အိမ်ပြန်လိုက်ပို့ရမလား နေအုံးမှာလား...”

“ နေအုံးမှာပေါ့ကွ... “

လင်းမို့ မတုံ့ဆိုင်းဘဲ ဖြေလိုက်၏ ။

“ အဲ့တာဆို အကိုမို့ ကံကောင်းပါစေ ...”

အခြားသူများ လင်းမို့ကို နောက်လိုက်ခွေးဟု ထင်ကျသော်လည်း ဟောက်ရန်က ထိုသို့မထင်ပေ ။ အကိုမို့၏ သိုင်းပညာအိမ်မက်ကို သူယုံကြည်သည် ။

“ အဲ့တာဆို ဒီည ကျွန်တော် ကျွေးမယ်... ယွမ် ၂၀၀ ယူထားလိုက်... “

“ ညီအကိုကောင်း...”

လင်းမို့က တည်ကြည်စွာ ယူလိုက်၏ ။

“ ငါတို့ သိုင်းပညာအိမ်မက်အတွက်...”

“ ငါတို့ သိုင်းပညာအိမ်မက်အတွက်...”

ဟောက်ရန်လည်း တည်ကြည်စွာ ပြောလိုက်၏ ။

“ ညီအကိုကောင်း...”

သူတို့၏ သိုင်းပညာအိမ်မက်က မတူညီသော်လည်း ဟောက်ရန်သည် သူ၏ သိုင်းပညာလမ်းစဥ်ကို ဘယ်တော့မှ အရှုံးမပေးခဲ့ပေ ။ လင်းမို့ သည်တော့ ပျင်းရိရင်း သူ၏ သိုင်းပညာအိမ်မက်က သူ့ဖာသာ ထပြေးနေလေသည် ။

ဟောက်ရန် ကားကို မောင်းထွက်သွားသည် ။

တစ်ယောက်ထဲ ကျန်ခဲ့သော လင်းမို့က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည် ။

‘ အကင်ဆိုင်က ဘာလို့မလာသေးတာလဲ... ဒီလောက်နောက်ကျနေပြီ... ဒီနေ့ကျောင်းပိတ်ရက်ကို ဘာလို့မလာသေးတာလဲ...”

‘ ပျင်းလိုက်တယ့်လူ...’

“ ချီး.... “

လင်းမို့ မှတ်မိသွားသည် ။

“ မနေ့က ကိစ္စကြောင့် သူမလာတာလို့တော့ မပြောနဲ့...’

လင်းမို့ တွေးကြည့်မိတော့ ထိုသို့ဖြစ်နေပုံရသည် ။

ထိုအကင်ဆိုင် သူဌေးက သူ၏ သိုင်းပညာအိမ်မက်အတွက် ဂျင်ရုံရှေ့တွင် အကင်ဆိုင်ဖွင့်ရင်း တိတ်တဆိတ် သင်ယူနေခဲ့၏ ။ သို့သော်လည်း မနေ့ညက သူ၏ သိုင်းပညာအိမ်မက်ကို လင်းမို့က နင်းချေခဲ့လေသည် ။ ထို့ကြောင့် မနေ့ညက သူအလွန်ဒေါသထွက်ကာ ဆိုင်သိမ်း၍ ပြန်သွားခဲ့သည် ။ သူဆိုင်ကို ဆက်မဖွင့်တော့ ။ သူ၏ သိုင်းပညာအိမ်မက်ကို လက်လျော့လိုက်လေပြီ ။

‘ ဒါပင်မဲ့ အသားကင်မှာ အပြစ်မရှိဘူး... ‘

လင်းမို့ စိတ်ဓာတ်ကျသွားသည် ။

‘ သူ သိုင်းပညာအိမ်မက်ကို လက်လျော့ရင်တောင် ဘာလို့ အကင်ဆိုင်ကို ဆက်မဖွင့်ရတာလဲ... သူမလာရင် ငါ ဘာသွားစားရမှာလဲ... ‘

ပြသနာ အကြီးကြီး တက်လေပြီ ။ အကင်ဆိုင်မရှိလျှင် သူ့အား သေချာပေါက် နောက်လိုက်နှာဘူးခွေးဟု သတ်မှတ်ကျတော့မည် ။

‘ ငါ ဘာလုပ်ရမလဲ...’

လင်းမို့ စဥ်းစားကြည့်တော့လည်း နောက်လိုက်ခွေးအဖြစ် အခေါ်ခံရသည်က အရေးမကြီး ။ အသားကင် မစားရသည်က ပိုအရေးကြီး၏ ။

‘ ဒါပဲ...’

လင်းမို့ ရုတ်တရပ် အကြံရပြီး ဖုန်းထုတ် ဆက်လိုက်သည် ။

“ ဟဲလို... ဟော့ပေါ့ ဆိုင်ကလားဗျ... “

တစ်နာရီ ကြာသောအခါ...

ဂျင်ရုံအတွင်းရှိ ကျောင်းသား ရာဂဏာန်းမှာ ပြတင်းပေါက်ရှိရာသို့ ဒေါသတကြီး ကြည့်နေကြသည် ။

“ ရွံစရာကောင်းလိုက်တာ... “

“ ဒီနောက်လိုက်ခွေးက မာနကြီးလွန်းတယ်... “

“ နောက်လိုက်ခွေး လုပ်ရင်းတောင် လှဲရင်း ဟော့ပေါ့စားနေရလား...”

“ မင်း ကိုယ်ကျင့်တရားဆိုတာ ဘာလဲ သိသေးရဲ့လား...”

“ ဟုတ်တယ်... ဟုတ်တယ်...”

လင်းမို့သည် အသားကင်ဆိုင်မရှိ၍ ဟော့ပေါ့ မှာကာ ပြတင်းပေါက်တွင် ထိုင်စားနေလေသည် ။ လျှပ်စစ် ဘယ်ကရသလဲဟု မမေးပါနှင့် ။ ဒလီသမား၏ လျှပ်စစ် စကူတာမှာ သူ့အနားတွင် ရပ်ထားလေသည် ။

‘ ငါ မင်းတို့ကို ရှင်းပြမနေတော့ဘူး...’

လင်းမို့က အသားများကို ဆယ်ယူလိုက်ရင်း အလုတ်အကြီးကြီး စားလိုက်သည် ။

‘ မင်းတို့ငါ့ကို နောက်လိုက်ခွေး ထင်နေတယ်မလား... ငါပုန်းမနေတော့ဘူး... ပြတင်းပေါက်မှာ ထိုင်ပြီး ဟော့ပေါ့စားပြမယ်... ‘

ဟော့ပေါ့၏ အနံ့မှာ ဂျင်ရုံတစ်ခုလုံး သင်းပျံ့နေလေသည် ။ ဂျင်ရုံအတွင်း တနေကုန် အားကုန်သုံး၍ ကြိုးစားနေကြရာ သူတို့၏ ဝမ်းဗိုက်များမှာ ကျောသို့ပင် ကပ်နေလေပြီ ။ ဟော့ပေါ၏ ဆွဲဆောင်မှုမှာ အသားကင်ထပ် ပိုပေသည် ။ မည်သူ တောင့်ခံနိုင်ပါမည်နည်း ။

ဂျင်ရုံရှိ ဆရာများက ဟော့ပေါ့ကို အသုံးပြု၍ ကျောင်းသားများ၏ စိတ်စွမ်းအားကို သန်မာလာစေချင်ကြသည် ။ ဤတွင် လင်းမို့က လာစားပြနေသဖြင့် အတော်ဖြစ်သွား၏ ။ ဆရာများ၏ လှုံဆော်မှုဖြင့် ကျောင်းသားများမှာ သူတို့၏ အသန့်အသတ်ကို ချိုဖြတ်နိုင်ရန် အရူးအမူး စိန်ခေါ်ကုန်ကြသည် ။

လင်းမို့၏ တက်ကြွအညွှန်းကိန်း မှာ ခုန်ပျံ တက်သွားပေသည် ။ သူ အံ့သြ သွား၏ ။

“ ဟော့ပေါ့က ဒီလို လုပ်နိုင်တယ်လား...”

All Chapters