← Chapters

ဟစ်စ်စ်စ်....

Vol. 3 Ch. 33

ဟစ်စ်စ်စ်....

Vol. 3 Ch. 33

~

မှောင်ရီဝိုးတဝါးအချိန်...

ဟိုင်းချန်အထက်တန်းကျောင်း၏ အပေါက်ဝတွင် ယင်ကျန့်က တက်ကြွနေသော ကြက်ဖကြီး အသွင် ဖြစ်နေသည် ။ ဦးလေးဝမ် ပေးပို့လိုက်သော A 1 ဆေးပုလင်းက သူ၏ လက်အတွင်းသို့ ရောက်ရှိခဲ့လေပြီ ။

ဤဆေးက တရားဝင်ရရှိခဲ့ခြင်းမဟုတ်ဘဲ မှောင်ခိုစျေးကွက်မှ ဦးလေးဝမ်၏ အဆက်အသွယ်များကြောင့်သာ ရရှိခဲ့ခြင်းဖြစ်သည် ။

‘ နောက်ဆုံးတော့ ငါရခဲ့ပြီ... ‘

အထုတ်အားကိုင်ထားရင်း လေးလံလှသော သူ့အမေ၏ မေတ္တာတရားကို ယင်ကျန့် ခံစားမိလိုက်သည် ။

‘ A1 ဆေးတစ်ပုလင်းက ငါ့ခွန်အားကို ၁၀ ကီလို တိုးပေးနိုင်တယ်... ပြီးတော့ ဆေးယဥ်ပါးတာလဲ မရှိဘူး... ငါနောက်ထပ် ပုလင်းနဲနဲသာ ထပ်ရရင် အဓိက တက္ကသိုလ်ဝင်ခွင့် ရနိုင်တယ်...’

‘ ငါ အဓိက တက္ကသိုလ်ကသာ ဘွဲ့ရခဲ့ရင် ငါ့အနာဂတ်က မှန်းဆလို့တောင် ရမှာမဟုတ်ဘူး... ငါ ကောင်းကင်အဆင့် သိုင်းပညာရှင်တောင် ဖြစ်နိုင်တယ်... ‘

သာမန်သိုင်းပညာရှင်တစ်ယောက်ကား သာမန်လူများအလယ်တွင် ဝင့်ကြွားနိုင်သော်လည်း သိုင်းပညာရှင်များ အသိုင်းအဝိုင်းတွင် အနိမ့်ဆုံးအဆင့်သာဖြစ်သည် ။ သာမန် သိုင်းပညာရှင်ဆယ်ယောက်တွင် တစ်ယောက်ပင် ကောင်းကင်အဆင့်သို့ ရောက်နိုင်လိမ့်မည်မဟုတ် ။’

‘ ငါသန်မာတဲ့ ကောင်ကင်အဆင့် သိုင်းပညာရှင် ဖြစ်တာနဲ့... အနည်းဆုံး ကြယ်ခြောက်ပွင့် သိုင်းပညာရှင်ဖြစ်တာနဲ့ ... အဖေ့အတွက် လက်စားချေပေးရမယ်... ‘

ဦးလေးဝမ်ကြောင့် သူ့အဖေ အရှက်ရခဲ့၏ ။ ယင်ကျန့် ထိုသည်ကို တွေးမိတော့ လက်စားချေရန် စိတ်ပိုင်းဖြတ်လိုက်သည် ။ ဇနီးမယားကို ခိုးယူခံရခြင်းက ကမ္ဘာမကျေအမုန်းပင် ။ ယင်ကျန့် သူအဖေအတွက် လက်စားချေပေးရပေမည် ။

‘ ဆေးသောက်ဖို့ အိမ်ကို မြန်မြန်ပြန်ရမယ်...’

ယင်ကျန့် စိတ်လှုပ်ရှားစွာဖြင့် အိမ်သို့ပြန်ပြေးတော့သည် ။

သို့သော်လည်း ယင်ကျန့် လမ်းကြားသို့ ချိုးဝင်လိုက်သည်နှင့် သန်မာ၍ ခွန်အားပြည့်ဝလှသော လက်တစ်ဖက်က ဂုတ်မှ ဆွဲမထားလိုက်သည် ။ ကြက်ပေါက်ကလေး တစ်ကောင်ကဲ့သို့ပင် ။ သူလန့်သွား၏ ။

‘ ဘာ..ဘာလဲ... ငါ့ကို ဓားပြတိုက်မလို့လား...’

ယင်ကျန့် ထိုသို့မဖြစ်နိုင်ဟု ခံစားမိလိုက်သည် ။ A1 ဆေးမှာ DNA နှင့် ချိတ်ဆက်ထားသဖြင့် တခြားသူ အသုံးပြုရန် မဖြစ်နိုင်ပေ ။

မကြာမှီပင် မည်သူမှန်း ယင်ကျန့်မြင်လိုက်ရ၏ ။ သူ့အား မနေ့က ရိုက်ခဲ့သော Peppa Pig နှင့် Captain Woof ပင် ။ သူ ခံစားချက်မကောင်းတော့ ။ ထိုသူများ မကျေနပ်၍ လာရိုက်ကြပြန်လေပြီလော ။

“ ဘာ...ဘာကိစ္စလဲ အကိုတို့...”

ယင်ကျန့် သူ၏လက်ထဲရှိ အထုတ်ကို ပိုက်ကာ ကြောက်လန့်တကြား မေးလိုက်၏ ။ Peppa Pig တီရှပ် ဝတ်ဆင်ထားသော ခေါင်းဆောင်က ရယ်ချင်နေသော အမူအရာဖြင့် ပြောလိုက်သည် ။

“ ငါမနေ့က အိမ်ပြန်ရောက်တော့ ကိစ္စတစ်ခုကြောင့် တွေးလိုက်တိုင်း ပိုပိုစိတ်တိုလာတယ်... “

“ ကျေးဇူးပြုပြီး မ ကျေနပ်တာရှိရင် ပြောပါ အကိုကြီး... “

ယင်ကျန့် တိုးတိုးပြောသည် ။ သူမနေ့က အနည်းငယ် ရိုင်းမိသွားသောကြောင့် ပြင်းပြင်းထန်ထန် အရိုက်ခံခဲ့ရသည် ။ ယခုအခြေအနေတွင် သူလိမ္မာမှ ဖြစ်မည် ။

“ မင်း... ယန်ချန်း ဟုတ်လား မဟုတ်ဘူးလား...”

Peppa Pig မေးလိုက်၏ ။

“ ကျွန်တော် ယန်ချန်း မဟုတ်ပါဘူး အကိုကြီး... တကယ်မဟုတ်ပါဘူး... “

သူ ယန်ချန်း ဖြစ်နေလျှင်ပင် ဝန်ခံရဲမည်မဟုတ် ။ ထို့အပြင် သူ ယန်ချန်း မဟုတ်ပေ ။

“ ငါမင်းကို ယုံတယ်...”

Peppa Pig က ပြောလိုက်သည် ။

ယင်ကျန့်လည်း ထိုမှသာ သက်ပြင်းချနိုင်တော့သည် ။ သူမနေ့က ငိုသည်အထိ အရိုက်ခံခဲ့ရပေရာ သူဒီနေ့ အရိုက်မခံချင်တော့ ။ ကံကောင်းစွာဖြင့် သူ့အား ရိုက်မည့်ပုံ မပေါ်ပေ ။

“ ဒါပင်မဲ့...”

Peppa Pig ၏ အသံက အေးစက်သွားသည် ။

“ ငါ့အဲ့တာကြောင့် မနေ့က စိတ်ဆိုးနေရတာ... “

“ ဟမ်... “

ယင်ကျန့် အာမေဍိတ်သံ ထွက်သွားသည် ။

“ မင်း ယန်ချန်းမဟုတ်ရင်... မနေ့ကဘာလို့ စောစောမပြောတာလဲ... “

Peppa pig က ဒေါသတကြီး အော်လိုက်၏ ။

“ မင်းမနေ့က စောစောမပြောလို့ ငါ့လက်နာသွားပြီး... တွေးလေဒေါသထွက်လေပဲ...”

“ ဟမ်... “

ယင်ကျန့် ဆွံ့အ သွားသည် ။

‘ မင်း ဒီလိုလုပ်လို့ရမလား... မင်းမနေ့က အကြောင်းပြချက်မရှိဘဲ ငါ့ကိုရိုက်တယ်... ငါက အကြောင်းပြချက်မရှိဘဲ အရိုက်ခံရတယ်... အဲ့တာကို လက်နာလို့ဆိုပြီး ပြသနာလာရှာချင်သေးတာလား... တရားမျှတမှုဆိုတာ ရှိသေးရဲ့လား... ဥပဒေ ရော ဘယ်ရောက်သွားလဲ... ‘

ယင်ကျန့်အပြင်တွင် ထုတ်မပြောရဲ ။ အတွေးထဲတွင်သာ ပြောလိုက်သည် ။

“ အကိုတို့ မနေ့က ကျွန်တော့ကို ရိုက်ဖို့ပဲ လောကြီးနေတော့ နာမည်အရင်မ မေးကြဘူးလေ... “

ယင်ကျန့် ရှင်းပြလိုက်သည် ။

“ မင်း ပြန်ငြင်းရဲလား...”

Peppa Pig ၏ ဒေါသ ပေါက်ကွဲသွားသည် ။

“ ဒီကောင့်ရိုက်.... “

Captain Woof လည်းအနားတိုးလာပြီး ဝိုင်းရိုက်

တော့သည် ။

ကျောင်းဂိတ်ဝတွင်...

လင်းမို့သည် သူ့ကြောင့် သနားစရာ ယင်ကျန့် ဒုတိယအကြိမ်အရိုက်ခံ နေရမှန်းမသိ ။ ပို့ဆောင်ပေးသူထံမှ အထုတ်ကို ပျော်ရွှင်စွာ လက်မှတ်ထိုးနေလေသည် ။

A1 ဆေးဆယ်ပုလင်းက အိမ်ငါးလုံးတန်ပေသည် ။ အဆက်အသွယ်မရှိလျှင် ပိုက်ဆံရှိလျှင်ပင် အိမ်တစ်လုံးဝယ်နိုင်မည်မဟုတ် ။ သို့သော်လည်း အလကားရသည့်နွား သွားဖြဲ၍ မကြည့်နိုင် ။

‘ ဒီနေ့ည အိမ်ပြန်ရောက်ရင် နောက်ထက် ဆယ်ပုလင်း ထပ်ယူရမယ်... ‘

လင်းမို့ တွေးလိုက်သည် ။

တချိန်တည်းမှာပင် ဒလီသမားအား ကြည့်ကာ မေးလိုက်၏ ။

“ ခင်ဗျားက ဘယ်ကုမ္ပကီ ကလဲ... ဝန်ဆောင်မှု တော်တော်ကောင်းတယ်... “

“ အဟွတ်... “

ဒလီသမား ခေါင်း ကုပ်လိုက်၏ ။ ပစ္စည်းပို့ဆောင်နိုင်ရန် နေရာတစ်ခုလုံး ရှင်းလင်းထားသည်ဖြစ်ရာ ဝန်ဆောင်မှု မကောင်းဘဲ နေမည်လား ။

“ ကျွန်တော်တို့ ကုမ္ပဏီက လူအများအတွက် ဝန်ဆောင်မှု မပေးပါဘူးဗျ... ဝန်ဆောင်မှုကောင်းတယ်လို့ ဆရာခံစားရရင် ကျွန်တော့်ကို ကြယ်ငါးပွင့် မှတ်ချက် ပေးလို့ရပါတယ်ဗျ... “

ဒလီသမားက ပြောပြီးသည်နှင့် လှည့်ထွက်လာလိုက်တော့သည် ။ ကြာကြာနေလျှင် အလိမ်ပေါ်သွားနိုင်သည် ။

လင်းမို့လည်း ပစ္စည်းလက်ခံပြီးသည်နှင့် ဂျင်သို့ ပြန်ရန်ပြင်လိုက်၏ ။ ဂျင်ရုံက ညအထိ ဖွင့်မည်ဖြစ်ရာ သူဆက်လက် ပျင်းရိရပေအုံးမည် ။

‘ ငါဘာလို့ ပျင်းရတာကို ကြိုးစားအားထုတ်နေရတယ်လို့ ခံစားနေရတာလဲ... ‘

လင်းမို့ ရုတ်တရပ် တွေးမိလိုက်သည် ။ သူ ပျင်းရိနိုင်ရန် တနေကုန် ပြေးလွှားနေရခြင်းက အနည်းငယ် အားထုတ်နေရသည်ဟု ဆိုနိုင်ပေ၏ ။ သို့သော်လည်း လက်သီးပြင်းအား အနည်းငယ်တိုးတက်နိုင်ရန် ရေကုန်ရေခမ်း ကြိုးစားနေကြသူများကို စဥ်းစားမိလျှင် ထိုအတွေးများကို ရှင်းထုတ်ပစ်လိုက်လေသည် ။

‘ ဒါလေးကို ကြိုးစားရတယ်ထင်ရင် ... တစ်ကမ္ဘာလုံးမှာ ပျင်းတယ့်သူ ရှိမှာမဟုတ်ဘူး... ‘

လင်းမို့ သည် ယင်ကျန့် အရိုက်ခံနေရသော လမ်းကြားသို့ ခြေဦးလှည့်လိုက်သည် ။

“ ခေါင်းဆောင်...ခေါင်းဆောင်...”

ဒလီသမားလည်း လင်းမို့၏ ဦးတည်ရာကို မြင်လျှင် နားတွင်တပ်ထားသော ကြိုးမဲ့နားကြပ်မှတဆင့် ခေါင်းဆောင်ကို ခေါ်လိုက်သည် ။

“ ပစ်မှတ်ဖောက်သည်က ဆရာတို့လမ်းကို လာနေပြီ... သတိထားပါ...”

“ ဘာ... “

ခေါင်းဆောင် အံ့အော သွား၏ ။

“ အဲ့တာဆို ဒီကောင့်ကို ပိုရိုက်... “

ကျောင်းမှ ဂျင်ရုံသို့ သွားသည့် လမ်းကြား ​များစွာရှိပေသည် ။ ယခု လင်းမို့ ဦတည်လာသော လမ်းမှာ သူလာခဲ့သော လမ်းမဟုတ်ချေ ။ လမ်းကြား အဝင်သို့ ရောက်သော အခါ သူတုံ့သွားသည် ။ လမ်းကြားထဲတွင် ယင်ကျန့်အရိုက်ခံနေရသည်ကို သူမြင်လိုက်ရ၏ ။ ရိုက်နေသော လူနှစ်ယောက်ကို သူမနေ့က တွေ့ဖူးလေသည် ။

အသိများအား တွေ့သည်မို့ လင်းမို့ နှုတ်ဆက်သင့်သော်လည်း သူဘာပြောရမှန်းမသိတော့ ။ တိုက်ဆိုင်မှုက လွန်လွန်းလှသည် ။ နှစ်ရက်ဆက်ရိုက်ခံနေရသော ယင်ကျန့်အတွက် သူ မျက်ရည်နှစ်စက် ကျပေးလိုက်သည် ။ လေထုက ရုတ်တရပ် ထူးဆန်းသွားသည် ။

ထိုအချိန်တွင် ခွေအဝါလေး တစ်ကောင်မှာ လမ်းကြားအတွင်းသို့ ပြေးဝင်လာသည် ။ ရိုက်ခံ​နေရသော ယင်ကျန့်ကို မြင်လျှင် တုံ့ဆိုင်းသွား၏ ။ ပြီးလျှင် မသိချင်ယောင်ဆောင်ကာ ယင်ကျန့်ဘေး မနီးမဝေးရှိ ဖုန်းရုံသို့သွားကာ သေးပန်းလိုက်သည် ။ ပြီးနောက် နဂိုနေရာသို့ ပြန်လာကာ ရန်ပွဲကို ဆက်ကြည့်နေလိုက်သည် ။

ယင်ကျန့်လည်း စိတ်ညစ်သွားသည် ။ သူအရိုက်ခံနေရသည်က ကိစ္စမရှိသော်လည်း လင်းမို့ မြင်သွားသည်ဖြစ်ရာ အနည်းငယ် ရှက်မိသွားသည် ။ သူ ခဏတာ သတိလွတ်သွားသည်ကြောင့် ကိုင်ထားသော အထုတ် လွတ်ကျသွားသည် ။ ဝိုင်းအရိုက်ခံရစဥ် ထိခိုက်မိထားသဖြင့် အထုတ်က ပေါက်ပြဲနေ၏ ။ လွတ်ကျသည်နှင့် A1 ဆေးမှာ အပေါက်က ထွက်ကျသွားပြီး အနားရှိဖုန်းရုံံကို ထိမှန်ကာ ကွဲသွားလေသည် ။ ထိုနေရာက အဝါလေး အမှတ်အသားလုပ်ထားသော နေရာပင် ။

“ ခွမ်း....”

ဆေးပုလင်းက အဝါလေး အမှတ်အသားလုပ်ထားသော နေရာ၏ အလယ်တည့်တည့်ကို ထိမှန်ပြီး ကွဲသွားသည် ။ ဆေးရည်များမှာ ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲသွား၏ ။

ယင်ကျန့်၏ မျက်လုံးများ ပြူးကျယ်သွားသည် ။

“ ငါ့ A1 ဆေးးး....”

ဤဆေးမှာ သူအလွန်လိုအပ်နေသည့် ဦးလေးဝမ်ပေးထားသော ဆေးဖြစ်သည် ။ သူ့အဖေ စိတ်နာကျင်ခံစားပြီးမှ ရလာခဲ့သည့် ဆေးဖြစ်သည် ။ ယခု ကြမ်းပြင်တွင် ပြန့်ကျဲကုန်လေပြီ ။

တော်သေးသည်မှာ ယင်ကျန့်တွင် အတွေ့အကြုံ ရှိပြီးဖြစ်သည် ။ သူတုံ့ဆိုင်းမနေတော့ ။ ဆေးရည်များ မပျောက်ကွယ်မှီ ချုပ်ကိုင်ထားသူများ၏ လက်ထဲမှ အားကုန်ရုံးထွက်လိုက်သည် ။ ပြီးနောက် မြေပြင်ပေါ်ရှိ သူ၏ ဆုံးရှုံးသွားသော ဆေးရည်များကို ပြန်လည်ရရှိရန် အရူးအမူး လျက်တော့သည် ။

“ ကောင်း.......”

စကားပြောရန်ပြင်နေသော လင်းမို့ ဆွံ့အသွားသည် ။

ဝိုင်းရိုက်နေကျသူ နှစ်ယောက်လည်း ဆွံ့အသွားသည် ။

အမှတ်အသား ပြုခဲ့သူ ခွေးဝါလေးလည်း ဆွံအသွား၏ ။

“ ဟစ်စ်စ်စ်စ်..... “

All Chapters