← Chapters

ကျန်းမိသားစု ကျဆုံးခြင်း

Vol. 3 Ch. 269

ကျန်းမိသားစု ကျဆုံးခြင်း

Vol. 3 Ch. 269

"ချန်းပေ့ရွှမ်း..."

လူတိုင်းက ဖြည်းညင်းစွာ ထွက်လာသော လူငယ်ကို ကြည့်ရင်း တီးတိုး ရေရွတ် လိုက်မိကြသည်။ သူတို့၏ မျက်လုံးတွက်မူ မယုံကြည်နိုင်ခြင်းများက ကြီးစိုးနေကြ၏။ ကျိုးတချီ၏ နဂါးကိုးကောင် အစီအရင်ကို ချန်းဖန် အန်တုနိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြချေ။

"ချန်းပေ့ရွှမ်း ... ငါ့ဆရာရော..."

ကျင်းကျိယူက တင်းမာစွာဖြင့် ချန်းဖန်ကို မေးလိုက်သည်။

"ဟမ့်..."

ချန်းဖန်က နှာခေါင်းရှုံ့ကာ သူ့ကို ကြည့်လိုက်သည်။ ရုတ်တရက် အဇူရာရောင် အလင်းနှစ်ခုက သူ၏ မျက်လုံးတွင် ဖြတ်ပြေးသွားသည်။ ထိုခဏမှာပင် ကျင်းကျိယူ နောက်သို့ လွင့်စဉ်၍ မြေပြင်သို့ ကျသည်။ ထိုအရာက နတ်ဘုရား စိတ်အာရုံ တိုက်ခိုက်ခြင်းပင်။

ကျင်းကျိယူ၏ ဝိညာဉ်စွမ်းအင်မှာ ကျိုးတချီ၊ လဲ့ချန်းကျွယ်တို့နှင့်ပင် ယှဉ်ရန် ခက်ခဲရာ ချန်းဖန်ကို ယှဉ်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။ ချန်းဖန်မှာ နတ်ဘုရား စိတ်အာရုံကို သုံး၍ ကီလိုမီတာပေါင်း များစွာကို ဖြန့်ကြက် တိုက်ခိုက်နိုင်သည်။ သူသာ အလိုရှိလျှင် ဟောင်ကောင် တစ်ခုလုံးကိုပင် ဖြန့်ကြက် တိုက်ခိုက်နိုင်သည်။ ကျင်းကျိယူ ယခုထိ မသေရသေးခြင်းမှာ ပြည့်စုံခြင်း အဆင့်ကျင့်ကြံသူ တစ်ယောက် ဖြစ်နေခဲ့ပြီးသော ကြောင့်သာ ဖြစ်သည်။

လူတိုင်းမှာ ထိုမြင်ကွင်းကို ကြည့်ရင်း အံ့အားသင့်သွားသည်။ ကျင်းကျိယူမှာ ကျိုးတချီ၏ တပည့်ဖြစ်သည့်အပြင် ပြည့်စုံခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်လည်း ဖြစ်သည်။ သို့သော် ချန်းပေ့ရွှမ်း၏ အကြည့်တစ်ချက်ပင် သူ့အား ထိခိုက်စေသည်။ ထို ချန်းပေ့ရွှမ်းဆိုသော ကောင်လေးမှာ အတွေးဖြင့်ပင် လူသတ်နိုင်ပုံရသည်။ တာအိုအကြီးအကဲ မိုးတိမ်က သက်ပြင်း တစ်ချက်ချရင်း ချန်းဖန်ထံ လျှောက်လာကာ...

"အထွတ်အထိပ် ပညာရှင်ချန်း... ကျိယူက အကိုကျိုးရဲ့ တပည့်ဆိုတော့ သူ့ဆရာအတွက် စိတ်ပူနေလို့ပါ။ သူ့ကို ခွင့်လွှတ်ပေးပါ..."

ချန်းဖန်၏ မျက်လုံးမှ အဇူရာရောင် အလင်းက ပြန်လည် ပျောက်ကွယ်သွားပြီး လက်နှစ်ဖက်ကို နောက်သို့ ပစ်လိုက်သည်။

"ကျိုးတချီ သေသွားပြီ..."

ချန်းဖန်၏ စကားက လူများအားလုံးကို တိတ်ဆိတ် သွားစေသည်။ များစွာသော ကျန်းမိသားစုဝင်များစွာ၏ မျက်နှာများကလည်း စက္ကူတစ်ခုအလား ဖြူသွားကြသည်။ ကျိုးတချီကား သူတို့၏ အကြီးမားဆုံးသော မျှော်လင့်ချက် ဖြစ်ခဲ့သည်။ ကျိုးတချီမှာ အနှစ်သုံးဆယ်ခန့် စုဆောင်းထားခဲ့သော နဂါးကိုးကောင် အစီအရင်ကိုပင် ဖော်ထုတ်၍ ချန်းဖန်အား တိုက်ခိုက်ခဲ့သည့်တိုင် အနိုင်မရခဲ့ပေ။

"ကျိုးတချီ ဘယ်လို သေသွားတာလဲ"

ထိုမေးခွန်းက လူတိုင်း၏ စိတ်ထဲသို့ အရိပ်တစ်ခုအလား ဝင်ရောက်လာ၏။ လူတိုင်းမှာ နေရာတွင်ပင် ထိုမေးခွန်းအတွက် တိတ်ဆိတ်မှုဖြင့် အဖြေရှာသည်။ ထိုတိုက်ပွဲကား ရာစုနှစ်၏ အကောင်းဆုံးသော တိုက်ပွဲဖြစ်ကာ သေခြင်းနှင့် ယှဉ်ခြင်းသာ ရှိသည်။ သို့သော် သူတို့ မျှော်လင့်ခဲ့သော ကျိုးတချီမှာ မရှင်သန်နိုင်ခဲ့ချေ။

လူတိုင်းမသိသော အရာတစ်ခုမှာ ချန်းဖန်က ကျိုးတချီကို သတ်ခဲ့ခြင်း မဟုတ်ကြောင်းပင်။ ကျိုးတချီမှာ သူမနိုင်သော စွမ်းအားကို အတင်းထုတ်ယူ အသုံးချခဲ့သောကြောင့် ထိုအရာ၏ ဖိအားအောက်၌ အသက်ရှူ ရပ်ခဲ့ရသည်။ ချန်းဖန် နဂါးကိုးကောင်ကို ဖျက်ဆီးပြီးနောက် ကျိုးတချီမှာ လောကကြီးထဲမှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ ချန်းဖန် အဖြစ်မှန်ကို ပြောပြလျှင်လည်း မည်သူမျှ ယုံကြည်လိမ့်မည် မဟုတ်ပေ။ ထိုလျှို့ဝှက်ချက်က ချန်းဖန်၏ စိတ်နှလုံး အတွင်းတွင်သာ တစ်သက်လုံး တည်ရှိလိမ့်မည် ဖြစ်သည်။

"ကျန်းကျိုးမိန်..."

ချန်းဖန် အဘိုးအိုကျန်းနှင့် ကျန်းမိသားစုဝင်များ ရှိရာဘက်သို့ လှည့်ကြည့် လိုက်သည်။ အဘိုးအိုကျန်းက ချန်းဖန်အား ကြည့်ကာ...

"ငါ့ရဲ့ ဘဝတစ်လျှောက်လုံးမှာ တစ်ခါမှ မရှုံးနိမ့်ခဲ့ဖူးဘူး။ ဘဝရဲ့ နောက်ဆုံး အပိုင်းအခြားကို ရောက်မှ ရှုံးနိမ့်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ"

အဘိုးအိုကျန်း၏ စကားက သူ၏ စိတ်ဓာတ်များ အဆုံးထိ ကျဆင်းနေခဲ့ကြောင်း အထင်းသား ပေါ်လွင်နေခဲ့သည်။ ကျန်းဟိုချောင် အပါအဝင် အခြား ကျန်းမိသားစုဝင် များစွာမှာလည်း ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လုံး တုန်နေခဲ့ကြသည်။ အဘိုးအိုကျန်း၏ နံဘေးတွင်ရပ်နေသော ကျန်းအန့်ချီမှာလည်း နှလုံးသား တစ်ခုလုံး အေးခဲနေသည့်အလား ကြောင်တောင်တောင် ဖြစ်နေခဲ့သည်။ အဆုံးသတ်၌ ဤကဲ့သို့ ရလဒ်ရလိမ့်မည်ဟု သူတို့ လုံးဝ မမျှော်လင့်ထားခဲ့ချေ။ နတ်ဘုရား တစ်ပါးကဲ့သို့ စွမ်းအားများ ပိုင်ဆိုင်သည့် ကျိုးတချီပင်လျှင် ကျရှုံးခဲ့ရသည်။

"ဆရာချန်း... ကျုပ်တို့ဘက်က လောင်းကြေး ရှုံးနိမ့်ခဲ့တယ်။ ကျုပ်နဲ့ ကျုပ်ရဲ့ မိသားစု အသက်ကိုတော့ ချမ်းသာပေးဖို့ မျှော်လင့်ပါတယ်"

"အဖေ..."

ကျန်းဟိုချောင်နှင့် အခြား ကျန်းမိသားစုဝင်များက စိုးရိမ်စွာ ခေါ်လိုက်ကြသည်။ ကျန်းကျိုးမိန်က တစ်ခွန်းမျှ ပြန်မပြောပဲ ချင်းဟီဆီမှ စာရွက်စာတမ်း ဖိုင်တွဲတစ်ခုကို လှမ်းယူလိုက်သည်။

"ဒါက ကျုပ်ရဲ့ ဆန္ဒပါ။ ကျုပ် မိသားစုဝင်တွေရဲ့ အသက်ကို ကျန်းလုပ်ငန်းစုရဲ့ ရှယ်ယာ သုံးဆယ်ရာနှုန်းနဲ့ လဲခွင့်ပြုပါ"

ကျန်းကျိုးမိန်က ဖိုင်တွဲအား တရိုတသေ ကမ်းရင်း ပြောလိုက်သည်။ ကျန်းလုပ်ငန်းစုတွင် ဘီလျံဆယ်နှင့်ချီသော လုပ်ငန်းများစွာ ရှိကာ ရှယ်ယာ ငါးဆယ်ရာနှုန်းခန့်ကို သူတို့ ပိုင်ဆိုင်သည်။ ချန်းဖန်ကို ကမ်းလှမ်းသည့် ရှယ်ယာ သုံးဆယ်ရာနှုန်းမှာ ဈေးကွက်ပေါက်ဈေးအရ ယွမ်နှစ်ဆယ်ဘီလျံမှ သုံးဆယ်ဘီလျံအကြား ရှိသည်။ ထိုပမာဏမှာ ချန်းဖန်ကို ပေးရမည့် တစ်ဆယ်ဘီလျံ အကြွေးထက် များသည်။ ကျန်းမိသားစုဝင်များစွာမှာ ဖိုင်တွဲကိုကြည့်ရင်း ဝမ်းနည်းမှုကို ခံစားကြရသည့်တိုင် သူတို့အသက်ထက် ပိုအရေးကြီးသည့်အရာ မရှိပေ။

"မလုံလောက်ဘူး"

ချန်းဖန်က ထိုစာရွက်ကို လှည့်ပင်မကြည့်ပဲ ငြင်းလိုက်သည်။  ချန်းဖန်၏ အဖြေကြောင့် အဘိုးအိုကျန်း၏ မျက်နှာက ဖြူဖပ်ဖြူရော် ပြန်ဖြစ်သွားပြန်သည်။ သူက ‌စိတ်ထဲတွင် ဒေါသထွက်နေသည့်တိုင် အားတင်းပြုံးရင်း...

"ဆရာချန်းက ကျုပ်တို့အားလုံးကို အသက်ရှင်ခွင့် မပေးတော့ဘူးလား..."

ချန်းဖန်က အေးစက်စွာ ပြုံးလိုက်သည်။ ထို့နောက် ရှေ့သို့တစ်လှမ်း လှမ်းလိုက်ကာ...

"ငါ ချန်းပေ့ရွှမ်းက ဘဝမှာ လူပေါင်းများစွာကို သတ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဘယ်တော့မှ အကြောင်းမဲ့ မသတ်ခဲ့ဘူး။ ကျန်းအန့်ချီက ခင်ဗျားရဲ့ အသက်ကို ကယ်ဖို့ ငါ့ရဲ့ဆေးကို အကြွေး ဝယ်ခဲ့တယ်။ မင်းတို့မိသားစုကပဲ ငါ့အပေါ်အကြွေးတင် နေခဲ့တာ။ ငါက မင်းတို့ကို ထောက်ထားစရာ ဘာမျက်နှာရှိလဲ"

ချန်းဖန်က ရှေ့သို့တိုးလိုက်ရင်း ကျန်းကျိုးမိန်၏ အင်္ကျီကော်လံအား ကိုင်လိုက်သည်။

"မင်းရဲ့ အသက်ကို ငါပိုင်တယ်။ ခု ငါက အဲဒါကို ပြန်ယူ ယုံပဲ..."

ချန်းဖန်၏ စကားအဆုံး၌ ကျန်းကျိုးမိန်မှာ ညင်သာစွာပင် ခေါင်းစိုက် ကျသွားတော့၏။ ဟောင်ကောင်၏ ဂန္ထဝင်ပုဂ္ဂိုလ်ကြီးကား အဆုံးသတ် သွားခဲ့ပြီ ဖြစ်သည်။ သူ၏ ဘဝက အောင်မြင်မှုများစွာကို ရယူနိုင်ခဲ့ပြီး အမြဲတမ်းလိုလို သာယာ ပျော်ရွှင်ခဲ့ရသည်။ ချန်းပေ့ရွှမ်း၏ ဆေးများကြောင့်သာ မဟုတ်လျှင် ဘဝကို အနိုင်ပိုင်း၍ လောကကြီးမှ ထွက်ခွာ သွားလောက်ပြီ ဖြစ်သည်။ သို့သော် ယခု သူ၏ ‌ဘဝနောက်ဆုံး အပိုင်းအခြားလေးတွင် အတွက်အချက်မှားကာ ရှုံးနိမ့်ခဲ့သည်။ ထိုရှုံးနိမ့်မှု၏ လောင်းကြေးက သူ့အသက်ပင် ဖြစ်တော့သည်။

ချန်းဖန် ကျန်းအန့်ချီဘက်သို့ လှည့်ကြည့် လိုက်သည်။ မိန်းကလေးမှာ ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေသော မျက်လုံးများနှင့် ချန်းဖန်အား ကြည့်နေခဲ့သည်။

"နင် ငါ့ကို မလိမ်ခဲ့သင့်ဘူး။ ဒီနေ့ကစပြီး နင့်ဘဝရဲ့ နှစ်ပေါင်း ငါးဆယ်ကို အပြစ်အတွက် ငါသိမ်းယူမယ်"

ချန်းဖန်၏ စကားအဆုံး၌ အစီအရင်တစ်ခုက လေထဲတွင် ဖွဲ့စည်းကာ ကျန်းအန့်ချီနှင့် ပေါင်းစပ်သည်။

ထိုခဏတွင်ပင် သူမ၏ နက်မှောင်သော ဆံပင်များ ဖြူလျောလာပြီး တင်းရင်း စိုပြည်သော အသားအရေမှာလည်း စတင် တွန့်ခေါက်လာသည်။ တစ်ခဏအတွင်းမှာပင် သူမ၏ နုပျိုမှုများ ကုန်ဆုံးကာ ဆံပင်ဖြူ အဘွားအိုအလား ပြောင်းလဲ သွားတော့သည်။ ကျန်အန့်ချီမှာ နာကျင်စွာ အော်ဟစ်ရင်း သူမ၏ မျက်နှာကို လက်များဖြင့် ကာထာ မြေပြင်ပေါ်သို့ ထိုင်ချလိုက်သည်။

လူတိုင်းက ထိုမြင်ကွင်းကို ကြောက်ရွံ့ခြင်း၊ ဝမ်းနည်းခြင်းများဖြင့် ကြည့်နေကြသည်။ အလွန်လှပသော မိန်းကလေးမှ အရုပ်ဆိုးဆိုး အဘွားအိုဘဝသို့ ပြောင်းလဲသွားခြင်းက သေခြင်းတရား ထက်ပင် ဆိုဝါးသည်။ ထိုကောင်ကား အမှန်ပင် ရက်စက်လွန်းသည်။

ချန်းဖန်မှာမူ သူတို့၏ အတွေးများကို ဂရုမစိုက်ပဲ ကျန်းမိသားစုဝင်များ ဘက်သို့ လှည့်လိုက်သည်။

"ကျန်းမိသားစုက ငါ့ရဲ့ အကြွေးကို မဆပ်တဲ့အပြင် ငါ့ကိုပါ တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်။ ဒါကြောင့် ကျန်းမိသားစုရဲ့ မိသားစုပိုင် စီးပွားရေးအားလုံးကို သိမ်းမယ်။ မျှတတယ်လို့ ထင်ရဲ့လား”

လူတိုင်းက ခေါင်းများကို လျင်မြန်စွာ ညိတ်လိုက်ကြသည်။ မည်သို့သော သတ္တိမျိုးနှင့်မှ သဘောမတူပဲ မနေရဲကြချေ။

ဘေးနားရှိ အစီအရင် ပညာရှင်ပေါင်း များစွာမှာ ထိုမြင်ကွင်းကို ကြည့်ရင်း အလွန်ကြောက်ရွံ့ နေခဲ့ကြသည်။ ချန်းပေ့ရွှမ်းမှာ ကျန်းမိသားစုအား ဖြိုချရန် သုံးခုသာ လုပ်ဆောင်ခဲ့သည်။  ပထမ ကျန်းကျိုးမိန်ကို သတ်သည်။ ဒုတိယ ကျန်းအန့်ချီ၏ နုပျိုမှုများကိုယူကာ နှစ်ငါးဆယ် အမှုထမ်းစေသည်။ တတိယ ကျန်းမိသားစုပိုင် အရာအားလုံးကို သိမ်းပိုက်သည်။

လူတိုင်းမှာ ချန်းဖန်၏ လမ်းစဉ်အား နားလည်မိကြသည်။ သူ၏ လမ်းစဉ်က ရက်စက်ခြင်းနှင့် ပြတ်သားခြင်းပင်။

ချက်ချင်းပင် ကျန်းမိသားစုက သူတို့ပိုင်ဆိုင်သည့် ကုမ္ပဏီအား ချန်းပေ့ရွှမ်းထံ လွှဲပြောင်းပေးကြောင်း လက်မှတ်ရေးထိုး လိုက်ကြသည်။ ချန်းဖန်က သူတို့အား ရွှေ့ပြောင်းရန် သုံးရက် အချိန်ပေးသည်။ ထိုသတင်းက ဟောင်ကောင်ကို တုန်လှုပ်စေလိမ့်မည် ဖြစ်သည်။ ယခုမှ စ၍ ကြီးကျယ် မြင့်မြတ်သော ကျန်းမိသားစုမှာ မရှိတော့ချေ။ သူတို့၏ ချမ်းသာစု၊ အာဏာ၊ လွှမ်းမိုးမှု အရာအားလုံးက အတိတ်တွင် ကျန်နေခဲ့ပြီ ဖြစ်သည်။

ကျန်းမိသားစု ကိစ္စပြီးသည်နှင့် ချန်းဖန် အစီအရင် ပညာရှင်များ ဘက်သို့ လှည့်ကြည့် လိုက်သည်။ ဟောင်ဝမ်ဇီနှင့် ကျင်းကျိယူတို့မှာ ချန်းဖန် တစ်ခုခုပြုလုပ်မည် စိုးရိမ်သည့်အလား ခေါင်းများကို ငုံ့လိုက်ကြသည်။ သို့သော်လည်း ချန်းဖန်က အစီအရင် ပညာရှင်များစွာ၏ ရှေ့သို့ လျှောက်လာကာ...

"ငါ ဟောင်ကောင်ကို လာတာ အကြွေးကိစ္စတစ်ခုတည်း မဟုတ်ဘူး။ ငါ့ရဲ့ အစီအရင်အတွက် ပစ္စည်းတွေ စုဆောင်းဖို့လည်း ပါတယ်။ အကယ်လို့ မင်းတို့မှာ ငါ့အတွက် အသုံးဝင်နိုင်တဲ့ ပစ္စည်း ရှိတယ်လို့ထင်ရင် ငါ့ဆီက အစွမ်းထက်တဲ့ဆေးတွေ၊ ကျင့်စဉ်တွေ နည်းစနစ်တွေ၊ အစီအရင်တွေနဲ့ လာလဲနိုင်တယ်..."

ယခုအချိန်မှာ ချူလုံတောင်၌ အစီအရင်ပညာရှင်များစွာ စုံလင်နေသောကြောင့် အခွင့်အရေးကို လက်လွတ်မခံပဲ ကြေညာလိုက်သည်။ လူထုမှာ ချန်းဖန်၏ စကားကြောင့် ဆူပွက်သွားသည်။ ထိုချန်းပေ့ရွှမ်းဆိုသော ကောင်လေးမှာ ဤမျှ ငယ်ငယ်ရွယ်ရွယ်နှင့် အကန့်အသတ် မရှိသော စွမ်းအားများ ပိုင်ဆိုင် နေနိုင်သည်မှာ သူ့တွင် အစွမ်းထက် ဆေးဝါးများ၊ ကျင့်စဉ်များ ရှိနေ၍ ဖြစ်ရမည်။ သူတို့သာ ထိုကောင်လေးထံမှ လျှို့ဝှက် နည်းစနစ်များ လဲလှယ်ရယူနိုင်ရင် သူတို့အတွက် အကျိုးရှိလိမ့်မည်။ သူတို့အားလုံးမှာ ချန်းဖန်နှင့် ရန်သူ မဖြစ်လိုကြချေ။ ထိုကောင်လေးကို ကလန်ကဆန် လုပ်ခြင်းထက် မိတ်‌ဆွေအဖြစ် ပေါင်းသင်းရခြင်းက သူတို့အတွက် ပိုကောင်းသည်။

"အစီအရင်လား။ ဆရာချန်းက အစီအရင်တစ်ခုကို တစ်နေရာရာမှာ ဆောက်လုပ်ဖို့ စီစဉ်နေတာလား။ နောက်ပြီး ကျွန်တော်တို့ကိုပါ ပညာရပ်တွေ သင်ပေးနိုင်မှာလား”

တစ်ယောက်က ချန်းဖန်အား မေးလိုက်သည်။

***

All Chapters