← Chapters

အပျော်စီးသင်္ဘောပေါ်မှ စားသောက်ပွဲ

Vol. 3 Ch. 271

အပျော်စီးသင်္ဘောပေါ်မှ စားသောက်ပွဲ

Vol. 3 Ch. 271

ဟေတန်ဟော်တယ်မှာ မြို့၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိသည်။ ကြီးမားသော ဇိမ်ခံမှန်လုံကားကြီး တစ်စီးက ဟိုတယ်သို့ ဝင်ရောက်လာသည်။ တံခါးစောင့် ကောင်လေး တစ်ယောက်က တံခါးကို လျင်မြန်စွာပြေး၍ ဖွင့်ပေးလိုက်သည်။ ကားထဲမှ အဖြူရောင် ကိုယ်ကျပ်ဝတ်စုံ ဝတ်ဆင်ထားသည့် ကြည့်ကောင်းသော ရုပ်ရည်ရှိသည့် လူငယ်တစ်ယောက် ထွက်ပေါ်လာသည်။

“သူက ချမ်းသာတဲ့မိသားစုရဲ့ သခင်လေးတစ်ယောက် ဖြစ်ရမယ်…” တံခါးစောင့်က တွေးလိုက်သည်။

“ဆရာချန်း … ကျွန်တော်တို့ လိုက်ရဦးမလား…”

လူငယ်၏ ဘေးတွင် ရပ်နေသော အသက်ကြီးကြီး လူနှစ်ယောက်က မေးလိုက်သည်။ နှစ်ယောက်စလုံးမှာ လူငယ်အား လေးလေးစားစားဖြင့် အလေးအနက် ထားသည့်ပုံ ရသည်။ ထိုနှစ်ယောက်မှာ ချင်းဟီနှင့် ဆရာရှီတို့ ဖြစ်ကြသည်။ ချန်းဖန်မှာ ကျန်းမိသားစုဝင်များကို နှင်လိုက်သော်လည်း ဝန်ထမ်းများကို ဆက်လက် ဆရာရှီနှင့် ချင်းဟီတို့အတွက်မူ တရုတ်၏ အစွမ်းအထက်ဆုံး ပညာရှင်ထံတွင် အမှုထမ်းရခြင်းက ဂုဏ်ယူစရာ တစ်ခုပင်။ အကယ်၍ ချန်းဖန်သာ စိတ်ကောင်းဝင်ပြီး သူတို့အား တစ်ခု၊ နှစ်ခု သင်ကြား ပေးလျှင်တောင် သူတို့၏ အဆင့်များ ခုန်ပေါက် တက်သွားလိမ့်မည် ဖြစ်သည်။

“မလို့ဘူး။ မင်းတို့ ထွက်သွားလို့ရပြီ…”

ချန်းဖန်က အမိန့်ပေး လိုက်သည်။

“ဟုတ်ကဲ့“

မစ္စတာရှီနှင့် ချင်းဟီတို့ နှစ်‌ယောက် ကားထဲသို့ပြန်ဝင်ကာ မောင်း၍ ထွက်သွားကြသည်။

ချင်ရီလန်းမှာ ချန်းဖန်ကို မြင်သည်နှင့် ပခုံးကို ဖက်ကာ…

“သူဌေး မင်း ဘယ်သွားနေတာတုန်း။ ငါတို့မင်းကို စောင့်နေတာ ကြာပြီ။ ငါတို့အားလုံးက တစ်စုတစ်စည်းတည်း ဖြစ်သင့်တာလေ။ မဟုတ်ဘူးလား”

လျူရှောင်ချင်နှင့် ချင်းလုလုတို့ကလည်း ချန်းဖန်အား အပြစ်တင်ကြသည်။ ကျိုးချင်းရကမူ ချန်းဖန်အား မကြည်သလို ကြည့်သည်။ သူမ၏ အတွေးတွင် ချန်းဖန်မှာ သူမနှင့် တစ်ခန်းတည်း မနေလိုသဖြင့် ထွက်သွားသည်ဟု ထင်နေခဲ့သည်။

“ငါ့အမှားပါကွာ။ ခုတစ်ညလုံး မင်းတို့ကို အဖော်လုပ်ပေးမယ်။ ဟုတ်ပြီလား”

ချန်းဖန်က သူ့အနားသို့ ဝိုင်းလာသော လူများကို ကြည့်ရင်း နွေးထွေးစွာ ပြုံးပြလိုက်သည်။ ဆရာရှီသာ ယခုအချိန်၌ ချန်းဖန်အား တွေ့မြင်ရလျှင် မျက်လုံးပြူးပြီး သတိလစ် သွားနိုင်သည်။

ကောင်းကင်စာအုပ်၏ နံပါတ်တစ်နေရာတွင် ရပ်တည်နေသည့် အထွတ်အထိပ် အဆင့်ကြီးက ဆယ်ကျော်သက် လူငယ်လေးများအား တောင်းပန်နေခဲ့သည် မဟုတ်ပါလား။

ဆရာရှီတို့သိသော ချန်းပေ့ရွှမ်းမှာ နှစ်ပေါင်းငါးရာခန့် အသက်ရှင်ခဲ့ပြီး လောကကြီးထဲရှိ ပညာရပ်များ အားလုံးကို ခြွင်းချက်မရှိ တတ်မြောက်ထားသူ ဟူ၍ပင်။ သို့သော် ချန်းဖန်မှာ သူ၏ ဘဝကို ရိုးရှင်းစွာပင် ဖြတ်သန်းနေသည့် ကောလိပ်ကျောင်းသား တစ်ယောက် ဖြစ်ကြောင်းကိုမူ သူတို့ မသိကြချေ။

ချင်ရီလန်းနှင့် ချီဝမ်စန်းတို့မှာ သူ၏ ယခင်ဘဝတည်းက သူငယ်ချင်းများ ဖြစ်ကာ လေးနှစ်တာ ကာလကို အတူတူ ဖြတ်သန်းခဲ့ဖူးသူများ ဖြစ်ကြသည်။ ချန်းဖန် အင်မော်တယ် ကမ္ဘာသို့ ရောက်ခဲ့သည့်တိုင် ထိုအဖြစ်အပျက်များကို မကြာခဏ ပြန်လည် သတိရလေ့ရှိသည်။

ချန်းဖန် အကြိမ်များစွာ တောင်းပန်ပြီးနောက် သူငယ်ချင်းများက ထိုကိစ္စကို ကျေအေးပေးလိုက် ကြသည်။ ထို့နောက် သူတို့အားလုံး စုဝေးကာ နိုင်ငံတော် အားလပ်ရက်၏ နောက်ဆုံးနေ့ကို မည်ကဲ့သို့ ကျော်ဖြတ်ကြရန် တိုင်ပင်ကြသည်။

“ချင်ရီလန်းက သူ့သူငယ်ချင်ချင်း တစ်ယောက်ဆီကနေ သင်္ဘောလက်မှတ် ရထားတယ်။ ငါတို့ သွားကြမလား”

ချင်းလုလုက အကြံပေးသည်။

“အဲဒါက ပျော်ဖို့ကောင်းပါ့ မလား”

ကျိုးချင်းရက မေးလိုက်သည်။

“ဒီသင်္ဘောက ရိုးရိုး သင်္ဘော မဟုတ်ဘူးဟ။ အဲဒါက အပျော်စီး သင်္ဘောလိုမျိုး။ အဲဒါက ဗစ်တိုးရီးယား ပင်လယ်ထဲကို သွားမှာလေ။ အဲဒီကနေဆိုရင် ဟောင်ကောင်ရဲ့ ညမြင်ကွင်းကို ကြည့်လို့ရတယ်တဲ့။ နောက်ပြီးတော့ အစားအစာတွေကလည်း ကောင်းတယ် ပြေကြတယ်…”

ချင်းလုလုက ရှင်းပြလိုက်သည်။

“အမှန်ပဲ။ နောက်ပြီးတော့ ခုည သင်္ဘောပေါ်မှာ ပါတီပွဲတစ်ခု ရှိတယ်တဲ့။ အဲဒီပွဲကို ကောင်ကောင်က သူဌေးသားသမီးတွေလည်း တက်မယ်လို့ ကြားတယ်။ နောက်ပြီး မင်းသား၊ မင်းသမီးတွေလည်း လာမယ်လို့ ပြောတယ်…”

ချင်းရီလန်းက ဝင်ရောက် ဖြည့်စွက်လိုက်သည်။

သူ၏ စကားကြောင့် အားလုံး စိတ်ဝင်စား သွားကြသည်။

ရုပ်ရှင် သရုပ်ဆောင်များမှာ သာမန်လူများအတွက် တွေ့မြင်ရရန် မလွယ်ကူသော လူများဖြစ်ကြသည်။

“မိုက်လှချည်လား… နင်က ဟောင်ကောင်မှာ အင်အားကြီးမားတဲ့ တစ်ယောက်ယောက်ကို သိထားတာ ဖြစ်ရမယ်”

လျူရှောင်ချင်က အံ့အားတကြီး ပြောလိုက်သည်။ ကျိုးချင်းရပင်လျှင် ချင်ရီလန်း၏ စကားကြောင့် အံ့ဩသွားပုံပေါ်သည်။

ချင်ရီလန်းက ဂုဏ်ယူစွာ ပြုံးလိုက်သည်။ အပျော်အပါးရှာရာတွင် သူက အလွန်ထူးချွန်သည်။ သူ၏ နောက်အရည်အချင်း တစ်ခုမှာ ရောက်သည့်နေရာ၌ မိတ်ဆွေ ဖွဲ့နိုင်ခြင်းပင်။

နာမည်ကျော် ဆယ်လီများကို တွေ့ရန်အတွက် အခွင့်အရေးမှာ မိန်းကလေးတိုင်း၏ အိပ်မက် ဖြစ်သည်။ ထို့ကြောင့် မိန်းကလေးများကို လိုက်လျောလိုက်ပြီး ထိုနေရာသို့ သွားရန်သာ သဘော တူညီလိုက်ကြသည်။

ပါတီပွဲသို့ တက်ရန်အတွက် ဝတ်စုံများ စီစဉ်ရန်အတွက် ချင်ရီလန်း ခေါင်းဆောင်၍ ရှော့ပင်း ထွက်ကြသည်။ ဟောင်ကောင်၏ ဆိုင်များမှာ သူတို့ရောင်းချသော တန်ဖိုးကြီး ဘရန်းများကြောင့် ထင်ရှားသည်။

ချင်းလုလုမှာ ချင်ရီလန်း၏ လက်မောင်းကို ချိတ်ကာ ခေါင်းမော့လျက် ရှေ့ဆုံးမှ ချီတက်သည်။ ချီဝမ်စန်းနှင့် လျူရှောင်ချင်တို့ အတွဲကလည်း တစ်ယောက် တတွဲတွဲ ဖြင့် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လျှောက်ပတ်ကြသည်။

ချန်းဖန်နှင့် ကျိုးချင်းရတို့ကမူ အေးဆေးစွာပင် လမ်းလျှောက်ရင်း ပတ်ကြည့်ကြသည်။

“နင် အကူအညီလိုလား။ ပါတီမှာ အဲဒီ ရောက်လာတည်းက ဝတ်ထားတဲ့ အင်္ကျီကြီးပဲတော့ မဝတ်ဘူးမလား…”

ကျိုးချင်းရက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

“သေချာတာပေါ့…” ချန်းဖန်က ပြန်ပြောလိုက်သည်။

ချန်းဖန်မှာ ဓမ္မအစီအရင်တစ်ခုကိုပင် ယွမ်သန်းသုံးဆယ်ပေး၍ ဝယ်နိုင်လောက်အောင် ချမ်းသာသူ ဖြစ်သောကြောင့် ကျိုးချင်းရက အာမန်နီဆိုင်သို့ ခေါ်သွားလိုက်သည်။

“ဆရာ… မဒမ် ကြိုဆိုပါတယ်…”

“ငါတို့က သင်္ဘောပေါ်မှာ ကျင်းပမဲ့ပါတီပွဲအတွက် ဝတ်စုံ ရှာနေတာပါ…”

ကျိုးချင်းရက ပြောလိုက်သည်။

“ဟုတ်ကဲ့ ဒီလမ်းပါရှင်”

ဆိုင်ဝန်ထမ်းမလေးက ဦးဆောင်ကာ ဝတ်စုံများကို ပြသပေး လိုက်သည်။

“အဝတ်လဲခန်းက ဒီဘက်မှာပါရှင်…”

ကျိုးချင်းရမှာ ဖက်ရှင် အမြင်ရှိသူ ဖြစ်သဖြင့် ချန်းဖန်နှင့် လိုက်ဖက်နိုးနိုး ထင်သော အဝတ်အစားများကို ရွေးချယ်ပေးသည်။ သူမက ကိုယ်ကျပ်ဝတ်စုံ တစ်ထည်ကို ချန်းဖန်အားပေး၍ ဝတ်ဆင်စေသည်။ ချန်းဖန်မှာ အခြားလူများ သူ့ကို မည်သို့ ထင်မည်ကို ဂရုမစိုက်သည့်တိုင် ကျိုးချင်းရ သဘောအတိုင်း ထိုဝတ်စုံကို ယူ၍ အဝတ်လဲခန်း အတွင်းသို့ ဝင်လိုက်သည်။

ချန်းဖန် တစ်စက္ကန့်ပင် မကြာသော အချိန်အတွင်း အဝတ်လဲပြီး သွားသည်။ ထို့နောက် ရှေ့တွင်ရှိနေသော ကိုယ်လုံးပေါ်မှန်သို့ တစ်ချက် ကြည့်လိုက်သည်။ သူ၏ မူလရုပ်သွင်မှာ တက္ကသိုလ် ကျောင်းသား တစ်ယောက်နှင့် တူသည့်တိုင် ယခုဝတ်စုံကို လဲအပြီးတွင် ချမ်းသာသည့် သူဌေးသား တစ်ယောက်အလား ထင်ရစေသည်။ ချန်းဖန် ကျိုးချင်းရ၏ အမြင်ကို ချီးကျူးလိုက်မိသည်။

“မင်းတို့လည်း ရေမင်းသမီးဆီကို သွားကြမှာလား။ တိုက်ဆိုင်လိုက်တာ”

ချန်းဖန် အဝတ်လဲခန်း အတွင်းမှ ထွက်လာသည်နှင့် လူငယ် တစ်ယောက်က ကျိုးချင်းရအား စကား လာပြောနေသည်ကို တွေ့လိုက်ရသည်။ ကျိုးချင်းရမှာ လူငယ်၏ အတင်း ဝင်ကပ်နေမှုကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေပုံရသည်။

ထို့ကြောင့် ချန်းဖန် ထွက်လာသည်ကို တွေ့သည်နှင့်…

“အိုး… ငါ့ကောင်လေး ပြီးသွားပြီပဲ…”

သူမက ချန်းဖန်ထံ ပြေးလာကာ လက်နှစ်ဖက်အား ချိတ်လိုက်သည်။ လူငယ်မှာ ထိုမြင်ကွင်းကြောင့် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားပုံ ပေါက်သည့်တိုင် လူကြီး လူကောင်းဆန်ဆန် ပြုံးလိုက်ရင်း လက်ကို ကမ်းကာ…

“တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော့ နာမည်က လုကျန်းယုပါ။ ခင်ဗျားတို့လည်း ရေမင်းသမီးက ပါတီပွဲကို သွားကြမလို့ဆို။ ကျွန်တော်တို့ အတူတူ သွားကြမလား…”

ချန်းဖန်က လက်ကိုကမ်း၍ မိတ်ဆက်လိုက်သည်။ ချန်းဖန်၏ လက်တွင် မည်သည့်အရာမှ ရှိမနေသည်ကို ကြည့်၍ သူ၏ မျက်နှာတွင် အထင်သေးခြင်းများ ပေါ်လာသည်။ သို့သော်လည်း ဟန်ဆောင် ပြန်ပြုံးပြလိုက်ကာ ရေနတ်သမီး သင်္ဘောအကြောင်း စတင် မိတ်ဆက် လိုက်သည်။

တဖြည်းဖြည်း ခေါင်းစဉ်က သူ့အကြောင်းသို့ တဖြည်းဖြည်း ပြောင်းလဲလာသည်။ သူက ဟောင်ကောင်ရှိ ချမ်းသာသည့် မိသားစုတစ်ခု၏ ဆက်ခံသူ ဖြစ်ကာ ကုမ္ပဏီပေါင်း များစွာကို ပိုင်ဆိုင်သည်။ သူက ပင်လယ်ဘေးတွင် တိုက်ခန်းတစ်ခန်း ပိုင်ဆိုင်ပြီး ထိုအရာက ယွမ်သန်း တစ်ရာကျော် တန်ကြောင်း စသည်ဖြင့်…။

“အဲဒီကို ဆယ်လီတွေ အများကြီး လာကြမှာ။ နောက်ပြီး တက်သစ်စ အနုပညာရှင်တွေရောပဲ။ အဲဒီ ပါတီက ဟွာရီဖျော်ဖြေရေးရဲ့ လူငယ် ခေါင်းဆောင်နင်းက ဦးစီးပြီး ကျင်းပတာလေ။ သူနဲ့ ငါနဲ့က အရမ်းခင်တာလေ။ ဟိုရောက်ရင် မင်းတို့နဲ့ မိတ်ဆက်ပေးမယ်”

လုကျန်းယုက မာနကြီးစွာ ပြောရင်း ကျိုးချင်းရအား တစ်ချက် ကြည့်လိုက်သည်။ ကျိုးချင်းရ၏ ရုပ်ရည်မှာ အတော်လေး ချောမောသောကြောင့် ကျိုးချင်းရကို ကြံစည်နေခြင်း ဖြစ်သည်။

“ဒီလို အလန်းလေးကို ငါ လက်မလွှတ်နိုင်ဘူး” ထိုအရာက သူ၏ ပြတ်သားသော အတွေးပင်။

“မိန်းကလေးကျိုး ခင်ဗျား သတင်းတစ်ခု ကြားပြီးပြီလား။ ကျန်းအန်ချီက ရောဂါတစ်ခုကြောင့် အိုမင်း သွားခဲ့တယ်တဲ့။ ကျန်းမိသားစု တစ်ခုလုံးကလည်း ကြွေးတွေ မဆပ်နိုင်လို့ သူတို့မှာ ရှိတာ အကုန်ချပေး လိုက်ရတယ်တဲ့”

လုကျန်းယုက ပြောပြလိုက်သည်။

“ဘယ်လို…”

ကျိုးချင်းရမှာ ထိုသတင်းကြောင့် အလွန် အံ့အားသင့် သွားပုံရသည်။

ထိုအချိန်တွင် ချင်ရီလန်းတို့ တစ်သိုက်မှာလည်း ချန်းဖန်တို့ထံသို့ ရောက်နေကြပြီ ဖြစ်သည်။

“ကျန်းမိသားစုက ယွမ်ဘီလျံနဲ့ ချီတဲ့ လုပ်ငန်းတွေ ပိုင်ဆိုင်တာဆိုတော့ အဲဒီပိုက်ဆံတွေ လွှဲပြောင်းယူခဲ့တဲ့လူတော့ တကယ်ထောပြီပဲ” ချင်ရီလန်းက ဝင်ပြောလိုက်သည်။

“ဟုတ်တယ်။ တကယ်တော့ သူက ကျွန်တော့်ရဲ့ သူငယ်ချင်း တစ်ယောက်ပဲလေ။ ခင်ဗျားတို့နဲ့ မိတ်ဆက်ပေးမယ်”

“တကယ်လား…”

ချင်ရီလန်းတို့ တစ်သိုက်၏ မျက်နှာများက ပျော်ရွှင်မှုဖြင့် လင်းလက် သွားကြသည်။ ကျိုးချင်းရပင်လျှင် အနည်းငယ် စိတ်ဝင်စားသွား ဟန်ရသည်။

“တကယ်ပေါ့..”

လူငယ်က ဂုဏ်ယူစွာပြုံးရင်း ပြောလိုက်သည်။

ချန်းဖန်၏ အူကြောင်ကြောင် မျက်နှာမှာလည်း အံ့ဩမှုများ ပြည့်နှက်နေခဲ့သည်။ ထိုလူငယ်၏ နောက်ဆုံးစကားက သူနှင့် သူ့ကို မိတ်ဆက်ပေးမည် ဟူ၍။

***

All Chapters