← Chapters

ဧည့်သည်၁

Vol. 11 Ch. 107

ဧည့်သည်၁

Vol. 11 Ch. 107

စုချန်းနှင့်သံမဏိသည်၎င်းတို့၏ မေးစေ့များကို ကိုယ်စီပွတ်သပ်ရင်း အိပ်ယာပေါ်တွင်သတိလစ်နေသော လင်ယဲ့မွှားကို ငေးစိုက်ကြည့်နေကြ၏။ လက်ရှိပြသနာသည်စုချန်းအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေရန်မှာတော့ သေချာနေခဲ့လေပြီ။

လင်မျိုးနွယ်စုသည်ဤကိစ္စကို အနည်းငယ်မျှ လက်ခံလိမ့်မည်မဟုတ်။ သူတို့လိုချင်သည်မှာ သာမာန်လင်ယဲ့မွှား မဟုတ်။ ပျံသန်းနေသောမြွေသွေးဗီဇကို ပိုင်ဆိုင်ထားပြီး နောင်အနာဂါတ်တွင်လင်မျိုးနွယ်စုကို ထိပ်တန်းနေရာသို့ ပို့ဆောင်ပေးနိုင်မည့်လင်ယဲ့မွှားမျိုးကိုသာ လိုအပ်နေခြင်း ဖြစ်သည်။ ပျံသန်းနေသောမြွေ သွေးဗီဇသာမရှိလျင်လင်ယဲ့မွှား၏တန်ဖိုးသည်အလွန်အမင်း လျော့ကျသွားပေလိမ့်မည်။ တထောင့်တနေရာကြည့်ရလျင်လင်ယဲ့မွှား၏ အစိတ်အပိုင်းတချို့သည်သေဆုံးသွားပြီဟု ဆိုနိုင်၏။ သူ့အနေအထားမှာလည်း တချိန်က စုချန်းအန်၏ မျက်လုံးထဲတွင်စုချန်း ရောက်ရှိခဲ့သည့်အနေအထားမျိုးသို့ ရောက်ရှိသွားခဲ့လေပြီ။

စုချန်းအန်သည်စုချန်းအား မျက်လုံးကန်းစေခဲ့သော သူတောင်းစားအဖိုးကြီးကို မည်သည့်နည်းနှင့်မျှ သနားဂရုဏာသက်နေရန်အကြောင်းမရှိ။ လင်ချင်းယုန်သည်လည်း ထိုနည်းအတိုင်းသာ ဖြစ်ပေလိမ့်မည်။

ရှုပ်ရှက်ခတ်နေသော အတွေးများကြောင့်စုချန်း၏ ဦးခေါင်းတခုလုံး နာကျင်ကိုက်ခဲလာ၏။ ထို့နောက်သူသည်မြေကြီးပေါ်တွင်ဖြည်းညှင်းစွာ ထိုင်ချလိုက်ပြီး လင်ယဲ့မွှားကို ငြိမ်သက်စွာ ထိုင်ကြည့်နေမိတော့သည်။ ကျောက်ရုပ်ကြီးပမာ ငြိမ်သက်နေသော စုချန်းကိုကြည့်ရင်း သံမဏိခမျာကား ပါးစပ်ပင်မဟရဲရှာတော့။ ထိုအဖြစ်အပျက်ကြောင့်ပတ်ဝန်းကျင်တခုလုံးမှာလည်း အသက်ရှုမဝသကဲ့သို့ ခံစားလာရလေသည်။ အချိန်မည်မျှ ကြာသွားသည်မသိ နောက်ဆုံးတွင်စုချန်းက မတ်တပ်ရပ်လိုက်သည်။ ထို့နောက်သူက လင်ယဲ့မွှား၏ ဘေးနားသို့ကပ်ကာ သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။ လင်ယဲ့မွှား၏ ဒဏ်ရာမပြင်းထန်မှန်း သေချာသွားတော့မှ စုချန်းက သံမဏိကို အမိန့်ပေးလိုက်သည်။

"မင်ချူးကို ပြောလိုက်ဟေ့ ခုချက်ချင်း လေဆန်နန်းတော်ကိုသွားပြီး ခုနှစ်ရက်မူးဝေဆေးရည်သွားဝယ်လို့"

သံမဏိ ခေါင်းရှုပ်သွား၏။ သူက မေးလိုက်သည်။

"ဒါက သူ့ကို ကယ်နိုင်လို့လား သခင်"

စုချန်းက ရှင်းပြလိုက်သည်။

"ကယ်တော့မကယ်နိုင်ဘူးပေါ့ကွာ ဒါပေမဲ့ ဒီဆေးရည်က သူ့ကို ခုနှစ်ရက်လောက်အိပ်ပျော်နေစေလိမ့်မယ်သူမနိုးလာမချင်း သူ့သွေးဗီဇ ပျောက်ကွယ်သွားတယ်ဆိုတာ လင်မျိုးနွယ်စုက သတိထားမိအုံးမှာ မဟုတ်ဘူး"

"ဒါပေမဲ့ ခုနှစ်ရက်လွန်သွားရင်တော့ သူတို့ သိသွားကြမှာပဲ သခင်"

"ပြသနာမရှိဘူး ဒီကြားထဲ ဒါကို ဖြေရှင်းနိုင်ဖို့ ငါတို့ ကြိုးစားရမှာပေါ့"

"ဘယ်လိုကြိုးစားမှာလဲ သခင်"

စုချန်းကား သံမဏိ၏ မေးခွန်းကို ပြန်မဖြေတော့။ သို့သော်သူ့မျက်လုံးမှာကား စိန်တုံးစိန်ပွင့်ပမာ တဖြတ်ဖြတ်လင်းလက်တောက်ပနေ၏။

________________×××_______________×××_________

သုံးရက်မြောက်နေ့တွင်လင်ယွမ့်ချောင်ပြန်လည်ရောက်ရှိလာ၏။ အိပ်ပျော်၍ ဟောက်ပင်ဟောက်နေသော လင်ယဲ့မွှားကို မြင်တွေ့ရသောအခါ သူအနည်းငယ်အံ့သြသွား၏။ ထိုအခါ သူက ခေါင်းမော့ရင်း မေးလိုက်သည်။

"မင်းပြောတော့ သူက အထူးဧည့်သည်တော်အဖြစ်ဒီမှာ လာနေတာဆို ခုတော့ ဘယ်လိုဖြစ်ရတာလဲကွ"

စုချန်းက ရှင်းပြလိုက်၏။

"ကျုပ်နဲ့ အစ်ကိုကြီးလင်ဟာ မြင်မြင်ချင်းမှာပဲ အလွန်ကို ခင်မင်သွားခဲ့ကြတယ်ပြန်ရောက်တော့ အောင်ပွဲခံတဲ့အနေနဲ့ ကျုပ်တို့ အလွန်အကျွံ သောက်မိခဲ့တယ်ဗျ ကံမကောင်ချင်တော့ အစ်ကိုကြီးလင်ဟာ ခုချိန်ထိ အမူးလွန်နေတုန်းပဲ အိမ်ရှင်တယောက်အနေနဲ့ ဒါဟာ ကျုပ်ရဲ့ လိုအပ်ချက်ပါ ဒီအတွက်လည်း အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ"

စုချန်း၏ လေသံမှာ အလွန်ရိုးစင်းစွာ ပြောဆိုနေဟန်ရှိသည်။ သို့သော်ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင်လင်ယွမ့်ချောင်တယောက်အဆိပ်ခတ်ခံရသကဲ့သို့ ခံစားလိုက်ရ၏။ သူသည်မူလချီစွမ်းအားပညာရှင်တယောက်ဖြစ်နေသည့်အပြင်ရိုးရာဆေးပညာကိုလည်း နားလည်သဘောပေါက်လေရာ စုချန်း အရူးလိုက်တိုင်း ခံမည့်သူမျိုး မဟုတ်။

ထိုအခါ လင်ယွမ့်ချောင်က လက်တဖက်ကို ဝေ့ယမ်းလိုက်၏။ မူလချီစွမ်းအားပညာရှင်တယောက်လျှောက်လာပြီး လင်ယဲ့မွှားအား စစ်ဆေး စမ်းသပ်ကြည့်၏။ ထို့နောက်သူက အစီရင်ခံလိုက်သည်။

"သူ ခုနှစ်ရက်မူးဝေဆေးရည်မိပြီး အိပ်ပျော်နေတာပါ ခင်ဗျာ ခုနှစ်ရက်ပြည့်မှ နိုးထလာပါလိမ့်မယ်အဆိပ်မိနေတာတော့ မရှိပါဘူး ဖြစ်နိုင်တာကတော့ စုမျိုးနွယ်စုရဲ့ လျှို့ဝှက်ချက်ကို မသိစေချင်လို့ သူတို့အနေနဲ့ ရည်ရွယ်ချက်ရှိရှိ ဆေးခတ်ထားတဲ့ သဘောပဲ ဖြစ်ဖို့များပါတယ်"

လင်ယဲ့မွှားတယောက်မည်သည့်မှားယွင်းမှုမှ မရှိကြောင်း သိလိုက်သည်နှင့်လင်ယွမ့်ချောင်က ပြောလိုက်သည်။

"ကြည့်ရတာ ဒီကနေ့မှာတော့ ညီလေးစုအတွက်ပွဲလေးတပွဲ ကျင်းပသင့်ပြီ ထင်တယ်ကဲ ပျော်ပျော်ပါးပါး သောက်ကြစားကြတာပေါ့"

သို့သော်စုချန်းက အပြုံးနှင့်ငြင်းပယ်လိုက်၏။

"အစ်ကိုကြီးလင်အမူးလွန်သွားတဲ့အတွက်ကျုပ်မှာ အတော်လေး စိတ်မကောင်းဖြစ်မိတယ်ဒါကြောင့်မို့ နောက်နောင်မှာ ဘယ်တော့မှ မသောက်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်ဗျ လင်မျိုးနွယ်စုရဲ့ မိသားစုတွေဟာ အင်မတန်ယဉ်ကျေးတဲ့အတွက်ကျုပ်အပေါ် အတင်းအကျပ်မလုပ်ဘူးလို့ ယူဆမိတယ်ဆရာကြီးလင်ခင်ဗျာ... ဆရာကြီးလင်အနေနဲ့ ဆရာကြီးရဲ့ ရင်ထဲက အမုန်းတရားတွေ ပြယ်ပျောက်အောင်ကျုပ်ကို အရက်တိုက်ပြီးသတ်ဖို့တော့ မကြံစည်သင့်ပါဘူးခင်ဗျာ"

"ဒီလိုသာ မင်းကိုမူးအောင်တိုက်မယ်ဆိုရင်လင်မျိုးနွယ်စုတွေဟာ ဒီလိုကိစ္စအသေးအမွှားလေးကိုတောင်သည်းခံနိုင်စွမ်းမရှိဘူးလို့ နောင်တချိန်ပြောစရာ ဖြစ်လာမှာပေါ့ကွဲ့"

စုချန်းကား ပြုံးသာ ပြုံးနေလိုက်၏။ တခွန်းမှပင်ပြန်မပြော။ သို့သော်သူ့ပုံစံမှာကား လင်ယွမ့်ချောင်၏ စကားကို လက်သင့်မခံမှန်း ပေါ်လွင်နေသည်။ ထိုအခါ လင်ယွမ့်ချောင်က မြန်မြန်ဆန်ဆန်ပင်ဖြေရှင်းလိုက်သည်။

"ထားပါတော့ ဒီကိစ္စကို မေ့လိုက်တော့ ကျုပ်တို့မျိုးနွယ်စုက မင်းကို ကတိပေးထားတာရှိတယ်ဒီကတိကို ကျုပ်တို့ မဖျက်ဘူး ဒီတော့ မင်းအနေနဲ့ သားရဲတိရိစ္ဆာန်ဥယျဉ်ကို သွားမယ်ဆိုရင်သွားလို့ရပါပြီ ဒါပေမဲ့ မင်းသိထားရမှာ တခုတော့ရှိတယ်လင်မျိုးနွယ်စုဟာ မင်းတယောက်တည်းကိုပဲ ဖိတ်ခေါ်တာဖြစ်တယ်ဒါကြောင့်မင်းကလွဲရင်ဘယ်သူမှ ဝင်ခွင့်မပြုဘူး"

သူတို့အနေနှင့်စုချန်း၏ တောင်းဆိုချက်ကို လက်မခံချင်သော်လည်း နောက်ဆုံးတွင်တော့ သဘောတူလိုက်ပုံရသည်။ သူတို့သည်စုချန်း၏ တောင်းဆိုချက်ကို အချက်နှစ်ချက်ကြောင့်လက်ခံလိုက်ခြင်း ဖြစ်သည်။ နံပါတ်တစ်အချက်မှာ လင်မျိုးနွယ်စု၏ တန်ဖိုးကြီးအမွေအနှစ်များအား အပြာရောင်ညအတွက်အကုန်အစင်အသုံးပြုခဲ့ပြီး ဖြစ်လေရာ သားရဲတိရိစ္ဆာဥယျဉ်၏ တန်ဖိုးမှာ လျော့ကျသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်စုချန်းအနေနှင့်ထိုဥယျဉ်မှ တစုံတရာ ခိုးယူမည်ကို သူတို့အနေနှင့်စိတ်ပူနေစရာ မလိုတော့။ ဒုတိယတချက်မှာကား သူတို့၏ အမြင်တွင်စုချန်းသည်ယခုအချိန်ထိ မျက်မမြင်တယောက်သာ ဖြစ်နေသေး၏။ ထို့ကြောင့်တန်ဖိုးကြီး ပစ္စည်းများ ရှိနေခဲ့လျင်ပင်စုချန်းတယောက်မမြင်တွေ့နိုဟု သူတို့က ယူဆလေသည်။ ထိုအတွက်ကြောင့်ပင်ဥယျဉ်အတွင်း စုချန်းမှတပါး မည်သူမျှ ဝင်ခွင့်မပြုဟု သူတို့အနေနဲ့ ကန့်သတ်ထားခြင်း ဖြစ်သည်။

လင်ယွမ့်ချောင်၏ စကားကို ကြားရသောအခါ စုချန်းက ပြုံးရင်း ပြောလိုက်သည်။

"ကောင်းပါပြီဗျာ"

_____________×××_______________×××____________

ဤယနေ့တွင်ကား စုချန်းသည်သားရဲတိရစ္ဆာန်ဥယျဉ်သို့ ဝင်ရောက်လာခဲ့၏။ ဤတကြိမ်တွင်ကား သူ့ပုံစံမှာ ခိုးကြောင်ခိုးဝှက်အမူအရာမျိုး မဟုတ်တော့။ စုအိမ်တော်၏ ပန်းခြံအတွင်း လေညင်းခံထွက်လာသကဲ့သို့ လက်နှစ်ဖက်ကိုဝေ့ယမ်းကာ ပတ်ဝန်းကျင်ရှိ အရာဝတ္တုများကို ထိတွေ့စမ်းသပ်ရင်း စိတ်အေးလက်အေးပင်လမ်းလျှောက်လာလေ၏။

သူ့နားထဲတွင်ကား သားရဲသတ္တဝါများ၏ အော်ဟစ်ဟိန်းဟောက်သံ၊ မာန်ဖီသံများကို ကြားနေရသလို နှာခေါင်းထဲတွင်လည်း ၎င်းသတ္တဝါများ၏ အနံ့အသက်မျိုးစုံကို ရှုရှိုက်နေရလေသည်။

သူ့နောက်မှ ကပ်လျက်လူနှစ်ဦး လိုက်ပါလာ၏။ ထိုလူနှစ်ယောက်သည်လင်မျိုးနွယ်စု တတိယမျိုးဆက်များဖြစ်ပြီး တဦးမှာ လင်ယွဲ့ဟန်ဖြစ်ပြီး ကျန်တဦးမှာ လင်ရှောက်ယဲဟု အမည်ရ၏။ မျက်မမြင်တဦးကို သားရဲတိရိစ္ဆာန်ဥယျဉ်အတွင်း လိုက်ပါပို့ဆောင်ရခြင်းမှာ အလွန်တရာ ပျင်းရိငြီးငွေ့စရာကောင်းသော ကိစ္စဖြစ်သော်လည်း မျိုးနွယ်စု၏ အမိန့်ဖြစ်လေရာ သူတို့မှာ ငြီးငြီးငြူငြူနှင့်ပင်တာဝန်ထမ်းဆောင်ရရှာ၏။

တလမ်းလုံးလိုလိုဝယ်စုချန်းတယောက်ထူးထူးခြားခြား လုပ်ဆောင်သည်ဟူ၍ သူတို့ မတွေ့ရပေ။ သားရဲတိရိစ္ဆာန်ဥယျဉ်ကို တပတ်ပြည့်အောင်လျှောက်ကြည့်ပြီးနောက်စုချန်းသည်ထိုနေရာမှ ဖြည်းညှင်းစွာ ပြန်လည်ထွက်လာခဲ့၏။ ထိုအချိန်တွင်စုချန်း၏ ခြေလှမ်းသည်လာရာလမ်းအတိုင်းမဟုတ်ပဲ တခြားနေရာသို့ ဦးတည်နေခဲ့လေရာ လင်ရှောက်ယဲက ဟန့်တားလိုက်ရ၏။

"မင်းဦးတည်နေတဲ့နေရာဟာ သားရဲတိရိစ္ဆာန်ဥယျာဉ်မဟုတ်ဘူးကွ"

စုချန်းက ပြန်မေးလိုက်သည်။

"ဘာနေရာလဲ ဘယ်သူမှမဝင်ရဘူးလို့ ကန့်သတ်ထားတာမျိုးလား"

လင်ရှောက်ယဲ ကြောင်အန်းအန်း ဖြစ်သွား၏။ သူ့ခမျာ ဘာပြောရမှန်းမသိပဲ အိုးတိုးအန်းတန်း ဖြစ်နေရှာသည်။

"အင်း အဲဒီလိုလဲ မဟုတ်ပြန်ဘူး"

"ဒါဆိုလဲ ပြီးတာပဲလေ"

ပြောပြောဆိုဆို စုချန်းက ဟက်ခနဲ ရယ်မောလိုက်ကာ ဆက်လျှောက်သွားလေသည်။ သူ၏ ခြေလှမ်းများမှာကား ရေကန်ငယ်အနီးရှိ ကုချိန်းလွှာ၏ အိမ်ငယ်လေးဆီသို့ ဦးတည်နေခဲ့လေသည်။ ထိုအချိန်တွင်ကုချိန်းလွှာသည်ရေကန်အနီးရှိ အိမ်ငယ်လေးအတွင်းတွင်ထိုင်နေ၏။ စုချန်း၏ ပုံရိပ်ကို မြင်သည်နှင့်သူမ၏ မျက်လုံးများက ဝင်းလက်တောက်ပသွား၏

ဤလူငယ်သည်ကား သူ၏ ရည်ရွယ်ချက်ကို အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့ပြန်လေပြီ။ မှန်ပေ၏။ စုချန်း၏ သားရဲဥယျာဉ်အတွင်းသို့ ဝင်ရောက်ရသော ရည်ရွယ်ချက်မှာ ကုချိန်းလွှာနှင့်တွေ့ဆုံရန်သာ ဖြစ်သည်။ ကုချိန်းလွှာနှင့်စုချန်းတို့နှစ်ယောက်သူငယ်ချင်းများ ဖြစ်နေခဲ့သည်မှာ ကြာမြင့်လှပေပြီ။ သို့သော်ဤကိစ္စမှာ လျှို့ဝှက်ကိစ္စဖြစ်၏။ ထို့ကြောင့်သူတို့နှစ်ယောက်သူငယ်ချင်းဖြစ်နေသည်ကို မည်သူတဦးတယောက်မျှပင်မသိကြ။ သို့သော်တခြားသော ချစ်သူစုံတွဲများကဲ့သို့ပင်သူတို့နှစ်ယောက်သည်လည်း အချိန်အတော်လေး ကြာမြင့်မှ တကြိမ်လောက်တွေ့ဆုံရသည်ကို အားရကျေနပ်ခြင်း မရှိလှ။ ထိုအခါ သူတို့နှစ်ယောက်သည်အလွန်ဝေးကွာသော ဆွေမျိုးများကဲ့သို့ ရံဖန်ရံခါမှ တွေ့ဆုံရသည်ကို အားရကျေနပ်ခြင်းမရှိပဲ ပွင့်ပွင့်လင်းလင်း ခင်မင်ရင်းနှီးနိုင်မည့်အခွင့်အရေးတရပ်ကို အမြဲတမ်း ရှာဖွေနေခဲ့ကြ၏။

အထူးသဖြင့်စုချန်းသည်ထိုအခွင့်အရေးမျိုးကို အမြဲတမ်းလိုလို ရှာဖွေနေခဲ့လေသည်။ ထိုအချိန်တွင်လင်ယဲ့မွှားသည်သူ့အတွက်အခွင့်အရေးတရပ်ဖြစ်လာတော့သည်။

စုချန်းကို မြင်တွေ့လိုက်ရသည်နှင့်ကုချိန်းလွှာ၏ လှပသော သမင်မျက်လုံးအစုံသည်စိတ်လှုပ်ရှားမှုနှင့်ဝင်းလက်တောက်ပလာ၏။ ထိုအခါ သူမက အိ်မ်အပြင်သို့ လှမ်းထွက်လိုက်ပြီး ခြေလှမ်းကို စုချန်းတို့ဆီသို့ ဦးတည်လိုက်သည်။ ကုချိန်းလွှာကို မြင်လိုက်သည်နှင့်လင်ရှောက်ယဲတို့နှစ်ယောက်သည်ဘေးကို ဖယ်ပေးလိုက်ပြီး လေးစားသမှုနှင့်အရိုအသေပြုလိုက်ကြ၏။ ထို့နောက်လင်ရှောက်ယဲက ကုချိန်းလွှာကို အားနာစကားဆိုလိုက်သည်။

"ကျွန်တော်တို့ကြောင့်ဒုတိယသခင်မလေး အနှောင့်အယှက်ဖြစ်သွားပြီထင်တယ်"

ကုချိန်းလွှာက အလွန်ရိုးစင်းသော အမူအရာနှင့်စုချန်းကို မသိဟန်ပြုရင်း လင်ရှောက်ယဲကို မေးလိုက်သည်။

"သူက...."

ဤတွင်လင်ယွဲ့ဟန်က စုချန်းကို မိတ်ဆက်ပေးရင်း အခြေအနေအကြမ်းဖျင်းကို ကုချိန်းလွှာ နားလည်သဘောပေါက်စေရန်ရှင်းပြလိုက်၏။

"အကြီးအကဲနဲ့ ဒုတိယအကြီးအကဲတို့က လင်မျိုးနွယ်စု ခြံဝင်းအတွင်းမှာ စတုတ္ထသခင်လေးစုအနေနဲ့ ဆန္ဒရှိသလို သွားလာနိုင်တယ်လို့ သဘောတူထားပါတယ်ဒါပေမဲ့ သူ့အနေနဲ့ သားရဲဥယျဉ်ထဲမှာ အချိန်အများကြီး မဖြုန်းခဲ့ပဲ ဒီဖက်ကို ထွက်လာလိမ့်မယ်လို့ ကျွန်တော်တို့ မမျှော်လင့်ခဲ့ဘူး ခုတော့ ကျွန်တော်တို့ကြောင့်သခင်မလေး အနှောင့်အယှက်ဖြစ်သွားခဲ့ရပြီ"

"အော်အဲဒီလိုလား"

ကုချိန်းလွှာက အံ့သြသင့်ဟန်ဆောင်ရင်း ပြောလိုက်၏။ ထို့နောက်သူမက စကားဆက်သည်။

"ကောင်းပြီလေ ကျွန်မအနေနဲ့ စုမျိုးနွယ်စုရဲ့ နာမည်ကျော်စတုတ္ထသခင်လေးအကြောင်းကို ကြားဖူးနေတာ အတော်လေး ကြာခဲ့ပြီ ဒီကနေ့မှာ ဒီလိုတွေ့ဆုံရမဲ့ ကံကြမ္မာမျိုး ရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး ရောက်လာမှတော့ ဘာကြောင့်အထဲကို ဝင်မထိုင်တာလဲ ရှန်းယုရေ ဧည့်သည်အတွက်လဖက်ရည်လေး လုပ်ပါကွယ်"

ကုချိန်းလွှာ၏စကားကို ကြားလိုက်ရသောအခါ လင်ယွဲ့ဟန်နှင့်လင်ရှောက်ယဲတို့နှစ်ယောက်မှာ ကြက်သေသေသွားရှာ၏။ အကြောင်းမှာ ကုချိန်းလွှာသည်လင်အိမ်တော်တွင်နေထိုင်ခဲ့သည်မှာ နှစ်နှစ်မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း မည်သူတဦးတယောက်ကိုမျှ ကောင်းကောင်းဆက်ဆံသည်ဟူ၍ သူတို့ မကြားဖူးပေ။ သူမသည်စုချန်းကို ဤမျှ မျက်နှာသာပေးလိမ့်မည်ဟု သူတို့ လုံးဝမျှော်လင့်မထား။

လင်မျိုးနွယ်စုတွင်ယေကျာ်းကောင်းများစွာ ရှိနေသော်လည်း စုချန်းကို ယှဉ်နိုင်မည့်လူ တဦးတလေမျှပင်မရှိလေရော့သလား။ မနာလိုစိတ်ကြောင့်သူတို့၏ နှလုံးသားထဲဝယ်ဒေါသမီးများ တရှိန်းရှိန်းတောက်လောင်နေခဲ့လေပြီ။

သို့သော်မည်မျှ ဒေါသထွက်နေစေကာမူ သူတို့ခမျာ ဒေါသကို အပြင်သို့ မထုတ်ပြရဲရှာ။ အကြောင်းမှာ ကုချိန်းလွှာနှင့်လဖက်ရည်တခွက်မျှ အတူသောက်ရမဲ့ အခွင့်အရေးမှာ မနည်းလှပေရာ မနာလိုသည်ကို အသာထား၍ လောကီလူသားများပီပီ ဆင်ဖြူတော်မှီ ကြံစုပ်ရန်ရှေ့သို့အသီးသီး တိုးလာကြ၏။

ထိုအခိုက်မှာပင်ကုချိန်းလွှာက သူတို့နှစ်ယောက်ကို လှည့်၍ ပြောလိုက်သည်။

"ရှင်တို့နှစ်ယောက်ကို ကျွန်မ ဘယ်တုန်းက ဖိတ်မိလို့လဲရှင့်"

All Chapters