← Chapters

ယန်ချင်းချင်းနှင့် နောက်တစ်ကြိမ် ပြန်ဆုံခြင်း

Vol. 3 Ch. 272

ယန်ချင်းချင်းနှင့် နောက်တစ်ကြိမ် ပြန်ဆုံခြင်း

Vol. 3 Ch. 272

ညအချိန်က ကျရောက်လာခဲ့ပြီ ဖြစ်၏။ ချန်းဖန်တို့တစ်သိုက် လုကျန်းယုနှင့် ပူးပေါင်းကာ ဆိပ်ကမ်းရှိရာသို့ ရောက်ရှိလာသည်။

ရေမင်းသမီးမှာ တန်ချိန် ငါးထောင်ခန့်လေးသော အလွန်ကြီးမားသည့် ဇိမ်ခံ သင်္ဘောကြီး ဖြစ်သည်။ ထိုသင်္ဘောကြီးမှာ လူနှစ်ထောင်ခန့်ကို တစ်ပြိုင်နက် သယ်ဆောင်နိုင်ပြီး ကမ္ဘာပေါ်ရှိ အစားအစာ အားလုံးကို ရှိနိုင်သည်။

ထိုသင်္ဘောကြီးထဲတွင် ရေကူးကန်များ၊ အိပ်ခန်းများ၊ ရေကူးကန်များလည်း ပါသေးသည်။ လူတိုင်းမှာ ထိုသင်္ဘောကြီး၏ ကြီးကျယ် ခမ်းနားမှုကို ကြည့်ကာ အံ့အားသင့် သွားကြသည်။ ချင်ရီလန်းနှင့် ကျိုးချင်းရတို့မှာ ချမ်းသာသော မိသားစုများမှ လာခဲ့သည့်တိုင် ယခုကဲ့သို့ ကြီးကျယ် ခမ်းနားသည့် သင်္ဘောကြီးကို မူ သူတို့ မတွေ့ခဲ့ကြဖူးပေ။

“ငါ့နောက်ကို လိုက်ခဲ့ကြ။ မင်းတို့ကို ငါ ခေါ်သွားပေးမယ်”

လုကျန်းယုက မာနကြီးစွာ ပြုံးရင်း ချန်းဖန်တို့အား ခေါ်ဆောင် သွားလိုက်သည်။ ချန်းဖန်တို့သွားရာ လမ်းတွင် ရေကူးကန်များအတွင်း ရေချိုးနေကြသော မိန်းကလေးများကို တွေ့ရသည်။ မိန်းကလေး တစ်ယောက်ချင်းစီတိုင်းမှာ ချောမောကြပြီး အချိုးအစားကျန လှပကြသည်။ ထိုအထဲမှ အချို့ မိန်းကလေးများမှာ ကျိုးချင်းရနှင့် ပင်လျှင် ယှဉ်နိုင်သည်။

“ဒီမှာ မော်ဒယ် အေဂျင်စီတွေအတွက် အရသာ ရှိတာလေးတွေ အများကြီးပဲလေ။ မင်းတို့ သဘောကျရင် သွားပြောလို့ ရတယ်။ ဒီသင်္ဘောပေါ်ကိုတက်ဖို့ လက်မှတ်ရပြီးရင် မင်းတို့အတွက် လုံးဝ ဖရီး ဖြစ်သွားပြီလေ။ ထိုအရာကို သူအကြိမ်များစွာ လုပ်ဖူးသည့် ဟန်ဖြင့် လုကျန်းယုက ရှင်းပြနေခဲ့သည်။

“ငါပြောချင်တာက မင်းတို့ ဘာပဲလုပ်ချင် လုပ်ချင် အားလုံးလုပ်လို့ ရတယ် …”

ထိုပါတီပွဲမှာ ဟွာရီဖျော်ဖြေရေး ကုမ္ပဏီ၏ ဆက်ခံသူက အိမ်ရှင် အနေဖြင့် ပြုလုပ်ပေးခြင်း ဖြစ်စည်။ ထိုပါတီသို့ ဆယ်လီများ၊ လူချမ်းသာများကို အဓိက ဖိတ်ကြားသည်။ ဖိတ်ကြားခြင်း မခံရသူ မည်သူမဆို ထိုသင်္ဘောပေါ်သို့ တက်ရောက်ခွင့် မရှိပေ။

“တော်ပါပြီ တော်ပါပြီ…” လုကျန်းယု၏ စကားကို ချင်ရီလန်းက ငြင်းလိုက်သည်။ ထိုမော်ဒယ် မိန်းကလေးများမှာ အလွန်လှပ ကြသည့်တိုင် ကောင်မလေးက ဘေးတွင် ပါနေသဖြင့် သူဘာမှ မလုပ်ရဲချေ။

လုကျန်းယုက ချန်းဖန်ကို လှမ်းကြည့် လိုက်သည်။ သို့သော်လည်း ချန်းဖန်၏ အမူအရာက အလွန် တည်ငြိမ်နေသည်ကို ကြည့်၍ သူအနည်းငယ်ပင် အံ့သြသွားမိသည်။

ခဏအကြာ၌ သူတို့အုပ်စုမှာ ခန်းမကြီး၏ ဝင်ပေါက်နေရာသို့ ရောက်ရှိလာသည်။ လုကျန်းယုမှာ တန်းတန်းမတ်မတ် ဝင်သွားခွင့် ရသော်လည်း ချန်းဖန်တို့ကိုမူ အစောင့်တစ်ယောက် တားဆီးလိုက်သည်။

“ငါတို့မှာ လက်မှတ် ပါတယ်လေ။ ဘာလို့ တားရတာလဲ…”

ချင်ရီလန်းက မေးလိုက်သည်။

“စိတ်မကောင်းပါဘူး ဆရာ။ ဆရာတို့ လက်မှတ်က သင်္ဘောပေါ်ကို တက်ခွင့်ပဲ ပါတာပါ။ ပါတီပွဲကို ဝင်ဖို့ဆိုရင် ဖိတ်ကြားချက် လိုအပ်ပါတယ်…”

အစောင့်က ပြောလိုက်သည်။ ချင်ရီလန်း၏ မျက်နှာက နီရဲသွားသည်။ အခြားလူများကလည်း သူတို့ကို ထူးဆန်းစွာ လှမ်းကြည့်ကြသည်။ ထိုဆယ်ကျော်သက် ကလေး တစ်သိုက်မှာ လက်မှတ် ကလေးဖြင့်သာ ပါတီပွဲသို့ သွားချင်နေပုံ ရသည်။

ချင်ရီလန်း ဖုန်းကို ထုတ်ယူလိုက်၍ သူ့အား လက်မှတ် လက်ဆောင်ပေးခဲ့သော သူငယ်ချင်းအား ဖုန်းဆက်လိုက်သည်။ သို့သော်လည်း…

“ရီလန်းရဲ့ … မင်းက ငါ့ကို ဂျက်ကီချန်း ထင်နေတာလား။ ငါမင်းကို ပေးခဲ့တာ သင်္ဘောပေါ်တက်ခွင့် လက်မှတ်ပဲလေ။ အဲဒါက သခင်လေးနင်း ကျင်းပတဲ့ ပါတီကွ။ ငါတောင် အဲဒီကို တက်ခွင့်မရှိဘူး…။ ရုပ်ရှင်ဆယ်လီတွေ၊ နာမည်ကျော် အားကစား သမားတွေပဲ ဖိတ်ကြားခံရတာ…”

ချင်ရီလန်း စိတ်ပျက် လက်ပျက်ဖြင့် ဖုန်းအားချလိုက်၏။ သူ၏ မျက်နှာတွင်မူ ရှက်ရွံ့ခြင်းများက နေရာယူနေသည်။ ထိုကဲ့သို့ အရှက်ကွဲရသော အဖြစ်အပျက်မျိုး သူ့ဘဝတွင် မရှိခဲ့ဖူးချေ။

လုကျန်းယုက သူတို့ထံသို့ လျှောက်လာကာ...

"သူတို့က ငါ့သူငယ်ချင်းတွေ။ ငါ သူတို့ကို ခေါ်သွားလို့ ရတယ် မလား”

"ဘာလို့ မရရမှာလဲ သခင်လေးလု။ ခေါ်သွားပါ…"

အစောင့်က ဝင်ပေါက်အား ဖယ်ပေးလိုက်သည်။ ချင်ရီလန်း၏ ကျေးဇူးတင်မှုက လုကျန်းယုအပေါ် စကားလုံးဖြင့်ပင် မဖော်ပြနိုင်တော့ပေ။ လုကျန်းယုအပေါ် သူ၏ သံသယများပင် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူကား ကောင်ဟောင်၏ ချမ်းသာသော သခင်လေး တစ်ယောက် မုချဖြစ်ရမည်။

ချင်းလုလုနှင့် ကျိုးချင်းရတို့မှာလည်း လုကျန်းယု၏ ဖော်ရွေမှု၊ ရင့်ကျက်မှုတို့ကြောင့် ကြွေကျ သွားကြသည်။ ထိုသခင်လေးနှင့် ယှဉ်ပါက ချင်ရီလန်းနှင့် ချန်းဖန်တို့မှာ ဘာမှ မဟုတ်ကြတော့ပေ။

သူတို့ စားသောက်ခန်းမထဲသို့ ဝင်လိုက်သည်နှင့် အပြင်ထက် ပိုမိုကြီးကျယ် ခမ်းနားသော အပြင်အဆင်များကို ရင်သပ်ရှုမောစရာ ကောင်းလောက်အောင် တွေ့လိုက်ရသည်။ ထိုခန်းမအတွင်းရှိ လူတိုင်းလိုလိုမှာ ကောင်းမွန်စွာ ဝတ်စားဆင်ယင် ထားကြပြီး တန်ဖိုးကြီး ရတနာများ၊ နာရီများ၊ လက်ကိုင်အိတ်များကို ကိုင်ဆောင် ထားကြသည်။ ထိုအထဲမှ အများစုမှာ တီဗီတွင် ပါခဲ့ပြီးသူများ ဖြစ်ကြသည်။

"မင်းတို့ အေးအေးဆေးဆေး ပျော်ကြဦး။ ငါ သခင်လေးနင်းကို သွားတွေ့လိုက်ဦးမယ်…"

လုကျန်းယုမှာ ပြောပြီးသည်နှင့် အခန်းတစ်ခု အတွင်းသို့ ဝင်သွား လိုက်သည်။

ချင်ရီလန်းနှင့် အခြားလူများမှာ ထိုမျှ များပြားသော ဆယ်လီများကို တွေ့မြင်နေရသဖြင့် စိတ်လှုပ်ရှား နေကြသည်။ သို့သော်လည်း ချန်းဖန်ကမူ အေးဆေးစွာပင် ဝိတ်တာ တစ်ယောက်ဆီမှ အရက်ခွက်ကို တောင်းယူလိုက်ကာ သောက်နေလိုက်သည်။

"ဟဲ့ ဟိုတစ်ယောက်က ယန်ချင်းချင်းမလား…"

လျူရှောင်ချင်က သူတို့ထံ ကပ်၍ ပြောလိုက်သည်။ လူငယ်များအားလုံး လူများစွာ ဝန်းရံနေသည့် လှပသော မိန်းကလေးကို ကြည့်လိုက်ကြသည်။ ထိုတစ်ယောက်မှာ ယနေ့ခေတ်၏ နာမည် ကျော်ကြားဆုံး ယန်ချင်းချင်းပင်။

ယန်ချင်းချင်းမှာ အဖြူရောင်ရောင် နောက်ခံတွင် ငွေရောင်ချည်များ ခြယ်ထားသည့် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ ဝတ်စုံမှာ ည၏ အလင်းရောင် အောက်တွင် လိုက်ဖက်မှုရှိပြီး သူမ၏ လှပသော မျက်နှာလေးပါ ထည့်ပေါင်းလျှင် သ‌င်္ဘောပေါ်ရှိ ယောက်ျားတိုင်း၏ နှလုံးသားကို သိမ်းပိုက်နိုင်စွမ်း ရှိသည်။ ကျိုးချင်းရပင်လျှင် သူမနှင့် ယှဉ်ပါက မှေးမှိန်သွားသည်။

"ဟုတ်တယ်။ ယုချင်းချင်းပဲ…"

ချင်ရီလန်းနှင့် အခြားလူများက ခေါင်းညိတ် လိုက်သည်။

"ယန်ချင်းချင်းက ငါ့ရဲ့ အိုင်ဒေါပဲ။ ငါ အော်တို သွားတောင်းရင် ကောင်းမလား မသိဘူး…"

ချင်းလုလုကလည်း ပြောလိုက်သည်။ ချီဝမ်စန်းမှာမူ စရောက်ကတည်းက တိတ်ဆိတ်နေခဲ့သည်။ သူ၏ ပုံစံက ထိုချမ်းသာပြီး အင်အား ကြီးမားသော အသိုင်းအဝိုင်းကို ဂရုစိုက်ပုံ မရပေ။ ချန်းဖန်မှာလည်း အတူတူပင်။

ရုတ်တရက် ဝင်ပေါက်နေရာသို့ လူများ လှည့်ကြည့် လိုက်ကြသည်။ ထိုနေရာတွင်မူ အတွဲတစ်တွဲမှာ အခန်းထဲသို့ ဖြည်းညင်းစွာ ဝင်လာနေကြသည်။ ယောက်ျားလေးမှာ အဖြူရောင် ဝတ်စုံနှင့် တည်ကြည် ခန့်ညားနေပြီး မိန်းကလေးကမူ "V" ပုံသဏ္ဌာန် လည်ပင်းရှိသော အနီရောင် အင်္ကျီကို ဝတ်ဆင်လာသည်။ ထိုမိန်းကလေးမှာ ယန်ချင်းချင်းထက် မလှပင်လျှင် ဆွဲဆောင်မှုကတော့ အတူတူလောက်ပင်။

"အဲဒါ လီရှင်းရုပဲ။ သူလည်း ဒီကို လာတာလား…"

လျူရှောင်ချင်က အံ့အားတကြီး ရေရွတ်လိုက်သည်။ လီရှင်းရုမှာ တရုတ်တွင် ကျော်ကြားသော မင်းသမီးတစ်ယောက် ဖြစ်ကာ ယန်ချင်းချင်းနှင့် တွဲဖက်လည်း ဖြစ်သည်။ သူမနှင့် ယန်ချင်းချင်းတို့ နှစ်ယောက်မှာ ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုတည်းတွင် အတူတူ အလုပ်လုပ်ကြသည်။

ချန်းဖန် ချင်းလုလု၏ မျက်နှာကို ကြည့်လိုက်သည်။ သူမ၏ ရုပ်က ချင်းချင်း၏ ဗုဒ္ဓလက်ပတ်ထဲတွင် တွေ့ရသည့် မိန်းကလေးနှင့် တူနေသည်။

"လီရှင်းရုက ယန်ချင်းချင်းကို ဗုဒ္ဓလက်လောက် ပေးခဲ့တဲ့ တစ်ယောက်လား…"

ချန်းဖန် တွေးနေစဉ်မှာပင် လုကျန်းယုက သူတို့ထံသို့ လျှောက်လာကာ…

"သခင်လေးနင်း ရောက်လာပြီ။ ချင်းရ… ငါနဲ့ လိုက်ခဲ့။ သခင်လေးနင်းနဲ့ မိတ်ဆက်ပေးမယ်”

သူက ပြောရင်း ကျိုးချင်းရ၏ လက်ကို ဆွဲလိုက်သည်။ သို့သော်လည်း ကျိုးချင်းရက…

"အားလုံး အတူတူ သွားကြတာ ပိုကောင်းမယ် ထင်တယ်…"

"မရူးစမ်းနဲ့ ကောင်မလေး။ သခင်လေးနင်းက လူတိုင်းကို တွေ့ချင်တာ မဟုတ်ဘူး”

လုကျန်းယု၏ ပုံစံက အလျင်လိုလာဟန် ရသည်။

"ငါက နင်‌တစ်ယောက်ကိုပဲ ခေါ်သွားလို့ရမယ်။ အဲဒါက ငါတတ်နိုင်တာ အကုန်ပဲ။ သခင်လေးနင်းကို စောင့်နေရအောင် မလုပ်နဲ့တော့…"

ကျိုးချင်းရ၏ ပုံစံက အင်တင်တင် ဖြစ်နေသည်။

"သခင်လေးနင်းက ဟွာရီ ဖျော်ဖြေရေးရဲ့ ဆက်ခံသူပဲ။ တကယ်လို့ မင်းသာ သူနဲ့ ရင်းနှီးရင် ဖျော်ဖြေရေး လောကထဲကို လွယ်လွယ် ဝင်နိုင်လိမ့်မယ်…"

လုကျန်းယု၏ စကားက ကျိုးချင်းရအား ဆွဲဆောင်နိုင်ခဲ့သည်။ သူမမှာ ချမ်းသာသော မိသားစုမှ ဖြစ်သည့်တိုင် ထိုအရာက သူမ မိဘများ၏ ပိုင်ဆိုင်မှုသာ ဖြစ်သည်။ အကယ်၍ သူမသာ နာမည်ကျော်ကြားသော မင်းသမီးတစ်ယောက် ဖြစ်လာခဲ့လျှင် သူမ၏ မိဘများလည်း ဂုဏ်ယူရလိမ့်မည်။ ဆယ်လီတစ်ယောက် ဖြစ်ရန်မှာ မိန်းကလေးတိုင်း၏ အိပ်မက်ဆိုလျှင်လည်း မမှားချေ။

သို့သော် … ကျိုးချင်းရက ချန်းဖန်အား စိတ်ရှုပ်ထွေးစွာ လှည့်ကြည့် လိုက်သည်။ ချန်းဖန်ကမူ သူမကို ဂရုမစိုက်ပဲ ဝိုင်ခွက်ကိုသာ အေးအေးဆေးဆေး သောက်နေခဲ့သည်။

"ဘာလုပ်နေတာလဲ ချင်းရ။ မြန်မြန် လာ။ ဒါက နင့်အတွက် အခွင့်အရေးနော်…"

လုကျန်းယုက သူမ၏ လက်ကို ဆွဲခေါ်လိုက်သည်။ နောက်ဆုံး၌ ကျိုးချင်းရမှာ မလွန်ဆန်နိုင်တော့ပဲ လုကဖန်းယု၏ နောက်သို့ လိုက်သွားခဲ့သည်။ သို့သော်လည်း ချန်းဖန် တစ်ခုခုပြောမည်ကို မျှော်လင့်နေသည့်အလား ချန်းဖန်အား လှည့်ကြည့်နေခဲ့သည်။ လုကျန်းယုမှာမူ သူမ၏ အပြုအမူကို သတိပြုမိပုံ မပေါ်ချေ။

"ချီးပဲကွာ…"

ချင်ရီလန်းက ပြောရင်း ချန်းဖန်အား ကြည့်လိုက်သည်။

"သူဌေး… စိတ်မပူနဲ့။ ပြန်ရောက်ရင် ငါ့ညီမနဲ့ မင်းကို မိတ်ဆက်ပေးမယ်…"

"အေးပါကွာ… ငါ့မှာ ကောင်မလေးရှိတာကို မေ့မထားနဲ့ဦး…"

ချန်းဖန်က ရယ်မောရင်း ပြန်ပြောလိုက်သည်။ သူက ကျိုးချင်းရကို ဘယ်တုန်းကမှ မကြိုက်ခဲ့ပေ။ သူမတွင် ကောင်လေးရှိသည့်တိုင် သူမ၏ စိတ်က တည်ငြိမ်ပုံမရချေ။ သူမ၏ အပြစ်ကင်းသော ရုပ်ရည်ကို ဖယ်လိုက်လျှင် သူမမှာ တစ်ကိုယ်ကောင်းဆန်ပြီး တွက်ချက်တတ်သော မိန်းကလေး တစ်ယောက်ပင်။

"ဟုတ်သားပဲ…"

ချင်ရီလန်းက ခေါင်းကို ကုတ်ရင်း ပြောလိုက်သည်။

ထိုအချိန်မှာပင် … ချန်းဖန်၏ နောက်နားမှ အံ့အားသင့်သံတစ်ခု ထွက်ပေါ်လာသည်။

"မစ္စတာချန်း… ဒီမှာ ဘာလုပ်နေတာလဲ…"

ချန်းဖန်တို့ လှည့်ကြည့်လိုက်သည်။ ထို‌တစ်ယောက်မှာ အံ့အားသင့်စရာ ကောင်းလောက်အောင်ပင် ယန်ချင်းချင်း ဖြစ်သည်။ ချင်ရီလန်းနှင့် ချင်းလုလုတို့မှာ ထိုမြင်ကွင်းကြောင့် ဆွံ့အသွားကြသည်။

ချန်းဖန်နှင့် သူမက သိနေသည်လား။

***

All Chapters