ဆရာချန်း
Vol. 3 Ch. 275
ထိုစကားက မည်သူမျှ မျှော်လင့်မထားသော စကားဖြစ်သည်။ နင်းရှန်းချန်မှာ ဟွာရီဖျော်ဖြေရေး လုပ်ငန်း၏ ဆက်ခံသူ ဖြစ်သည်။ ထိုကုမ္ပဏီမှာ တရုတ်၏ အကြီးဆုံး ရုပ်ရှင် ကုမ္ပဏီများအနက် တစ်ခုဖြစ်ကာ ရုပ်ရှင်နယ်ပယ်တွင် သူတို့၏ လွှမ်းမိုးမှုမှာ ကြီးမားသည်။ နင်းမိသားစု၏ လွှမ်းမိုးမှုမှာလည်း ပြည်မကြီး အထိသို့ပင် ရောက်သည်ဟု ကောလာဟလများ ရှိသည်။ နင်းမိသားစုမှ ချမ်းသာ ကြွယ်ဝသည့်အပြင် အရင်းအမြစ်များ၊ ဆက်သွယ်မှုများ ကလည်း မခန့်မှန်းနိုင်ပေ။
ထိုကဲ့သို့သော လူမျိုးကို ထိုဆယ်ကျော်သက် ကောင်လေးက ခြိမ်းခြောက် နေခဲ့သည်။ ကြားရသည်က အနည်းငယ် ရယ်စရာ ကောင်းသည်။ ချန်းဖန်၏ သူငယ်ချင်းများပင်လျှင် ထိုစကားကြောင့် ရှော့ခ်ရ သွားကြသည်။ ယခု သူတို့ရှိနေသော နေရာမှာ ကျင်းမြို့တော် မဟုတ်ပေ။
လီရှင်းရုက ချုပ်တည်း မထားနိုင်တော့ပဲ တခစ်ခစ် ရယ်မောလိုက်သည်။
"ချင်းချင်း… နင့်သူငယ်ချင်းက တကယ် ရယ်ရတယ်…"
ယန်ချင်းချင်းမှာ အခြေအနေကို မည်သို့ထိန်းရမှန်း မသိတော့ချေ။ လူအားလုံးထဲတွင် သူမတစ်ယောက်သာ ချန်းဖန်ကို ကောင်းကောင်း သိသည်။ ကောင်းကင် သတ်ဖြတ်ခြင်းဂိုဏ်းမှ လူသတ်သမား နှစ်ယောက်ကိုပင် ထိုလူငယ်က တုံ့ဆိုင်းခြင်းမရှိပဲ သူမရှေ့၌ သတ်ဖြတ်ခဲ့သေးသည်။
သူမက လီရှင်းရု၏ လှောင်ပြောင်နေမှုကို ဂရုမစိုက်အားပေ။ ချန်းဖန်၏ လက်မောင်းကိုသာ ဆွဲရင်း…
"စိတ်လျှော့ပါဦးနော် … ဆရာချန်း"
နင်းရှန်းချန် အမှားတစ်ခုလုပ်မိပြီဖြစ်ကြောင်း သူမကောင်းစွာ သိလိုက်သည်။
သို့သော် နင်းရှန်းချန်က နှာခေါင်းရှုံ့ရင်း…
"ဒီမှာ မိတ်ဆွေ … မင်းက ငါ့ရဲ့ ပါတီပွဲကို ငါမဖိတ်ပဲ တက်လာတယ်။ နောက်ပြီး ငါ့သူငယ်ချင်းကို ရိုက်တယ်။ ခုလည်း ငါ့ကိုသတ်ဖို့ ခြိမ်းခြောက် နေပြန်ပြီ။ ငါမင်းကို ထောင်ထဲကို ပို့လို့ ရနေပြီ…"
"အိုး … တကယ်ကြီးလား…"
ချန်းဖန်က ဖြည်းညင်းစွာ ပြောလိုက်သည်။
"ငါ့ကို သိပ်မကြာခင်က အဲဒီလိုပြောခဲ့တာ ဘယ်သူပါလိမ့်။ မစ္စတာဟူလား။ သူက ငါ့ကို ထောင်ထဲကို ထည့်မလို့တဲ့။ ခု ငါ့ကို ကြည့်စမ်း…"
"ဘာ ရှေ့နေဟူ…"
နင်းရှန်းချန်က မေးလိုက်သည်။
"သခင်လေးနင်း … ပြည်မကြီးက အောက်တန်းစားတွေနဲ့ ဘာလို့ အချိန်ဖြုန်းနေမှာလဲ။ အစောင့်တွေကို ခေါ်ပြီး ဆွဲထုတ်ခိုင်း လိုက်ပါလား…"
သူဌေးကူက ဝင်ရောက်ပြောသည်။
"ငါသေမှပဲ ရလိမ့်မယ်…"
ချင်ရီလန်းက ဒေါသတကြီး ဝင်ရောက် ပြောလိုက်သည်။
"အရိုင်းအစိုင်းကောင် … ဒါက ငါ့ရဲ့ ပါတီ။ အရာရာကို ငါ ဆုံးဖြတ်ခွင့်ရှိတယ်။ မင်းပါးစပ်ကို ပိတ်ထားစမ်း…"
နင်းရှန်းချန်က အော်ပြော လိုက်သည်။
"ဒီပွဲကို ငါဦးစီးပြီး လုပ်တာ။ ငါမနေစေချင်ရင် ခုချက်ချင်း သင်္ဘောပေါ်က ကန်ချလိုက်လို့ ရတယ်။ နားလည်လား။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့ကွာ။ မင်းတို့ ဟောင်ကောင်ကို ရေကူးပြန်ကြ…"
နင်းရှန်းချန်က ပခုံးကိုတွန့်ရင်း ပြောလိုက်သည်။ သူ၏ စကားကြောင့် အခန်းထဲရှိ လူအားလုံး ဟာသတစ်ခုကို ကြားရသည့်အလား ရယ်မော လိုက်ကြသည်။
"သခင်လေးနင်း … ခင်ဗျားက အရမ်းရယ်ရတယ်…"
"ဟုတ်တယ် … သူတို့ကို ရေကူးပြန်ခိုင်း…"
"ဟဟ… ဒီအချိန်က မင်းတို့ရဲ့ ရေကူးစကေးကို ပြရမယ့် အချိန်ပဲနော်။ စောစော မြုပ်မသွားနဲ့ဦး…"
အခန်းထဲရှိ လူအားလုံးက ချန်းဖန်တို့အား အမျိုးမျိုး လှောင်ပြောင် နေကြသည်။ ထိုအရာက သခင်လေးနင်းအပေါ် သူတို့၏ သစ္စာရှိမှုကို ပြရန်အတွက် ရွှေရောင် အခွင့်အရေး ဖြစ်သည်။
"မင်းတို့ လုပ်ရဲလား…"
ချင်ရီလန်း၏ မျက်လုံးများက ရှက်ရွံ့မှုနှင့် ဒေါသကြောင့် နီရဲလာသည်။ အမြဲတမ်းလိုလို တည်ငြိမ်နေတတ်သော ချီဝမ်စန်း၏ မျက်လုံးများပင်လျှင် စတင် အေးစက်လာသည်။ နင်းရှန်းချန်မှာ သူတို့အား သတ်ရန် ကြံစည်နေပုံရသည်။ သူတို့ ယခုရောက်နေသော နေရာမှာ ဗစ်တိုးရီးယား ပင်လယ်၏ အလယ်တွင် ဖြစ်ပြီး ကမ်းခြေသို့ ပြန်ရန် လုံးဝမဖြစ်နိုင်ပေ။ ထို့အပြင် သူတို့အထဲတွင် မိန်းကလေးအချို့လည်း ပါနေသေးသည်။
"ဒါက နင်းမိသားစုက ဧည့်သည်တွေကို ဘယ်လို ကြိုဆိုတတ်ကြောင်း ပြလိုက်တာလား…"
ချီဝမ်စန်းက အေးစက်စွာ မေးလိုက်သည်။
"အဲဒီလို မဟုတ်ပါဘူး။ မင်းတို့သာ ငါ့သူငယ်ချင်းကို တောင်းပန်ရင် ဒီတစ်ည သင်္ဘောပေါ်မှာ နေခွင့်ပေးမယ်…"
နင်းရှန်းချန်က ပြောလိုက်သည်။
"ဟုတ်တယ်… ငါ့ကို ဒူးထောက်ပြီး တောင်းပန်စမ်း…"
လုကျန်းယန်က ပါးကို ပွတ်ရင်း ဝင်ပြောလိုက်သည်။ သူ၏ လူသတ်ချင်နေသော အကြည့်များက ချန်းဖန်ထံတွင် ပြင်းထန်စွာ ကျရောက်နေသည်။
"ဒူးထောက်ပြီး တောင်းပန်…"
ချန်းဖန်၏ မျက်လုံးများက ကျဉ်းမြောင်း သွားသည်။
"မှန်တယ်။ မင်း ဒူးထောက်ပြီး တောင်းပန်ရင် ငါ ခွင့်လွှတ်ပေးလိုက်မယ်…"
နင်းရှန်းချန်က လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။
"နင်းရှန်းချန်…"
ယန်ချင်းချင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ နင်းရှန်းချန်ကမူ ယန်ချင်းချင်းအား လှည့်မကြည့်ခဲ့ပေ။ ထို့အစား ချန်းဖန်ကိုသာ အထင်သေးသည့် အကြည့်များဖြင့် ကြည့်နေသည်။
"ချင်ရီလန်း… ငါတို့ ဘာလုပ်ကြမလဲ…"
ချင်းလုလုက ချင်ရီလန်း၏ လက်မောင်းကို ကိုင်ရင်း စိတ်ပူစွာ မေးလိုက်သည်။ ကျိုးချင်းရမှာလည်း ချန်းဖန်အား စိတ်ပူစွာ ကြည့်လိုက်သည်။ ချန်းဖန်မှာ ချမ်းသာသည့် ချန်းမိသားစုမှ ဖြစ်၍ ရွှေပေါ် မြတင် နေခဲ့သူ ဖြစ်ရမည်။ ထို့ကြောင့် ယခုကဲ့သို့ အရှက်ခွဲခံရခြင်းမျိုး ကြုံဖူးလိမ့်မည် မဟုတ်ပေ။
***
ထိုအချိန် သင်္ဘောပေါ်ရှိ အခန်းငယ် တစ်ခုတည်းတွင် …
"သူဌေးနင်း … ခင်ဗျား ရေမင်းသမီး တစ်ခုလုံးကို ငှားထားတာလား။ အထဲမှာ မင်းသမီးလေးတွေက အလန်းတွေချည်းပဲနော် ဟားဟား …"
တရုတ်ရိုးရာ ဝတ်စုံ ဝတ်ဆင်ထားသည့် လူတစ်ယောက်က ပြောသည်။
"ဟားဟား … ဆရာချူး ခင်ဗျား ကျုပ်ကို အထင်ကြီးလွန်းနေပြီဗျ…"
အသက်လတ်လူက ရယ်မောရင်း ပြန်ပြောလိုက်သည်။ ထိုနှစ်ယောက်အနက် အသက်လတ်လူမှာ ဟွာရီဖျော်ဖြေရေး လုပ်ငန်း၏ ပိုင်ရှင် နင်းယွမ်ဟူ ဖြစ်သည်။ နင်းယွမ်ဟူမှာ ငယ်စဉ်က စစ်တပ်အတွက် အမှုထမ်းခဲ့ဖူးသည်။ သူ အသက်နှစ်ဆယ်၌ စစ်တပ်မှ ထွက်ကာ သူ၏ ဇနီးနှင့်အတူ ဟွာရီကုမ္ပဏီကို စတင် တည်ထောင်ခဲ့သည်။ သူ၏ ကုမ္ပဏီမှ နာမည်ကျော် များစွာ မွေးထုတ်ပေးနိုင်ခဲ့ရာ အောင်မြင်မှုကလည်း အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။
"ကျုပ်ကို ဆရာချန်းနဲ့ မိတ်ဆက်ပေးဖို့ ခင်ဗျားကို တောင်းဆိုရမှာပဲ …"
နင်းယွမ်ဟူက ဆရာချူးအား ပြောလိုက်သည်။
"ဟင်း … အဲဒါက နည်းနည်းတော့ ခက်တယ်။ မစ္စတာချန်းက အရမ်းလည်း လျှို့ဝှက်တယ်။ ခင်ဗျား သူ့ကို တွေ့ချင်ရင် ကိုယ့်ဟာကိုယ်ပဲ ကြိုးစားသင့်တယ်။ သူက ကျွန်တော် မိတ်ဆက်ပေးရင် ကြိုက်မှာ မဟုတ်ဘူး…"
ဆရာချူးက သက်ပြင်းတစ်ချက် ချလိုက်သည်။ ဆရာချူးမှာ ချူးယူလင်းဖြစ်ပြီး ချန်းဖန် ကျန်းမိသားစု၏ အိမ်များကို သိမ်းယူရာ၌ ကူညီကာ မျက်နှာ လုပ်ခဲ့ဖူးသည်။
"အင်းနော်… ဆရာချန်းက ကျွန်တော်တို့လို လူမျိုးကို တွေ့ချင်မှ တွေ့မှာ…"
နင်းယွမ်ဟူက ခေါင်းညိတ် လိုက်သည်။ သူ၏ အဆင့်ဖြင့် ဆရာချန်းနှင့် မိတ်ဆွေဖွဲ့ရန်မှာ မလွယ်ကူချေ။ ထိုချန်းပေ့ရွှမ်းဆိုသော ပုဂ္ဂိုလ်မှာ လူသုံးယောက်ကို လူသိရှင်ကြား သတ်ခဲ့သည့်တိုင် အစိုးရက မည်သို့မျှ မစုံစမ်းခဲ့ပေ။ ကောလာဟလများအရ ဆိုလျှင် ဆရာချန်းမှာ စစ်တပ်ဘက်နှင့်လည်း နက်ရှိုင်းသော ပတ်သက်မှု ရှိသည် ဟုဆိုသည်။ နင်းရှန်းချန်မှာ စစ်တပ်ဘက်တွင် နေဖူးရာ စစ်ဘက်၏ လွှမ်းမိုးမှုကို ကောင်းစွာ သိသည်။ သူ၏ ဟွာရီပိုင်ရှင် ဆိုသော ဂုဏ်ပုဒ်မှာ စစ်အရာရှိများအတွက် အသေးအဖွဲသာ ဖြစ်သည်။
ခဏအကြာ၌ ချူယူလင်းက စဉ်းစားရင်း…
"ဆရာချန်းက တရုတ်ပညာရှင်များ ညီလာခံကို တက်မယ်လို့ သတင်းကြားတယ်။ ခင်ဗျားအတွက် အခွင့်အရေးပဲနော်…"
ချူးယူလင်က ခဏမျှ ရပ်တန့်လိုက်ပြီး…
"ဆရာချန်းက အရမ်း အစွမ်းထက်တယ် ဆိုပေမဲ့ သူ့အသက်က ငယ်ငယ်လေးရယ်။ သူက ချောတဲ့ ကောင်မလေးတွေဆို သဘောကျမှာ…"
"သဘောပေါက်ပြီ.."
နင်းရှန်းချန်က သဘောကျစွာ ခေါင်းညိတ် လိုက်သည်။ သူ၏ ကုမ္ပဏီတွင် ချောမောလှပသော မိန်းကလေးပေါင်း များစွာ ရှိသည် မဟုတ်ပါလား။
"ယန်ချင်းချင်း…"
နင်းယွမ်ဟူ တွေးလိုက်မိသည်။ ယန်ချင်းချင်းမှာ ကုမ္ပဏီတွင် အလှပဆုံး မိန်းကလေးဖြစ်ပြီး မည်သည့် ယောက်ျားမှ မငြင်းဆန်နိုင်သော ရုပ်ရည်ရှိသည်။ သူမ၏ သဘာဝအရ ထိုအလုပ်မျိုးကို ငြင်းဆန်လောက် သော်လည်း ယခုတစ်ကြိမ်တွင်မူ အတင်းအကြပ် ဖိအားပေးရလိမ့်မည်။
ထိုအတွေးဖြင့် နင်းယွမ်ဟိုင် ပါတီခန်းမထဲသို့ ဝင်လာခဲ့သည်။ ယန်ချင်းချင်းကို တွေ့၍ ထိုကိစ္စကို ဆွေးနွေးရမည်။
သူ ခန်းမထဲကို ဝင်လိုက်သည်နှင့် မမျှော်လင့်စွာပင် ချန်းဖန်ကို တွေ့လိုက်ရသည်။ ချန်းဖန်နှင့် နင်းရှန်းချန်တို့မှာ မျက်နှာချင်းဆိုင် ရပ်နေခဲ့ကာ မီးပွင့်မတတ် မျက်လုံးများဖြင့် ကြည့်နေခဲ့ကြသည်။
နင်းယွမ်ချင်း ချန်းဖန်ရှိရာသို့ ပြေးလာရင်း ရိုသေစွာဖြင့်…
"ဆရာချန်း … ခင်ဗျား ဒီရောက်နေတာလား…"
***