← Chapters

ပေါက်ကွဲစေတတ်သော ဆေးရည်

Vol. 12 Ch. 115

ပေါက်ကွဲစေတတ်သော ဆေးရည်

Vol. 12 Ch. 115

ထိုကနေ့ညမှာပင် စုချန်း၏ နောက်ဆုံးပြသနာသညာ်ကးဖြေရှင်းပြီးသား ဖြစ်သွားခဲ့လေသည်။ လင်ယဲ့မွှားကား တရားမဝင် အဖွဲ့အစည်းတခု၏ လက်ချက်ကြောင့် သေဆုံးသွားခဲ့လေပြီ။

ထို့နောက်တွင်ကား လင်ယဲ့မွှားသည် ဒုစရ်ိုက်အဖွဲ့အစည်းတခုနှင့် ပတ်သက်ခဲ့ကြောင်း၊ သူသည် ထိုအဖွဲ့အစည်းထံမှ အကျိုးအမြတ်များကို လိမ်လည်ခဲ့ခြင်းကြောင့် လက်တုံ့ပြန်ခံလိုက်ရခြင်းဖြစ်ကြောင်း ကောလဟလသတင်းများ ထွက်ပေါ်လာ၏။ ဤနေရာတွင် အဖြစ်အပျက်၏ နောက်ကွယ်မှ အမှန်တရားမှာ သိပ်အရေးမပါတော့။ ပို၍ အရေးကြီးသည်မှာ လင်အ်ိမ်တော်သည် ၎င်းတို့၏ လူအင်အားကို အကုန်သုံး၍ ဝင်ရောက်စီးနင်းခဲ့သော အနက်ရောင်ဝတ်စုံဝတ်ထားသူ လိုက်လံရှာဖွေသော်လည်း သတင်းအစအနမျှပင် မရခဲ့ချေ။ သူတို့၏ ကြိုးစားအားထုတ်မှုမှန်သမျှသည် ပိုးသာကုန်၍ မောင်ပုံပင် စောင်းမတတ်ခဲ့ချေ။

နောက်ဆုံးတွင်ကား ထိုပြသနာသည် ဖြေရှင်း၍မရသော ပြသနာတရပ်သဖွယ် ဖြစ်လာခဲ့၏။ အစောပိုင်းတွင် ထိုပြသနာကြောင့် ပတ်ဝန်းကျင်တခုလုံး ဆူညံပွက်လောရိုက်နေခဲ့သော်လည်း လူတို့၏ သဘောသဘာဝအရ တဖြည်းဖြည်း မေ့ပျောက်သွားပြီး လမ်းပေါ်တွင် အလာပသလာပ ပြောစရာတခုအဖြစ်သာ ကျန်ရစ်တော့သည်။ ထိုပြသနာသည် ထိုနှစ်၏ နှစ်လယ်ပိုင်း နွေရာသီတွင် လူပြောအများဆုံး ဖြစ်ရပ်တခု ဖြစ်ခဲ့ပြီး နဂါးကျောင်းတော်၏ ဝင်ခွင့်ပြိုင်ပွဲသည်လည်း တဖြည်းဖြည်း နီးကပ်လာခဲ့လေပြီ။

ရှည်လျားရစ်ခွေမြို့တော်မှ ကိုယ်စားလှယ်များသည်လည်း မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူတို့သည် ကြီးမားသော အင်အားများကိုစုစည်းပြီး အနီရောင်အာရုဏ်ဦးတောင်ထိပ်နယ်မြေ၏ ပတ်ပတ်လည်ကို လုံးဝ ပိတ်ဆို့လိုက်ကြ၏။ မည်သည့် အပြင်လူမှ ထိုနယ်မြေအတွင်းသို့ ဝင်ခြင်းထွက်ခြင်း မပြုလုပ်နိုင်တော့။ ထိုသူတို့သည် နဂါးကျောင်းတော်ပြိုင်ပွဲကို သက်ရောက်လာစေနိုင်သည့် မည်သည့် တည်ရှိမှုမျိုးကိုမဆို ၎င်းတို့၏ စိတ်ဝိညာဉ်ကို အသုံးပြု၍ ဖော်ထုတ်နိုင်စွမ်းရှိသည်အထိ အစွမ်းထက်ကြသော ပညာရှင်များ ဖြစ်ကြလေသည်။

နဂါးကျောင်းတော်အဖို့ ဤမျှ များပြားသော အင်အားကို အသုံးပြုထားခြင်းမှာ မြောက်ပိုင်းမြို့တော်၏ ပါရမီရှင်လေးဦးကို ဖော်ထုတ်ရုံမျှ မဟုတ်ပေ။ ထိုနေရာသည် တောင်သုံးလုံးနယ်မြေတခုလုံးရှိ နဂါးကျောင်းတော်၏ ဝင်ခွင့်ပြိုင်ပွဲ ကျင်းပရန် နေရာ ဖြစ်နေခြင်းကြောင့်ပင် ဖြစ်လေသည်။ နဂါးကျောင်းတော်ပြိုင်ပွဲကို နှစ်ပိုင်းခွဲခြားထားပြီး ပထမတပိုင်းမှာ တူညီသော မြို့တခုအတွင်းဝယ် ပြိုင်ပွဲဝင်ရခြင်းဖြစ်ပြီး အောင်နိုင်သူများသည် နဂါးကျောင်းတော်၏ ကျောင်သားတဦးအဖြစ် ဖိတ်ခေါ်ခံရခြင်း ဖြစ်သည်။ ဒုတိယအပိုင်းမှာကား အနိုင်ရရှိသူများအားလုံးသည် နောက်ထပ် ယှဉ်ပြိုင်မှုတခု ပြုလုပ်ရပြီး ထိုပြိုင်ပွဲမှနေ၍ ၎င်းတို့၏ အဆင့်အတန်းအား ပိုင်းခြားသတ်မှတ်ပေးခြင်းပင် ဖြစ်သည်။

ထို့ကြောင့် အနီရောင်အာရုဏ်ဦးတောင်ကြောတခုလုံးကို နယ်မြေခွဲပေါင်းများစွာ သတ်မှတ်ထားပြီး ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်သည် မြောက်ပိုင်းမြို့တော်နယ်မြေခွဲတွင် မတည်ရှိပေ။ ၎င်းသည် တိမ်တိုက်ပန်းပွင့်မြို့တော် နယ်မြေခွဲတွင် တည်ရှိ၏။ ဆိုလိုသည်မှာ စုချန်းအနေနှင့် ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်သို့ ဝင်ရောက်လိုပါက မိမိမြို့တော်အတွက် သတ်မှတ်ထားသော နယ်မြေမှ တခြားနယ်မြေခွဲအတွင်းသို့ ဖြတ်သန်းဝင်ရောက်ရန် လိုအပ်၏။ မိမိမြို့တော်အတွက် သတ်မှတ်ထားသော ဝင်ခွင့်လေးနေရာအတွင်း ဝင်ရောက်ရန် အပြင်းအထန် ကြိုးစားနေရသော စုချန်းအတွက် ထိုကိစ္စမှာ အတော်လေး ဆိုးဝါးလှ၏။ ရှင်သန်ခြင်းကျောင်းတော်နှင့် ပြုလုပ်ထားသော သဘောတူညီချက်အရ စုချန်းသည် မိမိ နယ်မြေခွဲအတွင်း ဝင်ရောက်၍ ပြိုင်ပွဲမဝင်မှီမှာပင် ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်အတွင်း ဝင်ရောက်၍ ထိုအထဲရှိ ပစ္စည်းများအားလုံးကို ထုတ်ယူရန် လိုအပ်နေခဲ့လေသည်။

ခက်ခဲကြမ်းတမ်းသော အခြေအနေတွင် ပြသနာနှစ်ရပ်ကို တပြိုင်တည်း ဖြေရှင်းရမည်ကဲ့သို့ ဖြစ်နေသောကြောင့် စုချန်းအတွက် နဂါးကျောင်းတော်သို့ ဝင်ရောက်ခွင့်မှာ ပိုမို ခက်ခဲလာခဲ့၏။ ရှင်သန်ခြင်းကျောင်းတော်ဖက်မှလည်း အကယ်၍ စုချန်းသာ ရှုံးနိမ့်လာပါက နှစ်သိမ့်နိုင်ရန် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ သို့သော် စုချန်းဟူသည် မ်သည့်အခါမျှ အလွယ်တကူ အရှုံးပေးတတ်သူ မဟုတ်ပေ။

ထို့ကြောင့် စုချန်းသည် နဂါးကျောင်းတော်ပြိုင်ပွဲ မစတင်မီ တရက်အလိုတွင် သူ၏ နောက်ဆုံးပြင်ဆင်မှုများကို ပြုလုပ်နေ၏။ သို့သော် သူ၏ ကြိုတင်ပြင်ဆင်မှုမှာကား တမျိုးတဖုံ ဖြစ်နေ၏။ အကြောင်းမှာ တခြားလူများအဖို့ မူလစွမ်းရည်များကို အပြင်းအထန် လေ့ကျင့်နေချိန်တွင် စုချန်းသည် သူ၏ အလုပ်စားပွဲရှေ့တွင် သုတေသနတခုကို ပြုလုပ်နေခြင်း ဖြစ်သည်။ ဆရာကြီးဖန်းကို သတ်ဖြတ်ပြီးနောက် စုချန်းသည် ၎င်း၏ အလုပ်စားပွဲနှင့် စမ်းသပ်မှုမှတ်တမ်းများကို လက်ခံရရှိခဲ့၏။ ထိုမှတ်တမ်းများကို ဖတ်ရှုပြီးနောက် သူသည် ဗဟုသုတများစွာကို ရရှိခဲ့ပြီး စမ်းသပ်မှုပြုလုပ်ရာတွင်လည်း စိတ်ကူးစိတ်သန်း၊ အတွေးသစ်အမြင်သစ်များကို တီထွင်ဆန်းသစ်နိုင်ခဲ့လေသည်။

ထိုအခါ စုချန်းသည် ကိုယ်ပိုင်သုတေသနတခုကို ပြုလုပ်ရန် ဆုံးဖြတ်ခဲ့၏။ ဤတကြိမ်တွင်ကား သူသည် ပျံသန်းနေသောမြွေသွေးဗီဇကို မစမ်းသပ်သေးပဲ တခြားအရာတခုကို တီထွင်စမ်းသပ်နေခြင်း ဖြစ်သည်။

ကျောက်တုံးအခန်းတွင်း၌ စုချန်းသည် နှုတ်သီးရှည်ဖန်အိုးကို ဂရုတစိုက်နှင့် ကိုင်တွယ်ထား၏။ ထိုဖန်အိုးအတွင်း၌ အခန်းငယ်နှစ်ခု ခွဲခြားထားပြီး အနီရောင်နှင့် အပြာရောင်အရည်နှစ်မျိုးကို သီးခြားသိုလှောင်ထားလေသည်။ စုချန်းသည် အလယ်မှပိုင်းခြားထားသော အကန့်ငယ်ကို ဂရုတစိုက်နှင့် ဆွဲထုတ်လိုက်ပြီး ဖန်အိုး၏ အဆို့ရှင်ကို ဆွဲထုတ်လိုက်လေရာ အနီရောင်နှင့် အပြာရောင်အရည်များသည် ရောနှောသွားပြီး အမြှုပ်များ တစီစီ ထလာ၏။ စုချန်းသည် ဖန်အိုးကို လှုပ်ခါလိုက်ရာ အမြှုပ်များ ပို၍ထလာပြီး အတန်ကြာသော် ဖန်အိုးသည် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ တစစီ ပေါက်ကွဲထွက်သွားတော့သည်။

ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော အစအနများသည် စုချန်းကို ပြင်းထန်စွာ ထိမှန်သွား၏။ သို့သော် စုချန်းကား ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ မက်အကာအကွယ်သည် ချက်ချင်းပင် ပေါ်ပေါက်လာရာ ထိုအစအနများသည် မြေကြီးပေါ်သို့ တဖြုတ်ဖြုတ်နှင့် ပြုတ်ကျကုန်တော့သည်။

"နောက်ဆုံးတော့ အောင်မြင်သွားပြီပဲ"

မြေကြီးပေါ်မှ အစအနများကို စိုက်ကြည့်ရင်း စုချန်းက နှစ်သိမ့်ကျေနပ်စွာ ရယ်မောလိုက်၏။

"သခင် ဘာကို အောင်မြင်သွားတာလဲဗျ"

သံမဏိကား နားလည်ဟန်မတူ။ ထိုအခါ စုချန်းက ရှင်းပြလိုက်သည်။

"ပေါက်ကွဲစေတတ်တဲ့ ဆေးရည်လေ မင်းမမြင်ဘူးလား ခုပဲ ပေါက်ကွဲသွားတာ ပေါက်ကွဲစေတတ်တဲ့ဆေးရည်ကို ငါ တီထွင်နိုင်ခဲ့ပြီ"

"သိပ်တော့လည်း မပြင်းထန်သလိုပါလား သခင်ခင်ဗျာ"

ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာသော မီးခိုးငွေ့များမှာ များပြားလှပြီး အသံမှာ ဆူညံလှသော်လည်း အင်အားမှာကား သနားဖွယ်ရာကောင်းလောက်အောင် နည်းပါးလှ၏။ သံမဏိသည် ထိုပေါက်ကွဲမှုမှ ဖြစ်ပေါ်လာသော အစအနများကို ၎င်း၏ ပုံမှန်အရေပြားနှင့်ပင် ခုခံနိုင်လိုက်လေသည်။ ထိုအခါ စုချန်းက ရှင်းပြလိုက်သည်။

"ဒါကျတော့ ငါက ဆေးရည်ရဲ့ ပြင်းအားကို လျှော့ထားလို့ သံမဏိရဲ့ တကယ့် စစ်မှန်တဲ့ ပေါက်ကွဲစေတတ်သောဆေးရည်ရဲ့ ပြင်းအားက အနက်ရောင်မျဉ်းကြောင်းဓားရဲ့ သွေးစက်ဝိုင်းထက် မဆိုစလောက်ပဲ နိမ့်တယ်"

သံမဏိကား စုချန်း၏ တွေးခေါ်ပုံကို နားလည်သဘောပါက်သွားလေပြီ။ ထိုအခါ သူက မေးမြန်းလိုက်သည်။

"ဒါဆိုရင် အင်အားအတော်ပြင်းထန်တာပဲ သခင်...ဒီတော့ သခင်က ဒီဆေးရည်ကို နဂါးကျောင်းတော်ပြိုင်ပွဲမှာ အသုံးပြုဖို့ စဉ်းစားထားတယ်ပေါ့"

နဂါးကျောင်းတော်ပြိုင်ပွဲတွင် မူလကိရိယာများ၊ မူလအဆောင်လက်ဖွဲ့များ စသည့် မူလစွမ်းအင်အသုံးပြုသည့် မည်သည့်လက်နက်ကိုမဆို တားမြစ်ထား၏။ သို့သော် တိုက်ခိုက်ရာတွင် တိုက်ရိုက်အသုံးမပြုသည့် သာမာန်လက်နက်များနှင့် အခြားပစ္စည်းများကိုကား သယ်ဆောင်ခွင့်ပြုထားလေသည်။ ဤသို့ သတ်မှတ်ထားခြင်းမှာ နဂါးကျောင်းတော်၏ ပြိုင်ပွဲသည် တစုံတယောက်၏ ပင်ကိုယ်ပါရမီနှင့် ခွန်အားကိုသာ အဓိက စမ်းသပ်ခြင်းဖြစ်ပြီး ၎င်းတို့၏ ချမ်းသာကြွယ်ဝမှုများ မပါဝင်စေလိုသောကြောင့် ဖြစ်သည်။

စုချန်းအနေနှင့် မူလကိရိယာမျိုးစုံကို ပိုင်ဆိုင်ထားပြီး ဖြစ်သော်လည်း ထိုပစ္စည်းများကို နဂါးကျောင်းတော်၏ ဝင်ခွင့်ပြိုင်ပွဲတွင် အသုံးပြုခွင့် မရှိလေရာ တခြားနည်းလမ်းတခုဖြစ်သော ပေါက်ကွဲစေတတ်သည့် ဆေးရည်ကို ဖော်စပ်နိုင်ရန် အာရုံစိုက်နေခြင်း ဖြစ်သည်။

ထိုအခါ စုချန်းက သံမဏိ၏ မေးခွန်းကို ပြန်လည်ဖြေကြားလိုက်သည်။

"သိပ်မှန်တာပေါ့ တကယ်တော့ ဒီဆေးဟာ ဆရာကြီးဖန်း တီထွင်ခဲ့တာပဲ ဒါပေမဲ့ ငါကတော့ ငါ့လိုအပ်ချက်နဲ့ ကိုက်ညီအောင် နည်းနည်းပါးပါး ပြုပြင်ပြောင်းလဲထားတယ်ကွ"

အကယ်၍ ဆရာကြီးဖန်းသာ သေရွာမှ ပြန်ရှင်လာပြီး ထိုစကားကို ကြားပါက စုချန်းသည် ဤပညာရပ်တွင် ပါရမီရှင်တဦးဟု မုချ ချီးကျူးပေလိမ့်မည်။ ဆေးဝါးတမျိုးကို ဆန်းသစ်တီထွင်ခြင်းဟူသည် တဦးတယောက်တည်း ပြုလုပ်န်ိုင်သော ကိစ္စမျိုးမဟုတ်။ တနည်းအားဖြင့် ဆန်းသစ်တီထွင်မှုဟူသမျှသည် ရှေးဟောင်းပစ္စည်းများအပေါ် နားလည်နိုင်စွမ်းရှိခြင်းဟူသည့် အခြေခံအုတ်မြစ်အပေါ်တွင် မူတည်နေ၏။

စုချန်းတယောက် ဤကဲ့သို့ ဆေးဝါးတမျိုးကို တိုးတက်လာအောင် ပြုလုပ်နိုင်ခြင်းမှာ ပထမဆုံးအနေနှင့် သူသည် အခြေခံအုတ်မြစ် ခိုင်မာခြင်းကြောင့် ဖြစ်သည်။ ဒုတိယအနေနှင့်ကား ထူးခြားသည့် သူ့မျက်လုံးများကြောင့် ဖြစ်ပြီး တတိယအချက်မှာ ဤပညာရပ်နှင့် ပတ်သက်လျင် ပါရမီပါလာခြင်းကြောင့် ဖြစ်သည်။ နောက်ဆုံးတချက်မှာကား သူ့ကံတရားကြောင့်ပင်တည်း။ အောရစ်နှင့် ဆရာကြီးဖန်း၏ သုတေသနနည်းလမ်းများမှာ ဆင်တူရိုးမှားသာ ဖြစ်လေရာ စုချန်းအဖို့ ဆရာကြီးဖန်း၏ မှတ်စုများကို ပို၍ အကျိုးရှိစွာ အသုံးချန်ိုင်ခဲ့သည်ဟုပင် ဆိုရတော့မည်။

ပေါက်ကွဲစေတတ်သော ဆေးရည်ကို ဖော်စပ်ရာတွင် အဓိကအချက်မှာ တည်ငြိမ်မှုပင် ဖြစ်သည်။ ထိုဆေးရည်၏ တည်ငြိမ်မှုမှာ အလွန်နည်းပါးပြီး အလွယ်တကူ ပေါက်ကွဲသွားနိုင်လေရာ ထိန်းသိမ်းရန် အလွန်ခက်ခဲ၏။ ဤနေရာတွင် စုချန်း၏ နည်းလမ်းမှာ ထိုဆေးရည်၏ ပါဝင်ပစ္စည်းရည်နှစ်မျိုးကို သီးခြားခွဲထုတ်ထားရန် ဖြစ်သည်။ ထိုသို့ ခွဲထုတ်ထားပါက လုံခြုံမှုရှိပြီး အလွယ်တကူ မပေါက်ကွဲနိုင်တော့။ ထိုဆေးရည်နှစ်မျိုးသာ ပေါင်းစပ်သွားပါက လျင်မြန်စွာ ဓာတ်ပြုပြီး ကြီးမားသော စွမ်းအင်များ ပေါ်ထွက်လာကာ ပေါက်ကွဲသွားမည်မှာ မုချပင်တည်း။

အရေးအကြီးဆုံးအချက်မှာ ထိုဆေးရည်၏ ပါဝင်ပစ္စည်းအများစုကို အနီရောင်အာရုဏ်ဦးတောင်ကြောတွင် တွေ့ရှိနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် စုချန်းအနေနှင့် မူလဖော်စပ်ထားသမျှ ဆေးရည်များအားလုံးကို အသုံးပြုပြီးလျင်ပင် အချိန်မရွေး ပြန်လည်ဖော်စပ်နိုင်၏။

ပြီးပြည့်စုံသော ပေါက်ကွဲစေတတ်သည့် ဆေးရည်ကို ဖော်စင်္ပ်ပြီးနောက် စုချန်းသည် ထိုဆေးရည်ကို အန္တရာယ်ကင်းကင်းနှင့် ထည့်သွင်းသယ်ဆောင်န်ိုင်မည့် ဗူးခွံတမျိုးကို စတင်ရှာဖွေတော့သည်။ ထိုဆေးရည်ကို သာမာန်ပုလင်းများတွင် အတူတကွ ထည့်သွင်းရန်မှာ မဖြစ်နိုင်ပါ။ ပါဝင်ဆေးရည်နှစ်မျိုး ရောနှောမသွားစေရန် အထူးပုံစံထုတ်ထားသည့် ပုလင်း၊ သို့မဟုတ် ဗူးခွံတမျိုးမျိုး လိုအပ်နေ၏။ ၎င်းကို ရှာဖွေရန် မင်ချူးနှင့် ကျူးဟုန်ကို စုချန်းက ကနဦးကတည်းက တာဝန်ပေးခဲ့ပြီး ဖြစ်သည်။

နောက်ဆုံးတွင် ကျူးဟုန်က တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်နိုင်ခဲ့လေသည်။ ကျူးဟုန် ရှာဖွေလာသော အရာမှာ အလွန်ထူးခြားသော ဝ်ိုင်ကရားတမျိုးပင် ဖြစ်သည်။ ၎င်းဝ်ိုင်ကရားသည် ဝိုင်အမျိုးအစား နှစ်မျိုးကို သိုလှောင်ထားနိုင်ပြီး ကရား၏ လက်က်ိုင်ကိုလှည့်၍ ဝ်ိုင်နှစ်မျိုးကို အလှည့်ကျ သောက်သုံးနိုင်၏။ ထိုဝိုင်ကရားကို မူးယစ်ဆေးဝါးဟရောင်းဝယ်သူများက အဓိက ပြုလုပ်ရောင်းချပြီး လမ်းဓားပြအဆင့်မှစ၍ ရာဇဝင်လူဆိုးကြီးများ၊ မူးယစ်ဆေးကုန်သည်များကြားတွင် အလွန်အသုံးများ၏။ ထိုဝိုင်ကရားကို အနည်းငယ် ပြောင်းလဲလိုက်ရုံနှင့် စုချန်း၏ လိုအပ်ချက်နှင့် အကိုက်ညီဆုံး ပစ္စည်း ဖြစ်လာတော့သည်။

ထိုအခါ စုချန်းက ထိုဝ်ိုင်ကရား အများအပြားကို ဝယ်ယူ ပြောင်းလဲရန် အမိန့်ပေးလိုက်၏။ အရေးအကြီးဆုံးမှာ ဝ်ိုလောင်းထည့်သည့်အပေါက်တွင် အဆို့ရှင်တမျိုး တပ်ဆင်ရမည့်အပြင် ကရား၏ နှုတ်ခမ်းကိုလည်း ပိတ်ပစ်ရပေလိမ့်မည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွား၏။ နောက်ဆုံးတွင် နဂါးကျောင်းတော်၏ ဝင်ခွင့်ပြိုင်ပွဲ ကျင်းပမည့် နေ့ရက်မှာလည်း ကျကျနနပင် ဆ်ိုက်ရောက်လာခဲ့လေသည်။

All Chapters