← Chapters

တိမ်များကို ထုဆစ်၍ လမင်းအား ပုံသွင်းမယ်

Vol. 01 Ch. 33

တိမ်များကို ထုဆစ်၍ လမင်းအား ပုံသွင်းမယ်

Vol. 01 Ch. 33

"အမေ့ရဲ့ ထက်မြက်ရိုးသားတဲ့သားလေး ဟုတ်လား။” ယွမ်ချူးလင် ပြောပြသော ထန်ရှု၏သရုပ်အား ကြားလိုက်ရသော လုံကျန့်လင်း၏မျက်နှာတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားလေသည်။ အမေ့ရဲ့ ထူးချွန်ထက်မြက်တဲ့သားလေးက ဂိမ်းခန်းမကို ဝင်လာနိုင်ပါ့မလား။ အဲ့ဒီအမေ့သားလေးက ဂိမ်းခန်းမပိုင်ရှင်ကို မျက်စိပျက် မျက်နှာပျက်ဖြစ်အောင်ကို လုပ်နိုင်ခဲ့တာလား။

“နေပါဦး။ ဘာလို့ ထူးဆန်းသလို ဖြစ်နေရတာလဲ။ ဟိုငနာကောင်တွေ ပြောနေတာ အမှန်တွေပဲလား။” လုံကျန့်လင်း၏ပြောင်းလဲသွားသော အမူအရာအား ထင်ထင်ရှားရှား မြင်လိုက်ရသော ယွမ်ချူးလင်သည် စုရှန်ဖေးဆီသို့ အမှတ်တမဲ့ လှမ်းကြည့်လိုက်မိသည်။

ဒီမနက်ခင်း ယွမ်ချူးလင် အခန်းထဲသို့ ရောက်ရုံရှိသေးသည်။ ထန်ရှုသည် မနေ့ညက ဂိမ်းခန်းမသို့ သွားခဲ့ပြီး ညလုံးပေါက်နေခဲ့သည်ဟူသော ကောလဟလအား တစ်စုံတစ်ယောက်က ဖြန့်နေသည်ကို သူ ကြားလိုက်ရသည်။

စုရှန့်ဖေး၊ စုသွမ့်ရှင်းနှင့် တန်လီကွမ်းတို့သည် ထိုကောလဟလ၏ရင်းမြစ်ပင် ဖြစ်သည်။ လူတိုင်းသည် ထိုကောလဟလအား ယုံကြသည်မှာ ထန်ရှုသည် မနေ့ညက အဆောင်သို့ ပြန်မလာသောကြောင့်ဖြစ်သည်။ သူတို့သည် ထန်ရှုအကြောင်း အသရေဖျက်သည့်နှယ် ပြောကြသည်။ ထန်ရှုသည် ဆိုးဝါးသည့်ရလဒ်ထွက်ခဲ့ရင်တောင်မှ စလော့စက်ကစားရန် တစ်ညလုံး အချိန်ဖြုန်းခြင်းသည် ဦးနှောက်မရှိသောသူနှင့် မတူဘူးဟုပင်။

သို့သော် ထန်ရှု၏လပတ်စာမေးပွဲရလဒ်ထွက်လာသည့်အခါ လူတွေ၏အမြင် ချက်ချင်း ပြောင်းသွားခဲ့ကြသည်။

လူတိုင်းသည် စုရှန့်ဖေး၊ စုသွမ့်ရှင်းနှင့် တန်လီကွမ်းတို့မှ ထန်ရှုအား သိက္ခာကျစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်သည်ဟု ထင်ကြသည်။ ထို၃ယောက်သည် ဂိမ်းခန်းမသို့ မကြာခဏသွားသော်လည်း ထန်ရှုသွားသည်ကို သူတို့တစ်ခါမျှ မကြားဖူးကြချေ။

ထို့အပြင် ဂိမ်းခန်းမသို့ သွားခြင်းသည် လူတိုင်းအတွက် အဆိုးရွားဆုံးအရာကို လုပ်နေသည်မဟုတ်ချေ။ ကျောင်းသားအများစု သွားကြပြီး အချို့သည် ညလုံးပေါက်နေကြသည်။ စုရှန်ဖေးတို့၃ယောက် ပြောသည်မှာ မှန်သည်ဆိုငြားအံ့။ ထိုအရာသည် တန်းခွဲ-၁၀မှ ကျောင်းသားများအတွက် ထန်ရှုအား နည်းနည်းလေးပင် မုန်းရန်မလုံလောက်ချေ။ထိုအစား သူတို့နှင့် ပိုမိုနီးစပ်လာသည်ဟုခံစားရပြီး ထန်ရှုသည် စည်းအပြင်ကလူ မဟုတ်တော့ဟုပင် တွေးမိလာကြသည်။

ဆန့်ကျင်ဘက်အားဖြင့် ကျောင်းသားများသည် စုရှန်ဖေးတို့၃ယောက်အား အမြင်ကတ်သွားကြသည်။ အတန်းဖော်တစ်ယောက်၏ကောလဟလအား သူ့နောက်ကျောတွင် ဆရာများအား တိုင်ခြင်းသည် လူကြီးလူကောင်းတို့၏အပြုအမူမဟုတ်ဘဲ မရိုးသားသောအပြုအမူဖြစ်သည်။

သည်ဟာသည် လပတ်စာမေးပွဲတွင် ၇၁၂မှတ်ရခဲ့ခြင်း၏အကျိုးကျေးဇူးဖြစ်ပြီး ပထမရခြင်း၏စွမ်းအားလည်းဖြစ်ပေသည်။

စုရှန်ဖေးတို့၃ယောက်သည် ထန်ရှုအား သိက္ခာကျစေရန် ပြုလုပ်ခြင်းတွင် မအောင်မြင်ရုံသာမက အတန်းဖော်အားလုံးမှ သူတို့အား အမြင်ကတ်သွားကြလိမ့်မည်ဟု မထင်ထားမိချေ။ ထိုအခြင်းအရာသည် အကျိုးကျေးဇူးရရန်ကြိုးစားရာတွင် အဆုံးသတ်၌ အရှုံးသာပိုင်ဆိုင်လိုက်ရသောကြောင့် မိအေးနှစ်ခါနာသကဲ့သို့ပင် ဖြစ်သည်။

“ဒီခွေးကောင်တွေ” ယွမ်ချူးလင် ကြည့်ရာနောက်သို့ လိုက်ကြည့်မိသော လုံကျန့်ရှင်းသည်လည်း စုရှန်ဖေးတို့၃ယောက်အား မြင်လိုက်ရသောကြောင့် အေးစက်စက်အရိပ်အယောင်တစ်ခု သူ့မျက်ဝန်းအိမ်ထဲတွင် ဖြတ်သန်းသွားခဲ့ရသည်။

မနေ့က လုံကျန့်လင်း ထန်ရှုနောက်သို့ လိုက်နေစဉ်က စုရှန်ဖေး၊ စုသွမ့်ရှင်းနှင့် တန်ကွမ်းယီတို့၃ယောက် ထန်ရှု၏အနောက်သို့ နောက်ယောင်ခံလိုက်နေသည်ကို သတိထားမိသည့်အပြင် ထန်ရှုအား မလေးမစားနှင့် ပြောဆိုကျိန်ဆဲနေသည့်စကားသံများလည်း ကြားခဲ့ရသည်။

ပထမက လုံကျန့်ရှင်းသည် ထိုသုံးယောက်မှာ ခရီးသွားလမ်းကြုံများဖြစ်ပြီး ဂိမ်းခန်းမတွင် ထန်ရှုနိုင်သွားသောကြောင့် မနာလိုဖြစ်ကာ ပြောဆိုနေသည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် ထိုသူများသည် ထန်ရှု၏အတန်းဖော်များ ဖြစ်ပြီး ထိုသို့ပြောဆိုနေသည်ကို သိလိုက်ရသဖြင့် အမှုန့်ကြိတ်ပစ်လိုသောစိတ်သည် လုံကျန့်ရှုရင်ထဲတွင် တလိပ်လိပ် တက်လာခဲ့သည်။

လုံကျန့်လင်း၏မျက်ဝန်းမှ ဒေါသအရိပ်အယောင်အား စုရှန်ဖေး ရိပ်မိလိုက်သဖြင့် စုရှန်ဖေးတို့၃ယောက် ခေါင်းများပုဝင်သွားကြပြီး မျက်နှာဖြူဖျော့သွားကြကုန်သည်။ လုံကျန့်လင်း စာသင်ခန်းထဲသို့ ဝင်လာပြီးနောက် စုရှန်ဖေးတို့၃ယောက်သည် သဲသောင်တွင် ခေါင်းဝှက်ထားသော သစ်ကုလားအုတ်များကဲ့သို့ ဖြစ်နေခဲ့ပြီး သူတို့အား လုံကျန့်လင်း သတိထားမိမည်စိုးသောကြောင့် အသက်ပင် ရဲရဲမရှူဝံ့ခဲ့ချေ။ သို့သော် သူတို့ ကံမကောင်းခဲ့ဘဲ လုံကျန့်လင်း၏အာရုံသည် သူတို့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။

“ဖက်တီး.. မင်းနဲ့ငါက သူငယ်ချင်းအရင်းကြီးတွေပါကွာ။ ထန်ရှု ဘယ်မှာလဲဆိုတာ ဘာလို့ မပြောသေးတာလဲ။”

စုရှန်ဖေးတို့၃ယောက်အား တစ်ခဏမျှ စိုက်ကြည့်လိုက်ပြီးနောက် လုံကျန့်လင်းသည် ယွမ်ချူးလင်ဆီသို့ အကြည့်ပြန်ပို့ကာ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“မင်း မေးသလိုမျိုး ငါလည်းပဲ မေးချင်နေတာပဲ။ အစ်ကိုကြီးက ဒီနေ့အတွက် ခွင့်စာတိုင်ပြီး ပြေးထွက်သွားခဲ့တာ။ သူ ပြောတာတော့ အရေးတကြီး လုပ်စရာရှိနေလို့တဲ့။” ယွမ်ချူးလင်သည် ပြန်စဉ်းစားကာ ခါးသီးသောအမူအရာဖြင့် ဖြေလိုက်သည်။

“ဒါ..” ယွမ်ချူးလင် အဖြေစကားကြောင့် လုံကျန့်လင်း အံ့သြသွားသည်။ “ဖက်တီး… ထန်ရှုပြန်လာရင်ပြန်လာချင်း ငါ့ကို ဆက်သွယ်ပေးပါကွာ…နော်။ သူသာ မနက်ဖြန် ပြန်မလာခဲ့ရင် ငါ့အစ်ကို ဒီတစ်ကြိမ် တကယ် သေနိုင်တယ်။”

ထန်ရှုအား ရှာမတွေ့သည့်အဆုံး လုံကျန့်လင်းသည် သူ၏သတင်းစကားအား ထားခဲ့ပြီး လျင်မြန်စွာ ထွက်သွားတော့သည်။

ယွမ်ချူးလင်နှင့် ချန်းယန်နန်တို့သည် တန်းခွဲ-၁၀ စာသင်ခန်းထဲတွင် သို့လော သို့လောမေးခွန်းများဖြင့် အံ့အားသင့်ကာ ကျန်နေရစ်ခဲ့သည်။ သည်နှစ်ရက်အတွင်း ထန်ရှုသယ်ဆောင်လာခဲ့သော တုန်လှုပ်စရာကောင်းလောက်သော အံ့သြမှုမျိုးသည် အလွန်ကြီးမားလှသည်။ ပထမ သူသည် စံချိန်အား ရိုက်ချိုးပြီး လပတ်စာမေးပွဲတွင် ပထမ ဖြစ်ခဲ့သည်။ အခုတွင် သူသည် မမျှော်လင့်ဘဲ လောင်းကစားဘုရင်အဖြစ်သို့ ရောက်ရှိသွားခဲ့ပြီး သူ့နောက်သို့ လိုက်လာကြပြီဖြစ်သည်။

တစ်စုံတစ်ယောက်ကသာ သူတို့အား ထန်ရှုသည် လောင်းကစားနည်းပညာရပ်တွင် ဆရာတစ်ဆူ ဖြစ်သည်ဟု ပြောခဲ့ပါက သူတို့နှစ်ယောက်သည် ထိုသူအား ဘာစကားတွေ လာပြောနေသလဲဟုဆိုကာ ဆော်ပလော်တီးလွှတ်လိုက်မည်ဖြစ်သည်။ သို့သော် ယခုမူ လုံကျန့်လင်းကိုယ်တိုင်လာရောက်ပြီး ထန်ရှု၏အကူအညီအား တောင်းခံခြင်းဖြစ်သောကြောင့် သူတို့နှစ်ယောက်သည် မယုံကြည်သော်လည်း ယုံရပေတော့မည်။

****

လရောင်သည် ပိုးချည်မျှင်လေးများသဖွယ် ခပ်ပါးပါး ဖြာကျနေသောကြောင့် တောင်ထိပ်ပေါ်တွင် ကြီးမားသော အရိပ်ကြီးတစ်ခု ဖြစ်ပေါ်စေသည်။ ထိုနေရာတွင် ကြယ်များ၏အရောင်များသည် ကောင်းကင်မှ ဖြန်းပက်ထားသကဲ့သို့ရှိကာ ထန်ရှုအား လွှမ်းခြုံထားသည်။

ကြယ်များ၏အလင်းများဖြင့် ရေချိုးခြင်းဖြင့် ထန်ရှု၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ မွှေးညှင်းပေါက်များသည် ထိုအလင်းများအား အငမ်းမရ စုပ်ယူနေပြီး ကြယ်စွမ်းအားအဖြစ်သို့ ပြောင်းလဲပေးလျက်ရှိသည်။ သည်ဟာသည် သူ ပြန်လည်အသက်ရှင်လာပြီးနောက် ကောင်းကင်စကြာဝဠာရပ်အား သူ့နည်းသူဟန်ဖြင့် လေ့ကျင့်ခြင်း၏ ဒုတိယအကြိမ် ဖြစ်သည်။

ပထမအကြိမ်တွင် သူ၏ ခန္ဓာကိုယ်သည် ကောင်းကင်စကြာဝဠာရပ်နှင့် မမျှော်လင့်ဘဲ ကိုက်ညီခဲ့သဖြင့် လေ့ကျင့်ခဲ့သည်။ အင်မော်တယ်လောကတွင် နေထိုင်ခဲ့စဉ်က ထိုပညာရပ်အား နေ့ညမပြတ် သူရွတ်ဖတ်သည်။ ယခု  သူ၏ ခန္ဓာကိုယ်သည် ထိုပညာရပ်အား မသိလိုက်မသိဘာသာဖြင့် ထိုပညာရပ်အား ကျင့်ကြံမိသွားသောအခါ အခုချိန်တွင် သူ တက်တက်ကြွကြွ လေ့ကျင့်နေပြီဖြစ်သည်။

ထိုပထမအချိန်တုန်းက သူ၏ ခန္ဓာကိုယ်သည် နှစ်ခြမ်းကွဲသွားသကဲ့သို့ နာကျင်မှုဖြင့် စုတ်ပြဲသကဲ့သို့ ခံစားရသောကြောင့် တစ်ခုခု မူမမှန်သည်ကို ခံစားမိနေသည်။ အချိန်အတော်ကြာသည့်တိုင်အောင် ကောင်းကင်စကြာဝဠာပညာရပ်အား ကျင့်ကြံရန် ကြောက်ရွံ့နေခဲ့သည်။ ယခုမူ သူ့တွင် ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်မည့်ဆေးရည်ဖော်စပ်ရန်အတွက် လိုအပ်သည့်အရာများစွာ ရှိနေပြီဖြစ်သောကြောင့် သူ့ကိုယ်သူ ရဲဆေးတင်ကာ ကောင်းကင်စကြာဝဠာပညာရပ်၏ပထမအဆင့်အတွက် အသက်ရှူခြင်းအား လေ့ကျင့်နေပြီဖြစ်သည်။ ကြယ်များ၏အလင်းများက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ အတွင်းရှိ ကြယ်စွမ်းအားများ အရှိန်တစ်ခုနှင့်တိုးတက်လာခဲ့သည်မှာ ပကတိမျက်စိဖြင့်ပင် မြင်နိုင်နေပြီဖြစ်သည်။

တစ်... နှစ်... သုံး... လေး...

ပထမအကြိမ် သူ လေ့ကျင့်ခဲ့စဉ်က သူ၏ကိုယ်ထဲတွင် ကြယ်စွမ်းအင်လုံးဝက်ခန့်သာ ထုတ်လာနိုင်သည်။ တစ်လအကြာပြီးနောက်မှ ပြန်လည်လေ့ကျင့်ရာတွင် ထိုအရာလေးသည် လုံးဝန်းလာခဲ့ပြီး ပြည့်လာခဲ့ရာ လုံးဝပြီးပြည့်စုံသည့်အရွယ်ရောက်လာပြီဖြစ်သည်။

ထိုသို့ဖြစ်ရခြင်းမှာ ဒုတိယအကြိမ်တွင် ထန်ရှုသည် စိတ်ဝိညာဉ်စွမ်းအားသွေးကြောအပေါ်တွင် ထိုင်ကာ လေ့ကျင့်ခဲ့ခြင်းကြောင့် ဖြစ်ပြီး ပြီးခဲ့သည့် လေ့ကျင့်မှုနှင့် နှိုင်းယှဉ်မည်ဆိုပါက ကြယ်အလင်းစုပ်ယူမှုနှုန်းသည် ဒါဇင်၂ဆခန့် ပိုမိုမြန်ဆန်လာသဖြင့် ခန္ဓာကိုယ်ထဲရှိ ကြယ်စွမ်းအင်ခိုင်မာမှုသည်လည်း ထိုနည်းတူစွာ မြန်ဆန်လာခဲ့သည်။

လေ့ကျင့်နေသည့်၂နာရီအတွင်း သူ၏ကိုယ်တွင်းရှိ ကြယ်စွမ်းအင်စုသည် ၁လုံးမှ ၄လုံးအထိ ပြောင်းလဲလာခဲ့သည်။ ထိုသို့ ၄လုံးအထိ တိုးတက်လာခဲ့သော်လည်း သူ၏စုပ်ယူမှုနှုန်းသည် သိသိသာသာ ကျဆင်းလာခဲ့ပြီး သူ၏မျက်နှာနှင့် ပခုံးကြွက်သားများသည် အပြင်းအထန် တုန်ခါလာခဲ့လျက် ချွေးသီးချွေးပေါက်များစွာ ကျဆင်းနေခဲ့သဖြင့် သူထိုင်နေသောတဝိုက်တွင် ရေအိုင်ငယ်ပမာပင် ဖြစ်နေခဲ့သည်။

ကောင်းကင်စကြာဝဠာပညာရပ်အတွက် လိုအပ်သော သန်မာမှုသည် အလွန်မြင့်မားသည်။ ထန်ရှုသည် တစ်လခန့် နေ့ရောညပါ ခန္ဓာကိုယ် လေ့ကျင့်ခန်း လုပ်သဖြင့် သူ၏သန်မာမှု တိုးတက်ခဲ့သော်လည်း ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်မည့်ဆေးရည်အတွင်း စိမ်ကာ ခံနိုင်ရည်ရှိအောင် မလုပ်နိုင်သေးသရွေ့ သူ၏ ခန္ဓာကိုယ်သည် သာမန်လူတစ်ယောက်၏ ခန္ဓာကိုယ်ပင် ဖြစ်နေသေးသည်။

လူ၏ ခန္ဓာကိုယ်ခံနိုင်ရည်အားသည် အကန့်အသတ်နှင့်ဖြစ်သည်။ ဒန်တျန်၊ မရီဒျာန်၊ မရီဒျာန်လမ်းကြောင်းများ၊ သွေးကြောများ၊ ကိုယ်တွင်းအစိတ်အပိုင်းများသည် အနားယူရန် လိုအပ်သည်။ စွမ်းအားလည်ပတ်ခြင်းအား ဆက်တိုက်ပြုလုပ်ရန် မဖြစ်နိုင်ပေ။

ကြယ်လေးလုံးစွမ်းအင်စုသည် သူ၏ကိုယ်အတွင်းတွင် အခြေတည်ပြီးသောအခါ ထန်ရှုသည် သူ၏အကန့်အသတ်သို့ ရောက်ရှိနေပြီဟု ခံစားနေရသည်။ အဆိုပါကြယ်၄လုံးအတွင်းရှိ ပေါက်ကွဲနိုင်မှုစွမ်းအားသည် သူ၏ ခန္ဓာကိုယ်အား အချိန်မရွေး ဖောက်ခွဲနိုင်သကဲ့သို့ ခံစားနေရသည်။

“အား….” မြောက်များလှစွာသော နာကျင်မှုသည် ထန်ရှုအား နှိပ်စက်နေသောကြောင့် ကောင်းကင်ကို မော့ကြည့်ကာ ကမ္ဘာမြေပင် တုန်ခါနိုင်လောက်သောအသံဖြင့် ကျယ်လောင်စွာ ဟစ်အော်လိုက်မိသည်။ ထန်ရှု၏ ခန္ဓာကိုယ်သည် စတင်လိမ့်ဆင်းသွားခဲ့ပြီး သူ၏ခေါင်းသည် ကျောက်တုံးများဖြင့် ရိုက်မိကုန်သည်။

များမကြာမီ လေပွေငယ်တစ်ခုသည် အရှိန်အဟုန်ပြင်းစွာဖြင့် တောင်ထိပ်ပေါ်တွင် ဖြစ်လာပြီး ၎င်းသည် သဲများ၊ ကျောက်တုံးများအား လွင့်ထွက်စေကာ ကောင်းကင်နှင့် ကမ္ဘာအား မှောင်မည်းသွားစေသည်။ အချိန်အများစုတွင် ထန်ရှုသည်  သူ၏ ခန္ဓာကိုယ်အား နေရာအနှံ့သို့ လှိမ့်လှိမ့်ချလျက်ရှိသည်။  ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်စု ပြင်းထန်နေခြင်း လွတ်မြောက်သွားသည့်အခါမှ သူသည် ဆာလောင်နေခဲ့ရပြီး လူမှာလည်း မူးဝေနေခဲ့သည်။ ဆာလောင်လွန်းလှသဖြင့် ပါးစပ်ထဲ ကျွဲနွားအနည်းငယ်ကိုပင် အကောင်လိုက် မောင်းသွင်းနိုင်လောက်သည်ဟု သူတွေးနေခဲ့သည်။

“ဟာ… ငါ့ရဲ့လိပ်တွေ ယုန်တွေ ဘယ်ရောက်ကုန်ပါလိမ့်။” ထန်ရှုသည် အမဲ့လိုက်ထားသောအကောင်ငယ်လေးများအား ချက်ပြုတ်ရန်အကြံဖြင့် ကြည့်လိုက်သောအခါ ကျောင်းလွယ်အိတ်ထဲတွင် ထည့်ထားခဲ့သော မြွေပွေးနှင့် ကင်းမြီးကောက်များမှ လွဲပြီး ကျန်သည့်အကောင်များ မရှိတော့သည်ကို တွေ့လိုက်ရသဖြင့် ကြောင်တောင်တောင် ဖြစ်သွားရသည်။

သူ စတင် ကျင့်ကြံသည့်အချိန်သည် မနက်၁နာရီရှိနေပြီဖြစ်ပြီး ထိုညသန်းခေါင်ကြီး တစ်စုံတစ်ယောက်မှ တောင်ပေါ်တက်လာရန်ဆိုသည်မှာ မဖြစ်နိုင်သောအရာဖြစ်သည်။ ထို့ပြင် ထိုအကောင်လေးများအား ထန်ရှုသည် သူ၏အထူးကြိုးချည်နည်းဖြင့် ချည်ထားသောကြောင့် လွတ်မြောက်ရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် သည်အခြင်းအရာသည် အလွန်ထူးဆန်းနေသည်။

ခဏတာ စိတ်လှုပ်ရှားသွားခဲ့ပြီးနောက် ထန်ရှုသည် လျင်မြန်စွာ စိတ်ထိန်းလိုက်ပြီး စိတ်လှုပ်ရှားစေသည့်အကြောင်းအရာတစ်ခုကြောင့် သူ၏မျက်ဝန်းများ အရောင်လက်သွားခဲ့သည်။ သာမန်လူများသာဖြစ်ခဲ့ပါက အခြောက်ခံရသည်ဟုထင်ကာ ကြောက်ရွံ့တုန်လှုပ်လျက် သေးများထွက်ကျကာ ချက်ချင်းပင် တောင်အောက် ပြေးဆင်းသွားကြမည်ဖြစ်သည်။

ထန်ရှုသည် သာမန်လူကဲ့သို့ မဟုတ်ဘဲ သူ့တွင် အင်မော်တယ်လောက၌ နှစ်ပေါင်းတစ်သောင်း နေထိုင်လာခဲ့သည့်အပြင် သည်ရွာလေးသို့ လာရသည့်အကြောင်းရင်းမှာလည်း ရှူခင်းကြည့်ရန်အတွက် မဟုတ်ချေ။

“အမှန်တကယ်ကို မင်းကို နေရာအနှံ့ရှာ သွားပြီး ရှာခဲ့တယ်။ တွေ့မယ့်တွေ့တော့လည်း လွယ်လွယ်လေးပါလားကွ။” ထန်ရှုသည် သားရဲမျိုးတို့၏သဲလွန်စကို လိုက်လံရှာဖွေခဲ့သော်လည်း နောက်ဆုံးတွင် သူ မည်သည့်နေရာမျှ မတွေ့ခဲ့ချေ။ သည်တစ်ကြိမ်တွင်တော့ သူ၏သားကောင်များအား လုယူသွားသည်မှာ သားရဲမျိုးနွယ်ဝင်ဖြစ်ကြောင်း သူ ရိပ်မိနေလေပြီ။

သူ၏စိတ်နှလုံးအား တည်ငြိမ်စွာ ထားပြီးနောက် ထန်ရှု၏အာရုံသည် ၁၀ဆခန့် ပိုမို သန်မာလာခဲ့သည်။ ကောင်းကင်စကြာဝဠာပညာရပ်အား ကျင့်ခြင်းမှ ရလာခဲ့သော အကျိုးကျေးဇူးပင်ဖြစ်သည်။ သာမန်လူများထက် အဆ၁၀၀ သန်မာလာခဲ့သည်။ ထို့ကြောင့် ထန်ရှု၏အမြင်အာရုံနှင့် အကြားအာရုံမှ မည်သည့်အရာမျှ မလွတ်မြောက်တော့ချေ။

ထန်ရှုသည် ထိုသားရဲအား ချက်ချင်း လိုက်လံမရှာဖွေချေ။ ထိုအစား မြက်ခြောက်များနှင့် သစ်ကိုင်းခြောက်များစုကာ မီးမွှေးပြီး ကျန်ရှိနေသော သားကောင်အချို့အား စတင်ကင်လေတော့သည်။

ထန်ရှုသည် အင်မော်တယ်လောကတွင် ရှိစဉ်အခါက သေမျိုးနိုင်ငံများသို့ လျှောက်သွားခဲ့ပြီး ဒဏ္ဍာရီများ၊ ပုံပြင်များစွာအား လေ့လာခဲ့သဖြင့် “တိမ်များကို ထုဆစ်၍ လမင်းအား ပုံသွင်းခြင်း”  ဟူသော နတ်ဘုရားဆန်သည့်ချက်ပြုတ်ခြင်းနည်းပညာအား ရရှိခဲ့သည်။

၁၀မိနစ်ကြာသောအခါ သင်းပျံ့သောမွှေးရနံ့သည် အသားသီတံမှ ထွက်ပေါ်လာခဲ့ပြီး မြွေသားကင်များသည် ထန်ရှုလက်ထဲတွင် ရောက်ရှိလို့နေပြီဖြစ်သည်။ ထန်ရှုသည် အလျင်စလို မစားသေးဘဲ သူ၏ကျောင်းလွယ်အိတ်အတွင်းမှ ဆား၊ အရသာမှုန့်နှင့် ၁၃မျိုးသော ဟင်းခတ်အမွှေးအကြိုင်တို့အား ထုတ်ကာ မြွေသားကင်ပေါ်တွင် ကျွမ်းကျင်စွာ ဖြူးလိုက်သည်။

မြွေအရေခွံသည် ကြွပ်ရွနေပြီး အဖြူရောင်အသားများသည် ရွှေဝါရောင်အဖြစ်သို့ ဖြည်းညှင်းစွာ ပြောင်းသွားကာ လေထုထဲတွင် အသားကင်၏သင်းရနံ့မှာ ကြိုင်လှိုင်နေတော့သည်။

ရုတ်တရက် သူ၏နားထဲတွင် တစ်စုံတစ်ခု ကျိုးပဲ့သံအား အကျယ်ကြီး ကြားလိုက်ရပြီး ပုပ်စော်နံဟောင်နေသော အနံ့တစ်ခုအား တစ်ချိန်တည်းမှာ ရှုမိလိုက်ရသည်။

“မကောင်းဆိုးဝါး ဖန်ဆင်းသူ… ငါ မင်းကို စောင့်တာ အတော်ကြာနေပြီကွ” ထန်ရှုသည် ထိုကဲ့သို့ မြင်ကွင်းအား စောင့်ရသည်မှာ ကြာနေခဲ့ပြီဖြစ်သည်။ သူ၏ ခန္ဓာကိုယ်အား ရှေ့သို့ လှိမ့်ချလိုက်ကာ အနောက်မှ လျှပ်တပြက် တိုက်ခိုက်မှုအား ရှောင်လိုက်သည်။ ထို့နောက် မီးကျည်းခဲများအား သူ့အနောက်မှ တိုက်ခိုက်လာသောသူဆီသို့ ရှေးရှူကာ မီးကျည်းမိုးအဖြစ် ကန်ထုတ်လိုက်လေတော့သည်။

All Chapters