← Chapters

နယ်မြေများအား ဖြတ်သန်းသွားလာခြင်း ၁

Vol. 12 Ch. 117

နယ်မြေများအား ဖြတ်သန်းသွားလာခြင်း ၁

Vol. 12 Ch. 117

စုချန်း၏ အမြင်အာရုံသည် တဖြည်းဖြည်း ဝေဝါးလာ၏။ သတိရလာသောအချိန်တွင် သူသည် မြက်ခင်းတခုပေါ်တွင် မတ်တပ်ရပ်နေကြောင်း တွေ့ရှိလိုက်ရသည်။ သူ့ရင်ထဲတွင်ကား တကိုယ်လုံး လွှင့်ပစ်ခံလိုက်ရသကဲ့သို့ မူးဝေသော ခံစားချက်များ ပေါ်ပေါက်နေ၏။

ဤခံစားချက်မှာ တခြားကြောင့်မဟုတ်။ လေဟာနယ်ပို့ဆောင်ခြင်းနည်းစနစ်ကို ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းကြောင့် ပေါ်ပေါက်လာသော ဝေဒနာ ဖြစ်သည်။ အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်း နည်းစနစ် လက်စွဲစာအုပ်တွင် ထိုကဲ့သို့ပင် ဆိုထား၏။ ထိုနည်းစနစ်များအားလုံးသည် လေဟာနယ်ပို့ဆောင်ခြင်း နည်းစနစ်များပင်ဖြစ်ပြီး တူညီသော ဂုဏ်သတ္တိအသီးသီး ရှိကြကုန်၏။ သို့သော် ဤပြိုင်ပွဲတွင် အသုံးပြုလိုက်သော မူလစွမ်းအင်ပုံစံနည်းစနစ်မှာကား အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းထက် ပမာဏနှင့် အကွာအဝေးအရာတွင် ပို၍ များပြားလေသည်။

မူးဝေအော့အန်လိုသော ဝေဒနာ အတော်အတန် သက်သာလာပြီးနောက် စုချန်းသည် သူ့နောက်ကျောဆီမှ လေတိုးသံတချက်ကို ကြားလိုက်ရသည်။ အလစ်ဝင်ရောက်တိုက်ခိုက်သူမှာ လူတယောက်ပင် ဖြစ်သည်။ ထိုအခါ စုချန်းသည် မူလစွမ်းအင်ကို ထုတ်သုံးရန် အချိန်မရတော့လေရာ မိမိ၏ ဗီဇစိတ်အတိုင်း ဦးခေါင်းကိုနှိမ့်၍ ရှေ့သို့ တအားကုန် ခုန်ထွက်လိုက်၏။ သို့တိုင်အောင် လက်ဝါးရိုက်ချက်သည် စုချန်း၏ ကျောပြင်ကို ထိမှန်သွားသေး၏။ သို့သော် သူ၏ တုံ့ပြန်မှုက မြန်ဆန်သည့်အပြင် တဖက်လူ၏ ရိုက်ချက်မှာလည်း အားပျော့လှပေရာ ကြီးကြီးမားမား ထိခိုက်မှုတော့ မရှိခဲ့။

စုချန်းသည် ရှေ့သို့ အရှိန်အဟုန်နှင့် ခုန်ထွက်လိုက်ပြီး မြေပြင်သို့ ဆင်းသက်ချိန်ဝယ် နောက်ထပ်တိုက်ခိုက်မှုများကို ရှောင်တိမ်းပြီးသားဖြစ်အောင် ဘေးသို့ လှိမ့်ထွက်လိုက်၏။ တဆက်တည်းမှာပင် သူက မြေကြီးပေါ်ရှိ ကျောက်တုံးတတုံးကို ကောက်ယူပြီး မတ်တပ်ပင်မရပ်တော့ပဲ နောက်ကျောဘက်သို့ ပစ်လွှတ်လိုက်တော့သည်။ စုချန်း၏ လှုပ်ရှားမှုသည် မြန်ဆန်ပြီး ချောမွေ့သေသပ်လှပေရာ ဤတကွက်ကို ကြည့်ရုံနှင့် သူ၏ တိုက်ပွဲအတွေ့အကြုံ မည်မျှ ကြွယ်ဝသည်ကို သဘောပေါက်နိုင်ပေသည်။

ကျောက်တုံးတွင် ပျံသန်းနေသော ပန်းပွင့်လက်ချောင်းများ၏ အင်အားကို အပြည့်အဝ ထည့်သွင်းထားလေရာ လေထဲတွင် တရွှီရွှီမြည်၍ ပျံသန်းသွား၏။ ထို့နောက် ထိုကျောက်တုံးသည် အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်သူ၏ရင်ဝကို ကျကျနနပင် ထိမှန်သွားတော့သည်။

"အား"

အငိုက်ဝင်ရောက်တိုက်ခိုက်သူ၏ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာ၏။ ထိုအခါကျမှ စုချန်းက တဖက်လူကို လှည့်ကြည့်လိုက်သည်။ အငိုက်ဖမ်းဝင်ရောက်တိုက်ခိုက်သူမှာကား ရင့်ကျက်မှုမပြည့်ဝသေးသော လူငယ်လေးတယောက် ဖြစ်သည်။ ထိုလူငယ်သည် စုချန်းအား မယုံကြည်နိုင်ဟန်၊ အံ့သြသင့်ဟန်နှင့် တွေတွေကြီး ငေးကြည့်နေရှာသည်။ သူသည် အခွင့်အရေးကို ပထမဦးဆုံး ရရှိသူ ဖြစ်လျင်နှင့် အဘယ်ကြောင့် ဒဏ်ရာရသွားလေသနည်း။ သေချာပေါက် အခွင့်အရေးကို လက်လွတ်ဆုံးရှုံးသွားပြီးနောက် ကံတရားက သူ့ဖက်တွင် မရှိသည်မှာ သေချာနေခဲ့လေပြီ။

ထိုအခိုက်မှာပင် စုချန်းသည် နီးစပ်ရာ သစ်ကိုင်းတကိုင်းကို ဆွဲယူပြီး လူငယ်ထံသို့ ပစ်လွှတ်လ်ိုက်၏။ ပျံသန်းနေသာ ပန်းပွင့်လက်ချောင်းများဟူသည် ယုတ်စွအဆုံး သစ်ရွက်တရွက်နှင့်ပင် တဖက်လူကို ထိခိုက်ဒဏ်ရာရအောင် ပြုလုပ်နိုင်သည့် နည်းစနစ်မျိုး ဖြစ်သည်။ မူလချီစွမ်းအားပညာရှင်ပင် မဟုတ်သေးသော ကုချိန်းလွှာသည်ပင် သစ်ရွက်များကို လျှို့ဝှက်လက်နက်အဖြစ် အသုံးပြုနိုင်၏။ စုချန်းဆိုလျင်ကား ပြောနေစရာပင် မလိုတော့။ သူသည် ချီစွမ်းအားပညာရှင်တယောက် ဖြစ်နေခဲ့ပြီ မဟုတ်ပါလား။

မူလစွမ်းအင် အသုံးပြုထားသော သစ်ကိုင်းသည် ကျောက်တုံးထက်ပင် ကြောက်စရာကောင်းနေ၏။ ၎င်းသည် လေထုထဲတွင် ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်နှင့် ပျံသန်းလာခဲ့လေပြီ။ လူငယ်သည် ကြောက်အားလန့်အားနှင့် လက်နှစ်ဖက်ကိုမြောက်လျက် သစ်ကိုင်းကို ခုခံကာကွယ်ရန် ကြိုးစားလ်ိုက်သည်။ ကံမကောင်းအကြောင်းမလှစွာပင် လူငယ်သည် တိုက်ပွဲဝင်စိတ်ဓာတ်ရှိသော်လည်း ၎င်း၏ အင်အားမှာကား အောင်ပွဲရနိုင်သည်အထိ မသန်မာလှ။ သူခွန်အားမှာ နတ်ဘုရားကိုယ်ထည်အဆင့်မျှသာ ရှိနေသေးသည်။ ဤနေရာသို့ ရောက်လာရသည့် သူ၏ တခုတည်းသော ရည်ရွယ်ချက်မှာ မိမိ၏ အဖွဲ့တူ ညီအစ်ကိုများအတွက် သူ၏ ရမှတ်များကို ခွဲဝေပေးရန်သာ ဖြစ်သည်။

ဖြောင်းခနဲမည်သံနှင့်အတူ သစ်ကိုင်းသည် လူငယ်ကို ထိမှန်သွား၏။ သူ၏ ကိုယ်ခန္ဓာမှာလည်း နောက်ဘက်သို့ လွင့်စင်သွားတော့သည်။ တကွက်တည်းနှင့် လူငယ်မှာ မထန်ိုင်ရှာတော့။ ထိုအခါ စုချန်းက လူငယ်ဆီသို့ ဖြည်းညှင်ူးစွာ လမ်းလျှောက်သွားပြီး ကနဦးညွှန်ကြားချက်အတိုင်း ကျောက်စိမ်းပြားကိုယူကာ အမှတ်တမှတ်ကို နှုတ်ယူလိုက်၏။ ထို့နောက် သူက ထိုနေရာမှ ထွက်ခွာသွားရန် ဟန်ပြင်လိုက်၏။ ခြေလှမ်း များများစားစားပင် မလှမ်းရသေး။ စုချန်းသည် သူ့နောက်ကျောမှ လေတိုးသံကို ထပ်မံကြားလိုက်ပြန်သည်။

ဤတကြိမ်တွင်ကား စုချန်းသည် အချိန်ရလိုက်ပြီ ဖြစ်လေရာ တဖက်လူ၏ တိုက်ခိုက်မှုကို လှပစွာ ရှောင်တိမ်းပေးလိုက်၏။ ရန်သူမှာ တခြားလူမဟုတ်။ ကနဦးက စုချန်းထံတွင် မရှုမလှ ရှုံးနိမ့်ခဲ့သော လူငယ်ပင် ဖြစ်သည်။ ထိုလူငယ်သည် ယခုတကြိမ်တွင်တော့ ဓားတလက်ကို ကိုင်တွယ်ထားပြီး စုချန်း၏ ကျောပြင်ကို ချိန်ရွယ်ထား၏။ ထိုအခါ စုချန်းက မျက်ခုံးကိုပင့်ရင်း မေးမြန်းလိုက်သည်။

"ဘာကြောင့် ခုအချိန်ထိ ငါ့ကို တိုက်ခိုက်နေရတာတုန်း"

"ဟေ့ ငါ့ အမှတ်တွေကို ပြန်ပေးစမ်း"

လူငယ်ကား စုချန်း၏ စကားကို အနည်းငယ်မျှ နားထောင်လိုဟန်မရှိ။ သူသည် အရူးတယောက်ပမာ ကျယ်လောင်စွာ အော်ဟစ်ပြီး ဓားကိုဝင့်ကာ စုချန်းကို ခုတ်ပိုင်းလိုက်တော့သည်။ စုချန်းကား လူငယ်၏ ဓားချက်ကို အနည်းငယ်မျှပင် ဂရုမစိုက်။ လက်နှစ်ဖက်ကို နောက်သို့ပစ်ရင်း မြူခိုးကြားထဲမှ မြွေခြေလှမ်းကို အသုံးပြုကာ လူငယ်၏ ဓားချက်ကို အလွယ်တကူပင် ရှောင်တိမ်းလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။

"ဟေ့ မင်းက ငါ့ပြိုင်ဖက်မဟုတ်ဘူး ဒီတော့ ငါ့အချိန်တွေကို မဖြုန်းတီးနဲ့တော့ ဟုတ်ပြီလား"

"ငါ့အမှတ်ကို ပြန်ပေးရင်ပေး မပေးရင်တော့ မင်းကိုငါ တချိန်လုံး လိုက်ပြီး နှောင့်ယှက်နေတော့မှာပဲ ခုနကပဲ ငါ့ဆီကအမှတ်ကို မင်းတခါ ခိုးပြီးသွားပြီ ဒီတော့ စည်းမျဉ်းအရ တနေ့ထဲမှ နှစ်ခါပြန်ခိုးလို့ မရဘူးကွ"

"လူမိုက်"

စုချန်း၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ယှက်သန်းလာ၏။ သူ့အနေနှင့် ပထမဆုံး တွေ့ဆုံရသော ပြိုင်ဘက်သည် ဤကဲ့သို့ လူမိုက်မျိုး ဖြစ်နေမည်ဟု လုံးဝ မျှော်လင့်မထားချေ။ လူငယ်ကား ဓားကိုမြောက်ကာ စုချန်းအား ထပ်မံခုတ်ပိုင်းလိုက်ပြန်သည်။ ထိုအခါ မလိုလားအပ်သော စကားပြောဆိုခြင်းမျိုးနှင့် စုချန်း အချိန်မဖြုန်းတော့။ သူက လက်အတွင်းသို့ မူလစွမ်းအင်များအား ပို့ဆောင်လ်ိုက်ရာ သူ့လက်ချောင်းများသည် ဓားတလက်အသွင် ဖြစ်ပေါ်လာ၏။ ထို့နောက် စုချန်းသည် ထိုလက်နှင့်ပင် လူငယ်၏ ဓားချက်ကို ခုခံပေးလ်ိုက်၏။ ပျံသန်းနေသောလေ ကိုယ်ခန္ဓာနည်းစနစ်နှင့် မိုးကြိုးဓားနည်းစနစ်များကို အသုံးပြုထားသော စုချန်း၏ လက်ချောင်းများအား သာမာန်ဓားတလက်က အဘယ်မှာ အန္တရာယ်ပြုနိုင်ပါမည်နည်း။

တဆက်တည်းမှာပင် စုချန်းသည် လူငယ်ကို ဖမ်းချုပ်ကာ သူ့အနီးသို့ ဆွဲယူလိုက်၏။ အားလပ်နေသော သူ့လက်တဖက်ကလည်း လူငယ်၏ ကျောက်စိမ်းပြားကို လျပ်တပြက် ရိုက်ချလိုက်တော့သည်။ ဖန်းခနဲ မြည်သံနှင့်အတူ ကျောက်စိမ်းပြားသည် ရစရာမရှိအောင် ကျိုးပဲ့ကြေမွသွား၏။ လူငယ်၏ ပုံရိပ်မှာလည်း တဖြည်းဖြည်း မှုန်ဝါးလာပြီး တခနအကြာ အစပင်ရှာမရအောင် ပျောက်ကွယ်သွားတော့သည်။

အမှန်တော့ သူ့ပြိုင်ဘက်လူငယ်သည် ပြိုင်ပွဲကျင်းပရာ နေရာဌာနမှ ပထမဦးဆုံး ထွက်ခွာရမည့်သူ မဟုတ်သည့်တိုင်အောင် ပထမသုံးယောက်ထဲတွင်တော့ သေချာပေါက် ပါဝင်လိမ့်မည်ဟု စုချန်းက ကြိုတင်တွက်ဆထားပြီးသား ပြီးသည်။ ယခုတော့ ငမိုက်သားသည် စောစောစီးစီးပင် ပြိုင်ပွဲမှ ထွက်ခွာသွားခဲ့လေပြီ။ နဂါးကျောင်းတော်ပြိုင်ပွဲတွင် ထိခိုက်ဒဏ်ရာရရှိသူများ၊ သေကြေပျက်စီးသူများ အမြဲတမ်းလိုလို ရှိတတ်ကြောင်း စစ်ဆေးရေးအရာရှိက တရားဝင် ကြေငြာထားပြီးသား ဖြစ်သည်။ စုချန်းအနေနှင့် လူမသတ်လိုပါ။ သို့သော် ကိုယ့်သေတွင်း ကိုယ်တူးသူများမှာ နေရာတိုင်းပင် ရှိနေတတ်၏။

စုချန်းကား ထိုအကြောင်းကို ရှေ့ဆက် မတွေးတော့။ ထိုအစား သူက လက်စွပ်အတွင်းမှ မြေပုံတခုကို ဆွဲထုတ်လိုက်၏။ မြေပုံမှာ အထူးပြုလုပ်ထားသော မြေပုံဖြစ်ပြီး နဂါးကျောင်းတော်မှ ပြိုင်ပွဲဝင်များအား ပေးအပ်ထားခြင်း ဖြစ်သည်။ မြေပုံသည် ဤနေရာတွင် တည်ဆောက်ထားသော မူလစွမ်းအင်ပုံစံနှင့် ဆက်စပ်နေပြီး တဦးချင်းစီ၏ တည်နေရာကို ဖော်ပြပေးနိုင်၏။

တောင်သုံးလုံးနယ်မြေတွင် မြို့တော်ပေါင်း ၅၅မြို့တော် ရှိလေရာ အနီရောင်အာရုဏ်ဦးတောင်ကြောကိုလည်း ၅၅ နယ်မြေတိတိ ပိုင်းခြားထား၏။ နယ်မြေများမှာ မြို့တော်၏ အင်အားအပေါ်တွင် မူတည်ပြီး ပိုင်းခြားထားခြင်း ဖြစ်ပြီး မြောက်ပိုင်းမြို့တော်ကို နယ်မြေ ၁၃ဟု သတ်မှတ်ထားခြင်းကြောင့် မြောက်ပိုင်းမြို့တော်၏ အင်အားကို တွက်ဆကြည့်နိုင်လေသည်။

တိမ်တိုက်ပန်းပွင့်မြို့တော်မှာကား အဆင့် ၆နေရာတွင် ရှိနေပြီး သူတို့၏ ပျမ်းမျှအင်အားမှာ မြောက်ပိုင်းမြို့တော်ထက် ပို၍ မြင့်မား၏။ ထို့ကြောင့် သူတို့သည် မြောက်ပိုင်းမြို့တော်ထက် ဝင်ခွင့် သုံးနေရာစာ ပို၍ ရရှိထားလေသည်။

ပြိုင်ပွဲဝင်အသီးသီးမှာလည်း နယ်မြေဒေသအသီးသီးမှ တော်ပေ့ချွန်ပေ့ ဆိုသည့် လူငယ်များသာ ဖြစ်ကြ၏။ အကယ်၍ စုချန်းသည် နယ်မြေ၆တွင် တည်ရှိသော တိမ်တိုက်ပန်းပွင့်မြို့တော်ကို သွားရောက်လိုပါက ပြိုင်ပွဲကျင်းပရာ နယ်မြေအတော်များများကို ဖြတ်သန်းသွားရပေလိမ့်မည်။ ထို့ကြောင့် စုချန်းအတွက် ဤတခေါက် တာဝန်သည်ကား အလွန်ခက်ခဲပြီး ဝေးကွာလွန်းနေသည်ဟုပင် ဆိုရပေတော့မည်။ သို့သော် ဤနေရာတွင် စုချန်းအတွက် မျှော်လင့်ချက်တခုတော့ ရှိနေသေး၏။

၎င်းမှာ ပြိုင်ပွဲဝင်များအနေနှင့် အမှတ်များ စုဆောင်းရာတွင် မိမိအတွက် သတ်မှတ်ထားသော နယ်မြေအတွင်း၌သာ စုဆောင်းရမည်ဟု စစ်ဆေးရေးအရာရှိက မပြောထားသောကြောင့်ပင်။ ထို့ကြောင့် စုချန်းအနေနှင့် တခြားနယ်မြေများကို ဖြတ်သန်း၍ အမှတ်စုဆောင်းခွင့် ရှိနေ၏။ ထိုသို့ ပြုလုပ်လိုက်ခြင်းအားဖြင့် အချိန်အများကြီး သက်သာသွားပေလိမ့်မည်။

အမှန်တော့ နဂါးကျောင်းတော်အနေနှင့် နယ်မြေများ သီးခြားသတ်မှတ်ထားရခြင်း၏ တခုတည်းသော ရည်ရွယ်ချက်မှာ အင်အားနည်းပါးသော မြို့ငယ်များအား ကာကွယ်ပြီး ၎င်းတို့အား အခွင့်အရေးတချို့ ပေးလို၍သာ ဖြစ်သည်။ အကယ်၍ ထိုစည်းကမ်းမျိုး သတ်မှတ်ထားခြင်းမရှိပဲ အမှတ်အများဆုံး ရရှိသူများကိုသာ တိုက်ရိုက်ရွေးချယ်ပါက မြောက်ပ်ိုင်းမြို့တော်မှ ပြိုင်ပွဲဝင်များသည် ယခုကဲ့သို့ လေးနေရာစာ မဆိုထားနှင့် ထိပ်ဆုံးတစ်ရာအတွင်း တယောက်ပင် ဝင်ရန် ခက်ခဲသွားပေလိမ့်မည်။

ူသူတို့၏ သဘောတရားရေးရာမှာ တရားမျှတရန် လိုအပ်၏။ ထို့ကြောင့်ပင် ထိုစည်းကမ်းမျိုး သတ်မှတ်ထားရခြင်း ဖြစ်သည်။

သို့သော်ငြားလည်း နယ်မြေများ ခွဲခြားသတ်မှတ်ထားခြင်းသည် မတူညီသော နယ်မြေအသီးသီးမှ ပြိုင်ပွဲဝင်များက တခြားနယ်မြေများသို့ သွားရောက်၍ အမှတ်ရှာဖွေခြင်းကိုမူကား ကာကွယ်ပေးထားခြင်း မရှိ။ ဆိုလိုသည်မှာ စုချန်းသည် မိမိနယ်မြေတွင်မဟုတ်ပဲ အခြားနယ်မြေများသို့ သွားရောက်၍ အမှတ်ရှာဖွေနိုင်ခွင့် ရှိနေ၏။ သို့သော် တိုက်ပွဲမှာကား ဧကန်မုချ ပို၍ ပြင်းထန်လာလိမ့်မည်သာ။ ထို့ကြောင့် သာမာန်အခြေအနေမျိုးတွင် အဆင့်နိမ့်နယ်မြေမှ ပြိုင်ပွဲဝင်များသည် အဆင့်မြင့်နယ်မြေများသို့ သွားရောက်၍ အမှတ်ရှာဖွေခြင်းကို ရှောင်ရှားလေ့ရှိသည်။ ဤသည်မှာ လူ့သဘာဝသာ ဖြစ်၍ မထူးဆန်းချေ။

စုချန်းအနေနှင့် ဆုံးဖြတ်ချက်ကို ပြန်လည်ဆန်းစစ်နေရန် အချိန်မရှိ။ ထို့ကြောင့် သူသည် မျက်နှာဖုံးကို ဝတ်ဆင်ကာ ချက်ချင်းပင် နယ်မြေ ၆ ဆီသို့ ဦးတည်ထွက်ခွာလာခဲ့တော့သည်။ မူလအစီအစဉ်အရ ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်အတွင်းရှိ ပစ္စည်းများကို မယူငင်ရသေးပဲ စုချန်းအနေနှင့် တိုက်ပွဲများကို ရှောင်ရှားရန် ဖြစ်သည်။ ယခုတော့ အခြေအနေမှာ စုချန်း၏ ထိန်းချုပ်မှုအောက်တွင် ရှိမနေခဲ့။

များများစားစားမှ ခြေမလှမ်းရသေး။ မြက်ပင်များကြားမှ လူတယောက် ခုန်ထွက်လာ၏။ ထိုလူသည် စုချန်း၏ အနီးသို့အရောက်တွင် ကျယ်လောင်စွာ အော်ဟစ်ရင်း သူ့လက်ထဲရှိ ဓားကြီးနှင့် စုချန်းကို ခုတ်ပိုင်းလိုက်တော့သည်။ စုချန်းကား မြွေခြေလှမ်းကွက်ကို သုံးကာ သက်တောင့်သက်သာပင် ရှောင်တိမ်းလိုက်၏။ ပထမဓားချက် လွဲချော်သွားသည်နှင့် ထိုလူသည် လက်ထဲတွင် ဓားကို မြဲမြံစွာကိုင်ကာ စုချန်းကို ပတ်ချာလည်လျက် လှည့်ပတ်တိုက်ခိုက်တော့သည်။ ဓား၏ ခုတ်ပိုင်းလိုက်သော အရှိန်အဟုန်နှင့် တိုက်ခိုက်ပုံအရ ထိုလူ၏ အင်အားမှာ မသေးလှသည့်အပြင် တိုက်ကွက်မှာလည်း လူအများကို တကြိမ်တည်း တိုက်ခိုက်နိုင်သည့် မူလစွမ်းရည်တမျိုး ဖြစ်ပုံရသည်။

သနားစရာ ကောင်းလှသည်မှာ သူ၏ ရွေ့လျားမှုမှာ အလွန် နှေးကွေးနေခြင်းပင်။ မုန်တိုင်းကျသလိုသာ အဆက်မပြတ် တိုက်ခိုက်နေသော်လည်း ထိုလူသည် ယခုအချိန်ထိ စုချန်း၏ ဆံချည်တမြှင်ကိုပင် ထိခိုက်အောင် မလုပ်န်ိုင်သေးချေ။

တကြိမ်တွင်တော့ ထိုသူ၏ ဓားကွက်မှာ ရပ်တန့်သွား၏။ ထိုအခိုက်မှာပင် စုချန်းသည် အသင့်ပြင်ဆင်ထားသော လေလှိုင်းရေဘဝဲလက်တံများကို ဖော်ထုတ်ပြီး ထိုလူကို မလှုပ်ရှားနိုင်စေရန် ဖမ်းချုပ်ထားလိုက်၏။ ထို့နောက် သူက ထိုလူ၏ အမှတ်ကို ယူလိုက်ပြီး ၎င်း၏ ကိုယ်ခန္ဓာကိုယ်ကား မြက်ခင်းပြင်အတွင်းသို့ လွှင့်ပစ်လိုက်တော့သည်။ ထိုလူ လေလှိုင်းရေဘဝဲလက်တံများမှ လွတ်မြောက်လာချ်ိန်တွင် စုချန်းမှာ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့လေပြီ။

သူ့ခမျာ အတော်လေး အံ့သြသွား၏။ တိုက်ပွဲမှာ စပင်မစရသေး။ ပြီးဆုံးသွားခဲ့ချေပြီတကား။ သူ့စိတ်ထဲတွင် အိပ်မက်အတွင်း၌ ပိတ်မိနေသကဲ့သို့ ခံစားနေရ၏။ အရာရာတိုင်းသည် အိပ်မက်ဆန်လွန်းလှချေသည်တကား။

All Chapters