အခန်း ၇၄-၇၅
Vol. 3 Ch. 74-75
အခန်း ၇၄
【၈ နှစ်သားအရွယ်မှာ ယဲ့ယွီက တောင်ပေါ်ရွာက တခြားကလေးတွေလို ဟိုပြေးဒီပြေး မလုပ်ခဲ့ဘူး။】 【အစား သူက အပြင်ဘက်က ရှုခင်းတွေကို မကြာခဏ ကြည့်ရှုနေခဲ့တယ်။】 【ဒီတောင်ပေါ်ရွာလေးက ကမ္ဘာလောကကြီးနဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့တယ်။】 【လူတိုင်းက သာမန်လူတွေချည်းပဲ။】 【ကျင့်ကြံခြင်းနည်းစနစ်တွေ မရှိခဲ့ဘူး။】 【ဒါက ယဲ့ယွီရဲ့ ဘဝကို ရိုးရှင်းပြီး ငြီးငွေ့စရာ ဖြစ်စေခဲ့တယ်။】 【အထူးကံကြမ္မာအောက်မှာ မွေးဖွားလာတဲ့ နတ်ဆိုးလမ်းစဉ်ရဲ့ ကံကြမ္မာခေါင်းဆောင်က ဘယ်မှာလဲ။】 【သူ့အဘွားဆီ ရောက်သွားတာလား။】 【နတ်ဆိုးဘုရင် စိတ်ဓာတ်ကျနေပြီ။】 【၁၁ နှစ်သားအရွယ်မှာ နတ်သမီးနှစ်ပါး ပျံသန်းနေတဲ့ ဓားတွေနဲ့ ရောက်လာကြတယ်။】 【တစ်ယောက်က နည်းနည်း ဝဝတုတ်တုတ်၊ နောက်တစ်ယောက်က အလွန်အမင်း လှပတယ်။】 【သူတို့ ရောက်လာတာက တောင်ပေါ်ရွာမှာ တော်တော်လေး ဂယက်ရိုက်ခဲ့တယ်။】 【ဘာပဲပြောပြော ဒီဝေးလံခေါင်သီတဲ့ နေရာကို နှစ်ပေါင်းများစွာ ဘယ်သူမှ မရောက်ဖူးခဲ့ဘူး။】 【ခဏတာမှာ ရွာသားအများစုက ထိတ်လန့်တကြား ကြည့်နေကြတယ်။】 【ဒီနတ်သမီးနှစ်ပါးက အိမ်တိုင်းကို လည်ပတ်ခဲ့ကြတယ်၊ စကားမပြောဘဲ ပတ်ပတ်လည် ကြည့်နေကြတာပဲ။】 【ရွာတစ်ရွာလုံးကို လည်ပတ်ပြီးနောက် သူတို့က စိတ်ပျက်အားငယ်စွာ ခေါင်းခါလိုက်ကြတယ်။】 【ဒီအချိန်မှာ ယဲ့ယွီက ရွာအဝင်ဝက သစ်ပင်ပင်စည်ပေါ်မှာ လှဲလျောင်းပြီး ရှုခင်းကို ကြည့်နေတယ်။】 【သူ ဘယ်သူမှ ရောက်လာတာကို သတိမထားမိခဲ့ဘူး။】 【နတ်သမီးနှစ်ပါးက ရွာအဝင်ဝကို ဖြည်းဖြည်းချင်း လျှောက်လာပြီး အချင်းချင်း တိုးတိုးလေး ပြောနေကြတယ်။】 【သူတို့ ရုတ်တရက် သစ်ပင်ပင်စည်ပေါ်က ယဲ့ယွီကို တွေ့လိုက်ရတယ်။】 【လှပတဲ့ နတ်သမီးက "ဘယ်လောက် တောင်ပါရမီရှိတဲ့ ကလေးလဲ" လို့ မချီးကျူးဘဲ မနေနိုင်ခဲ့ဘူး။】
【သူမက ယဲ့ယွီကို မေးတယ်၊ "အစ်မမှာ ဝိညာဉ်သစ်သီးတစ်လုံး ရှိတယ်။ ဒါက အရမ်း ချိုရုံတင်မကဘူး၊ အသက်ကိုလည်း ရှည်စေနိုင်တယ်။ မင်း ကျွန်မရဲ့ မေးခွန်းတစ်ခုကို ဖြေရင် ပေးမယ်၊ ရမလား?"】 【ယဲ့ယွီက လက်တစ်ဖက်နဲ့ မျက်နှာကို ထောက်ပြီး မကျေနပ်တဲ့ အမူအရာ ပြသခဲ့တယ်။】 【ရိုးရိုးသားသားပြောရရင် မင်းက ရွှမ်းလျန်ရွေလောက် သဘောမကောင်း ဘူး။】 【ရွှမ်းလျန်ရွေက ဝိညာဉ်သစ်သီးတွေ ပေးတုန်းက ဘာမှ မတောင်းဆိုခဲ့ဘူး။ ပြီးတော့ မင်းက ကျွန်တော့်ကို မေးခွန်းတောင် ဖြေခိုင်းသေးတာလား။】 【မင်း ကျွန်တော့်နဲ့ပုစ္ဆာဝှက်တိုင်းကစားနေတာလား။】 【ဒါ့အပြင် ဒီဝိညာဉ်သစ်သီးကို အလကား ပေးရင်တောင် ယဲ့ယွီက ဘယ်တော့မှ ယူမှာ မဟုတ်ဘူး။】 【နောက်နေတာလား။ ထောင်ချောက်ထဲ နှစ်ခါကျရအောင်လား။】 【မင်းရဲ့ အိပ်မက်ထဲမှာပဲမက်နေလိုက်!】 【ယဲ့ယွီရဲ့ ငြင်းဆန်မှုက နတ်သမီးနှစ်ပါးကို ထိတ်လန့်စေခဲ့တယ်။】 【ဆယ်နှစ်ခန့်အရွယ် ကလေးတစ်ယောက်က ဝိညာဉ်သစ်သီးရဲ့ သွေးဆောင်မှုကို ခံနိုင်ရည်ရှိခဲ့တယ်။】 【ဘာလို့လဲ။】 【ထူးခြားစွာ လှပတဲ့ နတ်သမီးက တစ်လှမ်းရှေ့တိုးပြီး ထပ်မေးတယ်၊ "ဘာလို့ ဝိညာဉ်သစ်သီး မလိုချင်တာလဲ?"】 【ယဲ့ယွီက ပါးစပ်ကို လက်တစ်ဖက်နဲ့ ပိတ်ပြီး ကျန်လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်တယ်။】 【ဒါကို မြင်တော့ နတ်သမီးနှစ်ပါးက ယဲ့ယွီက ဆွံ့အတယ်လို့ အလိုလို ထင်လိုက်ကြတယ်။】 【သူတို့မျက်လုံးတွေ ချက်ချင်း နူးညံ့လာခဲ့တယ်။】 【သူတို့က ချက်ချင်းပဲ သူတို့ရဲ့ သိုလှောင်လက်စွပ်တွေထဲက ဝိညာဉ်သစ်သီးများစွာကို ထုတ်ပြီး ယဲ့ယွီရှေ့မှာ ထားလိုက်ကြတယ်။】 【မမတို့ မှားသွားတယ်။ မေးခွန်းတွေ မေးခိုင်းခဲ့တာ မသင့်တော်ဘူး။ ဒီဝိညာဉ်သစ်သီးတွေက ကျွန်မတို့ ညီအစ်မတွေဆီက လက်ဆောင်တွေပါ။】 【နတ်သမီးနှစ်ပါးက အရမ်း နောင်တရစွာနဲ့ ထွက်ခွာသွားခဲ့တယ်။】 【ယဲ့ယွီက သစ်ပင်ပင်စည်ပေါ်မှာ ထိုင်ပြီး ရှုပ်ထွေးနေခဲ့တယ်။】 【စကားမပြောချင်တဲ့ ဟန်ပန်တစ်ခု ပြလိုက်တာက ဒီလောက် အစွမ်းထက်သလား။】 【အော် ကောင်းပြီ၊ ဒီဝိညာဉ်သစ်သီးတွေ အလဟသ မဖြစ်သင့်ဘူး။】 【မိသားစု စားဖို့ ပြန်ယူသွားတာလည်း ကောင်းတယ်။】 【ဒီလိုတွေးရင်း ယဲ့ယွီက သစ်ပင်ပေါ်က ဆင်းလာပြီး ဝိညာဉ်သစ်သီးတွေကို ရွာကို ပြန်သယ်သွားခဲ့တယ်။】
【တကယ်တော့ အဲ့ဒီအမျိုးသမီးနှစ်ဦးကို မြင်တဲ့အခါ ယဲ့ယွီက သူတို့ရဲ့ တပည့်အဖြစ် ဝင်ရောက်ဖို့ စိတ်ကူးခဲ့ပါတယ်။】 【ဒါပေမယ့် သူက အဲ့ဒီစိတ်ကူးကို ချက်ချင်း လက်လျှော့ခဲ့တယ်။】 【သူက သူ့နှလုံးသားကို ခိုင်မာအောင် လုပ်ပြီး အချစ်ကို ဖယ်ရှားပစ်ဖို့ ဆုံးဖြတ်ထားတဲ့အတွက် သေချာစွာ လုပ်သင့်တယ်။】 【အနည်းဆုံးတော့ အစောပိုင်းအဆင့်တွေမှာ သူ ဘယ်အမျိုးသမီးကိုမှ သူ့အနား ကပ်ခွင့် ပေးမှာ မဟုတ်ဘူး။】 【ဟုတ်တာပေါ့၊ အလယ်အလတ်နဲ့ နောက်ဆုံးအဆင့်တွေမှာတော့ သိပ်ပြီး အရေးမကြီးတော့ဘူး။】 【စိတ်ခံစားမှု မပါဘဲ ပေါ့ပေါ့ပါးပါး ဆက်ဆံရေးတွေကို တခါတလေ ခွင့်ပြုနိုင်တယ်။】 【၁၃ နှစ်သားအရွယ်မှာ ပိန်ကပ်ကပ် အရိုးစုလို၊ အဝတ်အစား စုတ်ပြတ်သတ်နေတဲ့၊ အနက်ရောင် ဝတ်ရုံဝတ်ထားတဲ့ တာအိုဘုန်းကြီးတစ်ပါး ရွာကို ရောက်လာခဲ့တယ်။】 【သူ့မျက်နှာက ဆိုးသွမ်းပြီး "လူဆိုး" ဆိုတဲ့ စကားလုံးက သူ့နဖူးပေါ်မှာ ရေးထားသလိုပဲ။】 【ရွာထဲ ရောက်ပြီးနောက် သူက ယဲ့ယွီကို အချိန်အတော်ကြာ ပြင်းပြင်းထန်ထန် စိုက်ကြည့်နေခဲ့တယ်။】 【ရွာသားတွေက သူ ကောင်းတဲ့လူတစ်ယောက်လို မဟုတ်ဘူးဆိုတာ မြင်တော့ ဝင်ရောက်တားဆီး စွက်ဖက်ချင်ခဲ့ကြတယ်။】 【ဒါပေမယ့် တာအိုဘုန်းကြီးက သူ့လက်ကို ဝှေ့ယမ်းလိုက်တော့ သူတို့ကို အဲ့ဒီနေရာမှာပဲ ရပ်တန့်သွားစေခဲ့တယ်။】 【ယဲ့ယွီက တည်ငြိမ်နေခဲ့တယ်။】 【ဒီတာအိုဘုန်းကြီးက ရှင်းရှင်းလင်းလင်း ကျင့်ကြံသူတစ်ယောက်ပဲ။】 【သူ တကယ် တစ်ခုခု လုပ်ဖို့ ရည်ရွယ်ခဲ့ရင် ရွာတစ်ရွာလုံး ပူးပေါင်းရင်တောင် ဘာမှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။】 【ကြောက်နေတာထက် တည်တည်ငြိမ်ငြိမ် ရင်ဆိုင်တာ ပိုကောင်းတယ်။】 【အဲ့ဒီနောက် တာအိုဘုန်းကြီးက ရုတ်တရက် ရူးသွပ်စွာ ရယ်မောလိုက်ပြီး ယဲ့ယွီကို ဖမ်းဆွဲပြီး ကောင်းကင်ကို ပျံတက်သွားခဲ့တယ်။】 【ကောင်းကင်မှာ တာအိုဘုန်းကြီးက သူ့နာမည်က **ဝူရှင်းဇီ ** လို့ ယဲ့ယွီကို ပြောပြခဲ့တယ်။】 【သူက နတ်ဆိုးလမ်းစဉ်မှာ နာမည်ကြီးတဲ့ ကျင့်ကြံသူတစ်ယောက်ပါ။】 【သူ ယဲ့ယွီကို ခေါ်သွားရတဲ့ အကြောင်းရင်းက ပရောဖက်ပြုချက်တစ်ခုကြောင့်ပါ။】 【နှစ်တစ်ထောင်ပေါင်းများစွာ ကာလက **ကောင်းကင်လျှို့ဝှက်ချက်ဂိုဏ်း ** ရဲ့ ခေါင်းဆောင်က ခန့်မှန်းခဲ့တယ်—】 【အမြင့်ဆုံးနက္ခတ်တွေလင်းလက်တဲ့ ယင်ဓာတ်အားအကောင်းဆုံးနေ့မှာ ကောင်းကင်ဖြစ်စဉ်တွေ ဖြစ်ပေါ်ပြီး နတ်ဆိုးလမ်းစဉ်ရဲ့ သခင်မွေးဖွားလိမ့်မယ်။】 【တခြားတစ်ယောက်ယောက်က ဒါကို ပြောခဲ့ရင် ယုံကြည်နိုင်မှာ မဟုတ်ဘူး။】 【ဒါပေမယ့် ကောင်းကင်လျှို့ဝှက်ချက်ဂိုဏ်း ရဲ့ ခေါင်းဆောင်ဆီက လာတာဆိုတော့ သံသယရှိဖို့ ခက်တယ်။】
【လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာအတွင်း အမြင့်ဆုံး ယင်ဓာတ်အားအကောင်းဆုံးပထမဆုံးနေ့က ဆယ့်သုံးနှစ်တာ ကာလကပါ။】 【အဲ့ဒီအချိန်တုန်းက ဖြောင့်မတ်တဲ့လမ်းစဉ်နဲ့ နတ်ဆိုးလမ်းစဉ် နှစ်ခုစလုံးက ကျင့်ကြံသူတွေက နတ်ဆိုးလမ်းစဉ်ရဲ့ သခင်ကို ရှာဖွေနေခဲ့ကြတယ်။】 【သို့သော် တစ်စုံတစ်ယောက်က ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို တမင်တကာ ဖုံးကွယ်ထားခဲ့တာကြောင့် လူတိုင်း လက်ဗလာနဲ့ ပြန်လာခဲ့ကြတယ်။】 【နောက်ပိုင်း နှစ်တွေမှာ ဖြောင့်မတ်တဲ့လမ်းစဉ်နဲ့ နတ်ဆိုးလမ်းစဉ် နှစ်ခုစလုံးက လူတွေက နတ်ဆိုးလမ်းစဉ်ရဲ့ သခင်ကို ရှာဖွေတာကို တစ်ခါမှ လက်မလျှော့ခဲ့ကြဘူး။】 【ဖြောင့်မတ်တဲ့လမ်းစဉ်က သူ့ကို အမြန်ဆုံး ဖယ်ရှားပစ်ဖို့ ရည်ရွယ်ခဲ့တယ်။】 【သူတို့ သူ့ကို ကြီးထွားခွင့် လုံးဝ ပေးလို့မရဘူး။】 【နတ်ဆိုးလမ်းစဉ်က သူ့ကို ကာကွယ်ဖို့ ဆန္ဒရှိခဲ့တယ်၊ သူက နတ်ဆိုးကျင့်ကြံသူတွေကို ပြန်လည် အသက်ဝင်စေမယ့် ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ခဲ့တယ်။】 【လူတိုင်းမှာ ကိုယ်ပိုင် ရည်ရွယ်ချက်တွေ ရှိကြတယ်။】 【ဝူရှင်းဇီက ဒီတောင်ပေါ်ရွာလေးမှာ ယဲ့ယွီလို ထိတ်လန့်စရာကောင်းတဲ့ ပါရမီရှင်တစ်ယောက်ကို တွေ့လိမ့်မယ်လို့ တစ်ခါမှ မမျှော်လင့်ခဲ့ဘူး။】 【ယဲ့ယွီ၊ သူက ဒဏ္ဍာရီလာ နတ်ဆိုးလမ်းစဉ်ရဲ့ သခင် ဖြစ်နိုင်တယ်။】 【ပြီးတော့ ဝူရှင်းဇီ လိုချင်တာက ဘွဲ့တစ်ခုပဲ။】 【သူက ယဲ့ယွီ သူ့ရဲ့ တပည့်အဖြစ် ဝင်ရောက်ရင် သူ သိတာ အားလုံးကို သင်ကြားပေးပြီး ယဲ့ယွီကို ထိပ်ဆုံးရောက်အောင် ကူညီပေးမယ်လို့ ပြောခဲ့တယ်။】 【ဝူရှင်းဇီရဲ့ ရူးသွပ်နေတဲ့ အမူအရာကို မြင်တော့ ယဲ့ယွီက "ဟုတ်တယ်၊ ကျွန်တော်က ခင်ဗျားပြောတဲ့ နတ်ဆိုးလမ်းစဉ်ရဲ့ သခင်ပါပဲ" လို့ ပြောချင်ခဲ့တယ်။】 【ဒါပေမယ့် အရမ်း အံ့ဩစရာ မဖြစ်ရအောင် ယဲ့ယွီက ရှုပ်ထွေးနေဟန် ဆောင်ခဲ့တယ်။】 【ခရီးရှည်ကြီးပြီးနောက် ဝူရှင်းဇီက ယဲ့ယွီကို ကြီးမားတဲ့ တာအိုဘုန်းကြီးကျောင်းကြီးတစ်ခုကို ခေါ်လာခဲ့တယ်။】 【ဒီမှာ ယဲ့ယွီက ဆယ်ဦးကျော်တဲ့ ရွယ်တူတွေကို တွေ့လိုက်ရတယ်။】 【သူ့အသက်အရွယ်တူ ကောင်လေးတွေ ကောင်မလေးတွေ အားလုံးက မျက်နှာအမူအရာတွေ အလွန် အေးစက်နေတယ်။】 【သူတို့မှာ လူငယ်တို့ရဲ့ တက်ကြွမှု လုံးဝ မရှိဘူး။】 【ဝူရှင်းဇီက သူတို့ကို ယဲ့ယွီရဲ့ အစ်ကိုကြီးတွေ၊ အစ်မကြီးတွေအဖြစ် မိတ်ဆက်ပေးခဲ့တယ်။】 【နားထောင်ပြီးနောက် ယဲ့ယွီက တိတ်ဆိတ်နေခဲ့တယ်။】 【အဲ့ဒီနေ့မှာ ယဲ့ယွီကို နေစရာ နေရာ စီစဉ်ပေးပြီးနောက် ဝူရှင်းဇီက "နယ်သာခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းကိုးပါး" လို့ ခေါင်းစဉ်တပ်ထားတဲ့ ကျမ်းစာအုပ်တစ်အုပ်ကို သူ့ကို ပေးခဲ့တယ်။】 【သူက ယဲ့ယွီကို လုံ့လဝီရိယနဲ့ လေ့ကျင့်ဖို့ ပြောခဲ့တယ်။】 【ဘာမှ နားမလည်ရင် သူ့ရဲ့ အစ်ကိုကြီးတွေ၊ အစ်မကြီးတွေကို မေးလို့ရတယ်။】 【နှစ်လအတွင်းမှာ ဝူရှင်းဇီက သူ့ရဲ့ တိုးတက်မှုကို ကိုယ်တိုင် စစ်ဆေးလိမ့်မယ်။】 【ယဲ့ယွီက ကျမ်းစာအုပ်ကို အပြည့်အဝ နားလည်နိုင်ရင် ဝူရှင်းဇီက သူ့ကို နက်နဲတဲ့ ဆုလာဘ်တစ်ခု ပေးလိမ့်မယ်။】 【ဒီလို ကြီးမားတဲ့လေးနက်တဲ့အကြောင်းရာတွေပြောပြီးနောက် ဝူရှင်းဇီက လှည့်ထွက်သွားခဲ့တယ်။】 【ယဲ့ယွီက အခန်းထဲမှာ တစ်ယောက်တည်း ထိုင်ပြီး ကျမ်းစာအုပ်ကို လှန်လှောကြည့်နေခဲ့တယ်။】 【သူ တစ်ခုခု နည်းနည်း ထူးဆန်းနေတယ်လို့ ခံစားခဲ့ရတယ်။】
၇၅ ဆက်ရန်
အခန်း ၇၅
【တကယ်တော့ ယဲ့ယွီကကျင့်ကြံခြင်းကမ္ဘာမှာ အချိန်နည်းနည်းလေးပဲ ဖြုန်းခဲ့တယ်။】 【သူ ကျမ်းစာအုပ်တွေ အများကြီး မဖတ်ဖူးဘူး။】 【ဒါပေမယ့် သူ့အိပ်မက်တွေက မြင်ကွင်းတွေကို ထည့်သွင်းမယ်ဆိုရင်တော့ ယဲ့ယွီရဲ့ အတွေ့အကြုံက တော်တော်လေး ကျယ်ပြန့်တယ်လို့ သတ်မှတ်လို့ရတယ်။】 【သူ နတ်ဆိုးကျမ်းစာအုပ် ခုနစ်ဆယ်၊ ရှစ်ဆယ် မဟုတ်ရင်တောင် တစ်ရာလောက် ဖတ်ဖူးတယ်။】 【ဒီ ကိုးပါးသော မြေအောက်(နယ်သာငရဲဘုံကိုဆိုလိုသည်)ကိုယ်ခန္ဓာ အားဖြည့်နည်းစနစ် လိုမျိုး ဝိညာဉ်စွမ်းအင် မတိုးဘဲ ကိုယ်ခန္ဓာကိုပဲ လေ့ကျင့်တဲ့ ကျမ်းစာအုပ်မျိုး တစ်ခါမှ မရှိခဲ့ဘူး။】 【ဒါက ယဲ့ယွီကို တစ်ခုခု ထူးဆန်းနေတယ်လို့ ခံစားရစေခဲ့တယ်။】 【ဒါပေမယ့် သူ နောက်မှ သတိရလိုက်တယ်၊ ဒါက အရှေ့ပင်လယ်တိုက်ကြီး ပဲ။】 【ရင်းနှီးတဲ့ ** ဗဟိုတိုက်ကြီး* မဟုတ်ဘူး။】 【ကျမ်းစာအုပ်တွေမှာ ကွာခြားမှုတွေ ရှိနိုင်တယ်။】 【ယဲ့ယွီ ခေါင်းခါလိုက်တယ်။】 【သူ ဒီပြဿနာကို ခဏ မစဉ်းစားတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။】 【ရက်အနည်းငယ်ကြာတော့ ယဲ့ယွီ ထမင်းစားနေတုန်း ရုတ်တရက် ဝဝတုတ်တုတ် အစ်ကိုကြီးတစ်ယောက်ကို နောက်ထပ် နှစ်ယောက်က ရိုက်နှက်နေတာကို တွေ့လိုက်ရတယ်။】 【ဝတုတ်က သူ့မျက်နှာကို လက်နှစ်ဖက်နဲ့ ဖုံးအုပ်ပြီး ပြန်မတိုက်ဘဲ အရိုက်ခံနေတယ်။】 【ဒါပေမယ့် သူ့လက်တွေက တခါတလေ အလင်းစီးကြောင်းတစ်ခု လက်ခနဲ လင်းနေတယ်။】 【ဒါက ယဲ့ယွီရဲ့ စိတ်ဝင်စားမှုကို နှိုးဆွခဲ့တယ်။】 【ခဏအကြာမှာ တိုက်ခိုက်သူတွေ ထွက်သွားတော့ ဝဝတုတ်တုတ် ကလေးက ထဖို့ ရုန်းကန်နေတယ်။】 【သူ့ရှေ့မှာ ထမင်းတစ်ပွဲ ပိုနေတာကို သူ သတိထားမိခဲ့တယ်။】 【ဒါက သူ့ကို အရမ်း ရှုပ်ထွေးစေခဲ့တယ်။】 【ယဲ့ယွီက တည်ငြိမ်စွာ ရှင်းပြတယ်၊ သူ့ကို အနိုင်ကျင့်ခံရတာကို နည်းနည်း သနားမိလို့ သူ့ရဲ့ သနားစိတ်တွေ ပိုလျှံသွားတယ်လို့ ပြောလိုက်တယ်။】 【သူ စိတ်ထဲ မထားဘူးဆိုရင် သူတို့ သူငယ်ချင်း ဖြစ်နိုင်မယ်။】 【ဒီရိုးရှင်းပြီး စိတ်ခံစားမှုမပါတဲ့ စကားကြောင့် ဝဝတုတ်တုတ် ကလေးရဲ့ မျက်လုံးတွေ နီရဲလာခဲ့တယ်။】 【သူတို့အားလုံးက ဆယ့်သုံးနှစ်ပဲ ရှိသေးတယ်၊ အရွယ်မရောက်သေးဘူး၊ သူများကို လွယ်လွယ်ကူကူ ယုံကြည်တတ်ကြတယ်။】
【နှစ်နာရီအတွင်းမှာ ယဲ့ယွီက သူ့ဆီကနေ အသုံးဝင်တဲ့ အချက်အလက်များစွာကို အလွယ်တကူ ထုတ်ယူနိုင်ခဲ့တယ်။】 【ဝဝတုတ်တုတ် ကလေးရဲ့ နာမည်က **ရှီးအောက်ထျန် ** ဖြစ်တယ်။】 【ဒီနာမည်က **ဇာတ်လိုက် ** စတိုင်တစ်ခု ရှိတယ်။】 【ပြီးတော့ ရှီးအောက်ထျန်ရဲ့ အခုထိ အချိန်တိုလေးဖြစ်တဲ့ ဘဝက တော်တော်လေး ထူးခြားခဲ့တယ်။】 【သူက နိုင်ငံတစ်နိုင်ငံရဲ့ မင်းသားတစ်ပါး၊ ချမ်းသာကြွယ်ဝစွာ ကြီးပြင်းခဲ့ရပေမယ့် သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးက မာနကြီးတာ မဟုတ်ဘူး။】 【သူက အလွန် နူးညံ့တယ်။】 【သူ့ရဲ့ ကျင့်ကြံခြင်း ပါရမီကလည်း အရမ်း မြင့်မားတယ်။】 【ဆယ့်သုံးနှစ်သားအရွယ်မှာတောင် သူက အခြေခံတည်ထောင်ခြင်း အဆင့် အစောပိုင်းကို ရောက်နေပြီ။】 【သူက မိဘတွေ အမြဲပြောနေတဲ့ 'တခြားလူတွေရဲ့ ကလေး' တွေထဲက တစ်ယောက် ဖြစ်နေတာ ရှင်းရှင်းလင်းလင်းပဲ။】(နင်ဟိုဘေးအိမ်ကကောင်လေးဆိုအရမ်းလိမ္မာတာပဲဟုမိဘများဆုံးမတတ်သည်ကိုရည်ရွယ်သည်) 【လဝက်ခန့် ကာလက ဝူရှင်းဇီက ရှီးအောက်ထျန်ကို နန်းတော်ကနေ ခေါ်သွားခဲ့တယ်။】 【သူက ယဲ့ယွီကို ပြောခဲ့တဲ့ ပုံပြင်အတိုင်းပဲ သူ့ကိုလည်း ပြောခဲ့တယ်။】 【ရှီးအောက်ထျန်က နတ်ဆိုးလမ်းစဉ်ရဲ့ အနာဂတ်သခင်၊ အားလုံးက ပူဇော်ခံရမယ့်သူလို့ ပြောခဲ့တယ်။】 【ဒီလို ချော့မော့ပြီးနောက် သူ့ကို နယ်သာခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းကိုးပါး ကျမ်းစာအုပ်တစ်အုပ်လည်း ပေးခဲ့တယ်။】 【ရှီးအောက်ထျန်က အဲ့ဒီအချိန်တုန်းက တော်တော်လေး စိတ်လှုပ်ရှားခဲ့တယ်။】 【ဒါပေမယ့် ဒီဘုရားကျောင်းမှာ ကြာကြာနေလေလေ၊ သူ နောက်ဆုံးမှာ သိခဲ့ရတာတခုရှိတယ်။】 【ဝူရှင်းဇီက ဒါကို သူ့ကိုပဲ ပြောတာ မဟုတ်ဘူး။】 【သူက လူတိုင်းကို ဒီလိုပဲ ပြောခဲ့တယ်။】 【နှစ်လအတွင်းမှာ သူတို့ နယ်သာခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းကိုးပါး ကို ကျွမ်းကျင်အောင် သင်ယူနိုင်ရင် ဆုလာဘ်ရလိမ့်မယ်။】 【ဆုလာဘ်က ဝူရှင်းဇီက သူတို့ကို တောင်နောက်ဘက်က ဘုရားကျောင်းကို ခေါ်သွားပြီး ကိုယ်တိုင် သင်ကြားပေးမှာ ဖြစ်တယ်။】 【သူတို့ နည်းစနစ်ကို ကျွမ်းကျင်အောင် နားလည်နိုင်စွမ်း မရှိဘူးဆိုရင် သူတို့ကို ဝူရှင်းဇီက အိမ်ပြန်ပို့လိမ့်မယ်။】 【သို့သော် ရလဒ် ဘယ်လိုပဲဖြစ်ဖြစ် ရှီးအောက်ထျန်က အဲ့ဒီလူတွေကို တစ်ခါမှ ထပ်မတွေ့တော့ဘူး။】 【တစ်ချိန်က အရမ်းလှတဲ့ အစ်မကြီးတစ်ယောက် ရှိခဲ့တယ်။】 【ရှီးအောက်ထျန်က သူမကို အကြာကြီး စွဲလမ်းခဲ့တယ်။】 【ဒါပေမယ့် သူတို့ စကားမပြောခင်မှာပဲ သူမက နယ်သာခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းကိုးပါး ကို ကျွမ်းကျင်အောင် သင်ယူပြီး ဝူရှင်းဇီက သူမကို တောင်နောက်ဘက်က ဘုရားကျောင်းကို ခေါ်သွားခဲ့တယ်။】
【သူမက ရက်ပေါင်းများစွာ မထွက်လာခဲ့ဘူး။】 【ရှီးအောက်ထျန်က သူ့ရဲ့ ပထမဆုံးအချစ်ကို ဒီလိုပဲ ဆုံးရှုံးရမှာကို မလိုချင်ခဲ့ဘူး။】 【ဒါကြောင့် ဝူရှင်းဇီ အပြင်ထွက်တဲ့အခါ သူက တိတ်တိတ်လေး တောင်နောက်ဘက်ကို သွားပြီး သူ့ခံစားချက်တွေကို ရဲရဲဝံ့ဝံ့ ဝန်ခံဖို့ ရည်ရွယ်ခဲ့တယ်။】 【ဒါပေမယ့် သူ ဘုရားကျောင်းထဲ မဝင်ခင်မှာပဲ လျှို့ဝှက်နေရာတစ်ခုမှာ ကြီးမားတဲ့ တွင်းနက်ကြီးတစ်ခုကို တွေ့လိုက်ရတယ်။】 【တွင်းထဲမှာ ရုပ်အလောင်း ဒါဇင်ပေါင်းများစွာ ရှုပ်ထွေးစွာ ပုံထားတယ်။】 【အဲ့ဒီထဲမှာ အစ်မကြီးလည်း ပါဝင်တယ်။】 【သူမရဲ့ ခန္ဓာကိုယ်က ထိတ်လန့်ဖွယ် ကာယပိုင်း ထိခိုက်ခံရပြီး သူမရဲ့ မျက်နှာက နာကျင်မှုကြောင့် လိမ်ကောက်နေတယ်။】 【ဒါကို မြင်တော့ ရှီးအောက်ထျန်က ရှေ့ဘုရားကျောင်းကို အမြန် ပြန်သွားခဲ့တယ်။】 【သူ အခန်းထဲမှာ နှစ်ရက်ကြာအောင် မထွက်ဘဲ နေခဲ့တယ်။】 【ဒီကာလအတွင်း ရှီးအောက်ထျန် တစ်ခုကို သိလိုက်ရတယ်။】 【သူ နောက်ထပ် ပထမဆုံးအချစ်ကို ရှာလို့ရတယ်။】 【ဒါပေမယ့် သူ အသက်ဆုံးရှုံးရင် အရာရာ အားလုံးကို ဆုံးရှုံးလိမ့်မယ်။】 【ဒါကြောင့် ရှီးအောက်ထျန်က ဒီငရဲလို နေရာကနေ ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်တယ်။】 【သူက ချက်ချင်း သူ့ရဲ့ ရွယ်တူ တပည့်တွေနဲ့အတူ တူတူ ထွက်ပြေးလို့ရမလားဆိုတာ ဆွေးနွေးခဲ့တယ်။】 【ဒါပေမယ့် ကျန်တပည့်နှစ်ဦးက သူ့ကို လုံးဝ မယုံကြည်ခဲ့ကြဘူး။】 【သူတို့က ရှီးအောက်ထျန်က သူတို့ရဲ့ စိတ်ဓာတ်ကို ထိခိုက်အောင် တမင်တကာ လိမ်ညာနေတယ်လို့ ထင်ခဲ့ကြတယ်။】 【ဒါကြောင့် သူတို့က ရှီးအောက်ထျန်ကို ထွက်သွားပြီး သူတို့ရဲ့ ကျင့်ကြံခြင်းကို မထိခိုက်ဖို့ ပြောခဲ့ကြတယ်။】 【ဒါပေမယ့် ဇွဲရှိတဲ့ ရှီးအောက်ထျန်က ဘယ်တော့မှ လက်မလျှော့ဘူးဆိုတာ သိခဲ့တယ်။】 【သူက အဲ့ဒီနှစ်ယောက်ကို စိတ်မရှည်အောင် ဆက်ပြီး ကလိနေခဲ့တယ်၊ ရှင်းပြပြီး သူတို့ကို နယ်သာခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းကိုးပါး လေ့ကျင့်တာကို တားဆီးနေခဲ့တယ်။】 【အဲ့ဒီနှစ်ယောက်က ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်လာပြီး ရှီးအောက်ထျန်က သူတို့ရဲ့ နတ်ဆိုးလမ်းစဉ်ရဲ့ သခင်ဖြစ်လာဖို့ အတားအဆီးတစ်ခု ဖြစ်တယ်လို့ ပိုပြီး ယုံကြည်လာခဲ့ကြတယ်။】 【နောက်ဆုံးမှာတော့ သည်းမခံနိုင်တော့ဘဲ သူတို့က ရှီးအောက်ထျန်ကို ရိုက်နှက်ခဲ့ကြတယ်။】 【ဟုတ်တယ်၊ ဒါပဲ ခုနက ဖြစ်ခဲ့တာ။】 【ဒီအချက်အလက်တွေ အားလုံးကို သိပြီးနောက် ယဲ့ယွီရဲ့ မျက်နှာက မီးခိုးရောင် ပြောင်းသွားခဲ့တယ်။】
【မင်း သေပါစေ ကောင်စုတ်လေးမျိုးမစစ်) ။】 【နတ်ဆိုးလမ်းစဉ်ရဲ့ သခင်က ဒီလောက် တန်ဖိုးမရှိဘူးလား။】 【လူတိုင်းက မင်းအတွက်ကျွန် တစ်ယောက်လို ဖြစ်နေတာလား။】 【တကယ့်အမှိုက်ပုံးစိတ်ဓာတ်နဲ့ကောင်!】 【သို့သော် ယဲ့ယွီ နောက်မှ တစ်ခုခုကို သတိရမိခဲ့တယ်။】 【သူ ကမ္ဘာမြေမိစ္ဆာဂိုဏ်း(မြေနတ်ဆိုးဂိုဏ်း) မှာ ရှေးဟောင်းကျမ်းစာအုပ်တစ်အုပ်ကို ဖတ်ဖူးတယ်။】 【အဲ့ဒီမှာ ပူးကပ်ခြင်း နည်းစနစ်တစ်ခုကို မှတ်တမ်းတင်ထားတယ်၊ ပျက်စီးနေတဲ့ ဝိညာဉ်ကို အသုံးပြုပြီး ပါရမီရှိတဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်တာ။】 【သိမ်းပိုက်ခံရမယ့် ဝိညာဉ်က အရမ်း အစွမ်းထက်တယ်ဆိုရင် သိမ်းပိုက်ခံရမယ့် ခန္ဓာကိုယ်က ဝိညာဉ်ကို ထိန်းချုပ်နိုင်လောက်အောင် သန်မာရမယ်။】 【မဟုတ်ရင် ခန္ဓာကိုယ်အသစ်က အစွမ်းထက်တဲ့ ဝိညာဉ်ကြောင့် အလွယ်တကူ ဆုတ်ဖြဲခံရပြီး အသုံးမဝင်တော့ဘူး။】 【ဒါက လူတိုင်းကို နယ်သာခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းကိုးပါး လေ့ကျင့်စေရတဲ့ အဓိက အကြောင်းရင်း ဖြစ်နိုင်တယ်။】 【ယဲ့ယွီ တိတ်ဆိတ်နေတာကို မြင်တော့ ရှီးအောက်ထျန်က ချက်ချင်း သူ့ခေါင်းကို အုပ်ပြီး "ညီလေး၊ ကျွန်တော် တကယ် အမှန်အတိုင်း ပြောနေတာပါ၊ ကျေးဇူးပြုပြီး မရိုက်ပါနဲ့" လို့ ပြောလိုက်တယ်။】 【ဒီစကားကို ကြားတော့ ယဲ့ယွီက ရယ်ချင်စိတ်လည်း ပေါက်၊ စိတ်ပျက်အားငယ်စိတ်လည်း ပေါက်ခဲ့တယ်။】 【သူက ရှီးအောက်ထျန်ကို "မင်းကအခြေတည်အဆင့် အဆင့်ကို ရောက်နေပြီဆိုတော့ ဘာလို့ အရိုက်ခံရတုန်းက ပြန်မတိုက်တာလဲ?" လို့ မေးလိုက်တယ်။】 【ပြီးတော့ မင်းရဲ့ လက်မောင်းပေါ်က အလင်းရောင် လက်ခနဲ လင်းတာက ဘာလဲ။】 【ရှီးအောက်ထျန်က ခေါင်းကို အနည်းငယ် နှိမ့်ချပြီး "သူ ပြန်မတိုက်နိုင်တာက တိုက်ရင် လူတွေ သေမှာမို့လို့" လို့ ပြောလိုက်တယ်။】 【သူ ဘယ်သူ့ကိုမှ သတ်ချင်တာ မဟုတ်ဘူး။】 【သူ့လက်မောင်းပေါ်က အလင်းရောင် လင်းတာက သူ့မိသားစုရဲ့ လျှို့ဝှက် ကျင့်ကြံခြင်းနည်းစနစ် (Void(ဗလာနယ်) ဖောက်ထွင်းနည်းစနစ်) ရဲ့ ကာကွယ်ရေးအခြေအနေပါ။】 【ဒါက ရိုက်နှက်မှုရဲ့ အင်အားအချို့ကို ကာကွယ်ပေးနိုင်တယ်။】 【သို့သော် ကျန်ရှိတဲ့ အင်အားက သူ့ကို တော်တော်လေး နာကျင်စေခဲ့တုန်းပဲ။】 【ယဲ့ယွီက ဖြည်းဖြည်းချင်း လျှောက်သွားပြီး ရှီးအောက်ထျန်ရဲ့ ပါးကို ရိုက်လိုက်တယ်။】 【နာကျင်မှာ ကြောက်ရင် အရိုက်မခံနဲ့တော့။ အဲ့အစား တခြားသူတွေကို စပြီး ရိုက်တော့!】 【သူတို့ လက်နက်ချတဲ့အထိ ရိုက်!】 【သူတို့က မင်းကို ရိုက်သတ်ဖို့ ဆန္ဒရှိနေတာ၊ မင်းက ဘာလို့ သူတို့ကို အတူတူ ပြန်မလုပ်ချင်တာလဲ?】 【ဒီစကားတွေကို ကြားတော့ ရှီးအောက်ထျန်က အချိန်အတော်ကြာ အဲ့ဒီနေရာမှာ ရပ်နေခဲ့တယ်၊ နားမလည်နိုင်ဖြစ်နေတယ်။】 【တစ်လခွဲ ကြာပြီးနောက်။】 【ဝူရှင်းဇီက ရှေ့ဘုရားကျောင်းကို လာပြီး ရှီးအောက်ထျန်ကို နယ်သာခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းကိုးပါး နဲ့ ပတ်သက်ပြီး ဘယ်လို တိုးတက်မှုရှိလဲ မေးခဲ့တယ်၊ သဘောတူထားတဲ့ အချိန် ရောက်လာပြီဖြစ်လို့။】 【ရှီးအောက်ထျန် မဖြေခင်မှာပဲ ယဲ့ယွီက ရှေ့တိုးပြီး ဝူရှင်းဇီကို "ကျွန်တော် နယ်သာခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းကိုးပါး ကို လုံးဝ ကျွမ်းကျင်ပြီးပြီ၊ သတ်မှတ်ချိန်ထက် စောပြီး ပြီးစီးခဲ့ပါတယ်" လို့ ပြောလိုက်တယ်။】 【ယဲ့ယွီရဲ့ တက်ကြွတဲ့ ချဉ်းကပ်မှုက သူ့ကို ဝူရှင်းဇီဆီကနေ အသိအမှတ်ပြုတဲ့ အကြည့်ကို ရစေခဲ့တယ်၊ ပြီးတော့ သူက စက်ဆုပ်ဖွယ် ပြောလိုက်တယ်၊ "တပည့်၊ မင်းက ငယ်ငယ်ကတည်းက သာမန်လူ မဟုတ်ဘူးဆိုတာ ငါ သိတယ်။"】 【မင်းက ငါ့ကို ဘယ်လိုမှ စိတ်ပျက်စေတာ မရှိဘူး။】