← Chapters

မျက်တစ်လုံး နာဂဘုရင်

Vol. 3 Ch. 282

မျက်တစ်လုံး နာဂဘုရင်

Vol. 3 Ch. 282

"မဖြစ်နိုင်တာ ...”

လုံချန် သူ၏ ခေါင်းကို ငုံ့ရင်း မျက်လုံးမှ မယုံကြည်နိုင်မှုများကို ဖုံးကွယ်ရန် ကြိုးစားလိုက်၏။ သူ ကျန်းအန့်ချီကို ကောင်းစွာ သိသည်။

ကျန်းအန့်ချီမှာ ကျန်းမိသားစု၏ မင်းသမီးလေး ဖြစ်ကာ စူပါမော်ဒယ်‌ တစ်ယောက်လည်း ဖြစ်ခဲ့သည်။ သို့သော်လည်း ပါပါရာဇီများ၏ ဖော်ပြချက်အရ ကျန်းအန့်ချီမှာ ရုပ်ဆိုးဆိုး အဘွားအို တစ်ယောက် အသွင် ပြောင်းလဲ သွားခဲ့သည်ဟု သူသိသည်။ သူမအကြောင်း သတင်းက ဟောင်ကောင် သတင်းစာများ၏ မျက်နှာဖုံးကို သိမ်းပိုက် နိုင်ခဲ့သည်။ သို့သော်လည်း သူ၏ ရှေ့တွင် ရှိနေသော ကျန်းအန့်ချီမှာ ကျန်းမိသားစု မကျဆုံးခင် ကထက်ပင် ပိုမို ဆွဲဆောင်မှု ရှိနေခဲ့သည်။ သူမ၏ ကြွေထည်ကဲ့သို့ အသားအရေက မီးရောင်အောက်၌ တောက်‌ပနေသည်။

"ဆရာချန်းက ကျွန်မနဲ့ စာချုပ် ချုပ်ခဲ့ပြီးတော့ သူ့လက်ထောက် အဖြစ် ခန့်အပ်ခဲ့တယ်။ သူ ဟောင်ကောင်ကနေ ပြန်ရင် ကျွန်မက သူ့ရဲ့ နေရာကိုယူမယ်။ ခု ကျွန်မက ကျန်းလုပ်ငန်းစုရဲ့ စီအီးအို အသစ်ပဲ။ ‌ဆွေး‌နွေးစရာများ ရှိရင် လွတ်လွတ်လပ်လပ် ပြောကြပါ”

ကျန်းအန့်ချီမှာ အခြား လူများ၏ ခံစားချက် မျိုးစုံပါသော အကြည့်များကို ဂရုမစိုက်ပဲ ဒါရိုက်တာ ထိုင်ခုံသို့ သွားလိုက်သည်။ သူမက ထိုင်ခုံကို ဆွဲရင်း သက်သောင့် သက်သာ ရှိစွာ ထိုင်လိုက်သည်။ ထို့နောက် လက်ထဲမှ ဖိုင်တွဲကို စား‌ပွဲပေါ် တင်လိုက်ကာ သူမ၏ ပတ်ဝန်းကျင်မှ လူများကို အကဲခတ် လိုက်သည်။

လူတိုင်းမှာ ထိုအဖြစ်အပျက်ကြောင့် အံ့အားသင့် နေကြရာ စကားတစ်ခွန်းပင် မပြောဝံ့ပေ။ ဒါရိုက်တာများ၊ မန်နေဂျာများထဲမှ တစ်ဝက်ခန့်မှာ ကျန်းမိသားစုနှင့် ပတ်သက် ဆက်နွှယ်မှုများ ရှိပြီး အများစုမှာ အဘိုးအိုကျန်း၏ တပည့်များ ဖြစ်ကြသည်။

ထို့ကြောင့်လည်း ကျန်းမိသားစုဝင် တစ်ယောက်ကို ချန်းဖန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ လုံချန်နှင့် အခြားလူများမှာ ချန်းပေ့ရွှမ်းနှင့် ကုမ္ပဏီ မန်နေဂျာများ၊ ဒါရိုက်တာများ အကြား၌ အားပြိုင်မှုများ ဖြစ်ရန် မျှော်လင့် ခဲ့ကြသည်။

လုံချန်ပင်လျှင် ဒါရိုက်တာ အချို့နှင့် လျှို့ဝှက်စကား ပြောထားခဲ့ကြပြီး ဇာတ်တိုက် ထားခဲ့သည်။ ချန်းဖန်မှာ ကျန်းမိသားစုဝင် မဟုတ်သော အခြား တစ်ဦးကို စီအီးအိုအဖြစ် ရွေးချယ်ခဲ့ပါက သူတို့က ကန့်ကွက်ကာ ရင်းနှီးမြှုပ်နှံမှုများကို တလွဲတချော် ဖြစ်အောင် လုပ်မည် ဖြစ်သည်။

သို့သော်လည်း အံ့အားသင့်စွာပင် ချန်းဖန်က ကျန်းအန့်ချီကို ရွေးချယ်ခဲ့သည်။ ကျန်းအန့်ချီမှာ ကျန်းမိသားစု၏ တိုက်ရိုက် မျိုးဆက်ဖြစ်သည့် အပြင် အဘိုးအိုကျန်း၏ တပည့်များ ထောက်ခံမှုကို ရထားသူ ဖြစ်သည်။ ထို့အပြင် ချန်းဖန်၏ ပံ့ပိုးမှုကိုပါ အပြည့်အဝ ရထားသူ ဖြစ်သည့်အပြင် အလွန် ဆွဲဆောင်မှု ရှိသည့် ကောင်မလေး တစ်ယောက်လည်း ဖြစ်နေသေးသည်။

ထို့ကြောင့်ပင် လူတိုင်း၏ မျက်လုံးထဲ၌ ကျန်းအန့်ချီ ကျန်းလုပ်ငန်းစု၏ စီအီးအို ဖြစ်လာခြင်းက အလွန် သင့်တော်သည်။ လုံချန် သက်ပြင်းတစ်ချက် ချလိုက်ကာ ထိုင်ခုံမှထ၍ ထွက်ခွာလိုက်သည်။ ကျန်းအန့်ချီ၏ ပေါ်ထွက် လာမှုနှင့်အတူ သူ၏ အကြံအစည်များ ရှုံးနိမ့်သွားကြောင်း သူ နားလည်လိုက်၏။

"သူဌေးလုံ ... ကျွန်မတို့ ကျန်းလုပ်ငန်းစုရဲ့ စတော့ ရှယ်ယာတွေနဲ့ ပတ်သက်ပြီး တစ်ခုမှ မလှုပ်ရှား ရသေးဘူးလေ ...”

လုံချန်ဘေးမှ ကိုလံဘီယာ မလေးက သူမ၏ သူဌေးကို ကြည့်ကာ ပြောသည်။

"မလုပ်တော့ဘူး။ အခုတော့ ရပ်ထားကြတာပေါ့”

လုံချန်မှာ ချန်းဖန်အား ပထမ အကျော့တွင် ရှုံးနိမ့် သွားသည့်တိုင် ရပ်တန့်မည့်ပုံ မရချေ။ သူက နေကာ မျက်မှန်ကို တပ်လိုက်ရင်း ကျန်းနန်းတော်ရာ ထဲမှ ထွက်လာခဲ့သည်။

"ကျန်းလုပ်ငန်းစုက ချန်းပေ့ရွှမ်းကို အရှုံးပေး ရပေမဲ့ ငါကတော့ လုပ်မှာ မဟုတ်ဘူး။ ချန်းပေ့ရွှမ်းမှာ ရန်သူတွေ အများကြီးပဲ။ ငါတို့ ဟောင်ကောင်မှာ အထွတ်အထိပ် အဆင့် တစ်ယောက်ကို ရှာရမယ်”

လုံချန်၏ မျက်လုံးတွင် အလင်းရောင် တစ်ခု တောက်ပ နေတော့သည်။

ကျန်းအန့်ချီ၏ ထိရောက်ပြီး စည်းကမ်း တင်းကျပ်သော ဦးဆောင်မှု ပုံစံနှင့် အဘိုးအိုကျန်း၏ တပည့်များ ထောက်ခံမှုပါနှင့် ပေါင်းစပ်ပါက သိပ်မကြာခင်မှာပင် ကျန်းလုပ်ငန်းစုက လမ်းကြောင်းမှန် ပေါ်သို့ ပြန်လည် ရောက်မည်မှာ ကျိန်းသေသည်။

ထို့ကြောင့် ချန်းဖန် ဟောင်ကောင်တွင် လုပ်စရာ တစ်ခုသာ ကျန်တော့သည်။ ထိုအရာက ဓမ္မအစီအရင် အတွက် ကုန်ကြမ်းများ စုဆောင်းရန်ပင်။ အစိမ်းရောင်နဂါး အစီအရင်မှာ အလွန် များပြားသော အရင်းအမြစ်များ၊ ကုန်ကြမ်း ပစ္စည်းများကို လိုအပ်ရာ ချန်းဖန် အလွန်ခေါင်းစား နေခဲ့ရသည်။

ကံကောင်းစွာပင် သူ ယခု ရောက်နေသော မြို့တော်မှာ အစီအရင် ပညာရှင်များ၏ မြို့တော် ဖြစ်သည့်အပြင် တရုတ်ပညာရှင် ညီလာခံလည်း ရှိနေသေးသည်။ သူတို့တွင် ချန်းဖန် လိုအပ်နေသည့် အရာများ ကျိန်းသေ ရှိနိုင်သည်။

ကုန်ကြမ်း ပစ္စည်းများနှင့် အရင်းအမြစ်များမှာ ဖုန်းရွှေဆရာများ လက်၌ သာမန် ပစ္စည်းများသာ ဖြစ်သော်လည်း ချန်းဖန် လက်တွင်မူ ကီလိုမီတာနှင့် ချီ၏ ဖုံးအုပ်နိုင်သည့် ဓမ္မအစီအရင် အဖြစ် ပြောင်းလဲနိုင်သည်။

ချန်းဖန်တွင် သူတို့ သဘောကျနိုင်သည့် လဲလှယ်စရာ ပစ္စည်းများစွာ ရှိသည်။  ယွင်ဝူရေ၊ အမတေစွမ်းအင် တိုးမြှင့်ခြင်းဆေး၊ အာကိန်းဆေး၊ ခန္ဓာကိုယ် သန့်စင်ခြင်းဆေး၊ အမတေစွမ်းအင် စုစည်းခြင်းဆေး၊ သေးငယ်သော ဓမ္မအစီအရင်များ အားလုံးမှာ ဖန်းရွှေဆရာတိုင်း အတွက် အလွန် အဖိုးတန်သည်ချည်းသာ ဖြစ်သည်။

အကယ်၍ သူတို့သာ ချန်းဖန်အတွက် အလွန် အဖိုးတန်သည့် တစ်ခုခု ပေးခဲ့လျှင် ချန်းဖန် အနေဖြင့် တန်ခိုးရှင်အဆင့် ကျင့်စဉ်များ ပြန်လည် ပေးအပ်ရန် ဝန်မလေးပေ။ သို့သော်လည်း ယခုထိ ထိုသို့သော ရတနာမျိုးကို မည်သူမျှ ယူမလာခဲ့သေးချေ။

"အာဃာတ ကျောက်တုံး၊ မြေကမ္ဘာ အနှစ်သာရ၊ ယင်ခရိုင်စတယ်၊ ယုတ်မာခြင်း သားရဲ အရိုး၊ ဆန်းကြယ် အဇူရာ သစ်သား၊ နာဂ အကြေးခွံ စသည်ဖြင့် ...”

ချန်းဖန် မျှော်လင့်ထားသည့် အတိုင်း အစီအရင် ပညာရှင်များ၌ များစွာသော အဖိုးတန် ပစ္စည်းများ ရှိနေခဲ့သည်။ အချို့သော ပစ္စည်းများမှာ အစီအရင် ပညာရှင် မျိုးဆက် နှစ်ဆက်ခန့် လက်ဆင့်ကမ်း လာခဲ့သော ပစ္စည်းများ ဖြစ်ကြသည်။

ယင်မြွေ၏ အရိုးနှင့် သဏ္ဌာန်တူသော ပစ္စည်းကိုလည်း ချန်းဖန် ရသည်။ ထိုအထဲမှ တစ်ခုက ဝိညာဉ်သားရဲ၏ အရိုးနှင့် အတော်လေး တူသည်။ သိပ်မကြာခင်မှာပင် အစိမ်းရောင် နဂါးအစီအရင် တစ်ဒါဇင်ခန့် ဆောက်လုပ်နိုင်သည့် ကုန်ကြမ်းပစ္စည်းများကို ချန်းဖန် စုဆောင်းနိုင်ခဲ့သည်။

ကျေနပ်ဖွယ်ရာ ရလဒ်ကြောင့် ချန်းဖန်မှာ တပြုံးပြုံး ဖြစ်နေတော့သည်။ ချန်းဖန်မှာ ထိုပစ္စည်းများကို အစွမ်းထက် ဆေးများ၊ အခြေခံ အစီအရင်များနှင့် လဲလှယ်ခဲ့ခြင်း ဖြစ်သည်။ ထိုအရာများက အစီအရင် ပညာရှင်များ အတွက် အလွန် အဖိုးတန် နေသေးသည်။

"ငါ ကုန်ကြမ်းတွေ စုစည်းခဲ့တာ သုံးရက်လောက် ရှိပြီ။ ငါ နောက်သုံးရက် လောက်ဆို ပြန်လို့ရပြီ ...”

ချန်းဖန် စိတ်ထဲမှ တွက်ချက်လိုက်သည်။ ယခု သုံးရက်အတွင်း ကျန်းမိသားစု နေထိုင်ခဲ့သည့် ဗစ်တိုးရီးယား ကမ်းခြေရှိ နေအိမ်တွင်သာ ချန်းဖန် နေနေခဲ့သည်။ ယခုရက်အတွင်း သူ ရရှိခဲ့သော ကုန်ကြမ်းများက ဆေးနတ်ဘုရား တောင်ကြား ဆေးသိုလှောင်ခန်းတွင် ရှိသည့် တန်ဖိုး ပမာဏနှင့် အတူတူလောက်ပင် ဖြစ်သည်။ အစီအရင် ပညာရှင်များတွင် အဖိုးမဖြတ်နိုင်သည့် ဓမ္မအစီအရင်များ ရှိသည့်တိုင် သူတို့၏ ဗဟုသုတက ထိုအရာများကို အသုံးချရန် လုံလောက်ပုံ မရပေ။

"ဆရာ ... လက်ဖက်ရည် ရပါပြီ ...”

အသက်ရှူ မှားလောက်အောင် လှပသည့် မိန်းကလေးက စီချင် လက်ဖက်ရည်ကို ချန်းဖန်အား ကမ်းပေးသည်။ သူမက သာမန်ဆန်သော ဝတ်စုံကို ဝတ်ဆင်ကာ သူမ၏ ဆံပင်များကို သစ်သား ကလစ်‌ဖြင့် ချည်နှောင်ထားသည်။ သူမက ချန်းဖန်ရှေ့တွင် ကျွမ်းကျင် လိမ္မာသော ဇနီးလေး တစ်ဦး အတိုင်းပင်။

"မင်းကို ငါ့ရဲ့ အစေခံ လုပ်ပေးဖို့ ခေါ်ထားတာ မဟုတ်ဘူးနော်။ ကုမ္ပဏီကို ဦးစီးဖို့ဆိုတာ မမေ့နဲ့ဦး ...”

ချန်းဖန်က ပြောရင်း လက်ဖက်ရည်ခွက်ကို ယူကာ တစ်ငုံသောက် လိုက်သည်။

"ရှင်က ကျွန်မကို အကြွင်းမဲ့ သစ္စာရှိမှုကို တောင်းခဲ့တယ် မလား။ ခု ကျွန်မက ကိုယ့်ဆရာကို ဘယ်လို သစ္စာရှိကြောင်း ပြနေတာပါ ... "

ကျန်းအန့်ချီမှာ တည်တည်ငြိမ်ငြိမ်ပင် ရှိနေသေးသည်။ သို့သော်လည်း သူမ၏ စိတ်ထဲတွင် ချန်းဖန်၏ နူးညံ့သော ဆက်ဆံမှုကြောင့် ခံစားချက်များ ဖြစ်ပေါ်နေ၏။ ထိုလူငယ်ကို ကြည့်ရင်း အတိတ်က အကြောင်းအရာများကို ပြန်တွေးနေခဲ့သည်။

ထိုလူငယ်က သူမ၏ အဘိုးကို သတ်ပြီး မိသားစုပိုင် ပစ္စည်းများကို သိမ်းယူခဲ့သည်။ ထို့အပြင် သူမကိုပါ အဘွားကြီး တစ်ယောက်အသွင် ပြောင်းလဲ ပစ်ခဲ့ဖူးသည်။

ထိုလူငယ်အား မုန်းသလားဟု မေးလျှင် သူမ မုန်းသည်ဟု ဖြေခဲ့မိမည် ဖြစ်သည်။ သို့သော် ကိစ္စများအား သေချာ ပြန်တွေးကြည့်ခဲ့လျှင် သူ့ဘက်ကလည်း မလွန်ခဲ့ပေ။

ထိုလူငယ်မှာ သူမကို ယင်နဂါး နေအိုင်၌ တစ်ခါ ကယ်တင် ပေးခဲ့ဖူးသည်။ ထို့ပြင် သေခါနီး သူမ၏ အဘိုးကိုပင် သူ၏ ဆေးများအား အကြွေး ရောင်းပေးကာ ကုသစေခဲ့သည်။ ထိုဆေးများ ကြောင့်ပင် သူမ အဘိုး၏ ကျန်းမာရေး ပြန်လည် ကောင်းမွန် လာခဲ့သည်။

သူ ကိုယ်တိုင် ဟောင်ကောင်သို့ ရောက်လာသည့် အချိန်တွင်လည်း သူမ၏ ဆက်ဆံခဲ့မှုက ပြန်မတွေး ချင်အောင်ပင် ရှက်စရာ ကောင်းသည်။ ထို့အပြင် ချန်းဖန်ကြောင့်သာ သူမ၏ ဘေးမှ လူများ၏ အစစ်အမှန် စိတ်ဓာတ်ကို သိမြင်ခဲ့ရသည်။

နောက်ဆုံးတွင် ထိုလူငယ်က သူမ၏ ဘဝကို နောက်တစ်ကြိမ် ထပ်မံကယ်တင် ပေးခဲ့သည်။ သူမ၏ ရုပ်ရည်ကို ပြန်လည် ရရှိစေသည့် အပြင် ကျန်းလုပ်ငန်းစု၏ စီအီးအို ရာထူးကို ရယူစေခဲ့သည်။ ချန်းဖန်က သူ၏ ရုပ်ရည်ကို ပြန်လည် ရရှိစေပြီး နောက်၌ သူမ ချန်းဖန်အား အလုံးစုံ ယုံကြည် သွားခဲ့သည်။ ချန်းဖန်အား ကမ္ဘာပေါ်၌ ချစ်စရာ အကောင်းဆုံး လူသားတစ်ယောက် မြင်လာခဲ့သည်။

မိသားစု၊ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်း တစ်ယောက်မှ သူမထံတွင် မရှိတော့ချေ။ ယခု သူမတွင် ရှိသည့် အရာအားလုံးက ချန်းဖန်သာ ဖြစ်သည်။ ချန်းဖန်က သူမကို အိပ်မက်ဆိုးများ ပေးခဲသည့်တိုင် ဘဝ အစစ်အမှန်ကို တွေ့မြင်စေသော အိပ်မက်ဆိုးများသာ ဖြစ်သည်။

"ငါ ကျင်းမြို့တော်ကို သုံးရက်အတွင်း ပြန်တော့မယ်။ မင်း တစ်ခုခုလိုရင် ငါ့ကို ခေါ်လိုက်။ ခုနက နင်ပြောခဲ့တဲ့ အတိုင်းပဲ။ ငါ နင့်ရဲ့ ဆရာဆိုတော့ နင့်ကို ဘယ်သူမှ ထိခိုက်အောင် လုပ်လို့ မရဘူး။ "

ချန်းဖန်က ပြောလိုက်သည်။

"အင်း ...”

ကျန်းအန့်ချီက ခေါင်းကို ငုံ့ရင်း ပြောလိုက်သည်။ သူမက ချန်းဖန်၏ ဘေးနားတွင်သာ ရပ်နေခဲ့ပြီး ချန်းဖန် လုပ်နေသမျှကို ကြည့်နေခဲ့သည်။ ထိုရက်အတွင်း ချန်းဖန်၏ ဘေးနားတွင်သာ သူမ နေခဲ့သည်။ ထိုအတော အတွင်းမှာပင် တရုတ် ပညာရှင်များ ညီလာခံက ကျင်းပနေခဲ့ပြီ ဖြစ်၏။

***

ထိုအချိန် ထိုင်းနိုင်ငံ၊ ချင်းမိုင်၊ ချိုင်နားမြို့၊ ရှေးဟောင်း ဘုရားကျောင်း တစ်ခု၏ အတွင်းတွင် ... ကြောက်မက်ဖွယ် မျက်နှာနှင့် မင်များထက် ပိုမို နက်မှောင်သည့် မျက်လုံးရှိသော မျက်တစ်လုံး နာဂဘုရင် ရုပ်တုက ချောက်ချားဖွယ်ရာ တည်ရှိနေသည်။ ထိုရုပ်တု အောက်တွင် အနက်ရောင် ဝတ်စုံနှင့် ပိန်လှီသော အဘိုးအိုတစ်ဦး ထိုင်နေခဲ့သည်။ အဘိုးအိုမှာ တရားထိုင်နေပုံ ရပြီး သူ၏ ပတ်ဝန်းကျင်၌ မမြင်နိုင်သော ဖိအားတစ်မျိုး ရှိနေခဲ့သည်။

"ကျိုးတချီ သေပြီ”

လေးလံသော ခြေလှမ်းများနှင့် အသားအရေ နက်မှောင်သော လူတစ်ယောက်က ဘုရားကျောင်း အတွင်းသို့ ဝင်လာခဲ့၏။ သူ၏ ကိုယ်လုံးက သေးငယ်သည့်တိုင် ခေါင်းအစ ခြေဖျားအဆုံးက သန်မာသော ကြွက်သားများဖြင့် ဖွဲ့စည်းထားသည်။

သူက အဘိုးအို၏ မျက်နှာမူရာနှင့် လေးဆယ့်ငါး ဒီဂရီခန့် စောင်း၍ ထိုင်လိုက်သည်။ အကယ်၍ ထိပ်တန်း မွေထိုင်းဖိုက်တာ ငါးယောက်သာ ဤနေရာ၌ ရှိလျှင် ရှော့ခ်ရ သွားလောက်သည်။ ထို အသား နက်မှောင်သော လူမှာ ရှေးဟောင်း မွေထိုင်း၏ အထွတ်အထိပ် အဆင့် ပညာရှင် ဖြစ်သည်။

ကောလာဟလများ အရ ထိုလူမှာ ဆင်ကိုပင် မနိုင်သည်ဟု ဆိုသည်။ သို့သော်လည်း ထိုကဲ့သို့ လူမှာ ပိန်လှီသော အဘိုးအိုရှေ့၌ တပည့်တစ်ယောက်က ဆရာကို ဆက်ဆံသည့် ပုံစံဖြင့် လေးစားစွာ ထိုင်နေခဲ့သည်။

"အလော့ဒီ ... မင်း စိတ်မချဘူးလား ...”

အဘိုးအိုက မျက်လုံးများကို မှိတ်လျက်ပင် ရှိနေသေးသည်။ သို့သော်လည်း အနီရောင် အစက်တစ်ခုက သူ၏ မျက်လုံး နှစ်ခုကြား နဖူးတွင် ပေါ်လာခဲ့သည်။ အနီစက်က မျဉ်းဖြောင့် သဏ္ဌာန် ရွေ့လျားပြီး မျက်လုံးတစ်ခု အသွင် ဖြစ်ပေါ်စေသည်။

ထိုအရာကား တတိယ မျက်လုံး ဖြစ်ပြီး ရွှေရောင် ရှိကာ ရေခဲထက် ပိုမို အေးစက်သည့် အကြည့်များကို ထုတ်လွှတ်သည်။ အလော့ဒီ ခေါင်းကို ငုံလိုက်သည်။ သူ၏ မျက်လုံးတွင်မူ ကြောက်ရွံ့မှုနှင့် လေးစားမှုများက ပို၍ တိုးလာသည်။

ထို အဘိုးအိုမှာ အရှေ့တောင် အာရှ တစ်ခုလုံးတွင် မဟုတ်လျှင်ပင် ထိုင်းနိုင်ငံ၏ အစွမ်းအထက်ဆုံး ဓမ္မပညာရှင် တစ်ယောက် ဖြစ်သည်။ သူကား ဂွန်းတူဟု ခေါ်သော မှော်နက်ပညာရပ်၏ အထွတ်အထိပ် အဆင့်တစ်ယောက် ဖြစ်သည်။ သူ၏ အမည်က ဒါရှီဘာ ခွန်လွန် ဖြစ်၏။

***

All Chapters