တန်ခိုးရှင် အဆင့်၏ လျှို့ဝှက်ချက်
Vol. 3 Ch. 283
ဒါရှီဘာ ခွန်လွန်မှာ အရှေ့တောင် အာရှ၏ တရုတ် အဖွဲ့အစည်းတွင် ကျော်ကြားသော သူတစ်ယောက် ဖြစ်သည်။ ဂွန်းတူမှော်နက် ပညာရှင်များထဲ၌ ခွန်လွန်မှာ တစ်ဦးတည်းသော တရုတ်မျိုးဆက် ဖြစ်သည်။ သူက တရုတ်သွေး လေးပုံတစ်ပုံ ရောစပ်နေပြီး တရုတ် အစီအရင် ပညာရှင်များထဲ၌ အစွမ်းအထက်ဆုံး နှစ်ယောက် အဖြစ် ကျိုးတချီနှင့်အတူ ပူးတွဲရပ်တည် နေခဲ့သည်။
သို့သော်လည်း ကျိုးတချီမှာ ဖုန်းရွှေ ပညာရပ်ကို အဓိက အသုံးပြုပြီး ခွန်လွန်ကမူ ဂွန်းတူ မှော်နက် ပညာရပ်ကို လေ့ကျင့်သည်။ သူ၏ ဩဇာအာဏာက ထိုင်းနိုင်ငံ မြောက်ပိုင်းကို လွှမ်းမိုးနိုင်ကာ ထိုင်းဘုရင် ကဲ့သို့ပင် အာဏာ ကြီးမားသည်။
ထိုင်းနိုင်ငံ မြောက်ဘက်ရှိ စစ်ဘက်အရာရှိ များစွာမှာ သူ၏ တပည့်များ ဖြစ်ကြသည်။ ချင်းမိုင်ဒေသရှိ လူများမှာမူ သူ့အား မျက်တစ်လုံး နာဂ ဘုရင်ဟု ခေါ်ကြသည်။ ထိုမျက်လုံး ဘုရင်ဟုသော ဘွဲ့ထူးမှာ လွယ်လွယ်ကူကူ ရလာခြင်း မဟုတ်ပေ။
အဘိုးအိုမှာ နှစ်ပေါင်းများစွာ အကြာက မျက်လုံး ကွယ်ခဲ့သော်လည်း သူ၏ ဓမ္မအစီအရင်များကို သုံးကာ နဖူး၌ တတိယ မျက်လုံးကို ဖန်တီးခဲ့သည်။ သူ၏ တတိယ မျက်လုံးမှာ သာမန် မျက်လုံးများထက် အဆများစွာ ပိုမို အစွမ်းထက်ပြီး လူ၏ စိတ်နှလုံးကိုပင် ထွင်းဖောက် မြင်နိုင်သည်ဟု ဆိုသည်။
အလော့ဒီမှာ တစ်ခါက အဘိုးအိုအား စိန်ခေါ်ခဲ့ ဖူးသော်လည်း တစ်ကွက်ပင် မခုခံနိုင်ခဲ့ချေ။ ထို့ကြောင့် အဘိုးအို၏ အစွမ်းကို အလွန် လေးစားသွားကာ အဘိုးအိုအား ဆရာတင်ခဲ့သည်။
"လွန်ခဲ့တဲ့ နှစ်သုံးတယ်က ငါ ဟောင်ကောင်ကို မလေးရှားက မရမ်ရူနဲ့ အတူ သွားခဲ့သေးတယ်။ ငါတို့ အစီအစဉ်က ဟောင်ကောင်ကို သိမ်းယူမယ်ပေါ့။ ဒါပေမဲ့ ငါတို့ကို ကျိုးတချီက တားဆီးခဲ့တယ်။ သူက နဂါးကိုးကောင် ကြိုးကို သုံးပြီး မရမ်ရူကို သတ်ခဲ့တယ်။ သူ့ရဲ့ စွမ်းအားတွေက ငါနဲ့ သိပ်မကွာဘူး။ အဲဒါကြောင့် သူနဲ့ ပြဿနာ မဖြစ်အောင် ငါနေခဲ့တယ်”
ခွန်လွန်က ထိုင်ရာမှ ထကာ ကျောက်ပြား အခင်းပေါ်၌ ခြေချရင်း ပြောသည်။ သူက လွန်ခဲ့သည့် နှစ်သုံးဆယ်မှ မှတ်ဉာဏ်များကို ကွက်ကွက်ကွင်းကွင်း မှတ်မိနေပုံ ရသည်။
"အဲဒီနောက် ငါ ချင်းမိုင်ကို ပြန်လာပြီး ကျင့်ကြံခြင်း အပေါ်မှာပဲ အာရုံစိုက်ခဲ့တယ်။ နောက်ဆုံးမှာ တတိယ မျက်လုံးကို ရခဲ့ပြီး ဟောင်ကောင်ကို ငါထပ်သွားခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ ချူလုံတောင်ထိပ်က အစီအရင်က အရမ်း အစွမ်းထက် လွန်းတော့ ငါ ပြန်လှည့် လာခဲ့တယ်”
အလော့ဒီက တိတ်ဆိတ်စွာပင် နားထောင် နေသည်။
"လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လုံး ငါက ကျင့်ကြံခြင်း တစ်ခုတည်းပေါ်မှာ အာရုံစိုက်ခဲ့ပြီး နေ့တိုင်း စွမ်းအားတွေ တိုးလာခဲ့တယ်။ ခုအချိန်မှာ ကျိုးတချီတောင် ငါ့ပြိုင်ဘက် မဟုတ်တော့ဘူး”
ခွန်လွန်က သက်ပြင်း ချလိုက်သည်။
"ငါ ကျိုးတချီရဲ့ ဓမ္မအစီအရင်ကို အနိုင်ယူနိုင်မယ့် အချိန်ရောက်မှ သူသေသွား လိမ့်မယ်လို့ ငါ မတွေးထားခဲ့ဘူး။ ငါ သူ့ကို အနိုင်ယူဖို့ နှစ်သုံးဆယ်လုံး လေ့ကျင့်ခဲ့တယ်။ ခု ငါ့ရဲ့ စွမ်းအားတွေက ဘာလုပ် ရမှာလဲ။ ငါနှစ်သုံးဆယ် ကျင့်ကြံခဲ့တာတွေက ဘာအတွက်လဲ”
"ဆရာ ...”
အလော့ဒီက တီးတိုး ရေရွတ်လိုက် မိသည်။ သို့သော် သူ၏ ခေါင်းမှာမူ ကြမ်းပြင်သို့ ထိလုမတတ် ငုံ့ထားခဲ့သည်။
"ဘယ်သူ လုပ်တာလဲ ...”
ခွန်လွန်က လက်နှစ်ကို နောက်ပစ်ရင်း မျက်တစ်လုံး နာဂ ရုပ်တုကို လှည့်ကြည့်လိုက်သည်။
"တရုတ်လူမျိုး အထွတ်အထိပ် တစ်ယောက်ပါ။ သူ့ နာမည်က ချန်းပေ့ရွှမ်း ...”
အလော့ဒီက ကြောက်ရွံ့စွာ ပြောသည်။
"ချန်းပေ့ရွှမ်း ...”
ခွန်လွန်က စဉ်းစားဟန် ပြုသည်။
"ငါ နာမည်ကျော် တရုတ် သိုင်းပညာရှင်တွေ အားလုံးကို သိတယ်။ လင်းထျန်းရှန်၊ ဟွာရန်ဖန်း၊ ရဲ့နန်ထင်း၊ ဟောင်ဂိုဏ်းက လဲ့ချန်းကျွယ် ... ဒါပေမဲ့ ချန်းပေ့ရွှမ်း ဆိုတဲ့ နာမည်ကိုတော့ ငါ မကြားဖူးဘူး”
"ဆရာ ... သူက သိပ်မကြာသေးခင်ကမှ နာမည်ကြီး လာတာပါ။ လဲ့ချန်းကျွယ်ကို သတ်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ သူ့နာမည်က တရုတ် တစ်နိုင်ငံလုံးကို ကျော်ကြား လာခဲ့တယ်။ သူ့ကို တရုတ်ရဲ့ အစွမ်းအထက်ဆုံး အထွတ်အထိပ်လို့တောင် ခေါ်ကြတယ်”
အလော့ဒီက ရှင်းပြလိုက်သည်။
"လဲ့ချန်းကျွယ် သူ့လက်ထဲမှာ သေခဲ့တယ်”
ခွန်လွန်က ရေရွတ်လိုက်သည်။ သူ၏ အမူအရာကမူ ထိုသတင်းကြောင့် စိတ်လှုပ်ရှားဟန် မရပေ။
"ငါ လဲ့ချန်းကျွယ်ကို လွန်ခဲ့တဲ့ ဆယ်နှစ်က တွေ့ဖူးတယ်။ သူက အစွမ်းထက်တယ် ဆိုပေမဲ့ ငါနဲ့ ယှဉ်လို့ မရပါဘူး။ ဒါပေမဲ့ ကျိုးတချီကို သတ်လိုက်တယ် ဆိုတဲ့ သတင်းကတော့ တကယ် အံ့ဩစရာပဲ”
ခွန်လွန်က ပြောရင်း သူ၏ မေးစေ့ကို ပွတ်သပ်လိုက်သည်။
"ငါ့ရဲ့ အဆင့်ကို ရောက်လာတဲ့ ကျင့်ကြံသူတိုင်းက တန်ခိုးရှင် အဆင့်ကို ရောက်ဖို့ ဘယ်လောက် ခက်ခဲလဲ ဆိုတာကို ခံစားမိ လာကြတယ်။ သမိုင်းထဲက တန်ခိုးရှင် အဆင့် ပညာရှင်တွေထဲမှာ တစ်ယောက်ကပဲ သိုင်းပညာ လမ်းစဉ်ကနေ အဆင့်တက် နိုင်ခဲ့တယ်။ ကျန်တဲ့ ပညာရှင်တွေက အစီအရင် လမ်းစဉ်ကို လျှောက်လှမ်းတဲ့ သူတွေ ချည်းပဲ။ သိုင်းပညာရှင် အများစု အတွက်တော့ တန်ခိုးရှင် အဆင့်ကို ရောက်ဖို့ လုံးဝ မဖြစ်နိုင်ဘူး”
"သိုင်းပညာ လမ်းစဉ်ကနေ အထွတ်အထိပ် ဖြစ်လာခဲ့တဲ့ တစ်ယောက်က ဘယ်သူလဲ”
ခွန်လွန်က ဖြတ်မေးလိုက်သည်။
"သူက လင်းမိသားစု ကပေါ့။ လွန်ခဲ့တဲ့ နှစ်တစ်ရာ လောက်ကတည်းက သူက တရုတ်ရဲ့ အစွမ်း အထက်ဆုံးလူပဲ ...”
ခွန်လွန်က ဖြည်းဖြည်းမှန်မှန် ပြောသည်။ သူ၏ စကားလုံးတိုင်းက တောင်ကြီး တစ်တောင်ကို သယ်သူ ထားရသည့် အလား လေးလံနေသည်။
"တရုတ် အရှေ့တောင်ပိုင်းက လင်းမိသားစု ...”
အလော့ဒီက ခေါင်းကို ပိုမို ငုံ့လိုက်မိသည်။ လင်းမိသားစုမှာ သိုသိပ်စွာ နေသည့်တိုင် ထိုနာမည်အား ကြားဖူးသူတိုင်း ရင်ထဲမှ စိမ့်၍ ကြောက်ရွံ့အောင် စွမ်းဆောင်နိုင် နေသေး၏။ လွန်ခဲ့သည့် နှစ်နှစ်ဆယ်ခန့်က လင်းထန်းရှန် ဟုခေါ်သည့် အထွတ်အထိပ် တစ်ဦးက အရှေ့တောင်အာရှကို မင်းမူနိုင် ခဲ့သေးသည်။
"ကြားရတဲ့ ကောလာဟလတွေ အရ ဆိုရင် ချန်းပေ့ရွှမ်းက ဓမ္မအစီအရင် လမ်းစဉ်မှာပါ ပြည့်စုံခြင်း အဆင့် ရောက်နေခဲ့ပြီ”
အလော့ဒီက ဆက်ပြောလိုက်သည်။
"အင်း ...”
ခွန်လွန်က ခေါင်းညိတ်သည်။
"ဒါပေမဲ့ အဲဒါက လမ်းစဉ် တစ်ခုကို လျှောက်လှမ်းဖို့ သွေဖည်ခြင်းကို ဖြစ်စေတယ်။ တကယ်လို့ တစ်ယောက်ယောက်က လမ်းစဉ်နှစ်ခုကို လျှောက်လှမ်းရင် စိတ်ရှုပ်ထွေးမှုကို ဖြစ်စေတယ်လို့ ဆရာထင်လား ...”
အလော့ဒီက မေးသည်။
"မင်းရဲ့ နားလည်မှုက အရမ်း နိမ့်ကျ နေသေးတယ်”
ခွန်လွန်က လက်ကို နောက်ပစ်ထားရင်းမှ မျက်တစ်လုံး နာဂဘုရင် ရုပ်တုကို မော့ကြည့်လိုက်၏။
"သိုင်းပညာ လမ်းစဉ်က စတင်ဖို့ အရမ်း လွယ်ကူပေမဲ့ ဆရာအဆင့်ကို ရောက်လာဖို့က အရမ်း ခက်ခဲတယ်။ ကမ္ဘာပေါ်မှာ သိုင်းပညာ လမ်းစဉ်ကို လျှောက်လှမ်းတဲ့ လူက အရမ်းကို များပြားလွန်းတယ်။ ဘရာဇေးရဲ့ ဂျူဂျစ်ဆု၊ အင်ဒီယန်တွေရဲ့ ရှေးဟောင်းရောဂ ပညာရပ်၊ ထိုင်းတွေရဲ့ မွေထိုင်း အားလုံးက သိုင်းပညာ လမ်းစဉ်ဝင် တွေပဲ။ ဒါပေမဲ့ အထွတ်အထိပ် အဆင့်ကို ရောက်တဲ့သူ ဘယ်နှယောက် ရှိလဲ။ တစ်ဖက်မှာတော့ ဓမ္မအစီအရင် လမ်းစဉ်က စတင်ဖို့ မလွယ်ကူပေမဲ့ ဆရာအဆင့်ကို ရောက်ဖို့က သိုင်းပညာ လမ်းစဉ်ထက် လွယ်ကူတယ်”
ခွန်လွန်၏ အမူအရာက ဂုဏ်ယူခြင်းများဖြင့် ရင်ကို ကော့လိုက်၏။
"ဓမ္မအစီအရင် လမ်းစဉ်ကို လျှောက်သူ သိပ်မရှိပေမဲ့ အားလုံးက တန်ခိုးရှင် အဆင့်ကို မရောက်ရင်တောင် အနည်းဆုံး တာအို ရရှိခြင်း အထွတ်အထိပ် အဆင့်ကို ရရှိနိုင်တယ်။ လူတွေက တန်ခိုးရှင် ဆိုတာရဲ့ အဓိပ္ပာယ်ကို နားလည်မှု လွဲနေကြတယ်။ တန်ခိုးရှင် အဆင့်ဆိုတာ ဝိညာဉ် စွမ်းအင်ပဲ။ လွန်ခဲ့တဲ့ နှစ်တစ်ရာ အတွင်းမှာ ဝိညာဉ် စွမ်းအင်ကို ရရှိခဲ့တဲ့သူ တစ်ယောက်မှ မရှိခဲ့ဘူး။ တန်ခိုးရှင် အဆင့် ကျင့်ကြံသူ အားလုံးက ဓမ္မကျင့်ကြံခြင်း လမ်းစဉ်ကို အထူးပြုပြီး လျှောက်လှမ်း ကြသူတွေ ချည်းပဲ”
"ဒါကြောင့်မလို့ ဂွန်းတူ၊ ဖုန်းရွှေ၊ စုန်းကဝေ၊ နင်ဂျစ်ဆု စတဲ့ ဓမ္မလမ်းစဉ်ကို လျှောက်လှမ်း သူတွေက ကျင့်ကြံခြင်း အပေါ် နက်နက်ရှိုင်းရှိုင်း ပိုပြီး သဘောပေါက် လာတာနဲ့ ကျင့်ကြံခြင်း ကလည်း ပိုမို လွယ်ကူလာတယ်”
"သိုင်းပညာရှင် တစ်ယောက်က ကျင့်ကြံခြင်းကို ပိုပြီး အဆင့်မြင့်ချင်ရင် ဓမ္မကိုပါ ကျင့်ကြံဖို့ လိုအပ်တယ်။ သိုင်းပညာ လမ်းစဉ်ရဲ့ အဆုံးသတ်က ဓမ္မကို ကျင့်ကြံခြင်းလို့ ပြောနိုင်တယ်။ တစ်ယောက်ယောက်က တန်ခိုးရှင် အဆင့်ကို ရောက်ချင်ရင် ညီမျှခြင်း နှစ်ခုကြားမှာ ကျင့်ကြံသင့်တယ်”
အလော့ဒီမှာ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့ပြီ ဖြစ်၏။ ထိုအရာကား တန်ခိုးရှင် အဆင့်၏ လျှို့ဝှက်ချက်ပင်။
"ချန်းပေ့ရွှမ်းက ကျိုးတချီရဲ့ အစီအရင်ကို အန်တုနိုင်ပြီး သူ့ကို သတ်ဖြတ်နိုင်ခဲ့တယ် ဆိုတာက နယ်ပယ်နှစ်ခု စလုံးမှာ မမျှော်မှန်း နိုင်လောက်အောင် ရောက်နေခဲ့လို့ပဲ။ သူက တန်ခိုးရှင် အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ ငါတို့ နှစ်ယောက်လုံးရဲ့ စွမ်းအားတွေက အတူတူလောက်ပဲ ရှိလိမ့်မယ်”
ခွန်လွန်က ဆက်ပြောသည်။ ထိုစဉ်မှာပင် ခြေအိတ်ရှည် ဝတ်ဆင်ထားသော မိန်းကလေး တစ်ယောက်က ဘုရားကျောင်း အတွင်းသို့ ဝင်ရောက်လာကာ ...
"ဆရာကြီး ... ဟောင်ကောင် လုံမိသားစု ခေါင်းဆောင်က ဆရာကြီးနဲ့ တွေ့ချင်လို့တဲ့”
"ဟားဟား ... နောက်ဆုံးတော့ ဟောင်ကောင်ရဲ့ ခွေးအိုကြီးတွေက လှုပ်ရှား တော့မယ်ပေါ့”
ခွန်လွန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ အဘိုးအိုက သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ရင်းပင် ဘုရားကျောင်းမှ ထွက်ရန် ပြင်လိုက်သည်။
"ငါ့နောက်က လိုက်ခဲ့ အလော့ဒီ။ ငါ့ရဲ့ သူငယ်ချင်းဟောင်း တစ်ယောက်ကို သွားတွေ့ရအောင်။ ငါက ဒီအခွင့်အရေး အတွက် နှစ်သုံးဆယ်လုံး စောင့်နေခဲ့တာ။ ခုက ဟောင်ကောင်ကို မျက်တစ်လုံး နာဂရဲ့ နယ်မြေအဖြစ် ပြောင်းလဲ ပစ်ရမယ့် အချိန်ပဲ”
"ဟုတ်ကဲ့ ...”
အလော့ဒီက ရိုသေစွာ ပြန်ပြောရင်း ထိုင်ရာမှ ထလိုက်သည်။
"ဒါပေမဲ့ ဆရာ ... ဟို ချန်းပေ့ရွှမ်း ကရော ...”
အလော့ဒီက လျှောက်လာရင်း မေးလိုက်သည်။ အကယ်၍ ခွန်လွန် ဟောင်ကောင်ကို လွှမ်းမိုးလိုလျှင် ချန်းပေ့ရွှမ်းက ဆူးတစ်ခု ဖြစ်နေသည်။
"ဟားဟား ... စာရွက်ပေါ်မှာ နှိုင်းယှဉ် နေတာထက် လက်တွေ့ တိုက်ခိုက်တာက ပိုမတိကျဘူးလား ...”
ခွန်လွန်၏ နှုတ်ခမ်းက အနည်းငယ် တွန့်ကွေးကာ သူ၏ ယုံကြည်မှု ရှိခြင်းကို ပေါ်လွင်စေသည်။
"ငါ သူ့ကို မသတ်နိုင်ရင်တောင် သူ့ကို ဟောင်ကောင်ကနေ မောင်းထုတ်နိုင်တယ်။ နောက်ပြီး ရှေးဟောင်း ကဝေဂိုဏ်း၊ စုန်းအတတ်ရဲ့ ဂွန်းတူ လျှို့ဝှက် ပညာရပ်တွေ ငါ့မှာ ရှိတယ်ဆိုတာ မမေ့နဲ့ဦး။ အစီအရင် ပညာတစ်ခုနဲ့တင် ငါက ကျိုးတချီထက် ပိုပြီး အစွမ်း ထက်နေပြီ”
အလော့ဒီက သဘောတူစွာ ခေါင်းညိတ်သည်။ သူက ဂွန်းတူလမ်းစဉ် အထွတ်အထိပ် ပညာရှင်၏ စွမ်းအားကို အမြဲတမ်း ယုံကြည်ခဲ့သည်။
***
ထိုအချိန်တွင် ချန်းဖန်မှာ စားပွဲတစ်ခု၌ ထိုင်ရင်း စာဖိုင်များဖြင့် အလုပ်ရှုပ် နေခဲ့သည်။ သူက ဟောင်ကောင်တွင် လူစိမ်းတစ်ယောက် ဖြစ်သည့်တိုင် ယခုမူ ဟောင်ကောင် တစ်ခုလုံး နီးပါးကို အောင်မြင်စွာ စည်းရုံးနိုင်ခဲ့ပြီ ဖြစ်သည်။
ဟောင်ဝမ်ဇီ၊ ကျိုးကျိယူ၊ ချူယူလင်း စသည့် ထိပ်တန်း အစီအရင် ပညာရှင်များ၏ လေးစားမှုနှင့် သစ္စာရှိမှု တို့ကိုလည်း သိမ်းပိုက် နိုင်ခဲ့သည်။ ထို့ကြောင့် ဟောင်ကောင် တစ်ခုလုံးမှာ သူ၏ မျက်လုံးများ၊ နားများကဲ့သို့ ဖြစ်နေခဲ့ပြီး ချန်းဖန် မသိရသော သတင်း မရှိပေ။ ချန်းဖန် လက်ထဲမှ စာဖိုင်များနှာ ချူးယူလင် စုစည်းပေးထားသော အရာများ ဖြစ်သည်။
"လုံမိသားစု ...”
ချန်းဖန် ပြုံးကာ တီးတိုး ရေရွတ်လိုက်၏။ ယခု လောလောဆယ်တွင် ကျန်းလုပ်ငန်းစုမှာ များပြားသော အင်အားစုများ၏ ပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံနေရသည်။ ထို ပြဿနာများကို အဓိက ကြိုးကိုင်သူမှာ လုံမိသားစု ဖြစ်သည်။
"ငါ ဟောင်ကောင်က မပြန်ခင် လုံမိသားစုကို သွားလည် ဦးမှပဲ။ နင်းရှန်းချန်ရဲ့ အဖြစ်အပျက်က အဲဒီ လောဘအိုးတွေကို မခြောက်လှန့် နိုင်ဘူးပေါ့လေ”
ချန်းဖန် တွေးရင်း အေးစက်စက် ပြုံးလိုက်တော့သည်။
***