← Chapters

တစ်ချက်တည်း

Vol. 3 Ch. 285

တစ်ချက်တည်း

Vol. 3 Ch. 285

"ဘယ်သူလဲ ...”

အလော့ဒီက မေးလိုက်သည်။ သူက ထိုင်ရာမှ လျင်မြန်စွာ ထ၍ တံခါးရှိရာသို့ ကြည့်လိုက်သည်။ သူ၏ တုံ့ပြန်မှုက အခြားလူ အားလုံးထက် ပိုမို မြန်ဆန်သည်။ လုံမိသားစုဝင် များမှာမူ ကျောရိုးများမှ အေးစက်မှု တစ်ခုကို ခံစားလိုက် ရသည်။

"ခရက် ...”

ရုတ်တရက် တံခါးက အစိတ်စိတ် အမြွှာမြွှာ ကွဲကြေ၍ လူငယ်တစ်ယောက် အိမ်ထဲသို့ ဝင်လာခဲ့သည်။ သူက လက်နှစ်ဖက်ကို နောက်ပစ်၍ ပေါ့ပေါ့ပါးပါး ပုံစံပင်။ တံခါး၏ တစ်ဖက်မှ တံခါးစောင့်များ၊ ဘော်ဒီဂတ်များကိုမူ မတွေ့ရတော့ချေ။

"မင်း ဘယ်သူလဲ ...”

အလော့ဒီက တရုတ်သံ ဝဲဝဲဖြင့် မေးသည်။ ထိုလူငယ်၏ ကိုယ်မှ မည်သည့် ကျင့်ကြံမှု အရှိန်အဝါပင် သူ မခံစားရချေ။

"သူက ချန်းပေ့ရွှမ်း ...”

သူ့အနားရှိ လုံချန်က ထအော်လိုက်သည်။ ချန်းဖန်မှာ အဇူရာ သက်ရှည် ခန္ဓာကိုယ် တည်ဆောက်ပုံကြောင့် ပြောင်းလဲသွားသည့် ရုပ်သွင်ကို မဖော်ဆောင်ပဲ သူ၏ မူလ သေမျိုး ပုံစံသာ ဖြစ်သဖြင့် သူ၏ ပုံစံက သာမန်ဆန် နေသည်။

"မင်းက ချန်းပေ့ရွှမ်းလား ...”

အလော့ဒီ သွေးများ ဆူပွက်ကာ ရင်ခုန် လာသောကြောင့် သူ၏ စွမ်းအားများကို ခန္ဓာကိုယ်တွင်းရှိ ဆဲများ အားလုံးသို့ ပို့ဆောင်ရင်း အားတင်းလိုက်သည်။ ယခုအချိန်၌ သူ၏ ခွန်အားမှာ တစ်မီတာခန့် ထူသော သံမဏိ နံရံကိုပင် ထိုးခွဲနိုင်သည်ဟု သူ ယုံကြည်မှု ရှိသည်။

အလော့ဒီ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်လာသည်။ သူက မွေထိုင်း ပညာရပ်၏ အထွတ်အထိပ် အဆင့် ဖြစ်ကာ တစ်ခါ မရှုံးခဲ့ဖူးချေ။ သူ ရှုံးနိမ့်ခဲ့ဖူး သည်မှာ သူ၏ဆရာ ခွန်လွန်သာ ရှိသည်။

"မင်းကို ငါ့နာမည် တပ်ခေါ်ရ လောက်အောင် ဘယ်အရာက တွန်းအားပေးတာလဲ”

ချန်းဖန် နှာခေါင်းရှုံ့ လိုက်ကာ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ ချန်းဖန် ဤနေရာသို့ ရောက်လာခြင်းမှာ ကြက်ကိုသတ်၍ မျောက်အား ခြောက်ရန် ဖြစ်သည်။ သို့သော်လည်း ဤနေရာ၌ စွမ်းအား ကြီးမားသူ နှစ်ယောက် ရောက်နေခြင်းက သူ့ကို အံ့အားသင့် စေသည်။ ချန်းဖန်အတွက် ခေါင်းရှုပ်ခံ၍ တွေးနေစရာ မလိုပေ။ ထိုလူများမှာ ထိုင်းမှ ဖြစ်စေ။ ဟောင်ကောင်မှ ဖြစ်စေ။ အားလုံးက ကြက်ကလေးများသာ ဖြစ်သည်။

ချန်းဖန် လက်ကို ဝှေ့ယမ်း လိုက်သည်နှင့် အလော့ဒီ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်လာသည်။ သူက ရင်ဘတ်အား ‌ဖားတစ်ကောင် ကဲ့သို့ ဖောင်းရင်း ထူးဆန်းသော အသံတစ်ခုကို ဖန်တီးသည်။ သူ၏ ခြေထောက်ကလည်း ကြမ်းပြင်ကို ဆောင့်နင်းကာ စိတ်ဓာတ်ကျသော အသံတစ်ခုကို ဖြစ်ပေါ်စေသည်။

"ချာကရာဗာတီရဲ့ လက်သီး ...”

အလော့ဒီ၏ လက်ချောင်းများက လေထဲတွင် ကခုန်ကာ ကွဲခြား ခြားနားသော လက်ပုံစံများကို ဖန်တီးသည်။ ထိုအရာများက အရိပ်သဖွယ် လျင်မြန်စွာ လှုပ်ရှားနေကာ ကြာပွင့်သဏ္ဌာန် အရိပ်တစ်ခု ဖြစ်တည်လာသည်။ ထိုအရာက စူးရှသော အလင်းကို သယ်ဆောင်ကာ လေထုအား ပေါက်ကွဲစေသည်။

ချန်းဖန် အနေဖြင့် ထိုင်းနိုင်ငံမှ စွန်းတို၊ လက်ရှစ်ဖက် အာဟက် စသည့် သိုင်းသမားများကို တွေ့မြင်ခဲ့ ဖူးသော်လည်း ထိုလူများက ပြိုင်ဘက်ကို ဒူး၊ တံတောင်၊ လက်၊ ခြေထောက် စသည်တို့ကိုသာ အသုံးပြု၍ တိုက်ခိုက်ကြသူများ ဖြစ်သည်။

အလော့ဒီ၏ ပုံစံမှာမူ ထိုအရာများထက် ကျော်လွန်သည်။ သူ၏ ပညာရပ်က တာအိုနှင့် ဓမ္မကို ပေါင်းစပ်ထားဟန် ရသည်။ သူ ဖော်ထုတ်နေသည့် ချာကရာဗာတီ လက်သီးသိုင်းမှာ ထေရဝါဒ ဗုဒ္ဓဘာသာ၏ လျှို့ဝှက် ပညာရပ် တစ်ခုဖြစ်ပြီး မွေထိုင်း ပညာရပ်၏ နှလုံးသားလည်း ဖြစ်သည်။ နှိုင်းယှဉ် ဖော်ပြရလျှင် သူ၏ ခွန်အားက ဆင်တစ်ကောင်ထက် အဆများစွာ ပိုမို သန်မာသည်။

"အလော့ဒီက အထိပ်အထိပ် အဆင့် တစ်ယောက်ကို အလွယ်လေး အနိုင် ယူနိုင်တယ်”

ခွန်လွန်က အေးဆေးစွာ ကြည့်ရင်း မှတ်ချက်ချသည်။ လုံမိသားစုဝင် တိုင်းမှာလည်း ထိုမြင်ကွင်းကို ကြည့်၍ မှင်တက် နေကြသည်။ သူတို့ အနေဖြင့် သိုင်းပညာရှင်များကို နားမလည်သည့်တိုင် အလော့ဒီကိုယ်မှ ထွက်ပေါ်နေသော စွမ်းအားများက နတ်ဘုရား တစ်ပါးအလား ကြီးမားလွန်းသည်။

"အရမ်း ကြောက်စရာ ကောင်းတာပဲ။ အဲဒါက အထွတ်အထိပ် အဆင့် တစ်ယောက်ရဲ့ စွမ်းအားလား ...”

‌လုံကျန်းရှင်း၊ လုံချန်တို့မှာ ပါးစပ် အဟောင်းသား ဖြစ်နေကြသည်။ သူတို့က အထွတ်အထိပ် အဆင့်များ၏ ကြီးကျယ် ခမ်းနားမှုကို ကြားဖူးသည့်တိုင် မျက်လုံးနှင့် တစ်ခါမျှ မတွေ့မြင်ဖူးခဲ့ချေ။ အရပ်ပုပု၊ လူကောင်သေးသေး လူတစ်ယောက်ထံတွင် ထိုသို့သော စွမ်းအားများ ရှိနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ဖူးပေ။ သူတို့၏ မျက်လုံးများက ကြောက်ရွံ့ခြင်း၊ လေးစားခြင်းများ ပြည့်နှက်လာသည်။

"အလော့ဒီတောင် ဒီလောက် စွမ်းအားကြီးရင် ခွန်လွန် ဆိုရင်ရော ...”

လူတိုင်း၏ မျက်နှာတွင် ကြောက်ရွံ့ခြင်းများ ကြီးစိုးနေသည်။ သို့သော်လည်း ချန်းဖန်မှာမူ လွန်စွာ တည်ငြိမ် နေသေးသည်။ သူက လက်ကို ပျင်းရိစွာ မရင်း ဖြည်းညင်းစွာ ဝှေ့ယမ်းလိုက်၏။ အလော့ဒီ၏ မျက်လုံးတွင် အထင်သေးခြင်းများ ပေါ်လာပြီး ထိုတိုက်ခိုက်မှုကို ခုခံရန် ပြင်သည်။ သူ၏ ကြွက်သားများက ပိုမို နက်မှောင်လာကာ ကျည်ဆန်ပင် လက်လျှော့ရ လောက်အောင် မာကျောလာသည်။

ဒေါင် ...

ကြေးခေါင်းလောင်းကို သစ်သားဖြင့် ထိုးလိုက် သကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာသည်။ အလော့ဒီ စွမ်းအင်လှိုင်းကို ခုခံနေချိန်မှာပင် ချန်းဖန်၏ လက်တစ်ဖက်က လျင်မြန်စွာ ရွေ့လျားရင်း အလော့ဒီ၏ ခေါင်းထက်သို့ ကျသည်။

ဖောင်း ...

ပေါက်ကွဲသံက ဆက်တိုက် ဖြစ်ပေါ်ကာ အလော့ဒီ မြေပြင်ပေါ်သို့ ပြန့်ကျဲကာ ပြုတ်ကျသွားသည်။ အခန်းတစ်ခုလုံး အပ်ကျသံ ကြားရလောက်အောင် လုံးဝ တိတ်ဆိတ် သွားခဲ့၏။ လူတိုင်းမှာ သူတို့ မြင်နေရသော မြင်ကွင်းကြောင့် အကြောက်လွန်ကာ ငေးငိုင် နေကြသည်။

ဒါရှီဘာ ခွန်လွန်ပင်လျှင် သူ၏ ကုလားထိုင်မှ မြေသို့ ပြုတ်ကျသည်။ စိန်ကဲ့သို့ မာကျောသည့် ကြွက်သားများ ပိုင်ဆိုင်သည့် အလော့ဒီ ကဲ့သို့ လူတစ်ယောက်ကား ချန်းဖန်၏ အစိတ်စိတ် အမြွှာမြွှာ ပြုလုပ်ခြင်းအား ခံလိုက်ရပြီ ဖြစ်သည်။

မျက်လုံးဓမ္မ အစီအရင်ကြောင့် ခွန်လွန်မှာ ထိုတိုက်ပွဲကို သာမန် လူများထက် ပိုမို ရှင်းလင်းစွာ တွေ့မြင်ခဲ့ရသည်။ ချန်းဖန်၏ လက်ဝါး အလော့ဒီ ခေါင်းပေါ်သို့ ကျချိန်မှာပင် စွမ်းအင်လှိုင်း တစ်ခုက ထွက်လာကာ သူ၏ ဦးနှောက်ကို ဖျက်ဆီးသည်။ ထို့နောက် လည်ချောင်း၊ နှလုံး၊ အဆုတ် စသည်ဖြင့်။

အလော့ဒီကား ချန်းပေ့ရွှမ်း၏ တိုက်ခိုက်မှုကို တစ်ကွက်ပင် ခံနိုင်ရည် မရှိခဲ့ပေ။ သူ၏ ခန္ဓာကိုယ် ကြမ်းပြင်ပေါ်၌ အစိတ်စိတ်၊ အမြွှာမြွှာ ပြန့်ကျဲ သွားခြင်းဖြင့်သာ အဆုံးသတ် ခဲ့ရသည်။

"မဖြစ်နိုင်တာ ...”

ခွန်လွန် ကိုယ်တိုင်ပင် ထိုမြင်ကွင်းကို မယုံနိုင်ခဲ့ပေ။ အလော့ဒီ၏ ခွန်အားမှာ ဆင်တစ်ကောင်ထက် ပိုမို သန်မာပြီး သူ၏ ခန္ဓာကိုယ် ကလည်း သံမဏိကဲ့သို့ မာကျောကြောင်း ခွန်လွန် ကောင်းစွာသိသည်။ သူပင်လျှင် အလော့ဒီနှင့် ခန္ဓာကိုယ် သန်မာမှုခြင်း မယှဉ်နိုင်ပေ။ အလော့ဒီကို အနိုင်ယူခဲ့စဉ်က ဝိညာဉ် စွမ်းအားကို အသုံးပြု၍ အနိုင်ယူခဲ့ခြင်း ဖြစ်သည်။

"ကျိုးတချီ ဘာလို့ ရှုံးသွားတယ် ဆိုတာ ငါနားလည်ပြီ”

ခွန်လွန်က‌ တွေးလိုက်သည်။

"အရူးကောင် ... မင်းက ငါ့နဲ့ ခုတိုက်ခိုက် ချင်တာလား ...”

ခွန်လွန်က ထိုင်ရာမှ ထကာ‌ မေးလိုက်သည်။ ချန်းဖန်က သူ့ကိုယ်မှ ဖုန်များကို ခါလိုက်ရင်း ...

"ခင်ဗျားက ကျုပ်ကို ဆယ်ရက် အကြာမှာ စိန်ခေါ်မယ်လို့ ပြောခဲ့တယ် မလား။ အခု တိုက်ခိုက် ကြရင်ရော ဘယ်လိုလဲ”

ချန်းဖန် ပခုံးနှစ်ဖက်မှ အမှုန်များကို ခါလိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို နောက်ပစ်၍ အဘိုးအိုအား ပြုံးကာ ကြည့်သည်။

"တစ်ကွက်တည်းပဲ။ ခင်ဗျားသာ ကျုပ်ရဲ့ တစ်ကွက်ကို ခုခံနိုင်ရင် ကျုပ်ဟောင်ကောင်က ထွက်သွားပေးမယ်”

"ချန်းပေ့ရွှမ်း ... မင်းက ငါ့ကို အထင်သေး နေတာပဲ”

ခွန်လွန်က အေးစက်စက် ပြောသည်။

ရုတ်တရက် သူ၏ နဖူးမှ အနီကြောင်းမှာ ရွှေရောင် မျက်လုံးအသွင် ပွင့်အလာသည်။ ရုတ်တရက် ထိုနေရာမှ ရွှေရောင် အလင်းတန်း တစ်ခု ပေါ်ထွက်ကာ ချန်းဖန်အား ဝန်းရံသည်။

ထိုအရာကား သူ နှစ်သုံးဆယ်လုံးလုံး ကျင့်ကြံ ထားခဲ့သော နာဂမျက်လုံး နည်းစနစ် ဖြစ်သည်။ ထို နည်းစနစ်ကို အောင်မြင်ရန် သူ၏ မျက်လုံးများကိုပင် ရင်းနှီးခဲ့သည်။ အဆုံးစွန်သော ပေးဆပ်မှုများ အဆုံးတွင် ထို နာဂမျက်လုံးကို အောင်မြင်ခဲ့သည်။

သူ၏ မျက်လုံးမှ ထုတ်လွှတ်သော ရွှေရောင် အလင်းမှာ လူတစ်ယောက်၏ ဝိညာဉ်ကိုသာ ပစ်မှတ်ထား တိုက်ခိုက်သည်။ သိုင်းပညာရှင် တစ်ယောက်မှာ မည်မျှပင် အစွမ်းထက် စေကာမူ ဝိညာဉ် စွမ်းအင်ကမူ သူ့ထက် များစွာ လျော့နည်းသည်။ ထို့ ဝိညာဉ် စွမ်းအင်ကြောင့်ပင် ခွန်လွန် အနေဖြင့် ချန်းဖန်အား စိတ်ခေါ်ရန် ယုံကြည်မှု ရှိလာခဲ့သည်။ ထိုအရာက သူ၏ ဝှက်ဖဲ ဖြစ်သည်။

"ခုန တစ်ယောက်က ခန္ဓာကိုယ် ခွန်အားကို သုံးပြီး တိုက်ခိုက်တယ်။ မင်းက နတ်ဘုရား စိတ်အာရုံကို သုံးတယ်ပေါ့ ...”

ချန်းဖန်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ သူ၏ ဝိညာဉ် စွမ်းအင်က ကမ္ဘာပေါ်ရှိ သေမျိုးများ အလှမ်း မမီနိုင်သော အ‌ဆင့်၌ ရောက်ရှိခဲ့ပြီး ဖြစ်သည်။ သူတို့ နှစ်ယောက်ကြားမှ ဝိညာဉ်စွမ်းအင် ကွာခြားမှုမှ ဓမ္မကျင့်ကြံခြင်း ကွာခြားမှုထက် ပိုမို ကြီးမားသည်။

***

All Chapters