မူလခန္ဓာကိုယ် ထွက်ပေါ်လာခြင်း....
Vol. 26 Ch. 391
စိတ်ဝိညာဉ်ပုံရိပ်တစ်ခုပေါ်လာပြီး အဋ္ဌမကောင်းကင်ဘုံ ဝင်ပေါက်သို့ အသည်းအသန် ထွက်ပြေးလေသည်။
ထိုစိတ်ဝိညာဉ်က အလွန်လျင်မြန်လှသဖြင့် လင်းယွမ်ပင် ၎င်းကို မမီနိုင်သောကြောင့် တားဆီးခြင်းမပြုခဲ့ပေ။
" နှမြောစရာပဲ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
ထိုအင်မော်တယ်ဘုရင် ပိုင်ဆိုင်သော ဖန်တီးခြင်းစွမ်းအားက သူနားလည်ပြီးသားဖြစ်သောကြောင့် ရန်သူက်ု သတ်ဖြတ်ခြင်းက အကျိုးမရှိပေ။
ပိန်ပိန်နှင့် အင်မော်တယ်ဘုရင်၏ သေဆုံးမှုက ပတ်ဝန်းကျင်မှ အထွတ်အထိပ် အင်မော်တယ်ဘုရင်များ၏ အာရုံကို ဆွဲဆောင်သွားသည်။
သမိုင်းမတိုင်မီခေတ်မှ အင်မော်တယ်ဘုရင်များက လင်းယွမ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။
ပိန်ပိန်နှင့် အင်မော်တယ်ဘုရင်က အလွန်သန်မာသည်မဟုတ်သော်လည်း အလွန်အားနည်းခြင်းတော့မရှိပေ။ သူ့ကို လက်သီးတစ်ချက်တည်းနှင့် ပေါက်ကွဲစေခြင်းမှာ....
ထိုလူက အဆင့်မြင့် ဖန်တီးခြင်းစွမ်းအားတစ်ခုကို တတိယနယ်ပယ်ထိ နားလည်ထားတာလား။ ထိုစွမ်းအားက ကောင်းကင်ဖွင့်လှစ်ခြင်းစွမ်းအားကဲ့သို့ တိုက်ခိုက်ရေး ဖန်တီးခြင်းစွမ်းအားတစ်ခုလား။
" ဟားဟားဟား သိုင်းဘိုးဘေး မင်းမှာ ဒီလိုခွန်အားမျိုး ရှိလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ " ကောင်းကင်ဖွင့်လှစ်ခြင်း အင်ျမာ်တယ်ဘုရင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
" သိုင်းဘိုးဘေးလား။ " အဋ္ဌမကောင်းကင်ဘုံ၏ ဝင်ပေါက်မှ လင်းရှုအင်မော်တယ်ဘုရင်က တိုက်ပွဲတွင် ပါဝင်ခြင်းမရှိသေးပေ။ သူက အောက်ရှိ အထွတ်အထိပ် အင်မော်တယ်ဘုရင်များ အဋ္ဌမကောင်းကင်ဘုံသို့ ခိုးဝင်ခြင်းကို ကာကွယ်တားဆီးရန် ဖြစ်သည်။
" ဒီခေတ်မှာ ဒီလောက်အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဘယ်တုန်းက ပေါ်လာတာလဲ။ " လင်းရှုအင်မော်တယ်ဘုရင်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။
သူက စစ်မြေပြင်ကို အဆက်မပြတ် သတိထား၍ ကြည့်ရှုနေပြီး လင်းယွမ်၏ တိုက်ပွဲကိုလည်း စောင့်ကြည့်ခဲ့သည်။ လင်းယွမ်၏ ခွန်အားက ကောင်းကင်ဖွင့်လှစ်ခြင်း အင်မော်တယ်ဘုရင်နှင့် ကျစ်ကောင်းအင်မော်တယ်ဘုရင်တို့ထက် သာလွန်နိုင်ကြောင့် သူက ဝေဝါးစွာ ခံစားမိခဲ့သည်။
" အဲ့လိုတော့ မဖြစ်ဘူး။ ဟန်ချက်ပျက်သွားပြီ။ "
" ဒီသိုင်းဘိုးဘေးကို ရှိခွင့်ပေးလို့မရဘူး။ " လင်းရှုအင်မော်တယ်ဘုရင်က ဆုံးဖြတ်လိုက်သည်။
တက်လှမ်းခြင်းတိုက်ပွဲတွင် သိုင်းဘိုးဘေးကဲ့သို့ ထူးခြားသူတစ်ယောက် ပါဝင်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ထိုမျှအစွမ်းထက်လှသူက တက်လှမ်းခြင်းတိုက်ပွဲကို ပထမဆုံး ပါဝင်နေခြင်းမှာ မယုံကြည်နိုင်စရာကောင်းလှသည်။
ထိုအခြေအနေတွင် ဆက်လက်ဖြစ်ပွားမည့် တိုက်ပွဲ၌ သိုင်းဘိုးဘေးကို မည်သူမှ မခုခံနိုင်ဘဲ သူတို့အတွက် အခြေအနေက ဆိုးရွားလာနိုင်ဖွယ် ရှိလေသည်။
" ငါလှုပ်ရှားမှရမယ်။ အနည်းဆုံး သိုင်းဘိုးဘေးကို ဒဏ်ရာအပြင်းအထန် ရအောင် လုပ်ရမယ်။ " လင်းရှုအင်မော်တယ်ဘုရင်က လင်းယွမ်ကို ကြည့်လိုက်သည်။
ထိုအချိန်တွင် သမိုင်းမတိုင်မီခေတ်မှ အထွတ်အထိပ် အင်မော်တယ်ဘုရင်များက ပူးပေါင်း၍ သိုင်းဘိုးဘေးကို တားဆီးရန် ကြိုးစားကြသည်။ သို့သော် လင်းယွမ်၏ သာမန်လှုပ်ရှားမှုများကို အထွတ်အထိပ် အင်မော်တယ်ဘုရင်များက ကြာရှည်စွာ ထိန်းထားနိုင်မည်ပုံမပေါ်ပေ။
ဝှစ်....
လင်းရှုအင်မော်တယ်ဘုရင်က ထိုနေရာတွင် ရပ်နေဆဲ ဖြစ်သည်။ သို့သော် သူ၏ အစစ်အမှန် ခန္ဓာကိုယ်က လေဟာနယ်ထဲသို့ ဝင်ရောက်သွားပြီး လင်းယွမ်ထံသို့ ချဉ်းကပ်လာသည်။
အားလုံးထဲတွင် အစွမ်းထက်ဆုံး ဖြစ်သော လင်းရှုအင်မော်တယ်ဘုရင်က သူ၏ နည်းစနစ်များနှင့် တိတ်တဆိတ်တိုက်ခိုက်ပါက သိုင်းဘိုးဘေးကို မသေစေနိုင်လျှင်တောင် ဒဏ်ရာအပြင်းအထန် ရသွားစေနိုင်လေသည်။
" မင်းတို့က အားနည်းလွန်းတယ်။ "
" အရမ်းအားနည်းတယ်။ မင်းတို့ ထိန်းချုပ်ထားတဲ့ ဖန်တီးခြင်းစွမ်းအားကလည်း လုံးဝ သာမန်တွေပဲ။ "
လင်းယွမ်က သူ့ကို ဝိုင်းရံထားသော အထွတ်အထိပ် အင်မော်တယ်ဘုရင်များကို ကြည့်လိုက်သည်။ သူ လက်သီးထိုးလိုက်သည့်အကြိမ်တ်ုင်း သူတို့၏ အော်ရာများက သိသိသာသာ အားနည်းသွားကြသည်။
ထိုအချိန်တွင် လင်းယွမ်၏ အထက်၌ အနက်ရောင်အရိပ်တစ်ခု ပေါ်လာသည်။
" ဖျက်ဆီးခြင်း..." လင်းရှုအင်မော်တယ်ဘုရင်က သူ၏ ညာလက်ကို မြှောက်လိုက်သည်နှင့် အမှောင်အော်ရာတစ်ခုက လင်းယွမ်ကို လွှမ်းခြုံသွားသည်။
အဆင့်မြင့် ဖန်တီးခြင်းစွမ်းအား။
မဟာဖျက်ဆီးခြင်းစွမ်းအား။
၎င်းက ကောင်းကင်ဖွင့်လှစ်ခြင်းစွမ်းအားနှင့် ဆင်တူသော သတ်ဖြတ်ခြင်းစွမ်းအားတစ်ခုဖြစ်သည်။ ထိုနှစ်ခုကြား ကွာခြားချက်မှာ ကောင်းကင်ဖွင့်လှစ်ခြင်းစွမ်းအားက အမှတ်တစ်မှတ် သို့မဟုတ် မျဉ်းကြောင်းတစ်ခုကို တိုက်ခိုက်ခြင်းဖြစ်သည်။
မဟာဖျက်ဆီးခြင်းစွမ်းအားက ဧရိယာတစ်ခုကို တိုက်ခိုက်ခြင်းဖြစ်သည်။ ဖျက်ဆီးခြင်းစွမ်းအား အလွန်ကြီးမားပြီး ရှေ့တွင် ရှိသမျှ အရာအားလုံး ပျက်စီးသွားပေလိမ့်မည်။
" ဟမ် " လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
ထိုဖျက်ဆီးခြင်းစွမ်းအားက စွမ်းအား၊ စိတ်ဝိညာဉ်နှင့် အသက်တို့၏ ရန်သူပင်ဖြစ်သည်။
" ခွဲထွက်စမ်း " လင်းယွမ်က မူလစိတ်ဝိညာဉ်ကို ခွဲထုတ်လိုခဲ့သည်။ သို့သော် ချက်ချင်း ချုပ်နှောင်ခြင်းစွမ်းအားတစ်ခုပေါ်လာပြီး သူ့အပေါ်သို့ ဖိနှိပ်လာသည်။
" ငါက မဟာဖျက်ဆီးခြင်းစွမ်းအားနဲ့ အခြားသာမန်ဖန်တီးခြင်းစွမ်းအားခြောက်မျိုးကို တတိယနယ်ပယ်အထိ ကျင့်ကြံထားတယ်။ တတိယနယ်ပယ်ရှိတဲ့ သာမန်ဖန်တီးခြင်းစွမ်းအားခြောက်မျိုးကို ပေါင်းစပ်တာက တတိယနယ်ပယ်အထိ ကျင့်ကြံထားတဲ့ အဆင့်မြင့် ဖန်တီးခြင်းစွမ်းအားတစ်ခုထက် အားမနည်းဘူး။ "
" ဒါကြောင့် ငါက အဆင့်မြင့် ဖန်တီးခြင်းစွမ်းအား နှစ်ခုကို ပိုင်ဆိုင်ထားသလိုပဲ။ "
လင်းရှုအင်မော်တယ်က သူ့ကိုသူ အလွန်ယုံကြည်မှုရှိလေသည်။ ကောင်းကင်ဖွင့်လှစ်ခြင်း အင်မော်တယ်ဘုရင်ပင် သူနှင့် ရင်ဆိုင်ရလျှင် ကာကွယ်ရုံသာ တတ်နိုင်လေသည်။
ထိုသိုင်းဘိုးဘေး၏ ရုပ်ခန္ဓာကိုယ် ဖျက်ဆီးပြီး ဆက်လက်တိုက်ခိုက်နိုင်စွမ်းမရှိအောင် လုပ်ရပေလိမ့်မည်။
" မကောင်းတော့ဘူး... သိုင်းဘိုးဘေး။ " အဝေးမှ ကောင်းကင်ဖွင့်လှစ်ခြင်း အင်မော်တယ်ဘုရင်က အဖြေအနေကို သတိပြုမိပြီး ချက်ချင်း စိုးရိမ်သွားသည်။ သူက လင်းရှုအင်မော်တယ်ဘုရင်ကို တားဆီးရန် ပုဆိန်ကို အကြိမ်များစွာ ခုတ်ပိုင်းလိုက်သည်။
သို့သော် သူ၏ ရှေ့မှ ရန်သူက ချက်ချင်းပင် သူ့ကို တားဆီးသွားသည်။
ကျစ်ကောင်းအင်မော်တယ်ဘုရင်လည်း အတူတူပင်ဖြစ်၏။ သူ၏ အနှိုင်းမဲ့စွမ်းအားက နယ်နိမိတ်မရှိသော်လည်း ကံမကောင်းစွာဖြင့် အဆင့်တူတစ်ယောက်၏ တားဆီးခြင်းကို ခံရသောကြောင့် ဘာမှမတတ်နိုင်ခဲ့ပေ။
လင်းယွမ်က မျက်မှောင်ကြုတ်သွားသည်။ တတိယနယ်ပယ်ရှိ ဖန်တီးခြင်းစွမ်းအား ခြောက်မျိုး၏ ထိန်းချုပ်မှုအောက်တွင် သူက ခဏတာ ရွေ့လျားရန် ခက်ခဲနေပြီး ကျရောက်လာသော မဟာဖျက်ဆီးခြင်းစွမ်းအားကို ခုခံရုံသာ ရှိတော့လေသည်။
ဝုန်း....
ကြောက်စရာကောင်းသော မဟာဖျက်ဆီးခြင်းစွမ်းအား ဆင်းသက်လာသည်နှင့် လင်းယွမ်၏ မူလစိတ်ဝိညာဉ်က လျင်မြန်စွာ ပြိုကွဲသွားပြီး နောက်ဆုံး ပျက်ဆီးသွားခဲ့သည်။
" ဟမ် ဒီလောက်တောင်လွယ်တာလား။ " လင်းရှုအင်မော်တယ်ဘုရင်က အနည်းငယ် အံ့အားသင့်သွားသည်။ သိုင်းဘိုးဘေး၏ စိတ်ဝိညာဉ်က လွတ်မြောက်သွားလိမ့်မည်ဟု သူက ထင်ခဲ့သည်။
" သိုင်းဘိုးဘေး.... " ကောင်းကင်ဖွင့်လှစ်ခြင်း အင်မော်တယ်ဘုရင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သိုင်းဘိုးဘေး သေဆုံးသွားလိမ့်မည်ဟု သူက မထင်ထားခဲ့ပေ။ တက်လှမ်းခြင်းတိုက်ပွဲတွင် အထွတ်အထိပ် အင်မော်တယ်ဘုရင်တစ်ယောက် ကျဆုံးခြင်းက အလွန်ရှားပါးသော ဖြစ်ရပ်တစ်ခုဖြစ်သည်။
" လူယုတ်မာ လင်းရှု..." ကျစ်ကောင်းအင်မော်တယ်ဘုရင်၏ အကြည့်များက အေးစက်သွားပြီး လင်းရှုအင်မော်တယ်ဘုရင်ကို စိုက်ကြည့်နေသည်။
လင်းရှုအင်မော်တယ်ဘုရင်က အလစ်ငိုက်တိုက်ခိုက်ခဲ့ခြင်းကို သူက မြင်တွေ့ခဲ့ရလေသည်။
" ဟမ့် " လင်းရှုအင်မော်တယ်ဘုရင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
ထိုအချိန်တွင် လင်းရှုအင်မော်တယ်ဘုရင်က တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး သူ၏ အမူအရာက ပြောင်းလဲသည်။
" အဲ့ဒါဘာလဲ။ " လင်းရှုအင်မော်တယ်ဘုရင်က အောက်ဘက်ရှိ ကောင်းကင်ဘုံများကို ကြည့်လိုက်သည်။
သူ၏ အာရုံထဲတွင် အောက်ရှိ ကောင်းကင်ဘုံများမှ တုန်ခါသံများစွာ ကြားနေရပြီး သတ္တဝါကြီးတစ်ကောင်က အံ့ဖွယ်ဖြစ်စဉ်များကို အဆင်မပြတ် နင်းချေပြီး အလွန်လျင်မြန်သော အရှိန်နှင့် ကောင်းကင်ဘုံများကို တစ်ခုပြီးတစ်ခု ထိုးဖောက်ပြီး အထက်သို့ တက်လာနေသည်။
ထိုသတ္တဝါကြီး၏ ရှေ့တွင် ကောင်းကင်ဘုံကိုးခု၏ ဖိနှိပ်မှုများနှင့် ကန့်သတ်ချက်များက စက္ကူများသဖွယ် ဆွဲဖြဲခံနေရသည်။ ကောင်းကင်ဘုံများကြားရှိ အတားအဆီးများပင် ၎င်းက အားစိုက်စရာမလိုဘဲ ထိုးဖောက်သွားလေသည်။
ဝုန်း.....
ထိုခဏတွင် သတ္တမကောင်းကင်ဘုံ၏ မြေပြင်က ပြိုကျသွားပြီး အကန့်အသတ်မဲ့သော သွေးစွမ်းအားများကို ထုတ်လွှတ်နေသည့် ပုံရိပ်တစ်ခုက အထက်တွင် ပေါ်လာပြီး လင်းရှုအင်မော်တယ်ဘုရင်ကို အေးစက်စွာ ငုံ့ကြည့်နေသည်။
ကောင်းကင်ပြိုကျနိုင်သော ဖိနှိပ်မှုက လင်းရှုအင်မော်တယ်ဘုရင်ကို အသက်ရှူကျပ်မတတ်ဖြစ်သွားစေပြီး ဒူးထောက်မလိုပင် ဖြစ်သွားခဲ့သည်။
သတ္တမကောင်းကင်ဘုံတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ တာအိုပြည်နယ်သုံးထောင်ခေတ်မှ ဖြစ်စေ သမိုင်းမတိုင်မီခေတ်မှ ဖြစ်စေ တိုက်ခိုက်နေကြသော အထွတ်အထိပ် အင်မော်တယ်ဘုရင်အားလုံးက ရပ်တန့်သွားကြသည်။ သူတို့က ပုံရိပ်တစ်ခုကို အတူတူကြည့်လိုက်ကြသည်။
ထိုပုံရိပ်က အကြွင်းမဲ့စွမ်းအားများဖြင့် ကောင်းကင်ဘုံများကြားရှိ အတားအဆီးများကို ရက်စက်စွာ စုတ်ဖြဲခဲ့သူဖြစ်သည်။
စိတ်ဝိညာဉ်ကမ္ဘာ၏ ကောင်းကင်ကိုးခုတွင် ကောင်းကင်ဘုံတစ်ခုနှင့်တစ်ခု တက်လှမ်းရန် လမ်းကြောင်းနှစ်ခု ရှိလေသည်။
တစ်ခုမှာ ကောင်းကင်ဘုံတစ်ခုစီရှိ ဝင်ပေါက်များကို ဖြတ်သန်းပြီး နောက်ထပ် ကောင်းကင်ဘုံသို့ တက်လှမ်းခြင်းဖြစ်သည်။ သို့သော် ထိုဝင်ပေါက်များတွင် အဆုံးမဲ့လေးကပ်ဘေး၊ ကိုးဆလျှပ်စီးကပ်ဘေး စသည်ကဲ့သို့ စိန်ခေါ်မှုများရှိနေသည်။
နောက်တစ်ခုမှာ သတ်မှတ်ထားသော ဝင်ပေါက်များကို အသုံးမပြုဘဲ ကောင်းကင်ဘုံများကြားရှိ အတားအဆီးများကို တိုက်ရိုက်ဆွဲဖြဲပြီး အထက်ကောင်းကင်ဘုံသို့ တက်လှမ်းခြင်းဖြစ်သည်။
သို့သော် ကောင်းကင်ဘုံများကြားရှိ အတားအဆီးများကို ထိုးဖောက်ရန် လွယ်ကူသော ကိစ္စမဟုတ်ပေ။ အထွတ်အထိပ် အင်မော်တယ်ဘုရင်တစ်ယောက်အတွက်ပင် ပထမကောင်းကင်ဘုံနှင့် ဒုတိယကောင်းကင်ဘုံကြားရှိ အတားအဆီးကို ထိုးဖောက်ရန်ပင် များစွာအားထုတ်ရန် လိုအပ်လေသည်။ ထို့အပြင် ကောင်းကင်ဘုံများကြား အတားအဆီးများက အထက်သို့ ရောက်သည်နှင့် ပို၍သန်မာလာမည်ဖြစ်သည်။